This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, January 17, 2013

ဒေါက်တာဆိတ်ဖွားကို အရေးယူဖို့ လွှတ်တော်မှာ မဲခွဲ ~



January 17, 2013



ဘလော့တခုမှာ ဒေါက်တာဆိတ်ဖွား ဆိုသူက လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဝေဖန်ထားတဲ့အတွက် သူ့ကို စုံစမ်း အရေးယူမယ့် အထူးကော်မရှင် တခု လွှတ်တော်မှာ မကြာမီ ပေါ်ပေါက်လာဖွယ် ရှိနေပါပြီ။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာစိုးရင်က - အင်တာနက်တွင် ဖော်ပြထားသော “Above the Law” ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဝေဖန်ချက်နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့၍ စုံစမ်း စစ်ဆေးဆောင်ရွက်ပေးဖို့ အရေးကြီး အဆိုတရပ်ကို လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
 
ဒေါက်တာဆိတ်ဖွား ကလောင် ပိုင်ဆိုင်သူ မည်သူမည်ဝါ ဆိုတာ အများက မသိကြသေးပါ။
လောလောဆယ်တော့ အင်တာနက်မှာ ကလောင်စွမ်းထက်တဲ့ ဒေါက်တာဆိတ်ဖွားနာမည်က လွှတ်တော်ထဲ ရောက်လာပါပြီ။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံးရုံး၊ စာရင်းစစ်ချုပ် ဥပဒေ စတဲ့ ကိစ္စတွေကို ဒေါက်တာဆိတ်ဖွားက ဝေဖန်ထားတယ်၊ ဥပဒေ၏ အထက်မှာ လွှတ်တော်ရှိသလား ဆိုတာရယ်၊ လွှတ်တော် ဥက္ကဋ္ဌ တွေနဲ့အပေါင်းပါတွေ ဆိုတဲ့ စကားလုံးတွေဟာ လွှတ်တော်နဲ့ အမတ်တွေရဲ့ ဂုဏ်သိက္ခာကို လုံးဝ ထိခိုက်စေတယ်လို့ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဧရာဝတီကို ပြောပါတယ်။
“ဒေါက်တာ ဆိတ်ဖွား ဘယ်သူဘယ်ဝါ ဆိုတာတော့ ကျနော်တို့ မသိပါဘူး၊ ဒါပေမယ့် စုံစမ်းရင် သိမှာပါ၊ ဒီလိုစည်း မဲ့ ကမ်းမဲ့ရေးချင်တိုင်း ရေးလို့မရပါဘူး” လို့ ဆိုပါတယ်။
အဲဒီအဆိုကို မဲခွဲ ဆုံးဖြတ်ရာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၀၀ ကျော်မှာ ကြားနေမဲ ထောက်ခံမဲ ၃၄၀ ကျော်၊ ကန့်ကွက်မဲ ၁၅၀ ကျော်နဲ့ ကြားနေ ၄၀ ကျော်နဲ့ အဆိုက အောင်မြင်ခဲ့ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ကန့်ကွက်မဲ ပေးကြတယ်လို့ သိရတယ်။
လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးအယူ ဆောင်ရွက်ဖို့ ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့ စစ်ဆေးပြီးရင်တော့ ဒေါက်တာဆိတ်ဖွား ဘယ်သူ၊ ဘယ်ဝါဆိုတာ ပေါ်လာမည်လား၊ တကယ်အရေးယူခံရမှာလား ဆိုတာတော့ စောင့်ကြည့်ကြရတော့မည် ဖြစ်ကြောင်း…….
ခင်ဦးသာ ~
သတင်းရင်းမြစ် - ဧရာဝတီ

အစိုးရကိုဝေဖန်သူ ဖမ်းတဲ့ ဥပဒေ မြန်မာအစိုးရဖျက်သိမ်း


ABC

မြန်မာနိုင်ငံမှာ ​စစ်အစိုးရအုပ်ချုပ်ခဲ့စဉ်ကာလတွေအတွင်း ​ကျင့်သုံးခဲ့တဲ့ ​အစိုးရကို ​ဝေဖန်တိုက်ခိုက် သူတွေကို ​ဖမ်းဆီးအကျဉ်းချတဲ့ဥပဒေ တွေ ကို ​ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့အကြောင်း ​အစိုးရပိုင် ​မြန်မာ့အလင်းသတင်းစာက ​မနေ့က ​ကြေ ငြာခဲ့ပါတယ်။

တည်ငြိမ် ​ငြိမ်းချမ်းစွာ ​နိုင်ငံအာဏာ ​လွှဲပြောင်းရေးကို ​ဆန့်ကျင်ကန့်ကွက်မှုတွေကို ​တားဆီးကန့်သတ်တဲ့ ​ဥပဒေတွေကို ​ပယ်ဖျက်ဖို့အတွက် ​ဥပဒေရုပ်သိမ်းရေး ​ဥပဒေပြဌန်းလိုက်ပြီဖြစ်တယ်လို့ ​သမ္မတ ​ဦးသိန်းစိန်က ​ထုတ်ပြန်လိုက်ပါတယ်။

၁၉၉၆ ​ခုနှစ်မှာ ​စပြီးအသက်ဝင်ခဲ့တဲ့ ​ဥပဒေကန့်သတ်ချက်အရ ​အမျိုးသားညီလာခံကျင်းပရေးကို ​ကန့်ကွက်မှုတွေကိုလည်း ​တားဆီး ထား ခဲ့ ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ​ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကတော့ ​အခုလို ​ဥပဒေဖျက်သိန်းမှုကို ​ကြိုဆိုတဲ့အကြောင်း ​ဒါပေမယ့် ​တရားမျှတမှု မရှိ တဲ့ ​ဥပဒေတွေ ​ဆက်ပြီးကျန်နေသေးတဲ့အကြောင်း ​ထုတ်ဖေါ်ပြောဆိုထားကြတယ်လို့ ​သိရပါတယ်။

ဝန်ကြီးနှစ်ပါး ဘာကြောင့် နုတ်ထွက်သွားတာလဲ


သာလွန်ဇောင်းထက်

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့ ည ၈ နာရီမှာ သတင်းတပုဒ်ကြေညာ သွား ပါတယ်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း၊ သာသနာရေး ၀န်ကြီး သူရဦးမြင့်မောင်တို့ နှစ်ဦးကို သူတို့ရဲ့ ဆ န္ဒအလျောက် ရာထူးကနေ သမ္မတ ဦးသိန်းစိန်က နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမိန့်စာမှာတော့ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုတယ်လို့ ရေးသားထားပေမယ့် သတင်း ထွက်ပေါ်လာချိန်မှာတော့ အွန် လိုင်း စာမျက်နှာတွေ၊ အစိုးရ၀န်ကြီးတွေနဲ့ နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀ိုင်းမှာတော့ ၀န်ကြီးနှစ်ဦး အဖြုတ်ခံလိုက်ရတာလို့ ပြောဆိုကြ ပါတယ်။ အဓိကအားဖြင့် လာဘ်ပေးလာဘ်ယူမှု၊ အမိန့်မနာခံမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

သမ္မတရုံးနဲ့ အလွန်နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀ိုင်းကတော့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းမှာ ပြစ်ချက်၊ အနာအဆာများပြီး အဓိ က အားဖြင့် ဆက်သွယ်ရေး စီမံကိန်းတွေ အကောင်အထည် ဖော်တဲ့နေရာမှာ သမ္မတဆီ တင်ပြမှုမရှိဘဲ လုပ်ဆောင်တာတွေ အပါအ၀င် ခြစားမှု တွေကြောင့် ဦးသိန်းထွန်းကို ၀န်ကြီးအဖြစ်ကနေ အနားပေးလိုက်တာလို့ ဆိုပါတယ်။ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်က တော့ သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မှုမရှိခဲ့တာတွေ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

နောက်ထပ် ၀န်ကြီး ၃ ဦးလောက် အပြောင်းအရွေ့ ထပ်လုပ်ဖို့ရှိတယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သတင်းတွေ ထွက် ပေါ် နေပါတယ်။

ဆက်သွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်သွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာတာနဲ့ တပြိုင်နက် ဖေ့စ် ဘုတ် စာမျက်နှာတွေပေါ်မှာ ကမ္ဘာဇ ဘဏ်ကနေတဆင့် ဦးသိန်းထွန်းအမည် တပ်ထားတဲ့သူဆီကို ဦးသိန်းဝင်းဆိုသူက ငွေကျပ်သိန်း ၂၅၀၀ တိတိ ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့စွဲနဲ့ ငွေလွှဲစာရွက် ဓာတ်ပုံတပုံကလည်း တွင်တွင်ကျယ်ကျယ် ပျံ့နှံ့နေပါတယ်။

ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက အစိုးရ အရာရှိကြီးတဦးကတော့ သဘောထား ပျော့ပျောင်းတဲ့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ၀န်ကြီးတွေ အ ပြောင်းအလဲလုပ်တဲ့အခါမှာ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်စေတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးကိုပဲ သုံးစွဲလေ့ရှိတယ်လို့ ဆိုပါ တယ်။

၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၈ ရက်နေ့မှာ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ ဆောက်လုပ်ရေး ၀န်ကြီး ဦးခင်မောင်မြင့်၊ ပြည်ထောင်စုစာ ရင်း စစ်ချုပ်ဦးလွန်းမောင်တို့ကို ရာထူးက ဖယ်ရှားချိန်တုန်းကလည်း မိမိသဘော ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုသည်ဆိုတဲ့ အသုံးအ နှုန်းကိုသာ သုံးစွဲခဲ့တာမို့ ဦးသိန်းထွန်းနဲ့ သူရဦးမြင့်မောင်ကိုလည်း သမ္မတ ဦးသိန်းစိန်က ရာထူးကနေ ဖယ်ရှားလိုက်တယ်ဆိုတာ ထင် ရှားစေတယ်လို့ သူက ဆက်ပြောပါတယ်။


သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်ကတော့ ၀န်ကြီးနှစ်ပါး နုတ် ထွက်မှုအပေါ်မှာ မှတ်ချက် မပေးလိုတဲ့အကြောင်း၊ ၀န်ကြီးအပြောင်းအလဲတွေ ထပ်လုပ်၊ မလုပ်ဆိုတာ မသိတဲ့အကြောင်း ပြောပါ တယ်။

“ဒါတော့ ကျနော်လည်း မသိပါဘူး။ သူတို့ကတော့ သူတို့ဆန္ဒအလျောက် နုတ်ထွက်တာဖြစ်လို့ သူတို့အပေါ်မှာ ကျနော်တို့က မှတ်ချက်လည်း ပေးလို့မရပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်လို့လေ။ နောက်ထပ် ၀န်ကြီးတွေ လဲဖို့ရှိတယ် ဆိုတာလည်း ကျနော်တို့ဘာမှ မကြားပါ ဘူး” လို့ ဒု ဝန်ကြီး ဦးရဲထွဋ်က ဆိုပါတယ်။

နိုင်ငံတော်သမ္မတ အမျိုးသားစီးပွားရေးနဲ့ လူမှုရေးအကြံပေး ကောင်စီက ဦးလှမောင်ရွှေကတော့ သူ့အနေနဲ့ ၀န်ကြီးနှစ်ပါး နုတ်ထွက်ခွင့် ပြု သွားတာကိုတောင် နိုင်ငံပိုင်မီဒီယာက ကြေညာမှ သိရတဲ့အကြောင်း၊ နောက်ထပ် ၀န်ကြီးအပြောင်းအရွေ့ ရှိ၊ မရှိဆိုတာလည်း မသိ ကြောင်း ပြောပါတယ်။

“ကျနော်က မနေ့ညက သတင်းလာမှ သိတာ။ သိပ်တော့ မသိဘူး။ သတင်းတွေကတော့ ထွက်နေမှာပဲ။ ကျနော်တို့ကတော့ အဲဒီလောက်ကြီး တော့ အလှမ်းမမီဘူး။ နောက်ထပ် ၀န်ကြီးတွေ ထပ်လဲမယ်ဆိုတာလည်း မကြားမိဘူး။ သတင်းတွေ ကတော့ ထွက်နေမှာပဲ။ မှန်တာလည်း ရှိမယ်၊ မှားတာလည်းရှိမယ်။ တခါတလေလည်း မှန်တာတွေလည်း ဖြစ်နိုင်ပါတယ်” လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေ အပြောင်းအလဲ ဖြစ်မယ်ဆိုတဲ့သတင်း သိုးသိုးသန့်သန့်က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ လပိုင်းလောက်မှာ သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းထဲကနေ ထွက်ခဲ့တာပါ။

လက်ပံတောင်းသပိတ်စခန်းတွေမှာ သံဃာတော်တွေ အကြမ်းဖက် နှိမ်နင်းခံရပြီးတဲ့နောက် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ရာထူးကနေ နုတ် ထွက်ဖို့၊ အနားယူဖို့ သမ္မတဆီက တရားဝင် ခွင့်ပြုချက် တောင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ချိန်ကတည်းကစပြီး သမ္မတ ဦးသိန်း စိန်အနေ နဲ့ ၀န်ကြီးတွေ အပြောင်းအလဲ ထပ်လုပ်ဖို့ သမ္မတရုံးအတွင်းမှာ ဆွေးနွေးမှုတွေ စတင်လာတာဖြစ်တယ်လို့ သတင်းရင်းမြစ် တွေက ဆိုပါ တယ်။

သမ္မတ ဦးသိန်းစိန်က ၀န်ကြီးတွေ အပြောင်းအလဲလုပ်ဖို့ ကိစ္စတွေကို အဓိကအားဖြင့် ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ နှစ်ဦးနဲ့သာ တိုင်ပင် လေ့ရှိ ပြီး ၀န်ကြီးတွေ အများစုကလည်း ဦးစိုးသိန်းနဲ့ ဦးအောင်မင်းကို “အဘကြီး” တွေလို့ ခေါ်ဆိုကာ ကြောက်ရွံ့ ရိုသေလေးစားကြရ တယ် လို့ သိရပါတယ်။

ဧရာဝတီသတင်းဌာနနဲ့ ယမန်နှစ်က တွေ့ဆုံခဲ့တဲ့ ပြည်ထောင်စု ၀န်ကြီးတဦးကတော့ သူ့အနေနဲ့ ၀န်ကြီးဌာန လုပ်ငန်းတွေ လုပ်ဆောင် တဲ့နေ ရာမှာ ဦးစိုးသိန်းနဲ့ တိုင်ပင်လေ့ရှိပြီး အမှားအယွင်းမရှိစေဖို့ သတိထား လုပ်ဆောင်နေရကြောင်း ပြောပါတယ်။

“ကျနော်ကတော့ အဘ နာယကကြီး (ဦးစိုးသိန်း) နဲ့ အမြဲတိုင်ပင်ပြီးမှ လုပ်တယ်။ အဘ နာယကကြီး ကလည်း သမ္မတကြီးက မှာထားတယ်၊ မင်းတို့ ကောင်းအောင်လုပ်ကြ။ မှားရင်တော့ မှားတဲ့သူခံရမယ်ဆိုပြီး ကျနော့်ကို အမြဲသတိပေး ပါတယ်” လို့ အဲဒီဝန်ကြီးက ဆိုပါတယ်။

ဒါကိုကြည့်ရင် ပြည်ထောင်စု ၀န်ကြီးတွေအနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဆင်ပြေဖို့တင်မက သမ္မတရုံး ၀န်ကြီးတွေနဲ့ပါ အဆင်ပြေဖို့ပါ လုပ် ဆောင် နေရတယ်ဆိုတာ ထင်ရှားပါတယ်။

လက်ရှိအချိန်မှာတော့ နောက်ထပ် ၀န်ကြီး ၃ ဦးလောက် ထပ်ပြီး အပြောင်းအလဲ ဖြစ်ဦးမယ်ဆိုတဲ့ သတင်းတွေက ထွက်ပေါ်နေတာမို့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ဘယ်ဝန်ကြီးတွေကို မိမိသဘောဆန္ဒ အလျောက်ဆိုပြီး နုတ်ထွက်ခိုင်းဦးမလဲ ဆိုတာ စောင့်ကြည့်ရမယ့်အ ပြင် ဘယ်သူ တွေကို လစ်လပ်ဝန်ကြီးတွေနေရာ ပေးမလဲဆိုတာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ဝေဖန်နေကြပါတယ်။

သုံးနိုင်ငံမှအပ တစ်ကမ္ဘာလုံးမှ မြန်မာသို့ ငွေလွှဲနိုင်ပြီ


နိုင်ငံသုံးနိုင်ငံမှအပတစ်ကမ္ဘာလုံးမှ မြန်မာသို့ ငွေလွှဲပြောင်းပေးပို့ နိုင်ပြီဖြစ်ကြောင်း ကမ္ဘာ့ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ Western Union နှင့် ချိတ်ဆက်ထားသော CB ဘဏ်မှ သိရသည်။

''ဆိုမာလီ၊ အီရန်နဲ့မြောက် ကိုရီးယားနိုင်ငံကလွဲရင် ကျန်တဲ့ နိုင်ငံကလူတွေ အားလုံး မြန်မာ နိုင်ငံကို ငွေလွှဲပေးပို့လို့ရပြီ''ဟု CB ဘဏ်မှ အုပ်ချုပ်မှု ဒါရိုက် တာ ဦးဖေမြင့်က ပြောသည်။

Western Union ကုမ္ပဏီ သည် ပြည်တွင်း ပုဂ္ဂလိကဘဏ် ခြောက်ခုနှင့် ချိတ်ဆက်လုပ်ကိုင် လျက်ရှိပြီး အဆိုပါဘဏ်ခြောက် ခု၏ ဘဏ်ခွဲများ အသီးသီးတွင် လွှဲငွေများကို ထုတ်ယူနိုင်ပြီဖြစ် ကြောင်းသိရသည်။ အကျိုးအ မြတ်ခွဲဝေမှုအနေဖြင့် ပြည်တွင်း ဘဏ်များသည် လွှဲခ၏ ၂၅ ရာ ခိုင်နှုန်းကိုရရှိမည်ဖြစ်ကြောင်း သိရ သည်။

Western Union မှ လွှဲခကို နိုင်ငံအသီးသီးအလိုက်ကောက်ခံပြီး နိုင်ငံ အလိုက်ငွေကြေးများကို ဒေါ် လာအဖြစ်သာ ပြည်တွင်းသို့ လွှဲ ပြောင်းပေးမည်ဖြစ်ကြောင်း သိရ သည်။

''ဒီကို ဒေါ်လာနဲ့လွှဲပေးတာကို ဘဏ်တွေက နေ့စဉ်ပေါက်ဈေးအ တိုင်း ကျပ်ငွေနဲ့ ပြန်ထုတ်ပေးမှာပါ'' ဟု ဦးဖေမြင့်က ပြောသည်။
လက်ရှိတွင်ပြည်ပမှ ပြည်တွင်း သို့ငွေလွှဲပေးပို့မှုကို စင်ကာပူ၊ ထိုင်း နှင့် မလေးရှားနိုင်ငံတို့နှင့် ချိတ် ဆက်ဆောင်ရွက်နေပြီး နောက်ပိုင်း တွင် ဗဟိုဘဏ်၏ခွင့်ပြုချက်အလိုက် တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း လုပ်ကိုင်ခွင့်ရဘဏ်များမှ သိရသည်။

အမေရိကန်အခြေစိုက် Western Union ကုမ္ပဏီသည် ကမ္ဘာ့ နိုင်ငံပေါင်း ၂ဝဝ ကျော်တွင် အေ ဂျင်စီပေါင်း ၅၂ဝဝဝဝ ကျော်ရှိပြီဖြစ် ကြောင်း၊ လက်ရှိတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှလွှဲငွေများကိုသာ ပြည် တွင်း၌ လက်ခံနိုင်ပြီး နောက်ပိုင်း တွင် အဆိုပါနိုင်ငံများသို့ မြန်မာ နိုင်ငံမှ လွှဲပြောင်းပေးပို့နိုင်ပြီဆိုပါကWestern Union မှတစ်ဆင့် လွှဲပို့ နိုင်မည်ဖြစ်ကြောင်းသိရသည်။

လွှဲပြောင်းပေးပို့မှုကို မြန် မာနိုင်ငံနှင့်ပေးပို့သောနိုင်ငံ အ ချိန်ကွာခြားမှုအလိုက် တစ်ရက် အတွင်းထုတ်ယူနိုင်ရန် ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ပြည် တွင်းဘဏ် ၆ ခု ဖြစ်သော ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ ယူ နိုက်တက်အမရဘဏ်၊ မြန်မာအ ရှေ့တိုင်း ဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ မြန် မာ့ရှေ့ဆောင်ဘဏ်၊ ပထမပုဂ္ဂ လိကဘဏ်တို့တွင် လွှဲပြောင်း ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရ သည်။

PN-029၊ခိုင်နွယ်ဦး
Popular Myanmar News ournal

မိမိသုံးနေတဲ့ Internet Connection ကို အခြား Devices တွေမှာ Share သုံးရအောင် (Connectify pro ထက်ကောင်းပါတယ် Freeware လေးပါ)




Connectify pro ထက်ကောင်းပါတယ် Freeware လေးပါ ... ပြုလုပ်ပေးရမဲ့ အဆင့်ကလည်း  ၄ ဆင့်ပါပဲ ... Connectify pro က သုံးရတာ စက်လေးပါတယ် ပြီးတော့ Key,Crack  အတွက်ခေါင်းစားရတယ်...  ဒါလေးက ပေါ့ပါးတဲ့ အပြင် ဖိုင်လ်ဆိုက်ဒ်လေးကလည်း 1.6MB ပဲရှိပါတယ်.... ဒီ Software လေးကို Run နိုင်ဖို့ကိုတော့ .Net farmwork v.4  လိုပါမယ်ခင်မျာ....

Click Here to Download .Net Farmwork 4 Offline Installer

Would you like to share your internet connection over to your room and use the same connection for Laptop, Mobile Phones or other devices without any kind of cable connectivity, but you don’t have any expensive wireless router! if so, don’t worry. Now you can use your internet connected desktop or laptop as a WiFi hotspot easily. Yes, many people use Connectify software for this. But some people have trouble with this software. Another thing, its provably costs you some money to use the full version...so, whatever Connectify is!

I am talking about ‘WiFi Hotspot Creator’ . its an alternative of Connectify pro. Download this software from   
Here  Download
(1.55MB).
Now go for using instructions:
Step  1: Install WiFi Hotspot Creator and restart your PC.
 Step  2: Open the program and set your hotspot information as seen bellow. then press Start to start using your newly created WiFi hotspot.
Note: Installation should take 5-10 Min to complete. And you must have .net farmwork v.4 installed on your PC to run this program.

မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ



မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

အင်္ဂါနေ့၊ ဇန်နဝါရီလ 15 ရက် 2013 ခုနှစ်  မွန်အေဂျင်စီ  သတင်း  -
မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘမူးယစ်စိတ်ကြွဆေးပြား ၅၀ ပြားတိတိကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်းထားလျှက်ရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသူ အသက် ၁၉ နှစ်ရှိ ရုက္ခဗေဒပထမနှစ် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသူသည် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ လမ်း ၂၀ တွင်နေထိုင်သူဖြစ်ပြီး ဖမ်းဆီးရမိစဉ် ယောကျာ်းလေး အဖော်လူငယ်တစ်ဦးလည်း အတူရှိနေသည်ဟု မော်လမြိုင် မူးယစ်အထူးရဲအရာရှိတစ်ဦးက ပြောသည်။

မုပွန်ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ဇော်ဝင်းအောင်က “အခုဖမ်းဆီမိတာဟာ မူးယစ်ဆေးဝါးနဲ့အတူ လူကိုလည်းဖမ်းဆီးမိတာဖြစ်တယ်၊ ရှေ့ဆက်ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုတော့ ပြောလို့ မရသေးဘူး ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်နေတယ်”ဟု ပြောသည်။

ထို့နောက် ထပ်မံစစ်ဆေးချက်အရ ၄င်းတို့၏ အဆက်အသွယ်ရှိရာ မုဒုံမြို့တွင် ရာဘမူးယစ်ဆေး ၇၂ ပြား ထပ်မံ ဖမ်းဆီးရရှိခဲ့သည်ဟုလည်း သိရသည်။

အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သထုံခရိုင်ဒေသတွင်လည်း ရာဘမူးယစ်စိတ်ကြွဆေးပြားရောင်းသူ ၃ ဦးကို လွန်ခဲ့သည့်တနင်္ဂနွေနေ့က မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးစောင့်ကြည့်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပတ်သက်ဆက်နွယ်သူများကို ဆက်လက်ဖေါ်ထုတ်လျှက်ရှိသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ လက်နက်ချအလင်းဝင် တဲ့အုပ်စုတွေနဲ့ ဆက်နွယ်မှုရှိနေတဲ့သက်သေတွေ ကျနော်တို့လက်ခံရရှိထားတယ်၊ အစိုးရကလည်း လက်နက်ချအဖွဲ့ဝင်တွေကို မြို့ပေါ်မှာလက်နက်ငယ်တွေကိုင်ဆောင်ခွင့်ပြုထားတာ တွေ့နေရတယ်” ဟုပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်လည်း မုဒုံမြို့နယ် တောစပ်တစ်နေရာ၌ လူငယ် (၁၅) ဦးရာဘမူး ယစ်စိတ်ကြွဆေးဝါးသုံးစွဲနေကြစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ရာတွင် လက်နက်ငယ်များကိုသိမ်းဆည်း ရမိခဲ့သည်။

၂၀၁၂ ခုနှစ်တွင် မွန်ပြည်နယ်ရှိ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာနေသည်ဟုလည်း မွန်တိုင်းရင်းသားလွှတ်တော်အမတ်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။


၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီကဖမ်းဆီးရမိသော ရာဘစိတ်ကြွမူးယစ်ဆေးပြားများ(NMSP)

အေးချမ်းမွန်မှ   လွတ်လပ်သော မွန်သတင်းအေဂျင်စီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia  ၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီကဖမ်းဆီးရမိသော ရာဘစိတ်ကြွမူးယစ်ဆေးပြားများ(NMSP)


မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘမူးယစ်စိတ်ကြွဆေးပြား ၅၀ ပြားတိတိ
ကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်းထားလျှက်ရှိကြောင်း 
သိရသည်။
ဖမ်းဆီးခံရသူ အသက် ၁၉ နှစ်ရှိ ရုက္ခဗေဒပထမနှစ် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသူသည်
 မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ လမ်း ၂၀ တွင်နေထိုင်သူဖြစ်ပြီး ဖမ်းဆီးရမိစဉ် ယောကျာ်းလေး အဖော်လူငယ်တစ်ဦးလည်း အတူရှိနေသည်ဟု မော်လမြိုင် မူးယစ်အထူးရဲအရာရှိတစ်ဦးက ပြောသည်။


မုပွန်ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ဇော်ဝင်းအောင်က “အခုဖမ်းဆီမိတာဟာ မူးယစ်ဆေးဝါးနဲ့အတူ လူကို
လည်းဖမ်းဆီးမိတာဖြစ်တယ်၊ ရှေ့ဆက်ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုတော့ ပြောလို့ မရသေးဘူး ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်နေတယ်”ဟု ပြောသည်။

ထို့နောက် ထပ်မံစစ်ဆေးချက်အရ ၄င်းတို့၏ အဆက်အသွယ်ရှိရာ မုဒုံမြို့တွင် ရာဘမူးယစ်ဆေး ၇၂ ပြား ထပ်မံ ဖမ်းဆီးရရှိခဲ့သည်ဟုလည်း သိရသည်။

အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သထုံခရိုင်ဒေသတွင်လည်း ရာဘမူးယစ်စိတ်ကြွဆေးပြားရောင်း

ူ ၃ ဦးကို လွန်ခဲ့သည့်တနင်္ဂနွေနေ့က မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးစောင့်ကြည့်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပတ်သက်ဆက်နွယ်သူများကို ဆက်လက်ဖေါ်ထုတ်လျှက်ရှိသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ လက်နက်ချအလင်း

ဝင် တဲ့အုပ်စုတွေနဲ့ ဆက်နွယ်မှုရှိနေတဲ့သက်သေတွေကျနော်တို့လက်ခံရရှိထားတယ်၊အစိုးရကလည်း လက်
နက်ချအဖွဲ့ဝင်တွေကို မြို့ပေါ်မှာလက်နက်ငယ်တွေကိုင်ဆောင်ခွင့်ပြုထားတာ တွေ့နေရတယ်ဟုပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်လည်း မုဒုံမြို့နယ် တောစပ်တစ်နေရာ၌လူငယ် (၁၅) ဦးရာဘမူး ယစ်

စိတ်ကြွဆေးဝါးသုံးစွဲနေကြစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ရာတွင် လက်နက်ငယ်များကိုသိမ်းဆည်း ရမိ
ခဲ့သည်။

၂၀၁၂ ခုနှစ်တွင်မွန်ပြည်နယ်ရှိလူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာနေသည်ဟုလည်း မွန်တိုင်း

ရင်းသားလွှတ်တော်အမတ်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။



လွတ်လပ်သော မွန်သတင်းအေဂျင်စီ