This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, December 21, 2013

အသုဘကမ္မဋ္ဌာန်း စီးဖြန်းပုံ. ........................................



အသုဘ ဟူသမျှသည် မတင့်တယ်ဖွယ် အတူတူပင် ဖြစ်ပါသည်။ အမျိုးသားနှင့် အမျိုးသမီး ရာဂစရိုက်-တပ်မက်နှစ်သက်မှု များသောပုဂ္ဂိုလ်များအတွက် ရာဂစရိုက် လျော့ပါးအောင် အသုဘကမ္မဋ္ဌာန်းကို ရှုရပါ သည်။ ထိုသို့ရာဂစရိုက် ဖြစ်ပေါ်ရာ၌ တပ်မက်နှစ်သက်မှု ပုံစံ အမျိုးမျိုးရှိကြသည့်အတွက် ထိုတပ်မက်နှစ် သက်မှု ကွဲပြားသည့် အလျောက် အသုဘ ၁၀-မျိုး ခွဲခြမ်းထားခြင်း ဖြစ်ပါသည်။


(၁) ကိုယ်နေဟန်ထား-ကာယအလှမောင်မယ်တို့၏ ပုံသဏ္ဍာန်မျိုးကို စုံမက်နှစ်သက်သော စရိုက်ရှိသူသည် ဥဒ္ဓုမတာကအသုဘ=သေပြီး သုံးလေးငါးရက် ဖူးဖူးရောင်ထနေသော ပုံသဏ္ဍာန် မတင့်တယ်သည့် သူသောကောင်ကို ရှုရမည်။

(၂) အရောင်အဆင်း ၀ါဝင်းဖြူဖွေးသောအဆင်းကို နှစ်သက်တပ်မက်သူသည် ၀ိနီလကအသုဘ=ညိုမဲနေသော အကောင်ပုပ် စက်ဆုပ်စရာကို ရှုရမည်။

(၃) အမွှေးနံ့သာ ပန်းနံ့သာ ဆင်မြန်းထားသဖြင့် ကိုယ်နံ့တသင်းသင်း မွှေးပျံ့ခြင်းကို စုံမက်သောစရိုက်ရှိသူသည် ၀ိပုဗ္ဗကအသုဘ=ပြည်ပုပ်များယိုကျသဖြင့် ပုပ်ဟောင်နေသော အသုဘကို ရှုရမည်။

(၄) တစုတပေါင်းတည်း လုံးလုံးကျစ်ကျစ် တဆက်တစပ်တည်း တင့်တယ်မှုကို စုံမက်သောသူသည် ၀ိစ္ဆိန္ဒကအသုက=ခါးတပိုင်း ပြတ်နေသော အကောင်ပုပ် စက်ဆုပ်စရာကို ရှုရမည်။
(၅) အိအိစက်စက် အသားဆိုင်ညက်ညက် ဖောင်းဖောင်းအိအိ ပြည့်ပြည့်ဖြိုးဖြိုး နှစ်သက်တတ်သူသည် ၀ိက္ခာယိတကအသုဘ=ကျီး၊ ခွေး၊ လင်းတတို့ အသားဆိုင်များကို ကိုက်စားထားသဖြင့် ပုံပန်းပျက်နေသော သူသေကောင်ပုပ်ကို ရှုရမည်။

(၆) ခေါင်း၊ ခါး၊ ခြေ၊ လက်၊ အင်္ဂါကြီးငယ် တင့်တယ်လှသည်ဟု တစိမ့်စိမ်ကြည့်ရှု နှစ်သက်သောသူသည် ၀ိက္ခာယိတကအသုဘ=ခြေ၊ လက်၊ ကိုယ်၊ ခေါင်း၊ တကွဲတပြားစီ ပစ်ထားသော မနှစ်သက်ဖွယ် အသုဘကို ရှုရမည်။(တခုချင်းဖြစ်နေလျှင် နှစ်သက်ဖွယ်မဟုတ်တော့)။
(၇) ရွှေငှက်ပျောအသွင် မထင်ရိုးဆစ်၊ ချေမောပြေပြစ်သော ခန္ဓာကိုယ်ကို နှစ်သက်သူသည် ဟတ၀ိက္ခိတ္တကအသုဘ=ဒဏ်ရာအမျိုးမျိုး မွှမ်းထား ခုတ်လှီးထားသော မတင့်တယ်ဖွယ် အသုဘကို ရှုရမည်။

(၈) ရွှေငွေတန်ဆာ ရတနာအမျိုးမျိုးတို့၏ အရောင်ကြောင့် ပြောင်ပြောင်လက်လက် တင့်တယ်သည်ဟု နှစ်သက်တတ်သူသည် လောဟိတကအသုဘ=ဒဏ်ရာအမျိုးမျိုးတို့မှ သွေးများယိုစီးကျနေသော အသုဘ အကောင်ပုပ်ကို ရှုရမည်။

(၉) ငါတဦးတည်း ပိုင်နိုင်စိုးမိုးသည်ဟု မြတ်နိုးစုံမက်တတ်သူသည် ပုဠုဝကအသုဘ=မရေတွက်နိုင်သော ပိုးလောက်တို့ တဖွားဖွားကျနေသော သူသေကောင်ပုပ်ကို ရှုရမည်။

(၁၀) ဖြူဖွေးသောသွား၊ ပုလဲကုံးအလားဟု အရိုးကောင်းဖြစ်အင် ခုံမင်နှစ်သက်သူသည် အဋ္ဌိကအသုဘ= အရိုးများကျနေသော အကောင်ပုပ် စက်ဆုပ်စရာကို ရှုရမည်။
အသုဘ ဘာဝနာ(၁၀)ပါး

၁။ ဥဒ္ဓုမာတက အသုဘ -သေသည်မှအထက် ၂-ရက် ၃-ရက်ကြာသည့်အခါ ဖူးဖူးရောက်ပုပ် စက်ဆုပ်ဖွယ်ရာမသာလောင်း။
၂။ ၀ိနီလက အသုဘ -ဖြူနီ သဘော၊ ရောနှောစပ်တွဲ၊ ညိုမဲမဲပုပ်၊ စက်ဆုပ်ဖွယ်ရာ မသာလောင်း။

၃။ ၀ိပုဗ္ဗက အသုဘ -ပြည်တစိုစို၊ ပေါက်ကွဲယိုပြီး၊ စက်ဆုပ်ဖွယ်ရာမသာလောင်း။

၎။ ၀ိစ္ဆိဒ္ဒက အသုဘ -ထက်အောက်နှစ်ရက်၊ မဆက်စပ်အောင်၊ အပိုင်းပိုင်း

ဖြတ်တောက်လျှက်၊ စက်ဆုပ်ဖွယ်ရာ မသာလောင်း။

၅။ ၀ိက္ခာယိတက အသုဘ - ခွေး၊ လင်းတ၊ ကျီး၊ အသီးသီးတို့၊ နည်းမျိုးစုံပြား၊ ဖုံဖုံအားဖြင့်၊ ခဲစားထားသော

စက်ဆုပ်ဖွယ်ရာမသာလောင်း။

၆။ ၀ိက္ခိတ္တက အသုဘ -လက်ခြေခေါင်းကိုယ်၊ ဖရိုဖရဲ၊ ထိုထိုကြဲသဖြင့်၊ လွှင့်ပစ်ထားသော

စက်ဆုပ်ဖွယ်ရာမသာလောင်း။

၇။ ဟတ၀ိက္ခိတ္တက အသုဘ -ကျီးခြေမယွင်း၊ ဓါးဖြင့်မွှန်း၍၊ ညှဉ်းအပ်ထိုထို၊ လက်ခြေကိုယ်တို့၊ ဖရိုဖရဲ၊

ထိုထိုကြဲသဖြင့်၊ လွှင့်ပစ်ထားသော၊ စက်ဆုပ်ဖွယ်ရာမသာလောင်း။

၈။ လောဟိတက အသုဘ -သွေးများထွက်ယို၊ တကိုယ်လုံးပေ၊ လိမ်းကျံနေသော၊ မသာလောင်း။

၉။ ပုဠုဝက အသုဘ -ပိုးလောက်တွေပြည့်၊ ကျိကျိတက်နေ၊ ထွက်စေတတ်သော၊ မသာလောင်း။

၁၀။အဋ္ဌိက အသုဘ -အရိုးစုပေါင်း၊ တစ်ချောင်းဖြစ်စေ၊ အသရေယုတ်၊ စက်ဆုပ်ဖွယ်ရာ မသာလောင်း။


( အသေလွတ်နည်း ) http://buddhagonyi.blogspot.com/2012/12/blog-post_22.html

ကိုယ့်ထက်ကြီးသူ ၊ ကိုယ့်အောက်လူ ၊ရွယ်တူသေတာများလှပြီ ။
ခန္ဓာမစဲ ၊ အိုစမြဲ ၊ငါလဲသေဘို့နီးခဲ့ပြီ ။
မသေသေးမှီ ၊ပါရမီ ၊ငါသည့် ဖြည့်မှတော်လိမ့်မည် ။
ဝိပဿနာ ၊ ဘာဝနာ ၊ ငါဟာပွားမှတော်တော့မည် ။