This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label မိန့်ခွန်း. Show all posts
Showing posts with label မိန့်ခွန်း. Show all posts

Tuesday, December 10, 2013

ကာကွယ်ရေး ဦးစီးချုပ်မှ လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မူ ဒီမိုကရေစီက လက်မခံဟု ဆို ..........

နိရဉ္စရာ

ရခိုင်ပြည်နယ်ရှိ တပ်နယ် အသီးသီးသို့ လာရောက် လည်ပတ်ခဲ့သော မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်မှ တပ်မတော်သားများနှင့် တွေ့ဆုံစဉ် လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို မည်သည့်ဒီမိုကရေစီ ကျင့်သုံးမှုမျိုးကမျှ လက်မခံကြောင်း ပြောဆိုသွားခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဒီဇင်ဘာ ၄ ရက်နေ့က ကျောက်တော်တပ်နယ် န၀ရတ် ခန်းမနှင့် စစ်တွေတပ်နယ် ဗန္ဓုလခန်းမတို့၌ တပ်နယ်များမှ အရာရှိ၊ စစ်သည် မိသားစုများနှင့် တွေ့ဆုံစဉ် ထိုသို့ အမှာ စကား ပြောကြားခဲ့သည်ဟု ဆိုသည်။

“ ပစ္စုပ္ပန်ကာလ လက်ရှိတာဝန်ထမ်းဆောင်နေသော အရာရှိ/စစ်သည်အားလုံးတွင် စည်းကမ်းရှိသောတပ်၊ အမိန့် နာခံသော တပ်ဖြစ်စေရေး တာဝန်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို မည်သည့်ဒီမိုကရေစီ ကျင့်သုံးမှုမျိုးကမျှ လက်မခံကြောင်း၊ သို့ဖြစ်၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို စိတ်ရှည်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ရွေးချယ်ထားသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဖြောင့်ဖြောင့် တန်းတန်း လျှောက်လှမ်းနိုင်ရေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်း” တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသွားခဲ့သည်ဟု သိရသည်။

Sunday, September 1, 2013

ဒေါ်နော်အုန်းလှ မိန့်ခွန်းပြောတိုင်း ပြည်သူတွေက လက်ခုပ်တီးတဲ့ အတွက် ထောင်ဒဏ်နှစ်နှစ် ချမှတ် ဟု ဒေသခံ တစ်ဦး ဆို

ဒေါ်နော်အုန်းလှကို ထောင်ဒဏ်နှစ်နှစ် ချမှတ်

ခိုင်ခိုင်

လက်ပံတောင်းတောင်အရေး ဆန္ဒဖော်ထုတ်သူ ဒေါ်နော်အုန်းလှကို သြဂုတ်၂၉ ရက်တွင် မုံရွာမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ကြောင်း ၎င်း၏ရှေ့နေ ဦးရောဘတ်ဆန်းအောင်က မဇ္ဈိမကို အတည်ပြု ပြောသည်။

မုံရွာမြို့နယ် တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင် ဒဏ်နှစ်နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

တရားရုံးတွင် သြဂုတ် ၂၇ ရက်မှ ၂၉ ရက်အထိ ရုံးချိန်း သုံးရက်ဆက်တိုက် သတ်မှတ်ခဲ့ပြီး သြဂုတ် ၂၉ ရက်တွင် ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဒေါ်နော်အုံးလှ၏ရှေ့နေ ဦးရောဘတ်စန်းအောင်က ယခုဖြစ်စဉ်မှာ ဆန္ဒထုတ်ဖော်ခွင့် မရရှိခြင်းကြောင့်ဖြစ်လာသော အကြောင်းအရာများသာဖြစ်ပြီး လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ထုတ်ခွင့် ပေးသင့်ကြောင်း၊ ယခုချမှတ်သော ပြစ်ဒဏ်မှာ အနည်းငယ်ပြင်းထန်သည်ဟု ထင်မြင်ကြောင်း မဇ္ဈိမကို ပြောသည်။

၎င်းက “ဒေါ်နော်အုံးလှ ဆန္ဒပြခွင့်မရဘဲဆန္ဒပြတာက ခွင့်ပြုချက်မရတာကြောင့် မုံရွာမှာပြဖို့တင်တာ ကိုးကြိမ်ရှိပြီ။ တစ်ခါမှ မရခဲ့ဘူး။ ခွင့်ပြုချက်မရတာက ခွင့်မပြုလို့ဘဲ။ လွှတ်တော်သုံးရပ်မှာ ဆွေးနွေးသင့်တယ် ဆွေးနွေးပေး ပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ဆိုသည်။

ဒေါ်နော်အုန်းလှကို သြဂုတ် ၁၃ ရက် မုံရွာမြို့ အမှတ်(၁)ရဲစခန်းမှ ဖမ်းဆီးခဲ့သည်ဟု အဆိုပါရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့ပြီး အမှုအတွက် တရားလိုပြုလုပ်ခဲ့သူမှာ မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ရွှေဖြစ်ကြောင်း လည်း ဦးရောဘတ်စန်းအောင်က ပြောသည်။

ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဘထူးကလည်း ဒေါ်နော်အုန်းလှကို အမိန့်ချမှတ်ခြင်းနှင့် ပတ်သက်ပြီး ကြိုတင်စီစဉ်ထားသော အမိန့်ချမှတ်မှုသာဖြစ်သည်ဟု စွပ်စွဲပြောဆိုလိုက်သည်။

ဒေါ်နော်အုန်းလှသည် ဒေသခံ ၁၅၀ ခန့်ကို ဦးဆောင်ကာ သြဂုတ် ၁၃ ရက်က မုံရွာမြို့ပေါ်တွင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ အခြေခံဥပဒေပြင်ပေးရေး၊ ကြေးနီစီမံကိန်း ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် ရဲများအား အရေးယူပေးရေး စသည်တို့ကို တောင်းဆို ဆန္ဒပြခဲ့ရာ ၎င်းအပါအ၀င် ဆန္ဒပြသူ ၁၀ ဦးကို ရဲများက ဖမ်းဆီးခဲ့ သည်။ ယင်းနေ့ညနေတွင်ပင် ဒေသခံကိုးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဒေါ်နော်အုန်းလှကို ဆက်လက် ထိန်းသိမ်း ထားခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၀ ရက်ကလည်း ရန်ကုန်တွင် ဒေါ်နော်အုန်းလှနှင့် မတရားဖမ်းဆီးခံရသူရွာသားများ လွှတ်ပေးရန် Generation Youth အဖွဲ့မှ ကိုကျော်သူက တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သည်။

ဒေါ်နော်အုန်းလှကို အမိန့်ချခဲ့သည့် သြဂုတ် ၂၉ ရက်သည် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ၀မ်ပေါင် ကုမ္ပဏီရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်သော သံဃာများနှင့် ဒေသခံများအား အာဏာပိုင်များက အင်အားသုံး ဖြိုခွင်းခဲ့သည့် ကိုးလပြည့်နေ့လည်းဖြစ်သည်။ ယင်းနေ့တွင်ပင် မုံရွာ၌ လူအင်အား ၁၂၀၀ ခန့်က စီမံကိန်းနှင့် ပတ်သက်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသေးသည်။

Tuesday, March 26, 2013

မြင့်မြတ်သူတို့၏စိတ်ထားနှလုံးသား(၉)

Aung Koung and 2 other friends shared ဓမ္မအလင်းရောင် (Light of Damma)'s photo.
မြင့်မြတ်သူတို့၏စိတ်ထားနှလုံးသား(၉)


  မြင့်မြတ်သူတို့သည် အရင်းများများဖြင့် အမြတ်နည်းနည်းကိုသာ ယူတက်ကြလေ သည်၊တိပိဋကဆရာတော်အရှင်ဝိစိတ္တသာရဘိဝံသသည် ဥာဏ်ပညာအရာတွင် စံတင် ထားရသောပုဂ္ဂိုလ်မြတ်ကြီးဖြစ်သည်၊ သာသနာပြုစုစောင့်ရှောက်ရတွင်လည်းကောင်း လည်း သမိုင်းတွင်ခဲ့သော်လည်း လိုချင်သောဆုကား မပြေပလောက်သောဆုသာဖြစ် သည်။မြင့်မြတ်သူတို့သည် ပေးဆပ်ခြင်းကိုသာအလိုရှိကြသည်။
 အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားဒေသစာရီ ရဟန်းတော်များဖြင့်ကြွချီ တော်မူသောအခါ သံဃာတော်များ၏နောက်မှလိုက်ကာ အကိုကြီးပမာ လိုအပ်သည် များကို စောင့်ရှောက်ကူညီပေးလေသည်။ခရီးပင်ပန်းနွမ်းနယ်သူများကို ဆီ နနွင်း စသည်ဖြင့် သက်သာအောင်ပြုစုပေးသည်၊ထိုကြောင့်မထေရ်မြတ်ကို သံဃာတော်များ က မိခင်ကြီးပမာ အားကိုးကြ ကြည်ညိုကြသည်။
 မြင့်မြတ်သူတို့သည် မိမိ၏လက်အောက်ငယ်သားတို့ကို မိမိနှင့်တန်းတူထားကာ ဆက်ဆံသည်။ကိုယ်ချင်းစာတရားထားကြသည်။ကြားဘူးသည်မှာ တိပိဋကဆရာ တော်ကြီးအား ကိုရင်ငယ်များပွဲကြည့်သည်ကို လာလျှောက်ထားသော ဒကာကို မိမိ သားသမီးဖြစ်လျှင် ကျောမှာပိုးလျှက်ကြည့်ခိုင်းမည်သာဖြစ်သောကြောင့် ကိုယ်ချင်းစာ တရားထားရန် မိန့်တော်မူခဲ့သည့်အပြင် ဘုန်းကြီးတို့အရွယ်ပွဲကြည့်ခိုင်းလျှင် ဝေါယာဉ် ဖြင့်လာပင်လျှင်တောင် မကြည့်တော့ပါ ဟုမိန့်တော်မူခဲ့သည်။
 မြင့်မြတ်သူတို့သည် မိမိကိုယ်ကို ဘာလဲဟုသဘောပေါက်နားလည်သကဲ့သို့ သူ တပါးကိုလည်းနားလည်သဘောပေါက်ကြလေသည်။သူတစ်ပါးအားကူညီခြင်း အများ အကျိုးကိုလိုလားခြင်းသည် မြင့်မြတ်သူတို့၏လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။
 အရှင်မြတ်သည် သာသနာတော်တွင် မပျော်မွှေ့သောရဟန်းတော်များကို ပျော် မွှေ့အောင် ပုထုဇဉ်အဖြစ်မှ သောတာပန်ဖြစ်အောင် သောတာပန်မှသည် ရဟန္တာဖြစ် အောင်အကြိမ်ကြိမ်အထပ်ထပ်တရားဟောပြပေးတော်မူသည်။ မြင့်မြတ်သူတို့သည် အများကောင်းစွာရေးအတွက်ဆိုလျှင် အပင်ပန်းခံ အနစ်နာခံကာ ကြိုးစားကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။တိပိဋကဆရာတော်ကြီးသည် သံဃာသက္ကသိုလ်ကြီးများနှင် ကျောင်းထိုင်ဘုန်းကြီးကျောင်းများပြည်နယ်နှင့်တိုင်းများတွင် ပေါ်ပေါက်စေရန်အတွက် တောရောမြို့ပါမကျန် အရွယ်နှင့်မမျှအောင် ကြွရောက်တရားဟောတော်မူခဲ့သည်။ ဖြစ်မြောက်အောင်မြင်ရန်ဆောင်ရွက်တော်မူခဲ့သည်။
 မြင့်မြတ်သူတို့သည် ပညာကိုတန်ဖိုးထား မြတ်နိုးတက်ကြသကဲ့သို့ ပညာရှင်များ နှင့်ပညာသင်များကိုလည်းတန်ဖိုးထားလေးစားကြလေသည်။မစိုးရိမ်တိုက်ဆရာတော်ဘုရားကြီးဦးရာဇဓမ္မဘိဝံသသည်ရောက်လေရာနိုင်ငံခြားတိုင်းပြည်များတွင်တက္ကသိုလ် များကို မရောက် ရောက် အောင်သွားရောက်လေ့လာသည်၊ဆည်းပူးမှတ်သားသည်။ထို အတူ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ရောက်လေရာတွင် ပညာတန်ဖိုးကို အလေးထားကြရန် ဟောပြောသကဲ့သို့ တက္ကသိုလ်များကိုအလေးထားသွားရောက်ပြီး လေ့လာသည်၊ဆည်းပူးမှတ်သားသည်၊ဤသည်မှာမြင့်မြတ်သူတို့၏ စရိုက်လက္ခဏာ တစ်ခုပင်ဖြစ်သည်။
ဆက်ရန်



မြင့်မြတ်သူတို့သည် အရင်းများများဖြင့် အမြတ်နည်းနည်းကိုသာ ယူတက်ကြလေ သည်၊တိပိဋကဆရာတော်အရှင်ဝိစိတ္တသာရဘိဝံသသည် ဥာဏ်ပညာအရာတွင် စံတင် ထားရသောပုဂ္ဂိုလ်မြတ်ကြီးဖြစ်သည်၊ သာသနာပြုစုစောင့်ရှောက်ရတွင်လည်းကောင်း လည်း သမိုင်းတွင်ခဲ့သော်လည်း လိုချင်သောဆုကား မပြေပလောက်သောဆုသာဖြစ် သည်။မြင့်မြတ်သူတို့သည် ပေးဆပ်ခြင်းကိုသာအလိုရှိကြသည်။
အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားဒေသစာရီ ရဟန်းတော်များဖြင့်ကြွချီ တော်မူသောအခါ သံဃာတော်များ၏နောက်မှလိုက်ကာ အကိုကြီးပမာ လိုအပ်သည် များကို စောင့်ရှောက်ကူညီပေးလေသည်။ခရီးပင်ပန်းနွမ်းနယ်သူများကို ဆီ နနွင်း စသည်ဖြင့် သက်သာအောင်ပြုစုပေးသည်၊ထိုကြောင့်မထေရ်မြတ်ကို သံဃာတော်များ က မိခင်ကြီးပမာ အားကိုးကြ ကြည်ညိုကြသည်။
မြင့်မြတ်သူတို့သည် မိမိ၏လက်အောက်ငယ်သားတို့ကို မိမိနှင့်တန်းတူထားကာ ဆက်ဆံသည်။ကိုယ်ချင်းစာတရားထားကြသည်။ကြားဘူးသည်မှာ တိပိဋကဆရာ တော်ကြီးအား ကိုရင်ငယ်များပွဲကြည့်သည်ကို လာလျှောက်ထားသော ဒကာကို မိမိ သားသမီးဖြစ်လျှင် ကျောမှာပိုးလျှက်ကြည့်ခိုင်းမည်သာဖြစ်သောကြောင့် ကိုယ်ချင်းစာ တရားထားရန် မိန့်တော်မူခဲ့သည့်အပြင် ဘုန်းကြီးတို့အရွယ်ပွဲကြည့်ခိုင်းလျှင် ဝေါယာဉ် ဖြင့်လာပင်လျှင်တောင် မကြည့်တော့ပါ ဟုမိန့်တော်မူခဲ့သည်။
မြင့်မြတ်သူတို့သည် မိမိကိုယ်ကို ဘာလဲဟုသဘောပေါက်နားလည်သကဲ့သို့ သူ တပါးကိုလည်းနားလည်သဘောပေါက်ကြလေသည်။သူတစ်ပါးအားကူညီခြင်း အများ အကျိုးကိုလိုလားခြင်းသည် မြင့်မြတ်သူတို့၏လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။
အရှင်မြတ်သည် သာသနာတော်တွင် မပျော်မွှေ့သောရဟန်းတော်များကို ပျော် မွှေ့အောင် ပုထုဇဉ်အဖြစ်မှ သောတာပန်ဖြစ်အောင် သောတာပန်မှသည် ရဟန္တာဖြစ် အောင်အကြိမ်ကြိမ်အထပ်ထပ်တရားဟောပြပေးတော်မူသည်။ မြင့်မြတ်သူတို့သည် အများကောင်းစွာရေးအတွက်ဆိုလျှင် အပင်ပန်းခံ အနစ်နာခံကာ ကြိုးစားကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။တိပိဋကဆရာတော်ကြီးသည် သံဃာသက္ကသိုလ်ကြီးများနှင် ကျောင်းထိုင်ဘုန်းကြီးကျောင်းများပြည်နယ်နှင့်တိုင်းများတွင် ပေါ်ပေါက်စေရန်အတွက် တောရောမြို့ပါမကျန် အရွယ်နှင့်မမျှအောင် ကြွရောက်တရားဟောတော်မူခဲ့သည်။ ဖြစ်မြောက်အောင်မြင်ရန်ဆောင်ရွက်တော်မူခဲ့သည်။
မြင့်မြတ်သူတို့သည် ပညာကိုတန်ဖိုးထား မြတ်နိုးတက်ကြသကဲ့သို့ ပညာရှင်များ နှင့်ပညာသင်များကိုလည်းတန်ဖိုးထားလေးစားကြလေသည်။မစိုးရိမ်တိုက်ဆရာတော်ဘုရားကြီးဦးရာဇဓမ္မဘိဝံသသည်ရောက်လေရာနိုင်ငံခြားတိုင်းပြည်များတွင်တက္ကသိုလ် များကို မရောက် ရောက် အောင်သွားရောက်လေ့လာသည်၊ဆည်းပူးမှတ်သားသည်။ထို အတူ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ရောက်လေရာတွင် ပညာတန်ဖိုးကို အလေးထားကြရန် ဟောပြောသကဲ့သို့ တက္ကသိုလ်များကိုအလေးထားသွားရောက်ပြီး လေ့လာသည်၊ဆည်းပူးမှတ်သားသည်၊ဤသည်မှာမြင့်မြတ်သူတို့၏ စရိုက်လက္ခဏာ တစ်ခုပင်ဖြစ်သည်။
ဆက်ရန်

Sunday, March 17, 2013

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း သီတဂူဆရာတော်..


အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း
သီတဂူဆရာတော်

လက်တလော လက်ပန်တောင်းတောင် အရေး ဖြေရှင်းပေးနေသော ဒေါ်အောင်ဆန်းစုကြည် အား လက်ပန်တောင်းတောင် ဒေသမှ တချို့ချို့သော သူတွေရဲ့ ၀ိုင်းအော်၊ ၀ိုင်းကန့်ကွက်ခဲ့တာနဲ့ ပက်သက်ပြီး သီတဂူဆရာတော်ကြီး မိန့်မှာထားသည်မှာ အလွန့်လွန်ကောင်းလှသည်၊ တန်ဖိုးကြီးမားသည့် မိန့်ခွန်းဖြစ်သောကြောင့် ပြည်သူများ ဖတ်ရှုနိုင်ရန် အသံဖိုင်မှ စာအဖြစ် ကူးပြီး တင်ပါသည်။

နှစ် ၆၀ ဆူးခင်းသောလမ်းခရီး
ပြည်ထောင်စုမြန်မာနိုင်ငံ Union Of Myanmar ရဲ့ သမိုင်းကြောင်းကို အဲဒီလို သည်းမခံနိုင်တာတွေ၊ ခွင့်မလွတ်နိုင်တာတွေ၊ မစွန့်လွတ်နိုင်တာတွေ၊ မမေ့ပျောက်နိုင်တာတွေ၊ အားကြီးလွန်းတယ်၊ Union Of Myanmar ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်တော်ကြီးဟာ အို---တခါတည်း သွေးချောင်းစီးပြီးတော့ ထပ်တလဲလဲ ပစ်ကြခက်ကြ သတ်ကြဖြတ်ကြ ဖမ်းဆီးကြ နိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။ အဲဒီတော့ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစကထဲက အခုထိ ပြန်ကြည့်ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ တို့ကာလပတ်လုံး၊ ဒီလိုပဲ တစ်ယောက်နှင့် တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွန်နိုင်ကြတာတွေ၊ မစွန့်လွတ်နိုင်ကြတာတွေ၊ နောက်ပြီးတော့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာတွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံးညီညာမှုနှင့် ငြိမ်းချမ်းသာယာရေး၊ ပြီးတော့ လက်တွဲဆောင်ရွက်ခြင်း၊ အင်္ဂလိပ်လို တစ်လုံးနှစ်လုံးပြောရင် လက်ခံကြစမ်းပါ၊ Peace ရယ် Harmonious ရယ် Co-exist ရယ် ဒီကနေ့ထိ မရသေးဘူး။

အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါ
ပြီးတော့ ငါပြောချင်တာက လက်ပန်တောင်း တစ်ပတ်လည်က လူတွေရော တစ်နိုင်ငံလုံးက လူတွေရော လူမျိုးမရွေး ဘာသာမရွေး၊ တိုင်းရင်းသား အားလုံး၊ အထူးသဖြင့် မြန်မာ့မြေပုံပေါ်မှာ မွေးတဲ့ သူတွေ၊ မြန်မာပြည်ထဲမှာပဲ နေနေ အပြင်ဘက်မှာပဲ နေနေ၊ အကုန်လုံးဟာ အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါလို့၊ နောက်တစ်ခုက သည်းခံကြပါ၊ သည်းခံတယ်ဆိုတာ အဓိကတော့ ဒေါသကို ထိမ်းချုပ်တာ၊ တစ်ယောက်ကတစ်ယောက် အမှားအယွင်းရှိရင်လဲ ခွင့်လွတ်ကြပါ။ ပုထုဇဉ်တွေဟာ မှားတတ်တာရှိတယ်၊ ကြီးကြီးကျယ်ကျယ်မှားရင် ခွင့်မလွတ်နိုင်ပေမဲ့ အနည်းငယ်မျှမှားတာတွေ အကုန်လုံး ခွင့်လွတ်ကြပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးတယ်။

အဲဒီအခြေခံ မူသုံးချက်ကွာ၊ ငါအဲဒါ သဘောကျထားတာ။ နိုင်ငံတော်မှာ လူတွေဟာ အဲဒီလို ကျင့်သုံးနိုင်ခြင်းမရှိကြတဲ့အတွက်ကြောင့် ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ပစ်ကြ ခက်ကြနဲ့ နှစ် ၆၀ ကျော်ပြီး ဆူးခင်းတဲ့ ခရီးကြမ်းကြီးကို ဒို့နိုင်ငံသားတွေ ဗမာတွေ၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်း၊ ကယား၊ ရခိုင်၊ ကရင် လူမျိုးစု တစ်ရာကျော်ဟာ ဆူးခင်းတဲ့လမ်းကြီးကို လျှောက်လမ်းခဲ့တာ ကြာလှပြီပဲ။ ဒီကနေ့ အဲဒီခရီးကြမ်းကြီးဟာ ဆုံးတော့မယ်၊ မြန်မာတွေဟာ ကိုယ့်ကိုယ်ကို Golden Myanmar, Golden Land ဒီလိုပြောတယ်။ အဲဒါကြောင့် ရွှေမြန်မာတို့က Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ခါနီးအနေအထားမှာ အကုန်ရောက်ကြပြီ။ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ဖို့ အနေအထား ရောက်တာဟာ မစုခေါင်းဆောင်တဲ့ NLD အဖွဲ့ဝင်တွေအားလုံးနှင့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ် လူထွက်တွေ လက်တွဲနိုင်ကြလို့ ဖြစ်တာ။ အဲဒီလို လက်တွဲတာကို စွဲစွဲမြဲမြဲ ဆက်တွဲနိုင်ဖို့ရာ အရေးကြီးတယ်၊ အဲဒီလို ဤနှစ်ဦးသား လက်မတွဲနိုင်ဘူးဆိုလို့ရှိရင်၊ လက်တွဲဖို့ သည်းမခံနိုင်ဘူးဆိုရင်ပေါ့၊ မစွန့်လွတ်နိုင်ကြဘူးဆိုရင်ပေါ့၊ ခွင့်မလွတ်နိုင်ဘူးဆိုရင်ပေါ့ လက်တွဲဟာ ပြုတ်သွားပြီ။ အဲဒီလက်တွဲပြုတ်သွားရင် ဆူးခင်းတဲ့လမ်းကြမ်းကြီးပေါ်မှာပဲ အားလုံး ဆက်လျှောက်ကြအုံးမှာ၊ ဆူးခင်းတဲ့လမ်းကြမ်းကြီးက အခု ဆုံးခါနီးပြီ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ရွှေမြန်မာတွေက အခု စတင်ဖွင့်တော့မှာ။ သော့ကလေး ရှာနေတာ၊ ဘယ်သော့နဲ့ ဘယ်လို ဖွင့်မလဲဆိုတာ ရှာနေတဲ့အချိန်။ အဲဒီအချိန်မှာ အနည်းကလေးမျှသော အကြောင်းကိစ္စကို အခြေခံကို အကြောင်းပြုပြီးတော့ ရန်ဖြစ်ကြမယ်၊ ခွင့်မလွတ်နိုင်ကြမယ်၊ သည်းမခံနိုင်ကြမယ်၊ ရန်တွေ့ကြမယ်၊ သတ်ကြမယ်၊ ဖော်ထုတ်ကြမယ်၊ အဲဒါတွေ စွဲနေကြအုန်းမယ်ဆိုရင် ဒီဆူးခင်းသော လမ်းပေါ်ကို အကုန်လုံး ပြန်လျှောက်ကြရမှာ။ ပြီးတော့ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကလဲ ပိတ်သွားမှာ။

ဒါ့ကြောင့် ရှေးဦးစွာ ငါပြောချင်တာကတော့ ဒီသုံးချက်ပါ။ အားလုံး သည်းခံကြစမ်းပါ။ နောက်တစ်ခုကတော့ တစ်ယောက်ကိုတစ်ယောက် ခွင့်လွတ်ကြစမ်းပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးပါတယ်။

နှစ် ၆၀အတွင်း ပန်းခင်းသောလမ်းဖန်တီးသည် မတွေ့ခဲ့
စွန့်လွတ်ပုံ အမျိုးမျိုးတော့ရှိတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးအတွက် အောင်ဆန်းတစ်ယောက်နဲ့ အပေါင်းပါ၊ ခေါင်းဆောင်ကြီးတွေ အများကြီးပဲ၊ အသက်တွေ စွန့်လွတ်သွားကြတာပဲ။ အဲဒီတော့ အောင်ဆန်းသေပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးရ၊ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ လောက်ခရီးမှာ နိုင်ငံတော်တစ်ခုလုံးရဲ့ ဆူးခင်းသောလမ်းကြမ်းကြီးကို ပန်းခင်းသော လမ်းအဖြစ် ပြောင်းပေးခဲ့ ခေါင်းဆောင်ဟာ ဒို့တိုင်းပြည်မှာ မတွေ့ခဲ့ဘူး။

Golden Gate ကိုဖွင့်ပေးသူ အောင်ဆန်းသမီး

နောက်တစ်ခါ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ပေးနိုင်တဲ့သူ ဒီကနေ့ တွေ့ပြီ။ “အောင်ဆန်းမရှိတဲ့ နောက်ပိုင်းမှာ အောင်ဆန်းသမီးတစ်ယောက် ပေါ်လာတာဟာ ဒို့အတွက် အတော် ကံကောင်းတယ်၊ နောက်တစ်ခါ တပ်မတော်ကြီးအတွက်လည်း သိပ်ကံကောင်းတယ်။ မစုတစ်ယောက်ဟာ ဒီပဲရင်းကိစ္စကြီးတစ်ခုလုံးကို လုံးဝ မျှက်နှာလွဲပြီး ခွင့်လွတ်ထားတာ။” ဘာ အစအနမှ ပြန်မဖော်ဘူးဆိုရင် လက်ပန်တောင်းတောင်က ကိစ္စကိုလည်း အားလုံးက ဒီလိုပဲ “အော် မစုတောင် ဒီလောက်ကြီး ခွင့်လွတ်နိုင်ရင် ဒို့တတွေလဲ ခွင့်လွတ် ကျေနပ်ကြဖို့ ကိစ္စဟာ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲထား။” ဒီမူဝါဒ သုံးခုပေါ့လေ။ ငါတွေးထားတာ အားလုံးရှိဖို့ကောင်းတယ်။

အဲဒါကြောင့် Union Of Myanmarကို United Myanmar ဖြစ်အောင်၊ Golden Myanmar ဖြစ်အောင် ကြိုးစားကြ။ တိုင်းသူ ပြည်သားအားလုံးဟာ တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ရမည်၊ သည်းခံရမည်၊ ပြီးတော့ “အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွတ်မှ ကြီးကျယ်တဲ့ အကျိုးမြတ်ကို ရရှိနိုင်မှာ” ဖြစ်တယ်။ အဲဒီအချက်သုံးချက်ကိုတော့ ငါ အလေးအနက် ထားပြီး ပြောချင်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို နည်းယူ

အေးး- ငါပြောချင်သေးတာက ဘာလဲလို့ဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွံ့ဖြိုးတိုးတက်ပုံ၊ တစ်ကမ္ဘာလုံးကို လွမ်းမိုးနိုင်ပုံတွေကို သင်္ခန်းစာ ယူရမည်။ နည်းယူရမည်၊ အမေရိကန်ဆိုတာ နှစ် ၃၀၀ လောက်ပဲ ရှိသေးတယ်။ အမေရိကန်ပေါ်လာတာနော်။ United States ဆိုတာ နှစ်ပေါင်း ၃၀၀ လောက်ပဲ ရှိသေးတယ်။ ပြန်ကြည့်၊ လွတ်လပ်ရေး သက်တမ်းကို ကြည့်၊ သူတို့လည်းပဲ တခါတည်း သတ်ဖြတ်၊ တိုက်ခိုက်ပြီးတော့ လာခဲ့ကြတာ၊ ပြီးတော့ ၀ါရှင်တန်ဆိုတာကို ရလိုက်တော့မှ United States ဆိုတာဖြစ်သွားတာ။ သူတို့သမိုင်းဟာ ဘာမှ မကြာသေးဘူး။ အင်္ဂလိပ်တွေကို ကြည့်၊ United Kingdom။ ဝေလက တစ်ရှင်ဘုရင်၊ စကော့တလန်က တစ်ရှင်ဘုရင်၊ အိုင်ယာလန်က တစ်ရှင်ဘုရင်၊ အင်္ဂလန်က တစ်ရှင်ဘုရင်၊ ဘုရင်ပေါင်းများစွာ ကွဲကွဲပြားပြား ဖြစ်နေတာ၊ အဲဒီလို အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့အချိန်မှာ ဒီဘက်က ပြင်သစ်က နပိုလီယံရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့ အချိန်မှာ အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့ ပဒေသရာဇ်ဘုရင်နေရာမှာ အကုန်ပေါင်းပြီးတော့ United Kingdom လုပ်ခဲ့တာ နှစ် ၂၀၀ ကျော်ပဲရှိသေးတာ။ အဲဒီတော့ United လုပ်နိုင်တဲ့ အဲဒီလူတွေဟာ United ကို ဘာမူနဲ့ လုပ်သွားကြသလဲ ဆိုလို့ရှိရင် ခုနက ငါပြောသလို ခွင့်လွတ်ခြင်းနဲ့ သည်းခံခြင်း၊ ပြီးတော့ သူတပါးတွေရဲ့ အပြစ်ကို မေ့ပျောက်ခြင်း၊ နောက်ပြီးတော့ ကိုယ့်အကျိုးစီးပွား၊ အနည်းငယ်မျှသော စီးပွားကို စွန့်လွတ်ခြင်း၊ အဲဒီမူ လေးချက်နဲ့ United States နှင့် United Kingdomတွေ ဖြစ်လာတာ။

ပြည်ထောင်စုမြန်မာနိုင်ငံ (Union Of Myanmar)
ဒို့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းကို တိုတိုလေးပြန်ကြည့်၊ ငါအခု ပုဂံမှာ အနားယူနေတာ၊ မင်း လာမေးတော့ ငါကလဲပဲ ပြောချင်စိတ်ပေါက်နေတာ၊ စိတ်ထဲမှာ ပင်ပန်းလွန်းလို့။ “တိုင်းပြည်အတွက် ဒီလောက်စွန့်လွတ်တဲ့ သူကို ၀ိုင်းပြီး ရန်တွေ့တာ စိတ်မချမ်းသာစရာကောင်းတယ်။” ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ပထမဆုံး စည်းလုံးခဲ့တာ အနောရထာ မို့လားကွ၊ အနောရထာဟာ အေဒီ ၁၁ ရာစုဆိုတော့ ဒို့မြန်မာနိုင်ငံရဲ့ စည်းလုံးမှုဟာ အင်္ဂလိပ် အမေရိကန်တို့ထက် သက်တမ်း ရှည်ပြီကွ၊ နှစ်ပေါင်း ၉၀၀ ရှိပြီ။ အဲဒီ အနော်ရထာ စည်းစည်းလုံးလုံးနဲ့ တည်ထောင်ထားခဲ့တဲ့ United Myanmar ကို ဖျက်စီးပြစ်ကြတာတော့ ပုဂံသမိုင်းမှာ ပြန်ဖတ်၊ တိုတိုလေး၊ ငါပြောမယ်၊ သီဟပတိဆိုတဲ့ ဘုရင်နှင့် နရသူဆိုတဲ့မင်းပဲ၊ မင်းနှစ်ပါးအကြောင်း အကျယ်မပြောဘူးကွာ၊ ပုဂံသမိုင်းမှာ အဲဒီမင်းနှစ်ပါးကို ဘယ်လိုရေးထားလဲ။ သီဟပတိမင်းကို ဘာခေါ်လဲဆိုတော့ တရုပ်ပြေးမင်းလို့ခေါ်တယ်။ နရသူကိုတော့ ကုလားကျမင်းလို့ ခေါ်တယ်။ အဲဒါဟာ ဒို့နိုင်ငံသူ နိုင်ငံသားတွေ သိပ်သတိထားရမည့် အချက်ပဲ။ တရုပ်ပြေးမင်းနှင့် ကုလားကျမင်း အဲဒီမင်းနှစ်ပါးတို့ကြောင့် အနော်ရထာ စုစည်းညီညွတ်စွာ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ အစိပ်အစိပ်အမွှာမွှာ ပျက်စီးခဲ့တယ်။

ရာဂျမင်းဆိုတာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပတိက္ခယ မင်းသမီးကို လက်ထပ်ခဲ့တဲ့ ဘုရင်ကွ၊ အဲဒီလူ ကုလား သတ်လို့သေတာပဲ။ အဲဒါကြောင့် “တိုင်းပြည်မှာ အဖက်ဖက်က တရုပ်ကတစ်မျိုး၊ ကုလားကတစ်မျိုး၊ ခိမ်းခြောက်နေတဲ့အချိန်မှာ ဒီလို ရှားရှားပါးပါး ရထားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဒို့တတွေက အားမပေးဘူးဆိုရင် အင်္ဂလိပ်ကျမင်းဆိုတဲ့ သီပေါမင်းဆိုတာလဲ ရှိသေးတယ်။” အဲဒီသမိုင်းတွေကို ဆက်လက်ပြီး စဉ်းစားကြ။

အဲဒီတော့ ဒီအချိန်မှာ ရှေးရှေးက အသက်စွန့်သွားကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ လွတ်လပ်ရေးနဲ့ နိုင်ငံတော်ရဲ့ အမွေအနှစ်တွေကို ညီညွတ်ခြင်းဖြင့် ဒို့တတွေဟာ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ညီညွတ်ခြင်းဆိုတဲ့ ကိစ္စကလဲ သည်းမခံနိုင်ရင် မညီညွတ်ဘူး၊ ခွင့်မလွတ်နိုင်ရင် မညီညွတ်ဘူး၊ မစွန့်လွတ်နိုင်ရင် မညီညွတ်ဘူး၊ မေ့ပျောက်ခြင်း မရှိရင်လဲ မညီညွတ်ဘူး၊ အဲဒါကြောင့် Tolerance, Forgiveness, Sacrificed, Forgetness၊ အဲဒီအထဲမှာ ထပ်ပြောရရင် self-forgeteness ကိုယ်ကျိုးကိုယ့်စီးပွားကို မေ့ပျောက်ခြင်းဆိုတဲ့ အဲဒီအခြေခံမူလေးနဲ့ Union Of Myanmar ဆိုတဲ့နိုင်ငံတော်ကို ဆက်လက်၍ ထိမ်းသိမ်း စောင့်ရှောက်ကြပါစို့လို့ အလေးအနက်ပြောချင်ပါတယ်။

သီတဂူဆရာတော်ပြောသော “စည်းလုံးညီညွတ်ခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် Union Of Myanmar” ဒီဗီဘီ အင်တာဗျူးအသံဖိုင်မှ စာအဖြစ် ဖန်တီးသည်။
 
Credit by သီတဂူစကား
http://www.sitagustar2020.net/2013/03/blog-post_16.html

Thursday, February 28, 2013

စည်းလုံးမှ လွတ်လပ်မှု အတူ ခံစားရမယ်လို့ ဘုန်းတော်ကြီး တူးတူး ပြော


တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက မြန်မာ နိုင်ငံမှာ စည်းလုံး ညီညွတ်ခြင်းနဲ့သာ လွတ်လပ်မှုကို အတူ တကွ ခံစား နိုင်မယ်လို့ ပြော ပါတယ်။

ဒါ့အပြင် ပုံစံသစ်နဲ့ အသား အရောင် ခွဲခြားမှုမျိုး မဖြစ်သင့်ဘူး လို့လည်း သူက ပြောပါတယ်။

ရန်ကုန်မြို့ အမေရိကန် စင်တာမှာ ဗုဒ္ဓဟူး နေ့က ကျင်းပခဲ့တဲ့ ဟောပြောပွဲမှာ တောင်အာဖရိက ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက အာဏာရှင် မှန်သမျှဟာ တနေ့တော့ မြေမှုန် လေးတွေလို ဖြစ်ပြီး ကျဆုံး ရတာပဲလို့ ပြောခဲ့ ပါတယ်။

အုပ်ချုပ်သူတွေ အနေနဲ့ လူတွေကို လွတ်လပ်ခွင့် ပေးတာဟာ ဖိနှိပ်တဲ့ နည်းထက် ပိုကောင်းတယ်လို့ သူပြောနေကျ ထုံးစံ အတိုင်း အရယ် အသော လေးတွေနဲ့ သူ ပြောသွားခဲ့ ပါတယ်။ ဖိနှိပ် တာတွေ မလုပ်တဲ့ အတွက် ထောင်သွင်း အကျဉ်း ချတာတွေ မလိုတော့ သလို ပိတ်ဆို့ အရေးယူ တာတွေ လည်းမရှိ တော့ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် တဦးနဲ့ တဦး ခွင့်လွှတ်တာ၊ အပြန် အလှန် လက်ခံ တာကသာ အဖြေရ နိုင်ပြီး လက်စား ချေခြင်း အားဖြင့် အကျိုးရှိ လာမှာ မဟုတ်တဲ့ အကြောင်း သူက ပြောခဲ့ပါ တယ်။

မြန်မာ နိုင်ငံကို ရောက်လာတုန်း ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခဲ့ ရတာကို ဝမ်းသာကြောင်း၊ လက်ရှိ ပြုပြင် ပြောင်းလဲရေး တွေနဲ့ ပတ်သက်လို့ လည်း သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက် တွေကို ချီးကျူး ကြောင်းနဲ့ တဘက်မှာလည်း ရိုဟင်ဂျာတွေ ကြုံတွေ့ နေရတဲ့ ဒုက္ခတွေကို စိတ်မကောင်း ဖြစ်မိတဲ့ အကြောင်း ပြောပါတယ်။

အာဖရိက နိုင်ငံမှာ ကြုံတွေ့ ခဲ့ရတဲ့ အခြေ အနေတွေနဲ့ နှိုင်းယှဉ်ပြီး ဒီမှာလည်း နောက်ထပ် အသား အရောင် ခွဲခြားတဲ့ ပုံစံမျိုး ဖြစ်မလာ သင့်ဘူးလို့လည်း သူက ပြောခဲ့ ပါတယ်။

ဟောပြောပွဲ အပြီး သတင်းထောက် တွေနဲ့ သီးခြား တွေ့ဆုံတဲ့ အခါ မြန်မာ နိုင်ငံမှာ အတိတ်က ဖြစ်ခဲ့တာ တွေနဲ့ ပတ်သက်လို့ လူတွေက သူတို့ ဘယ်လို ခံစားခဲ့ရတယ် ဆိုတာတွေကို ပြန်ပြော ပြခွင့် ရသင့်တယ်လို့ ပြောခဲ့ ပါ တယ်။

လူအများစု အနေနဲ့ သူတို့ ဘယ်လို ဒုက္ခတွေ ခံစား ခဲ့ရတယ် ဆိုတာ ပြောပြချင် ကြတယ်။ သူတို့ ဆီမှာ အမှန်တရားနဲ့ ရင်ကြားစေ့ရေး ကော်မရှင်မှာ လူနှစ်သောင်း လောက်ရဲ့ အဖြစ် အပျက်တွေကို ကြားခဲ့ရ တာ ရှိခဲ့ တယ်။ အဲဒီထဲမှာ သူတို့ ခံစား ခဲ့ရတာ အတွက် ပြန်လည် လက်စား ချေ ခင်တယ် ဆိုတဲ့ လူမျိုး မကြုံခဲ့ ရဘူးလို့ ဘုန်းတော်ကြီး တူးတူးက ပြောပါတယ်။

တကယ် စမ်းကြည့်ရင် လူတွေရဲ့ ခွင့်လွှတ်ခြင်း တရား ကြီးမားပုံကို တွေ့လာရလိမ့် မယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံမှာ အဖမ်းခံ ထားရတဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် လျူရှောင်ဘိုနဲ့ ပတ်သက် လို့လည်း သူ့ရဲ့ စိတ်ဓါတ်ကို ချိုးနှိမ်လို့ ရမှာ မဟုတ်ကြောင်းနဲ့ တကယ့် လွတ်လပ်မှုကို ပေးတဲ့ အခါ တွေ့လာ ရမယ့် စွမ်းအားတွေ ဘယ်လောက် ကြီးမားတယ် ဆိုတာ တရုတ်နိုင်ငံ အနေနဲ့ တကယ်လုပ် ကြည့်ရင် အံသြစရာ တွေ့လာရ လိမ့်မယ်လို့ လည်း တောင်အာဖရိက ဘုန်းတော်ကြီးက ပြောခဲ့ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဘုန်းတော်ကြီး တူးတူးက အမေရိကန် စင်တာမှာ ဟောပြောခဲ့

Saturday, December 8, 2012

DASSK & UTS Talk in 2012 ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည် ပြောစကား၂ခု။




Speaking at British Parliament as first time for Asian Country's Feature

ဗြိတိန်ပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့မိန့်ခွန်း

ဗြိတိန်ပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့မိန့်ခွန်း
ဇွန် ၂၂၊ ၂၀၁၂  (မိုးမခ)
လွှတ်တော်ဥက္ကဋ္ဌ၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် -
ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း သိရှိခဲ့ပါတယ်။ ဒီလိုအခြေအတင် ဆွေးနွေးတာတွေဟာ ကောင်းပါတယ်။ ဒါဟာ ပါလီမန် လွှတ်တော်ရဲ့ အလုပ်ပါပဲ။
ကျမ အခုပဲ ဒေါင်းနင်းလမ်းက လာခဲ့တာပါ။ ကျမ အတွက် တစိမ်းနေရာတော့ မဟုတ်ပါဘူး။ တီဗွီမှာတင် မကဘဲ ကျမ ဖခင် ဦးအောင်ဆန်း ၁၉၄၇ ခုနှစ်မှာ လုပ်ကြံ သတ်ဖြတ် မခံရခင် ၀န်ကြီးချုပ် အက်တလီနဲ့ အတူ လွတ်လပ်ရေး ကိစ္စဆွေးနွေးအပြီး ဒေါင်းနင်းလမ်းရှေ့မှာ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံဟာ ထင်ရှားပါတယ်။ ဓာတ်ပုံထဲမှာ သူဟာ ဗြိတိသျှစစ်သုံး ကုတ်အကျီ င်္ရှည်ကို ၀တ်ထားပါတယ်။ သူ မကြုံဖူးတဲ့ အအေးဒဏ်ကို ခံနိုင်အောင် ဗြိတိန် အလာလမ်းမှာ အိန္ဒိယ ခေါင်းဆောင် ဂျဟာဝါလာနေရူးက ပေးလိုက်တာပါ။ ကျမလည်း အပူပိုင်း နိုင်ငံမှာ ၂၄ နှစ်လုံးလုံး နေခဲ့ပြီးတဲ့နောက် ဒီဘက်ကို အလာမှာ အဲလို ကုတ်အကျီ င်္ကိုများ လိုမလားလို့တောင် တွေးခဲ့တာမျိုး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းကတော့ ကျမ အဖေ ဓာတ်ပုံ ရိုက်သွားတဲ့ နေရာမှာပဲ အခု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဓာတ်ပုံရိုက်နေချိန်မှာတော့ မိုးတွေက ရွာနေပါတယ်။ ဒါ ဗြိတိန် ရာသီဥတုပါဘဲ။
ဒုတိယ ကမ္ဘာစစ် အတွင်းက ကျမ ဖခင်ဟာ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို တည်ထောင်ခဲ့တာပါ။ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တည်ထောင်ချင်လို့ ဒီတာဝန်ကို သူယူခဲ့တာပါ။ လွတ်လပ်တဲ့ နိုင်ငံတခုနဲ့ ထိုက်တန်တဲ့ နိုင်ငံရေး စနစ်ဟာ ဒီမိုကရေစီ စနစ်သာ ဖြစ်တယ်လို့ သူယုံကြည်ခဲ့ပါတယ်။ ကျမလည်း ဒါကို ယုံကြည်လက်ခံပါတယ်။ ဗြိတိသျှ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ဗိုလ်ချုပ်ကြီး ဆလင်းက သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းမှာ ကျမ ဖခင်နဲ့ ပထမဆုံး တွေ့ဆုံပုံ အကြောင်း ရေးထားတာ ရှိပါတယ်။ ဒုတိယ ကမ္ဘာစစ် ပြီးခါနီး ဗမာ့လွတ်လပ်ရေး တပ်မတော်က မဟာမိတ်တွေနဲ့ လက်တွဲဖို့ ဆုံးဖြတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်ကြီး ဆလင်းနဲ့ သွားတွေ့တဲ့ အခါမှာ ဗိုလ်ချုပ်ကြီးဆလင်းက ငါတို့ စစ်နိုင်နေလို့ လာပေါင်းတာ မဟုတ်လားလို့ ပြောတဲ့အခါ ကျမ အဖေက ခင်ဗျားတို့ စစ်မနိုင်ရင် လာပေါင်းလို့ ဘာအကျိုးရှိမှာလဲလို့ ပြန်ပြောခဲ့တယ်လို့ သူက ရေးထားပါတယ်။
ကျမ အဖေကို လက်တွေ့သမားလို့ ဗိုလ်ချုပ်ကြီး ဆလင်းက ယုံကြည်ပြီး လက်တွဲ လုပ်နိုင်မယ့်သူလို့ မှတ်တမ်း တင်ထားပါတယ်။ အခု အနှစ် ၆၀ ကျော်လာတဲ့ အခါမှာ ကျမလည်း ဖခင်ကြီးလို လက်တွေ့ကျကျ လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ ဒါကြောင့်လည်း အခုလို လာရောက်ပြီး လက်တွေ့အကူအညီပေးဖို့ မိတ်ဆွေအနေနဲ့ ဒိုးတူပေါင်ဖက် လာရောက် ပြောကြားနေတာပါ။ အခွင့်အရေးတွေ နှစ်ပေါင်းများစွာ ဆုံးရှုံးနေတဲ့ မြန်မာပြည်သားတွေရဲ့ ဘ၀နဲ့ အခွင့်အလမ်းတွေ အတွက် ပြုပြင်ရေး လုပ်ငန်းတွေကို ကူညီထောက်ခံကြဖို့ ကျမပြောလိုပါတယ်။
ကောင်းမွန်တဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်ဖို့ ကျမတို့ တိုင်းပြည်ဟာ အခုမှ တာစူနေတုန်းပါ။ ကျော်ဖြတ်ရမယ့် တောင်ကုန်းတွေ ချောက်ကမ်းပါးတွေ အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။ ကျမတို့ ကြိုးစားလို့ အခုအခြေအနေထိ ရောက်လာတာပါ။ ဗြိတိန်နဲ့ ကမ္ဘာတ၀ှမ်းက ပြည်သူတွေ ၀ိုင်းကူရင် ဒီထက်ပိုပြီး ခရီးတွင်ပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေး အကြောင်းဆိုတာဟာ အခု ဒီ ၀က်စ်မင်နင်စတာခန်းမကြီးမှာ ပြောရတာ အသင့်တော်ဆုံးပါဘဲ။ ကျမတို့ တိုင်းပြည်မှာ ပါလီမန် စနစ် ခိုင်မာရေးဟာ အဓိက အကျဆုံး ဖြစ်ပါတယ်။ ဗြိတိသျှ ပါလီမန်ဟာ ကမ္ဘာ့ အဖိနှိပ်ခံတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး စံ ထားရမယ့် အကောင်းဆုံး သင်္ကေတပါဘဲ။ ဒီနိုင်ငံမှာ ဒီလွတ်လပ်ခွင့်တွေဟာ အလိုအလျောက် ရှိနေပြီးသားမို့ အမှုမဲ့ ဖြစ်နေတတ်ကြပါလိမ့်မယ်။ ကျမတို့ မြန်မာနိုင်ငံမှာတော့ ဒီလွတ်လပ်မှုတွေကို နှစ်ပေါင်းများစွာ အနစ်နာခံပြီး တိုက်ပွဲဝင်နေရတာပါ။ လူတွေ အများအပြား စွန့်လွှတ် ဆုံးရှုံးခဲ့ရတာတွေ ရှိပါတယ်။ အခုမှ ဒီစွန့်လွှတ်မှုတွေရဲ့ ရလဒ် အသီးအပွင့်ကို စပြီး မြင်တွေ့စ ရနေတာပါ။
ဥပဒေပြုတဲ့ ဖြစ်စဉ်မှာ ပြည့်သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးရမှာ Wesrminster ဟာ ပြောင်မြောက်တဲ့ ဥပမာ ဖြစ်နေတာကြာပါပြီ။ မြန်မာ့ ပါလီမန်ကတော့ အခုမှ အစပဲ ရှိပါသေးတယ်။ ၂၀၁၁ မတ်လမှာ အသက်ဝင်တဲ့ ပါလီမန်ဖြစ်ပြီး ၄၉ နှစ်ကြာခဲ့တဲ့ စစ်အုပ်ချုပ်ရေး ဓလေ့ကို ကျော်လွှားနေရတဲ့ အတွက် မိမိဘာသာရပ်တည်ပြီး ပြောနိုင်ဆိုနိုင်ဖို့ အချိန်ယူရဦးမှာ ဖြစ်ပေမယ့် အရင်ရှိခဲ့တာထက် စာရင် ပိုပြီး ခိုင်မာတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် သိသာမြင်သာမူ ရှိသင့်သလောက် မရှိသေးပါဘူး။
အခြေခိုင်ပြီးသား ပါလီမန် ဒီမိုကရေစီနိုင်ငံတွေကို လေ့လာလိုပါတယ်။ ဒါမှ အချိန်ရလာတဲ့ အခါ ကျမတို့ရဲ့ဒီမိုကရေစီ ဓလေ့ဟာလည်း နက်ရှိုင်းလာမှာဖြစ်ပါတယ်။ ပါလီမန်စနစ်ကို ယုံကြည်မူ တည်ဆောက်တဲ့ ဖြစ်စဉ်ဟာ ပါလီမန်မကျင်းပမီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထု ပါဝင်လာဖို့ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းက ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ကျမ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီကနေ့အထိ ဘယ်ရွေးကောက်ပွဲမှာမှ ကျမ လွတ်လွတ်လပ်လပ် မဲဆန္ဒ မပေးဖူးပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ နေအိမ်အကျယ်ချုပ် ကနေ ကြိုတင်မဲပေးပါတယ်။ ၀င်ရောက် ယှဉ်ပြိုင်ခွင့်တော့ မရပါဘူး။ နိုင်ငံခြား အကူအညီယူတယ်။ ဘီဘီစီက ကျမဘက်က ပါတယ်လို့ အကြောင်းပြပြီး ရွေးကောက်ပွဲ ၀င်ခွင့်မပေးတာပါဘဲ။
လွန်ခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်မီမှာ အသိသာဆုံးကတော့ နိုင်ငံရေး ဖြစ်စဉ်မှာ ဘယ်လို ပါဝင်ရမယ် ဆိုတာကို မဲဆန္ဒနယ်မြေက ပြည်သူက သိရှိနေတာပဲဖြစ်ပါတယ်။ မဲပေးခွင့် ဆိုတာ လူတိုင်းကို ပေးတာ မဟုတ်လို့ အခွင့်သာတုန်း ရယူရမယ်။ ဒီအခွင့်အရေး ဆုံးရူံးရင် ဘာဖြစ်မယ် ဆိုတာကို ပြည်သူတွေ သဘောပေါက်သွားကြတာဖြစ်ပါတယ်။
ကျမ ဗြိတိန်နိုင်ငံမှာ နေစဉ်ကလည်း မဲဆန္ဒပေးခွင့် တစ်ခါမှ မရှိခဲ့ပါဘူး။ တက္ကသိုလ် ကျောင်းသူဘ၀မှာတော့ မဲပေးခွင့် မရှိပေမယ့် မိတ်ဆွေသူငယ်ချင်းတွေကို မဲဆန္ဒ ပေးဖြစ်အောင် ပေးကြဖို့ ဆော်သြပါတယ်။ ကျမ တိုက်တွန်းသလို လုပ်မလုပ်တော့ ကျမ မသိပါဘူး။ ကိုယ်ရထားတဲ့ အခွင့်အရေးကို ကိုယ်က မလေးစားရင် ပျောက်ကွယ် သွားနိုင်ဖွယ်ရှိပါတယ်။ မိမိကိုယ်မိမိ နိုင်ငံရေးထက်မြင့်တယ်လို့ ထင်သူတွေကို ပြောချင်ပါတယ်။ နိုင်ငံရေးကို ကျမတို့ အပေါ်မှာရှိတယ် သို့မဟုတ် အောက်မှာ ရှိတယ်လို့ မမြင်သင့်ပါဘူး။ နိုင်ငံရေးဆိုတာ ကျမတို့ နေ့စဉ်ဘ၀ရဲ့အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်။ ကျမ အိမ်ထောင်သည် ဘ၀မှာလည်း လင်ယောင်္ကျားကို နိုင်ငံရေးမှာ ပါဝင်ဖို့ ပြောလေ့ရှိပါတယ်။ ကျမ ကောင်းကောင်း မှတ်မိနေတဲ့ ဖြစ်ရပ် တစ်ခုရှိပါတယ်။ ကျမတို့ Oxford အိမ်ကို မဲဆွယ်သူတွေလာ တံခါးခေါက်တော့ မိုက်ကယ်က တံခါးဖွင့်ပေးပြီး ငါ့ကို စည်းရုံးနေလို့ အပိုပဲ၊ ငါဘယ်သူ့ကို မဲပေးရမယ် ဆိုတာ ငါ့မိန်းမက ဆုံးဖြတ်တာ သူ အပြင်သွားနေတယ်။ နောက်မှ ပြန်လာပါလားလို့ ပြောလိုက်တယ်။ လင်ယောက်ျား မဲပေးဖို့ ဆုံးဖြတ်တဲ့ ဇနီးကို ကြည့်ချင်လို့ ထင်ပါရဲ့မဲဆွယ်သူဟာ နောက်တစ်ခေါက် ပြန်လာပါသေးတယ်။
မြန်မာတပြည်လုံးမှာ ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းခဲ့တာ အခုဆိုရင် ရက် ၁၀၀ တောင် မရှိသေးပါဘူး။ ဧပြီလ ၁ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပတာမို့ April Fool ဆိုတာကို သတိထားမိပါတယ်။ ဒါပေမယ့် April of New Hope ဖြစ်နေပြီး မဲဆန္ဒပေးပွဲဟာ လွတ်လပ်ပြီး တရားမျှတတာ တွေ့ရပါတယ်။
သမ္မတ ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြုလိုပါတယ်။ ကျမ အရင်တုန်းက ပြောခဲ့တဲ့အတိုင်း နိုင်ငံရေး ကွဲပြားခြားနားမူတွေကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင်ရင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်အောင် အခိုင်အမာတာဝန်ယူ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မြန်မာပြည်က ရွေးကောက်ပွဲဟာ ဗြိတိန်လို အခြေခိုင်ပြီးသား ဒီမိုကရေစီ နိုင်ငံတွေနဲ့ မတူပါဘူး။ မြန်မာပြည်မှာ လူငယ်တွေ ရွေးကောက်ပွဲတွေကို စိတ်ဝင်စားမူ နည်းပါးတဲ့ ပြသနာ မရှိပါဘူး။ လူငယ်တွေ အများအပြား ပါဝင်လာတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကလေးငယ်တွေ တက္ကသိုလ် ကျောင်းသားတွေနဲ့ မြို့လုံး လမ်းတလျှောက် ကြိုဆိုကြတဲ့ လူအုပ်ကြီးကို ထိန်းသိမ်းရတာဟာ တကယ့် စိန်ခေါ်မူကြီး ဖြစ်နေပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ တောင်ကုန်းလေး တစ်ခုပေါ်မှာ အသက် ၁၀ နှစ်၊ ၁၁ နှစ် အရွယ် ကလေးတစ်စုနဲ့ သူတို့ခေါင်းဆောင်က NLD အလံထောင်ပြီး ကြိုဆိုနေတာတောင် တွေ့ခဲ့ရဖူးပါတယ်။ ကာလကြာရှည် ငြင်းပယ်ခံခဲ့ရတဲ့ အခွင့်အရေးတွေကို မဲဆန္ဒရှင်တွေက လိုချင်စိတ် ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။
၁၉၄၈ မှာ မြန်မာပြည် လွတ်လပ်ရေးရတော့ ဗြိတိန်မှာ ကျင့်သုံးတဲ့ စနစ်ကို အခြေခံတဲ့ ပါလီမန် စနစ်ကို ကျင့်သုံးတဲ့အတွက် မြန်မာလို ပါလီမန်ခေတ်လို့ ခေါ်ပါတယ်။ ကျမတို့ ပါလီမန်စနစ်ဟာ ၁၉၆၂ အထိ ခံခဲ့ပါတယ်။ အပြစ်ကင်းစင်တဲ့ စနစ်မဟုတ်ပေမယ့် တိုတောင်းလှတဲ့ လွတ်လပ်ရေးခေတ်မှာ အတိုးတက်ဆုံးနဲ့ အလားအလာ အရှိဆုံး ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာကို အရှေ့တောင်အာရှမှာ အောင်မြင်မယ့် အလားအလာ အရှိဆုံး တိုင်းပြည်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ဒါပေမယ့် မျှော်မှန်းထားတိုင်း ဖြစ်မလာတတ်တာတွေဟာ မြန်မာနိုင်ငံတင်မက နေရာတိုင်းမှာ ရှိခဲ့ပါတယ်။ အခုတခါ စစ်မှန်တဲ့ ဒီမိုကရေစီ မြန်မာပြည်မှာ ပြန်လည် တည်ဆောက်နိုင်မယ့် အခွင့်အလမ်း ပေါ်လာပါပြီ။ ဒီအခွင့်အလမ်းကို အသုံးမပြုနိုင်ရင် ဒီလို အခွင့်အလမ်းမျိုး ပေါ်လာအောင် ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရနိုင်ပါတယ်။
ဒါကြောင့်မို့ ကမ္ဘာ့ဝါအရင့်ဆုံး ပါလီမန်ဒီမိုကရေစီ ဖြစ်တဲ့ ဗြိတိန်နိုင်ငံ အနေနဲ့ ကျမတို့ နိုင်ငံရဲ့ ပါလီမန် ဒီမိုကရေစီ ထူထောင်ရေးမှာ စစ်မှန်တဲ့ လုပ်ငန်းဌာနတွေ ပေါ်လာရေး ကူညီပေးဖို့ အပြင် သမ္မတ ဦးသိန်းစိန် ဦးဆောင်လုပ်ကိုင်နေတဲ့ ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို ကြိုဆိုဖို့ ပြောလိုပါတယ်။ ဒါပေမယ့် ပြုပြင်ရေးဟာ ပုဂ္ဂိုလ်မှာ အခြေခံတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ ခိုင်မာတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ မရှိရင် ရေရှည်ခံမှာ မဟုတ်ပါဘူး။

ကျမတို့ လွှတ်တော်ဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အတော်လေ့လာဖို့ လိုပါသေးတယ်။ ဒီနေရာမှာ ဗြိတိန်က အကူအညီ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လွန်ခဲ့တဲ့လက မြန်မာ့လွှတ်တော်မှာ မိနစ်ပိုင်းလောက်နေပြီး ကျမ်းကျိန်ဆိုပွဲမှာ ပါဝင်ခဲ့ပါတယ်။ ကျမ အမြင်တော့ သိပ်ပြီး အခမ်းအနား ဆန်လွန်းနေတယ် ထင်ပါတယ်။ သမားရိုးကျအတိုင်း လွှတ်တော်ကိုယ်စားလှယ် အမျိုးသားတွေဟာ ခေါင်းပေါင်းတွေ ပေါင်းကြရပါတယ်။ Westminster မှာလို ခွန်းကြီးခွန်းငယ်နဲ့ အဖြေရခက်တဲ့ အပြန်အလှန် မကြားရသေးပါဘူး။ နောက်ပိုင်းမှာတော့ ကျမတို့ လွှတ်တော်မှာလည်း ဗြိတိသျှ ပါလီမန်လို ၀န်ကြီးချုပ်နဲ့ တိုက်ရိုက် မေးမြန်းခန်း ဆိုတဲ့ အစီအစဉ်မျိုးတွေ ပေါ်လာမယ် ဆိုရင်တော့ ဒါဟာ ကျမတို့ရဲ့ ပါလီမန် ဒီမိုကရေစီ စနစ် အသက်ဝင်လာပြီလို့ ပြောရပါလိမ့်မယ်။
နိုင်ငံရဲ့ ဘဏ္ဍာရေး ဘတ်ဂျက်ကို ပါလီမန် လွှတ်တော်က ထိန်းချုပ်ရမယ်ဆိုတဲ့ အရေးအကြီးဆုံး လိုအပ်ချက်ကိုလည်း ကျမ ထောက်ပြလိုပါတယ်။ ဒါဟာ ဘာကို ညွှန်ပြသလဲ ဆိုတော့ ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့် ဆိုတဲ့ ဒီမိုကရေစီရဲ့ အဓိက အကျဆုံး အချက်ကို ဖော်ညွှန်းနေခြင်းပါဘဲ။ အခြေခံ ဥပဒေ တရပ်ဆိုတာ ထိထိရောက်ရောက် ရှိဖို့အတွက် အလုံးစုံ တသမတ်တည်း ရေးချထားဖို့ မလိုဘူး ဆိုတာကို ဗြိတိသျှ ပါလီမန် စနစ်က လက်တွေ့ သက်သေပြနေပါတယ်။ အခြေခံ ဥပဒေ ဆိုတာကို လူထုက လက်ခံဖို့ဘဲ လိုအပ်ပါတယ်။ သူတို့နဲ့ မဆိုင်ဘဲ သီးသန့် တည်ရှိနေတဲ့ ဥပဒေ စာရွက်စာတမ်းတွေ အဖြစ်မဟုတ်ဘဲ သူတို့ ကိုယ်တိုင် ပိုင်ဆိုင်တဲ့ အခြေခံ ဥပဒေ တခု အဖြစ် လက်ခံ ထားဖို့ ဆိုတာလည်း အရေးကြီးပါတယ်။ ကျမတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို လိုလားကြောင်း အတိအကျ ဖော်ပြထားပြီးပါပြီ။ မြန်မာနိုင်ငံရဲ့ အရင်က ရှိခဲ့တဲ့ အခြေခံဥပဒေဟာ ကျမ အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီတို့ ၁၉၄၇ ခုနှစ် လန်ဒန်မှာ တွေ့ခဲ့အပြီး သိပ်မကြာခင်မှာဘဲ ရေးဆွဲခဲ့တာပါ။
အဲဒီ အခြေခံ ဥပဒေဟာ လုံးဝ ပြည့်စုံကောင်းမွန်တယ်လို့ မဆိုနိုင်ပေမယ့် လူထုရဲ့ လိုလားချက်တွေနဲ့ ဆန္ဒတွေကို လေးစားနားလည်မှုတွေ ပါရှိခဲ့ပါတယ်။
အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေခံ ဥပဒေကတော့ ၂၀၀၈ ခုနှစ်မှာ စစ်အစိုးရက ရေးဆွဲခဲ့တာပါ။ ဒီအခြေခံ ဥပဒေကို မြန်မာတိုင်းရင်းသား လူမျိုးစုတွေ အားလုံးရဲ့ အခြေခံ အခွင့်အရေးနဲ့ လိုလားချက်တွေ နဲ့ အညီ ထင်ဟပ်နိုင်ဖို့ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။
လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံမှာ တနိုင်ငံလုံး ငြိမ်းချမ်းနေတယ်ဆိုတဲ့ အချိန် မရှိခဲ့ပါဘူး။ အခုဆိုရင်ဘဲ နိုင်ငံမြောက်ပိုင်းမှာ ကချင်တပ်ဖွဲ့တွေနဲ့ တပ်မတော် အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
နိုင်ငံ အနောက်ပိုင်းမှာ ဆိုရင်လည်း လူထုအတွင်း အဓိကရုဏ်းတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ သေကြေခဲ့ရတဲ့ အပြင် ထောင်သောင်းချီပြီး ရပ်ရွာစွန့် ထွက်ပြေးနေရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီမိန့်ခွန်းကို ရေးနေတဲ့ အချိန်မှာဘဲ နိုင်ငံ အရှေ့ပိုင်းမှာ ရှမ်းတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာ အစိုးရတပ်တွေ တိုက်ပွဲပြန်ဖြစ်နေပြန်ပြီ ဆိုတဲ့ သတင်းလည်း ကြားရပါတယ်။ ကျမတို့ အနေနဲ့ ဒီပြသနာတွေရဲ့ အရင်းအမြစ်ကို ရှာပြီး ဖြေရှင်းကြရမှာပါ။ နှစ်ဘက် ညှိနှိုင်းပြီး နိုင်ငံရေး အရ အဖြေရှာတဲ့ ဓလေ့ကို ထွန်းကားအောင် လုပ်ရပါလိမ့်မယ်။ မြန်မာပြည်မှာ နေထိုင်တဲ့သူတွေ အားလုံး လွတ်လပ်လုံခြုံစွာ နေခွင့်ရစေမယ့် ဥပဒေရဲ့ စိုးမိုးမှုဆိုတာကိုလည်း မြှင့်တင်ပေးကြရပါလိမ့်မယ်။

လတ်တလော အားဖြင့်တော့ ကျမတို့ အနေနဲ့ နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းက လူထု အတွက် လူသားချင်းစာနာတဲ့ ကူညီမှုတွေ လိုအပ်နေပါတယ်။ အဲဒီမှာ အမျိုးသမီးတွေ ကလေးငယ်တွေ အပါအ၀င် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာပါ။ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေးနည်းလမ်းကျ ဖြေရှင်းဖို့ အဓိက ဖြစ်တယ်ဆိုတာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ သဘောပေါက်ပြီး ဒီလို နိုင်ငံရေးအရ ဖြေရှင်းမှုတွေ ဖြစ်လာဖို့ကို ရေတိုစီးပွားရေး လုပ်ငန်းတွေထက် ပိုပြီး ဦးစားပေး လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကွဲလွဲမှုတွေကို မစေ့စပ်ပေးနိုင်ရင် လိုလားမှုတွေကို မဖြည့်ဆည်းပေးနိုင်ရင် ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးမှု အတွက် အခြေခံ ကောင်းတွေ ဖြစ်မလာနိုင်ပါဘူး။ ဒါဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဗြိတိန်နိုင်ငံဟာ အခုလက်ရှိ ကွန်ဆာဗေးတစ်၊ လစ်ဘရယ်ဒီမိုကရက်၊ ညွှန့်ပေါင်းအစိုးရ အပါအ၀င် စဉ်ဆက် တလျှောက်လုံး မြန်မာနိုင်ငံကို အကူအညီတွေ ပေးလာခဲ့တာပါ။
ကျမတို့ နိုင်ငံအပေါ် လိုအပ်တဲ့ နေရာတွေကို အဓိက ပစ်မှတ်ထားပြီး အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်မယ့် ဖွံ့ဖြိုးရေး အကူအညီတွေ ဆက်ပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိ အချိန်အထိ ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံကို အများဆုံး အကူအညီ ပေးနေခဲ့တာပါ။ အထူးသဖြင့် ပညာရေးပိုင်းမှာ ဗြိတိန်နိုင်ငံက အဓိက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေဟာ သူတို့ရဲ့ ဘ၀မှာ ကောင်းကျိုးရလဒ် လက်ငင်း ရနိုင်ပါတယ် ဆိုတဲ့ အမြင်မျိုး ရသွားဖို့ လိုပါတယ်။ လုပ်ငန်းခွင် သင်တန်းတွေ အပြင် မြန်မာလူငယ်တွေကြားထဲမှာ ရေရှည် ခံစားနေကြရတဲ့ အလုပ်လက်မဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့ အလုပ်ခွင်တွေ ဖန်တီးပေးနိုင်ဖို့လည်း အင်မတန် အရေးပါပါတယ်။ ရေရှည်အားဖြင့်ဆိုရင်တော့ မြန်မာ့ ပညာရေး စနစ်ဟာ အင်မတန် နိမ့်ကျနေတာမို့ ပြုပြင် ပြောင်းလဲရေးတွေ လိုအပ်နေပါတယ်။ ကျောင်းတွေ၊ သင်ရိုးညွှန်းတမ်းတွေ ပြုပြင်ရေး ဆရာ ဆရာမတွေ လေ့ကျင့်သင်ကြားရေး အပြင် လတ်တလောအားဖြင့် ပညာရေး စနစ်အပေါ် ထားရှိတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆတွေကိုလည်း ပြုပြင်ရပါလိမ့်မယ်။
ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ကျမ အရင်က ပြောခဲ့ဖူးတဲ့ ဒီမိုကရေစီ နည်းလမ်းကျ ရင်းနှီးမြှုပ်နှံမှု ဆိုတာနဲ့ အညီ တတပ်တအား ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှု တာဝန်ခံမှု အလုပ်သမား အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးတွေကို ဦးစားပေးမှု စတာတွေနဲ့ ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆိုလိုတာပါ။ လုပ်အားကို အခြေခံတဲ့ ကဏ္ဍတွေမှာ တာဝန်သိသိနဲ့ ၀င်ပြီး ရင်းနှီးမြှုပ်နှံခဲ့ရင် ကျမတို့ ပြည်သူ အားလုံးအတွက် တကယ့် အကျိုးအမြတ်တွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။
ဗြိတိန်နိုင်ငံဟာ ဒီလုပ်ငန်းကဏ္ဍတွေမှာ ပွင့်လင်းမြင်သာမှုတွေကို ဆန်းစစ်လေ့လာရေး အဖွဲ့တခု မြန်မာနိုင်ငံကို ရှေ့လအတွင်း စေလွှတ်ဖို့ အဓိက လုပ်ဆောင်ပေးနေတာ တွေ့ရတယ်။ ဒါဟာ ရှေ့လာမယ့် ကာလတွေ အတွင်း ကောင်းသော ခြေလှမ်းတွေရဲ့ အစလို့ ကျမ မြင်ပါတယ်။
အောက်စဖို့ဒ်မှာ ပညာသင်ခဲ့စဉ်က ဗြိတိန်နိုင်ငံရေးသမာကြီး နှစ်ဦးရဲ့ အတွေးအခေါ်တွေက တဆင့် ပါလီမန်ဒီမိုကရေစီ ဆိုတဲ့ အကြောင်း ကျမ ပထမဆုံး နားလည်ခဲ့ရပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက် အရ အုပ်ချုပ်သူတွေဟာ အာဏာကို ရယူရမယ်၊ စွန့်လွှတ်ရမယ် ဆိုတဲ့ အခြေခံအချက် ဖြစ်ပါတယ်။ ဒီစနစ်အတိုင်း ရှေ့ဆက်သွားနေမယ်ဆိုရင် အချိန်နဲ့အမျှ အားလုံး အတွက် အခွင့်အရေးတွေ မလွဲမသွေ ရကြရမှာပါ။ ဒီအခွင့်အလမ်းတွေကို ဗြိတိန်မှာတော့ အားလုံးရပြီးသားပါ။ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၁၉၉၀ တုန်းက ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော် ခေါ်ခွင့်တောင် မရခဲ့ပါဘူး။ ကျမ အနေနဲ့ ဒီလို ဖြစ်ရပ်ဆိုးတွေကို အတိတ်မှာဘဲ ချန်ထားခဲ့ချင်ပါတယ်။ ရှေ့ အနာဂတ်မှာတော့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ လူထုရဲ့ ဆန္ဒတွေကိုဘဲ သစ္စာရှိစွာ ဖြည့်ဆည်း ထင်ဟပ်လာပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အခု ကျမ ဗမာပြည်က ထွက်လာတဲ့ ခရီးစဉ်မှာ အတိတ်က အရိပ်တွေကို လွမ်းလွတ်ဆွတ်ဆွတ် ပြန်ပြောင်းကြည့်ဖို့ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေရဲ့ လက်မှာ ဘယ်လို အခွင့်အလမ်းတွေ ရောက်လာနိုင်မလဲ ဆိုတာကို ရှာဖွေပေးဖို့ ခရီးစဉ်ပဲ ဖြစ်ပါတယ်။ ဒီခရီးစဉ် တလျှောက်မှာ ကမ္ဘာ့ပြည်သူတွေက ကျမတို့ အပေါ် ဘယ်လောက်များ ထူးထူးခြားခြား နွေးနွေးထွေးထွေး ရင်ဖွင့်ကြိုဆိုခဲ့ကြတယ် ဆိုတာ မြင်ခဲ့ရပြီးပါပြီ။ ကမ္ဘာကြီးနဲ့ ဝေးနေခဲ့ရပြီး နောက်ပိုင်း အခုလို ကြုံရတဲ့ အတွက် သိပ်လဲ စိတ်လှုပ်ရှားဝမ်းသာခဲ့ရပါတယ်။
ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ ဝေးနေတာတောင်မှဘဲ တကယ့်အရေးကိစ္စတွေမှာ နီးစပ်ပါတယ်ဆိုတဲ့ အချက်ကိုတွေ့ရပါတယ်။ မြန်မာပြည်သူတွေရဲ့ လိုလားချက်တွေကို သူတို့ နီးနီးစပ်စပ် သိကြပါတယ်။ ပထ၀ီဝင် အနေအထားအရ ကွာခြားမှု လူသားတွေ လုပ်ထားတဲ့ အကာအရံ အတားအဆီး ဘယ်အရာကမှ ကျမတို့ ကြားထဲမှာ တူညီတဲ့ တန်ဖိုးထားမှုတွေ အတွက် စည်းတားမထားနိုင်ပါဘူး။
ကျမ နေအိမ်အကျယ်ချုပ်ကျနေစဉ် ကာလတွေ အတွင်းမှာလည်း ဘီဘီစီတင်မက ကမ္ဘာ့အသံလွှင့်ဌာနတွေဟာ ကျမကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ် ရှိစေခဲ့ပါတယ်။ မိုးဇက်နဲ့ ရာဘီရှန်ဂါရဲ့ ဂီတ၊ လူမျိုးဘာသာ ပေါင်းစုံက အမျိုးသမီး အမျိုးသားတွေရဲ့ ကိုယ်ရေးရာဇ၀င် စတာတွေကို ကြားနေခဲ့ရတာ ကျမ အတွက် ဒီ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ အထီကျန် တယောက်တည်း မဟုတ်ဘူးဆိုတာ ဖြေသိမ့်စေခဲ့ရပါတယ်။
နိုင်ငံတကာဆုတွေ ဂုဏ်ပြုမှုတွေ လက်ခံရရှိတယ်ဆိုတာကလည်း ကျမတယောက်တည်း အတွက် မဟုတ်ပါဘူး။ ဒါတွေဟာ အထီးကျန် ပိတ်ဆို့ခံထားရတဲ့ သူတယောက်အတွက် ကျန်တဲ့ ကမ္ဘာကြီးနဲ့ ကူးလူးဆက်ဆံပေးနေတယ်ဆိုတဲ့ အခြေခံ လူသားခြင်းစာနာတဲ့ အသိအမှတ်ပြုမှုတွေပါဘဲ။ အခက်အခဲတွေ အများကြီးကြုံနေခဲ့ရတဲ့ ၁၉၉၀ နှစ်တွေတုန်းက ကျမကို မိတ်ဆွေတယောက်က ကဗျာဆရာ အာသာဟူဂ်ျတပ်ခ်ျရဲ့ ကဗျာတပုဒ် ပို့ပေးခဲ့ဖူးပါတယ်။ ကြိုးပမ်းမှုနဲ့ လိုအပ်ချက်တွေ အကြောင်း ရေးထားတဲ့ ဒီကဗျာရဲ့ အစပိုဒ်လေးကို ဗြိတိန်နိုင်ငံရေး သမားကြီး ၀င်စတန်ချာချီ ကိုယ်တိုင်က နာဇီဂျာမဏီတို့ရဲ့ ရန်ကနေ ကူညီ တွန်းလှန်ပေးဖို့ အမေရိကန် ပြည်ထောင်စုကို မေတ္တာရပ်ခံခဲ့စဉ်မှာ သုံးခဲ့ဖူးတယ် ဆိုတာ အားလုံး သိပါလိမ့်မယ်။ ဒီနေ့မှာတော့ ကျမ အနေနဲ့ ဒီကဗျာထဲက တခြား အပိုဒ်ကလေး တခုကိုဘဲ သုံးပြီးတော့ အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရှေ့နဲ့ အနောက်ရဲ့ နိုင်ငံရေး အမြော်အမြင်တွေကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့ပြည်သူတွေ အားလုံး ဒီမိုကရေစီ အကျိုးအမြတ်တွေကို ခံစားနိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။
နိဂုံးချုပ် အနေနဲ့ ပြောရရင်တော့ အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး အချိန်ဖြစ်ပါတယ်။ လိုအပ်ချက်တွေ အများဆုံး ရှိနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်နိုင်ငံနဲ့ မိတ်ဆွေများကို မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ မျှတတဲ့ လူ့ဘောင်ပေါ်ထွန်းရေး လုပ်ငန်းစဉ်မှာ ၀ိုင်းဝန်းပါဝင် ကူညီပေးကြပါလို့ ပန်ကြားလိုပါတယ်။ အခုလို ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဒီမိုကရေစီ ခန်းမကြီးတခုမှာ လွှတ်တော်အဖွဲ့ဝင်တွေကို မိန့်ခွန်းပြောကြားခွင့် ရရှိတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျမတို့ နိုင်ငံဟာ လက်ရှိမှာတော့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင်ဆီကို မရောက်ရှိသေးပါဘူး။ ဒါပေမယ့်လည်း မကြာခင်မှာဘဲ အားလုံးရဲ့ အကူအညီနဲ့ ရောက်နိုင်ပါတော့မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။
(မိန့်ခွန်းမူရင်း ဗီဒီယိုကိုကြည့်ရှု၍ ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။)
မူရင်း – http://www.voanews.com/burmese/news/06-21-2012-suuspeech-159950595.html
Youtube - English Original
www.youtube.com/watch?v=Uo1MHK1FBic



နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမို ထိရောက်စွှာ ပြုပြင် ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် နိုင်ငံတော် သမ္မတကြီး ၏ လမ်းညွှန် မိန့်ကြားချက်
အစည်းအဝေးကို တက်ရောက်လာကြတဲ့ ဒုတိယ သမ္မတနှင့်

ပြည်ထောင်စုဝန်ကြီးများ ၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရ ၀န်ကြီးချုပ်များ ၊

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ဥက္ကဌ များခင်ဗျား

ဒီနေ့ အစည်းအဝေးကို ခေါ်ယူရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ အစိုးရရဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ ပထမအဆင့်
(First Stage of Reform Strategy for National Development) ကို အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ယခု ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့် (Second Stage of Reform Strategy for National Development) ကို တစ်ဆင့်တက်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်ပြီး ကျွန်တော်တို့ အစိုးရရဲ့ အောက်ခြေ ရပ်ကွက် ကျေးရွာအဆင့်မှ မြို့နယ် ၊ တိုင်းဒေသကြီး/ ပြည်နယ်မှ ပြည်ထောင်စု အဆင့်အထိ ရှေးယခင် လုပ်နည်း လုပ်ဟန်တွေအတိုင်းလုပ်ကိုင်ဆောင်ရွက် နေကြတာကို မကြိုက်တော့ဘူးဆိုတဲ့ အနေအထားကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့်  Reform ကို ထိထိရောက်ရောက် ပြောင်းလဲ လုပ်ရမယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။ 

ကျွန်တော်တို့က လမ်းကြီးတွေဖေါက် ၊ တံတားကြီးတွေ ဆောက်၊ စက်မှုဇုန် ၊ စီးပွှားရေးဇုန်တွေတစ်ဘက်က တည်ဆောက်နေပေမယ့် ဒီတည်ဆောက်မှုထက် ပြည်သူတစ်ဦးချင်း ထိတတွေ့ခံစား နေရတဲ့ နေ့စဉ် တတွေ့ကြုံနေတဲ့ စားဝတ်နေရေး ၊ သွှားလာနေထိုင်ရေး ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြောင်းလဲတိုးတက်အောင် တစ်နည်းအားဖြင့် ပြည်သူတစ်ဩးချင်းရဲ့ လူမှု စီးပွှားရေး ဘ၀ကို ထိထိရောက်ရောက် တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မယ့် အစီအမံတွေကို ကျေးရွာမှအစ ကျေးရွာဖွံ့ဖြိုးမှု အစီအမံ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု အစီအမံ၊ ဒေသ ဖွံ့ဖြိုးတိုးတက်မှု အစီအမံတွေထိထိရောက်ရောက် စီမံကြဖို့ အရေးတကြီး လိုအပ်လာပါတယ်။ ဥပမာ အားဖြင့် နေထိုင်စရာ နေအိမ် အဆောက်အအုံ နဲ့ ရေလိုအပ်ချက်၊ မီးလိုအပ်ချက်၊ သွှားလာစရာ ဘတ်စ်ကား ကြပ်တည်းမှု ၊ အဆင်မပြေမှု လိုအပ်ချက်၊ အလုပ်အကိုင် အခွင့်အလမ်းတွေစီမံ ဖန်တီးပေးဖို့ ၊ သိသိသာသာ ပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူဩးရေအများဆုံးဖြစ်တဲ့ ရန်ကုန်မြို့တော်ဟာ တစ်နိုင်ငံလုံး လူဩးရေရဲ့ ၁၀ ပုံ ၁ ပုံ ရှိပြီး ထိုင်းနိုင်ငံ ၊ ဘန်ကောက် နဲ့ နှိုင်းယှဉ်ရင် များစွှာ ကွှာဟနေမှုအအပေါ်အားမလို အားမရ ဖြစ်တဲ့ လူတန်းစားအလွှာတွေရှိသလို ၊ ထက်ဝက်ကျော်သော မြို့လူထု ရဲ့ နေထိုင်ရာ ရပ်ကွက်တွေဟာ ပျဉ်ကာ ၊ ထရံကာ မီးဘေး စိုးရိမ်ရတဲ့ အဆင့်ကနေ တိုက်တာအပေါ်မတင်နိုင်သေးတဲ့ အနေအထားတွေ၊ သူတို့ရဲ့ ရေ လိုအပ်ချက် ၊ မီးလိုအပ်ချက်တွေ၊ သွှားလာရေးမှာလည်း ဘတ်စ်ကား ကြပ်တည်းမှုနဲ့ လုပ်ငန်းခွင်သွှားဖို့ မနက်ပိုင်းမှာ နှစ်နာရီလောက် သွှားလာရေးအတွက် အချိန်ကုန်ရသလို ၊ လုပ်ငန်းခွင်က အပြန်မှာလည်း ည မိုးချုပ်မှ အိမ်ပြန်ရောက် ၊ မနက် မိုးလင်း အစောကြီး ပြန်သွှား ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလို့ မကျေမနပ် အားမလို အားမရ ဖြစ်နေတဲ့ လူတန်းစား အလွှာတွေရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဈေးကွက်နေရာ ဖန်တီး မပေးနိုင်လို့ ဖြစ်စေ လမ်းဘေး ဈေးသည်များနဲ့ အာဏ္ဍာပိုင်များရဲ့ အပြန်အလှန် တားမြစ်နေမှု မြင်ကွင်းများ ၊ မြို့တွင်း ကားရပ်နားရန် နေရာ ရှားပါးလာတဲ့ က အစ ဒီမြင်ကွင်း အားလုံးကို ပြောင်းလဲသွှားအောင် ကျွန်တော်တို့ စီမံရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဟာ လူဩးရေ များပြား၍ သိသာထင်ရှားပြီး နိုင်ငံရေး ၊ စီးပွှားရေး အချက်အခြာ၊ ထင်ရှားတဲ့ ဥပမာ ဖြစ်လို့ မြင်သာအောင် ဥပမာ ပေးရခြင်း ဖြစ်ပါတယ်။ အခြား တိုင်းဒေသကြီး/ ပြည်နယ်များလည်း အလားတူ ဖြစ်စဉ်များ သူ့နေရာနဲ့သူ ရှိကြပါတယ်။

တစ်နည်းအားဖြင့် ပြောရရင် ပြည်သူ တစ်ဦးချင်း နေ့စဉ် ကြုံတွေ့ နေရတဲ့ အခက်အခဲတွေ ပြေလည်ပြီး ပြည်သူတို့ရဲ့ လူမှုစီးပွှားရေးဘ၀ သိသိသာသာ ပြောင်းလဲ သွှားအောင် Reform လုပ်ရမှာ ဖြစ်ပါတယ်။ Reform  လုပ်ရာမှာ ငါးပွက်ရာ ငါးစာချ ၊ မြေပုံ ကြည့်ပြီး ကြုံသလို နေရာချ ဆောင်ရွက်မှုမျိုး ရှောင်ကြဉ်ပြီး မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို နောင် ရေရှည်အတွက် တိုးတက်လာမယ့် လူဦးရေနဲ့ ဖွံ့ဖြိုးလာမယ့် မြို့ပြ စီးပွားရေး အခြေအနေတွေကိုပါ ထည့်သွင်းတွက်ချက်ပြီး ခပ်မြန်မြန် ဆောင်ရွက်နိုင်မယ့် အစီအမံများကို ဆောင်ရွက်သွှားကြရမှာ ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုတွေထဲမှာ မြို့ပြတွေမှာ စားသောက်ဆိုင် ဖွင့်ချင်တာ ၊
Shopping Mall ၊ ကာရာအိုကေ ၊ ကာစီနို၊ ဖွင့်ချင်တာက အစ လာရောက် စုံစမ်းကြပြီး ဒေသ အသီးသီးမှာ ရရာ မြေနေရာ ၊ ရရာ အဆောက်အဩ ရရှိရေး ကြိုးစားနေကြတာ တွေ့ရှိနေရ ပါတယ်။ ဒေသ လူတွေကလည်း မြေနေရာ လွတ်ရင်ပြီးရော ၊ ပေးလို့ရတာ အရင်ပေး စနစ်နဲ့ သွှားရင် နောင်တစ်ချိန်မှာ မြို့ပြ ဖွံ့ဖြိုးမှု အခင်းအကျင်း ပုံစံ မမှန်တော့ဘဲ Environmental Impact, Social Impact  တွေရလာနိုင်မှာ ဖြစ်ပါတယ်။ အခြားနိုင်ငံ မြို့ကြီး ပြကြီးတွေလို City Development Master Plan  ရေးဆွှဲပြီး ဘယ်နေရာကတော့ Commercial Area ဘယ်နေရာကတော့ Residential Area  ဘယ်နေရာကတော့ Plantation  ၊ ဘယ်နေရာကတော့ Forest Area, ဘယ်နေရာကတော့ Industrial Area စသဖြင့် ကြိုတင် လျာထား အကွက်ချဖို့ လိုအပ်ပါတယ်။ မြေလွတ်မြေရိုင်းများနဲ့ တောင်သူ လယ်သမားတွေစိုက်ပျိုး ဖြစ်ထွန်းမှု မြေဆီ မြေသြဇာ မကောင်းတဲ့ မြေတွေမှာ တစ်ဧကအပေါ်မှာ ရတဲ့ အကျိုးအမြတ်နဲ့ စက်ရုံတစ်ရုံမှာ ရရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို နှိုင်းယှဉ် တွက်ချက်ပြီး ကြိုတင် လျာထား စီမံ သွှားကြရမှာ ဖြစ်ပါတယ်။

မြို့နယ်တွေမှာ အစိုးရ ဘတ်ဂျက်နဲ့ စည်ပင်သာယာ ရတဲ့ အခွန်လေး ပေါ်မှာ မြို့လူထုအတွက် ရေ ၊ မီး ၊ လမ်းပန်း ဆက်သွယ်ရေးက အစ ထိရောက်အောင် မလုပ်ပေးနိုင်တာက ငွေကြေး အရင်းအနှီး လိုအပ်ချက်ကြောင့် ဖြစ်တာ တွေ့ရပါတယ်။ လယ်တစ်ဧကပေါ်မှာ ရတဲ့ အခွန်အခနဲ့ စက်ရုံ တစ်ရုံပေါ်မှာ ရရှိမယ့် အခွန်အခ ၊ အခြား ရရှိမယ့် ရေခွန် ၊ မီးခွန် ၊ ကုန်ထုတ်လုပ်မှု အခွန်အခများဟာ မြို့နယ်တစ်ခုအတွက် အခွန် တိုးတက် ရရှိစေမယ့် နည်းလမ်းတွေကိုလည်း တိုးတက် ကြံဆ သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ မြို့ပြတွေကို ကောင်စီ အုပ်ချုပ်ရေး ဘုတ်အဖွဲ့များကို ရွေးချယ်တင်မြှောက်ပြီး မြို့တိုးတက်အောင် ဆောင်ရွက်နိုင်မယ့် လူများနဲ့ နေ့စဉ် ၊ အပတ်စဉ် လေ့လာ ဆွေးနွေးတိုင်ပင် ဆောင်ရွက်ယင်း မြို့ပြတွေတစ်နှစ်ထက် တစ်နှစ် အရှိန်အဟုန်နဲ့ တိုးတက်အောင် ဆောင်ရွက် နေတဲ့ အနေအထားတွေ လေ့လာ အတုယူ ဆောင်ရွက်သွှားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ဒုတိယအဆင့်
(Second Stage of Reform Strategy for National Development) ကို ဆောင်ရွက်ရာမှာ

(၁) ပြည်သူလူထုရဲ့ လူမှုစီးပွှားရေး လိုအင်တွေကို ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မယ့် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး
(People Centered Development)  ဖြင့် ဆောင်ရွက်ရေး ၊

(၂) ပြည်သူလူထု ဗဟိုပြု တိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးပါ လာသည့် လူမှုရေး ၊ စီးပွှားရေး အသင်းအဖွဲ့များ ပါဝင်သော လူမှုအဖွဲ့အစည်
(Civil Society) များ၏ ပူးပေါင်း ဆောင်ရွက်မှု အရေးပါ လာသည့်အလျောက် မြို့နယ် တိုင်းမှာ လူမှုရေး ၊ စီးပွားရေး အသင်းအဖွဲ့များ ၊ ကျေးလက်သမ၀ါယမ အစုအဖွဲ့များ ၊ မြို့နယ် သမ၀ါယမ အသင်းများ တိုးချဲ့ ဖွဲ့စည်းပေးပြီး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်အောင် တိုးချဲ့ ဆောင်ရွက် ခြင်းဖြင့် တိုင်းပြည်၏ စွမ်းအားကို မြှင့်တင် ဆောင်ရွက်ရေး ၊

(၃) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှု စီးပွှားရေး တိုးတက်မှုအတွက် ငွေကြေး အရင်းအနှီးများ ရင်းနှီးမြုပ်နှံ သုံးစွဲ နိုင်မှု အခြေအနေ အခွင့်အလမ်းသည် လူ့စွမ်းအား အရင်းအမြစ် ပြီးလျှင် အခြေခံ အကျဆုံး အဓိက လိုအပ်ချက် ဖြစ်သည့်အတွက် ဘဏ္ဍာရေးမူဝါဒ ၊ ငွေကြေး မူဝါဒ ပြုပြင်ပြောင်းလဲမှုများနှင့်အညီ အောက်ပါ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲ ရင်းနှီးမြုပ်နှံမှုများကို ထိရောက် အကျိုးရှိစွှာ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရေးတွင် -

(က) နိုင်ငံတော် ဘဏ္ဍာရေးငွေ ဘတ်ဂျက် တိုးမြှင့် သုံးစွဲနိုင်ရေး၊ အခွန်အကောက် တိုးတက် ရရှိရေးနည်းလမ်းများ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ခြင်း ၊ ပြည်သူ့ ဘဏ္ဍာရေး
(Public Finance)  အား ထိရောက်သော စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ခြင်း၊

( ခ ) ပြည်သူတို့၏ ငွေကြေး ရင်းနှီးမြုပ်နှံ လုပ်ကိုင်မှုများ တိုးပွှားလာစေရန် ကုမ္ပဏီများ ၊ အများပိုင် ကုမ္ပဏီများ ဖွဲ့စည်းခြင်းနှင့် ငွေကြေး ဈေးကွက် ဖြစ်ပေါ်လာရေး ဆောင်ရွက်ခြင်း ၊

( ဂ ) ဘဏ္ဍာများ ၊ ငွေစုငွေချေး လုပ်ငန်းများ ၊ သမ၀ါယမ အစုအဖွဲ့များ စုပေါင်း ရင်းနှီးမြုပ်နှံ လုပ်ကိုင်မှု တိုးချဲ့ ဆောင်ရွက်ခြင်း၊

(ဃ) နိုင်ငံခြား အကူအညီ အထောက်အပံ့များ အကျိုးရှိ ထိရောကစွာခွှဲဝေ အသုံးပြုခြင်း ၊

( င ) နိုင်ငံခြား ချေးငွေများအား နိုင်ငံတော် စီမံကိန်းများနှင့်  ဒေသန္တရ စီမံကိန်းများတွင် အကျိုးရှိ ထိရောက်စွာအသုံးပြုခြင်း၊

( စ ) ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ၏ ငွေကြေး စီးဆင်း လည်ပတ်မှုများ စနစ်တကျ မှန်ကန်အောင် ဆောင်ရွက်ခြင်း၊

(၄) ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှု အတွက်
(Regional Development Plan, City Development Plan, Township Development Plan, Village Development Plan)တွေ ကြိုတင် ရေးဆွဲ၍ မြေ အသုံးချမှု မူဝါဒ နှင့် အစီအမံ (Land Use Policy and Plan) ထားရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှု များကို ဖိတ်ခေါ် တိုးချဲ့ ဆောင်ရွက်ရေး၊

(၅) မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအမံတိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေး အမြင်ဖြင့် ဆောင်ရွက်ယင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှု စီးပွှားရေး ပြသနာများ ဒွန်တွဲ ပါလာမှု အအပေါ်ဥပဒေ စည်းမျဉ်းဖြင့် ထိန်းကျောင်း နိုင်သည့် လုပ်ထုံးလုပ်နည်းများ
(Code of Conduct for Township Development)ရေးဆွဲ ဆောင်ရွက်ရေး ၊ ကူးသန်း ရောင်းဝယ်ရေး အဟန့် အတားများ ၊ ခရီးသည်နှင့် ကုန်စည် ပို့ဆောင် သွှားလာရေး အဟန့်အတားများ၊ ရုံးဌာန ညွှန်ကြားချက်နှင့် ထောက်ခံချက်များ ဆိုင်ရာ အဟန့် အတားများ စသည့် အုပ်ချုပ်မှု ဆိုင်ရာ စီမံခန့်ခွဲမှု (Administration Management) များကို Decentralize  လုပ်ပြီး ဥပဒေ စည်းမျဉ်းဖြင့် သာ ထိန်းကျောင်း၍ ပြည်သူများ အတွက် သိသာထင်ရှားသော အပြောင်းအလဲ တစ်ရပ် ပေါ်ပေါက်ရေး တစ်နည်းအားဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance )  သန့်ရှင်းသော အစိုးရ အုပ်ချုပ်မှုစနစ် (Clean Government) ဖြစ်ပေါ်လာရေး ၊

(၆) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် အပါအ၀င်ဖြစ်သော အောက်ပါ စီမံကိန်းများကို ပိုမို ထိရောကစွာတိုးမြှင့် ဆောင်ရွက်ရေးတွင် -

(က) ကျေးလက်ဒေသ ဖွံ့ ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းတွင် ကျေးရွာတိုင်း၌ ကျေးရွာ အစုအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းရေးနှင့် မြို့နယ် အဆင့်တွင်လည်း မြို့နယ် သမ၀ါယမ အသင်းများကို အမိန့်ပေးစနစ်ဖြင့် မဟုတ်ဘဲ ၄င်းတို့ ဆန္ဒအရ ဖွှဲ့စည်း၍ တစ်ဦးချင်း ကုမ္ပဏီ မထောင်နိုင်မီ စုပေါင်း ထည့်ဝင် ဆောင်ရွက်တတ်သည့် အလေ့အထဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက် တတ်သည့် အလေ့အထများ ဖြစ်အပေါ်လာအောင် ဆောင်ရွက်ခြင်း ၊

( ခ ) လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ဘဏ္ဍ်ဝန်ဆောင်မှု ၊ ဟိုတယ်နှင့်ခရီးသွှား ၀န်ဆောင်မှု ၊ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုနှင့် အခြား ကုန်ထုတ် လုပ်မှု၊ ရင်းနှီးမြုပ်နှံမှု အသီးသီး၌ ကျွမ်းကျင် ၀န်ထမ်းများ ပိုမို လိုအပ်လာသည့် အလျောက် အသက်မွေး ၀မ်းကျောင်း ကျွမ်းကျင်မှု သင်တန်းများကို ဖွင့်လှစ်၍ လေ့ကျင့် ပြုစုပျိုးထောင်ခြင်း ၊ အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက် ဖန်တီးပေးခြင်း ၊

( ဂ ) ကျန်ကဏ္ဍစီမံကိန်း (၁၄) ခုအား ဒေသအလိုက် ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန် ကဏ္ဍ စီမံကိန်း တာဝန်ယူသော ပြည်ထောင်စု ၀န်ကြီးဌာနများနှင့် ဒေသ စီမံကိန်း တာဝန် ယူသော ပြည်နယ်/ တိုင်းဒေသကြီး အစိုးရများ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်း၊

အချက်များဟာ ဒုတိယအဆင့် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ အတွက် အဓိက ဆောင်ရွက်သွှားရမယ့် အချက်တွေ ဖြစ်ကြောင်း ပြောကြားလိုပါတယ် ။



အထက်ပါ မဟာဗျူဟာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ပြည်ထောင်စု ၀န်ကြီးဌာနများအလိုက် နိုင်ငံတော် စီမံကိန်းများကို လည်းကောင်း ၊ တိုင်းဒေသကြီး/ ပြည်နယ် များအလိုက်  ဒေသန္တရ စီမံကိန်းများကို လည်းကောင်း ဆောင်ရွက်ရာမှာ ပြည်ထောင်စု အစိုးရရဲ့ ချမှတ် ဆောင်ရွက်မယ့် မူဝါဒဟာ တစ်နိုင်ငံလုံးအတွက် တူညီသော်လည်း တိုင်းဒေသကြီး / ပြည်နယ်များ ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ များရဲ့ တည်နေရာ အကျယ်အ၀န်း မတူညီမှု၊ လူမျိုး ဓလေ့နှင့် လူဩးရေ အချိုး အစားချင်း မတူညီမှု ၊ သဘာဝ အရင်းအမြစ်နဲ့ ရာသီဥတု မတူညီမှု စတဲ့ ကွှဲပြား ခြားနားမှု များကြောင့် လည်းကောင်း၊ လုံခြုံရေး ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် သွှားလာရေး အခြေအနေ များကြောင့် လည်းကောင်း၊ ဆင်းရဲချမ်းသာ ကွာဟမှု ၊ အလုပ်အကိုင် အခွင့်အလမ်း မတူညီမှု စတဲ့ အခြေအနေများ အပေါ်မှာ တိုင်းဒေသကြီး / ပြည်နယ် အစိုးရများ ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ များ အနေနဲ့ အသေးစိတ် အစီအမံ နည်းလမ်းများကို ကိုယ်တိုင် ၀ါယမထုတ် ၊ လေ့လာကြံဆ ကြိုးပမ်း အားထုတ်ဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

ရှေးကကဲ့သို့ ပြည်ထောင်စု အစိုးရက
Top Downချမှတ်ပေးမှ ဆောင်ရွက် အကောင်အထည်ဖော်တဲ့ ပုံစံအစား ကိုယ့်ဒေသ ဖွံ့ဖြိုးဖို့ ကိုယ်တိုင် လေ့လာ ကြံဆကြိုးပမ်းပြီး Bottom Up Initiative နဲ့ ကိုယ်လုပ်ချင်တဲ့ အစီအမံတွေကို ပြည်ထောင်စု အစိုးရထံ အသိပေး တင်ပြပြီး ဆောင်ရွက်သွှားကြဖို့ လိုပါတယ်။ ပြည်ထောင်စု အစိုးရအနေနဲ့ကလည်း တိုင်းဒေသကြီး/ ပြည်နယ်များကို တင်ပြ ဆောင်ရွက်စေခြင်းဟာ ပြုပြင်ပြောင်းလဲရေးကာလ (Transition Period) မှာ အောက်ပါ အချက်များကို အခြေခံ အုတ်မြစ် (Foundation)  ခိုင်မာအောင် အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းရမယ့် ကာလတစ်ရပ် ၊ အချိန်တစ်ရပ် လိုအပ်ချက်ကြောင့် ဆောင်ရွက် နေခြင်းဖြစ်ပြီး အောက်ခြေအဆင့်အထိ ဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့ ခိုင်မာ သွားတဲ့အခါမှာ အခြားနိုင်ငံများ နည်းတူ နိုင်ငံတော် အဆင့်က လုပ်ရမယ့်အပိုင်း ၊ ပြည်ထောင်စု အဆင့် ၀န်ကြီးဌာန များက လုပ်ရမယ့်အပိုင်း ၊ တိုင်းဒေသကြီး/ ပြည်နယ် များက လုပ်ရမယ့်အပိုင်း ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်‌ရ တိုင်း/ဒေသများက လုပ်ရမယ့်အပိုင်း ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်က လုပ်ရမယ့် အပိုင်းတွေဆိုပြီး သူ့အဆင့်နဲ့သူ အုပ်ချုပ်ရေး စီမံခန့်ခွဲမှု (Administrative Management System)  ပြောင်းလဲ တိုးတက်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ယခုလို အပြောင်းအလဲ ကာလမှာ ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများဟာ

မူဝါဒ ညှိနှိုင်းခြင်း ၊
မဟာဗျူဟာ ၊ နည်းဗျူဟာ အကောင်အထည် ဖော်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်းခြင်း၊
မြေအသုံးချမှု အပါအ၀င် သဘာဝ သယံဇာတ အရင်းအမြစ် အသုံးချမှုများ စီမံခန့်ခွဲမှု ညှိနှိုင်းခြင်း၊
တိုင်းဒေသကြီး/ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် ပြည်သူတို့၏ လူမှု စီးပွှားရေး ညွှန်းကိန်း တိုးတက်ရန် လိုအပ်ချက်များ ညှိနှိုင်းခြင်း၊ ကျေးလက်ဒေသ ဖွှံ့ဖြိုးရေးနှင့် ဆင်းရဲမှု လေ်ာ့ခေ်ရး ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းခြင်း၊
နိုင်ငံတော် ဘဏ္ဍာရေးငွေ ဘတ်ဂျက် ခွှဲဝေ သုံးစွဲမှု ညှိနှိုင်းခြင်း၊ အခွန်အကောက် ဆိုင်ရာ ခွှဲဝေ သုံးစွဲမှု ညှိနှိုင်းခြင်း၊
နိုင်ငံခြား အကူအညီ အထောက်အပံ့ဆိုင်ရာ ထိရောကစွာခွှဲဝေ သုံးစွဲမှု ညှိနှိုင်းခြင်း၊
ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းပြည်ပ ရင်းနှီး မြုပ်နှံမှုများ ဖိတ်ခေါ် ရင်းနှီးမြုပ်နှံ ဆောင်ရွက်ရေး ညှိနှိုင်းခြင်း၊
ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အုပ်ချုပ်မှု လုပ်ငန်းများ ခွှဲဝေ ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းခြင်း၊
ကဏ္ဍ စီမံကိန်းများ ၊  ဒေသန္တရ စီမံကိန်းများနှင့် သီးခြား ဖွံဖြိုးရေးလုပ်ငန်းစီမံကိန်းများ ၊ နိုင်ငံခြား အကူအညီ အထောက်အပံ့များ ၊ ရင်းနှီးမြုပ်နှံမှုများနှင့် ပြည်သူ လူထုနှင့် ထိတွေ့ ဆောင်ရွက်နေသော လုပ်ငန်းများကို လေးလပတ်အလိုက် လေ့လာ သုံးသပ် အကဲဖြတ်ခြင်းနှင့် လေ့လာသုတေသနပြုရေး လုပ်ငန်းများ ညှိနှိုင်းခြင်း

စတဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို လေးလပတ် အစည်း အဝေးတွေ ပြုလုပ်ပြီး ဆောင်ရွက် သွှားကြရန် လိုအပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အစီအစဉ် ရှိရှိ၊ ထိထိရောက်ရောက်ဖြစ်အောင် ယခုဆိုရင် ဘဏ္ဍရေး ကော်မရှင်ကဲ့သို့ စီမံကိန်း ကော်မရှင်ကို ဖွှဲ့စည်း ဆောင်ရွက်သွှားမှာ ဖြစ်ပါတယ်။ ဖွှဲ့စည်းပုံ အခြေခံ ဥပဒေများ ဘဏ္ဍရေး ကော်မရှင် ဖွှဲ့စည်းမှု ပါဝင်ပြီး ယင်းကော်မရှင်မှာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ၀န်ကြီးချုပ်များနဲ့ ဘဏ္ဍရေးနှင့်အခွန် ၀န်ကြီးဌာန ၀န်ကြီးတို့သာ ပါဝင်သော်လည်း စီမံကိန်း ကော်မရှင်မှာတော့ ပြည်ထောင်စု ၀န်ကြီးဌာနများ အားလုံး နဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ၀န်ကြီးချုပ်အားလုံး ပါဝင်ကြမှာ ဖြစ်ပါတယ်။

အလားတူ နိုင်ငံခြား အကူအညီ အထောက်အပံ့များ ထိရောကစွာစီမံခန့်ခွဲ အသုံးပြု နိုင်ရန်အတွက် နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု ဗဟိုကော်မတီ ဖွှဲ့စည်း ထားပြီး ဖြစ်ပါတယ်။ ယင်းဗဟိုကော်မတီ အောက်မှာ အကောင်အထည်ဖော် ဆောင်ရွက် ကြမယ့် ပြည်ထောင်စု ၀န်ကြီးဌာနများနဲ့ လုပ်ငန်းကော်မတီ ဖွှဲ့စည်းထားပြီး ပုဂ္ဂလိက ကဏ္ဍ ကမ်းလှမ်းလာမှု များအတွက်
(Civil Society) ကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံ လူမှုစီးပွှားရေး အကြံပေး ကောင်စီ ဖွှဲ့စည်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နိုင်ငံခြား အကူအညီ အထောက်အပံ့များကို သုံးစွဲရာမှာ တိုင်းဒေသကြီး/ ပြည်နယ်များ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ များမှာ ဒေသ ဖွှံ့ဖြိုးရေးနဲ့ ပြည်သူများရဲ့ လူမှု စီးပွှားရေး ဘ၀ ထိရောက် အကျိုးရှိစွှာ ဖြစ်ထွန်းရေး အတွက် အဓိက စောင့်ကြည့် ကြပ်မတ် ပူးပေါင်း ဆောင်ရွက် အကောင်အထည်ဖော်ကြရမှာ ကတော့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနဲ့ ဒေသအလိုက် ၊ မြို့နယ်အလိုက် အုပ်ချုပ်ရေး အဖွဲ့အစည်းများဘဲ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှသာ ထောင်စုနှစ် ရည်မှန်းချက်အတိုင်း ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်မှာ ဖြစ်သလို ဘတ်ဂျက်ငွေနဲ့ ဒေသ ဖွံ့ဖြိုးမှု တိုးတက်အောင် လုံလောက်မှာ မဟုတ်တဲ့အတွက် နိုင်ငံခြား အကူအညီ အထောက်အပံ့များကို ထိရောက် အကျိုးရှိအောင် ဒေသအတွက် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ များသော အားဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနဲ့ ၄င်းတို့ ခန့်အပ်သောသူများနဲ့ တိုက်ရိုက်ဆောင်ရွက်ပြီး ၄င်းတို့ သုံးသော ၀န်ဆောင်မှုစရိတ်က (၃၀% - ၄၀%) ခန့် ရှိနေတဲ့အတွက် ပြည်သူများအတွက် တစ်ဝက်ကျော် ခန့်ဘဲ ခံစားရတာ ဖြစ်ပါတယ်။ အလှူရှင်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကလည်း ၄င်းတို့၏ ကူညီ ပံ့ပိုးမှုများကို အစိုးရ အဖွဲ့အစည်းများ လက်သို့ အပ်နှံ ဆောင်ရွက်ပါက Corruption နှင့် ၄င်းတို့ သုံးစေလိုသောနေရာ မရောက်ရှိသည့် အတွက် ၄င်းတို့ ခန့်အပ်သူများနှင့် ဒေသရှိ လူမှုရေး အဖွဲ့အစည်းများ တိုက်ရိုက်ချိတ်ဆက် ပေးအပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီနေရာမှာ ဒေသရှိ လူမှုရေး အဖွဲ့အစည်းများကလည်း အကူအညီ အထောက်အပံ့ ရရင် ပြီးရော သဘောထားပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ငန်းနှင့် စာရင်းဇယားများကို တောင်းယူ သိရှိနိုင်ခြင်း မရှိဘဲ ပေးသမျှဖြင့် ဆောင်ရွက် ခဲ့မှုများ ရှိသလို အချို့ အောက်ခြေ ပါတီ နိုင်ငံရေး အဖွဲ့အစည်းများ ၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ရိုက်ချိတ်ဆက် ပေးခဲ့သည့်အတွက် ပြီးခဲ့သည့် ကိုးကန့် အရေးအခင်းတွင် နိုင်ငံခြား ရိက္ခာထောက်ပံ့ရေး အဖွဲ့အစည်း တစ်ခုမှ ရိက္ခာများသည် အဖွဲ့အစည်း အသုံးပြုရန်သာ ဖြစ်ခဲ့ပြီး ပြည်သူ့ လက်ဝယ် မရောက်ရှိခဲ့သည်ကို တွေ့ရှိရပါတယ်။ အချို့ကလည်း နိုင်ငံရေးပါတီ အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များကို ခန့်အပ် တာဝန်ပေးပြီး ဆောင်ရွက်မှုကြောင့် ပြည်သူက ထိုသူနှင့် ထိုပါတီက ကူညီသည်ဟု ထင်မှတ်မှားခဲ့သည်ကို တွေ့ရှိခဲ့ ရပါတယ်။

နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခန့်ခွဲ ဗဟို ကော်မတီ အနေနဲ့ နိုင်ငံတကာမှ အစိုးရဖြစ်စေ ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း ဖြစ်စေ မည်သည့် အဖွဲ့အစည်း ၊ မည်သည့် အကူအညီ ၊ မည်သည့် ချေးငွေ လာသည်ဖြစ်စေ ပင်မ သက်ဆိုင်သည့် ပြည်ထောင်စု ၀န်ကြီးဌာနနှင့် ကနဦးညှိနှိုင်း MOU နှင့် Agrement များကို တရားဝင် ဆောင်ရွက်စေပြီးမှသာ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် ခွှဲဝေ ဆောင်ရွက်စေမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တိုင်းဒေသနှင့်ပြည်နယ် အစိုးရများဟာ မိမိတို့ ဒေသအတွင်း နိုင်ငံတကာ အကူအညီ အထောက်အပံ့ ပေးမည့် အဖွဲ့အစည်းများ ရောက်ရှိလာပါက သတင်းပို့စေပြီး ၄င်းတို့၏ လုပ်ငန်း Project များကို ရှင်းလင်းတင်ပြစေခြင်း ၊ မြို့နယ် ဒေသအထိ ပူးပေါင်း ဆောင်ရွက် ကြီးကြပ်မှု အသွင်ဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ခြောက်လပတ် အလိုက် တိုးတက်မှု အကဲဖြတ်ခြင်း များကို ညှိနှိုင်း ဆောင်ရွက်သွှားရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံအတွင်း ကမဘာ့ ကုလသမဂ⍀ဂ အဖွဲ့အစည်း (၉)ခုနဲ့ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း INGO ပေါင်း (၅၃) ခုခန့် ရှိပြီး ၄င်းတို့အနေနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနဲ့လည်းကောင်း ၊ ပုဂ္ဂလိက လူမှုရေး ၊ စီးပွှားရေး အသင်း အဖွဲ့များ ၊ ဖောင်ဒေးရှင်းများနှင့် တိုက်ရိုက် ချိတ်ဆက်၍လည်းကောင်း ဆက်သွယ်ပေးအပ်ရန် ကမ်းလှမ်းကြတာကို တွေ့ရပါတယ်။ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း INGO များအနေနဲ့ ပြည်ထဲရေး ၀န်ကြီးဌာနမှာ မှတ်ပုံတင်ပြီးခြင်း ၊ ၄င်းတို့လုပ်မယ့် လုပ်ငန်းကဏ္ဍနဲ့ ဆိုင်တဲ့ ပြည်ထောင်စု ၀န်ကြီးဌာနထံ သတင်းပို့ တင်ပြပြီး ယင်းမှ နိုင်ငံတကာ အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု ဗဟို ကော်မတီ ခွင့်ပြုချက် ရယူ ဆောင်ရွက်ရေးကို ပြည်ထောင်စု အစိုးရ ၀န်ကြီးဌာနများနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ များက တိကျစွှာ လိုက်နာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီး အနေနဲ့ မြို့နယ်တိုင်းမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ၀င်ရောက် ဆက်သွယ်လာလျင် အစိုးရနဲ့ရော နိုင်ငံရေး ပါတီများ ၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ပါ ပတ်သက်ခြင်း မရှိဘဲ ဒေသ ဖွှံ့ဖြိုးရေး အမြင် သက်သက်ဖြင့် ဆောင်ရွက်နေကြတဲ့ အောက်ပါ လူမှုရေး ၊ စီးပွှားရေး အဖွဲ့အစည်းများကို ဖွှဲ့စည်းသွှားရန် ဖြစ်ပါတယ် -

ကုန်သည် အသင်းအဖွဲ့များ 
စိုက်ပျိုးရေး ၊ မွှေးမြူရေး အသင်းအဖွဲ့

Sunday, December 2, 2012

“ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ဆုံးမစကား“ အတ္ထုပ္ပတ္တိအကျဉ်း

Ah Yee Lin and Sa Maung shared Tun Wai's photo.


ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ်
ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့
အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့
အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။
ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ
ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့
အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က
ဝတ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့
အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား
နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ
ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား
အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း
မှန်တယ်၊ မှားတယ် သိနိုင်မယ်။”
“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့
ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့
စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊
အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့
တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး
နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး
ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး
အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ
နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။
စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ
မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို
ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ
မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။
နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ
အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို
ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့
အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။
မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့
အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။
ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊
အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊
ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့
ပြောတာပဲ။”

“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ
ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။”

“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို
ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊
လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။
ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ်
လူမျိုး ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”

“နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့
စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊
ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။
တစ်ခြား စစ်သားမဟုတ်ပေ မယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊
အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့်
စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့်
တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။
စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန်
ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ
ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ
နောက်ဆုံးမှာကြားခြင်းပဲ။”

“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ်
စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ
အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ
တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊
မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ
မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည်အကျိုးရှိရာ
ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ တိုးတက်ဖို့
နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ
ပြည်သူတွေပဲ။ သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”

“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို
ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ
ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။
အချောင်သမားအလုပ်တွေ၊ တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့
ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ တထစ်ချမှတ်ထားပါ။”

“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊
မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို
ကြည့်ရမယ်။ ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို
သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။ သို့သော် သူတို့စားသလို
ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။ ကိုယ့်ကိုယ်ကို
တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ်
ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့
ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင်
ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။
ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့
ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ
အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ
ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့
ကျုပ်သဘောပြောမယ်ဆိုယင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း
ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက်သာတယ်လို့
ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို
တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ
မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ
နောက်ဆုံးစကားပဲ။”
http://www.yinminkhine.com/
http://tunwai-states.blogspot.jp/2012/12/blog-post_1747.html
မမပေးပို့ ပါတယ်

Saturday, December 1, 2012

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ


ဓါတ်ပုံ - Eleven Media Group
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ အုန်းခြံ ရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲ အချိန်က ဒေသခံ ပြည်သူလူထုအား မိန့်ခွန်း ပြောကြား ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာတွင် မိန့်ခွန်းပြောကြားရာ၌ လက်ပံတောင်းတောင် အရေးနှင့်ပတ်သတ်၍ အနည်းငယ်သာ ပါဝင်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်က ပြောကြားခဲ့သော မိန့်ခွန်းတွင် လက်ပံတောင်းတောင် အရေးအား အဓိကထား ပြောကြားခဲ့ကြောင်းလည်း သိရသည်။

မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

တစ်ဖက်တည်း ကိုယ်လိုချင်တာချည်း တောင်းလို့မဖြစ်ဘူး။ ကျွန်မတို့နိုင်ငံအတွက် အကောင်းဆုံးအဖြေကို အားလုံးကနေ အတူတူရှာရမယ်။ အဖြေတစ်ခုရှာတယ်ဆိုတာဟာ အပေးအယူ လုပ်တတ်ရမယ်။ အလျော့အတင်း လုပ်တတ်ရမယ်။ ကျွန်မအမြဲပြောတယ်။ လောကကြီးက အနတ္တလောကပဲ အနတ္တဆိုတာ  ကိုယ်စိုးမိုးလို့ ရတာမဟုတ်ဘူး။ ကိုယ်ဖြစ်ချင်တိုင်း ဘာမှ ၁၀၀ ရာခိုင်နှုန်း ဖြစ်လို့မရဘူး။ ငါဖြစ်ချင်တိုင်း ၁၀၀ ရာခိုင်နှုန်းဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ သွားလို့တော့ ကျွန်မတို့က ဒီမိုကရေစီနိုင်ငံကိုတော့ ကောင်းကောင်းထူထောင်လို့ ရမှာမဟုတ်ပါဘူး။

ကျွန်မပွင့်ပွင့်လင်းလင်း ပြောမှာနော်။ ကျွန်မပြည်သူတွေအကြိုက်ကို လိုက်မပြောဘူး။ ပြည်သူတွေအကြိုက်ကို လိုက်ပြောတဲ့သူလည်း ပြည်သူတွေကို စေတနာရှိလို့ မဟုတ်ဘူး။ ပြည်သူတွေကို အသုံးချချင်တဲ့သူပဲ။

ကျွန်မဒီကိုလာတဲ့ကိစ္စက လက်ပံတောင်းတောင်ကိစ္စနဲ့ လာတာပဲ။ ဘာလဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ ဒီလို လိပ်ခဲတည်းလည်းနဲ့ ပြဿနာတစ်ခု ဖြစ်နေတယ်ဆိုတာ မသင့်တော်ဘူး။ နောက်ပြီးတော့ ဖြစ်နေတဲ့ ကိစ္စတွေမှာ အိမ်နီးချင်းနိုင်ငံတစ်ခုကလည်း ပါနေတယ်။ တရုတ်နိုင်ငံပေါ့။ အားလုံးခေါင်းထဲမှာ ထားရမှာက ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံအဖြစ်နဲ့ ထူထောင်မယ်ဆိုရင် ကျွန်မတို့ဟာ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ သိက္ခာနဲ့ ကိုက်ညီအောင် နေနိုင်ရမယ်။ အဲဒီဟာမှာ ဘာပါလဲဆိုတော့ နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီအောင်လို့ နေနိုင်ရမယ်။ ကျွန်မတို့ နိုင်ငံရဲ့ ပြဿနာက နှစ်ပေါင်း ၅၀ လောက် အာဏာရှင်လက်အောက်မှာ နေခဲ့ရတယ်။  နှစ်ပေါင်း ၅၀ လောက် အာဏာရှင်လက်အောက်မှာ နေခဲ့တဲ့အချိန်မှာ လုပ်ပုံလုပ်နည်းတွေဟာ ပြည်သူရဲ့ဆန္ဒမပါတဲ့ လုပ်ပုံလုပ်နည်းတွေ ဖြစ်နေတယ်။ ပွင့်လင်းမြင်သာမှုဆိုတာလည်း မရှိခဲ့ဘူး။ ပြည်သူတွေရဲ့ဆန္ဒကို ထည့်ပြီးတွက်တယ်ဆိုတာလည်း မရှိခဲ့ဘူး။ အဲဒီတုန်းက လုပ်ခဲ့တဲ့ အကျိုးဆက်တွေကို ကျွန်မတို့ ဆက်ပြိးတော့ ခံစားနေရတယ်။ ဒီလို ခံစားနေရတဲ့နေရာမှာ နှစ်ဖက် စဉ်းစားရမယ်။ အရင်တုန်းက ပြည်သူရဲ့ဆန္ဒမပါဘဲနဲ့ အာဏာရှင်နည်းနဲ့ လုပ်ခဲ့တဲ့ ကိစ္စတွေရဲ့ အကျိုးဆက်တွေကို ခံစားတဲ့နေရာမှာ ဘယ်လောက်ထိ တာဝန်ရှိတယ် မရှိဘူးဆိုတာကို စဉ်းစားရမယ်။ အရေးကြီးဆုံးကိစ္စတစ်ခုက တာဝန်ပဲ။ ကျွန်မကတော့ တာဝန်ရှိမှုကို အင်မတန်မှ လေးစားပါတယ်။ ကျွန်မတို့အားလုံးဟာ ဒီလိုစိတ်ဓာတ်ရှိရမယ်။ ဘ၀ရဲ့ဆုံးခန်းမှာ ငါဟာ တာဝန်တွေအားလုံး ကျေခဲ့ပြီ။ တတ်နိုင်သလောက် ကျေခဲ့ပြီပေါ့။ ၁၀၀ ရာခိုင်နှုန်းလည်း ကျေချင်မှကျေနိုင်မှာ။ တစ်ခါတလေမှာ တာဝန်ဆိုတာဟာ ဟိုဘက်ကတာဝန်၊ ဒီဘက်ကတာဝန် ကိုယ် ပိုပြီးအလေးထားရမယ်ဆိုတဲ့ တာဝန်ကို လုပ်ရတယ်။ တာဝန်တွေအားလုံး ကျေတယ်ဆိုတာကတော့ ဖြစ်ချင်မှဖြစ်နိုင်မယ်။ ဒါပေမယ့် အဓိကယူထားတဲ့ တာဝန်တွေတော့ ကျေတယ်ဆိုတာ ဖြစ်စေချင်တယ်။ ကျွန်မတို့နိုင်ငံက ကိုယ့်နိုင်ငံသားတွေ အားလုံးတာဝန်ရှိတယ်ဆိုတာ လက်ခံထားရမယ်။ ဒီတော့ အာဏာရှင်စနစ်အောက်က ကတိက၀တ်ပြုခဲ့တဲ့ ဟာတွေကို ကျွန်မတို့အခုခေတ်မှာ တည်ဖို့လိုလား အလေးထားဖို့လိုလားဆိုတာကို မေးရမယ်။ အဲဒီလိုမေးတဲ့အခါမှာ နိုင်ငံတကာမှာ ကျွန်မတို့နိုင်ငံရဲ့ အနေအထားကိုလည်း ပြန်ပြီးတော့ကြည့်ရမယ်။ နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် နိုင်ငံနှစ်နိုင်ငံ ကြားထဲမှာ ယူထားတဲ့ သဘောတူညီချက်တွေကို လေးစားရတယ်။ လိုက်နာရတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်ဆန္ဒမပါဘဲနဲ့ ယူထားတဲ့ သဘောတူညီချက်တွေကို အဲဒါဟာ တစ်ချို့ဟာတွေက လေးစားရမှာပဲ လိုက်နာရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့မျက်နှာနဲ့။ ကျွန်မတို့ရဲ့ အနေအထားက ဒီလိုပါပဲ။ ဆုံးဖြတ်တဲ့ နေရာမှာ ငါမပေးခဲ့တဲ့ ကတိက၀တ်တွေမို့လို့ ငါလုံးဝ မလေးစားဘူးဆိုပြီး လုပ်လို့လည်းမရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုဘက်ဒီဘက်ဆိုတာ ရှိတယ်။ ကိုယ့်ဘက်ကိုချည်း ကြည့်လို့မရဘူး။ လက်ပံတောင်းတောင်နဲ့ ပတ်သက်တဲ့ကိစ္စနဲ့ ပတ်သတ်လို့ရှိရင် ကျွန်မတို့နိုင်ငံနဲ့ တရုတ်နိုင်ငံက္ပကုမ္ပဏီနဲ့ ဘယ်လိုသဘော တူညီချက်တွေလုပ်ခဲ့လဲဆိုတာ ပြည်သူတွေအနေနဲ့ သိရမယ်လို့ ကျွန်မယုံကြည်တယ်။ သိပိုင်ခွင့်ရှိတဲ့ အပေါ်မှာ အခြေခံပြီးတော့ ညှိနှိုင်းပြီးတော့ ဆွေးနွေးတိုင်ပင်ရမယ်။ အခုဟာက ဒီမှာ လက်ပံတောင်းတောင်ပတ်ဝန်းကျင် ပျက်စီးသွားတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရဘူး။ ဒါပေမယ့် ဒီကိစ္စတွေ စတာကတော့ အခု ၂၀၁၀ မှ စတာ မဟုတ်ပါဘူး။ ကြေးနီစီမံကိန်းကို စပြီးလုပ်တာက ၁၉၈၄ ခုနှစ်က မဆလ အစိုးရခေတ်မှာ စတယ်လို့ နားလည်ပါတယ်။ နောက်ပိုင်းမှာ အိုင်ဗင်ဟိုး ကုမ္ပဏီက ၉၂ ခုနှစ်မှာ ၀င်လာတယ်။ နောက်ပိုင်း ၂၀၁၀ ကျမှ လက်ရှ္ပိကုမ္ပဏီက ၀င်လာတယ်။ အဲတော့္ပကုမ္ပဏီ အဆက်ဆက် မြန်မာနိုင်ငံက လုပ်ငန်းမှာ ပါဝင်ခဲ့တာ အခုမှဖြစ်တာ မဟုတ်ဘူး။ ဒေသခံတွေအနေနဲ့လည်း နည်းနည်းနဲ့ ကြေးနီတွေကို တူးတဲ့လုပ်ငန်းတွေကို လုပ်နေတာလည်း တော်တော်ကြာပါပြီ။ ဒါလည်း အများအသိပဲဖြစ်ပါတယ်။ အရင်တုန်းက ကျွန်မတို့နိုင်ငံသာမက တစ်ကမ္ဘာလုံးမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ အင်မတန်မှ နည်းပါတယ်။ အလေးထားတာလည်း မရှိခဲ့ပါဘူး။ အဲတော့ ကျွန်မတို့ပတ်ဝန်းကျင် ပျက်စီးလာတာဟာ အခုမှ မဟုတ်ပါဘူး နည်းနည်းနှစ်နဲ့ကြာပြီဆိုတာ အားလုံးသိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ အဲဒါ ဟုတ်တယ်မဟုတ်လား (ဟုတ်ပါတယ်)။ ကျွန်မပြောချင်တာက တာဝန်ယူစိတ်ရှိရမယ်။ ပြသနာတစ်ခု ဖြစ်လို့ရှိရင် တစ်ဖက်ကိုပဲ အားလုံးပုံချတဲ့စိတ်ဓာတ်နဲ့ လုပ်လို့မဖြစ်ပါဘူး။ ကိုယ့်တာဝန် ကိုယ်ယူနိုင်တဲ့ စိတ်ဓာတ်ရှိရမယ်။ အဲဒါဟာ လူတစ်ယောက်ရဲ့သိက္ခာ ၊ မာနလို့လည်း ပြောလို့ရတယ်။ အဲဒါဟာ နိုင်ငံတစ်ခုရဲ့ သိက္ခာ၊ နိုင်ငံတစ်ခုရဲ့ မာနလို့လည်း ပြောလို့ရတယ်။ ဒါဟာ ထားသင့်တဲ့ မာနတစ်ခုပါ။ အခုချိန်မှာ ဖြစ်နေတာတော့ နောက်ဆုံးမှာလာပြီးတော့ တာဝန်ယူတဲ့္ပကုမ္ပဏီနဲ့ ဖြစ်တာပေါ့နော်။ အရင်တုန်းက္ပကုမ္ပဏီတို့၊ မဆလခေတ်တုန်းက လုပ်ခဲ့တဲ့ကိစ္စတွေကို ကျွန်မတို့ လုံးဝလျစ်လျူရှု ထားလို့ မရဘူး။ တစ်ဖက်သတ်ကြည့်လို့ မရဘူး။ ကျွန်မက ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ ဒါကိုပြည်သူက ကြိုက်ချင်ရင်လည်း ကြိုက်မယ်။ မကြိုက်ချင်လည်း မကြိုက်ဘူး။ ကျွန်မအမြင်အတိုင်း အမှန်အတိုင်းပဲပြောမယ်။ ပြည်သူကို လှည့်ဖြားပြီး ပေါ်ပြူလာဖြစ်အောင် မစည်းရုံးဘူး။ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေအောင် နေတတ်ရမယ်။ အိမ်နီးချင်းနိုင်ငံဆိုတာ တရုတ်နိုင်ငံတစ်ခုတည်းပြောတာ မဟုတ်ဘူး။ အိန္ဒိယရှိတယ်။ ထိုင်းနိုင်ငံရှိတယ်။ ဘင်္ဂလားဒေ့ရှ်ရှိတယ်။ လာအိုရှိတယ်။ ကျွန်မတို့ အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့ အဆင်ပြေအောင် နေတတ်ရမယ်။ အဲဒါဟာ နိုင်ငံကြီးတစ်ခုရဲ့ တာဝန်ပဲ။ နိုင်ငံကြီးတစ်ခုရဲ့ သိက္ခာပဲ။ အဆင်မပြေတဲ့ကိစ္စတွေရှိရင် ညိနှိုင်းတိုင်ပင် ဖြေရှင်းရမယ်။ အဲလိုလုပ်မှ ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ်နဲ့ နေနိုင်မယ်။ နောက်တစ်ခုပြောမယ်နော်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ မတည့်လို့ ရွှေ့ပြောင်းပြီး နေလို့မရဘူး။ ဒါဟာ လုံးဝဖြစ်နိင်တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒါကတော့ ဘယ်လိုမှ ငြင်းလို့မရဘူး။ ဒီပြသနာကို ဖြေရှင်းတဲ့နေရာမှာ ကျွန်မတို့ ပြည်သူပြည်သားတွေ မနစ်နာအောင်လည်း ဖြေရှင်းရမယ်။ ကျွန်မတို့ရဲ့ နိုင်ငံအနေနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ဂုဏ်သိက္ခာရှိရှိ လုပ်နိုင်တယ်ဆိုတာလည်း ကျွန်မတို့ သေသေချာချာ သတ်မှတ်သွားရမယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ မတည့်လို့ ရွေ့ပြောင်းသွားလို့ မရပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် လင်မယားချင်းမတည့်တာကမှ ကွာရှင်းလို့ ရသေးတယ်။ အိမ်နီးချင်းနိုင်ငံတွေ မတည့်လို့ ဘယ်လိုမှ ပြောင်းလို့မရပါဘူး။ လက်တွေ့ကျကျ ကြည့်ရမယ်။ အဖြစ်ကို အဖြစ်အတိုင်း ရင်ဆိုင်ရမယ်။ ဒီကိစ္စကို ဖြေရှင်းတဲ့နေရာမှာ အစတုန်းက ဘယ်လိုသဘောတူညီချက်တွေ လုပ်ခဲ့လည်းဆိုတာကတော့ အများပြည်သူမှာ သိပိုင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုတော့ ခိုင်ခိုင်မာမာ ကိုင်သွားချင်တယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပဲ။ အဲတော့ ဒီသဘောတူညီချက်ပေါ်မှာ အခြေခံပြီးတော့ မျှတသလား၊ မမျှတဘူးလား၊ နှစ်ဦးနှစ်ဖက်စလုံးကနေ လက်ခံနိုင်အောင်လို့ ဘယ်လိုအပေးအယူလုပ်မလဲ ဆိုတာကို စဉ်းစားရမယ်။ မနေ့က ကုမ္ပဏီကအကြီးအကဲတွေနဲ့ သွားတွေ့ပါတယ်။ သူတို့ပြောတာတွေကိုလည်း ကျွန်မနားထောင်ခဲ့တယ်။ အလုပ်တစ်ခုလုပ်တယ်ဆိုရင် ဟိုဖက်ဒီဖက်ကို နားထောင်ရမယ်။ တစ်ဖက်ထဲကို နားထောင်လို့မဖြစ်ဘူး။ ကိုယ်ကြိုက်တဲ့ဘက်ကိုပဲ နားထောင်လို့မဖြစ်ဘူး။ ဒါကြောင့် ကျွန်မတရားဟောတာကိုပဲ လာနားထောင်မနေနဲ့၊ တခြားပါတီတွေ ဟောတာကိုလည်း သွားပြီးနားထောင်လိုက်ဦး။ အဲ့တာမှ ဟိုဘက်ဒီဘက် ချင့်ချိန်လို့ရအောင်။ ဟိုဖက်ဒီဖက်နားထောင်မှ အဖြေရှာနိုင်မှာပါ။ လက်ပံတောင်းတောင်နဲ့ ပတ်သက်တဲ့ အဓိကကျတဲ့ ရွာလေးရွာနဲ့ ဒီနေ့မှ ဆွေးနွေးဖြစ်မှာ။ ဒီလိုဆွေးနွေးတဲ့ အခါမှာ ဟိုဘက်ဒီဘက်အမြင်ကို အများကြီး နားလည်လာတယ်။ အခုချိန်မှာဆို၇င် ဒီမှာလုပ်နေတဲ့ ကုမဏီတွေကလည်း ညှိနှိုင်းချင်တဲ့စိတ် ရှိလာပါတယ်။ အဲဒါ ကောင်းပါတယ်။ တစ်ဖက်က လက်ကမ်းရင် ကိုယ်ကလည်း ပြန်ကမ်းရပါတယ်။ ဒီလိုနည်းနဲ့မှ တိုးတက်မှုရနိုင်ပါတယ်။ ကျွန်မတို့ဟာ စိတ်ကာက်တဲ့စိတ်နဲ့ လုပ်လို့မရဘူး။ ကိုယ့်စိတ်ကိုယ် အလေးထားလို့ မရဘူး။ ရေရှည်ကို ကြည့်ရမယ်။ ကိုယ့်ရွာသူရွာသားတွေရဲ့ ခံစားချက်ကို တော်တော်လေး နားလည်လာပါတယ်။ ဒီခံစားချက်ကို ပြေလည်အောင်လည်း လုပ်ရမယ်။ တော်င်သူလယ်သမားတွေဟာ မြေမရှိရင် ဘာလုပ်ရမှာလဲတဲ့။ အများကြီး နားလည်ပါတယ်။ ကြေးနီစမံကိန်းဆိုတာ ရေရှည်စီမံကိန်း မဟုတ်ဘူး။ ဒါ နားလည်သလေဘာက် နှစ် ၃၀ လောက်ထိပဲ လွန်ရောကျွံရော။ ဒီကြေးနီထုတ်လပ်ရေးဟာ ဖြစ်နိုင်တယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ ကမ္ဘာတည်သရွေ့ ဘယ်လိုဆက်ပြီး လုပ်သွားမလဲဆိုတာ သိရမယ်။ စီမံကိန်တွေနဲ့ သွားရမယ်။ ရေရှည်အကျိုးရိမယ့် ပုံစံမျိုး ညှိပြီးတော့ လုပ်ယူ၇မယ်။ တော်တော်မျးများကတော့ စီမံကိန်းကို ချက်ချင်းရပ်သွားအောင် လုပ်ပေးပါလို့ တောင်းဆိုတယ်။ ပွင့်ပွင့်လင်းလင်းပြောပါမယ်။ စီမံကန်းရပ်သွားအောင် လုပ်ပေးနိုင်တဲ့  အခြေအနေမရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းနှစ်ခုရှိပါတယ်။ တစ်ခုကတော့ ဘယ်လိုစာချုပ် ချုပ်ထားတယ်ဆိုတာ ကျွန်မမသိပါဘူး။ အစိုးရနဲ့ ကုမ္ပဏီနဲ့ ချုပ်ထားတဲ့စာချုပ်၊ နောက်တစ်ခုကတော့ ကျွန်မတို့ တစ်ပတ်ကျော်ကျော်လောက်က အဆိုတင်သွင်းခဲ့တာပါ။ အဆိုအရ လက်ပံတောင်းတောင်ကိစ္စကို သေသေချာချာ စိစစ်ဖို့ ကော်မရှင်တစ်ခုဖွဲ့ရေး ဖြစ်ပါတယ်။ ဒီကော်မရှင်ထဲမှာ ပြည်သူလူထုအများက ရိုသေလေးစားပြီးတော့ လက်ခံနိုင်တဲ့သူတွေလည်း ပါရမယ်။ အစိုးရဘက်ကလည်း ပါရမယ်။ ကျွမ်းကျင်သူတွေလည်း ပါရမယ်။ အဲလိုကော်မရှင်တစ်ခုအနေနဲ့ ဒီကိစ္စကိ လူမှုရေးဘက်က စီးပွားရေးဘက်က ပတ်ဝန်းကျင်ဘက်က အားလုံးကို အမြန်ဆုံး လေ့လာပြီးတော့ အစီရင်ခံစာတင်ဖို့ ဖြစ်ပါတယ်။ အဲလို လုပမှပဲ ကျွန်မတို့ တစ်နိင်ငံလုံးကရော၊ တစ်ကမ္ဘာလုံးကရော လက်ပံတောင်းတောင်ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သွားမှာ။ ဘာတွေဖြစ်နေလဲ။ ဘယ်လိုဖြစ်နေလဲ။ ဘယ်သူတွေက ဘယ်လိုနစ်နာမလဲ။ နစ်နာမှုတွေကို ဘယ်လိုရှောင်နိုင်မလဲ။ ဘယ်လိုပြန်ပြီးတော့ ဖြစ်ပြီးသား ကိစ္စတွေကို ပြန်ပြီးတော့ ကောင်းအောင်ဘယ်လိုလုပ်နိုင်မလဲ၊ ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ ဆိုတာ အဲဒါ အဖြေကို ရှာရမှာဖြစ်ပါတယ်။ ကျွန်မကတော့ အဖြေရှာပြီးတော့ အဖြေပေါ်မှာ အခြေခံပြီးတော့ အားလုံးကောင်းအောင် စီမံကိန်းတစ်ခုကို ချသင့်တယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ လူကြီးပီသတယ်။ ရင့်ကျက်တယ်။ အပေးအယူလုပ်မယ် ကိုယ့်ဘက်ကနေ ပြီးတော့ အတတ်နိုင်ဆုံး သည်းခံမယ်။ အတတ်နိုင်ဆုံး သဘောထားကြီးကြီးနဲ့ လုပ်မယ်။ အဲလိုဆိုရင် နောက်တစ်ဖက်ကလည်း ဒီလိုပဲတုန့်ပြန်လိမ့်မယ်လို့ ကျွန်မ မျော်လင့်ပါတယ်။ ကျွန်မတို့ကနေပြီးတော့ သဘောထားကြီးကြီးနဲ့ ဦးတည်တယ်ဆိုရင် တစ်ဖက်ကလည်း ဒီလို ဦးတည်လိမ့်မယ်လို့ ယုံကြည်တယ်။ ဦးတည်အောင်လည်း လုပ်နိုင်စွမ်းရှိမယ်လို့ ယုံကြည်ပါတယ်။

တစ်ခုကတော့ သံဃာတော်တွေနဲ့ သပိတ်စခန်းမှာ ပြောရမယ်ဆိုရင်တော့ အင်မတန် ကြမ်းကြမ်းတမ်းတမ်းနဲ နှိမ်နင်းလိုက်တယ်။ ခွဲလိုက်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်နဲ့တွေ့ဖို့ စီစဉ်ထားပါတယ်။ ဘာကြောင့် ဒီလို ကြမ်းကြမ်းတမ်းတမ်း လုပ်ရတာလဲလို့။ ပြည်သူ အနေနဲ့ မေးပိုင်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။ ပြဿနာရှာချင်လို့ မဟုတ်ပါဘူး။ ပြဿနာရှင်းချင်လို့ပါ။ ဒီလောက်လုပ်ဖို့ လုံးဝမလိုအပ်ပါဘူး။ ဒီလိုပြောလို့ ပြည်သူကို စိတ်စွပေး တာမဟုတ်ဘူးနော်။ ကျွန်မပြည်သူကို စိတ်စွပြီးတော့ ဘယ်တော့မှ မစည်းရုံးဘူး။ ပြည်သူတွေအနေနဲ့ စဉ်းစဉ်းစားစားနဲ့ ဆုံးဖြတ်နိုင်အောင်လို့ လုပ်ရတာပါ။ မနေ့ညတုန်းက ဆေးရုံမှာ ဒဏ်ရာရနေတဲ့ သံဃာတွကို ဖူးလိုက်ပါတယ်။ မဖူးမီ မိးလောင်တဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ပါတယ်။ တော်တော်ဆိုး တာပဲ၊ သံဃာတော်တွေရဲ့ ဒဏ်ရာကလည်း တော်တော်ကို ဆိုးတာပဲ။ အဲဒီလောက်ထိ ဘာဖြစ်လို့ လုပ်တယ်ဆိုတာ ပြည်သူအနေနဲ့ သိပိုင်ခွင့်ရှိတယ်လို့ ထင်ပါတယ်။ နားလည်သလောက်ကတော့ သမ္မတရုံးကနေပြီးတော့ ထုတ်ပြန်ချက်နှစ်မျိုး ထုတ်ပါတယ်။ တစ်မျိုးက မီးလောင်ဗုံးမသုံးခဲ့ပါဘူး။ မျက်ရည်ယိုဗုံးပဲ သုံးခဲ့ပါတယ်တဲ့။ နောက်တစ်ခါ အဲဒါကို ရုပ်သိမ်းပါတယ်ဆိုတာ ထုတ်တယ်။ ကျွန်မ နည်းနည်းခေါင်းမှာ ရှုပ်သွားပါတယ်။ အဲဒီတော့ ကျွန်မခေါင်းရှုပ်တာလည်း ရှင်းရင်းနဲ့ ပြည်သူတွေခေါင်းရှုပ်တာလည်းရှင်းဖို့ သက်ဆိုင်ရာအာဏာ ပိုင်တွေနဲ့ကြည့်ပြိး လုပ်ပါမယ်။

မြန်မာနိုင်ငံမှာ သတ္တုတွင်းဝန်ကြီးဌာနဆိုတာ ရှိပါလျက် ဘာကြောင့်ကြေးနီစီမံကိန်းက ဦးပိုင်လက်အောက်ကို ရောက်သွားတာပါလဲတဲ့

(ပြည်သူထဲမှ စာဖြင့်မေးသည်ကို ဖတ်ပြခြင်းဖြစ်)

ဦးပိုင်ကုမ္ပဏီဆိုတာကတော့ စစ်တပ်နဲ့ဆက်စပ်နေတယ်ဆိုတာ အများသိပါတယ်။ တပ်မတော်ဟာ ကျွန်မတို့နိုင်ငံနဲ့  ဆက်စပ်နေပါတယ်။ တစ်ချို့က ကျွန်မအနေနဲ့ တပ်မတော်အပေါ်မှာ မေတ္တာထားတယ်ဆိုရင် မကြိုက်ကြပါဘူး။ မတတ်နိုင်ဘူး။ ထားတာက ထားတာပဲ။ ဒါကတော့ ကျွန်မ အမှန်အတိုင်းပြောတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက ငယ်ငယ်ကတည်းက ဖေဖေ့သမီးအနေနဲ့ ကြီးလာတာကိုး။ တပ်မတော်အပေါ်မှာ မေတ္တာမထားဘဲနဲ့ကို မနေတတ်ဘူး။ ငယ်ငယ်ကတည်းက မွေးကတည်းက တပ်မတော်အပေါ်မှာ မေတ္တာထားဖို့ သင်ခဲ့တော့ မေတ္တာကတော့ ဘယ်လိုမှ မပျောက်ကွယ်သွားနိုင်ဘူး။ လုပ်တဲ့ ကိစတွေကိုတော့ ကျွန်မ မကြိုက်ဘူးပေါ့။ အထူးသဖြင့် ကျွန်မအပေါ်မှာလုပ်တာလည်း မကြိုက်ဘူး။ ပြည်သူအပေါ်မှာလုပ်တာလည်း မကြိုက်ဘူး။ မကြိုက်သော်လည်း မေတ္တာတော့ မပျက်ပါဘူး။ အဲတော့ ဦးပိုင်လီမိတက်ဆိုတာလည်း ဦးပိုင်နဲ့ဆက်စပ်နေတယ်ဆိုတော့ ကျွန်မတို့ ဒီကိစ္စတွေကို ချဉ်းကပ်တဲ့အခါမှာ သဘောထားကြီးကြီးနဲ့ နောက်ဆုံးကျတော့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ပဲ ချဉ်းကပ်မယ်လို့ ကျွန်မပြောပါရစေ။ မသိချင်ယောင်တော့ ဆောင်မနေပါဘူး။ မေးသင့်တာတွေတော့ ကျွန်မမေးမှာပါ။ ဒါပေမယ့် မေးတယ်ဆိုတာဟာ ကောင်းတဲ့အဖြေတစ်ခုကို လိုချင်လို့ မေးခွန်းမေးတာပါ။ ဖြေလိုက်တဲ့အဖြေကို ပြောတာမဟုတ်ဘူး။ ဖြေလိုက်တဲ့အဖြေပေါ်မှာ အခြေခံပြီး ဘယ်လိုအကောင်းဆုံး ဖြစ်နိုင်မလဲဆိုတာကို အဲဒါကိုလုပ်ဖို့ ကျွန်မတို့ရည်ရွယ်တာပါ။ ဥိးပိုင်က တာဝန်ခံတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်မယ်။ ပြည်သူကတော့ ဒီလိုမေးနေတယ်။ ကျွန်မဘယ်လို ဖြေရမလဲလို့။

ကျွန်မတစ်ခုတော့ သတိပေးမယ်နော် ကျွန်မတို့စိတ်ထဲမှာ အာဃာတတွေတော့ မထားပါနဲ့။ အာဃာတတွေထားလို့တော့ ကျွန်မတို့နိုင်ငံ တိုးတက်ရေးအတွက် အင်မတန်မှ ခက်ပါတယ်။ ကျွန်မတို့ ရုန်းကန်ခဲ့ရတယ်ဆိုတာ အနှစ်၂၀ ကျော်ပါပြီ။ ညတုန်းကလည်း သံဃာတော်တွေကို တွေ့ဆုံခဲ့ပါတယ်။ ဒီအနှစ် ၂၀ ကျော် ရုန်းကန်ခဲ့ရတဲ့အချိန်မှာ ကျွန်မစိတ်ထဲမှာ ဘာရှိလဲဆိုတော့ ကျွန်မနှလုံးသားထဲမှာ အမုန်းတ၇ားဝင်သွားရင် ကျွန်မရှုံးတော့မယ်လို့ ကျွန်မခိုင်ခိုင်မာမာ စွဲထားတယ်။ အမုန်းတရား ၀င်သွားရင်တော့ ကျွန်မရှုံးမှာ။ ကျွန်မကို တိုက်ခိုက်နေတဲ့သူတွေ ရှုံးမှာမဟုတ်ဘူးလို့ ဆိုပြီး ကျွန်မနှလုံးသားထဲကို ဘယ်တော့မှ အမုန်းတရား အ၀င်မခံခဲ့ဘူး။ ကံကောင်းထောက်မလို့လည်း ၀င်လည်းဝင်မလာပါဘူး။ ကျွန်မတို့ ပြည်သူတွေလည်း ဒီလိုပဲထားစေချင်တယ်။ မတရားတဲ့ကိစ္စဆိုရင် မခံရဘူး။ ဒီလိုပဲ ကိုယ်ကနေပြန်ပြီး ကာကွယ်ရမယ်။ ကိုယ်ကနေ ပြန်ပြီးတုန့်ပြန်ရမယ်။ အမုန်းတရားနဲ့ မဟုတ်ဘူး။ အမှန်တ၇ားကို အခြေခံပြီး ခေါင်းအေးအေး ပြန်ပြီးတော့ တုန့်ပြန်ရမယ်။ လက်ပံတောင်းတောင် ကိစ္စနဲ့ ပတ်သက်လို့လည်း ကျွန်မဒီအတိုင်းပဲ လုပ်ချင်တယ်။ အမှန်တရားပေါ်မှာ အခြေခံပြီး တုန့်ပြန်မယ်။ အမုန်းတရားပေါ်မှာ အခြေခံပြီး ကျွန်မတို့ မတုန်ပြန်ဘူး။ အာဃာတတွေပေါ်မှာ အခြေခံပြီး မတုန့်ပြန်ဘူး။ အဲဒီလိုလုပ်တဲ့အခါမှာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အများကြီး လိုလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက ပါဝင်ပြီးထောက်ခံမှ လုပ်ငန်းတစ်ခု အောင်မြင်အောင် လုပ်နိုင်မှာပါ။ အားလုံးသိတယ်နော်။ အာဏာရှင် စနစ်ဆိုတာ နှစ် ၅၀ တည်ခဲ့တယ်။ ဒါပေမယ့် ပြည်သူက မထောက်ခံခဲ့တော့ အာဏာရှင်စနစ်ဟာ ပြိုလဲခဲ့ပါတယ်။ အာဏာရှင်စနစ် ပြိုလဲရုံနဲ့လည်း ကျွန်မတို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်ပြီလို့ ပြောလို့မရသေးဘူး။ ဖြစ်အောင်လုပ်ဖို့ အလုပ်တွေကလည်း အများကြိးကျန်ပါသေးတယ်။ အဲဒီလိုအလုပ်တွေ အောင်မြင်ဖို့ဆိုတာလည်း ပြည်သူကပါမှ ဖြစ်ပါမယ်။ ပြည်သူက ပါတယ်ဆိုတာမှာလည်း ရွေးကောက်ပွဲမှာ မဲထည့်ရုံနဲ့ မပြီးသေးဘူး။ ကိုယ်လုပ်နေတဲ့အလုပ်တွေဟာ ဒီမိုကရေစီနိုင်ငံသူ၊ နိုင်ငံသား တစ်ယောက်ရဲ့ လုပ်ရပ်နဲ့ ကိုက်ညီရဲ့လားဆိုတာ စဉ်းစားရမယ်။ အမြဲတမ်းစိစစ်ပါ။ နိုင်ငံရေးဆိုတာ အားလုံးနဲ့ဆိုင်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံရေးမှာ ပိုဆိုင်ပါတယ်။ ဘာမဆို ခေါင်းအေးအေးနဲ့ စဉ်းစားပါ။ ကျွန်မတစ်ခုပြောမယ်။ လူတိုင်းလူတိုင်း ညမအိပ်ခင်ကလေးမှာ အဲဒီမေးခွန်းကို စဉ်းစားကြည့်စေချင်တယ်။ ငါဒီနေ့ ဒီမိုကရေစီနိုင်ငံသားတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့အညီ နေခဲ့ရဲ့လားဆိုတဲ့ မေးခွန်းကို ပြန်မေးစေချင်တယ်။ မနေ့က ကြေးနီစီမံကိန်းက အပြန်မှာ ဟောပြောပွဲတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်မပြောခဲ့ပါသေးတယ်။ ကျွန်မတို့ဟာဆက်ပြီးတော့ ရုန်းကန်ရမှာတွေ အများကြီးရှိတယ်။ ဆက်ပြီး ရုန်းကန်တဲ့နေရာမှာ စည်းစည်းလုံးလုံးနဲ့ နေရမယ်။ ကျွန်မတို့နိုင်ငံဟာ ပြန်လည်ရင်ကြားစေ့ရေး လုပ်ရမယ်။ ပြန်လည်ရင်ကြားစေ့ရေး ဆိုတာဟာ ကျွန်မတို့ တိုင်း၇င်းသားတွေကြားမှာလည်း လုပ်ရမယ်။ ကျွန်မတို့ ပြည်သူတွေကြားထဲမှာလည်း လုပ်ရမယ်။ အဖွဲ့အစည်းအတွေ ကြားထဲမှာလည်း လုပ်ရမယ်။ အဲဒီအတွက် ပြည်သူတွေအားလုံး ပါလာမှဖြစ်မှာပါ။ ပြည်သူတွေကို လှည့်ဖြားပြီးတော့လည်း မစည်းရုံးဘူး။ အစကတည်းက ပြောထားတယ်နော်။ အကောင်းဆုံးပဲ ကြိုးစားမယ်။ ဘာလုပ်ပေးမယ်။ ညာလုပ်ပေးမယ်ဆိုပြီး ကတိတွေပေးလို့ မရဘူး။ ကျွန်မ အကောင်းဆုံး ကြိုးစားမယ်။ ကျွန်မ အကောင်းဆုံးထက်တော့ ပိုမတတ်နိုင်ဘူးလေ။ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားမှာပဲ။ အတတ်နိုင်ဆုံးက မလုံလောက်ဘူးဆိုရင်လည်း ပိုပြီးတတ်နိုင်တဲ့သူတွေ ရှာရမှာပဲ။ အဲဒီတော့ အတတ်နိုင်ဆုံး ကြိုးစားမယ်။ ကျွန်မက ၀ိဇ္ဇာဖော်ဂျီလည်း မဟုတ်ဘူး။ ဒါပေမယ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားပါမယ်။ ဒီလိုကြောင့် ဒီလိုဆုံးဖြတ်တယ်ဆိုတာကို ပြည်သူတွေကို ကျွန်မရှင်းပြပါမယ်။ ပြည်သူတွေအနေနဲ့လည်း ကျွန်မရဲ့လုပ်ဆောင်မှုတွေကို ထောက်ခံမလား၊ မထောက်ခံဘူးလားဆိုတာ ကိုယ့်ဘာကိုဆုံးဖြတ်ပါ။ ကျွန်မကတော့ မှန်မှန်ပြောရရင် ထောက်ခံစေချင်တာပေါ့နော်။ သဘာဝကျကျ ပြောရရင်တော့ ထောက်ခံစေချင်တာပေါ့။ မထောက်ခံလို့ကတော့ ကျွန်မအလုပ်တွေကလည်း လွယ်မှာမဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံရဲ့အကျိုးကို ရေရှည်အနေနဲ့ စဉ်းစားပါတယ်။ ရေတိုအနေနဲ့ မစဉ်းစားပါဘူး။ မနက်ဖြန် သန်ဘက်ခါအတွက်၊ နောက်လ နောက်နှစ်အတွက် မစဉ်းစားဘူး။ အနောက်မှာ အင်မတန်မှ ပြတ်ကျန်ရစ်ခဲ့တဲ့ နိုင်ငံဟာ ကျန်တဲ့နိုင်ငံတွေကို ဘယ်လိုလိုက်နိုင်မလဲဆိုတာ အမြဲပဲ စဉ်းစားနေတဲ့ ကိစ္စပဲ။ အဲလိုစဉ်းစားတဲ့အခါမှာ ပြည်သူလူထုကလည်း ပါဝင်ပြီးတော့ စဉ်းစားစေချင်တယ်။ ပြည်သူကလည်း ယုံကြည်လို့သာ ထောက်ခံစေချင်တယ်။ ယုံကြည်ချက်နဲ့ ထောက်ခံမှ ထိရောက်တဲ့ထောက်ခံမှုဖြစ်မယ်။

အခုကြေးနီစီမံကိန်းနဲ့ ပြဿနာတွေကို ပြေပြေလည်လည်နဲ့ ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းချင်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းမယ်။ ဒေသခံတွေရဲ့ ရေရှည် အကျိုးကိုကြည့်ပြီး ဖြေရှင်းမယ်။ ရေရှည်အကျိုးဆိုတာဟာ မနက်ဖြန် သန်ဘက်ခါအတွက်လည်း မဟုတ်ဘူး။ နောက်နှစ်အတွက်လည်း မဟုတ်ဘူး။ ဒီကြေးနီစီမံကိန်းပြီးတဲ့ နောင်အနှစ် ၃၀ မှာလည်း ဒေသခံတွေဟာ  ပြည့်ပြည့်စုံစုံနဲ့ ရပ်တည်နိုင်ဖို့ကို ကြည့်ပြီးလုပ်သွားမယ်။  အဲလိုလုပ်ရတဲ့နေရာမှာ အပေးအယူလုပ်ရမယ်ဆိုတာကို အခုကတည်းက ပြောထားပါ၇စေ။ နိုင်ငံတစ်နိုင်ငံမှာပဲဖြစ်ဖြစ် အဖွဲ့အစည်း တစ်ခုခုမှာပဲဖြစ်ဖြစ် ပြဿနာတွေဆိုတာ ရင်ဆိုင်ရတာပဲ ဒီပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ အပေးအယူလုပ်တဲ့ နည်းသာလျင် ယဉ်ကျေးတဲ့ပုဂိုလ်များရဲ့ နည်းလမ်းဖြစ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကိုယ်နဲ့မတည့်သူကို မီးပုံးနဲ့လည်း ပစ်လို့မရဘူး။ သေနတ်နဲ့လည်း ပစ်လို့မရဘူး။ ပြည်သူတွေရဲ့ အားဆိုတာလည်း ရှိတယ်။ ပြည်သူတွေရဲ့ အားဆိုတာ မနည်းတဲ့အားတွေပါ။ မနည်းတဲ့အားတွေမို့ အလွဲသုံးစား မလုပ်ရဘူး။ မှန်မှန်ကန်ကန်နဲ့ သိက္ခာရှိရှိသုံးဖို့ပဲ လိုပါတယ်။ ကျွန်မလည်း ကျွန်မမှာရှိတဲ့အားကို မှန်မှန်ကန်ကန်နဲ့ သိက္ခာရှိရှိ သုံးဖို့ကြိုးစားပါမယ်။ နောက်ဆုံးကျတော့ ပြည်သူပဲ ရှိပါတယ်။ ဘယ်သူမှ မရှိပါဘူး။ ဒီအားကိုးချက်နဲ့ လုပ်နေတာပဲ။ အားကိုးစရာမရှိရင် ကျွန်မရဲ့လုပ်ငန်းတွေဟာလည်း အောင်မြင်စရာ မရှိပါဘူး။ လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်လို့ အာဏာပိုင်တွေနဲ့ ကျွန်မတွေ့ဖို့ရှိတယ်။ ရွာသူရွာသားတွေနဲ့ တွေ့ဖို့ရှိတယ်။ အားလုံးအဖြေရှာပြီးတော့ အကောင်းဆုံးဖြစ်အောင်လို့ ကြိုးစားသွားမယ်။ ကျွန်မတို့ ဘယ်လိုဆုံးဖြတ်တယ်။ ဘယ်လိုဖြစ်တယ် ဘယ်လိုအဖြေပေါ်တယ် ဆိုတာကို ကျွန်မတို့ရဲ့ ပြည်သူတွေသိအောင် ကျွန်မအသိပေးပါမယ်။ အသိပေးပြီးတဲ့အခါကျရင်လည်း ပြည်သူတွေအနေနဲ့ ခေါင်းအေးအေးနဲ့ စဉ်းစားကြပါ။ ဒါ ဖြစ်သင့်သလား မဖြစ်သင့်ဘူးလား။ သဘောတူတဲ့သူရှိမယ်။ သဘောမတူတဲ့သူရှိမယ်။ ဒါပေမယ့် ဒီမိုကရေစီလမ်းကို လျောက်ချင်တယ်ဆိုရင် အများရဲ့ သဘောတူညီချက်ကို လေးစားရလိမ့်မယ်။ ဒီလိုအများရဲ့ သဘောတူညီချက်ကို လေးစားလို့  အများရဲ့ဆုံးဖြတ်ချက်ကို လေးစားလို့ အနည်းစုရဲ့ ခံစားချက်ကို ကျွန်မတို့ လျစ်လျူရှုမှာ မဟုတ်ပါဘူး။ အနည်းစုရဲ့ ခံစားချက်ကိုလည်း လေးစားရမယ်။ ဒါပေမဲ့ အပေးအယူဆိုတာတော့ လုပ်ရမှာပေါ့။ ကျွန်မတို့နိုင်ငံဟာ ဒီမိုကရေစီ လမ်းပေါ်ကို ရောက်သွားပြီလို့ ပြောနေကြတယ်။ ကျွန်မခဏခဏ ပြောတယ်။ ဒီလမ်းဟာ ဘယ်သူမှ ဆောက်ပေးထားတဲ့ လမ်းမဟုတ်ဘူး။ လမ်းစတော့တွေ့ပြီ။ ကိုယ့်ဟာကိုယ် ခင်းသွားရမယ်။ ဒီလမ်းဟာလည်း ဖြောင့်ဖြောင့်ဖြူးဖြူးတော့ မဟုတ်ဘူး။ ကြမ်းကြမ်းတမ်းတမ်းတော့ရှိတယ်။ ကြမ်းကြမ်းတမ်းတမ်းလမ်းကို လျောက်တဲ့အခါမှာ ကျွန်မတို့ဟာ တက်ညီလက်ညီနဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံယုံကြည်ကြည်နဲ့ လျောက်သွားမှ  ခရီးရောက်နိုင်မှာပါ။ မိတ်ဆွေနဲ့ သွားတဲ့လမ်းဆို ဘယ်လောက်ပဲ ခက်ခဲ ခက်ခဲ ပျော်စရာကောင်းပါတယ်။ ကိုယ့်ဘက်မှာ ကိုယ်အားကိုးရတဲ့ ရဲဘော်ရဲဘက်တစ်ယောက်ရှိရင် အမှောင်ကိုလည်း အမှောင်လို့ မမြင်တော့ဘူး။ လမ်းကြမ်းဆိုတာလည်း လမ်းကြမ်းလို့ မမြင်တော့ဘူး။ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ ရဲဘော်ရဲဘက်တွေအနေနဲ့ မိတ်ဆွေတွေအနေနဲ့ ဒီလမ်းတွေကို ကျွန်မနဲ့အတူ လျောက်လှမ်းပေးပါလို့ ပြောကြားချင်ပါတယ်။

Eleven Media Group