This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, October 27, 2013

တစ်ခါသုံး ..................




လျှော်ပီးပြန်သုံးရတဲ့

လက်ကိုင်ပုဝါတွေအစား

တစ်ခါသုံးတစ်သျူးကို

လူတွေကမက်မောကြသတဲ့ --


ဟင်းဝယ်ရင်သုံးတဲ့

Steel ပစ္စည်းတွေထက်

တစ်ခါသုံးဖော့ဘူးက

ပိုအသုံးကျသတဲ့ -------:/


ဒီလိုနဲ့ပဲ

အချိန်ကြာကြာချစ်တက်တဲ့

နှလုံးသားတွေ

ဘေးထွက်နေရပီး

တစ်ခါသုံးနှလုံးသားတွေ

လူငယ်တွေကြား

ခေတ်စားလာတယ် ---


တစ်ခါသုံးနှလုံးသားတွေ

မင်းမူကြချိန်

သစ္စာရှိတဲ့ နှလုံးသားတွေ

လက်ညှိုးထိုးဟားတိုက်

ခံရတယ် -----


ထားပါတော့လေ

မပြောတော့ပါဘူးး

ဒါ တစ်ခါသုံးတွေ

တစ်ခေတ်ထတဲ့ချိန်ကိုးးး ----:/



စိမ့်စိမ့် ( တောင်ကြီး) http://www.zwmnna.com/2013/10/blog-post_2188.html

မလေးရှားတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် မြန်မာအမျိုးသမီးကို ရန်ကုန်ပြန်ခေါ်ရန် စီစဉ် .....................

မလေးရှားတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် မြန်မာအမျိုးသမီးကို ရန်ကုန်ပြန်ခေါ်ရန် စီစဉ်


မလေး ရှားနိုင်ငံတွင်ဒဏ်ရာအပြင်း အထန်ရရှိထားသည့် အမျိုးသမီးကို မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ် ဆောင် သွားမည်ဖြစ်ကြောင်း သီတဂူအထောက် အကူပြုအဖွဲ့ မှ တာဝန်ရှိသူ က ပြောသည်။ မလေးရှား၌ အောက်တိုဘာ ၁၈ရက်ကတိုက်ခိုက်ခံရပြီး ဒဏ် ရာရ ကာ ဆေးရုံတက်နေရသော မြန်မာအမျိုးသမီးကို သီတဂူအ ထောက် အကူပြုအဖွဲ့မှ လေယာဉ် စီးနိုင်သည့် အနေအထားရပါက မြန်မာ နိုင်ငံသို့ ပြန်ခေါ်လာပေး မည်ဖြစ်ကြောင်း သိရသည်။ ---

Saturday, October 26, 2013

ရန်ကုန် ၊ အောက်တိုဘာ ၂၅။ ။ မလေး ရှားနိုင်ငံတွင်ဒဏ်ရာအပြင်း အထန်ရရှိထားသည့် အမျိုးသမီးကို မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ် ဆောင် သွားမည်ဖြစ်ကြောင်း သီတဂူအထောက် အကူပြုအဖွဲ့ မှ တာဝန်ရှိသူ က ပြောသည်။

မလေးရှား၌ အောက်တိုဘာ ၁၈ရက်ကတိုက်ခိုက်ခံရပြီး ဒဏ် ရာရ ကာ ဆေးရုံတက်နေရသော မြန်မာအမျိုးသမီးကို သီတဂူအ ထောက် အကူပြုအဖွဲ့မှ လေယာဉ် စီးနိုင်သည့် အနေအထားရပါက မြန်မာ နိုင်ငံသို့ ပြန်ခေါ်လာပေး မည်ဖြစ်ကြောင်း သိရသည်။

ယင်းအမျိုးသမီးအမည်မှာ မဝေမာလင်းဖြစ်ပြီး အောက်တို ဘာ၁၈ရက်က ၎င်း၏အမျိုးသား နှင့်အတူ အလုပ်မှ ပြန်လာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး မလေး ရှားနိုင်ငံရှိ အမ်းဘန်းမြို့ဆေးရုံ ၌ ဆေးကုသခံနေရသည်။
အဆိုပါအမျိုးသမီးနှင့်ပတ် သက်၍ သီတဂူအထောက်အကူ ပြုအဖွဲ့မှ ဦးအောင်မြင့်က ''အခု ပြန်လာတဲ့သူတွေကို သွားကြိုရင်း ဓားခုတ်ခံရ တဲ့ ကောင်မလေးတက် နေတဲ့ ဆေးရုံကို သွားကြည့်ဖြစ် တယ်။ ယောက်ျားဖြစ် သူကပြန် လာဖို့ အခက်အခဲရှိတယ်လို့ပြော တယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန် တော်တို့ဘက်က လေယာဉ်စီးလို့ ရမယ့်အနေအထား ရတာနဲ့ မြန်မာ နိုင်ငံ ပြန်ခေါ်လာလို့ရအောင် ကူ ညီပေးမှာဖြစ် တယ်''ဟု ပြောသည်။

ယင်းကဆက်လက်၍ အ ဆိုပါအမျိုးသမီး၏ အခြေအနေ စိုးရိမ်ရဖွယ် ရှိကြောင်း၊ ပြင်းထန် စွာ တိုက်ခိုက်ခံရသည့်အတွက် လက်နှစ်ဖက်နှင့် ဦးခေါင်းမှာ ဓား ဒဏ်ရာရရှိပြီး လက်တစ်ဖက် မှာ ပြန်ဆက်၍ ရကြောင်း၊ ဆေးဝါး ကုသရန်လိုအပ်နေပြီး လေယာဉ် စီးနိုင်သည့် အနေအထားကို ရောက် ရှိပါက မြန်မာနိုင်ငံတွင် ပြန်လည် ကုသနိုင်ရန် ကူညီမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

သီတဂူအထောက်အကူပြု အဖွဲ့မှ ဦးပီဂျေစန်းမောင်က ''ဆရာ တော်က မလေးရှားမှာ ဒုက္ခရောက် နေသူတွေကို ကူညီပေးချင်နေ တာဖြစ်တယ်။ အခုလဲ မလေးက ကမ့်ထဲမှာရှိတဲ့ မြန်မာတွေထဲက ပြန်လာချင်တဲ့သူတွေ မလေးရှား လူဝင်မှုကြီးကြပ်ရေးကို ပေးဆောင် ရမှာတွေကို ရရှိထားတဲ့အလှူငွေ တွေထဲကနေ ဆက်လက်ကူညီ ပေးဖို့ရှိပါတယ်'' ဟုပြောသည်။

မဝေမာလင်းမှာ ပါးနှစ်ဖက် တွင် ဓားဒဏ်ရာရရှိသောကြောင့် မေးရိုး အစားထိုးရမည်ဖြစ်ပြီး ဆေး ကုသစရိတ် ရင်းဂစ် ၄ဝဝဝခန့် ကုန် ကျရန် အလှူငွေလိုအပ်နေပြီး ဓားဖြင့်ခုတ်ရန်စေခိုင်းသူ အမျိုး သမီးနှင့် ဓားဖြင့်ခုတ်သူ သုံးဦးကို မလေးရှားနိုင်ငံ အမ်းဘန်းမြို့ရဲ တပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း မလေးရှားရောက်မြန်မာများ၏ ပြောပြချက်အရ သိရသည်။

စိုင်းဟန် - Yangon Media Group

Thit Htoo Lwin - News




ဇွန်လ ၃ ရက်နေ့ နံနက် က  ရိုက်နှက် သတ်ဖြတ်ခံရတဲ့ မလေးရှားရောက် မြန်မာအလုပ်သမား တဦးအား တွေ့ ရစဉ်

အမျိုးသမီး နဲ့ စစ်ရေး

Saturday, October 26, 2013



တပ်မတော်သား ဆိုရင် အမျိုးသားတွေကိုပဲ ပြေးမြင်ကြပါလိမ့်မယ်။
အမျိုးသမီးတွေကရော တပ်မတော်မှာ တာဝန် မထမ်းဆောင်နိုင်ဘူးလား။ 
 


တရုတ်ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းတွေလို့ ယူဆရတဲ့ပုံတွေကို အင်တာနက်သုံးသူတချို့ကြားမှာ ဖြန့်နေပါတယ်။

စစ်သင်တန်းကျောင်းမှာ အမျိုးသမီးတွေ လေ့ကျင့်နေပုံ၊ ဘောလုံးကန်နေပုံတွေပါ။

တချို့ကလည်း ဒါဟာ တကယ့် လေ့ကျင့်ရေးကျောင်း မှတ်တမ်းဓာတ်ပုံတွေလို့ ယူဆကောင်း ယူဆပါလိမ့်မယ်။

တရုတ်ပြည်က စစ်သင်တန်းကျောင်းမှာ အမျိုးသမီးတွေ ဒီလိုပဲ ဆက်ဆီကျကျ ဖက်ရှင်ပြသလား ဆိုတာတော့ သေချာ မသိရပါဘူး။

ကျားဖြစ်ဖြစ် မ ဖြစ်ဖြစ် ဆွဲဆောင်မှုကိုယ်စီ ရှိကြပါတယ်။

စစ်သင်တန်းတွေမှာ အမျိုးသမီးများ လေ့ကျင့်နေတဲ့ပုံရိပ်တွေက တွေ့ရတာ ကြုံတောင့်ကြုံခဲဖြစ်တယ် ဆိုတဲ့ အချက်ကြောင့်လည်း  ဒီပုံတွေက ပိုပြီး ဆွဲဆောင်မှု ရှိနေပါတယ်။

တိုက်ဆိုင်တယ်လို့ ဆိုနိုင်တဲ့ အချက်က ...မြန်မာပြည်မှာ အမျိုးသမီးတွေ ဗိုလ်သင်တန်းလျှောက်နိုင်ခွင့်သတင်း ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာ ဒီပုံတွေ တက်လာတာပါ။

ဗိုလ်သင်တန်းသတန်းကို ဧရာဝတီမှာ ဖော်ပြခဲ့ပြီးပါပြီ။
အမျိုးသမီး ဗိုလ်လောင်း ၁၀၀ ခန့် ခေါ်ယူမည်ဟု စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ပြော http://burma.irrawaddy.org/news/2013/10/17/49671.html ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ဒီလလယ်ပိုင်းမှာ ထွက်ခဲ့တဲ့ ဒီသတင်းကို နိုင်ငံတကာ မီဒီယာတချို့မှာလည်း ရေးသား ဖော်ပြခဲ့ကြပါတယ်။

ဆက်စပ် ဖတ်သင့်တာကတော့ SSA နဲ့ အမျိုးသမီးစစ်သား  http://blog.irrawaddy.org/2013/02/ssa_22.html ဖြစ်ပါတယ်။ အမျိုးသမီးစစ်သည်တွေအကြောင်း စပ်မိလို့ ဆက်ရေးရရင် ... ကနေဒါ၊ ပြင်သစ်၊ အစ္စရေး၊ ဆွီဒင် တို့က သူတို့ရဲ့ အမျိုးသမီး စစ်သည်တွေကို ရှေ့တန်း လွှတ်ပါတယ်။ အမေရိကန်မှာ ဒီလို လွှတ်ဖို့ ပိတ်ပင်ခဲ့ပေမယ့် ဒီနှစ်ဆန်းပိုင်းမှာ ရှေ့တန်းမှာ တာဝန်ထမ်းခွင့်ပြုလိုက်ပါတယ်။ အင်္ဂလန်ကတော့ စစ်မြေပြင်ကို အမျိုးသမီးစစ်သည်တွေ တာဝန်သွားယူရေး ခွင့်မပြုသေးပါ။ လွှတ်ရေး မလွှတ်ရေးက အငြင်းပွားစရာပါ။

မြန်မာပြည်မှာတော့ အခုမှ သင်တန်း ခေါ်ဆဲဖြစ်တာကြောင့် သူတို့ကို ရှေ့တန်း လွှတ်ရေး မလွှတ်ရေးက ပြဋ္ဌာန်းဖို့၊ အလေးအနက် ငြင်းခုံဖို့ စောနေဦးမယ် ထင်ပါတယ်။

သူတို့ ဗိုလ်သင်တန်းဆင်းချိန်ရောက်ရင် သေနတ်သံ ဘာသံ ညာသံ ဆူညံနေသေးတဲ့ မြန်မာပြည် အခြေအနေ ဘယ်လိုဖြစ်မလဲ။ ဒီထက် ပိုငြိမ်းချမ်းသွားဖွယ် ရှိပါတယ်၊ ဒါမှမဟုတ် အဲဒါရဲ့ ပြောင်းပြန်လည်း ဖြစ်နိုင်ပါတယ်။
သင်တန်းဆင်းချိန်ရောက်ရင်တော့ သူတို့ရဲ့ တာဝန်ပိုင်းနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှု သေချာပေါက် ရှိလာမယ်လို့ ယူဆပါတယ်။

.






 ဆက်စပ်

 SSA နဲ့ အမျိုးသမီးစစ်သား 
http://blog.irrawaddy.org/2013/02/ssa_22.html


ကမ္ဘာ့အကြီးဆုံး လေယာဉ်တင် သင်္ဘောကြီး ......................


အမေရိကန်ရေတပ်တွင် လက်ရှိ အသုံးပြုနေသော လေယာဉ်တင် သင်္ဘောကြီးသည် အလျားပေ ၁၀၉၂ ရှိပြီး တန်ချိန်ပေါင်း ၁၀၀၀၀၀ တင်ဆောင်နိုင်သည့် ကမ္ဘာ့အကြီးဆုံး လေယာဉ်တင် သင်္ဘောကြီး ဖြစ်ကြောင်း သိရသည်။ သင်္ဘောပေါ်တွင် အမှုထမ်းပေါင်း ၅၀၀၀ ခန့်ပါရှိပြီး တိုက်လေယာဉ် ၈၅ စင်းမှ ၉၀ အထိ တင်ဆောင်နိုင်ပြီး ဒုံးကျည်ကာကွယ်ရေး စနစ်ပါ လေယာဉ်တင် သင်္ဘောလည်း ဖြစ်သည်။ ယင်းအဏုမြူစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီးကို အသုံးပြုနေသည်မှာ နှစ် ၂၀ ကျော်ပြီ ဖြစ်သော်လည်း ယခုအချိန်ထိ လောင်စာဖြည့်တင်းရန် မလိုအပ်သေးကြောင်းလည်း သိရသည်။ ၎င်းလေယာဉ်တင် သင်္ဘောကြီးကို စတင်အသုံးပြုချိန်တွင် ဆေးခြောက် သုံးစွဲခဲ့သော အမှုထမ်း အခိျု့ကြောင့် ကုန်းပတ်ပေါ်တွင် လေယာဉ်ပျက်ခဲ့ဖူးကြောင်းလည်း သိရသည်။
ref:ပြည်မြန်မာ

သီလဝါ စီမံကိန်း အတွင်းက ဒေသခံတွေကို လျော်ကြေး မပေးဘဲ သိမ်းယူ မှုတွေ စတင်နေ ............










သီလဝါအထူးစီးပွားရေးဇုန်ဧရိယာအတွင်းက ကျေးရွာနဲ့ လယ်ယာမြေတွေနဲ့ပတ်သက်ပြီး အစိုးရက
လျော်ကြေးပေးတာမလုပ်ဘဲ မြေယာသိမ်းယူမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံပြည်
သူတွေက အောက်တိုဘာ ၂၆ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ http://www.youtube.com/watch?v=81uYBK3qJUM#action=share



by ကမာရွတ် မီဒီယာ