Tuesday, March 26, 2013

မြန်မာ ဒုက္ခသည် ၅ သိန်းလောက်ကိုမက္ကာဒေသ ခရိုင်တွင်းမှာ တိုးတက်မှုတွေ ဖြစ်စေဖို့ အိမ်ယာသစ်များ တည်ဆောက်ရုံသာမကအ လားတူ အဲဒီမှာနေထိုင်နေကြတဲ့ လူပေါင်း ၄ သိန်း က ၅ သိန်းထိကိုလည်း ပြန်လည် ပြုစုပျိုးထောင်ပေးမဲ့ဆော်ဒီ

မြန်မာ ဒုက္ခသည် ၅ သိန်းလောက်ကို ဆော်ဒီက နေထိုင်ခွင့်ပေးမယ်

ဧရာဝတီ | Tuesday, March 26, 2013

ဆော်ဒီအာရေဗျနိုင်ငံက သမိုင်းဝင် လုပ်ရပ်တခုအနေနဲ့ မြန်မာပြည်က လူ ၅ သိန်းနီးပါးကို ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြုပြီး နေထိုင်ခွင့်ပေးမယ်လို့ ဆော်ဒီမင်းသား Khaled Al-Faisal က ပြောကြားလိုက်ပါတယ်။

“ဒါက ကျနော့် ဘ၀မှာ လှပတဲ့ အချိန်ကာလတွေထဲက တခုပါ” လို့ မက္ကာအနီးက ကူဒိုင်းမှာ ကျင်းပတဲ့ အခမ်းအနား တခုမှာ မင်းသား Prince Khaled က ပြောသွားတာကို မတ်လ ၂၄ ရက်၊ ၂၅ ရက် နေ့ ရက်စွဲတွေနဲ့ အာရပ် သတင်းဌာနတခုဖြစ် တဲ့ ARAB NEWS မှာ ဖော်ပြထားပါတယ်။

“ကျနော် မက္ကာ အုပ်ချုပ်ရေးမှူး တာဝန်ရလာပြီးတဲ့နောက် ဘုရင် အဗ္ဗဒူလာဆီကို ကျနော်တင်ပြခဲ့တဲ့ ပထမဆုံး အဆိုပြုချက်ပါ” လို့ ဆော်ဒီမင်းသား Khaled က ပြောပါတယ်။

OIC အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu နဲ့ ဆော်ဒီ မြန်မာအသိုင်းအ၀ိုင်း ခေါင်းဆောင်တွေ အပါအ၀င် ကျယ်ကျယ်ပြန့်ပြန့် သြဘာပေးကြမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘုရင် အဗ္ဗဒူလာက မက္ကာမှာ ပြန့်ကျဲနေတဲ့ အဆိုပါ ခရိုင်အတွင်းနေထိုင်နေသူ မြန်မာမွတ်ဆလင်တွေရဲ့ အခြေအနေ တိုးတက်စေဖို့ ၀န်ကြီးဌာနနဲ့ဆိုင်တဲ့ ကော်မတီတခု ဖွဲ့ဖို့ကိုပါ အမိန့် ထုတ်ပြန်ခဲ့ပါတယ်လို့လည်း မင်းသား Khaled က ပြောပါ တယ်။

“ဒါဟာ ကမ္ဘာမှာ ပထမဆုံး အတွေ့အကြုံဘဲ” လို့ ဆိုပြီး မက္ကာဒေသ ခရိုင်တွင်းမှာ တိုးတက်မှုတွေ ဖြစ်စေဖို့ အိမ်ယာသစ်များ တည်ဆောက်ရုံသာမကအ လားတူ အဲဒီမှာနေထိုင်နေကြတဲ့ လူပေါင်း ၄ သိန်း က ၅ သိန်းထိကိုလည်း ပြန်လည် ပြုစုပျိုးထောင်ပေးမှာဖြစ်တယ်” လို့ မင်းသား Khaled က ရှင်းပြ ပါတယ်။

ဆော်ဒီအစိုးရက ဆော်ဒီရောက် မြန်မာမွတ်ဆလင် လူ့အဖွဲ့အစည်းကို ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးစတဲ့ ကျယ်ပြန့်တဲ့ အစီအစဉ်တွေ ထောက်ပံ့သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

“ကျနော်တို့က သူတို့ကို အလုပ်အကိုင်တွေ ရဖို့ လေ့ကျင့် သင်ကြားပေးမှုတွေလည်း လုပ်မှာဖြစ်တယ်” လို့ မင်းသား Khaled က ဆိုပါတယ်။ မြန်မာ ၄ ဦး အလုပ်ခန့်ထားမှု ကိုလည်း နိုင်ငံခြားသား ၁ ဦးနဲ့ တန်းတူထားရှိတယ်လို့ အလုပ်သမား ၀န်ကြီးဌာနရဲ့ အစီအစဉ်မှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ဒါဟာ ကုမ္ပဏီတွေအနေနဲ့ မြန်မာတွေကို ပိုပြီး အလုပ်ခန့်ထားဖို့ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

အခု လက်ရှိ မက္ကာ၊ ဂျက်ဒါနဲ့ မဒီနာ ဒေသတွေမှာ မြန်မာ မွတ်ဆလင် ၃ သိန်းခွဲလောက် နေထိုင်နေကြတယ်လို့ သိရပါတယ်။ အရင်က တရားမ၀င်နေထိုင်ကြတာဖြစ်ပြီး အခုတော့ တရားဝင် ဒုက္ခသည်တွေ အဖြစ်နဲ့ နေထိုင်ခွင့် ရကြတော့မှာပါ။

မြန်မာနိုင်ငံမှာ လတ်တလော မိတ္ထီလာမှာ လူမျိုးရေးပဋိပက္ခတွေဖြစ်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီသတင်းပေါ်ထွက်လာတာပါ။

အိမ့်သံစဉ်

Sources Link: http://www.arabnews.com/news/445888

မှတ်ချက်။

သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ မြန်မာ-မွတ်ဆလင်ဆိုတာ ဘာကို ဆိုလိုသလဲတော့ မပြောတတ်ပါ။ မြန်မာလူမျိုးနဲ့ မွတ်ဆလင်နဲ့ ပေါင်းဖက်ပြီး မွေးဖွားလာသူကို မြန်မာ-မွတ်ဆလင် ဟု ခေါ်ဆိုသလား (သို့) မြန်မာပြည်တွင်းမှာ နေထိုင်တဲ့ မွတ်ဆလင် များကို မြန်မာ-မွတ်ဆလင်ဟု ခေါ်ဆိုသုံးနှုန်းနေသလား စသဖြင့် ဘာအတွက်ကြောင့် မြန်မာ-မွတ်ဆလင်ဟု ရေးသားခေါ်ဆိုနေမှန်း မသိပေမယ့် -
"မွတ်ဆလင်က မွတ်ဆလင်ဖြစ်ပြီး၊ မြန်မာက မြန်မာသာ ဖြစ်ကြောင်း"

0 ကွန်မန့်ရေးရန်:

Post a Comment