This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, December 29, 2012

လိုင်ဇာဒေသ လေကြောင်းစစ်ဆင်ရေး ဆိုင်ရာ ဓာတ်ပုံများ

~

ယနေ့ နံနက်ပိုင်း ကချင်ပြည်နယ် တိုက်ခိုက်မှုအတွင်း အသုံးပြုခဲ့သည့် အစိုးရတပ် ရဟတ်ယာဉ်တစီး (ဓာတ်ပုံ - ဂျွန်စံလင်း/ဧရာဝတီ)
ဓာတ်ပုံများ၊ အချက်အလက်များကို irrawaddy.org  ကနေ ယူပါတယ်။

ယနေ့ နံနက်ပိုင်း အစိုးရတပ် ရဟတ်ယာဉ်တစီး၏ ပစ်ခတ်မှု (ဓာတ်ပုံ - ဂျွန်စံလင်း/ဧရာဝတီ)

ယနေ့ နံနက်ပိုင်း တွေ့ရသည့် အစိုးရတပ် လေယာဉ်တစီး (ဓာတ်ပုံ - ဂျွန်စံလင်း/ဧရာဝတီ)

ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်တလုံးကို လိုင်ဇာအနီး ABSDF တပ်များအနီး ယနေ့ နံနက်ပိုင်း ကျရောက်ခဲ့ပုံကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - မင်းဌေး)

KIA ဌာနချုပ်စခန်းများ တည်ရှိရာ လိုင်ဇာအနီး ယနေ့ နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရသည့် ကျည်ခွံတခု  (ဓာတ်ပုံ - ဂျွန်စံလင်း/ဧရာဝတီ)

တရုတ်နိုင်ငံလုပ် JL - 8 အမျိုးအစား တိုက်လေယာဉ်တစီးကို အာဖရိကမှာ အခုလို တွေ့ရပါတယ်။ မြန်မာ့တပ်မတော်(လေ) က အင်္ဂါနေ့ ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတခုမှာ ဒီမော်ဒယ်မျိုး တိုက်လေယာဉ်တွေကို သုံးခဲ့တယ်လို့ ယူဆရပါတယ်။ (ဓာတ်ပုံ - Danie van der Merwe / WikiMedia)

MiG - 29 အမျိုးအစား တိုက်လေယာဉ်တစီးကို ရန်ကုန်လေဆိပ်မှာ ဒီလ အစောပိုင်းက တွေ့ရတာပါ။ ရုရှားနိုင်ငံထုတ် လေယာဉ် ဖြစ်ပါတယ်။ (ဓာတ်ပုံ - Steve Tickner/ဧရာဝတီ)

ရန်ကုန်လေဆိပ်မှာ တွေ့ရတဲ့ စစ်ဘက် ရဟတ်ယာဉ်တစီး (ဓာတ်ပုံ - Steve Tickner/ဧရာဝတီ)

ဝေဟင်ကနေ တွေ့ရတဲ့ လိုင်ဇာဒေသ ။ အ၀ါရောင်လိုင်းက တရုတ်မြန်မာ နယ်စပ်မျဉ်း ဖြစ်ပါတယ်။ အနီရောင်က ကားလမ်း ဖြစ်ပါတယ်။ လဂျားယန်ဒေသ KIA စခန်းတွေ ဒီမနက် အတိုက်ခံရပါတယ်။ လဂျားယံက လိုင်ဇာနဲ့ ၁၁ ကီလိုမီတာ ဝေးကွာပါတယ်။ (ဓာတ်ပုံ - Google Earth)
ဓာတ်ပုံများ၊ အချက်အလက်များကို http://www.irrawaddy.org/archives/22428  ကနေ ယူပါတယ်။

အစိုးရစစ်တပ် ၀ိုင်းရံထားသဖြင့် လိုင်ဇာဒေသခံများ ဗုံးခိုကျင်းတူးနေကြပြီ

အစိုးရစစ်တပ် ၀ိုင်းရံထားသဖြင့် လိုင်ဇာဒေသခံများ ဗုံးခိုကျင်းတူးနေကြပြီ
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ဌာနချုပ်အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာစစ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရန် ၀ိုင်းရံထားပြီဖြစ်၍ ဒေသခံကချင်ပြည်သူများက မိမိတို့နေအိမ်အနီးတွင် ဗုံးခိုကျင်းများ တူးနေကြပြီဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီဝန်းကျင်အထိ အစိုးရတပ်များက စစ်တိုက်လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များထိုးစစ်ဆင်လာဖွယ် အနေအထား တွေ့ရှိ နေရသဖြင့် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော်နေကြခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့-KIO က အရပ်ဘက် အုပ်ချုပ်ရေးဌာန ဒု-တာဝန်ခံ ဆလန်ကပါဒွဲပီဆာက ပြောသည်။

၎င်းက “အခုဆိုရင် လိုင်ဇာပတ်ဝန်းကျင်မှာ အဘက်ဘက်ကနေပြီး အစိုးရတပ်တွေက အားလုံးနေရာ ယူထားကြပြီလေ။ ဒီကနေ့မှာလည်း သူတို့က အပေါ်ကနေ စပစ်နေပြီဆိုတော့ ဘယ်လိုဆက်ဖြစ်ဦးမလဲတော့ မသိသေးဘူး။ သူတို့ရဲ့အထက်က လည်း ခြေလျင်စစ်ကြောင်းတွေထိုးဖို့ ဖိအားပေးထားတယ်လို့လည်း ကျနော်တို့အဖွဲ့တွေ ကြားသိထားတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ လဂျားယန်နှင့် KIA ဌာနချုပ်တည်နေရာ လိုင်ဇာမြို့သည် ၈မိုင်ခန့်အကွာတွင် ရှိပြီး လဂျားယန်ဒေသခံများက လက်ရှိအချိန်တွင် လိုင်ဇာဘက်သို့ ရောက်နေကြပြီဖြစ်ကြောင်း KIA ဘက်က ဆိုသည်။

လိုင်ဇာမြို့ဒေသခံ ကချင်အမျိုးသားတစ်ဦးက “တချို့အိမ်တွေကတော့ ဒီဇင်ဘာလ ၁၄ရက်နေ့ကတည်းက ဗုံးခိုကျင်းတူးနေကြ တာ။ ဒီနေ့ လဂျားယန်မှာ ရဟတ်ယာဉ်က ဗုံးကြဲတော့ စက်သေနတ် မီးပွင့်တာတောင် မြင်ရတယ်။ ဒါကြောင့် ကျနော်တို့ လိုင်ဇာနားလည်း စစ်တပ်တွေ ရောက်နေကြပြီဆိုတော့ အိမ်တိုင်းအိမ်တိုင်းက အိမ်ရှေ့ ဒါမှမဟုတ် အိမ်နောက်တွေမှာ ဗုံးခို ကျင်း တူးထားကြတယ်”ဟု ပြောသည်။

အစိုးရတပ်များက ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ဓာတုလက်နက်ပစ္စည်းဟု ယူဆရသည့် မီးလောင်ဗုံးများ ပါဝင်ပြီး KIA ဘက်မှ ပြောဆိုထားသည်။

ထို့အပြင် ယနေ့ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိကြောင်းနှင့် KIA ယာယီတဲအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း လိုင်ဇာဒေသမှလာသည့် သတင်းများအရ သိရသည်။

 ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ 

ကချင်လွတ်မြောက်ရေး တပ်မတော်-KIA ဌာနချုပ် အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာစစ်တပ်များက တိုက်ခိုက် သိမ်းပိုက်ရန် ၀ိုင်းရံထားပြီဖြစ်၍ ဒေသခံကချင်ပြည်သူများက မိမိတို့ေ နအိမ်အနီးတွင် ဗုံးခိုကျင်းများ တူးနေကြပြီ ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီ ၀န်းကျင်အထိ အစိုးရတပ်များက စစ်တိုက်လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များ ထိုးစစ်ဆင်လာဖွယ် အနေအထား တွေ့ရှိ နေရသဖြင့် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော် နေကြခြင်း ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့-KIO က အရပ်ဘက် အုပ်ချုပ်ရေးဌာန ဒု-တာဝန်ခံ ဆလန်ကပါဒွဲပီဆာက ပြောသည်။

၎င်းက “အခုဆိုရင် လိုင်ဇာ ပတ်ဝန်းကျင်မှာ အဘက်ဘက်ကနေပြီး အစိုးရတပ်တွေက အားလုံးနေရာ ယူထားကြပြီလေ။ ဒီကနေ့မှာလည်း သူတို့က အပေါ်ကနေ စပစ်နေပြီဆိုတော့ ဘယ်လို ဆက်ဖြစ်ဦးမလဲတော့ မသိသေးဘူး။ သူတို့ရဲ့အထက်က လည်း ခြေလျင်စစ်ကြောင်းတွေ ထိုးဖို့ ဖိအား ပေးထားတယ်လို့လည်း ကျနော်တို့အဖွဲ့တွေ ကြားသိထားတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ လဂျားယန်နှင့် KIA ဌာနချုပ်တည်နေရာ လိုင်ဇာမြို့သည် ၈မိုင်ခန့်အကွာတွင် ရှိပြီး လဂျားယန်ဒေသခံများက လက်ရှိအချိန်တွင် လိုင်ဇာဘက်သို့ ရောက်နေကြပြီဖြစ်ကြောင်း KIA ဘက်က ဆိုသည်။

လိုင်ဇာမြို့ဒေသခံ ကချင်အမျိုးသားတစ်ဦးက “တချို့အိမ်တွေကတော့ ဒီဇင်ဘာလ ၁၄ရက်နေ့ကတည်းက ဗုံးခိုကျင်းတူးနေကြ တာ။ ဒီနေ့ လဂျားယန်မှာ ရဟတ်ယာဉ်က ဗုံးကြဲတော့ စက်သေနတ် မီးပွင့်တာတောင် မြင်ရတယ်။ ဒါကြောင့် ကျနော်တို့ လိုင်ဇာနားလည်း စစ်တပ်တွေ ရောက်နေကြပြီဆိုတော့ အိမ်တိုင်းအိမ်တိုင်းက အိမ်ရှေ့ ဒါမှမဟုတ် အိမ်နောက်တွေမှာ ဗုံးခို ကျင်း တူးထားကြတယ်”ဟု ပြောသည်။

အစိုးရတပ်များက ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ဓာတုလက်နက်ပစ္စည်းဟု ယူဆရသည့် မီးလောင်ဗုံးများ ပါဝင်ပြီး KIA ဘက်မှ ပြောဆိုထားသည်။

ထို့အပြင် ယနေ့ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိကြောင်းနှင့် KIA ယာယီတဲအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း လိုင်ဇာဒေသမှလာသည့် သတင်းများအရ သိရသည်။
နန်းသူးလေ
 
သတင်းရင်းမြစ် - ကေအိုင်စီ
 
အမေရိကန်ဆရာများ သေနတ်ကိုင်ဆောင်ပြီး ကျောင်းတက်ခွင့် ရတော့မည်

Lu Bo shared Myanmar Online News's photo.
အမေရိကန်ဆရာများ သေနတ်ကိုင်ဆောင်ပြီး ကျောင်းတက်ခွင့်
ရတော့မည်
Friday, 28 December 2012

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အများစုတွင် ကျောင်းဆရာ ဆရာမများကို လက်နက်ကိုင်ဆောင်ခွင့်ပြု တော့မည်ဖြစ်ကြောင်း သိရသည်။ နယူးတောင်းတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားနှင့် ဆရာများ သေနတ်ဖြင့် ပစ်သတ်ခံရမှုမျိုး နောက်တစ်ကြိမ် မဖြစ်ပွားစေလိုသဖြင့် ကာကွယ်ရန် ထိုသို့ ဆရာများကို သေနတ်ကိုင်ခွင့်နှင့် ပစ်ခတ်နည်း သင်တန်းများကိုပေးရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟုဆိုသည်။

အမေရိကန် အမျိုးသားရိုင်ဖယ်အသင်း (NRA) က လက်နက်ထိန်းချုပ်ရေးနှင့်
သေနတ်ကိုင်ဆောင်ခွင့်များကို ပြန်လည်ထိန်းချုပ်ရန် စဉ်းစားနေချိန်တွင် ထိုသို့ ဆန့်ကျင်ဘက်လုပ်ဆောင်ချက်များ ထွက်လာခြင်းကြောင့် လည်း အံ့အားသင့်ကုန်ကြရသည်။

လွှတ်တော်တွင် သေနတ်ကိုင်ဆောင်ခွင့်ကို ပယ်ဖျက်ရန် ကြိုးပမ်း
နေသူများက ကြိုးပမ်းနေချိန်တွင် ဆန်ဒီ ဟွခ် ကျောင်းတွင် ဖြစ်ပွားခဲ့သည့်
သေနတ်ပစ်မှုမျိုးနှင့် ကြေကွဲဖွယ် အဖြစ်ဆိုးမျိုးကို မကြုံလိုပါက၊
သေနတ်သမားကို ပစ်ခတ်နှိမ်နင်းခြင်းကသာ အဖြေဖြစ်ကြောင်း ဆုံးဖြတ်ကြခြင်းဖြစ်သည်။

NRA ကမူ ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်၊ နိုင်ငံအတွင်းရှိ ကျောင်းတိုင်းတွင် လက်နက်ကိုင် အစောင့်အရှောက် များ ထားရှိရန် အကြံပြုခဲ့သည်။ သို့ရာတွင် ယူတားနယ်ရှိ ပုဂ္ဂလိကကျောင်းများတွင် ဆရာများသည် လိုင်စင်ဖြင့် သေနတ်များကိုင်ဆောင်မှုကို ခွင့်ပြုပေးလိုက်ကြောင်း၊
သေနတ်များကို ဖုံးကွယ်ပြီး ကျောင်းသို့ယူဆောင် လာနိုင်ကြောင်း
ပြောသော်လည်း၊ ဆရာအများစုကမူ ထိုအမိန့်ကို မနှစ်သက်သဖြင့်
ငြင်းဆန်နေကြကြောင်း သိရသည်။

နယူတောင်းမြို့တွင် ဆရာများကို လက်နက်ကိုင်ဆောင်နည်း၊ ပစ်ခတ်
နည်းများကို အခမဲ့သင်တန်းပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
ထားသည်။ ထိုမြို့တွင် ကျောင်းဆရာ ၄၀၀ ခန့်ရှိသဖြင့် ထက်ဝက်ခန့် လာတက်မည်ဆိုလျှင်ပင် အားလုံးကို သင်တန်း ပေးရန်အတွက်
နေရာမရှိကြောင်း အာဏာပိုင်များက ပြောကြားထားသည်။ 

မောက္ခ

ဟင်္သာတတွင် အံ့ဖွယ်ငှက်ကြီးများဖမ်းမိ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သတခရိုင် ဟင်္သတမြို့ နယ် ဘုရားကုန်းကျေးရွာ အုပ်စုဘုရားကုန်းကျေးရွာ၌ ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီတွင် ဟိမ၀န္တာလင်းယုန်ငှက်ဟု ယူဆရသော ငှက်ကြီး ၁၅ ကောင်ခန့်သည် ရွာအတွင်း ၀င်ရောက်လာသဖြင့် ရွာသူရွာသားများက ၀ိုင်းဝန်း
ဖမ်းဆီးကြရာ ငှက်ကြီး သုံးကောင် ဖမ်းဆီးရမိသည်။

သိန်းနီမြို့၊ သစ်တောဘိနယ် စခန်းရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

လားရှိုးမြို့နယ် သစ်တောဦးစီးဌာန၊
သိန်းနီသစ်တောဘိနယ် စခန်းရုံးတွင်
ဒီဇင်ဘာလ (၂၇) ရက်နေ့နံနက် (၀၂း၀၀)
 နာရီ အချိန်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်
ခံခဲ့ရကြောင်း သိရသည်။

သိန်းနီသစ်တောဘိနယ် စခန်းရုံးအတွင်းသို့ လက်ပစ်ဗုံး (၂) လုံးဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဗုံးပစ်ခတ်မှုကြောင့် တောအုပ်ဦးလှမင်းဦး၏ ညာဘက်ခြေသလုံးဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး၊ ဘိနယ်စခန်းအတွင်း ရပ်ထားသော မော်တော်ဆိုင်ကယ်နှင့် အဆောက်အဦအတွင်းနှင့် ကြမ်းခင်းများ ဗုံးဆံထိမှန်မှုကြောင့် ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်က အခင်းမဖြစ်ခင် အပေါ့အပါးသွားပြီး အဆောင်ထဲကို ပြန်ဝင်လာတဲ့ အချိန်မှာ လူရိပ်တွေ့လို့ ထွက်အမေး၊ လက်ပစ်ဗုံးတစ်လုံးကို ရုံးထဲကိုပစ်တယ်။

 နောက်တစ်လုံးကိုတော့ ရုံးဘေးကိုပစ်တယ်။ ကျွန်တော်ကိုတော့ ဗုံးကွဲတဲ့အချိန်မှာ ဆိုင်ကယ်က ကျွန်တော့ရှေ့မှာဆိုတော့ ညာဘက်ခြေသလုံးပဲ ထိခဲ့တယ်” ဟု တောအုပ် ဦးလှမင်းဦးက ပြောပါသည်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ တောအုပ် ဦးလှမင်းဦးအား လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိပြီး ဖြစ်စဉ်အား သိန်းနီရဲစခန်းမှ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

Eleven Media Group

တမန်လွန်ဘ၀ရှိကြောင် သက်သေပြရန် ကိုယ့်ကိုကိုယ်သတ်သေခဲ့။

                       ကမ္ဘာကျော် ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။၁၉၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က
အမေရိကန်နိုင်ငံ၊ မစ်ချီဂန်းပြည်နယ်၊ဒတ်ထရွိုက်မြို့မှာဖြစ်ပြီး Thamos Lynn Bradford အမည်ရ ပရော်ဖက်ဆာ
တစ်ဦးက ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲံ့တာဖြစ်ပါတယ်။
                သေကြောင်းကြံတဲ့ ရည်ရွယ်ချက်ကတော့ နောက်ဘဝ (Afterlife) ဆိုတာ တကယ်ရှိတယ်ဆိုတာကို သက်သေပြဖို့ ဖြစ်ပြီး သေတဲ့အခါ လူ့လောကက လူတွေနဲ့ ဆက်သွယ်မယ်လို့တောင် ပြောခဲ့ပါသေးတယ်။ ဒီအတွက် အခန်းတံခါးအလုံပိတ်၊ ဂက်စ်မီးဖိုက ဂက်စ်များ အပြည့် လွတ်စေပြီး ကိုယ်တိုင် သေကြောင်းကြံခဲ့ပါတယ်။ ဒီအတွက် ကူညီပေးသူ အမျိုးသမီး Ruth Doran ကို လာဆက်သွယ်ပြမယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။

အမေရိကန်ပြည်တွင်း သတင်းစာ၊ ဂျာနယ်များကလည်း စိတ်ဝင်တစားနဲ့ စောင့်ဆိုင်း ကြည့်ရှုခဲ့ပေမယ့် Ruth Doran ဆီက ဘာသံမှ မကြားခဲ့ပါဘူး။ Bradford ဟာ သေဆုံးပြီး တကယ်ပဲ ဘယ်သူနဲ့မှ မဆက်သွယ်နိုင်ဘူးဆို တာကိုသာ ဝမ်းနည်းစွာပဲ လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် တမလွန်ဘဝ ရှိတယ်မရှိတယ်ဆိုတာကို ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး လက်တွေ့စမ်းသပ်ပြရဲခဲ့တဲ့ Bradford ရဲ့  လုပ်ရပ်ဟာ ယနေ့တိုင် ရာဇဝင်တွင် ကျန်ရှိစေခဲ့ကြောင်း သိရပါတယ်။
--
ref:wiki

http://www.innewsmyanmar.com/2012/12/blog-post_9601.html

ဆယ်ပါးအင်္ဂါ ထိန်းမြားရာဝယ်

      လူဆိုသည်မှာ သီးချိန်တန်သီး၍ ပွင့်ချိန်တန်လျှင် ပွင့်ရပါတယ်။ သွေးမတော် ၊ သားမစပ် တစ်မိသားနှင့် တစ်မိသား ပေါင်းစည်းကြရာဝယ် ရှေးကုသိုလ် ဖူးစာကံပါသောကြောင့်၎င်း ၊ အနေနီးစပ်၍သော်၎င်း ၊ ကျောင်းနေစဉ်မှသည် လုပ်ငန်းခွင်ရောက်သည်အထိ သံယောဇဉ်တရားကြောင့်သော်၎င်း မည်သို့သော အကြောင်းကြောင့်ပင်ဖြစ်ပါစေ တစ်ဦးနှင့်တစ်ဦး လင်နှင့်မယားဟူ၍ ပေါင်းစည်းကြရာဝယ် " ထိန်းမြားခြင်း " ဟူသည် အဓိက အရေးပါ,ပါတယ်။
       ငွေကြေးဥစ္စာကြွယ်ဝ၍ ဂုဏ်ပကာသနကို ရှေ့တန်းတင်လိုကြသော သူများကတော့ ထည်ဝါခန့်ညားလှသော ဟိုတယ်ခန်းမများကို ဈေးကြီးကြီးပေး၍ ဌားရမ်းကာ ထိမ်းမြားလက်ထပ် မင်္ဂလာပွဲတွေပြုကြပါတယ်။ အသင့်အတင့် တတ်နိုင်သူတို့ကလည်း သင့်တော်ရာခန်းမ တစ်ခုခုမှာကျင်းပကြပါတယ်။ တချို့ကျတော့ ကျောင်းတိုက်တစ်ခုခုမှာ မင်္ဂလာဆွမ်းကျွေးကြပါတယ်။ ဘယ်လိုပဲလက်ထပ်,လက်ထပ် လိုရင်းကတော့ ကျွန်တော်တို့ ကျွန်မတို့ ထိန်းမြားကြပါပြီ။ အကြင်လင်မယားတွေ ဖြစ်ကြပါပြီ ဟူ၍ သက်သေပြလိုက်ခြင်းပဲဖြစ်ပါတယ်။
        ကျွန်တော်တို့ မြန်မာမှု့ အိမ်ထောင်ရေးနယ်ပယ်မှာ ထိမ်းမြားမှု့ ပြီးမြောက်ဖို့အတွက် အင်္ဂါ (၁၀)ပါးရှိတာကို လေ့လာမှတ်သားထားဖူးပါတယ်။ ဒီအင်္ဂါ (၁၀)ပါးကို တစ်ချိန်ချိန်မှာ မင်္ဂလာရက်မြတ် လက်ထပ်ကြမည့် သူတွေအနေဖြင့် ဗဟုသုတအဖြစ် သိရှိထားနိုင်ကြစေရန် လက်ဆင့်ကမ်း တင်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။
       ( ၁ )   ဦးထိပ်၌ ရေစင်သွန်းလောင်းပြီး ထိမ်းမြားခြင်း
                  ဘိသိက်ဆရာအနေဖြင့် လက်ျာရစ်ခရုသင်းထဲကိုဖြစ်စေ ၊ ဖလားတစ်ခုထဲကိုဖြစ်စေ န၀ရတ်(၉)ပါး ၊ နံ့သာ(၅)မျိုးတို့၏ အရည်ကိုထည့်ပြီး သပြေညွန့်ထိုးကာ သတို့သား ၊ သတို့သမီးတို့၏ ဦးကောင်းထက်သို့ ရေစင်သွန်းလောင်းပြီး လက်ထပ်ပေးပါက ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
         ( ၂ )   ရေဖလား၌ လက်ချထားပြီး ထိမ်းမြားခြင်း
                  ရေဖလားတစ်ခုခုအတွင်း သတို့သား ၊ သတို့သမီးတို့၏ လက်ျာလက်ကို ချထားပြီး လက်ထပ်ပေးပါကလည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
          ( ၃ )   ပန်းကုံးစွပ်ပြီး ထိမ်းမြားခြင်း
                  သတို့သား ၊ သတို့သမီးတို့ တစ်ဦးနှင့်တစ်ဦး ပန်းကုံးတစ်ကုံးစီ ကိုင်ထားပြီး ၊ သတို့သမီးမှ သတို့သားကို ပန်းကုံးစွပ်ကာ ၊ သတို့သားမှ သတို့သမီးကို ပန်းကုံးစွပ်ကာ လက်ထပ်ပါကလည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
           ( ၄ )   စုလျားရစ်ပတ် ထိမ်းမြားခြင်း
                  သတို့သားနှင့် သတို့သမီးတို့အား ပ၀ါရှည်တဘက်နှင့် ရစ်ပတ်လက်ထပ်ပါကလည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
            ( ၅ )   ဒါလီဖွဲ့ပြီး ထိမ်းမြားခြင်း
                  ရွှေကြိုးတစ်ကုံးကိုကွင်းပြီး သတို့သားနှင့် သတို့သမီးအားစွပ်၍ လက်ထပ်ခြင်းသည်လည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
             ( ၆ )   လက်ဖ၀ါးခြင်းထပ်၍ ထိမ်းမြားခြင်း
                  သတို့သမီး၏ လက်ဖ၀ါးကို ဖြန့်စေပြီး သတို့သား၏ လက်ျာလက်ဖ၀ါးအား အပေါ်ကတင်စေကာ လက်ထပ်ခြင်းသည်လည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့်ပြည့်စုံပါတယ်။
             ( ၇ )   အ၀တ်လဲ၍ ထိမ်းမြားခြင်း
                  သတို့သားအနေဖြင့် သတို့သမီး၏အိမ်သို့ ရောသည့်အခါ သတို့သမီး၏ ဆွေမျိုးတစ်စုက ၎င်းအတွက် ၀ယ်ထားသော အ၀တ်,ပုဆိုးအသစ်တို့ ထုတ်ပေးစဉ် လဲလှယ်ဝတ်ဆင်ပါကလည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
             ( ၈ )   လက်စွပ်လဲ၍ ထိမ်းမြားခြင်း
                  သတို့သားနှင့် သတို့သမီး တစ်ဦးနှင့်တစ်ဦး လက်စွပ်လဲ၍ ၀တ်ဆင်ကြလျှင်လည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
              ( ၉ )   လက်ဆုံစား၍ ထိမ်းမြားခြင်း
                   သတို့သားနှင့် သတို့သမီးတို့ အစားအသောက် တစ်ခုခုကို လက်ဆုံစားကြပါက ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
              ( ၁၀ )   ပုဆိုးတန်းတင်၍ ထိမ်းမြားခြင်း
                  သတို့သမီး၏ အိပ်ခန်းအတွင်းရှိ အ၀တ်လှမ်းကြိုးတန်းပေါ်သို့ သတို့သား၏ ခါးဝတ်ပုဆိုးအား တင်ထားလိုက်ရုံဖြင့်လည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
                                                    ဟူ၍ မှတ်သားထားဖူးကြောင်း ဗဟုသုတအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

ဖုန်းပျောက် ပြန်ရှာ ခြင်း.

ကဲကဲ...
Member တို့ ရေ..
ကျွန်တော်တို့  သုံးနေတဲ့ ဖုန်းတွေက ဈေးနှုန်းအရဆို sim card ထက်တောင် တန်ဖိုးများနေကြတယ်...
တကယ်လို့  ဖုန်းက အခိုးခံရတာတို့ ... မေ့ကျန်ခဲ့တာတို့  ကြောင့် ပျောက်သွားခဲ့ရင် နှမြောစရာမကောင်းဘူးလား...
အဲလိုမဖြစ်ရအောင် နည်းလမ်းလေးတစ်ခုပေးပါမယ်...
___________________
ဖုန်းပျောက် ပြန်ရှာ ခြင်း.
_______________________________
  
Software လေးတစ်ခုနဲ့  လုပ်ရမှာပါ...
ဘာတွေ လုပ်နိုင်မလဲ ဆိုတော့
ကျွန်တော်တို့ ဖုန်းရဲ့  Location ကို Web ပေါ်ကနေ ရှာလို့ ရမယ်...
ဖုန်းကို Web ကနေ လှမ်းခေါ်လို့ ရမယ်...
message လှမ်းပို့ လို့ ရမယ်...
ပြီးတော့
{ကိုယ့်ဖုန်း ပျောက်နေချိန်မှာ Call Log ကို Web ပေါ်ကပဲ ကြည့်လို့ ရမယ်...
Call Recording ကို နားထောင်လို့  ရမယ်
ကိုယ်သိချင်တဲ့ Date အတော အတွင်းမှာ ရိုက်ထားတဲ့ photos တွေကို ကြည့်လို့ ရမယ်
ှSms တွေ စစ်လို့ ရမယ်...
Phone ကို front camera ရိုက်လို့ ရအောင် web ပေါ်ကနေ ထိန်းချုပ်နိုင်မယ်..
ဘေးနားက အသံတွေကို Recording လုပ်လို့ ရမယ်...}
..........
{ } အတွင်းက feature တွေက Device ရွေးတယ်...
ကျွန်တော့် ဖုန်းမှာတော့ မရဘူး..
တခြား လုပ်ကြည့်ချင်တဲ့ လူတွေ အတွက်ပါ...
..
ကဲ ဘယ်လို လုပ်မလဲ ဆိုတော့

http://db.tt/exwohwJG
မှာ apk ကို ဒေါင်းလိုက်ပါ.
ှုInstall လုပ်ပြီးရင် Open လိုက်ပါ...

အဲ့မှာ Register လုပ်ဖို့  တွေ့ ပါလိမ့်မယ်...
Password and email ကိုသေချာမှတ်ထားပါ..
ကိုယ့် Gmail ထဲကို သူတို့  mail တစ်ခုပို့ လိုက်မယ်...
အဲ့ link ကိုသွားပြီး.. Activate ဖြစ်အောင်လုပ်ပါ...
အဲ့တာတွေ အားလုံးပြီးသွားရင်

www.tispy.net မှာ ၀င်ပါ...
ညာဘက်ထောင့်က Login ဆိုတာကို နိုပ်ပြီး Login လုပ်ပါ...
ပြီးရင် အဲ့မှာ ပါတဲ့ Feature တွေကို သုံးနိုင်ပါပြီ..
ကဲ ဘာလို သေးလဲဗျာ...( နောက်တစ်ခါကျရင် Internet Connection အလန်းစားဖြစ်သွား အောင်လုပ်ဖို့  တင်ပေးပါမယ်...ဒီပိုစ့်လေးကိုလည်း ကြိုက်ရင် Share ပေးပြီး ဒီ page ကို like မလုပ်ရသေးတဲ့ သူငယ်ချင်းတွေလည်း သိသွားအောင် ကူညီနိုင်ကြပါစေ ခင်ဗျာ...) ( I-Phone အတွက်တော့ သည်းခံပေးကြပါခင်ဗျာ... ကျွန်တော်က Self-Study လုပ်ပြီး တင်ရတာ မို့  Testing လုပ်ဖို့  I-Ph မ၀ယ်နိုင်သေးလို့ ပါ ခင်ဗျာ.. ခွင့်လွတ်ပေးစေလိုပါတယ်..) 

http://www.mediafire.com/?6g3u2g7nk6vtgom

ဒီ Software လေးတစ်ခုနဲ့  လုပ်ရမှာပါ...
ဘာတွေ လုပ်နိုင်မလဲ ဆိုတော့
ကျွန်တော်တို့ ဖုန်းရဲ့  Location ကို Web ပေါ်ကနေ ရှာလို့ ရမယ်...
ဖုန်းကို Web ကနေ လှမ်းခေါ်လို့ ရမယ်...
message လှမ်းပို့ လို့ ရမယ်...
ပြီးတော့
{ကိုယ့်ဖုန်း ပျောက်နေချိန်မှာ Call Log ကို Web ပေါ်ကပဲ ကြည့်လို့ ရမယ်...
Call Recording ကို နားထောင်လို့  ရမယ်
ကိုယ်သိချင်တဲ့ Date အတော အတွင်းမှာ ရိုက်ထားတဲ့ photos တွေကို ကြည့်လို့ ရမယ်
ှSms တွေ စစ်လို့ ရမယ်...
Phone ကို front camera ရိုက်လို့ ရအောင် web ပေါ်ကနေ ထိန်းချုပ်နိုင်မယ်..
ဘေးနားက အသံတွေကို Recording လုပ်လို့ ရမယ်...}
..........

____________
Admin Hein Thu