This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, August 26, 2013

အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌဖလား အလွတ်တန်း ဘောလုံးပြိုင်ပွဲကို လပွတ္တာမြို့ ``နေသူရိန် အားကစားကွင်း´´ ၌ ယနေ့ညနေ သုံးနာရီမှ စတင်ကျင်းပ

အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌဖလား အလွတ်တန်း ဘောလုံးပြိုင်ပွဲကို လပွတ္တာမြို့ ``နေသူရိန် အားကစားကွင်း´´ ၌ ယနေ့ညနေ သုံးနာရီမှ စတင်ကျင်းပပါသည်။

သတင်း/ သတင်းဓါတ်ပုံ

သက်နိုင် (လပွတ္တာ)အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ (2 photos)

ကန့်ဘလူ ပဋိပက္ခ ဓါတ်ပုံများ မီးရှို့သူ ၁၀ ယောက်ကျော်ကိုလည်း ဖမ်းဆီးပြီး၊ ဆွဲလား ရမ်းလား လုပ်တဲ့ မွတ်ဆလင်ကိုလည်း ရဲက ထိန်းသိမ်းထား

ကန့်ဘလူ ပဋိပက္ခ ဓါတ်ပုံများ


ထန်းကုန်းရွာဘက်မှာ အမျိုးသမီး တဦးကို မွတ်ဆလင် အမျိုးသား တဦးက ဆွဲလား ရမ်းလား လုပ်ရာကနေ ပဋိပက္ခစတင်ခဲ့။

ဒေါသဖြစ်နေတဲ့ ရာနဲ့ချီတဲ့ လူအုပ်တွေ ကနေ မွတ်ဆလင် နေအိမ်တွေ ဆိုင်ခန်းတွေကို ဖျက်ဆီး မီးရှို့ ခဲ့ကြတာ ဖြစ်ပါတယ်။

အိမ်နဲ့ ဆိုင်ခန်း ၄၀ ကျော်လောက် ပျက်စီးသွား ခဲ့ပါတယ်။

အခုတော့ လုံခြုံရေး တိုးချထားပါပြီ။

မီးရှို့သူ ၁၀ ယောက်ကျော်ကိုလည်း ဖမ်းဆီးပြီး၊ ဆွဲလား ရမ်းလား လုပ်တဲ့ မွတ်ဆလင်ကိုလည်း ရဲက ထိန်းသိမ်းထားပါတယ်။

သတင်း - ဓါတ်ပုံ - ဘီဘီစီ (မြန်မာပိုင်း)





ယောင်္ကျားအင်္ဂါသန့်ရှင်းရေး ဂရုမစိုက်လျှင်ဖြတ်ပစ်ရနိုင်

Hlaing Myint and Zawminmaung Zawminmaung shared Aureum Online Media's photo.
ယောင်္ကျားအင်္ဂါသန့်ရှင်းရေး ဂရုမစိုက်လျှင်ဖြတ်ပစ်ရနိုင်သည်

PH 7 သည် ရေဖြစ်ပါသည်။ ဓာတုဗေဒနည်းအရ PH 7 အောက်ကျသွားလျှင် အက်စစ်ဟုခေါ်ပါသည်။ PH 7 အထက်ရောက်သွားလျှင် အယ်ကာလီဟုခေါ်ပါသည်။ မိန်းမကိုယ်ကို ဆေးသည့် PH 5 များ မြို့ပေါ်တွင် အတော်ရောင်းနေရပါပြီ။ ယောက်ျားကိုယ်ဆေးသည့် အရည်သီးသန့် မပေါ်သေးပါ။ မောင်ဥသြ ဖော်ရောင်းလျှင် အတော်စီးပွားဖြစ်မည်ထင်ပါသည်။ မောင်ဥသြသည် ဒေသကောလိပ်၌ Chemical Technology ယူခဲ့သောကြောင့် ဆပ်ပြာကောင်းကောင်းချက်တတ်ပါသည်။ ဆပ်ပြာသည် အယ်ကာလီဖြစ်ပါသည်။ ဒဲ့ပြောရသော် ယောက်ျားကိုယ်ကို ဆပ်ပြာဖြင့် အနည်းဆုံး တစ်နေ့တစ်ခါ ကောင်းကောင်းဆေးရပါမည်။ ယောက်ျားကိုယ် ဆိုသည်မှာယောက်ျား၏ လိင်အင်္ဂါကို ဆိုလိုပါသည်။ လိင်အင်္ဂါထဲမှ လိင်တံကို သန့်ရှင်းစေရန် ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရပါမည်။ မောင်ဥသြတို့ မြန်မာလူမျိုးများသည် တစ်နေ့တစ်ခါ ရေချိုးသော်လည်း တစ်နေ့တစ်ခါ လိင်အင်္ဂါကိုကျကျနန ဆေးကြောခဲပါသည်။

ယောက်ျား အင်္ဂါတွင် နှစ်ပိုင်းရှိပါသည်။ ပထမတစ်ပိုင်းမှာ '' လိင်တံ'' ဖြစ်၍ ဒုတိယတစ်ပိုင်းမှာ ''ထိပ်ဖူး''ဟူ၍ရှိပါသည်။ လိင်တံ အရင်းတွင် လူပျိုပေါက်ပြီးပါက အမွေးအမျှင်များရှိပါသည်။ မွတ်စလင် လူမျိုးများသည် ထိုအမွေးအမှင်များကို ရိတ်ထားပါသည်။ မောင်ဥသြတို့မြန်မာလူမျိုးများ သည် အရှက်အကြောက်ကြောင့် အောက်ခံဘောင်းဘီဝတ်၍လည်းကောင်း၊ ရေလဲပုဆိုးဝတ်၍လည်းကောင်း
ရေချိုးကြပါသည်။ ဤသို့ဆိုလျှင် လိင်အင်္ဂါကို ဆပ်ပြာဖြင့် သေချာမဆေးကြောနိုင်တော့ပါ။ ထို့ကြောင့် ဖြစ်နိုင် လျှင်ရေချိုးခန်းအကာအကွယ်ဖြင့် ရေလဲပိုင်းမပါဘဲချိုးတာ အကောင်းဆုံးဖြစ်ပါ သည်။စကားမစပ် ညစ်ပတ်သည့် အကြောင်းများကိုပြောကြရအောင်၊ မောင်ဥသြတို့ ခန္ဓာကိုယ်ဒွါရပေါက်များမှ ထွက်သော 'ချေး'များမှာ နားမှထွက်လျှင်''နားဖာချေး''၊ နှာခေါင်းမှ ထွက်လျှင်'နှပ်ချေး'' စအိုမှထွက်လျှင်တော့ ''မစင်''(သို့မဟုတ်) ''ချေး''ဟုခေါ်ကြသည်။လိင်တံဖူးနှင့် အရေပြားကြားမှထွက်သည့်ချေးသည် အဖြူဖတ်များဖြစ်ပါသည်။ အလွန်နံပါသည်။ ဆေးဝေါဟာရအရထိုချေးကို Smegma ဟုခေါ်ပါ သည်။

ထို Smegma သည် လိင်တံကင်ဆာ ( Ca-penis ) ဖြစ်စေပါသည်။ အဲဒီ မောင်ဥသြဆိုသည့်သူက အပိုတွေ သိပ်ပြောသည်ဟု မထင်လိုက်ပါနှင့်။ ပြဿနာပေါ်မှာစိုး၍ ပြောရခြင်းဖြစ်ပါသည်။ ဘာပြဿနာလဲ။ လိင်တံကင်ဆာ ဖြစ်၍ ဖြတ်ပစ်ရလျှင် ပုရိသယောက်ျား ဘဝ လုံးလုံးကြီး ဆုံးရှုံးရမှာ စိုးသောကြောင့် စေတနာ သန့်သန့်ဖြင့် ပြောနေခြင်းဖြစ်ပါသည်။ အချို့သူများတွင် ထိပ်ဖူး ငုံထားသည့် အရေပြားများ အပေါက်သေးသေးတစ်ပေါက်သာ ပါဝင်ပါသည်။ ကလေးငယ်များတွင် ထိပ်ဖူးလေး ဖောင်းလာပြီးမှ ဆီးထွက်ပါသည်။ လူကြီးများတွင် ထိုမျှမဆိုးသော်လည်း ထိပ်ဖူးကို ဖုံးနေသည့် အရေပြား Fore-Skin ကိုထိပ်ဖူးအရင်းထိ လှန်၍မရသည်များရှိပါသည်။ ထိုအခြေအနေမျိုးတွင် ဆေးဝေါဟာရအရ Circumcision ခေါ် လိင်တံ၏ ထိပ်ဖူးကို ငုံထားသော အရေပြားကိုလှီးဖြတ်ပစ်ရပါမည်။ မွတ်စလင်နှင့် ဂျူးတို့သည် ကလေးများကို ရက် ၄ဝ ခန့်၌ Circumcision လုပ်ပေးပါသည်။ ကျန်းမာရေး ရှုထောင့်အရ သင့်မြတ်သည့်ကိစ္စ ဖြစ်ပါသည်။

Phimosis ခေါ်အရေပြား Fore-Skin ကို ထိပ်ဖူးအဆုံးအထိ မလှန်နိုင်သူများသည် မိန်းမကိုယ် အပေါက်ဝကျင်းသည့် အမျိုးသမီးနှင့် ဆက်ဆံမိသည့်အခါ လန်ထွက်သွားသော်လည်း ပြန်လှန်၍ မရတော့ပါ။ တအားနာပါသည်။ ဤသည်ကို Paraphimosis ခေါ်ပါသည်။ ဆရာဝန်ထံ တန်းပြရပါမည်။ အန္တရာယ်ရှိပါသည်။ Paraphimosis ခေါ် လိင်တံ အရှေ့ပိုင်းအရေပြား Fore-Skin ကို ဖြတ်ထားခြင်းဖြင့် သန့်စင်အောင် ဆေးကြောရလွယ်ပါသည်။ ငယ်ငယ်ကတည်းက Circumcisio လုပ်ထားသော မွတ်စလင်နှင့် ဂျူးတို့၌ လိင်တံကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းသည် ၁ဝရာခိုင်နှုန်းအောက်သာ ရှိပါသည်။ အချုပ်အားဖြင့်ဆိုသော် ယောက်ျားအင်္ဂါ သန့်ရှင်းရေးကို ရေတစ်ခါချိုးတိုင်းဆပ်ပြာဖြင့် သေချာစွာ ဆေးကြောသင့်ပါသည်။ Circumcisio လုပ်ထားခြင်းဖြင့် ဆေးကြောရ ပိုမိုလွယ်ကူကြောင်းအသိပေးလိုက်ရပါသည်။
စာဖတ်သူအပေါင်း ဆန္ဒနှင့် ဘဝတစ်ထပ်တည်း ကျပါစေ။
By မောင်ဥသြ (ဆေး -၁)

ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ နယ် ၃၃ ခု တွင် ဆိုင်ကယ်စီးနင်းမှုများကို အရေးကြီးသွင်းကုန် ဥပဒေပုဒ်မ(၈)အရ ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချအရေးယူမည်ဟု သက်ဆိုင်ရာဒေသ အာဏာပိုင်များက ကြေညာ

Sunday, August 25, 2013

ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို

ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ နယ် ၃၃ ခု တွင် ဆိုင်ကယ်စီးနင်းမှုများကို အရေးကြီးသွင်းကုန် ဥပဒေပုဒ်မ(၈)အရ ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချအရေးယူမည်ဟု သက်ဆိုင်ရာဒေသ အာဏာပိုင်များက ကြေညာထားသည်။

လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသူများကို ယခင်က ဆိုင်ကယ်များကိုသာ ဖမ်းဆီးခဲ့သော်လည်း ယခုဖမ်းဆီးမှုတွင် စီးနင်းသူကိုပါ အပြစ်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

“ခရိုင်က ညွှန်ကြားတာပါ။ ညက ရပ်ကွက်ထဲက လူတွေအားလုံးသိအောင် လော်စပီကာနဲ့ လိုက်အော်တယ်။ ယာဉ်ထိန်းရဲရယ်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးထဲက တာဝန်ရှိသူတွေပေါင်းပြီး ဖမ်းမှာပါ”ဟု လှိုင်သာယာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လက ရန်ကုန်မြို့အတွင်း စီးနင်းခွင့်မရှိဘဲ မောင်းနှင်သည့် ဆိုင်ကယ် ၅၈၀ ကျော် ဖမ်းဆီးအရေးယူခဲ့သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး (ရန်ကုန်)ထံမှ သိရသည်။

“အခု ခရိုင်လေးခုက ခရိုင်မှူးတွေ ဦးစီးပြီးဖမ်းမယ်။ လိုင်စင် ရှိရှိ၊ မရှိရှိ ထောင်သုံးနှစ်ပဲ။ စည်ပင်သာယာနယ်နိမိတ်ထဲမှာ ဆိုင်ကယ်လုံးဝမရှိစေရဘူးဆိုတဲ့ ရည်ရွယ်ချယ်နဲ့”ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသာဌေးကပြောသည်။

“ဆေးလိပ်ငွေ့လိုပါပဲ။ ကြာရင်တော့ အငွေ့ပြယ်သွားမှာပဲလေ။ အခုတော့ ဆိုင်ကယ်ကို အိမ်ထဲမှာ သိမ်းထားလိုက်ဦးမယ်”ဟု ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆိုင်ကယ်ပိုင်ရှင်တစ်ဦးက ဖမ်းဆီးမှုပြုလုပ်မည်နှင့် ပတ်သက်၍ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဇူလိုင်လက မော်တော်ဆိုင်ကယ် မတော်တဆမှု၊ ယာဉ်နှင့် ဆိုင်ကယ်တိုက်မှု စုစုပေါင်း ၈၂ ခု ဖြစ်ပွားခဲ့ပြီး ၁၁ ဦး သေဆုံးကာ ၁၀၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုများကြောင့် လူ ၃၃၀၀ ကျော် သေဆုံးခဲ့ပြီး ယခုနှစ်ဧပြီလအထိ လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ ယာဉ်မတော်တဆမှုများဖြင့် ဆေးရုံများသို့ ရောက်ရှိလာသည့် လူနာများ၏ သုံးပုံနှစ်ပုံမှာ ဆိုင်ကယ်စီးနင်းသူများ ဖြစ်သည်။

7Day News Journal

Thit Htoo Lwin - News

မြန်မာအမျိုးသမီး အများစုက ရင်သားစမ်းသပ်မှုကို ခံယူရမှာ ရှက်ရွံ့တတ်တာကြောင့် ဆရာဝန်ကို ပြသဖို့ အချိန်ဆွဲနေတတ်ကြပါတယ်။ သင်က အသက် ၃၀ အရွယ် ဖြစ်နေခဲ့ရင် ဒီအသက်အရွယ်မှာ ပြောင်းလဲဖြစ်ပေါ်နိုင်တဲ့ ရင်သားအကြောင်းကို သိထားဖို့ လို

အသက် ၃၀ မှာပြောင်းလဲလာတဲ့ အမျိုးသမီးများ ရင်သားအကြောင်း သိကောင်းစရာ


အပျိုဖော်ဝင်စကနေ သွေးမဆုံးခင်အချိန် အတွင်းမှာ ကင်ဆာမဟုတ်တဲ့ ရင်သား အဖုအကျိတ်ဖြစ်တာက တွေ့ရများလေ့ ရှိပါတယ်။ မြန်မာအမျိုးသမီး အများစုက ရင်သားစမ်းသပ်မှုကို ခံယူရမှာ ရှက်ရွံ့တတ်တာကြောင့် ဆရာဝန်ကို ပြသဖို့ အချိန်ဆွဲနေတတ်ကြပါတယ်။
သင်က အသက် ၃၀ အရွယ် ဖြစ်နေခဲ့ရင် ဒီအသက်အရွယ်မှာ ပြောင်းလဲဖြစ်ပေါ်နိုင်တဲ့ ရင်သားအကြောင်းကို သိထားဖို့ လိုပါတယ်။

ရင်သား အဖုအကျိတ်
မဟော်မုန်း အီစထရိုဂျင်က ရင်သားတင်းရင်းအောင် ထောက်ပံ့ပေးပါတယ်။ ရင်သားမှာ ကြွက်သားတွေ ပါဝင်မှုမရှိဘဲ အမျှင်တွယ်ဆက် တစ်သျူး၊ အဆီတစ်သျူး၊နို့ရည်ထုတ်နိုင်တဲ့ ဂလင်းတစ်သျူး စတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အသက် ၃၀ အရွယ်မှာ အမျိုးသမီးတွေရဲ့ ရင်သားမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်အဖုတွေ ဖြစ်နိုင်ပါတယ်။ ဒီထက် ငယ်ရွယ်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ်လေးတွေ ဖြစ်တဲ့အခါ နာကျင်ပြီး အဖုအကျိတ်လေးကို လက်နဲ့ စမ်းကြည့်ရင် ဟိုဘက်ဒီဘက် ပြေးနေတတ်ပါတယ်။ နာကျင်မှုက ရာသီလာခါနီး အချိန်တွေမှာ နာတတ်ပြီး တချို့လည်း ရာသီလာပြီး နောက်ပိုင်းမှာလည်း နာကျင်တာကို ဆက်လက် ခံစားရနိုင်လို့ အရီဇီုးနားသိပ္ပံပညာရပ် စင်တာမှ ပါမောက္ခ လီရိုနာဒွန်းနေက ပြောပါတယ်။

ရင်သားကင်ဆာ ဖြစ်မှာ မစိုးရိမ်ပါနှင့်
ဒီအသက်အရွယ်မှာ အမျိုးသမီး အများစုက အိမ်ထောင်တစ်ခုရဲ့ မိခင်ကောင်းတွေ အဖြစ် သားသမီးတွေကို နို့ချိုတိုက်ကျွေးတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဖြစ်နိုင်ရင် ကလေးကို အသက်ငယ်ငယ်နဲ့ နို့ဖြတ်လိုက်တာမျိုး မလုပ်ပါနဲ့။ အမျိုးသမီးတချို့က ကလေးကို နို့ချိုတိုက်ကျွေးတာကြောင့် ရင်သားတွေ လျော့ရိလျော့ရဲ ဖြစ်ပြီး တွဲကျလာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ကလေးငယ်ကို နို့ချိုတိုက်ကျွေးတာက ရင်သားတစ်သျူးတွေ လျော့ရဲမသွားစေပါဘူး။ နို့ချိုတိုက်ကျွေးချိန်မှာတော့ ရင်သားတွေ ကြီးလာတာကြောင့် အရေပြားပေါ်မှာ အကြောပြတ်ရာမျိုးတွေ ထင်နိုင်ပေမယ့် ကလေး နို့ဖြတ်လိုက်တဲ့အခါ ပုံမှန် အနေအထားကို ပြန်ရောက်သွားပါတယ်။ ၂၀၀၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် အစားထိုးခွဲစိတ်ကု ဆရာဝန်ညီလာခံမှာ နို့ချိုတိုက်ကျွေးတာကြောင့် ရင်သားလျော့ရဲမှု မရှိနိုင်ပါ။ ရင်သားကို ကောင်းကောင်း ထောက်ပံ့မပေးနိုင်တဲ့ ပွပွချောင်ချောင် ဘရာစီရာ ၀တ်တာ၊ ကလေးများများ ယူတာ၊ ဆေးလိပ် သောက်သုံးတာ၊ အသက်ကြီးတာတွေကသာ ရင်သား လျော့ရဲပြီး တွဲကျစေတယ်လို့ ဆိုပါတယ်။ အသက်ကြီးလာတဲ့အခါ ရင်သားမှာ နို့ရည်ထုတ်ဂလင်းတွေ နည်းပြီး အဆီတွေ များလာကာ တင်းရင်းမှုလည်း လျော့နည်းလာပါတယ်။

ရင်သား လျော့ရဲမှုမှ ကာကွယ်ရန်
ရင်သားမှာ ကြွက်သားတွေ မရှိတာကြောင့် တင်းရင်းဖို့ လေ့ကျင့်ခန်း လုပ်တာက ထိရောက်မှု မရှိဘူးလို့ ပညာရှင်တွေက ပြောပါတယ်။ တခိျု့ ဆရာဝန်တွေက လေ့ကျင့်ခန်းလုပ်ရာမှာ အမျိုးသမီး အားကစားသမားတွေ ၀တ်ဆင်တဲ့ ဘရာစီရာမျိုးကို ၀တ်ဆင်ပြီး လုပ်သင့်တယ်လို့ အကြံပြုပါတယ်။ ပြေးလွှားခုန်ပေါက် လုပ်ရတဲ့ လေ့ကျင့်နည်းတွေက ရင်သားမှာရှိတဲ့ အရွတ်တွေကို ဆွဲဆန့်သလို ဖြစ်ပြီး ရင်သားတင်းရင်းမှုကို လျော့နည်းစေတာ ကြောင့်ပါ။

ရင်သားကင်ဆာ ဖြစ်နိုင်ခြေ
အသက် ၃၀ ကနေ ၃၉ နှစ် အတွင်း အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ နည်းပါတယ်။ အမျိုးသမီး ၂၂၉ ယောက်မှာ တစ်ယောက်နှုန်းသာ ဖြစ်နိုင်ခြေ ရှိတယ်လို့ လေ့လာမှုတွေမှာ တွေ့ရပါတယ်။ မိဘမျိုးရိုးမှာ ရင်သားကင်ဆာ ဖြစ်ဖူးသူ ရှိရင်တောင် အသက်၃၀ မှာ ရင်သားဓာတ်မှန် ရိုက်ဖို့ မလိုသေးပါဘူး။ အသက်ငယ်တဲ့ မိန်းကလေးတွေရဲ့ ရင်သားမှာ တစ်သျှူးတွေနဲ့ တင်းတင်းရင်းရင်း ရှိတာကြောင့် ရင်သားဓာတ်မှန် ရိုက်ပြီး စစ်ဆေးလည်း ရင်သားမှာ ကင်ဆာရှိ၊ မရှိကို မသိရှိနိုင်ပါဘူး။ ဒါပေမဲ့ လစဉ် ရာသီလာခါနီး ရက်တွေမှာ လက်ချောင်းတွေနဲ့ ကိုယ်တိုင် စမ်းသပ်မှုကိုတော့ လုပ်သင့်ပါတယ်။ ရင်သားမှာ မသင်္ကာစရာ စမ်းသပ် တွေ့ရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။

နှာခေါင်းနှိုက်ခြင်း (ဟာသ)

လူပျိုပေါက်အရွယ်သားက အဖေဖြစ်သူကိုမေးပါတယ်...
သား။ "အဖေ မိန်းမနဲ့တူတူနေတာ ဘယ်လိုအရသာရှိလဲ..."
အဖေ။ "မင်းရဲ့နှာခေါင်းထဲကို လက်ချောင်းနဲ့နှိုက်တဲ့ အရသာမျိုးပေါ့သားရဲ့..."

သား။ "အဲ့လိုအခါမျိုးမှာ မိန်းမတွေက ယောက်ျားတွေထက် ဘာလို့သာယာမှုပိုရတာလဲ အဖေ..."
အဖေ။ "ဘာကြောင့်လဲဆိုတော့ မင်းနှာခေါင်းကိုနှိုက်တဲ့အခါ မင်းလက်ချောင်းထက် နှာခေါင်းက အရသာပိုရှိလို့ပေါ့ကွ..."

သား။ "မိန်းမတွေ အဓမ္မကျင့်ခံရတာကျတော့ ဘာလို့ မသာယာတာလဲအဖေရဲ့..."
အဖေ။ "ဒါကဘာနဲ့တူလဲဆိုရင် မင်းက လမ်းပေါ်မှာလျှောက်သွားနေတုန်း တစ်ယောက်ယောက်ကလာပြီး မင်းနှာခေါင်းကိုနှိုက်မယ်ဆိုရင် မင်းအရသာရှိပါ့မလား..."

သား။ "မိန်းမတွေ ဓမ္မတာလာတဲ့အချိန် ဘာကြောင့် ယောက်ျားနဲ့တူတူမနေချင်ရတာလဲ အဖေ..."
အဖေ။ "မင်းကော နှာခေါင်းသွေးယိုနေတဲ့အချိန်မှာ နှာခေါင်းနှိုက်လို့လား..."

သား။ "မိန်းမနဲ့တူတူနေနေတုန်း ယောက်ျားတွေက ဘာလို့ ကွန်ဒုံးမဝတ်ချင်ကြတာလဲ အဖေ..."
အဖေ။ "မင်းနှာခေါင်းနှိုက်တာကို လက်အိတ်ဝတ်ပြီးနှိုက်ချင်ပါ့မလား သားရယ်..."

သား။ "လင်နဲ့မယားတွေက ဘာလို့ လူကွယ်ရာမှာပဲ တူတူနေကြတာလဲ အဖေ..."
အဖေ။ "မင်းက အတန်းဖော်တွေရဲ့ရှေ့မှာ နှာခေါင်းနှိုက်မှာလား..."

Ref: Inspire Your Friends

နှိုင်းရင့်နွေ

Internet online က နေ ဘောလုံးပွဲ တွေ ကို တိုက်ရိုက်ကြည့်လို့ ရ မယ့် live stream ဆိုဒ်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။internet ကနေ တိုက်ရိုက်ကြည့်တယ် ဆိုတော့ connection မကောင်းရင်တော့ အထစ်အငေါ့တော့ ရှိနိုင်

online က နေ ဘောလုံးပွဲ တွေ ကို တိုက်ရိုက်ကြည့်လို့ ရ မယ့် ဆိုဒ်များ

Internet online က နေ ဘောလုံးပွဲ တွေ ကို တိုက်ရိုက်ကြည့်လို့ ရ မယ့် live stream ဆိုဒ်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။internet ကနေ တိုက်ရိုက်ကြည့်တယ် ဆိုတော့ connection မကောင်းရင်တော့ အထစ်အငေါ့တော့ ရှိနိုင်ပါတယ်။ ဖေ့ဘွတ်က နေ
ညီလေးတယောက်အကူညီတောင်းထားလို့ ရှာပြီးတင်ပေးလိုက်တာပါ။
တချို့  ဆိုဒ်တွေ copy rights ကြောင့် ပျက်သွားလို့ မရ ရင် တော့ မတတ်နိုင်ဘူးနော်။
                                      




http://www.ronaldo7.net/live/live.html

http://firstrownow.eu/sport/football.html

http://www.bet365.com/extra/extra.aspx?ContentPath=LiveStreaming%2cStreaming

http://www.stream2watch.me/soccer

http://www.kakibara.com/

http://www.day.to/

http://evwg.blogspot.com/p/blog-page.html

http://www.livesportsbox.com/live-football.html

http://www.oleoletv.me/

http://sportlemon.in/index.php?game=football

http://soccerlivelinks.com/category/live-football/

http://www.usagoals.me/football.html 

http://veetle.com/index.php/listing/index/sports

ဒီလောက်ဆို အဆင်ပြေမယ်လို မျှော်လင့်ပါတယ်။

enjoy'

မိမိတို့ဘလော့ကို PASSWORD ခံထားကြမလား ( လန်းးထာာာာာာနော် ) ...............

 မင်္ဂလာပါနော်....သည်နည်းပညာလေးကတော့ အရမ်းကို  ဖလမ်းးးးဖလမ်းးးးထနေတာပါဘဲဗျာ...
သူကတော့   မိမိတို့ဘလော့တွေကို  ပါတ်ဝပ်ခံပေးတဲ့နည်းလမ်းလေးတစ်ခုပါ....  အသုံးတော့နည်းပါလိမ့်မယ်  ဒါပေမယ့်   ဥပမာ.... မိမိဖွင့်ထားပြီး   ဘယ်သူမှ ၀င်မကြည့်စေလိုသောအခါ
ဆိုဒ်မျိုးတွေမှာ  အသုံးဝင်ပါလိမ့်မယ်.... ကိုယ်ပေးထားတဲ့ ပါတ်ဝပ်ကို  ကိုယ်ကြည့်စေခြင်တဲ့ သူကိုသာ ပေးကြည့်ပေါ့...ေိေိ... နည်းပညာ မျှဝေနေတဲ့ ဆိုဒ်တွေတော့ မသုံးသင့်ပါဘူးး တော်ကြာ  လေ့လာဖို့ဝင်လာပါတယ် ပါတ်ဝပ်ခံထားတော့  သေပြီဆရာပေါ့နော်...ေိေိ
ဘာဘဲဖြစ်ဖြစ်  ဗဟုသုတအနေနဲ့  ပြန်လည် ရေးသားလိုက်ရခြင်းဖြစ်ပါတယ်....
အောက်မှာ လေ့လာလိုက်ပါနော်...


   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

  </body>   ဆိုတာလေးကို ရှာလိုက်ပါနော်...


တွေ့တာနဲ့ အောက်မှာ ကျနော် ပေးထားတဲ့ ကုဒ်တွေကို သူကအပေါ်ကနေ ကပ်ပြီး ထည့်ပေးလိုက်ပါ။

<script>
var password = 'မိမိထားလိုသော ပါတ်ဝပ်ရေးပါ'
password=prompt('Please enter the password to enter this site:','');
if (password != 'ပါတ်ဝပ်ကိုထပ်ရေးပေးပါ ') {
location.href='မိမိဘလော့ဆိုဒ်ရဲ့  လိပ်စာထည့်ပါ'}
</script>
အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြလိုက်ပါတယ်နော်....


ပြီးတာနဲ့  မိမိတို့ ကုဒ်ထည့်ထားသောတက်ပလက်ကို  ရဲရဲ သာဆေ့ပေးလိုက်ပါနော်...အာမခံပါတယ်.ေိ
မိမိတို့ ဘလော့ကို ဖွင့်ကြည့်လိုက်ပါ  တခဏတာအတွင် အောက်ကပုံလို ဘောက်လေးကျလာမယ်.. ပါတ်ဝပ်တောင်းတဲ့ဘောက်လေးပါ  မိမိတို့ ထည့်ထားသော ပါတ်ဝပ် နံပါတ်ကို ထည့်ပေးမှသာ ထိုဆိုဒ်ကို
ဆက်လက် ကြည့်ရှုခွင့် ပြုမှာ ဖြစ်ပါတယ်နော်....


အကယ်လို့ ပြန်ဖျက်လိုပါက  </body> 
ကိုပြန်ရှာပါ  သူ့အပေါ်က ထည့်ပေးထားသော အပေါ်ကကုဒ်တွေကို  ပြန်ဖျက်လိုက်ပါ  အိုကေနော်...

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည်နေရာလေးများ 

www.ledimye.blogspot.com 
www.aungsanmks.com 
www.ninilayy.com

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာသတင်း အတိအကျ ( ပြန်ကြားရေးဝန်ကြီးဌာန )





ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကန်းကျေးရွာအုပ်စု၊ ၂၀၁၃ ခုနှစ်၊ ဩဂုတ် ၂၄( ၁၈:၃၅) နာရီ အချိန်၊ ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာအကြား ရေပြာလှျိုကန်နှင့် မန်ကျီးပင် အနီးတွင်( ဘ-ဦးပြူးကျော်၊ အမိ ဒေါ်ဌေးတင် ဆံပင်အလုပ်သမား လုပ်ကိုင်သူ မလှပြည့် (၂၅)နှစ် အား ထန်းကုန်းကျေးရွာမှ အလုပ်သိမ်းအပြန် အစ္စလာမ်ဘာသာဝင် လူမျိုးတစ်ဦးက လက်ဆွဲပြီး မုဒိမ်းကျင့်ရန်ကြံစည်ကြိုးစားခဲ့သည်။ ထိုစဉ် မလှပြည့်သည် ရုန်းထွက်ပြေးပြီး အနီးရှိ တောင်သူ လုပ်ကိုင်နေသော အောင်ဇော်မြင့်(ဇီပင်သာ)ထံသို့ သွားရောက်အကူအညီ တောင်းခံခဲ့ သည်။ ယခု အခါ အဆိုပါ အမည်မသိ အစ္စလာမ်ဘာသာဝင်ကို ထန်းကုန်းရဲစခန်းသို့ ( ၁၈:၅၀) အချိန် တွင် အပ်နှံခဲ့ကြောင်း သိရှိရသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၁၉နာရီ ၁၀ မိနစ် အချိန်တွင် ဇီးပင်သာ ကျေးရွာ၊ ထန်ကုန်း ကျေးရွာသား (၁၅၀)ဦးခန့်၊ သံဃာတော်(၃)ပါးတို့သည် ထန်ကုန်းရဲစခန်းရှေ့တွင် တရားခံ ထုတ် ပေးရန် ၁၉ နာရီ ၃၀ မိနစ် အချိန်ထိ တောင်းခံခဲ့သည်။ တရားခံထုတ်မပေးသဖြင့် ၁၉ နာရီ ၄၀ မိနစ်အချိန်တွင် ဦးသန်းမြင့် ၇၈၆ နေအိမ်အား စတင်ရိုက်ဖျက်ခြင်း၊ စည်ပင်ဈေးရှိ မူဆလင် ဆိုင်(၄)ခန်း၊ ဘူးတာဈေးရှိ ဒေါ်ခင်သန်းဆိုင်၊ အမှတ်(၄)ရပ်ကွက်၊ ဦးသောင်းပါင့် ကုန်မာဆိုင်၊ အမှတ်(၃)ရပ်ကွက်ဦးမောင်မောင်နီ ကုန်စုံဆိုင်၊ သံလမ်းဘေးရှိ ဦးအလီဘာ ရေဒီယိုက်ဆက်ဆိုင်၊ အမှတ်(၇)ရပ်ကွက် ဦးဆွေညွန်၊ ဦးမောင်ဝင်း အိမ်တို့အား ရိုက်ဖျက်ခြင်း အမည်မပေါ် ဆိုင်(၅) ခန်းအား ဆက်လက်ရိုက်ဖျက်ခဲ့ကြောင်း သိရှိရသည်။အဆိုပါ လူစုအဖွဲ့သည် ၂၁ နာရီ ၁၀ မိနစ် အချိန် OMC မူးဘောင် အနောက်ဘက်ရှိ ဦးကျော်မြင့် ကြက်ခြံအား စတင်မီးရှို့ဖျက်စီးခဲ့ကြကြောင်း သိရှိရသည်။ အမှတ် (၁)ရပ်ကွက် ဦးတင်ဝင်း လဘက်ရည်ဆိုင်၊ ဦးမောင်ကျော်နေအိမ်၊ ဒေါ်မူသန်း ဆန်ပွဲရုံ၊ မောင်ကင်း ကွမ်းယာဆိုင်တို့ကို မီးရှို့ခဲ့ကြောင်း သိရှိရသည်။ ၂၂ နာရီ ၅၀ မိနစ် အချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်မြသွေး ပန်းမြိုင်လယ် လဘက်ရည်ဆိုင်အားဆက်လက်မီးရှို့ခဲ့ရာ နေအိမ်အလုံး(၂၀)ခန့် (စိစစ်ဆဲ) လောင်ကျွမ်း ခဲ့ကြောင်း သိရှိရသည်။၎င်းလူစုအား ဩဂုတ်လ ၂၅ ရက်၊ ၁နာရီ အချိန်တွင် အင်အား(၁၀၀၀)ခန့်ရှိ လူအုပ်သည် ဒေါ်ခင်သန်း၊ အမှတ်(၃)ရပ်ကွက် နေအိမ်ကို မီးရှို့ရန် ရောက်ရှိလာစဉ် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ( ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးအုန်းလှိုင်)က ဆက်လက်မီးမရှို့ရန်၊ ရှေ့ဆက်မတက်ရန် တားမြစ်ခဲ့သည်။ သို့သော် လေးဂွများဖြင့် အဆက်မပြတ် ပစ်ခတ်ရာ ထိန်းသိမ်းမရနိုင်သည့် ရုန်းရင်း ဆန်ခတ်မှု အခြေအနေမျိုး ဖြစ်လာ၍ ၁ နာရီ ၁၅ မိနစ်တွင် လူထုကွဲစေရန် ခြောက်လှန့်ပြီးသေနတ်(၃)ချက်အား မိုးပေါ်သို့ ထောင်ဖောက်ခဲ့ကြောင်း သိရှိရသည်။ထိုသို့ တားမြစ်နေစဉ် ကာလအတွင်း မီးငြိမ်းသတ်နေသော မီးသတ်ကားများ OMC မူးဘောင်မှ ရေဖြည့်ခြင်းကို လက်မခံဘဲ မီးသတ်ကားအား ဓါးဖြင့် ဝိုင်းဝန်းခုတ်ဖြတ်ခြင်းတို့ကြောင် ၁ နာရီ ၃၀ မိနစ် အချိန်တွင် ဒုတိယအကြိမ် သေနတ် (၃)ချက် မိုးပေါ်ထောင် ဖေါက်၍ ခြောက်လှန့်ရာ လူစု လူဝေးအနည်းငယ်ကွဲသွားမှ မီးသတ်ကားများ ရေဖြည့်ပြီး မီးငြိမ်းသတ်ခြင်းများ ထပ်မံ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။မီးငြိမ်းသတ်ခြင်း လုပ်ငန်းကို မီးသတ်ကား (၁၀)စီး၊ မီးသတ် တပ်ဖွဲ့ဝင် (၇၀)ဦးက ငြိမ်းသတ်ရာ ၃ နာရီ ၃၀ မိနစ်တွင် မီးညွန့်ကျိုးသွားခဲ့ကြောင်း၊ မီးလောင်မှု့ကြောင့် ဦးထွန်းသင်း၏ အောင်ဇဗ္မူ ဆန်စက် အပါအဝင် နေအိမ်(၂၀)လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရှိရသည်။ဖြစ်ပွားနေသော အခြေအနေများအား ဆက်လက်ထိမ်းသိမ်း ဆောင်ရွက်ရာတွင်နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီး၊ တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲတပ်ဖွဲ့ဝင် (၈၀) ဦးတို့က ဆောင်ရွက်လျှက် ရှိပြီး ၃ နာရီ ၁၅ မိနစ်အချိန်တွင် ရဲတပ်ရင်း (၁၁၆)မှ ဒုရဲမှူးကြီး တင်မိုးပါ (၇၀)ဦးတို့သည် ထန်ကုန်း ကျေးရွာသို့ ရောက်ရှိလာပြီး အတွင်းစည်းလုံခြုံရေး တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း တည်ငြိမ်အေးချမ်းအောင် ထိမ်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ကနဦးသတင်း အနေဖြင့် တင်ပြအပ်ပါသည်။

Ye Htut ( ပြန်ကြားရေး ဒုဝန်ကြီး )

အဆင်ပြေပါစေဗျာ
နွေည

ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ


ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။

Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ့ ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး သူ့ရဲ့  ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့  ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။ အဓိက တွေ့ရှိ ချက် ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။

၂၀၀၉ ခုနှစ်ကစလို့ မွေးပြောင် ကြွက် အကောင် ၉၀ ကို မွေးဖွားပြီး ကင်ဆာ ဓာတ်ကြွယ်တဲ့ ဆေးတွေ ထိုးခဲ့ ပါတယ်။ ကိုယ်တွင်းမှာ ရှိတဲ့ ကင်ဆာဓာတ် ကို သူ့ကိုယ်တွင်းက ထုတ်တဲ့ သကြားဓာတ် တစ်မျိုး (HA) မော်လီကျူး များက တန်ပြန်ခုံခံပြီး ပုံမှန်အတိုင်း သက်တမ်း ၃၀ အထိ နေနိုင်တာ ကို တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်တွင်းက ထုတ်တဲ့ HA သာ သာမန်လူတစ်ဦး ထက် ငါးဆ မက ပိုလွန်ပြီး ကင်ဆာဆဲလ်တွေ ကို ချေမှုန်းတဲ့ နေရာမှာ အင်မတန် မြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ကင်ဆာရောဂါ တိုက်ဖျက်မယ့် ဆေး စစ်ဆေးစမ်းသပ်ဖော် ထုတ်မှုကို Naked Mole Rat မှ စတင်ရမှာ ဖြစ်ပါတယ်။ ၎င်းတို့ ခန္ဓာကိုယ် တွင်းမှာ ရှိတဲ့ HA မော်လီကျူးဓာတ်ကို အခြေခံလို့ ဆေးတစ်မျိုးဖန်တီးရင် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ခြင်း၊ ဖြစ်နေရင်လည်း တိုက်ဖျက်ခြင်း တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကင်ဆာရောဂါ ဆေးသုတီများဟာ မကြာမီ နှစ်များအတွင်း ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့် ဆေးဝါးများ ဖန်တီးဖော်ထုတ်နိုင်မယ်လို့ ကြေညာ ခဲ့ကြောင်း သိရပါတယ်။


facebookမှပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်...

ဖုန်းအတွက် Ringtones များ

ဖုန်းအတွက်  Ringtones  များ
ဘယ်သူမှ ဒီလို ပို့စ်မျိုး တင်ဖူးမယ်လို့ မထင်ပါဘူးဗျာ....
ကျွန်တော် အကြံရှိတာ ကြာပါပြီ  ကိုယ်တိုင် လုပ်ဖို့လည်း အချိန်သိပ်မရတာနဲ့ ရှာဖွေမိသမျှပဲ တင်ပြလိုက်ပါတယ်....။
Cellphone တွေအခုခေတ်ကြီးထဲမှာ လူငယ်တိုင်းလိုလိုအတွက် နေ့စဉ်သုံး မရှိမဖြစ် Electronic Gadget တစ်ခုအနေနဲ့ အရေးပါလာပါတယ်။
Phone တွေ fancy ပိုဖြစ်လာပြီး သုံးလို့ရတဲ့ Function တွေလည်းပိုများလာပါတယ်။ အဲဒီထဲကမှာ Ringtones (ဖုန်းလာရင် မြည်တဲ့အသံ) ကိုအမျိုးမျိုး မရိုးအောင် ပြောင်ပြီးသုံးချင်သူများအတွက်ပါ။
အင်္ဂလိပ်သီချင်း ringtones တွေက ကိုယ်ရှာရင် ရှာတတ်သလို လွယ်လင့်တကူ ရနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာသီချင်းတွေက ဒီလိုမျိုးရှာဖို့ဆိုတာ အဆင်မပြေပါဘူး။
ဒါကြောင့် ကျွန်တော် ရှာတွေ့ထားသမျှ Ringtones တွေကို တင်ပေးလိုက်ပါတယ်..။
လိုချင်သော  Ringtones တွေကို  လိုသလောက်ဒေါင်းကြပါနော်.......
Comment လေးတော့ ရေးသွားပေးနော်....
List of Ringtones
အေသင်ချိုဆွေ - လေပြေ | [Download]
စန္ဒီမြင့်လွင် - လာမချုပ်နဲ့ | [Download]
ဇင်အောင် - ကောင်မလေး | [Download]
ဝိုင်းစုခိုင်သိန်း - လမ်းမကြီးရဲ့ဘေး | [Download]
ရဲလေး - Number One | [Download]
Lady GaGa - Love Game | [Download]
4Minute - Making Love (OST Personal Taste) (Korea) | [Download]
Big Bag - ကြုံရင်ပြောပေးပါ | [Download]
မျိုးကြီး - ပြန်လာချိန်လေး | [Download]
B.o.B - Nothing on You | [Download]
Bunny Phyo - ချစ်တယ်ဟုတ် | [Download]
Project - 1 - ကြီးကြီးသေးသေး | [Download]
Bunny Phyo - နှစ်ပတ်လည် | [Download]
လွှမ်းပိုင် - Miles Away | [Download]
VIP - ဆရာကျလွန်းတယ် | [Download]
လေးဖြူ - စာမျက်နာ ၁၅ | [Download]
9one feat. အိမ့်ချစ် - ကမ္ဘာငယ်လေး | [Download]
ရိမ်းမိုး - သူလေး | [Download]
Rihanna - Take A Bow | [Download]
Gtone feat. ကြက်ဖ - ရှိုးပွဲ | [Download]
Bobby Soxer - မနှုတ်ဆက်ချင်ဘူး(Rap) | [Download]
L ဆိုင်းလ်ဇီ - မလွမ်းရဲသေးဘူးမောင်ရယ် | [Download]
Moez feat. Jenny - ပြန်လိုချင်တယ် | [Download]
ဧကရီ - အချစ်တို့ပြန်ပေးပါ | [Download]
ကောင်းမြတ် - ချစ်ခွင့်ရချင်ပြီ | [Download]
Iszani - မနိုးထလိုက်ပါနဲ့ | [Download]
လွှမ်းပိုင် - မနှုတ်ဆက်ချင်ဘူး(Rap) | [Download]
Miley - Butterfly fly away | [Download]
psst! - Funny Ringtone | [Download]
Sweet Tone | [Download]
iphone sms | [Download]
3D Bells | [Download]
လွှမ်းပိုင် - ခုန်လိုက် | [Download]
Drake - Find Your Love | [Download]
Scary Ringtone | [Download]
Mario Dies | [Download]
You Know You Make Me Wanna | [Download]
Justin Bieber & Sean | [Download]



Tuna - လွမ်းရင်းနဲ့ရူးမှာပါ | [Download]
Nicki Minaj - Your Love | [Download]
ဖြိုးကြီး ၊ ဆုန်သင်းပါ - မေ့နေပြီလား | [Download]
အေသင်ချိုဆွေ - တင်းတယ် | [Download]
ကောင်းကောင်း ၊ မို့မို့လွင် - မင်းကိုသတိရရင် | [Download]
MRTV Ringtone | [Download]
Enrique Iglesias - May Be | [Download]
မေသင်္ကြန် - ရွှေမန်းဆီသို့ | [Download]
စိုင်းစိုင်း feat. သီရိဆွေ - အမြဲတမ်းယုံကြည်တယ် | [Download]
Love The Way You Lie | [Download]
2ne1 - You And I | [Download]
Bobby Soxer - လက်လက်ကိုထလို့ | [Download]
Snare - လုပ်ချင်အုံး | [Download]
Alex - အရင်လို | [Download]
Aung Hla - အလွမ်းသင့်ပန်းချီ | [Download]
Roll One Feat. Bobby Soxer | [Download]
ChipMunks - ခင်မော်တိုး | [Download]
Bunny Phyo - ဆုတောင်းပေးမဲ့သူ | [Download]
အေသင်ချိုဆွေ - တိုင်တည် | [Download]
မျိုးကြီး - ဘီယာ | [Download]
အားလုံးကို လေးစားလျှက်...............
ငှက်ငယ်