This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, April 18, 2013

ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံရ


DVB

ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ဩဇာတိက္ကမအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အင်တာနက်ကနေ မဲပေးရွေးချယ်မှု အစီအစဉ် ဧပြီလ ၁၇ ရက်နေ့ နောက်ဆုံး အပြီးသတ် ရွေးချယ်မှုရလဒ်အဖြေကို TIME မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က ထုတ်ပြန်ကြေညာခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က မဲပေးသူစုစုပေါင်းရဲ့ ၆၁ ရာခိုင်နှုန်း၊ ပေါ့ပ်အဆိုတော် လေဒီဂါဂါက ၃၉ ရာခိုင်နှုန်းနဲ့ မဲအများဆုံးရရှိသွားတာ ဖြစ်ပါတယ်။

တိုင်းမ် မဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ဩဇာတိက္ကမအရှိဆုံးပုဂ္ဂိုလ်ကို ၂ဝ၁၃ ခုနှစ်အတွက် နိုင်ငံရေးနယ်ပယ်၊ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၊ နည်းပညာနယ်ပယ်နဲ့ ဖျော်ဖြေရေး အနုပညာနယ်ပယ် ကဏ္ဍ ၄ ခုမှ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို အဆင့်ဆင့် ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဧပြီ ၁၁ ရက်နေ့မှာ ဖျော်ဖြေရေးကဏ္ဍက ပေါ့ပ်အဆိုတော် လေဒီဂါဂါဟာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားကို ပရိသတ်အကြိုက်မဲတွေနဲ့ အပြတ်အသတ် အနိုင်ရခဲ့သလို ဧပြီ ၁၅ ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီစံပြ ဒေါ်အောင်ဆန်းစုကြည်က ဂူဂယ်ဒုတိယဥက္ကဋ္ဌ လယ်ရီပေ့ခ်ျကို မဲအပြတ်အသတ် အသာရခဲ့ပါတယ်။

ဧပြီလ ၁၇ ရက်နေ့မှာတော့ အင်တာနက်မှ မဲပေးရွေးချယ်မှု ပြီးဆုံးခါနီး အချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ လေဒီဂါဂါတို့ကို မဲပေးမှုရာခိုင်နှုန်းက အပြိုင်အဆိုင် ဖြစ်နေခဲ့ပြီး နောက်ဆုံးရလဒ်မှ ဒေါ်အောင်ဆန်းစုကြည်က မဲပေးရွေးချယ်မှု ရာခိုင်နှုန်း အပြတ်အသတ်နဲ့ ကမ္ဘာ့ဩဇာအကြီးဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

နှစ်ပေါင်း 6000 လောက်က..လူသားများ၏အရိုးစု......

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ လောက်က ရောမစုံတွဲတစ်တွဲဟာ တစ်ယောက်လက်တစ်ယောက်တွဲပြီးသေပွဲဝင်ခဲ့ကြပါတယ်... ထာရဝချစ်ခြင်းရဲ့ သင်္ကေတဖြစ်တဲ့ သူတို့ဟာ လက်တွေတွဲထားရုံတင်မကဘဲ တစ်ယောက်ကိုတစ်ယောက်ကြည့်နေတဲ့ ပုံစံအတိုင်း မြှုပ်နှံထားတာဖြစ်ပါတယ်...

ဒီအရိုးစုတွေကို အီတလီနိုင်ငံက ယခုလက်ရှိ Modena လို့ခေါ်တဲ့ Mutina မြို့လေးမှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ရောမအင်ပါယာရဲ့ နောက်ဆုံးအချိန်ဖြစ်တဲ့ အေဒီ ၅၀၀ ခန့်က မြှုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်...

အမျိုးသားအရိုးစုက ဘယ်ဘက်၊ အမျိုးသမီးအရိုးစုကညာဘက်မှာရှိပြီး ဘေးချင်းယှဉ်လျက်မြှုပ်ထားပါတယ်... သူတို့ရဲ့လက်တွေက အချင်းချင်းဆုပ်ကိုင်ထားပြီး အမျိုးသမီးဦးခေါင်းခွံက အမျိုးသားဘက်ကို လှည့်နေတဲ့ပုံစံရှိပါတယ်... အမျိုးသားဦးခေါင်းခွံကတော့ ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရထားပါတယ်....

တူးဖော်ရာမှာပါဝင်တဲ့ မနုဿဗေဒပညာရှင် Vania Milani ကတော့ စတင်မြှုပ်နှံခဲ့စဉ်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေတဲ့ပုံစံရှိပြီး အောက်ကခံထားတဲ့ အခုအခံတစ်ခုခုကြောင့် အမျိုးသားရဲ့ဦးခေါင်းခွံဟာ အချိန်ကြာလာတာနဲ့အမျှ လိမ့်သွားတာဖြစ်မယ်လို့ ခန့်မှန်းပြောကြားပါတယ်...

ဒီအရိုးစုတွေဟာ လင်မယားတွေလား၊ ဘာလို့ဒီနေရာမှာ ဒီလိုပုံစံနဲ့ လာမြှုပ်ထားတာလဲ စတဲ့သမိုင်းကြောင်းကိုတော့ ဘယ်သူမှမသိကြပါဘူး... အမျိုးသမီးရဲ့ အရိုးတွေနဲ့အတူ ကြေးညိုလက်စွပ် တစ်ကွင်းတွေ့ရတဲ့အတွက် သူတို့နှစ်ယောက်ဟာ လက်ထပ်ပြီး ဇနီးမောင်နှံဖြစ်မယ်လို့လည်း ခန့်မှန်းကြပါတယ်....

အဲ့ဒီပတ်ဝန်းကျင်မှာ ဒီအရိုးစုနှစ်ခုအပြင် နောက်ထပ် အရိုးစုသုံးခုကိုပါတွေ့ရှိခဲ့ပါတယ်... အရိုးစုတစ်ခုကတော့ ဆယ်ကျော်သက်တစ်ယောက်ရဲ့ အရိုးလို့ခန့်မှန်းကြပါတယ်... တွေ့ရှိပြီးနောက်ပိုင်းနှစ်တွေမှာ ဒေသတွင်းက ပြတိုက်မှာတော့ ဒီအရိုးစုတွေကို ခင်းကျင်းပြသထားခဲ့ပါတယ်...

သမိုင်းပညာရှင်တစ်ချို့ရဲ့အဆိုအရ သူတို့ဟာ သခင်ရဲ့ကွပ်မျက်ခြင်းကို ခံခဲ့ရတဲ့ ကျေးကျွန်တွေလို့ခန့်မှန်းပေမဲ့ တချို့ကလည်း အရိုးမှာတွေ့ရှိရတဲ့ ခုတ်ဖြတ်ထားတဲ့ အနေအထားတွေအရ လူသတ်သမားတစ်ယောက်ရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ လူချမ်းသာတွေဖြစ်မယ်လို့ ယုံကြည်ကြပါတယ်...

ကိုးကားလင့်လေးမှာ ဆက်လေ့လာနိုင်ပါတယ်...
----------------------------------------------------------------
Ref: http://www.dailymail.co.uk/news/article-2057415/Together-forever--lovers-holding-hands-1-500-years-discovered-Rome-grave.html
Photo: သေသည့်တိုင်အောင်ချစ်နေမယ် ----------------------------------------------------------------<br /
**********************************************************************************************************************************
  1. ကမ္ဘာ့လူသားတွေရဲ့မြင်ကွင်းကနေ နှစ်ပေါင်း ၆၀၀၀ လောက် ကွယ်ပျောက်နေခဲ့တဲ့ ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းလေးကို ဒီကနေ့ခေတ်လူတွေ မှန်းဆပြောဆိုလို့မဆုံးနိုင်အောင်ဖြစ်ခဲ့ရပါတယ်...

    2007 ခုနှစ်က အီတလီနိုင်ငံ Mautua မြို့အနီးက Valdaro ဆိုတဲ့ရွာငယ်လေးမှာ အဆောက်အဦးတစ်ခုဆောက်လုပ်ရာကနေ လူသားအရိုးစုနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်.... ဒီအရိုးစုတွေကိုတူးဖော်ရာမှာ ရှေးဟောင်းသုတေသနပညာရှင် Elena Maria Menotti က ဦးဆောင်ခဲ့ပါတယ်...

    သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ဒီအရိုးစုနှစ်ခုဟာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူတို့သေဆုံးစဉ်က အသက် ၂၀ ထက်မကျော်ဘူးဆိုတာနဲ့ ပျမ်းမျှအရပ်အမြင့် ၅ ပေ ၂ လက်မ လောက်ရှိတယ်လို့ သိရပါတယ်...

    ဒီအရိုးစုတွေဟာ Neolithic ခေတ် (ကျောက်ခေတ်သစ်) လို့သတ်မှတ်ကြတဲ့ BC 10200 ကနေ BC 4500 - 2000 ကာလလောက်အတွင်းကဖြစ်ပြီး သက်တမ်းအားဖြင့်တော့ နှစ်ပေါင်း ၆၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်...

    အရိုးစုနှစ်ခုဟာ တစ်ခုနဲ့တစ်ခုမျက်နှာချင်းဆိုင်ပြီး လက်မောင်းချင်း ခြေထောက်ချင်းချိတ်တွဲထားတဲ့ပုံစံနဲ့တည်ရှိနေကြတာဖြစ်ပါတယ်... Valdaro ရွာအနီးမှာရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ဒီအရိုးစုတွေကို Valdaro မှချစ်သူများ (Lovers of Valdaro) လို့ အမည်ပေးခေါ်ဝေါ်ကြပါတယ်...

    လေ့လာသူတွေဟာ ချစ်သူနှစ်ဦးကို မကွဲမကွာစေပဲ မြေကိုအချပ်လိုက်ခွာပြီး တူးဖော်ခဲ့ပါတယ်... Valdaro က ချစ်သူတွေကို 2011 ခုနှစ် စက်တင်ဘာလအတွင်းက Mautua ရှေးဟောင်းသုတေသနပြတိုက်ရဲ့ အဝင်ဝမှာ လူထုရှေ့မှောက် ပထမဆုံးအကြိမ်အဖြစ် ခင်းကျင်းပြသခဲ့တယ်လို့သိရပါတယ်...