This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, November 8, 2012

CyberCafe Management Software နှစ်ခုတင်ပေးလိုက်ပါတယ်။



CyberCafe Management Software လိုချင်တယ်ဆိုတဲ့ သူများအတွက် အများစုသုံးတဲ့ အလွယ်ကူးဆုံး Software နှစ်ခုတင်ပေးလိုက်ပါတယ်။ တစ်ခုကတော့ Cafe Suite ပါ။ Hacker တွေသုံးတဲ့ Shell ပုံနဲ့ဆင်တူပါတယ်.ကျနော် ပုဂံရောက်တုန်းမှာ အင်တာနက်ဆိုင်တစ်ဆိုင်မှာ တင်ထားတာတွေ့တာပါ..တော်တော်လေး လန်းပါတယ်။
Download Here ===> Mediafire ၊ Mirror

နောက်တစ်ခုက Handy Cafe ပါ.ရိုးရှင်းလွယ်ကူတဲ့အသွင်အပြင်ရှိပါတယ်.အင်တာနက်ဆိုင်တော်တော်
များများအသုံးပြုကြပါတယ်။ အရင်သုံးနေကျ Version အဟောင်းကိုဘဲပြန်တင်ပေးလိုက်ပါတယ်။
Server နဲ့ Client ဆိုပြီး တစ်ခါတည်းတွဲပါပါတယ်။

Download Here ===> Mediafire ၊ Mirror
 
 
http://winkabarkyaw.blogspot.com/2012/11/cybercafe-management-software.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FYoKiT+%28%E1%80%9D%E1%80%84%E1%80%B9%E1%80%B8%E1%80%80%E1%80%99%E1%80%AC%E1%81%BB%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9++%28%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%AC%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%90%E1%80%99%E1%80%B9%E1%80%B8%29%29

တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၊ ဒေါ်လာ ၊ ရွှေချောင်းနှင့် လက်နက်တွေ ဖမ်းမိ


တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၄၀၀၀ ပြားနှင့် စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

၎-၁၁-၂၀၁၂ ရက်နေ့ ၁၄၃၀ အချိန် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အုန်းကျော် ဦးစီး အ
ဖွဲ့၊ ခမရ (၃၅၉)မှ ဗိုလ်မှူး ညီညီနိုင် ဦးစီးအဖွဲ့၊ တာချီလိတ်(မူးယစ်)မှ ရဲအုပ် ဝင်းနိုင် ဦးစီးအဖွဲ့တို့ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ခေတ္တာလမ်း၊ အိမ်အမှတ် (၄/၉၃) နေ စိုင်းဝန်းတစ်၏နေအိမ်အား ရှာဖွေရာ WY စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၄၀၀၀ ပြား ၊ အလေးချိန် ၅၈.၄ ကီလို (တစ်ပြားလျှင် ၂၈၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၆၃၅၂ သိန်း) နှင့်အတူ အောက်ပါ စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါသည် -

(က) Hino တံဆိပ်ပါ မော်တာတပ်လျက် စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက်
၁ လုံး၊

( ခ) Champ တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား
အခြောက်ခံ လေမှုတ်ပန်ကာတပ် ဗန်းစင် တစ်ခု၊

(ဃ) WY စာတမ်းပါ မှို (၃) ချောင်းတပ် ရိုက်ခေါင်း (၁)ခု၊ WY စာတမ်းပါ
ရိုက်ခေါင်းမှို ဆိုဒ်စုံ (၁၁) ခု၊

( င) မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် အဖြူရောင်ကော်မှုန့်
၂၅ ကီလိုပါတစ်အိတ်၊

( စ) မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် Food Colour
တံဆိပ်ပါ ဆိုးဆေး အမှုန့်တစ်ဗူးလျှင် ၄၅၀ ဂရမ်စီပါ အပြာရောင်
ကော်ဗူး ၁၅ ဗူး၊ ၁၀၀ ဂရမ်စီပါ ၇ ဗူး၊ စုစုပေါင်းအလေးချိန် ၇.၄၅
ကီလို၊

(ဆ) ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၆၂၀ သိန်း၊

( ဇ) အမေရိကန်နိုင်ငံသုံး ဒေါ်လာငွေ ၇၇၀၀ ဒေါ်လာ၊

( ဈ) နဂါးတံဆိပ်ပါရွှေချောင်း ၃၇ ချောင်း စုစုပေါင်း အလေးချိန် ၄ ပိဿာ
၁၄ ကျပ်သား၊

(ည) ရွှေထည်ပစ္စည်းမျိုးစုံ ၁၂ မျိုး၊ စုစုပေါင်းအလေးချိန် ၃၆ ကျပ်သား ၇ ပဲ

( ဋ) မော်တော်ယာဉ် ၉ စီး၊

( ဌ) သုံးဘီးဆိုင်ကယ် တစ်စီး၊

( ဍ) မော်တော်ဆိုင်ကယ် ၇ စီး၊

( ဎ) ဘရာဇီးနိုင်ငံလုပ် မိန်းမကိုင် ပစ္စတို .၂၅ ပစ္စတိုတစ်လက်၊ ၎င်းကျည်
၅၀ တောင့်၊

စိုင်းဝန်းတစ်၊ ၃၈ နှစ်၊ (ဘ) ဦးနန်းကွမ်းစိန်၊ ရှမ်း/ဗုဒ္ဓ၊ အမှတ်(၄/၉၃)၊
ခေတ္တာလမ်း၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့နေသူအား တာချီလိတ်ရဲစခန်း မယ(ပ)၆၆/၂၀၁၂၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၂(ခ) အရ အမှုဖွင့်အရေးယူထားရှိပါသည်။

Myanmar Police Force

၎-၁၁-၂၀၁၂ ရက်နေ့တွင် တာချီလိတ်မြို့၌ တရားခံ စိုင်းဝန်းတစ်အား စိတ်ကြွရူးသွပ် ဆေးပြား
၅၈၄၀၀၀ ပြား၊ စိတ်ကြွရူးသွပ် ဆေးပြားရိုက်စက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု

လုံခြုံရေး အကြောင်းပြ၍ အင်တာနက်၊ ဖုန်းစသည့် ဆက်သွယ်မှု များကို ကြားဖြတ် ဖမ်းယူနိုင်




သိထားသင့်တယ်ထင်လို့ www.thithtoolwin.com ကတဆင့် Share ပေးလိုက်တာပါ....။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက်

တိုင်းပြည် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး (သို့) ရပ်ရွာ အေးချမ်း သာယာရေး ကို ထိခိုက် စေနိုင်သော သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး စနစ်များ ကို အစိုးရ က ကြားဖြတ် ဖမ်းယူခြင်း နှင့် ဝင်ရောက် စစ်ဆေး ကြည့်ရှု နိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသော ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ပါရှိသည်။

ထို့အပြင် လျှို့ဝှက်၊ ညစ်ညမ်း သတင်းများ ဖြန့်ချိလျှင် အရေး ယူမည်ဟု ဖော်ပြ ထားပြီး မည်သူမဆို ညစ်ညမ်းသော သတင်း အချက်အလက် များကို ပေးပို့ခြင်း (သို့) ဖြန့်ချိခြင်း (သို့) ပါဝင် ဆောင်ရွက်ခြင်း၊ သိုမှီး ထိန်းသိမ်း ထားသည့် သတင်း အချက်အလက် များ တစ်ရပ်ရပ် ကို ဖြစ်စေ၊ လျှို့ဝှက်ချက် နှင့် သက်ဆိုင်သော သတင်း အချက် အလက် တစ်ရပ်ရပ် ကို ဖြစ်စေ ပိုင်ရှင်၏ ခွင့်ပြုချက် (သို့) သဘော တူညီချက် မရှိဘဲ ဝင်ရောက် ကြည့်ရှုခြင်း၊ ရယူခြင်း၊ ကူးယူခြင်း၊ ထုတ်နုတ်ခြင်း၊ ပျောက်ဆုံး စေခြင်း (သို့) ပေးပို့ ဖြန့်ချိခြင်း၊ မူပိုင်ခွင့် ပိုင်ရှင် ၏ ခွင့်ပြုချက် မရှိဘဲ စာပေ အနုပညာ လက်ရာ ကို ဖြစ်စေ၊ မူပိုင်ခွင့် နှင့် ဆက်နွယ်သည့် အခွင့်အရေး တစ်ရပ်ရပ် ကို ဖြစ်စေ စီးပွားရေး အလို့ငှာ မူပွားခြင်း၊ အရုပ်နှင့် အသံ တို့ကို ပေါင်းစပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ ထုတ်လွှင့်ခြင်း နှင့် ပြည်တွင်း (သို့) တင်သွင်းခြင်း တို့ကို သိလျက်နှင့် တမင်တကာ ကျူးလွန်ခြင်း တို့ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် သုံးနှစ် ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ကျခံ ရမည် ဟု ယင်း ဥပဒေကြမ်း တွင် ဆက်လက် ဖော်ပြသည်။

"လုံခြုံရေး အခြေအနေ အရ ဆိုတာ ကိုတော့ အတိုင်းအတာ တစ်ခု လောက် လက်ခံ ပါတယ်၊ အကြောင်း ရှိတိုင်း လုံခြုံရေး ကို အကြောင်းပြ နေရင် ဘယ်လို လုပ်မလဲ၊ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ ဆိုရင် လူ တစ်ဦးချင်း လွပ်လပ်ခွင့် ဆိုတာကို ထည့်သွင်း စဉ်းစား ရပါမယ်" ဟု IT လုပ်ငန်း လုပ်ကိုင် နေသူ ဦးဖြိုးဝေမြင့် က ပြောကြားသည်။

ပြည်သူ့ အကျိုး ဆောင်ရွက်ရန် အခြေအနေ ပေါ်ပေါက်သည့် အခါတိုင်း အစိုးရ အဖွဲ့ သဘော တူညီ ချက် ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း များအား ယာယီ ရပ်ဆိုင်းရေး၊ ဆက်သွယ်မှု အမျိုးအစား တစ်ရပ်ရပ် ကို မပြုလုပ်ရေး၊ တားဆီး ထိန်းသိမ်း ထားရှိရေး၊ ကြားဖြတ် ဖမ်းယူရေး၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ နှင့် ဆက်သွယ်ရေး ပစ္စည်း များကို ယာယီ ထိန်းသိမ်း သုံးစွဲရေး တို့ကို လုပ်ငန်း လိုင်စင် ရှိသူက ခွင့်ပြု ပေးရမည် ဟု ဖော်ပြ ပါရှိသည်။

ယခု ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ယခင်က အသုံး ပြုခဲ့သော ဆက်သွယ်ရေး ဥပဒေများ ဖြစ်သည့် ၁၈၈၅ မြန်မာ့ ကြေးနန်း အက်ဥပဒေ The Myanmar Telegraph (1885) နှင့် ၁၉၃၄ မြန်မာ့ ကြိုးမဲ့ကြေးနန်း အက်ဥပဒေ The Myanmar Wireless Telegraphy (1934) တို့ကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း လည်း ဖော်ပြ ပါရှိသည်။
ref:http://www.thithtoolwin.com