This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, March 26, 2013

မြင့်မြတ်သူတို့၏စိတ်ထားနှလုံးသား(၉)

Aung Koung and 2 other friends shared ဓမ္မအလင်းရောင် (Light of Damma)'s photo.
မြင့်မြတ်သူတို့၏စိတ်ထားနှလုံးသား(၉)

  မြင့်မြတ်သူတို့သည် အရင်းများများဖြင့် အမြတ်နည်းနည်းကိုသာ ယူတက်ကြလေ သည်၊တိပိဋကဆရာတော်အရှင်ဝိစိတ္တသာရဘိဝံသသည် ဥာဏ်ပညာအရာတွင် စံတင် ထားရသောပုဂ္ဂိုလ်မြတ်ကြီးဖြစ်သည်၊ သာသနာပြုစုစောင့်ရှောက်ရတွင်လည်းကောင်း လည်း သမိုင်းတွင်ခဲ့သော်လည်း လိုချင်သောဆုကား မပြေပလောက်သောဆုသာဖြစ် သည်။မြင့်မြတ်သူတို့သည် ပေးဆပ်ခြင်းကိုသာအလိုရှိကြသည်။
 အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားဒေသစာရီ ရဟန်းတော်များဖြင့်ကြွချီ တော်မူသောအခါ သံဃာတော်များ၏နောက်မှလိုက်ကာ အကိုကြီးပမာ လိုအပ်သည် များကို စောင့်ရှောက်ကူညီပေးလေသည်။ခရီးပင်ပန်းနွမ်းနယ်သူများကို ဆီ နနွင်း စသည်ဖြင့် သက်သာအောင်ပြုစုပေးသည်၊ထိုကြောင့်မထေရ်မြတ်ကို သံဃာတော်များ က မိခင်ကြီးပမာ အားကိုးကြ ကြည်ညိုကြသည်။
 မြင့်မြတ်သူတို့သည် မိမိ၏လက်အောက်ငယ်သားတို့ကို မိမိနှင့်တန်းတူထားကာ ဆက်ဆံသည်။ကိုယ်ချင်းစာတရားထားကြသည်။ကြားဘူးသည်မှာ တိပိဋကဆရာ တော်ကြီးအား ကိုရင်ငယ်များပွဲကြည့်သည်ကို လာလျှောက်ထားသော ဒကာကို မိမိ သားသမီးဖြစ်လျှင် ကျောမှာပိုးလျှက်ကြည့်ခိုင်းမည်သာဖြစ်သောကြောင့် ကိုယ်ချင်းစာ တရားထားရန် မိန့်တော်မူခဲ့သည့်အပြင် ဘုန်းကြီးတို့အရွယ်ပွဲကြည့်ခိုင်းလျှင် ဝေါယာဉ် ဖြင့်လာပင်လျှင်တောင် မကြည့်တော့ပါ ဟုမိန့်တော်မူခဲ့သည်။
 မြင့်မြတ်သူတို့သည် မိမိကိုယ်ကို ဘာလဲဟုသဘောပေါက်နားလည်သကဲ့သို့ သူ တပါးကိုလည်းနားလည်သဘောပေါက်ကြလေသည်။သူတစ်ပါးအားကူညီခြင်း အများ အကျိုးကိုလိုလားခြင်းသည် မြင့်မြတ်သူတို့၏လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။
 အရှင်မြတ်သည် သာသနာတော်တွင် မပျော်မွှေ့သောရဟန်းတော်များကို ပျော် မွှေ့အောင် ပုထုဇဉ်အဖြစ်မှ သောတာပန်ဖြစ်အောင် သောတာပန်မှသည် ရဟန္တာဖြစ် အောင်အကြိမ်ကြိမ်အထပ်ထပ်တရားဟောပြပေးတော်မူသည်။ မြင့်မြတ်သူတို့သည် အများကောင်းစွာရေးအတွက်ဆိုလျှင် အပင်ပန်းခံ အနစ်နာခံကာ ကြိုးစားကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။တိပိဋကဆရာတော်ကြီးသည် သံဃာသက္ကသိုလ်ကြီးများနှင် ကျောင်းထိုင်ဘုန်းကြီးကျောင်းများပြည်နယ်နှင့်တိုင်းများတွင် ပေါ်ပေါက်စေရန်အတွက် တောရောမြို့ပါမကျန် အရွယ်နှင့်မမျှအောင် ကြွရောက်တရားဟောတော်မူခဲ့သည်။ ဖြစ်မြောက်အောင်မြင်ရန်ဆောင်ရွက်တော်မူခဲ့သည်။
 မြင့်မြတ်သူတို့သည် ပညာကိုတန်ဖိုးထား မြတ်နိုးတက်ကြသကဲ့သို့ ပညာရှင်များ နှင့်ပညာသင်များကိုလည်းတန်ဖိုးထားလေးစားကြလေသည်။မစိုးရိမ်တိုက်ဆရာတော်ဘုရားကြီးဦးရာဇဓမ္မဘိဝံသသည်ရောက်လေရာနိုင်ငံခြားတိုင်းပြည်များတွင်တက္ကသိုလ် များကို မရောက် ရောက် အောင်သွားရောက်လေ့လာသည်၊ဆည်းပူးမှတ်သားသည်။ထို အတူ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ရောက်လေရာတွင် ပညာတန်ဖိုးကို အလေးထားကြရန် ဟောပြောသကဲ့သို့ တက္ကသိုလ်များကိုအလေးထားသွားရောက်ပြီး လေ့လာသည်၊ဆည်းပူးမှတ်သားသည်၊ဤသည်မှာမြင့်မြတ်သူတို့၏ စရိုက်လက္ခဏာ တစ်ခုပင်ဖြစ်သည်။
ဆက်ရန်

မင်္ဂလာတောင်ညွှန်တွင် ဖြစ်ပေါ်နေသော သတင်းများ မဟုတ်မှန်

Updated 24 minutes ago
မင်္ဂလာတောင်ညွန့်တွင်ဖြစ်ပေါ်နေသောသတင်းများမဟုတ်မှန်

ရန်ကုန်၊ မတ် ၂၅

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူတစ်စုက အုပ်စုဖွဲ့၍ ရန်ပြုဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီး ယင်းသတင်း များမှာ မဟုတ်မှန်ဘဲ ကောလာဟလများကြောင့် ယင်းမြို့နယ်တွင်း လူစုလူဝေးများဖြစ်ပေါ် နေခြင်းကို မြို့နယ်မှူး နှင့် ရဲအုပ် တို့ဦးဆောင်ကာ လိုက်လံရှင်းပြပြောဆို၍ အခြေနေကို ထိန်းသိမ်းလျက်ရှိကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှ တာဝန်ကျရဲအရာရှိက The Voice Weekly သို့ ပြေကြားသည်။

“မြို့နယ်မှုးရော၊ ရဲအုပ်ဝင်းရွှေခေါင်းဆောင်တဲ့ အဖွဲ့တွေပါ လူစုလူဝေးဖြစ်တဲ့နေရာတွေကို လိုက်ပြီး ရှင်းပြနေပါတယ်။ ဘာပဋိပက္ခမှ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်သည့်အပြင် ရပ်ကွက်အလိုက် လူမျိုး/ဘာသာ မရွေး စုပေါင်း၍ လုံခြံရေးဆောင်ရွက်သည့် အစီအမံကို အုပ်ချုပ်ရေးမှူးများ ၊ ရပ်မိ/ရပ်ဖများဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ကိုးကား၍ သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက် ၁၃၈လမ်းရှိ ဓမ္မာရုံတစ်ခုတွင် အစ္စလာမ်ဘာသာဝင်များ လာရောက်ဖျက်ဆီးမည်ဆိုသော သတင်းကြောင့် ဗုဒ္ဓဘာသာဝင်များ လူစုလူဝေးဖြင့် စောင့်ဆိုင်းနေကြပြီး အခြား တစ်ဘက်ကလည်း ယင်းသတင်းများကြောင့် လက်နက်အချို့ ကိုင်ဆောင်ကာ စောင့်ကြည့်မှုများရှိခဲ့ကာ ယခုအခါ အခြေနေကို ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်းရဲတပ်ဖွဲဝင်များထံမှ သိရသည်။

ယခုဖြစ်စဉ်များမှာ အဖွဲ့အစည်း တစ်ခုခုက မြန်မာနိုင်ငံတွင် ဘာသာရေး ပဋိပက္ခတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်ဆောင်ခြင်း ဖြစ်ရန်သေချာကြောင်း၊ အစိုးရအနေနှင့် လုံခြုံရေးတိုးမြှင့် သည်မျိုးဆောင်ရွက် သင့်ကြောင်း၊ နှစ်ဘက်ဘာသာရေး အဖွဲ့အစည်းများကလည်း သတင်းအမှားများအပေါ် ပွင့်ပွင့်လင်းလင်း ပြောဆိုဖြေရှင်းသင့်ပြီး သံသယစိတ်များနှင့် စောင့်ကြည်သည်မျိုး မလုပ်သင့်ကြောင်း၊ အစိုးရကလည်း ပြည်သူများ ထိတ်လန့်မှုမရှိစေရန် မီဒီယာများမှတစ်ဆင့် ဖြစ်ရပ်မှန်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နေသင့်ကြောင်း နိုင်ငံရေးသမားများနှင့် လေ့လာသူများက ပြောကြားသည်။

မြန်မာ ဒုက္ခသည် ၅ သိန်းလောက်ကိုမက္ကာဒေသ ခရိုင်တွင်းမှာ တိုးတက်မှုတွေ ဖြစ်စေဖို့ အိမ်ယာသစ်များ တည်ဆောက်ရုံသာမကအ လားတူ အဲဒီမှာနေထိုင်နေကြတဲ့ လူပေါင်း ၄ သိန်း က ၅ သိန်းထိကိုလည်း ပြန်လည် ပြုစုပျိုးထောင်ပေးမဲ့ဆော်ဒီ

မြန်မာ ဒုက္ခသည် ၅ သိန်းလောက်ကို ဆော်ဒီက နေထိုင်ခွင့်ပေးမယ်

ဧရာဝတီ | Tuesday, March 26, 2013

ဆော်ဒီအာရေဗျနိုင်ငံက သမိုင်းဝင် လုပ်ရပ်တခုအနေနဲ့ မြန်မာပြည်က လူ ၅ သိန်းနီးပါးကို ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြုပြီး နေထိုင်ခွင့်ပေးမယ်လို့ ဆော်ဒီမင်းသား Khaled Al-Faisal က ပြောကြားလိုက်ပါတယ်။

“ဒါက ကျနော့် ဘ၀မှာ လှပတဲ့ အချိန်ကာလတွေထဲက တခုပါ” လို့ မက္ကာအနီးက ကူဒိုင်းမှာ ကျင်းပတဲ့ အခမ်းအနား တခုမှာ မင်းသား Prince Khaled က ပြောသွားတာကို မတ်လ ၂၄ ရက်၊ ၂၅ ရက် နေ့ ရက်စွဲတွေနဲ့ အာရပ် သတင်းဌာနတခုဖြစ် တဲ့ ARAB NEWS မှာ ဖော်ပြထားပါတယ်။

“ကျနော် မက္ကာ အုပ်ချုပ်ရေးမှူး တာဝန်ရလာပြီးတဲ့နောက် ဘုရင် အဗ္ဗဒူလာဆီကို ကျနော်တင်ပြခဲ့တဲ့ ပထမဆုံး အဆိုပြုချက်ပါ” လို့ ဆော်ဒီမင်းသား Khaled က ပြောပါတယ်။

OIC အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu နဲ့ ဆော်ဒီ မြန်မာအသိုင်းအ၀ိုင်း ခေါင်းဆောင်တွေ အပါအ၀င် ကျယ်ကျယ်ပြန့်ပြန့် သြဘာပေးကြမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘုရင် အဗ္ဗဒူလာက မက္ကာမှာ ပြန့်ကျဲနေတဲ့ အဆိုပါ ခရိုင်အတွင်းနေထိုင်နေသူ မြန်မာမွတ်ဆလင်တွေရဲ့ အခြေအနေ တိုးတက်စေဖို့ ၀န်ကြီးဌာနနဲ့ဆိုင်တဲ့ ကော်မတီတခု ဖွဲ့ဖို့ကိုပါ အမိန့် ထုတ်ပြန်ခဲ့ပါတယ်လို့လည်း မင်းသား Khaled က ပြောပါ တယ်။

“ဒါဟာ ကမ္ဘာမှာ ပထမဆုံး အတွေ့အကြုံဘဲ” လို့ ဆိုပြီး မက္ကာဒေသ ခရိုင်တွင်းမှာ တိုးတက်မှုတွေ ဖြစ်စေဖို့ အိမ်ယာသစ်များ တည်ဆောက်ရုံသာမကအ လားတူ အဲဒီမှာနေထိုင်နေကြတဲ့ လူပေါင်း ၄ သိန်း က ၅ သိန်းထိကိုလည်း ပြန်လည် ပြုစုပျိုးထောင်ပေးမှာဖြစ်တယ်” လို့ မင်းသား Khaled က ရှင်းပြ ပါတယ်။

ဆော်ဒီအစိုးရက ဆော်ဒီရောက် မြန်မာမွတ်ဆလင် လူ့အဖွဲ့အစည်းကို ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးစတဲ့ ကျယ်ပြန့်တဲ့ အစီအစဉ်တွေ ထောက်ပံ့သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

“ကျနော်တို့က သူတို့ကို အလုပ်အကိုင်တွေ ရဖို့ လေ့ကျင့် သင်ကြားပေးမှုတွေလည်း လုပ်မှာဖြစ်တယ်” လို့ မင်းသား Khaled က ဆိုပါတယ်။ မြန်မာ ၄ ဦး အလုပ်ခန့်ထားမှု ကိုလည်း နိုင်ငံခြားသား ၁ ဦးနဲ့ တန်းတူထားရှိတယ်လို့ အလုပ်သမား ၀န်ကြီးဌာနရဲ့ အစီအစဉ်မှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ဒါဟာ ကုမ္ပဏီတွေအနေနဲ့ မြန်မာတွေကို ပိုပြီး အလုပ်ခန့်ထားဖို့ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အခု လက်ရှိ မက္ကာ၊ ဂျက်ဒါနဲ့ မဒီနာ ဒေသတွေမှာ မြန်မာ မွတ်ဆလင် ၃ သိန်းခွဲလောက် နေထိုင်နေကြတယ်လို့ သိရပါတယ်။ အရင်က တရားမ၀င်နေထိုင်ကြတာဖြစ်ပြီး အခုတော့ တရားဝင် ဒုက္ခသည်တွေ အဖြစ်နဲ့ နေထိုင်ခွင့် ရကြတော့မှာပါ။

မြန်မာနိုင်ငံမှာ လတ်တလော မိတ္ထီလာမှာ လူမျိုးရေးပဋိပက္ခတွေဖြစ်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီသတင်းပေါ်ထွက်လာတာပါ။

အိမ့်သံစဉ်

Sources Link: http://www.arabnews.com/news/445888

မှတ်ချက်။

သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ မြန်မာ-မွတ်ဆလင်ဆိုတာ ဘာကို ဆိုလိုသလဲတော့ မပြောတတ်ပါ။ မြန်မာလူမျိုးနဲ့ မွတ်ဆလင်နဲ့ ပေါင်းဖက်ပြီး မွေးဖွားလာသူကို မြန်မာ-မွတ်ဆလင် ဟု ခေါ်ဆိုသလား (သို့) မြန်မာပြည်တွင်းမှာ နေထိုင်တဲ့ မွတ်ဆလင် များကို မြန်မာ-မွတ်ဆလင်ဟု ခေါ်ဆိုသုံးနှုန်းနေသလား စသဖြင့် ဘာအတွက်ကြောင့် မြန်မာ-မွတ်ဆလင်ဟု ရေးသားခေါ်ဆိုနေမှန်း မသိပေမယ့် -
"မွတ်ဆလင်က မွတ်ဆလင်ဖြစ်ပြီး၊ မြန်မာက မြန်မာသာ ဖြစ်ကြောင်း"