This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, December 9, 2013

Activation Code တောင်းစရာ/ထည့်စရာ မလိုတဲ့ Viber နောက်ဆုံး version 3.0.1.3

သူငယ်ချင်းများအတွက် Activation Code တောင်းစရာ/ထည့်စရာ မလိုတဲ့ Viber နောက်ဆုံး version 3.0.1.3 ကိုရယူနိုင်ပါပြီ။
Android ဖုန်းအားလုံးအတွက် Activation code မရတဲ့ ၊ code တောင်းရတဲ့ ဒုက္ခတွေကနေ ကင်းဝေးစေ မယ့် Activation Code ဖြည့်စရာမလိုတဲ့ Viber v3.0.1.3 ကိုတင်ပေးလိုက်ပါတယ်။ 
Code သီးသန့်တောင်းစရာမလိုတော့တဲ့အတွက်တော်တော်လေးအဆင်ပြေကြမှာပါ။ အခု Viber ဆော့ဝဲ ထဲမှာ မိမိတို့ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်တာနဲ့ သူ့ဘာသာသူ code ဖြည့်ပြီး activate ဖြစ်သွားမှာပါ။ ဆော့ဝဲသွင်း ဖုန်းနံပါတ်ရိုက်ပြီးအသင့်သုံးရုံပါပဲ။ ကြိုက်တယ်ဆိုရင်အောက်မှာ ဒေါင်းလုပ်ရယူလိုက်ပါ။
Click Here =>>Downloads
အောက်ကလင့်မှာ သွားရောက် ကြည့်ရှု့လိုက်ပါ..

တရုတ်ခရီးမှာ ရန်ကုန်က ဝတ်သွားတဲ့အတိုင်း၂ ရက်တိတိ နေခဲ့ရသူများ .........................

Sunday, December 8, 2013



တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ရုပ်ရှင်ဇာတ်ကားကို သွားရောက်ပြသခဲ့ပါတယ်။


တရုပ်ပြည်ရောက် စိုင်းစိုင်းခမ်းလှိုင်နဲ့ သက်မွန်မြင့် (ဓာတ်ပုံ- Thet Mon Myint's facebook)  
ဒီရုပ်ရှင် ပွဲတော်ကို မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ ဦးသိန်းနိုင်၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အောင်ခိုင်၊ Heart & Soul ရုပ်ရှင် ထုတ်လုပ်ရေးမှ ခင်စန္ဒာမြင့်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့် တို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ရွှေကြက်ဖ ရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်က ပွဲတော်သွားရောက်မှု အတွေ့အကြုံနဲ့ ပတ်သက်ပြီး

 “ကျနော်တို့ တဖွဲ့လုံးက တရုတ်စကား ပြောတတ်တဲ့သူ တယောက်မှ မပါဘူး ဆိုတော့ သွားတဲ့ရက်မှာ ကျနော်တို့ လေယာဉ် အကူးအပြောင်းလုပ်တဲ့ ကူမင်းမြို့မှာ လေယာဉ်ချိန် ပြောင်းသွားတယ်။ အဲဒါကြောင့် လေကြောင်းလိုင်းကနေ တာဝန်ယူပြီး ဟိုတယ်တခုကို ပို့ပေးတယ်။
စကား လုံးဝ မပေါက်တဲ့အတွက် လန့်လည်းလန့်တယ်။ စိတ်လည်း ပူတယ်။ ညကြီး ဖြစ်နေတဲ့အတွက် ဘယ်သူ့ကိုမှ ဖုန်းဆက်လို့ မရဘူး။ ရင်ခုန်စရာလေးနဲ့ အမှတ်တရ တခုလေးပါ။ နောက်တနေ့ ရောက်တော့လည်း ကူမင်းကနေ ပွဲတော်လုပ်တဲ့ ၀ူဟန်မြို့ကို လေယာဉ် အဆင်ပြေပြေနဲ့ ရောက်ပေမဲ့ ဟိုရောက်တော့ ကျနော်တို့ရဲ့ အိတ်တွေ မပါလာဘူး။
ခရီးသွားတုန်း ၀တ်ထားတဲ့ အ၀တ်အစားတွေ ကျနော်တို့ တဖွဲ့လုံး နှစ်ရက်ဆက်တိုက် ၀တ်လိုက်ရတယ်။ ပြန်တွေးကြည့်တော့ ပျော်စရာကြီးဗျ။
ပွဲတော်က တရုတ်ရုပ်ရှင် ပွဲတော် ပါတယ်၊

 International
ရုပ်ရှင်ပွဲတော် ပါတယ်။ တရုတ်နိုင်ငံရဲ့ ရုပ်ရှင်ဆုပေးပွဲ ပွဲတော်ရှိတယ်။ အဲဒီထဲက ပွဲတော်တခုကို ဒီကနေ ၀တ်သွားတဲ့ နှစ်ရက်စာ အ၀တ်အစားနဲ့ ကျနော်တို့ တက်လိုက်ရတယ်” လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ International ရုပ်ရှင်ပွဲတော်မှာ ပြပွဲတင် ၂၈ ကားရှိပြီး အဲဒီ ၂၈ ကားထဲမှာ အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ဇာတ်ကားပါတယ်။

“ပြပွဲဝင်တဲ့ကားတွေကို သူအချိန်နဲ့သူ ပြပါတယ်။ ဒါပေမဲ့ ဆွေးနွေးတာမျိုးတွေ မရှိပါဘူး။ အခြား ရုပ်ရှင်ကား ကြည့်ဖို့လည်း အခွင့်အရေး မရပါဘူး။
ကျနော်တို့ကို နောက်တရက်မှာ ဧည့်သည်တွေ အနေနဲ့ သူတို့ မြို့တွင်းနေရာများကို လိုက်ပို့ပါတယ်။ လည်ဖို့ ပတ်ဖို့ စီစဉ်ပေးတယ်။ Dinner တွေ ဖိတ်ကျွေးတယ်။
တရက်က International ရုပ်ရှင် ဆုပေးပွဲ တက်ရပါတယ် ” လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။

ပြပွဲမှာ ပြသတဲ့ ရုပ်ရှင်ဇာတ်ကားများအတွက် ဆုပေးပွဲကို ရုပ်ရှင်ရုံ တရုံမှာ အကျဉ်းရုံး ပြုလုပ်တာ ဖြစ်ပြီး တရုတ်ရှပ်ရှင် ပွဲတော်ရဲ့ ဆုပေးပွဲ အခမ်းအနားကို အကြီးအကျယ်၊ အခမ်းအနားဆုံး ပြုလုပ်တယ်လို့ သိရပါတယ်။

“ဆုပေးပွဲကတော့ ကျနော်တို့ဆီမှာလိုပါပဲ၊ တင်ဆက်မှုတွေ၊ ဆုတဆုနဲ့ တဆုကြားမှာ Performance တွေ၊ သီချင်းဆိုတာတွေ၊ တင်ဆက်တာတွေကို ခမ်းခမ်းနားနား လုပ်ပါတယ်။
 ပြီးတော့ ထူးခြားတာက ပွဲမစခင်မှာ Celebrity တွေ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေရဲ့ Red Carpet (ကော်ဇောနီ) လျှောက်တဲ့ အခမ်းအနား ပါဝင်ပါတယ်။
ကော်ဇောနီ လျှောက်တဲ့ အခမ်းအနားကို စနစ်တကျ သီးသီးသန့်သန့် စီစဉ်ထားတာပါ။
 ၅ နာရီမှာ ကော်ဇောနီလျှောက်ဖို့ စမယ်ဆိုရင် ၄ နာရီလောက် ကတည်းက တဖွဲဖွဲ ရောက်လာပြီး နားနေခန်းထဲမှာ နေကြတယ်။ ၅ နာရီမှာ ကော်ဇော်နီ စလျှောက်တယ်။
ကော်ဇောနီပေါ် ပရိသတ်တွေရော၊ စာနယ်ဇင်းတွေရော၊ ကင်မရာမန်းတွေရော တက်လို့မရဘူး။ အားလုံး သူ့နေရာနဲ့သူ ရှိနေကြတယ်။
အဲ့ဒီတော့ ကျနော်တို့ဆီမှာလို ၀ရုန်းသုန်းကား ရှုပ်ပွနေတာတော့ မရှိဘူး
” လို့ စိုင်းစိုင်းခမ်းလှိုင်က တရုတ်နိုင်ငံရဲ့ ရုပ်ရှင်ဆုပေးပွဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

တရုတ်နိုင်ငံ ရုပ်ရှင်ပွဲတော်ရဲ့ ကော်ဇောနီပေါ် လမ်းလျှောက်ရတာနဲ့ မြန်မာနိုင်ငံရဲ့ အကယ်ဒမီပေးပွဲ ၀င်တဲ့ လမ်းကြောင်းပေါ် လျှောက်ရတာ ခံစားမှု ကွာခြားလားဆိုတာနဲ့ ပတ်သက်ပြီး

“ဘယ်လိုပဲ ခမ်းနားအောင် ပြင်ဆင်ထားပေမဲ့လည်း ဒီပရိသတ်က ကိုယ့်ပရိသတ်မှ မဟုတ်တာ။ ဘယ်သူမှ မသိဘူး။
ဒီအတိုင်းပဲ လျှောက်တယ်ဆို လျှောက်သွားတာပဲပေါ့။
သူတို့မင်းသားတွေ အတွက်ကတော့ သူတို့ပရိသတ်တွေနဲ့ ပျော်စရာကောင်းမှာပေါ့၊
ကျနော်ကကျတော့ ကျနော့်ပရိသတ်က ဒီမှာပဲရှိတာကိုး၊
ဒီမှာ ကျနော်တို့ကို ချစ်တဲ့လူတွေ ပရိသတ်တွေ ရှိတယ်ဆိုတော့ ကော်ဇောနီပဲ လျှောက်ရ လျှောက်ရ ကော်ဇောမပါပဲ ဖြစ်ဖြစ် ကျနော်ကတော့ ကိုယ့်ပရိသတ်ကြားမှာ လျှောက်သွားရတဲ့ အရသာကိုပဲ ပိုကြိုက်တာပေါ့။ ပိုပြီးပျော်တယ် ” လို့ စိုင်းစိုင်းခမ်းလှိုင် က ဆိုပါတယ်။

အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ရုပ်ရှင်ကားကို တရုတ်နိုင်ငံရဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ ၀င်ရောက်ပြသမှုနဲ့အတူ အတွေ့အကြုံ ရချင်လို့၊ ရောက်ဖူးချင်လို့ စိုင်းစိုင်းခမ်းလှိုင်က သွားခဲ့တာ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရှိပေမဲ့ နောက်ထပ် ရုပ်ရှင်ပွဲတော်တွေကို သွားဖို့ မပြောတတ်သေးဘူးလို့ သိရပါတယ်။

  • ခင်လေးမြင့်
မူရင်း - အလင်းတန်းဂျာနယ်    အောက်တိုဘာ 

အလင်းတန်းဂျာနယ်ရဲ့ခွင့်ပြုချက်နဲ့ ပြန်လည် ဖော်ပြပါတယ်။



ဆီးဂိမ်းကိုဂုဏ်ပြုကာ ဧရာဝတီမြစ်အား တစ်ကိုယ်တော် လက်ပစ်ကူး .....................

Sunday, December 8, 2013

ဓါတ်ပုံ - Lusoe Lay



မုံရွာ၊ မဇ္ဈိမ။        ။ ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုသည့်အနေဖြင့် စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် နေထိုင်သော အသက်၅၈နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် တစ်မိုင်ကျော်ကျယ်သော ဧရာဝတီမြစ်ကို ဒီဇင်ဘာလ ၆ရက် နံနက် ၁၀နာရီခန့်က အသွားအပြန်လက်ပစ်ကူးဂုဏ်ပြုခဲ့သည်ဟု မြင်းမူမြို့နယ် အားကစားနှင့် ကာယဗလအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ အမျိုးသားကြီးသည် မြန်မာ့ရိုးရာလက်ဝှေ့သမားဟောင်း ထာဝရကျောင်းသားကြီး၊ ST သိုင်းရိုင်းဖြူ(ခ) ဘကြီး၊ ဗိုလ်ကြီး(ခ) ဦးသိန်းဇော်ဖြစ်ပြီး မြင်းမူမြို့၊ ဘုရင့်နောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

သိုင်းရိုင်းဖြူ(ခ) ဘကြီးသည် ဒီဇင်ဘာလ ၆ရက် နံနက် ၁၀ နာရီတွင် မြင်းမူမြို့၊ ညောင်ဦးဖီးဆိပ်ကမ်းမှ  ဧရာဝတီမြစ်ကြီးကို မိကျောင်းကူးနည်းဖြင့် လက်ပစ်ကူးစွမ်းရည်ပြသခဲ့ပြီး မနက် ၁၁ နာရီ ၅၅ မိနစ်တွင် မြစ်တစ်ဘက်ကမ်းရှိ ငါန်ဇွန်မြို့နယ်၊ ရေလည်သောင်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။

ထိုဆိပ်ကမ်းတွင် ခေတ္တ အနားယူပြီးနောက် ဘကြီးသည် နေ့လည် ၁၂ နာရီခွဲ အချိန်တွင် ငါန်ဇွန်မြို့နယ်၊ ရဲပဒိုင်း ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကို ပြန်လည်ကူးခတ်လာခဲ့ရာ နေ့လည် ၁ နာရီ ၁၅မိနစ်တွင် မြင်းမူမြို့နယ်၊ အာသောကရပ်ကွက်၊ သုံးအိမ်တန်း ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။

ယင်းသို့ တစ်ကိုယ်တော် စွမ်းရည်ပြကာ ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုခဲ့ခြင်းကို ဒေသခံ (၅၀၀)ကျော်က လာရောက်ကြည့်ရှုခဲ့ပြီး ဆုငွေချီးမြှင့်မှုများလည်း ရှိခဲ့သည်ဟု အားကစားနှင့် ကာယဗလအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

Written by  ကိုတိုးကြီး

Mizzima - News in Burmese

Thit Htoo Lwin - News

အမျိုးသမီးငယ်တဦးကို ပြည့်တန်ဆာ လုပ်ငန်းသို့ ပို့ဆောင်ခဲ့သူအား လူကုန်ကူး ရဲတပ်ဖွဲ့ထံ တိုင်ကြားသော်လည်း အရေးယူခြင်းမရှိ ..............

Sunday, December 8, 2013

ဒီဇင်ဘာလ ၇ ရက် (ပုသိမ်)

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်မှ အမျိုးသမီးငယ်တဦးအား အလုပ်ပေးမည်ဟု ဖျားယောင်းသွေးဆောင်ကာ နေပြည်တော်ရှိ ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်ခဲ့သူအား ပုသိမ်မြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုထံ တိုင်ကြား ထားသော်လည်း ယနေ့ထက်တိုင် တစုံတရာ အရေးယူခြင်းမရှိကြောင်း သတင်းရရှိသည်။

ကန်ကြီးထောင့်မြို့နယ်မှ အသက် ၂၄ နှစ်အရွယ် အိမ်ထောင်မရှိဖူးသူ (အပျို) အမျိုးသမီးငယ်တဦးအား ကန်ကြီးထောင့်မြို့နယ် ၀ါးထူးအုပ်စု အကယ်ကျေးရွာနေ နန့်ကြူကြူငွေက ပြီးခဲ့သည့် အောက်တိုဘာလ ကုန်ပိုင်းတွင် နေပြည်တော်သို့ ခေါ်ဆောင်သွားပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သော နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း၊ နန့်ကြူကြူငွေမှာ လူပို့ပေးခ ၅ သိန်းကျပ် ရရှိခဲ့ကြောင်း၊ ပို့ဆောင်ခံရသူ အမျိုးသမီးငယ်မှာ ကိုယ်လွတ်ရုန်းထွက် ပြေးလာပြီး ပုသိမ်လူကုန်တား ရဲတပ်ဖွဲ့ထံ နိုဝင်ဘာလ ၁၃ ရက်နေ့က တိုင်ကြားခဲ့ရာ ယနေ့အထိ အရေးယူခြင်း မရှိကြောင်း
အမျိုးသမီးငယ်အား လိုက်ပါကူညီ ပေးနေသည့် လူ့အခွင့်အရေး လှုပ်ရှားသူ ကိုဝင်းထွန်းနိုင်က Myanmar News Now ကို ပြောသည်။

“ကောင်မလေးအမေက နေမကောင်းဘူး။ သူတို့မိသားစုက ဆင်းရဲတော့ ဆေးကုဖို့ ငွေလိုနေတယ်။ ကောင်မလေးကလည်း ငွေလိုလို့ အလုပ်ရှာနေတဲ့အချိန် နန့်ကြူကြူငွေက ရန်ကုန်မှာ စားပွဲထိုး အလုပ်ရမယ်လိုက်မလားဆိုပြီး ခေါ်တယ်။ ကောင်မလေးကလည်း နန့်ကြူကြူငွေနဲ့ သူငယ်ချင်းတွေ။ မိသားစုချင်းတွေကလည်း ရင်းနှီးနေတာကြောင့် လိုက်သွားတယ်။ ပြီးတော့ ရန်ကုန်ကိုမပို့ဘဲ နေပြည်တော်ခေါ်သွားပြီး ပြည့်တန်ဆာအိမ်ကို ပို့ပစ်လိုက်တယ်။ သူ့ကို
ဟိုအိမ်က ၅ သိန်းပေးတယ်လို့ သိရတယ်။ နောက်တော့ ပြည့်တန်ဆာအိမ်မှာ ရောက်နှင့်ပြီးသား မိန်းကလေးတွေက ဒီကလေးမကို သနားတာနဲ့ သူတို့လိုမဖြစ်အောင် ၀ိုင်းကယ်ပြီး အိမ်ပြန်နိုင်အောင် ၀ိုင်းကူညီလိုက်ကြတယ်။ ရွာပြန်ရောက်လာတော့ ကောင်မလေးက မကျေနပ်လို့ တိုင်ချင်တယ်ဆိုတော့ ကျနော်ကိုယ်တိုင် လူကုန်ကူးအဖွဲ့ဆီကို လိုက်ပို့ပေးပြီး တိုင်ချက်ဖွင့်ထားတယ်။ ဒါပေမယ့် ဒီနေ့ထက်ထိ ဘာမှအရေးယူတာ မရှိဘူး”ဟု သူက ပြောသည်။

နန့်ကြူကြူငွေက အမျိုးသမီးငယ်အား အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပုသိမ် - နေပြည်တော် ပြေးဆွဲနေသည့် “ထွန်းတောက်” အမြန်ယာဉ်ဖြင့် နေပြည်တော်သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

နန့်ကြူကြူငွေနှင့် ငယ်သူငယ်ချင်းများဖြစ်သည့်အတွက် ယုံကြည်ပြီးလိုက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ စားသောက်ဆိုင်၌ စားပွဲထိုးလုပ်ရမည်ဟု ပြောဆို၍ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မူလက ရန်ကုန်၌အလုပ်ရှာပေးမည်ဟုပြောဆိုသော်လည်း နေပြည်တော်သို့ ခေါ်ဆောင်သွားပြီး မိမိအား ပြည့်တန်ဆာအိမ်၌ ထားရစ်ခဲ့ကာ နန့်ကြူကြူငွေ ပြန်သွားခဲ့ကြောင်း အသက် ၂၄ နှစ်အရွယ် ကာယကံရှင် အမျိုးသမီးငယ်က Myanmar News Now ကို ပြောသည်။

“သူပြောတော့ ရန်ကုန်ဆိုပြီး ရန်ကုန်ရောက်တော့ ဒီမှာအလုပ်မကောင်းဘူး။ နေပြည်တော်မှာဘဲ အလုပ်ဆက်ရှာပေးမယ် ဆိုပြီး ခေါ်သွားတယ်။ နေပြည်တော်ရောက်တော့ မှောင်နေပြီ။ သူက ဖုန်းနဲ့ဆက်လိုက်တော့ အစ်မကြီးတယောက်က ဆိုင်ကယ်နဲ့  လာခေါ်တယ်။ နှစ်ထပ်အိမ်တအိမ်ကို ခေါ်သွားတယ်။ သူ (နန့်ကြူကြူငွေ) က ဆိုင်ရှင်ဆိုတဲ့အစ်မကြီးနဲ့ မိတ်ဆက်ပေးတယ်။ အဲဒီအစ်မကြီးက နင်ပင်ပန်းနေပြီ။ သွားနားလိုက်တော့ဆိုပြီး သူတို့လူတွေနား တဲ့နေရာကို ခေါ်သွားခိုင်းတယ်။”

“အခန်းထဲရောက်တော့ ကောင်မလေးတွေက ကျမကိုကြည့်ပြီး နင်ဒီမှာ ဘာလာ လုပ်တာလဲတဲ့။ ကျမက အလုပ်လာလုပ်တာလို့ပြောတယ်။ ဒါဆို နင်ကအိမ်ထောင်သည်လား ကလေးဘယ်နှစ်ယောက်ရှိလဲလို့ မေးတယ်။ ကျမက ကလေးလည်းမရှိဘူး။ အိမ်ထောင်လည်း မရှိပါဘူးလို့ပြောတော့ သူတို့က နင်ဒီမှာမနေနဲ့။ ဒီမှာရှိတဲ့လူတွေအကုန်လုံးက မကောင်းတာ လုပ်စားတဲ့လူတွေချည်းပဲ။ အဲ့ဒီအလုပ်မလုပ်ရင်လည်း ပိုက်ဆံမရဘူးဆိုပြီးပြောတော့ ကျမ ချက်ခြင်းပဲ နန့်ကြူကြူငွေကို လိုက်ရှာတယ်။ သူ့ကိုတွေ့တော့ နင်ငါ့ကိုပြန်ခေါ်ပါ။ ငါဒီမှာ မနေပါရစေနဲ့လို့ပြောတယ်။ ငါဒီအလုပ်တွေလည်း မလုပ်ချင်ဘူး။ မလုပ်နိုင်ဘူးလို့ပြောတယ်။ ငါ့မှာနင့်ကိုပြန်ခေါ်ဖို့ လမ်းစရိတ်မရှိဘူး။ လမ်းစရိတ်ရှာ လိုက်ဦးမယ်ဆိုပြီး ကျမကို အဲဒီအိမ်မှာ ထားခဲ့ပြီး သူထွက်သွားတယ်”ဟု သူမက ပြောသည်။

“ကျမဒါတွေမလုပ်နိုင်ဘူး။ ပြန်မယ်ဆိုပြီး ဆိုင်ရှင်မိန်းမကိုသွားပြောတော့ နင်ပြန်လို့ မရဘူး။ နင့်ပိုက်ဆံတွေ သူယူသွားတယ်လို့ ဆိုင်ရှင်ကပြောတယ်။ ပိုက်ဆံက ၅ သိန်း ယူသွားတာ။ အဲဒါနဲ့ ကျမလည်း ပြန်စရာလည်းငွေမရှိ။ နေလည်းမနေချင်တော့ ဘာမှမကြံတတ်တာနဲ့ ငိုနေတော့တယ်။ အဲဒီမှာ အဲဒီအိမ်ကကောင်မလေးတွေက နန့်ကြူကြူငွေကို ဖုန်းဆက်ပြီး ယူသွားတဲ့ ၅ သိန်းကို ပြန်ပေးဖို့၊ မပေးရင် ရဲတိုင်မယ်ဆိုတော့မှ အဲဒီငွေကိုလူကြုံနဲ့ ပြန်ထည့်ပေးတယ်။ ကျမတို့တော့ ပြန်မခေါ်ဘူး။ အဲဒါနဲ့ အဲဒီအိမ်က ကောင်မလေးတွေကပဲ သူတို့လိုဘ၀ မရောက်အောင်ကူညီပြီး လမ်းစရိတ်တွေပါဝိုင်းထုတ်ပေးပြီး ဧရာဝတီတိုင်းကို ပြန်လွှတ်လိုက်တာ။ အသွားတုန်းကလည်း ထွန်းတောက်ကားနဲ့ပဲ။ အပြန်ကျတော့လည်း ထွန်းတောက်ကားနဲ့ပဲ ပြန်လာခဲ့တာ”ဟု သူမက ပြောသည်။

အမျိုးသမီးငယ်မှာ အောက်တိုဘာလ ၂၆ ရက်နေ့တွင် နေရပ်သို့ပြန်လည်ရောက်ရှိလာခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ (ပုသိမ်တပ်ဖွဲ့စု) ထံ သွားရောက်တိုင်တန်းခဲ့ရာ ဒုရဲအုပ် သက်ဦးက စစ်ဆေးမေးမြန်းခဲ့ကြောင်း အမျိုးသမီးငယ်အား လိုက်ပါကူညီပေးနေသူ ဒေါ်သန်းလွယ်က ပြောသည်။

“လူကုန်တားတပ်ဖွဲ့က ကိုသက်ဦးက ကောင်မလေးကို စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။ နောက်တနေ့မှာ နန့်ကြူကြူငွေကို စခန်းကိုခေါ်စစ်တယ်လို့ သိရတယ်။ ဒါပေမယ့် ဘာကြောင့်လဲတော့မသိဘူး။ နန့်ကြူကြူငွေကို ဒီနေ့ထက်ထိ ဘာအရေးယူမှုမှ မလုပ်ဘူး။ အဲတော့ နန့်ကြူကြူငွေက ရွာမှာပြန်လာပြီး ငါကစေတနာနဲ့ အလုပ်ရှာပေးတာကို စော်ကားတယ်။ ဘာညာဆိုပြီး ကြိမ်းဝါးနေတော့တာ။ ကောင်မလေးခမျာမှာ ကံကောင်းလို့ ပြည့်တန်ဆာဘ၀မရောက်ဘဲ လွတ်လာတာ။ ခုကျတော့ သူ့ကိုအဲဒီလို ဖာတန်းပို့တဲ့လူ ကျတော့ ဘာမှအရေးယူမခံရဘဲဖြစ်နေတော့
ကျမတို့နိုင်ငံမှာ တရားဥပဒေဆိုတာက ရှိမှ ရှိသေးရဲ့လားလို့တောင် အံ့သြမိတယ်”ဟု သူက ပြောသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေး ပုသိမ်တပ်ဖွဲ့စုစခန်းမှာ ပုသိမ်မြို့ကိုးသိန်းဘောလုံးကွင်းအနီးတွင် တည်ရှိပြီး တပ်ဖွဲ့စုမှူးမှာ ရဲမှူး ဒေါ်ခင်ခင်စိုးဖြစ်သည်။

by Thit Htoo Lwin

Thit Htoo Lwin - News

::: အခြားမိန်းမတစ်ယောက်နှင့် ချိန်းတွေ့ခြင်း ::: ...............


 အိမ်ထောင်သက် ၂၁နှစ်ကြာပြီးနောက်ပိုင်းမှာ ကျွန်တော့်ဇနီးဟာ ကျွန်တော့်ကို အခြားမိန်းမတစ်ယောက်ကိုခေါ်၊ ညစာထွက်စား၊ ရုပ်ရှင်သွားကြည့် ပြုလုပ်စေချင်ပါတယ်။ ဇနီးဖြစ်သူကပြောတယ်။ “ ကျွန်မရှင့်ကို ချစ်ပါတယ်။ ဒါပေမယ့် အဲဒီအခြားမိန်းမဖြစ်သူကလည်း ရှင့်ကိုချစ်နေတယ်၊
နောက်ပြီး သူဟာ ရှင်နဲ့အတူ နေချင်တဲ့အချိန်ရှီလိမ့်မယ်ဆိုတာ ကျွန်မသိနေတယ်” တဲ့။ - ကျွန်တော့်ဇနီးက ကျွန်တော်သွားတွေ့စေချင်တဲ့ အခြားမိန်းမ ဆိုတဲ့သူကတော့ ကျွန်တော့်အမေပဲဖြစ်ပါတယ်။ အမေဟာ မုဆိုးမအဖြစ်နဲ့နေထိုင်လာတာ ၁၉ နှစ်ရှိနေပါပြီ။ သို့သော်လည်း ကျွန်တော့်မှာ အလုပ်ကတစ်ဘက်၊ ကလေးသုံးယောက်ကလည်းရှိဆိုတော့ အမေ့ဆီကို ရံဖန်ရံခါမှသာရောက်ဖြစ်တာမျိုးပါ။ - အဲဒီနေ့ညမှာပဲ အပြင်ထွက် ညစာစား၊ ရုပ်ရှင်သွားကြည့်ဖို့ အမေ့ကို ကျွန်တော်ဖုန်းဆက် ဖိတ်ကြား လိုက်ပါတယ်။ “ ဘာဖြစ်လို့လဲ? ငါ့သားနေမကောင်းဘူးလား?” လို့အမေကပြောတယ်။ သူဟာ တစ်ခုခုကို သံသယဖြစ်နေပုံရပါတယ်။ “မဟုတ်ပါဘူးအမေ၊ အမေနဲ့အတူတူ အချိန်လေးယူပေးရတာ ကောင်းမယ်လို့ ကျွန်တော်တွေးမိလို့ပါ” လို့ ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။ “ အမေနဲ့ကျွန်တော် နှစ်ယောက်တည်းပဲ”။ အမေဟာ အတန်ကြာအောင်စဉ်းစားပြီးမှ ပြန်ပြောပါတယ်။ “ အဲဒီလိုဆိုရင် အမေ သိပ်ကြိုက်ပါတယ်” တဲ့။ အဲဒီသောကြာနေ့ အလုပ်ကနေအပြန်မှာ ကျွန်တော်အမေ့ကို ကားနဲ့သွားကြိုတဲ့အချိန်မှာ အမေဟာ ကုတ်အကျီ င်္ကိုဝတ်ပြီး အိမ်ရှေ့တံခါးဝမှာ ရပ်စောင့်နေပါတယ်။ သူဟာ ဆံပင်လေးတွေကို ကောက်ထားပြီး ၀တ်ထားတဲ့အ၀တ်အစားဟာ သူ့ရဲ့နောက်ဆုံးမင်္ဂလာပွဲမှာ ၀တ်ဆင်ခဲ့ဖူးတဲ့ မင်္ဂလာဝတ်စုံနဲ့ပါ။ နတ်သမီးတစ်ပါးရဲ့လင်းရောင်ခြည်တွေလိုဖြာနေတဲ့ အမေ့မျက်နှာက ကျွန်တော့်ကိုပြုံးပြပါတယ်။ “ အမေ့သူငယ်ချင်းတွေကို အမေပြောပြထားတယ်။ ဒီနေ့ သားတော်မောင်နဲ့အတူတူ အပြင်ထွက်မလို့ဆိုတာပြောတော့ သူတို့တွေ အမေ့ကို အထင်တွေကြီးနေကြတယ် သားရယ်” လို့ ကားထဲမှာဝင်ထိုင်ရင်းပြောပါတယ်။ - တော်တော်ကောင်းပြီး ဇိမ်ကျလှတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်ဆီကို ကျွန်တော်တို့သွားကြပါတယ်။ အမေဟာ ကျွန်တော့်လက်မောင်းကို ကိုင်ထားတာများဆိုရင် သမ္မတ ကတော် လေလား ထင်ရပါတယ်။ ဆိုင်စားပွဲမှာထိုင်တော့ ကျွန်တော်ဟာ အစားအသောက်စာရင်းကိုကြည့်ပေးဖို့ဖြစ်လာပါတယ်။ အမေ့မျက်လုံးတွေဟာ စာလုံးကြီးကြီးမှပဲ မြင်နိုင်တော့တဲ့အတွက်ပါ။ အစားအသောက်စာရင်းကိုကြည့်နေတုန်း တစ်ဝက်လောက်အရောက်မှာ အမေ့ကိုကြည့်လိုက်တော့ အမေဟာ ကျွန်တော့်ကို စိုက်ကြည့်နေတာတွေ့လိုက်ရပါတယ်။ အမေ့နှုတ်ခမ်းပေါ်ကအပြုံးကတော့ လွမ်းဆွတ်နေတဲ့အပြုံးဖြစ်ပါတယ်။ “ ငါ့သား ငယ်ငယ်လေးတုန်းက menu ကိုဖတ်ပေးခဲ့တာ အမေပေါ့” လို့ပြောပါတယ်။ ကျွန်တော်က “ အခုအမေကအနားယူဦး ဒီတစ်ခါသားကို တလှည့် ဖတ်ခွင့်ပြုပါဦး” လို့တုံ့ပြန်ပြောဖြစ်ပါတယ်။ ညစာစားရင်း စကားပြောကြတာမှာ ကျေနပ်နှစ်သက်စရာကောင်းလှပါတယ်။ စကားကတော့ ထူးခြားတဲ့ အကြောင်းအရာမပါပါဘူး။ တစ်ဦးချင်းစီရဲ့လတ်တလောကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကိုသာ ပြောဆိုမိကြတာပါ။ စကားပြောတာကောင်းသွားတော့ ကျွန်တော်တို့ဟာ ရုပ်ရှင်ကိုမမီလိုက်တော့ပါဘူး။ အဲဒါနဲ့ အမေ့ကို သူ့အိမ်ပြန်ပို့တော့ အမေကပြောပါတယ်။ “ အမေသားနဲ့ အပြင်ကို နောက်ထပ်သွားချင်ပါသေးတယ်- ဒါပေမယ့်လည်း သားကဖိတ်မှ အမေလိုက်မှာပါ” တဲ့။ ကျွန်တော် ခေါင်းငြိမ့်ခဲ့ပါတယ်။ - “ ညစာစားရင်း ချိန်းတွေ့တာ ဘယ်နှယ်လဲ?” လို့အိမ်ပြန်ရောက်တော့ ဇနီးဖြစ်သူကမေးပါတယ်။ ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။ “သိပ်ကိုကောင်းတာပဲကွာ။ အဲဒီလောက် ကောင်းလိမ့်မယ်လို့ ကိုယ်တော့ မတွေးတောမိခဲ့ဘူး”။ - ရက်အနည်းငယ်ကြာအပြီးမှာ ပြင်းထန်တဲ့နှလုံးတိုက်ခိုက်မှုကြောင့် အမေကွယ်လွန်သွားခဲ့ပါတယ်။ ချက်ချင်းလက်ငင်းကြီးဖြစ်သွားတာကြောင့် အမေ့အတွက်တစ်ခုခုလုပ်ကိုင်ပေးဖို့ရာ ကျွန်တော့်မှာ အခွင့်မသာခဲ့ပါဘူး။ ဒီလိုနဲ့ အချိန်လေးတော်တော်ကြာလာတော့ စားသောက်ဆိုင်တစ်ဆိုင်က စာအိတ်လေးနဲ့အတူ ငွေလက်ခံဖြတ်ပိုင်းလေးရောက်လာပါတယ်။ အမေနဲ့ကျွန်တော်အတူတူ သွားခဲ့ကြတဲ့ စားသောက်ဆိုင်ကပါ။ စာအိတ်မှာအတူတွဲပါလာတဲ့ စာကိုဖတ်ကြည့်လိုက်တော့ “ အမေဒီစာရင်းအတွက် ပိုက်ဆံကြိုတင်ပေးခဲ့လိုက်ပါတယ်။ အမေ အဲဒီဆိုင်ကိုရောက်ဖြစ်ဦးမယ်၊ မရောက်ဖြစ်ဘူးဆိုတာကိုတော့ မသေချာပါဘူး။ ဘယ်လိုပဲဖြစ်ပါစေ နှစ်ပွဲစာဖိုးကို ပိုက်ဆံချေခဲ့လိုက်တယ်။ တစ်ပွဲက သားအတွက်နဲ့ နောက်တစ်ပွဲက မင်းမိန်းမအတွက်ပါ။ အဲဒီနေ့ညက အမေ့အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိခဲ့တယ်ဆိုတာ ငါ့သားသိချင်မှ သိပါလိမ့်မယ်။ မင်းကိုအမေချစ်တယ် သား ။” - အဲဒီအခိုက်အတန့်လေးမှာပဲ ချစ်တယ်ဆိုတဲ့စကားကို အချိန်မီပြောလိုက်ခြင်းဟာ အရေးပါတယ်ဆိုတာရယ် ကျွန်တော်တို့ချစ်တဲ့သူတွေကို သူတို့နဲ့ထိုက်တန်တဲ့ အချိန်ကိုပေးဖို့ဆိုတာ ကို ကျွန်တော် သဘောပေါက်နားလည်လိုက်ပါတယ်။ ဘ၀မှာ မိသားစုထက် ဘယ်အရာကမှ ပိုပြီးအရေးမကြီးပါဘူး။ သူတို့တွေနဲ့ထိုက်တန်တဲ့အချိန်ကိုပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအရာတွေဟာ “နောက်တော့မှ” ဆိုပြီးရွှေ့ဆိုင်းလို့မရတဲ့အရာတွေဖြစ်နေလို့ပါပဲ။

 - A Date with another woman 
=================
 After 21 years of marriage, my wife wanted me to take another woman out to dinner and a movie. She said, “I love you, but I know this other woman loves you and would love to spend some time with you.” - The other woman that my wife wanted me to visit was my MOTHER, who has been a widow for 19 years, but the demands of my work and my three children had made it possible to visit her only occasionally. - That night I called to invite her to go out for dinner and a movie. “What’s wrong, are you well ?” she asked. She was suspicious of something. “I thought that it would be pleasant to spend some time with you,” I responded. “Just the two of us.” She thought about it for a moment, and then said, “I would like that very much.”That Friday after work, as I drove over to pick her up , She was waiting at the door with her coat on. She had curled her hair and was wearing the dress that she had worn to celebrate her last wedding anniversary. She smiled from a face that was as radiant as an angel’s. “I told my friends that I was going to go out with my son, and they were impressed, “she said, as she got into the car. - We went to a restaurant that was very nice and cozy. My mother took my arm as if she were the First Lady. After we sat down, I had to read the menu. Her eyes could only read large print. Half way through the entries, I lifted my eyes and saw Mom sitting there staring at me. A nostalgic smile was on her lips. “It was I who used to have to read the menu when you were small,” she said. “Then it’s time that you relax and let me return the favor,” I responded. During the dinner, we had an agreeable conversation – nothing extraordinary but catching up on recent events of each other’s life. We talked so much that we missed the movie. As we arrived at her house later, she said, “I’ll go out with you again, but only if you let me invite you.” I agreed. - “How was your dinner date?” asked my wife when I got home. “Very nice. Much more so than I could have imagined,” I answered. - A few days later, my mother died of a massive heart attack. It happened so suddenly that I didn’t have a chance to do anything for her. Some time later, I received an envelope with a copy of a restaurant receipt from the same place mother and I had dined. An attached note said: “I paid this bill in advance. I wasn’t sure that I could be there; but nevertheless, I paid for two plates – one for you and the other for your wife. You will never know what that night meant for me. I love you, son.” - At that moment, I understood the importance of saying in time: “I LOVE YOU” and to give our loved ones the time that they deserve. Nothing in life is more important than your family. Give them the time they deserve, because these things cannot be put off till “some other time.” Credit to English-မြန်မာ စာပဒေသာ။
You might also like:

စင်္ကာပူက ကားမတော်တဆ တိုက်မှုမှ ပွားလာတဲ့ Little India ဆူပူလှုပ်ရှားမှု....................


စင်္ကာပူနိုင်ငံရှိ Little India တွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ဖြစ်ပွားခဲ့သော ကားမတော်တဆတိုက်မှုကနေ ရဲကားငါးစီး ၊ ဆေးရုံကားတစ်စီးနဲ့ အခြားကိုယ်ပိုင်ကားများ မီးရှို့ ၊ ဖျက်ဆီးခံရသော ဆူပူလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အကြမ်းဖက်သော ဆူပူသူဦးရေဟာ ခန့်မှန်းခြေအားဖြင့် ၄၀၀ ခန့်ရှိကြောင်း သိရသည်။ ထိုဆူပူမှုကြောင့် စင်္ကာပူရဲအရာရှိ (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
အနည်းဆုံး စင်္ကာပူရဲကား နှစ်စီးဟာ ပြောင်းပြန်လှန်ထားခြင်း ခံထားရကာ ဆေးရုံကားကတော့ မီးရှို့ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။
LI riot
ဖြစ်ပွားပုံမှာ Little India ရှိ Race Course လမ်းဆုံတွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ကိုယ်ပိုင်ဘတ်စ်ကားတစ်စီးဟာ ဘင်္ဂါလီဟု ယူဆရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အလုပ်သမားတစ်ဦးအား မတော်တဆတိုက်မိ၍ အတိုက်ခံရသူ ပွဲချင်းပြီး သေဆုံးသွားသည့်ကိစ္စကို မကျေနပ်သော အနီးရှိသူများက စတင်၍ တိုက်သည့်ဘတ်စ်ကားအား မှန်ရိုက်ခွဲဖျက်ဆီးကာ အကြမ်းဖက် ဆူပူလှုပ်ရှားပြီးနောက် ထိုကဲ့သို့ အုပ်စုလိုက် ဖျက်ဆီး ၊ မီးရှို့မှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စင်္ကာပူရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်များအရ တနင်္ဂနွေနေ့ ညသန်းခေါင်နီးပါး ည၁၁နာရီ ၄၇မိနစ်အထိ ဆူပူလှုပ်ရှားမှုများဟာ ဆက်လက်ရှိနေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တာဝန်ရှိသူများက ထိုအကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားနေခဲ့သော Little India ဧရိယာသို့ ဖြတ်သန်းသွားလားခြင်း မပြုကြဖို့ အများသူငါကို သတိပေး နှိုးဆော်ခဲ့ရကြောင်းလည်း သိရသည်။
အကြမ်းဖက် ဆူပူလှုပ်ရှားကြသူအများစုဟာ စင်္ကာပူနိုင်ငံသို့ ပြည်ပနိုင်ငံမှ အလုပ်လာရောက်လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း စင်္ကာပူ The Straitstimes သတင်းစာက ရေးသား ဖော်ပြထားခဲ့သည်။
Source : Yahoo
Credit ပုံရိပ်(burmesehearts.com)
မီးရှို့ခံထားရသောကားများ
မီးရှို့ခံထားရသောယာဉ်များ