Monday, December 9, 2013

စင်္ကာပူက ကားမတော်တဆ တိုက်မှုမှ ပွားလာတဲ့ Little India ဆူပူလှုပ်ရှားမှု....................


စင်္ကာပူနိုင်ငံရှိ Little India တွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ဖြစ်ပွားခဲ့သော ကားမတော်တဆတိုက်မှုကနေ ရဲကားငါးစီး ၊ ဆေးရုံကားတစ်စီးနဲ့ အခြားကိုယ်ပိုင်ကားများ မီးရှို့ ၊ ဖျက်ဆီးခံရသော ဆူပူလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အကြမ်းဖက်သော ဆူပူသူဦးရေဟာ ခန့်မှန်းခြေအားဖြင့် ၄၀၀ ခန့်ရှိကြောင်း သိရသည်။ ထိုဆူပူမှုကြောင့် စင်္ကာပူရဲအရာရှိ (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
အနည်းဆုံး စင်္ကာပူရဲကား နှစ်စီးဟာ ပြောင်းပြန်လှန်ထားခြင်း ခံထားရကာ ဆေးရုံကားကတော့ မီးရှို့ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။
LI riot
ဖြစ်ပွားပုံမှာ Little India ရှိ Race Course လမ်းဆုံတွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ကိုယ်ပိုင်ဘတ်စ်ကားတစ်စီးဟာ ဘင်္ဂါလီဟု ယူဆရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အလုပ်သမားတစ်ဦးအား မတော်တဆတိုက်မိ၍ အတိုက်ခံရသူ ပွဲချင်းပြီး သေဆုံးသွားသည့်ကိစ္စကို မကျေနပ်သော အနီးရှိသူများက စတင်၍ တိုက်သည့်ဘတ်စ်ကားအား မှန်ရိုက်ခွဲဖျက်ဆီးကာ အကြမ်းဖက် ဆူပူလှုပ်ရှားပြီးနောက် ထိုကဲ့သို့ အုပ်စုလိုက် ဖျက်ဆီး ၊ မီးရှို့မှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စင်္ကာပူရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်များအရ တနင်္ဂနွေနေ့ ညသန်းခေါင်နီးပါး ည၁၁နာရီ ၄၇မိနစ်အထိ ဆူပူလှုပ်ရှားမှုများဟာ ဆက်လက်ရှိနေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တာဝန်ရှိသူများက ထိုအကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားနေခဲ့သော Little India ဧရိယာသို့ ဖြတ်သန်းသွားလားခြင်း မပြုကြဖို့ အများသူငါကို သတိပေး နှိုးဆော်ခဲ့ရကြောင်းလည်း သိရသည်။
အကြမ်းဖက် ဆူပူလှုပ်ရှားကြသူအများစုဟာ စင်္ကာပူနိုင်ငံသို့ ပြည်ပနိုင်ငံမှ အလုပ်လာရောက်လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း စင်္ကာပူ The Straitstimes သတင်းစာက ရေးသား ဖော်ပြထားခဲ့သည်။
Source : Yahoo
Credit ပုံရိပ်(burmesehearts.com)
မီးရှို့ခံထားရသောကားများ
မီးရှို့ခံထားရသောယာဉ်များ

0 ကွန်မန့်ရေးရန်:

Post a Comment