This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, June 26, 2014

NDFပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်အိမ် အဖောက်ခံရ .....................

ခင်မြတ်မြတ်ဝေ

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ အိမ်သို့ ဇွန်လ ၂၃ ရက် သန်းခေါင်းယံအချိန်က အဖောက်ခံရပြီး ပစ္စည်းအချို့ အခိုးခံလိုက်ရသည်ဟု ဒေါ်ခင်ဝိုင်းကြည်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။

“ကံကောင်းတာက လွှတ်တော်ဝင်တဲ့ကဒ်တွေ၊ ပတ်စ်ပို့စ်တွေ၊ မှတ်ပုံတင်တွေ ပါတဲ့အိတ်ကို အိမ်ရှေ့မှာပြန်ထားခဲ့တယ်၊ သူ့စိတ်ထဲ ပိုက်ဆံပါတယ်ထင်လို့ ယူတာ မတွေ့တော့ ပြန်ထားခဲ့တယ်”ဟု ဒေါ်ခင်ဝိုင်းကြည်ကပြောသည်။

ဒေါ်ခင်ဝိုင်းကြည်၏ မြောက်ဒဂုံမြို့၊ ၄၆ရပ်ကွက်ရှိ အိမ်ဖောက်ခံရခြင်းကြောင့် ဆမ်းဆောင်းဟန်းဆက် မီနီတစ်လုံး၊ အိတ်တစ်လုံး အခိုးခံခဲ့ရပြီး အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားခြင်းမရှိဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။ လွှတ်တော်ကဒ်၊ ပတ်စ်ပို့နှင့် မှတ်ပုံတင်များပါသည့်အိမ် ပြန်တွေ့သည့်အတွက် အမှုမဖွင့်ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်ခင်ဝိုင်းကြည်သည် ဇွန်လ ပထမပတ်က အချိုးကျ ကိုယ်စားပြုစနစ် (ပီအာရ်စနစ်)ကို တင်သွင်းခဲ့ပြီးနောက် ၎င်းကို ခြိမ်းခြောက်မှုအချို့ ခံနေရသည်ဟုလည်း ဒေါ်ခင်ဝိုင်းကြည်က မဇ္ဈိမ၏ အင်တာဗျူးတစ်ခုတွင် ပြောခဲ့ဖူးသည်။

“ယမကာလုလင်” နှစ်နှစ်သားလေး

ဘီယာကို ပိုကြိုက်နေတဲ့ 

Posted by: Ko Myo on Wednesday, June 25, 2014 Categories:

Angel on 2014-06-25 11:12

တရုတ်နိုင်ငံက လမ်းလျှောက်တတ်စ ကလေးလေးတစ်ယောက် စီးကရက်သောက်နေတဲ့ ဗီဒီယို လွန်ခဲ့တဲ့ အပတ်တွေက ပေါ်ထွက်လာပြီးနောက် အခုတစ်ခါလည်း နောက်ထပ် စိတ်အနှောင့်အယှက်ဖြစ်စရာ သတင်းတစ်ပုဒ် ထွက်ပေါ်လာပြန်ပါတယ်။ ဒီတစ်ခါတော့ နှစ်နှစ်သားလေး တစ်ယောက်ဟာ အယ်လ်ကို ဟော စွဲနေတယ်လို့ သိရပါတယ်။

ချန်းချန်း ဆိုသူ နှစ်နှစ်သားလေးဟာ နို့ အစား ၀ိုင်နဲ့ ဘီယာပုလင်းတွေကို ပိုကြိုက်နေပြီး ‘ယမကာလုလင် လေး’ အဖြစ် ဒေသတွင်းမီဒီယာတွေမှာ လူသိများနေပါတယ်။

ချန်းချန်းတစ်ယောက် အရက်ပုလင်း တစ်ပုလင်းသောက်နေတဲ့ ဓာတ်ပုံထွက်လာပြီးနောက် ဒေသအာ ဏာပိုင်တွေဟာ ချန်းချန်းရဲ့ မိဘတွေကို စုံစမ်းစစ်ဆေးနေပါပြီ။

ချန်းဟာ ဆယ်လသားအရွယ်မှာ အယ်ကိုဟောကို စတင်မြည်းစမ်းကြည့်ခဲ့ပြီး ဖခင်ဖြစ်သူက တူကို ၀ိုင်ထဲ နှစ်ကာ ကလေးကို မြည်းခိုင်းခဲ့တာပါ။

ချန်းဟာ ဘီယာတစ်လုံးလောက်ကို အမူအရာမပျက် အေးဆေးသောက်နိုင်တယ်လို့ မိဘတွေက ဆိုပါ တယ်။ တကယ်လို့ သူ့ ကို ဘီယာမတိုက်လို့ ရှိရင် ချန်းက စိတ်ကောက် တတ်တယ်လို့ လည်း မိဘတွေက ပြောပြပါတယ်။

“ သူ့ မျက်လုံးတွေက အမြဲတမ်း ဘီယာပုလင်းတွေ ရောက်နေတာ။ သူ မမြင်နိုင်တဲ့ နေရာတွေမှာပဲ ကျွန်မတို့  ပုလင်းတွေကို သိမ်းဖို့ ပဲ ကြိုးစားရတာပေါ့။” လို့ ချန်းရဲ့ ဒေါ်လေးဖြစ်သူ Cai Teng က ရှင်းပြ ပါတယ်။

“ တစ်ခါတစ်လေ သူ အရမ်းဆူနေပြီး ဘာလုပ်ရမှန်းမသိရင် သူ့ ကို ၀ိုင်နည်းနည်းလောက် တိုက်လိုက် တာပဲ”

ချန်းရဲ့ ဒေါ်လေးကတော့ ကလေးကို နောက်ထပ် အယ်ကိုဟောတွေ မတိုက်တော့ပါဘူးလို့  တိုင်တည် ပြောဆိုနေပါပြီ။ ဒီအပတ်မှာ ကလေးရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် အစည်းအဝေးတစ်ခု လုပ်ဖို့ ရှိပါတယ်။ မိသားစုနဲ့ ဆက်ထားဖို့ မသင့်ဘူးဆိုရင် ကလေးကို စောင့်ရှောက်ရေးဌာနဆီ ပို့ ထားရမှာပါ။


Ref: Metro.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အေသင်ချိုဆွေ ပြောပြတဲ့ သူမရဲ့ အချစ်ရေး.................



Posted by: Ko Myo on Wednesday, June 25, 2014 Categories:

စန္ဒီ on 2014-06-25 17:18

ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ ရနေပြီး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိ ထား သူဖြစ်သလို လတ်တလောမှာ တတိယမြောက် တစ်ကိုယ်တော် Playboy ဆိုပြီး ထွက်ရှိထားတဲ့ အေသင်ချိုဆွေကို ပရိသတ်စိတ်ဝင်စားနေတဲ့ သူမရဲ့ချစ်သူ pepsi နဲ့ ဘယ်တော့ အိမ်ထောင်ပြု ဖြစ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ 
“အေသင် အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်။ အေသင်တို့ နှစ်ယောက်လုံးက ငယ်ပါသေးတယ်။ ဒါကြောင့် အေသင် အခုချိန်မှာတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားသေးပါဘူး။ အေသင်ရဲ့ ချစ်သူ pepsi ကလည်း အမေရိကကို ပြန်ရဦးမှာလေ။ အေသင်တို့ နှစ်ယောက်လုံးက မရင့်ကျက်သေးဘူး ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်မှာ ညှိလို့မရတဲ့ အပိုင်းတွေက အများကြီးပဲ။ ရန်ကလည်း ခဏခဏ ဖြစ်တယ်။ ပြီးရင်လည်း ပြန်တည့်သွားတာပေါ့။ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ပဲ ဖြစ်နေတော့တာပါပဲ။ အေသင်တို့ နှစ်ယောက်လုံးက စရိုက်လုံးဝမတူကြဘူး။ အဲဒီလို စရိုက်မတူသူတွေ ဆိုတော့ အရမ်းလည်း ညှိနှိုင်းရပါတယ်။ သူနဲ့ ကိုယ်ကြားမှာလည်း မတူညီတဲ့ အချက်တွေက အရမ်းများတဲ့ အတွက် တစ်ခါ တစ်လေ အရမ်းစိတ်ညစ်ရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ တူတာ တစ်ခုကတော့ တစ်ယောက်နဲ့ တစ် ယောက် တကယ်ချစ်ကြတယ် ဆိုတာပါပဲ။ အဲဒီအချက်လေးက တူနေတဲ့အတွက် အခုချိန်ထိ တစ်ယောက် ကို တစ်ယောက်လက်တွဲ ဖြစ်နေတာပါ။ အချစ်ဆိုတာကို အေသင် နားလည်ထားတာကတော့ တကယ် တည်ငြိမ်ရင့်ကျက်တဲ့သူ နှစ်ယောက်ချစ်ကြရင် ပိုပြီး ခိုင်မြဲလိမ့်မယ်လို့ ထင်ပါတယ်” လို့ သူမက ဖွင့်ဟ သွားပါတယ်။

Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဧရာမ တိရိစ္ဆာန်များ....................



Posted by: Ko Myo on Wednesday, June 25, 2014 Categories:







































ref;xcitefun
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com) Rate this posting:

မန်မာပြည်မှာ မိုဘိုင်းဘဏ်စနစ် သုံးနိုင်တော့မည်ဟု ဗဟိုဘဏ်ပြောကြား.............

25 June 2014 17:54(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က)

 မြန်မာနိုင်ငံမှာ မိုင်ဘိုင်းဘဏ်စနစ်နဲ့ အီလက်ထရောနစ် ငွေကြေးစနစ်ကို တချိန်ကျရင် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီကနေ့ လွှတ်တော်မှာ လာရောက် ရှင်းလင်းပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဗဟိုဘဏ်ဒုဥက္ကဌ ဦးဆက်အောင်က နိုင်ငံခြားဘဏ်ခွဲတွေ ဖွင့်ခွင့်ပေးမယ့် ကိစ္စနဲ့ ပြည်တွင်း ဘဏ်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ့် အစီအစဉ်တွေ ရှင်းလင်းပြောဆိုခဲ့ ပါတယ်။
ဒီလိုပြောဆိုသွားရာမှာ နောက်ပိုင်းကျရင် စားသုံးသူတွေက ငွေကို အထပ်လိုပ် ကိုင်စရာ မလိုဘဲ မိုင်ဘိုင်းဘဏ်စနစ်၊ အီလက်ထရောနစ်ငွေကြေးစနစ်တွေကို လုပ်ဆောင်မှာဖြစ်လို့ တက္ကစီ အငှားမော်တော် ယာဉ်စီးတဲ့အခါမှာဖြစ်စေ လက်လီဝယ်ယူစားသုံးတဲ့အခါမှာဖြစ်စေ အဲဒီ့ စနစ်တွေနဲ့ အသုံးပြုသွားနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် မြန်မာဘဏ်တွေရဲ့ ပကတိအခြေအနေအရ ဒီစနစ်တွေကို အသုံးပြုနိုင်ဖို့က များစွာအလှမ်း ဝေးနေသေးတယ်လို့ ကမ္ဘောဇဘဏ် ဒုတိယဥကဌ ဦးသန်းလွင်က ဒီဗွီဘီကို အခုလိုပြောပါတယ်။
“သူ့အိပ်မက်ပေါ့။ သူ့အိပ်မက်ကတော့ ကမ္ဘာကြီး ပြောင်းသွားပြီလို့ မက်တယ်။ ဒါပေမယ့် အဲဒါက မြန်မာပြည်အတွက် စောလွန်းတယ်လေ။ မြန်မာတွေက ငွေသား ကိုင်ဆောင်သုံးစွဲတယ် အရသာ တွေ့နေတာဗျ။ ဘယ်လိုမှ မလွယ်ဘူး။ အဲဒါက အနောက်နိုင်ငံမှာဆိုရင်တော့ ဟုတ်တာပေါ့။ ”

မိုဘိုင်းဘဏ်စနစ်ကို အသုံးပြုနိုင်ဖို့ဆိုရင် မိုဘိုင်းဆက်သွယ်ရေးစနစ်တွေ ကောင်းမွန်ဖို့လိုတဲ့ အပြင် လိုအပ်တဲ့ နည်းပညာဆိုင်ရာဥပဒေတွေလည်း ထွက်ရှိဖို့ ကျန်ရှိနေသေးတဲ့အကြောင်း သူက အခုလို ဆက်လက်ပြောပါတယ်။
“ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေ လုပ်နိုင်စွမ်းတွေ မရှိသေးဘူး။ အဲဒါတွေ ခိုင်မာပြီဆိုမှ ခုနပြောတဲ့ မိုဘိုင်း ဘဏ်စနစ် ကောင်းတာပေါ့။ လောလောဆယ် စနစ်တွေကလည်း အမျိုးမျိုး ဖြစ်နေတယ်။ စီဒီအန်အေတို့ ဒဗလျူစီဒီအန်အေတို့ ဂျီအက်စ်အမ်တို့ မှိုလို ပွနေတာပဲ။ တခုနဲ့တခု ချိတ်ဆက်ဖို့ သိပ်ခက်တယ်။ နောက် ဥပဒေလည်း လုပ်ရမယ် ဥပဒေလည်း မရှိသေးဘူး။ ဥပဒေပိုင်းကလည်း အများကြီး နောက်ကျနေပြီ။ အဲဒီလို စိတ်ကူးယဉ်ဖို့တော့ မကောင်းဘူးလေ။ အကုန်လုံးက လုပ်စရာတွေက အများကြီး တော်တော်လေး နောက်ကျနေတယ်။”

အလားတူ သမ၀ါယမဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်ကလည်း ပြည်တွင်းမှာ အီလက်ထရောနစ်ငွေကြေးစနစ် ပေါ်ပေါက်လာရင်တောင် သမရိုးကျအသုံးပြုနေတဲ့ ငွေသား ကိုင်ဆောင်မှုစနစ်ကတော့ ပျောက်ကွယ်သွားဖို့က မရှိနိုင်သေးဘူးလို့ အခုလို သုံးသပ်ပြောပါတယ်။

“ငွေသားသုံးစွဲမှုစနစ် ယဉ်ကျေးမှုကတော့ ရှိနေဦးမယ်လေ။ ဂျပန်မှာလည်း ရှိတယ်။ ကိုရီးယားမှာလည်း တော်တော်များများက ငွေသား သုံးတုန်းပဲ။ တော်တော်များများမှာ သုံးတုန်းပဲ။ ဒါပေမယ့် ဘဏ်မှာ အထုတ်ကြီးတွေကတော့ ပျောက်ရင် ပျောက်သွားနိုင်မယ်။ နေ့စဉ်သုံးတဲ့ အသေးအဖွဲ့လေးကတော့ ရှိနေဦးမယ်။ ဥပမာ – လက်ဖက်ရည်သွးသောက်တာတို့ ဘာတို့ပေါ့။”

မိုဘိုင်းဘဏ်စနစ်ကို အသုံးပြုဖို့အတွက် သမ၀ါယမဘဏ် အပါအ၀င် ဘဏ်တချို့က နိုင်ငံတော် ဗဟိုဘဏ်ထံ အဆိုတင်သွင်းထားရှိပြီးဖြစ်ပေမယ့် လက်တွေ့မှာ အသုံးချနိုင်တဲ့အဆင့်တော့ မရောက်သေးပါဘူး။

By သိုက်ဇင် (ဒီဗွီဘီ)

ပည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဗဟိုဘဏ်ဒုဥက္ကဌ ဦးဆက်အောင် ဖြေကြားနေစဉ်

ထိုင်း ရောက် မြန်မာ အလုပ်သမား တွေနဲ့ မိုဘိုင်းဖုန်း လူမှု ကွန်ရက် သုံးစွဲမှု............


Bookmark and Share [ ]

ထိုင်း စစ်တပ်က အာဏာ သိမ်းပြီးတဲ့ ကာလမှာ ထိုင်းနိုင်ငံမှာ ရှိတဲ့ တရားမဝင် အလုပ်သမား တွေကို ဖမ်းဆီး
နေရပ်ပြန်ပို့နေတာကတော့ နေ့စဉ်လိုလို ပါ။ အနယ်နယ် အရပ်ရပ်က တရား မဝင်အလုပ်သမားတွေရှိရာ နေ
ရာတွေမှာ ရှောင်တခွင် ဝင်ရောက် စစ်ဆေးတာတွေနဲ့ အဖမ်းအဆီး တွေကလည်း ဆက်တိုက် ဆိုသလို ရှိနေ
တာပါဘဲ။


ဒါတွေကို မြန်မာအလုပ်သမားတွေကတော့ မြန်မာချင်း စည်းလုံးညီညွတ်စွာနဲ့ မိုဘိုင်းဖုန်းကို အသုံးပြုပြီးအင်
တာနက် အွန်လိုင်း ဖေ့စ်ဘုတ် Line ( လိုင်း ) စတဲ့ လူမှုကွန်ရက်တွေ ကနေ တယောက်ကို တယောက် သ
တင်းပေးကာ ရှောင်ရှားနေ နိုင်ကြတယ်လို့ သိရပါတယ်။ ဒါတွေက ဒီအချိန်မှာ သူတို့အတွက် မရှိမဖြစ်အသုံး
ဝင်လာတာ ဖြစ်ပါတယ်။

“ ဒီအချိန်မှာ ကျတော်တို့ မစည်းရုံးရင် ဘယ်ဖြစ်မလဲ။ ဘယ်မှာ ဘာရှိတယ်။ ဘယ်နေရာ မှာ ရဲဝင်တယ်။ အဲ
လိုမျိုး တယောက်နဲ့ တယောက် သိနေ ရမယ်လေ။ ဒီနေ့ မလာကြနဲ့ ရဲဝင်နေတယ်။ သိတဲ့ တယောက် က
ပြောလာရင် ကျတော်တို့ မသွား တော့ဘူး။ အဲလိုမှ မလုပ်ဘူး၊ မပြော ကြဘူး ဆိုရင် သွားပြီပေါ့။ အားလုံး
ထောင်ထဲ ရောက်ကုန်မှာ" ဆိုပြီး မြန်မာ အလုပ်သမား ခေါင်းဆောင် တဦးက ဧရာဝတီကို ရှင်းပြပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအများစုမှာ လက်ကိုင်ဖုန်း၊ အိတ်ဆောင် လက်တော့ ကွန်ပြူတာတွေ
နဲ့ အသားကြနေပြီသား ဖြစ်ကြပါတယ်။


အခုလို အဖမ်းအဆီးများတဲ့ ကာလမှာ အဓိက နေ့စဉ်ကြုံတွေ့နေတဲ့ ပြဿနာကတော့ သွားရေး လာရေး ပဲ ဖြစ်
ပါတယ်။ တရားဝင် အလုပ်သမား လက်မှတ် ရှိသည်ဖြစ်စေ အလုပ်လုပ်ရမယ့် နေရာက သတ်မှတ် ထားတဲ့
နေရာမှာသာ လုပ်ကိုင်ခွင့် ရှိတာပါ။


အဲလိုမျိုး အလုပ်တွေကလည်း များသောအားဖြင့် အိမ်ဖော်အလုပ်နဲ့ ခြံအလုပ်တွေပဲ ဖြစ်ပါတယ်။ အဲဒီ မှာ နေ၊
အဲဒီမှာ စား ဆိုတဲ့သဘောပေါ့။

ဒါပေမယ့် မြန်မာအလုပ်သမားတွေကတော့ ဝင်ငွေပိုရတဲ့ အပြင်က ဆောက်လုပ်ရေး လုပ်ငန်းအပြင် တခြား
နေ့စားအလုပ်မျိုးတွေ လုပ်ကြ တာပါ။ ဒီလို လုပ်ကြတဲ့အခါလည်း သူတို့ရဲ့ လုံခြုံရေးကို အင်တာနက်၊ လူမှု ကွန်ရက်တွေနဲ့ သတင်းမေးပြီး မှ  သွားသင့် မသွား သင့်ကို ဆုံးဖြတ်ကြတယ်။


ထိုင်း ရောက် မြန်မာအလုပ်သမားတွေကတော့ အင်တာနက် လူမှုကွန်ရက်တွေ၊ မိုဘိုင်းဖုန်းတွေနဲ့ လက်
ကိုင် ကွန်ပျူတာတွေကို အကျိုး ရှိရှိ သုံးရင်း မလိုလားအပ်တဲ့ ဖမ်းဆီးခံရမယ့် ဘဝတွေ ကိုကျော်လွှားနေနိုင်
တာကတော့ လက်တွေ့ပါ။

ငြိမ်းဇော် ~

The Irrawaddy's Blog by အိမ့်သံစဉ်

INVITE ဖြစ်နေသော သူများအတွက် VIBER မှာ မဖြစ်ရအောင်..................


image
ပထမဆုံး viber ဖွင့်လိုက်ပါ
အောက်ဆုံးက messade ပုံနဲ့(+) အပေါင်းကိုနှိပ်လိုက်ပါ
အပေါ်ကပုံလည်းကြည့်နိုင်ပါတယ်
image
ဒုတိယ ထွက်လာတာသောပုံမှာ အပေါ်ဆုံးက
search box ထဲမှာ မိမိပြောချင်သော phone
no ရေးရပါမယ် အောက်ကမှာ Add phone no
နှိပ်ပေးပါ internet တော့ ဖွင့်ထားရမယ်နော်
ဥပမာ။  ။09256027722 ကို contact ထဲ ထည့်
မထားပါနဲ့ search box ထဲမှာ 09256027722
ထည့်လိုက်ပါ အောက်မှ ပေါ်လာပါလိမ့်မယ့်
Add +959256027722 နှိပ်လိုက်ပါ ဒါဆို
invite မဖြစ်တော့ပါဘူး
မိတ်ဆွေတို့ခင်ဗျာ
www.kaungkalayprogram.blogspot.com
knowledge3
အဆင်ပြေပါစေ လေ့လာသူ

♪ ဖောက်ထွင်းခဲ့သည့် အိမ်ရှိ ကွန်ပျူတာတွင် Facebook သုံးခဲ့သော ဖောက်ထွင်းရေးသမား ဖမ်းဆီးခံရ ♫ ............

မင်နက်ဆိုတာပြည်နယ်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း ဖောက်ထွင်း ခဲ့သည့် အိမ်တွင် Facebook အသုံးပြုပြီး log out မလုပ်ခဲ့သောကြောင့် ရဲအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။ နီကိုလပ်စ်ဝစ်ခ်ျ ဟုခေါ်သည့် ဖောက်ထွင်းရေးသမားသည် ဇွန်လ ၁၉ ရက်က စိန့်ပေါလ်တောင် ဘက်ရှိ နေအိမ်တစ်အိမ်တွင် ဖောက်ထွင်းမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး ၎င်းနေအိမ်ရှိ ကွန်ပျူတာတွင် Facebook အသုံးပြုခဲ့ကြောင်း၊ သို့သော်လည်း log out ပြုလုပ်ရန် မေ့လျော့သွားခဲ့ကြောင်း အာဏာပိုင်များ က ပြောကြားခဲ့သည်။ ထို့နောက်တွင် အိမ်ပိုင်ရှင် ဂျိမ်းစ်ဝုဒ်က ၎င်း၏အိမ် ဖောက်ထွင်းခံရကြောင်းကို သတိပြု မိပြီး နေအိမ်မှ ငွေသားများအပြင် အကြွေးဝယ်ကတ်များနှင့် နာရီတစ်လုံး ပျောက်ဆုံးခဲ့ကာ ဂျင်းဘောင်းဘီ တစ်စုံ၊ ခါးပတ်တစ်ခုနှင့် Nike တင်းနစ်ဖိနပ်အချို့ကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းအပြင် ကွန်ပျူတာ၌ Facebook page တစ်ခု ဖွင့်ထားသည်ကို သတိပြုမိပြီးနောက် ရဲများထံ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


မစ္စတာဝုဒ်က ဝစ်ခ်ျသည် သူခိုးတစ်ယောက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ၎င်း၏ ဖုန်းနံပါတ် ကို ဝေမျှကာ အချက်အလက်များကို တောင်းဆိုခဲ့သည်။ ညနေပိုင်းတွင် မစ္စတာဝုဒ်သည် ဝစ်ခ်ျထံမှ message တစ်စောင်ကိုရရှိခဲ့ပြီး အိမ်တွင် ကျန်ခဲ့သည့် ပစ္စည်းများကို ပြန်ပေးရန် အတွက် ချိန်းဆိုခဲ့ကာ ဖောက် ထွင်းရေးသမားက ကျန်ခဲ့သည့် ပစ္စည်းများကို ပြန်လာယူချိန်တွင် ၉၁၁ ကို ဖုန်းဆက်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ရဲများက ဝစ်ခ်ျကို ဖမ်းဆီးချိန်တွင် ၎င်းသည် မိမိ၏ နာရီကို ဝတ်ဆင်ထားကြောင်းနှင့် အဆိုပါ ဖောက်ထွင်းရေးသမားသည် ကမ္ဘာပေါ်တွင် အတုံးဆုံး ဒုစရိုက်သမား ဖြစ်ကြောင်း မစ္စတာဝုဒ်က ပြောကြားခဲ့သည်။     ဝစ်ခ်ျသည် အဆိုပါ ဖောက်ထွင်းမှုကြောင့် ထောင်ဒဏ် ၁၀ နှစ်အပြင် ဒဏ်ကြေး ဒေါ်လာ ၂၀,၀၀၀ ပြစ်ဒဏ်ချမှတ်ခံရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။

Ref: DailyMail
Internet Journal

အဓမ္မပြုကျင့်မှု ရပ်တန့်ရေး ချင်း အမျိုးသမီး ၁၃၀ ကျော် ဆန္ဒထုတ်ဖော် .............

နန်းဆိုင်နွမ်

အစိုးရ စစ်သားများက အမျိုးသမီးများအား အဓမ္မပြုကျင့်မှုများ ရပ်တန့်ရန် ရည်ရွယ်ပြီး ချင်းပြည်နယ် မတူပီမြို့၌ ချင်းအမျိုးသမီး ၁၃၀ ကျော်သည် ယမန်နေ့က ပထမဆုံးအကြိမ် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရသည်။

“ပထမအကြိမ် တင်တုန်းက မတူပီ ရဲစခန်းက ခွင့်မပြုပြီး။ နောက်တခါ ပြန်တင်တော့မှ ခွင့်ပြုတယ်။ တင်ထားတဲ့ လမ်းအတိုင်း တော့ လမ်းမလျှောက်ပါနဲ့။ လမ်းပိတ်မှာ စိုးလို့ ပြောပါတယ်။ ဒါပေမယ့် ကျမတို့ကတော့ တင်ထားတဲ့ လမ်းအတိုင်းပဲ လျှောက်ပါတယ်။ အမျိုးသမီးတွေ နစ်နာနေတာတွေကို ဆန္ဒထုတ်ဖော်တာပါ”ဟု ဆန္ဒ ထုတ်ဖော်ရာတွင် ပါဝင်သည့် ချင်းအမျိုးသမီး အဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်အယ်လီက ဧရာဝတီကို ပြောသည်။

မတူပီမြို့နယ် ရေဇွာမြို့နယ်ခွဲတွင် ဇွန် ၁၀ ရက်က အစိုးရ ခြေလျင် တပ်ရင်း(ခလရ) ၂၆၉ မှ တပ်သား မျိုးသူရကျော်က ဒေသခံ အမျိုးသမီး တဦးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့မှုတခု ဖြစ်ပွားခဲ့သေးကြောင်းလည်း သိရသည်။

ဒေါ်အယ်လီက“မတူပီမြို့နယ် အတွင်းမှာ တပ်မတော်သားတွေ ဒေသခံ အမျိုးသမီးကို အဓမ္မ္မကျင့်တာ ၆ ဦး ရှိပြီ။ နောက်ဆုံး ဖြစ် သွားတာ ဇွန် ၁၀ ရက်က ဖြစ်သွားတဲ့ ကိစ္စမှာတော့ တပ်သားကို ရဲစခန်းက ဖမ်းထားတယ်။ ဒါပေမယ့် ဘယ်လို ဆက်လုပ်လည်း ဆိုတာ ကျမတို့ မသိရပါဘူး”ဟု ပြောပြသည်။

မတူပီမြို့နယ်တွင် ကလေးသူငယ်များနှင့် အမျိုးသမီးများ အခွင့်အရေးကို ချိုးဖောက်ခံနေရသဖြင့် ဆန္ဒထုတ်ဖော် လမ်းလျှောက်ခဲ့ပြီး ဒေသခံ ပြည်သူများကို အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်၍ ပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟုလည်း ၎င်းက ပြော ဆိုသည်။

ချင်းပြည်နယ်ရှိ အမျိုးသမီး အများစုသည့် အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို သိရှိနားလည်မှု မရှိ ကြောင်း၊ ပညာရေးပိုင်းတွင်လည်း အလွန်နိမ့်ကျ နေကြောင်း၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ပညာပေးမှုများကို ပိုမိုမြှင့်တင် ပေး ရန် လိုအပ်နေကြောင်း သိရသည်။

၂၀၁၀ ပြည့်နစ် နောက်ပိုင်းမှစပြီး အစိုးရ စစ်တပ်များသည် ချင်းပြည်နယ် အတွင်းသို့ တပ်စခန်းများ လာရောက် နေရာချသဖြင့် ဒေသခံ အမျိုးသမီးများ၏ လုံခြုံမှုမှာ စိုးရိမ်မှုများ ရှိလာကြောင်း၊ လယ်ယာမြေများသို့ သွားရောက် လုပ်ကိုင်ရန် အတွက် ကြောက်ရွံ့စိုးရိမ်မှုများရှိလာကြောင်း ဒေသခံ အမျိုးသမီးများက ပြောသည်။


မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ်(CEDAW) တွင် လက်မှတ် ရေးထိုးထားသော်လည်း အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်မှုများသည် ထိရောက်မှု မရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုလျက် ရှိသည်။

ယခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အစီရင်ခံစာ၌ ၂၀၁၀ ရွေးကောက်ပွဲ ကာလ နောက်ပိုင်း ပြုပြင်ပြောင်းလဲ နေချိန်တွင် မြန်မာ့တပ်မတော်၏ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရသော အမျိုးသမီး အမှုပေါင်း ၁၀ဝ ရှိကြောင်း၊ တိုင်းရင်းသား ဒေသ အတွင်းရှိ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ဗျူဟာ တခု ကဲ့သို့ အသုံးပြုနေမှုကို ရပ်တန့်စေလိုကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံ အတွင်း စစ်ဖြစ်ပွားရာ ဒေသများနှင့် ဆက်စပ် ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စုံစမ်း စစ်ဆေး အရေးယူပေးရန် မြန်မာ အစိုးရကို တောင်းဆိုခဲ့သည်။