This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, December 30, 2012

AH -64 အပါချီ ရဟတ်ယာဉ်သည် အလွန်ကောင်းမွန်သော တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်ြး

Kotoke Gyi shared မြ၀တီ's photo.
AH -64 အပါချီ

အပါချီ ရဟတ်ယာဉ်သည် အလွန်ကောင်းမွန်သော တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းဖြစ်ပြီး လက်ရှိအချိန်တွင် အမေရိကန်စစ်တပ်၏ အားထားရသော အနီးကပ် လေကြောင်းပစ်ကူ တိုက်ခိုက်ရေး ရဟတ်ယာဉ်ပင်ဖြစ်သည်။ အမေရိကန်တပ်မတော်၏ လက်ရှိဆင်နွှဲနေသော အကြမ်းဖက်သမားများ ချေမှုန်းရေးတာဝန်များတွင် တာဝန်ယူတိုက်ခိုက်နေသဖြင့် တာလီဘန်များနှင့် အကြမ်းဖက်စစ်သွေးကြွများမှာ အလွန်ကြောက်ရွံ့ကြပြီး ခြင် ဟုပင် တင်စားခေါ်ဝေါ်ကြသည်။ အဆိုးဆုံးခြင်ကိုက်လျှင် အများဆုံးဖျားနာပြီးမှသာ သေဆုံးသော်လည်း အပါချီ ခြင် ကိုက်လျှင်မူ ကိုက်မှန်းမသိပဲနဲ့ပင် သေဆုံးကြရသည်သာဖြစ်သည်။ အပါချီရဟတ်ယာဉ်မှာ မည်သည့်အရပ်မှ ပစ်ခတ်နေသည်၊ ပစ်ကွင်းကိုချိန်ရွယ်နေသည်ကိုတောင် မသိလိုက်ရပဲ ထိမှန်ပြီးမှာသာ သိရသဖြင့် အကြမ်းဖက်သမားများနှင့် ရန်သူများမှာ လွန်စွာထိတ်လန့်ကြရသည်။

AH -64 အပါချီ ရဟတ်ယာဉ်သည် ပန်ကာဒလက် အချပ် ၄ခု၊ အင်ဂျင် ၂လုံး ပါဝင်သော တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြစ်ပြီး ရာသီမရွေး ၊ နေ့ညမရွေး တိုက်ပွဲဝင်နိုင်သည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖြစ်ကြသည်။ ပုံသေတပ်ထားသည့် အဓိက လက်နက်မှာ ရဟတ်ယာဉ်၏ ထိပ်ပိုင်းတွင် တပ်ဆင်ထားသည့် ၃၀ မီလီမီတာ M230 Chain Gun ဖြစ်သည်။ မြေပြင် - ဝေဟင် ပစ်ခတ်နိုင်သည့် AGM-114 Hellfire နှင့် Hydra 70 ဒုံးကျည်များ တပ်ဆင်နိုင်ရန်အတွက် နေရာ (၄) ခုရှိသည်။

ထို့အပြင် အဆိုပါလက်နက်များမှ တင့်ကားချေမှုန်းရေးဒုံးကျည် (Hellfire Missiles) များကိုပါ တပ်ဆင်ထားနိုင်သောကြောင့် တိုက်ပွဲ၌ ၅ မိုင်ပတ်လည်အတွင်းရှိ မည်သည့် သံချပ်ကာယာဉ်များကိုမဆို ထိရောက်စွာ ဖျက်ဆီးချေမှုန်းနိုင်ပါသည်။ ထို့အပြင် အနှေးပျံ slow fly တွင်လည်း လူတစ်ယောက်၏ လမ်းလျှောက်နှုန်းသာသာ ရှိသည့် အမြန်နှုန်းနှင့်လည်း ပျံသန်းနိုင်ပါသည်။ 

အပါချီသည်အသုံးပြုရသော ရည်ရွယ်ချက အားသာချက်အချို့လည်းရှိပါသည်။ အများပြည်သူဆိုင်ရာနေရာများ၊ ကျောင်းများနှင့် သာမန်အရပ်သားများကြားတွင် နေရာယူပုန်းအောင်နိုင်သည့် ရန်သူတပ်ဖွဲ့များကို အနီးကပ်ပစ်ခတ်ချေမှုန်းနိုင်ခြင်းသည် အမြင့်ပေ ၂၀၀၀၀ ကျော်မှ တိုက်ခိုက်ရေးလေယာဉ်များဖြင့် ဗုံးကြဲချေမှုန်းရခြင်းထက် ပိုမိုထိရောက်အောင်မြင်နိုင်သောကြောင့်ဖြစ်သည်။ အပစ်မဲ့သောသူများ သေဆုံးမှုနှင့် အခြားသော အဆောက်အဦးများ ပျက်စီးမှုကိုလည်း လျှော့ချနိုင်ခြင်းမှာလည်း ကောင်းမွန်သောအချက်ဖြစ်ပါသည်။

အမေရိကန်နိုင်ငံ Hughes Helicopters မှ ဒီဇိုင်းရေးဆွဲပြီး ၁၉၇၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အတွင်း ထုတ်လုပ်၍ McDonnell Douglas မှ ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိထုတ်လုပ်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်မှစ၍ ယနေ့တိုင် Boeing Defense မှ ဆက်လက်ထုတ်လုပ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈ သန်းခန့်ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပထမဦးဆုံးပျံသန်းမှုကို စမ်းသပ်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ခြင်းဖြစ်ပါသည်။

အခြေခံ အချက်အလက်များ

လေသူရဲ = ၂ ဦး
ရဟတ်ယာဉ် အလျား = ၁၇.၇၃ မီတာ
ရဟတ်ယာဉ် အမြင့် = ၃.၈၇ မီတာ
အင်ဂျင် = General Electric T700-GE-701 အင်ဂျင် (၂) လုံး
အမြန်ဆုံး ပျံသန်းနှုန်း = တစ်နာရီလျှင် ၂၉၃ ကီလိုမီတာ
လက်နက်
၃၀ မီလီမီတာ M230 စက်အမြောက် (၁) လက် (ကျည် ၁၂၀၀)
Hydra 70 FFAR ဒုံးကျည်များ
AGM-114 Hellfire ၊ AIM-92 Stinger နှင့် AIM-9 Sidewinder ဒုံးကျည်များ

ဝေဟင်ချစ်သူ
AH -64 အပါချီ

အပါချီ ရဟတ်ယာဉ်သည် အလွန်ကောင်းမွန်သော တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းဖြ
စ်ပြီး လက်ရှိအချိန်တွင် အမေရိကန်စစ်တပ်၏ အားထားရသော အနီးကပ် လေကြောင်းပစ်ကူ တိုက်ခိုက်ရေး ရဟတ်ယာဉ်ပင်ဖြစ်သည်။ အမေရိကန်တပ်မတော်၏ လက်ရှိဆင်နွှဲနေသော အကြမ်းဖက်သမားများ ချေမှုန်းရေးတာဝန်များတွင် တာဝန်ယူတိုက်ခိုက်နေသဖြင့် တာလီဘန်များနှင့် အကြမ်းဖက်စစ်သွေးကြွများမှာ အလွန်ကြောက်ရွံ့ကြပြီး ခြင် ဟုပင် တင်စားခေါ်ဝေါ်ကြသည်။ အဆိုးဆုံးခြင်ကိုက်လျှင် အများဆုံးဖျားနာပြီးမှသာ သေဆုံးသော်လည်း အပါချီ ခြင် ကိုက်လျှင်မူ ကိုက်မှန်းမသိပဲနဲ့ပင် သေဆုံးကြရသည်သာဖြစ်သည်။ အပါချီရဟတ်ယာဉ်မှာ မည်သည့်အရပ်မှ ပစ်ခတ်နေသည်၊ ပစ်ကွင်းကိုချိန်ရွယ်နေသည်ကိုတောင် မသိလိုက်ရပဲ ထိမှန်ပြီးမှာသာ သိရသဖြင့် အကြမ်းဖက်သမားများနှင့် ရန်သူများမှာ လွန်စွာထိတ်လန့်ကြရသည်။

AH -64 အပါချီ ရဟတ်ယာဉ်သည် ပန်ကာဒလက် အချပ် ၄ခု၊ အင်ဂျင် ၂လုံး ပါဝင်သော တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြစ်ပြီး ရာသီမရွေး ၊ နေ့ညမရွေး တိုက်ပွဲဝင်နိုင်သည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖြစ်ကြသည်။ ပုံသေတပ်ထားသည့် အဓိက လက်နက်မှာ ရဟတ်ယာဉ်၏ ထိပ်ပိုင်းတွင် တပ်ဆင်ထားသည့် ၃၀ မီလီမီတာ M230 Chain Gun ဖြစ်သည်။ မြေပြင် - ဝေဟင် ပစ်ခတ်နိုင်သည့် AGM-114 Hellfire နှင့် Hydra 70 ဒုံးကျည်များ တပ်ဆင်နိုင်ရန်အတွက် နေရာ (၄) ခုရှိသည်။

ထို့အပြင် အဆိုပါလက်နက်များမှ တင့်ကားချေမှုန်းရေးဒုံးကျည် (Hellfire Missiles) များကိုပါ တပ်ဆင်ထားနိုင်သောကြောင့် တိုက်ပွဲ၌ ၅ မိုင်ပတ်လည်အတွင်းရှိ မည်သည့် သံချပ်ကာယာဉ်များကိုမဆို ထိရောက်စွာ ဖျက်ဆီးချေမှုန်းနိုင်ပါသည်။ ထို့အပြင် အနှေးပျံ slow fly တွင်လည်း လူတစ်ယောက်၏ လမ်းလျှောက်နှုန်းသာသာ ရှိသည့် အမြန်နှုန်းနှင့်လည်း ပျံသန်းနိုင်ပါသည်။

အပါချီသည်အသုံးပြုရသော ရည်ရွယ်ချက အားသာချက်အချို့လည်းရှိပါသည်။ အများပြည်သူဆိုင်ရာနေရာများ၊ ကျောင်းများနှင့် သာမန်အရပ်သားများကြားတွင် နေရာယူပုန်းအောင်နိုင်သည့် ရန်သူတပ်ဖွဲ့များကို အနီးကပ်ပစ်ခတ်ချေမှုန်းနိုင်ခြင်းသည် အမြင့်ပေ ၂၀၀၀၀ ကျော်မှ တိုက်ခိုက်ရေးလေယာဉ်များဖြင့် ဗုံးကြဲချေမှုန်းရခြင်းထက် ပိုမိုထိရောက်အောင်မြင်နိုင်သောကြောင့်ဖြစ်သည်။ အပစ်မဲ့သောသူများ သေဆုံးမှုနှင့် အခြားသော အဆောက်အဦးများ ပျက်စီးမှုကိုလည်း လျှော့ချနိုင်ခြင်းမှာလည်း ကောင်းမွန်သောအချက်ဖြစ်ပါသည်။

အမေရိကန်နိုင်ငံ Hughes Helicopters မှ ဒီဇိုင်းရေးဆွဲပြီး ၁၉၇၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အတွင်း ထုတ်လုပ်၍ McDonnell Douglas မှ ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိထုတ်လုပ်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်မှစ၍ ယနေ့တိုင် Boeing Defense မှ ဆက်လက်ထုတ်လုပ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈ သန်းခန့်ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပထမဦးဆုံးပျံသန်းမှုကို စမ်းသပ်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ခြင်းဖြစ်ပါသည်။

အခြေခံ အချက်အလက်များ

လေသူရဲ = ၂ ဦး
ရဟတ်ယာဉ် အလျား = ၁၇.၇၃ မီတာ
ရဟတ်ယာဉ် အမြင့် = ၃.၈၇ မီတာ
အင်ဂျင် = General Electric T700-GE-701 အင်ဂျင် (၂) လုံး
အမြန်ဆုံး ပျံသန်းနှုန်း = တစ်နာရီလျှင် ၂၉၃ ကီလိုမီတာ
လက်နက်
၃၀ မီလီမီတာ M230 စက်အမြောက် (၁) လက် (ကျည် ၁၂၀၀)
Hydra 70 FFAR ဒုံးကျည်များ
AGM-114 Hellfire ၊ AIM-92 Stinger နှင့် AIM-9 Sidewinder ဒုံးကျည်များ

ဝေဟင်ချစ်သူ

ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်.... မူဗီ Shaolin Monk harnesses Qi to drill his head?



                  
                       ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူး သိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း Xiangfan မြို့  မှာ ယခုလို လက်စွမ်းပြပြီး ကမ္ဘာ့အသိအမှတ်ပြု ခံခဲ့ရပါတယ်။

သံဖောက် စူး၊ သံဖောက်လွ၊ Drill စက် အမျိုးမျိုးနဲ့ ဘော်ဒီ တစ်ခုလုံးကို မိနစ် အတော်ကြာ ဖောက်ပြီး ဘာမှ မဖြစ်တာကို သက်သေပြခဲ့ ပါတယ်။ လည်နေတဲ့ သံဖြတ်လွှနဲ့လည်း ဝမ်းဗိုက်ကို ဖြတ်ပြပြီး ဘာမှ မဖြစ်တာ ကို မြင်တွေ့ခဲ့ကြပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတွက် အပေါက်ဖောက် မော် တာစက် (Drilling machine) ကို အသုံးပြုပြီး ဦးနှောက် ဖောက်ပြတဲ့ စတန့်ပြကွက်ကတော့ ကမ္ဘာ့ပထမဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို Unbreakable body ပိုင်ဆိုင်သော Superhuman လို့ ခေါ်ဆိုပါတယ်။ တရုတ်ရိုးရာ ကွန်ဖူး သိုင်းပညာရပ်ကို အခြေခံ လို့ လေ့ကျင့်ထားခြင်း ဖြစ်ပြီး သူ့ရဲ့  လက်တွေ့ပြ ဖောက်ပြမှုများ ကို အောက် ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.youtube.com/watch?v=JTTSXx1ks0I

မူရင်း  https://www.facebook.com/photo.php?fbid=388829477875258&set=a.3...

(တော်တော်အံ့အားသင့်စရာ ဘောလုံးပွဲတစ်ပွဲ) ဗျာ အပျင်းပြေလေးဖတ်ကြည့်ပေါ့ ......

.



Yan Naung Phyo Rocker

ဒီဘောပွဲလုံးပွဲကို တော့ သူငယ်ချင်းတွေလည်း သိမှာပေါ့....
ကျွန်တော်ဖတ်ဖူးတဲ့ထဲက တော်တော်လေးစိတ်ဝင်စားစရာ ကောင်းလို့ပြန်ရေးပြလိုက်တာပါ
ဒါပေမဲ့ ပထမကမ္ဘာစစ်ဖြစ်နေတဲ့ ကြားထဲကနေ ချစ်ကြည်ရေးအဖြစ်နဲ့ဘောလုံးပွဲလေးပေါ့...
ဘောလုံးပွဲတစ်ပွဲကတော်တော်လေး အံ့အားသင့်ဖွယ်ကောင်းပါတယ်..
ပျော်ရွင်မှုတွေပေးသလို ၀မ်းနည်းမှုတွေလည်းရနိုင်ပါတယ်
အဲဒါထက် နှစ်ဦးနှစ်ဖက်ကို ချစ်ကြည်ရေးအဖြစ်နဲ့လည်းပြောင်းလဲ သင့်မြတ်နိုင်ပါတယ်..
ပထမကမ္ဘာစစ်မှာလူပေါင်း(16563868)ကျော် သေးဆုံးခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်.
မဟာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတန်အင်ပါယာ၊ အော်စထရိုဟန်ဂေရီအင်ပါယာနဲ့ရုရှားအင်ပါယာကြီးတွဲရဲ့
ကိုလိုနီဆိုင်ရာအငြင်းပွားမှုတွေ၊ သံတမန်ရေးရာတွေကိစ္စတွေကြောင့်ဖြစ်ပွားခဲ့ပါတယ်
ပထမကမ္ဘာစစ်ပွဲဟာ 1914ခုနှစ်၊ ဇူလိုင်လအတွင်းမှာဖြစ်ပွားခဲ့ပါတယ်
အခုလိုတစ်ဖက်နဲ့တစ်ဖက်လူသတ်လက်နက်အမျိုးမျိုးနဲ့ပတ်ခတ်သတ်ဖြတ်
နေကျပေမယ့် 1914ခုနှစ်၊ ခရစ္စမတ်နေ့မှာတော့ ရှေ့တန်းကစစ်မြေပြင်မှာ တိုက်ပွဲဝင်နေကျတဲ့ ဂျာမနီတပ်တွေနဲ့ အင်္ဂလန်တပ်တွေဟာ ပစ်ခတ်နေတဲ့
သေနတ်သံတွေကို ခေတ္တတိတ်ဆိတ်စေခဲ့ပြီးအမှန်တကယ် ချစ်ကြည်ရေး
ဘောလုံးပွဲတစ်ပွဲ ကစားခဲ့ကြပါတယ် လို့ ဘောလုံးသမိုင်းနဲ့သက်တမ်းအရင့်
ဆုံး စာအုပ်တစ်အုပ်ထဲ မှတ်တမ်းတင်ခဲ့ပါတယ်..လို့ ပြောထားပါတယ်..
သူတို့ဟာ ခရစ္စမတ်နောက်နေ့ Boxing Day မှာ သေနတ်တွေဘေးချပီး
အချင်းချင်းလက်ဆွဲနှုတ်ဆက်မူတွေ၊ အပြန်အလှန်စားစရာတွေစားကျရင်း၊ စီးကရက်တွေအတူဖွာရှိုက်ရင်း တဒင်္ဂငြိမ်းချမ်းရေးဆောက်တည်ခဲ့ပါတယ်
စကော့တလန်ဗိုလ်ချုပ်ကြီးက ''ဂျာမန်စစ်သားတွေ သူတို့ရဲ့ကတုတ်ကျင်း
ထဲနေတက်လာကျပါတယ်၊ စားစရာနဲ့စီးကရက်တွေကို သေတ္တာတွေနဲ့
ရာသီစာတွေထမ်းပီးသူတို့ဆီရောက်လာပါတယ်၊ ထပဲပစ်ရမလား၊ ဘာလားပေါ့။ ခင်ဗျားဆိုရင်လည်း လက်နတ်မပါတဲ့လူတစ်ယောက်ကို ပစ်မှာမဟုတ်ပါဘူးတဲ့'''ဂျာမန်တွေရဲ့တောင်းဆိုချက်အရ သူတို့ဟာ
ချစ်ကြည်ရေးဘောလုံးပွဲတစ်ပွဲကန်ခဲ့တယ်..
သူတို့ကန်တဲ့နေရာကတော့ ဘယ်လ်ဂျီယံနိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
မြို့တစ်မြို့ဖြစ်တဲ့ ၀ိုင်ပရက်စ်မြို့နားမှာ ကစားခဲ့ပါတယ်...
ပွဲရလဒ်ကတော့ အင်္ဂလန်က ဂျာမနီကို (3-2)နဲ့ အင်္ဂလန်အနိုင်ရရှိခဲ့ပါတယ်။

စစ်ဖြစ်နေတဲ့အချိန်မှာတောင် ချစ်ကြည်ရေးရယူခဲ့တဲ့ပွဲတစ်ပွဲလေးပါ။
မသိတေးတဲ့သူငယ်ချင်းတွေအတွက်ပါ.....
ဘောလုံးပွဲတစ်ပွဲက ရသတော်တော်ပေးကောင်းပေးတယ်နော်..

ဖာဂူကြီး၊ မော်ရင်ညိုတို့ ဘော့စကေးတို့ တစ်ခါတစ်ခါသုံးဖြစ်တဲ့
(4-3-2-1) နာမည်ကြီး ခရစ္စမတ်သစ်ပင်ကစားကွက်ကိုတော့
1980 လောက်က နယ်သာလန်ကလပ် အဒိုဒန်ဟတ် အသင်းကစတင်အသုံး
ပြုခဲ့တဲ့ကစားကွက်လို့ အင်္ဂလန်အားကစားကလောင်ရှင် ဂျိုနသန်ဝီလ်ဆင်က
ဖော်ပြထားပါတယ်.......


--

ပြည့်တန်ဆာအဖြစ်ရောင်းစားခံရသည့် မြန်မာအမျိုးသမီး၁၈ဦးနှင့်ပွဲစား ၂ဦးအားဖမ်းဆီး




ထိုင်းနိုင်ငံဘန်ကောက်မြို့အနောက်ဘက် ၁၂၉ ကီလိုမီတာ ရှိသောနယ်စပ်မြို့ ကာညနဘူလီခရိုင် စန်ခဘူလီမြို့ရှိ နယ်မြေအမှတ် (၉)နောင်လူ ရပ်ကွက် တွင်  ဖွင့်ထားသော ပြည့်တန်ဆာ လုပ်ငန်း တစ်နေရာကို သတင်းအရ ထိုင်းလူကုန်ကူးတိုက်ဖျက်ရေး နယ်မြေ  ၅   ကြီးကြပ်ရေး စစ်ထိချိုင်းလီလာစဝပ် ၏ အဖွဲ့သည်    ဧည့်သည်ရောင်ဆောင်၍     ဝင်ရောက်ပျော်ပါးသူအဖြစ် ဟန်ဆောင်ခဲ့ရာ ပွဲစား (၂) ဦးနှင့်မိန်းကလေး ၁၈ ယောက် ကို ဖမ်းဆီးနိုင်ခဲ့သည်။
ပြည့်တန်ဆာအဖြစ် ရောင်းစားခံရသူများနှင့် ပွဲစား၂ဦးတို့အား ဆက်လက်စစ်ဆေးရန် အတွက် ထိုင်းအစိုးရ လူကုန်ကူးတိုက်ဖျက်ရေးဗပာိုဌာနချုပ်AHTD သို့ ခေါင်ဆောင်လာခဲ့သည်။
 ဥပဒေအရဆက်လက်ဆောင်   ရွက်သွားမည်ပာု The nation သတင်းစာတွင် ရေးသားထားသည်။
ဧဒင်မှကူးယူဖော်ပြပါသည်။

ကျောင်းသူတစ်ဦး ဖယ်ရီကြိုပို့ယာဉ် တိုက်မိပြီး သေဆုံးခဲ့ရာ ကျောင်းအာဏာပိုင်များမှ အမျှအတန်းပေးဝေပွဲအားမပြုလုပ်ရန် တားမြစ်

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်း
သူတစ်ဦးဖြစ်သော မချောသဇင်ဝတ်
မှုံသိန်း(တတိယနှစ်) အသက် ၁၉
 နှစ်သည် ၂၄.၁၂.၁၂(တနင်္လာနေ့)
တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်

 ကျောင်းဝင်းအတွင်း ဖယ်ရီကြိုပို့ယာဉ်ဖြင့် တိုက်မိပြီး သေဆုံးသွားမှုနှင့် ပတ်သတ်ပြီး ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်အပါအ၀င် ကျောင်းအာဏာပိုင်များမှ
 သေဆုံးသူနှင့်ပတ်သတ်သောသတင်းများ ဖုံးဖိထားခြင်း။

တာဝန်မဲ့စွာ လျစ်လျူရှုခြင်း၊ ဖြစ်ရပ်မှန်အားထိန်ချန်ထားခြင်း နှင့်ပတ်သတ်ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကွန်ပျူတာတ.က.သ)
မှ သေဆုံးသူ မိသားစုများနှင့် သွားရောက်တွေ့ဆုံအားပေးစကားပြောကြား
ပြီး ကျောင်းဝင်းအတွင်းရှိ သူမကားတိုက်ခံရသည့်နေရာတွင် သေဆုံးသူအား
ရည်စူးပြီး သာဓုကန်ဆရာတော်အပါအ၀င် သံဃာတော်များအားပင့်ဖိတ်ကာ

အမျှအတန်းပေးဝေပွဲကိုယနေ့  ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းဝင်း
အတွင်းရှိ ကုက္ကိုလ်ပင်အောက်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း
ကျောင်းအာဏာပိုင်များမှ ထိုကဲ့သို့ သေဆုံးသည့်သတင်း ပေါက်ကြားသွား
မည်ကိုစိုးရိမ်သောကြောင့် အမျှအတန်းပေးဝေပွဲအားမပြုလုပ်ရန်

တားမြစ်ပိတ်ပင်ခဲ့ခြင်းကြောင့်ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသား
များသမဂ္ဂမှဦးဆောင်ပြီး ကျောင်း၏မုခ်ဦးဝတွင်ခုံများခင်းကျင်းကာ
ကျောင်းသားကျောင်းသူပေါင်း၁၀၀နီးပါးခန့်နှင့်အတူ ရေစက်ချအမျှအတန်း
ပေးဝေခဲ့ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ

ထုတ်ပြန်သော ၀မ်းနည်းကြောင်းသ၀ဏ်လွှာအား ဖတ်ကြားခဲ့သည်။
သတင်းမီဒီယာများအနေဖြင့် ဖော်ပြပါသတင်းဖြစ်ရပ်အပြည့်အစုံအား သိရှိလိုပါက

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (Ucsy SU)
ရန်ကုန်ကွန်ပျူတာ (တ.က.သ) အလုပ်အမှုဆောင်များ
မ၀တ်ရည်မောင် 0973185757
ကိုရဲကျော်ကျော် 09421079311
ကိုရဲဇာနည်ထွန်း 09421149863 များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အအေးခန်းကားထဲ မြန်မာ ၅၄ ဦးသေဆုံးမှုကို စီရင်ချက်ချပြီ

ထိုင်းနိုင်ငံ ဖူးခက်မှာ အလုပ်ရှာဖွေလိုကြတဲ့ မြန်မာအလုပ်သမားတွေကို လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က အအေး ခန်း ကွန်တိန်နာ ကားနဲ့ တင်ခေါ်သွားခဲ့ရာ လေပေးစက် ပျက်ယွင်းပြီး အသက်ရှု ပိတ်ကာ လူပေါင်း ၅၄ ဦး အသက်ဆုံးရှုံးခဲ့ကြရတာမှတ်မိကြမယ်ထင်ပါတယ်။
 
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ဓာတ်ပုံ- ဧရာဝတီ
အဲဒီတုန်းက စုစုပေါင်း မြန်မာ အလုပ်သမား ၁၂၁ ဦး ကို အဲဒီလို ကွန်တိန်နာ အအေးခန်းကားနဲ့ တင်ဆောင်ခဲ့ရာ မှာ လေပေးစနစ် ပျက်ယွင်းပြီး ၅၄ ဦးသေဆုံးသွားခဲ့မှုကြောင့် အဆိုပါ အအေးခန်း ကားပိုင်ရှင် ဟာ တရားမ၀င် လူခိုးသွင်းမှုနဲ့ ထိုင်းနိုင်ငံ တရား ရုံး တခုက သောကြောနေ့က ထောင်ဒဏ် ၁၀ နှစ်ချမှတ် လိုက်တာပါ။
ဒုတိယ တဦးကိုတော့ ထောင်ဒဏ် ၉ နှစ်ချမှတ်ပြီး တတိယ တဦးဖြစ်သူမှာ ထိုင်းနိုင်ငံတောင်ပိုင်း အဆိုပါ မြန်မာ အလုပ် သမားများ လှေနှင့်ဆိုက်ရောက်လာခဲ့တဲ့ လှေဆိပ်က ဂျက်တီပိုင်ရှင်ဖြစ်ပြီး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရကာ စတုတ္ထ မှာ အမျိုးသမီး တဦးဖြစ်ပြီး ၀န်ခံ ဖြောင့်ချက်ပေးခဲ့တဲ့အတွက် ထောင်ဒဏ် ၆ နှစ်ကနေ တ၀က်လျှော့ပေါ့ကာ ၃ နှစ်ချမှတ်ခဲ့ ပါတယ်။
သူတို့ကို လ၀က အက်ဥပဒေအပါအ၀င် လူသေစေလောက်တဲ့အထိဖြစ်ခဲ့တာကို လျစ်လျူရှု့ခဲ့တာကြောင့် အခုလို အပြစ် ပေး လိုက်တာဖြစ်တယ်လို့ ထိုင်းနိုင်ငံ ရနောင်း ခရိုင်တရားရုံးက အရာရှိတဦး က ပြောတာကို The Gulf Today သတင်း တခုက ကိုးကားဖော်ပြထားပါတယ်။
“သူတို့ ထဲက ၃ ယောက်ကတော့ အမှုကို အသနားခံ လျှောက်ထားမယ်ဆိုရင် အမေရိကန် ဒေါ်လာ ၁၃၀၀၀ နဲ့ ၆၅၀၀ အ ကြား အာမခံတင်ခွင့် ရှိပါတယ်” လို့ အဆိုပါ တရားရေး အရာရှိက ဆိုထားပါတယ်။
ဒါပေမယ့် ၂၀၀၈ ခုနှစ် သြဂုတ်လတုန်းက ၀မ်းနည်းဖွယ် အခင်းဖြစ်ခဲ့စဉ် ထွက်ပြေးခဲ့တဲ့ အအေးခန်း ကွန်တိန်နာ ထရပ် ကား မောင်းသမားကတော့ မည်သို့မှ အာမခံတင်ခွင့်၊ အသနားခံခွင့် မရဘဲ ထိုစဉ်ကတည်းက ဖမ်းဆီးပြီး သူ့ရဲ့ ရာဇ၀တ်မှု  ကျူးလွန်မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ထိုစဉ်က အသက်ရှင်ကျန်ရစ်ခဲ့သူတွေက သူတို့ အသက်ရှုလို့ မ၀ဖြစ်နေခဲ့တာကြောင့် သတိပေး ခလုပ် ကို နှိပ်ပြီး သတိပေး ရုံ သာမကာ ကွန်တိန်နာ နံရံတွေကိုလည်း အကြိမ်ကြိမ်ထုပြီး သတိပေးခဲ့တာကို ထရပ်ကားမောင်းသူနဲ့ ကားပေါ် ပါလာသူ က လုံးဝ သတိမပြုခဲ့ဘူးလို့ ထိုင်း ရုပ်/သံတခုကို ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းဝန်းကျင်လောက်ကတော့ တရားဝင် မှတ်ပုံတင်မှုတွေ လုပ်ဆောင်ပြီး ခဲ့ပေမယ့် နောက်ထပ် အထောက်အထားမရှိသူ၊ တရားဝင် မှတ်ပုံတင် မလုပ်ရသေးသူ မြန်မာ ရွှေ့ပြောင်းအလုပ်သမား စုစု ပေါင်း ၁ သန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ် ရန်ကုန်လေဆိပ်တွင် စမ်းသပ်မောင်းနှင်စဉ် လေယာဉ်ဘီးပေါက်မှု ဖြစ်ပွားခဲ့


မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ် ရန်ကုန်လေဆိပ်တွင် စမ်းသပ်မောင်းနှင်စဉ် လေယာဉ်ဘီးပေါက်မှု ဖြစ်ပွားခဲ့ Saturday, 29 December 2012 ဒီဇင်ဘာလ ၂၉ရက် နေ့လည်က မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ်မှာ ရန်ကုန်လေဆိပ်တွင် စမ်းသပ်မောင်းနှင်စဉ် လေယာဉ်ဘီးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ လေယာဉ်သည် မြန်မာ့လေကြောင်းမှ သက်တမ်းရင့် လေယာဉ်များနေရာတွင် အစားထိုးရန် ဘရာဇီးနိုင်ငံမှ ၀ယ်ယူထားခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အဆိုပါလေယာဉ် ဘီးပေါက်မှုဖြစ်စဉ်မှာ လေယာဉ်ပျံသန်းမှုအတွက် လုံခြုံစိတ်ချမှု ရရှိနိုင်ရန် စမ်းသပ် ပျံသန်းပြီး လေဆိပ်ပြေးလမ်းပေါ်သို့ ဆင်းသက်ချိန်တွင် ယင်းသို့ လေယာဉ်ဘီးပေါက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုလေယာဉ်အား စမ်းသပ်မောင်းနှင်သည့် လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးမှာ နိုင်ငံခြားသား လေယာဉ်မှူးများဖြစ်ကြောင်းလည်း သိရသည်။ "လေကြောင်းလိုင်းတစ်ခုက ခရီးစဉ်ပျံသန်းဖို့အတွက် လေယာဉ်ဝယ်ယူပြီးချိန်မှာ လေယာဉ်ပျံသန်းစဉ် လုံခြုံစိတ်ချရမှုအတွက် အကြိမ်ကြိမ် စမ်းသပ်ပျံသန်းမှုတွေ ပြုလုပ်ရပါတယ်။ အခုလည်း အဲလို စမ်းသပ်မောင်းနှင်ချိန်မှာ လေယာဉ်ကွင်းအလယ်ခေါင်မှာ ဘီးပေါက်သွားတာဖြစ်ပါတယ်။ ဒီလေယာဉ်က ပြေးလမ်းရဲ့ အပြင်ဘက်ကိုလည်း ထွက်မသွားပါဘူး။ လေယာဉ်မှူးတွေလည်း ထိခိုက်ဒဏ်ရာရမှုမရှိပါဘူး။ အခုချိန်မှာ လေယာဉ်က လေယာဉ်ဂိုထောင်ထဲကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ စိတ်ချရတဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီးမှသာ ခရီးစဉ်တွေကို ပြေးဆွဲသွားမှာဖြစ်ပါတယ်"ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် လက်ရှိအသုံးပြုနေသည့် သက်တမ်းရင့် လေယာဉ်များနေရာတွင် လေယာဉ်သစ်များ အစားထိုးပျံသန်းပြေးဆွဲရန် ဆောင်ရွက်လျက်ရှိပြီး ပထမဆုံးအနေဖြင့် လေးနှစ်သက်တမ်းသာ ရှိသေးသော EMBRAER 190 လေယာဉ်သစ်နှစ်စီးအား အမေရိကန်နိုင်ငံ GE Capital Aviation Services ကုမ္ပဏီမှ အငှားဝယ်ယူသည့် စနစ်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ဒုတိယလေယာဉ်သစ်တစ်စီးမှာ၂၀၁၃ခုနှစ် ဇန်န၀ါရီလ လဆန်းပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဟု သိရသည်။ EMG

Saturday, 29 December 2012

ဒီဇင်ဘာ...လ ၂၉ရက် နေ့လည်က မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ်မှာ ရန်ကုန်လေဆိပ်တွင် စမ်းသပ်မောင်းနှင်စဉ် လေယာဉ်ဘီးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။


အဆိုပါ လေယာဉ်သည် မြန်မာ့လေကြောင်းမှ သက်တမ်းရင့် လေယာဉ်များနေရာတွင် အစားထိုးရန် ဘရာဇီးနိုင်ငံမှ ၀ယ်ယူထားခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အဆိုပါလေယာဉ် ဘီးပေါက်မှုဖြစ်စဉ်မှာ လေယာဉ်ပျံသန်းမှုအတွက် လုံခြုံစိတ်ချမှု ရရှိနိုင်ရန် စမ်းသပ် ပျံသန်းပြီး လေဆိပ်ပြေးလမ်းပေါ်သို့ ဆင်းသက်ချိန်တွင် ယင်းသို့ လေယာဉ်ဘီးပေါက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုလေယာဉ်အား စမ်းသပ်မောင်းနှင်သည့် လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးမှာ နိုင်ငံခြားသား လေယာဉ်မှူးများဖြစ်ကြောင်းလည်း သိရသည်။

"လေကြောင်းလိုင်းတစ်ခုက ခရီးစဉ်ပျံသန်းဖို့အတွက် လေယာဉ်ဝယ်ယူပြီးချိန်မှာ လေယာဉ်ပျံသန်းစဉ် လုံခြုံစိတ်ချရမှုအတွက် အကြိမ်ကြိမ် စမ်းသပ်ပျံသန်းမှုတွေ ပြုလုပ်ရပါတယ်။ အခုလည်း အဲလို စမ်းသပ်မောင်းနှင်ချိန်မှာ လေယာဉ်ကွင်းအလယ်ခေါင်မှာ ဘီးပေါက်သွားတာဖြစ်ပါတယ်။ ဒီလေယာဉ်က ပြေးလမ်းရဲ့ အပြင်ဘက်ကိုလည်း ထွက်မသွားပါဘူး။ လေယာဉ်မှူးတွေလည်း ထိခိုက်ဒဏ်ရာရမှုမရှိပါဘူး။ အခုချိန်မှာ လေယာဉ်က လေယာဉ်ဂိုထောင်ထဲကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ စိတ်ချရတဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီးမှသာ ခရီးစဉ်တွေကို ပြေးဆွဲသွားမှာဖြစ်ပါတယ်"ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် လက်ရှိအသုံးပြုနေသည့် သက်တမ်းရင့် လေယာဉ်များနေရာတွင် လေယာဉ်သစ်များ အစားထိုးပျံသန်းပြေးဆွဲရန် ဆောင်ရွက်လျက်ရှိပြီး ပထမဆုံးအနေဖြင့် လေးနှစ်သက်တမ်းသာ ရှိသေးသော EMBRAER 190 လေယာဉ်သစ်နှစ်စီးအား အမေရိကန်နိုင်ငံ GE Capital Aviation Services ကုမ္ပဏီမှ အငှားဝယ်ယူသည့် စနစ်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ဒုတိယလေယာဉ်သစ်တစ်စီးမှာ၂၀၁၃ခုနှစ် ဇန်န၀ါရီလ လဆန်းပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဟု သိရသည်။
https://www.facebook.com/photo.php?fbid=510901975617112&set=a.459462620761048.101426.459386844101959&type=1&relevant_count=1&ref=nf

Samsung ရဲ့  Exynos chip က အားနည်းချက်ကို ဟက်ကာ တစ်ဦးမှ တွေ့ရှိ ခဲ့ပါတယ်။



DXA Developer Forum မှ Alephzain  အမည်ရ ဟက်ကာ က တွေ့ရှိခြင်း ဖြစ်ပြီး လုံခြုံရေး အင်မတန် အားနည်းတဲ့ Samsung ရဲ့  chip အကြောင်းကို ယခုလို ရှင်းလင်းပြောကြားပါတယ်။ " ကောင်းသတင်း တစ်ခုကတော့ Root လုပ်ဖို့အတွက် လွယ်ကူပြီး လိုအပ်တဲ့ app ကိုတော့ Play Store ကနေ အလွယ်တကူ ဒေါင်းရုံပဲ ဖြစ်ပါတယ်။ သတင်းဆိုး ကတော့ ထိန်းချုပ်ထားမှု လုံးဝ မရှိတဲ့အတွက် အချက်အလက်အားလုံးကို အလွယ်တကူ ခိုးယူလို့ ရခြင်းပဲ ဖြစ်ပါတယ်။"

ယင်းအတွက် Samsung က ပြန်လည်တောင်းပန်ထားပါတယ်။ ဘာလို့လဲဆို ယင်းအားနည်းချက်က Samsung Galaxy S2, Galaxy S3 နဲ့ Galaxy Note 2 တို့ကိုပါ ထိခိုက်မှာ ဖြစ်ပါတယ်။

 ဒါကြောင့် Samsungမှ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်နေပြီး အချိန်တိုတွင်း လုံခြုံရေး အဆင့်မြင့်တင်မည့် app နှင့် Software များ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း သိရပါတယ်။
from TechSpaceဂျာနယ်

CDMA 800MHz ဖုန်းတွေကို Internet Setting ချိတ်နည်း




 CDMA 800MHz ဖုန်းတွေကို Internet Setting ချိတ်နည်းလေးပေါ့ဗျာ......
 .. ကျွန်တော်လည်း သူများဆီကနေ သိလာတာပါ...... မသိသေးတဲ့လူတွေ အတွက်ပါခင်ဗျာ......
 Menu Key နှိပ်ပြီး Setting ထဲ ၀င်ပါ။ Wireless Network ထဲဝင်ပါ။
 ICS မှာ More ထဲဝင်ပါ။ Mobile Network ထဲဝင်လိုက်ပါ။ Access Point Names ထဲဝင်လိုက်ပါ။
 CTNET နဲ့ CTWAP ကိုတွေပါလိမ့်မယ်။
CTNET ထဲဝင်လိုက်ပါ။

Name
CTNET  

APN #777

Proxy
Not Set

Port
Notset

Username
ူlinhtetmaw@c800.mm (linhtetmaw နေရာမှာ ကြိုက်တာရိုက်ပါ။)

Password
ကြိုက်တာပေးပါ။

 Server
Notset

Authentication type
PAP or CHAP

APN type
default

APN protocol
IPv4

APN Roaming protocol
IPv4

Bearer
Unspecified

Data Bearer
Package Data

Prompt password
#777

အားလုံးအဆင်ပြေကြပါစေဗျာ........
_________________________
light@LHM
ITgroup

Samsung Galaxy S4 ဖုန်းကြော်ငြာ ဗီဒီယို Hands-on Samsung Galaxy S4 - First Look (Render)


Samsung Galaxy S4 ဖုန်းကြော်ငြာ ဗီဒီယိုပါ ဆိုပြီး rozetked ဝဘ်ဆိုဒ်က Youtube မှာ တင်လိုက်ပါတယ်။ ရက်ပိုင်းအတွင်းကို ကြည့်ရှုသူ ၁ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။

Samsung က တရားဝင်ကြေညာထားခြင်း မဟုတ်သေးတော့ ယင်း ဗီဒီယိုထဲက Samsung Galaxy S4 ကတော့ fake ပဲဖြစ်ပါတယ်။ သို့ပေမယ့် ဗီဒီယို ဖန်တီးသူတို့ တော်တော် တော်ပါတယ်။ သူတို့ ခန့်မှန်းခြေက အနီးစပ် ဆုံး ဖြစ်တယ်လို့တောင် ချီးကျူးထားကြပါတယ်။

ဗီဒီယိုထဲကအတိုင်းဆိုရင် S4 ကို လေဆာကီးဘုတ်နဲ့တောင် ချိတ်ဆက် အသုံးပြု နိုင်ပါတယ်။ ကင်မရာက 13 megapixel ရှိပြီး ၅ လက်မ မကတဲ့ မျက်နှာပြင်က 1080p resolution အဆင့်ရှိတဲ့ Grand AMOLED အမျိုး အစား ဖြစ်ပါတယ်။ Processor ကလည်း 2.0GHz 4 quad core ဖြစ်ပါ တယ်။ quad core တောင် လေးခု ပါတယ်ဆိုတဲ့ သဘောဖြစ် ပါတယ်။

အရွယ်ပိုကြီးလာပြီး ပိုလည်းပါးသွားပါတယ်။ မော်ဒယ်ကုဒ်နံပါတ်ကို GT-I9500 လို့တောင် အမည်ပေးထားပါသေးတယ်။ တကယ် ထုတ်ဖော်ပြ သတဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ CES မှာမှ တကယ်ဟုတ် မဟုတ် မြင်တွေ့ရ မှာ ဖြစ်ပါတယ်။

Samsung Galaxy S4 ကြာ်ငြာဗီဒီယိုကို အောက်မှာဆက်လက်ကြည့်ရှု့ပေတော့ခင်ဗျာ ။http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A6153967&xgs=1&xg_source=msg_share_post  ဇော်သက်

ထူးထူးဆန်းဆန်း မျက်လုံး(၃)လုံးနဲ့လူသား..........


မျက်လုံးသုံးလုံးနဲ့ လူသားအဖြစ် တစ်ချိန်က ကျော်ကြားခဲ့တဲ့ ဘီလ် ဒါ့က် ရဲ့ ငယ်စဉ် ကလေးဘ၀ဟာ ကြမ်းတမ်းခဲ့ပါတယ် ။ သူ့ကို ဂျက်ပါ ၊ အလာဘာမား မှာ ၁၉၁၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့ပါတယ် ။ မွေးရာပါ မျက်နှာနှင့် နှာခေါင်းပိုင်း ပုံသဏ္ဏာန် ပျက်ယွင်းမှုကြီးတစ်ခုနဲ့ပေါ့ ။ နှစ်ခြမ်းကွဲနေတဲ့ သူ့မျက်နှာဘယ်တော့မှ ပြန်မဆက်သွားတော့ သလို ၊ ကိုးယိုးကားယားဖြစ်နေပြီး ကြီးမားတဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲ နှင့် နှာခေါင်းပေါက် တစ်ပေါက်စီသက်သက်ကွဲနေတယ်ဗျ ။ နောက်ပြီး မွေးတည်းက သူ့ရဲ့ မျက်လုံးများကို သူ့ရဲ့အရေပြားကပြန်အုပ်ထားလို့ငယ်စဉ်မှထဲက ခွဲစိတ်ပြီးပြန်ဖွင့်ခဲ့ရပါတယ် ။ သူ့ရဲ့ ဆိုးရွားကြောက်မက်ဖွယ် ပုံပန်းသဏာန်ကြောင့် သူ့ရဲ့ပညာသင်ကြားေ၇းမှာ အဟန့်အတားကြီးဖြစ်ခဲ့ပါတယ် ။ သူ့ကိုကျောင်းသားလေးများကကြောက်ရွံ့ကြသဖြင့် ကျောင်းများက လက်မခံခဲ့ပါဘူး ။သူ့ရဲ့ မိသားစုကလည်း သူ့ကိုအပြင်ကျောင်းထား နိုင်လောက်အောင် မချမ်းသာပါဘူး ။(ဆင်း၇ဲပါတယ်။) ထိုသို့သော အကြောင်းအမျိုးမျိုးကြောင့် ဘီကို သူ့မိဘတွေက ကျောင်းမနေခိုင်းခဲ့တဲ့အတွက် ဘီလ်ဟာ ငယ်စဉ်ကတည်းက ဆက်ဆံရခက်တဲ့ လူ့ဂွစာတစ်ယောက်ဖြစ်နေခဲ့ပါတယ် ။ တစ်ရက်မှာတော့ ပြပွဲပိုင်ရှင်တစ်ယောက်က သူ့ကိုတွေ့သွားပြီး သူ့ဆီမှာ အလုပ်လုပ်ဖို. အသည်းအသန် ကမ်းလှမ်းခဲ့တဲ့အတွက် ဘီလ်ဟာ ပြပွဲတွေမှာ အသုံးတော်ခံပြသရင်း မျက်လုံးသုံးလုံးနဲ့ လူသားအဖြစ်ကျော်ကြားလာခဲ့ပါတယ်။ဘီလ်ဟာ ပြပွဲပိုင်ရှင်များစွာရဲ့ လက်အောက်မှာ အလုပ်လုပ်ရင်း ပြသအသုံးတော်ခံခဲ့ရပါတယ်။ဘာကြောင့်လည်း ဆိုတော့ သူဟာ စာမတတ်တဲ့အတွက် သူ့ရဲ့ အလုပ်စာချုပ်တွေရဲ့အဓိပါယ်ကို မသိတာကြောင့် လိမ်ညာခံခဲ့ရတာ ဖြစ်ပါတယ်။သူဟာ သူ့လိုပဲ ပြပွဲမှာ ပြသခံနေတဲ့ လူထူးလူဆန်းကြီး မဲလ်ဗင် ဘားခတ် နဲ့ ရင်းနှီးသွားခဲ့ပါတယ်။ ဘားခတ်ဟာ သူ့ကို သူတို့လို လူထူးလူဆန်းပြပွဲမှ မိုင်းဒရက်ဆိုတဲ့ မိကျောင်းသားရေနဲ့ အမျိုးသမီး နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ဘီလ် နဲ့ မိုင်းဒရက်တို့ဟာ မကြာခင်ပဲ ရင်းနှီးကျွမ်းဝင်သွားခဲ့ပြီး လက်ထပ်ခဲ့ကြပါတယ်၊။ ကမ္ဘာပေါ်မှာ အထူးဆန်းဆုံး လင်မယားဖြစ်တဲ့ သူတို.ဇနီးမောင်နှံဟာ ပျော်ရွင်စွာနဲ့ အချိန်တွေကို ဖြတ်သန်းခဲ့တာ ၁၉၆၈ ခုနှစ်ထိပါပဲ.... ၁၉၆၈ ခုနှစ် ဇွန်လမှာ မိုင်းဒရက်ဟာ ဘီလ် နဲ့ သူ့ကိုချစ်တဲ့သူများကို စွန့်ခွာသွားခဲ့ပါတယ်။ အလွန်ချစ်မြတ်နိုးခဲ့ရသော ဇနီးသည်မရှိတော့တဲ့နောက် စိတ်နှလုံးကွဲကြေနေတဲ့ ဘီလ်ဟာ သူ့ရဲ့အလုပ်ကနေ အနားယူခဲ့ပြီး ဖလော်ရီဒါမှာ နေထိုင်ရင်း ၁၉၇၅ ခုနှစ် မေလ ၇ ရက်နေ့မှာ သူချစ်တဲ့ ဇနီးသည်သွားနှင့်ပြီးသော မရဏခရီးကိုလိုက်သွားခဲ့ပါတယ် ရှင်.....
ဘီလ်ရဲ့ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်...ဘီလ်နဲ့ သူ့သမီးလေးပါ

ဘီလ် ရဲ့အမျိုးသမီး မိုင်းဒရက် မိကျောင်းသားရေလို ဖြစ်နေတဲ့ အရေပြားပုံစံကိုမြင်ဖူးအောင် ဓာတ်ပုံ ထည့်ပေးလိုက်ပါတယ်။
ချစ်ခင်စွာဖြင့်...လွမ်းသူမေ {အဝေးရောက်}

ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် Volkswagen People's car project, Hover Car, the flying two-seater

Saturday, 29 December 2012

ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။

Google က မောင်းသူမလိုတဲ့ ကား စမ်းသပ်ပြသလိုမျိုးပဲ ပြိုင်ဆိုင်မှု အနေနဲ့ ဘီးမလို မြေမထိ ကား ( Hover Car ) ကို ယခုလို ဗီဒီယိုနဲ့ မိတ်ဆက်ပြသ ပါတယ်။ ပရိုမိုးရှင်း ဗီဒီယိုထဲမှာ တရုတ် ဇနီးမောင်နှံ က မောင်းပြပြီး မြို့ တွင်း လူစည်ကားလမ်းတွေမှာ အစွမ်းပြသွားပါတယ်။ တကယ့် ပရိုမိုးရှင်း ဗီဒီယိုထဲကလိုပဲ အပြင်မှာ တကယ် ဖြစ်လာတော့မယ်လို့ VW က ဆိုထား ပါတယ်။

ကားက နှစ်ယောက်စီး ဖြစ်ပြီး Joy Stick နဲ့ မောင်းရမှာ ဖြစ်ပါတယ်။ စတီယာရင်ဝီး မဟုတ်ပါဘူး။ ရှေ့ ဖန်သား မျက်နှာပြင်က tochscreen ဖြစ်ပြီး အချက်အလက်များကိုလည်း Display တစ်ခုလို ဖော်ပြ ပါတယ်။ ဥပမာ မြေပုံတွေကို ဖော်ပြတာမျိုး ဖြစ်ပါတယ်။ ကားမှာ အာရုံခံ စနစ်များ ပါဝင်ပြီး လူမောင်းစရာတောင် မလိုပဲ သူ့အလိုအလျောက် လည်း မောင်းနိုင်ပါတယ်။ အချိုး အကွေ့၊ လမ်းဆုံလမ်းခွ တွေမှာ ယဉ်အန္တရာယ် မဖြစ်အောင်လည်း အာရုံခံ စနစ် ပါတယ်။ ကီလိုမီတာ သတ်မှတ်ထားပြီး ယင်းကီလိုမီတာနဲ့ ကားရဲ့  ဦးတည်ချက်ကို တွက်ချက်ပြီး တိုက်နိုင်ချေရှိရင် ရပ်ပါတယ်။ ရှောင်သင့်ရင် အလိုအလျောက် ရှောင်သွားပါ တယ်။

ဘီးမပါဘူးဆိုတော့ ဘယ်လိုသွားမလဲလို့ စိတ်ဝင်စားကြပါတယ်။ အဓိကက သံလိုက်အီလက်ထရောနစ် စက်ကွင်းကို အခြေခံမှာ ဖြစ်ပါတယ်။ ကားမှ ထုတ်လွတ်တဲ့ Electromagnetic ဓာတ်က မြေပြင်ကို ထိခတ်လို့ အပေါ်ကို အလိုလို မြင့်တက်နေစေမှာ ဖြစ်ပြီး ဘယ်နေရာဖြစ်ဖြစ်မောင်း လို့ရအောင် တော့ VW ကထပ်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို အခုကားက သံလိုက်လျှပ်စစ်ဓာတ်ဆီးကြောင်း စီးဆင်းတဲ့ မြို့  လမ်း Network ပေါ် အခြေခံ မောင်းနှင်ခြင်း ဖြစ်ပြီး ယင်း Network မရှိတဲ့ နေရာတွေမှာ မောင်းနှင်နိုင်လည်း ကြိုးပမ်းယူလျက် ရှိပါတယ်။

၃၊၄ နှစ်အတွင်း ဖြစ်လာနိုင်ချေရှိတဲ့ ကားလို့ ခန့်မှန်းထားကြပြီး မောင်းနှင်ပြ တဲ့ ပရိုမိုးရှင်း ဗီဒီယိုကို ကြည့်ရှုနိုင်ပါတယ်


Nay Ko Ko and Hlaing Bwa shared Myanmar Online News's photo.

Saturday, December 29, 2012

လိုင်ဇာဒေသ လေကြောင်းစစ်ဆင်ရေး ဆိုင်ရာ ဓာတ်ပုံများ


~





ယနေ့ နံနက်ပိုင်း ကချင်ပြည်နယ် တိုက်ခိုက်မှုအတွင်း အသုံးပြုခဲ့သည့် အစိုးရတပ် ရဟတ်ယာဉ်တစီး (ဓာတ်ပုံ - ဂျွန်စံလင်း/ဧရာဝတီ)
ဓာတ်ပုံများ၊ အချက်အလက်များကို irrawaddy.org  ကနေ ယူပါတယ်။


ယနေ့ နံနက်ပိုင်း အစိုးရတပ် ရဟတ်ယာဉ်တစီး၏ ပစ်ခတ်မှု (ဓာတ်ပုံ - ဂျွန်စံလင်း/ဧရာဝတီ)

ယနေ့ နံနက်ပိုင်း တွေ့ရသည့် အစိုးရတပ် လေယာဉ်တစီး (ဓာတ်ပုံ - ဂျွန်စံလင်း/ဧရာဝတီ)

ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်တလုံးကို လိုင်ဇာအနီး ABSDF တပ်များအနီး ယနေ့ နံနက်ပိုင်း ကျရောက်ခဲ့ပုံကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - မင်းဌေး)

KIA ဌာနချုပ်စခန်းများ တည်ရှိရာ လိုင်ဇာအနီး ယနေ့ နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရသည့် ကျည်ခွံတခု  (ဓာတ်ပုံ - ဂျွန်စံလင်း/ဧရာဝတီ)

တရုတ်နိုင်ငံလုပ် JL - 8 အမျိုးအစား တိုက်လေယာဉ်တစီးကို အာဖရိကမှာ အခုလို တွေ့ရပါတယ်။ မြန်မာ့တပ်မတော်(လေ) က အင်္ဂါနေ့ ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတခုမှာ ဒီမော်ဒယ်မျိုး တိုက်လေယာဉ်တွေကို သုံးခဲ့တယ်လို့ ယူဆရပါတယ်။ (ဓာတ်ပုံ - Danie van der Merwe / WikiMedia)

MiG - 29 အမျိုးအစား တိုက်လေယာဉ်တစီးကို ရန်ကုန်လေဆိပ်မှာ ဒီလ အစောပိုင်းက တွေ့ရတာပါ။ ရုရှားနိုင်ငံထုတ် လေယာဉ် ဖြစ်ပါတယ်။ (ဓာတ်ပုံ - Steve Tickner/ဧရာဝတီ)

ရန်ကုန်လေဆိပ်မှာ တွေ့ရတဲ့ စစ်ဘက် ရဟတ်ယာဉ်တစီး (ဓာတ်ပုံ - Steve Tickner/ဧရာဝတီ)

ဝေဟင်ကနေ တွေ့ရတဲ့ လိုင်ဇာဒေသ ။ အ၀ါရောင်လိုင်းက တရုတ်မြန်မာ နယ်စပ်မျဉ်း ဖြစ်ပါတယ်။ အနီရောင်က ကားလမ်း ဖြစ်ပါတယ်။ လဂျားယန်ဒေသ KIA စခန်းတွေ ဒီမနက် အတိုက်ခံရပါတယ်။ လဂျားယံက လိုင်ဇာနဲ့ ၁၁ ကီလိုမီတာ ဝေးကွာပါတယ်။ (ဓာတ်ပုံ - Google Earth)
ဓာတ်ပုံများ၊ အချက်အလက်များကို http://www.irrawaddy.org/archives/22428  ကနေ ယူပါတယ်။

အစိုးရစစ်တပ် ၀ိုင်းရံထားသဖြင့် လိုင်ဇာဒေသခံများ ဗုံးခိုကျင်းတူးနေကြပြီ


အစိုးရစစ်တပ် ၀ိုင်းရံထားသဖြင့် လိုင်ဇာဒေသခံများ ဗုံးခိုကျင်းတူးနေကြပြီ
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ဌာနချုပ်အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာစစ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရန် ၀ိုင်းရံထားပြီဖြစ်၍ ဒေသခံကချင်ပြည်သူများက မိမိတို့နေအိမ်အနီးတွင် ဗုံးခိုကျင်းများ တူးနေကြပြီဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီဝန်းကျင်အထိ အစိုးရတပ်များက စစ်တိုက်လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များထိုးစစ်ဆင်လာဖွယ် အနေအထား တွေ့ရှိ နေရသဖြင့် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော်နေကြခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့-KIO က အရပ်ဘက် အုပ်ချုပ်ရေးဌာန ဒု-တာဝန်ခံ ဆလန်ကပါဒွဲပီဆာက ပြောသည်။

၎င်းက “အခုဆိုရင် လိုင်ဇာပတ်ဝန်းကျင်မှာ အဘက်ဘက်ကနေပြီး အစိုးရတပ်တွေက အားလုံးနေရာ ယူထားကြပြီလေ။ ဒီကနေ့မှာလည်း သူတို့က အပေါ်ကနေ စပစ်နေပြီဆိုတော့ ဘယ်လိုဆက်ဖြစ်ဦးမလဲတော့ မသိသေးဘူး။ သူတို့ရဲ့အထက်က လည်း ခြေလျင်စစ်ကြောင်းတွေထိုးဖို့ ဖိအားပေးထားတယ်လို့လည်း ကျနော်တို့အဖွဲ့တွေ ကြားသိထားတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ လဂျားယန်နှင့် KIA ဌာနချုပ်တည်နေရာ လိုင်ဇာမြို့သည် ၈မိုင်ခန့်အကွာတွင် ရှိပြီး လဂျားယန်ဒေသခံများက လက်ရှိအချိန်တွင် လိုင်ဇာဘက်သို့ ရောက်နေကြပြီဖြစ်ကြောင်း KIA ဘက်က ဆိုသည်။

လိုင်ဇာမြို့ဒေသခံ ကချင်အမျိုးသားတစ်ဦးက “တချို့အိမ်တွေကတော့ ဒီဇင်ဘာလ ၁၄ရက်နေ့ကတည်းက ဗုံးခိုကျင်းတူးနေကြ တာ။ ဒီနေ့ လဂျားယန်မှာ ရဟတ်ယာဉ်က ဗုံးကြဲတော့ စက်သေနတ် မီးပွင့်တာတောင် မြင်ရတယ်။ ဒါကြောင့် ကျနော်တို့ လိုင်ဇာနားလည်း စစ်တပ်တွေ ရောက်နေကြပြီဆိုတော့ အိမ်တိုင်းအိမ်တိုင်းက အိမ်ရှေ့ ဒါမှမဟုတ် အိမ်နောက်တွေမှာ ဗုံးခို ကျင်း တူးထားကြတယ်”ဟု ပြောသည်။

အစိုးရတပ်များက ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ဓာတုလက်နက်ပစ္စည်းဟု ယူဆရသည့် မီးလောင်ဗုံးများ ပါဝင်ပြီး KIA ဘက်မှ ပြောဆိုထားသည်။

ထို့အပြင် ယနေ့ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိကြောင်းနှင့် KIA ယာယီတဲအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း လိုင်ဇာဒေသမှလာသည့် သတင်းများအရ သိရသည်။

 ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ 

ကချင်လွတ်မြောက်ရေး တပ်မတော်-KIA ဌာနချုပ် အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာစစ်တပ်များက တိုက်ခိုက် သိမ်းပိုက်ရန် ၀ိုင်းရံထားပြီဖြစ်၍ ဒေသခံကချင်ပြည်သူများက မိမိတို့ေ နအိမ်အနီးတွင် ဗုံးခိုကျင်းများ တူးနေကြပြီ ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီ ၀န်းကျင်အထိ အစိုးရတပ်များက စစ်တိုက်လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များ ထိုးစစ်ဆင်လာဖွယ် အနေအထား တွေ့ရှိ နေရသဖြင့် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော် နေကြခြင်း ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့-KIO က အရပ်ဘက် အုပ်ချုပ်ရေးဌာန ဒု-တာဝန်ခံ ဆလန်ကပါဒွဲပီဆာက ပြောသည်။

၎င်းက “အခုဆိုရင် လိုင်ဇာ ပတ်ဝန်းကျင်မှာ အဘက်ဘက်ကနေပြီး အစိုးရတပ်တွေက အားလုံးနေရာ ယူထားကြပြီလေ။ ဒီကနေ့မှာလည်း သူတို့က အပေါ်ကနေ စပစ်နေပြီဆိုတော့ ဘယ်လို ဆက်ဖြစ်ဦးမလဲတော့ မသိသေးဘူး။ သူတို့ရဲ့အထက်က လည်း ခြေလျင်စစ်ကြောင်းတွေ ထိုးဖို့ ဖိအား ပေးထားတယ်လို့လည်း ကျနော်တို့အဖွဲ့တွေ ကြားသိထားတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ လဂျားယန်နှင့် KIA ဌာနချုပ်တည်နေရာ လိုင်ဇာမြို့သည် ၈မိုင်ခန့်အကွာတွင် ရှိပြီး လဂျားယန်ဒေသခံများက လက်ရှိအချိန်တွင် လိုင်ဇာဘက်သို့ ရောက်နေကြပြီဖြစ်ကြောင်း KIA ဘက်က ဆိုသည်။

လိုင်ဇာမြို့ဒေသခံ ကချင်အမျိုးသားတစ်ဦးက “တချို့အိမ်တွေကတော့ ဒီဇင်ဘာလ ၁၄ရက်နေ့ကတည်းက ဗုံးခိုကျင်းတူးနေကြ တာ။ ဒီနေ့ လဂျားယန်မှာ ရဟတ်ယာဉ်က ဗုံးကြဲတော့ စက်သေနတ် မီးပွင့်တာတောင် မြင်ရတယ်။ ဒါကြောင့် ကျနော်တို့ လိုင်ဇာနားလည်း စစ်တပ်တွေ ရောက်နေကြပြီဆိုတော့ အိမ်တိုင်းအိမ်တိုင်းက အိမ်ရှေ့ ဒါမှမဟုတ် အိမ်နောက်တွေမှာ ဗုံးခို ကျင်း တူးထားကြတယ်”ဟု ပြောသည်။

အစိုးရတပ်များက ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ဓာတုလက်နက်ပစ္စည်းဟု ယူဆရသည့် မီးလောင်ဗုံးများ ပါဝင်ပြီး KIA ဘက်မှ ပြောဆိုထားသည်။

ထို့အပြင် ယနေ့ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိကြောင်းနှင့် KIA ယာယီတဲအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း လိုင်ဇာဒေသမှလာသည့် သတင်းများအရ သိရသည်။
နန်းသူးလေ
 
သတင်းရင်းမြစ် - ကေအိုင်စီ
 

အမေရိကန်ဆရာများ သေနတ်ကိုင်ဆောင်ပြီး ကျောင်းတက်ခွင့် ရတော့မည်

Lu Bo shared Myanmar Online News's photo.
အမေရိကန်ဆရာများ သေနတ်ကိုင်ဆောင်ပြီး ကျောင်းတက်ခွင့်
ရတော့မည်
Friday, 28 December 2012

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အများစုတွင် ကျောင်းဆရာ ဆရာမများကို လက်နက်ကိုင်ဆောင်ခွင့်ပြု တော့မည်ဖြစ်ကြောင်း သိရသည်။ နယူးတောင်းတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားနှင့် ဆရာများ သေနတ်ဖြင့် ပစ်သတ်ခံရမှုမျိုး နောက်တစ်ကြိမ် မဖြစ်ပွားစေလိုသဖြင့် ကာကွယ်ရန် ထိုသို့ ဆရာများကို သေနတ်ကိုင်ခွင့်နှင့် ပစ်ခတ်နည်း သင်တန်းများကိုပေးရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟုဆိုသည်။

အမေရိကန် အမျိုးသားရိုင်ဖယ်အသင်း (NRA) က လက်နက်ထိန်းချုပ်ရေးနှင့်
သေနတ်ကိုင်ဆောင်ခွင့်များကို ပြန်လည်ထိန်းချုပ်ရန် စဉ်းစားနေချိန်တွင် ထိုသို့ ဆန့်ကျင်ဘက်လုပ်ဆောင်ချက်များ ထွက်လာခြင်းကြောင့် လည်း အံ့အားသင့်ကုန်ကြရသည်။

လွှတ်တော်တွင် သေနတ်ကိုင်ဆောင်ခွင့်ကို ပယ်ဖျက်ရန် ကြိုးပမ်း
နေသူများက ကြိုးပမ်းနေချိန်တွင် ဆန်ဒီ ဟွခ် ကျောင်းတွင် ဖြစ်ပွားခဲ့သည့်
သေနတ်ပစ်မှုမျိုးနှင့် ကြေကွဲဖွယ် အဖြစ်ဆိုးမျိုးကို မကြုံလိုပါက၊
သေနတ်သမားကို ပစ်ခတ်နှိမ်နင်းခြင်းကသာ အဖြေဖြစ်ကြောင်း ဆုံးဖြတ်ကြခြင်းဖြစ်သည်။

NRA ကမူ ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်၊ နိုင်ငံအတွင်းရှိ ကျောင်းတိုင်းတွင် လက်နက်ကိုင် အစောင့်အရှောက် များ ထားရှိရန် အကြံပြုခဲ့သည်။ သို့ရာတွင် ယူတားနယ်ရှိ ပုဂ္ဂလိကကျောင်းများတွင် ဆရာများသည် လိုင်စင်ဖြင့် သေနတ်များကိုင်ဆောင်မှုကို ခွင့်ပြုပေးလိုက်ကြောင်း၊
သေနတ်များကို ဖုံးကွယ်ပြီး ကျောင်းသို့ယူဆောင် လာနိုင်ကြောင်း
ပြောသော်လည်း၊ ဆရာအများစုကမူ ထိုအမိန့်ကို မနှစ်သက်သဖြင့်
ငြင်းဆန်နေကြကြောင်း သိရသည်။

နယူတောင်းမြို့တွင် ဆရာများကို လက်နက်ကိုင်ဆောင်နည်း၊ ပစ်ခတ်
နည်းများကို အခမဲ့သင်တန်းပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
ထားသည်။ ထိုမြို့တွင် ကျောင်းဆရာ ၄၀၀ ခန့်ရှိသဖြင့် ထက်ဝက်ခန့် လာတက်မည်ဆိုလျှင်ပင် အားလုံးကို သင်တန်း ပေးရန်အတွက်
နေရာမရှိကြောင်း အာဏာပိုင်များက ပြောကြားထားသည်။ 

မောက္ခ

Friday, 28 December 2012

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အများစုတွင် ကျောင်းဆရာ ဆရာမများကို လက်နက်ကိုင်ဆောင်ခွင့်ပြု တော့မည်ဖြစ်ကြောင်း သိရသည်။ နယူးတောင်းတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားနှင့် ဆရာများ သေနတ်ဖြင့် ပစ်သတ်ခံရမှုမျိုး နောက်တစ်ကြိမ် မဖြစ်ပွားစေလိုသဖြင့် ကာကွယ်ရန် ထိုသို့ ဆရာများကို သေနတ်ကိုင်ခွင့်နှင့် ပစ်ခတ်နည်း သင်တန်းများကိုပေးရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟုဆိုသည်။

အမေရိကန် အမျိုးသားရိုင်ဖယ်အသင်း (NRA) က လက်နက်ထိန်းချုပ်ရေးနှင့်
သေနတ်ကိုင်ဆောင်ခွင့်များကို ပြန်လည်ထိန်းချုပ်ရန် စဉ်းစားနေချိန်တွင် ထိုသို့ ဆန့်ကျင်ဘက်လုပ်ဆောင်ချက်များ ထွက်လာခြင်းကြောင့် လည်း အံ့အားသင့်ကုန်ကြရသည်။

လွှတ်တော်တွင် သေနတ်ကိုင်ဆောင်ခွင့်ကို ပယ်ဖျက်ရန် ကြိုးပမ်း
နေသူများက ကြိုးပမ်းနေချိန်တွင် ဆန်ဒီ ဟွခ် ကျောင်းတွင် ဖြစ်ပွားခဲ့သည့်
သေနတ်ပစ်မှုမျိုးနှင့် ကြေကွဲဖွယ် အဖြစ်ဆိုးမျိုးကို မကြုံလိုပါက၊
သေနတ်သမားကို ပစ်ခတ်နှိမ်နင်းခြင်းကသာ အဖြေဖြစ်ကြောင်း ဆုံးဖြတ်ကြခြင်းဖြစ်သည်။

NRA ကမူ ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်၊ နိုင်ငံအတွင်းရှိ ကျောင်းတိုင်းတွင် လက်နက်ကိုင် အစောင့်အရှောက် များ ထားရှိရန် အကြံပြုခဲ့သည်။ သို့ရာတွင် ယူတားနယ်ရှိ ပုဂ္ဂလိကကျောင်းများတွင် ဆရာများသည် လိုင်စင်ဖြင့် သေနတ်များကိုင်ဆောင်မှုကို ခွင့်ပြုပေးလိုက်ကြောင်း၊
သေနတ်များကို ဖုံးကွယ်ပြီး ကျောင်းသို့ယူဆောင် လာနိုင်ကြောင်း
ပြောသော်လည်း၊ ဆရာအများစုကမူ ထိုအမိန့်ကို မနှစ်သက်သဖြင့်
ငြင်းဆန်နေကြကြောင်း သိရသည်။

နယူတောင်းမြို့တွင် ဆရာများကို လက်နက်ကိုင်ဆောင်နည်း၊ ပစ်ခတ်
နည်းများကို အခမဲ့သင်တန်းပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
ထားသည်။ ထိုမြို့တွင် ကျောင်းဆရာ ၄၀၀ ခန့်ရှိသဖြင့် ထက်ဝက်ခန့် လာတက်မည်ဆိုလျှင်ပင် အားလုံးကို သင်တန်း ပေးရန်အတွက်
နေရာမရှိကြောင်း အာဏာပိုင်များက ပြောကြားထားသည်။

မောက္ခ

ဟင်္သာတတွင် အံ့ဖွယ်ငှက်ကြီးများဖမ်းမိ



ဧရာဝတီတိုင်းဒေသကြီး ဟင်္သတခရိုင် ဟင်္သတမြို့ နယ် ဘုရားကုန်းကျေးရွာ အုပ်စုဘုရားကုန်းကျေးရွာ၌ ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီတွင် ဟိမ၀န္တာလင်းယုန်ငှက်ဟု ယူဆရသော ငှက်ကြီး ၁၅ ကောင်ခန့်သည် ရွာအတွင်း ၀င်ရောက်လာသဖြင့် ရွာသူရွာသားများက ၀ိုင်းဝန်း
ဖမ်းဆီးကြရာ ငှက်ကြီး သုံးကောင် ဖမ်းဆီးရမိသည်။

သိန်းနီမြို့၊ သစ်တောဘိနယ် စခန်းရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ


လားရှိုးမြို့နယ် သစ်တောဦးစီးဌာန၊
သိန်းနီသစ်တောဘိနယ် စခန်းရုံးတွင်
ဒီဇင်ဘာလ (၂၇) ရက်နေ့နံနက် (၀၂း၀၀)
 နာရီ အချိန်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်
ခံခဲ့ရကြောင်း သိရသည်။


သိန်းနီသစ်တောဘိနယ် စခန်းရုံးအတွင်းသို့ လက်ပစ်ဗုံး (၂) လုံးဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဗုံးပစ်ခတ်မှုကြောင့် တောအုပ်ဦးလှမင်းဦး၏ ညာဘက်ခြေသလုံးဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး၊ ဘိနယ်စခန်းအတွင်း ရပ်ထားသော မော်တော်ဆိုင်ကယ်နှင့် အဆောက်အဦအတွင်းနှင့် ကြမ်းခင်းများ ဗုံးဆံထိမှန်မှုကြောင့် ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်က အခင်းမဖြစ်ခင် အပေါ့အပါးသွားပြီး အဆောင်ထဲကို ပြန်ဝင်လာတဲ့ အချိန်မှာ လူရိပ်တွေ့လို့ ထွက်အမေး၊ လက်ပစ်ဗုံးတစ်လုံးကို ရုံးထဲကိုပစ်တယ်။

 နောက်တစ်လုံးကိုတော့ ရုံးဘေးကိုပစ်တယ်။ ကျွန်တော်ကိုတော့ ဗုံးကွဲတဲ့အချိန်မှာ ဆိုင်ကယ်က ကျွန်တော့ရှေ့မှာဆိုတော့ ညာဘက်ခြေသလုံးပဲ ထိခဲ့တယ်” ဟု တောအုပ် ဦးလှမင်းဦးက ပြောပါသည်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ တောအုပ် ဦးလှမင်းဦးအား လားရှိုးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိပြီး ဖြစ်စဉ်အား သိန်းနီရဲစခန်းမှ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

Eleven Media Group

တမန်လွန်ဘ၀ရှိကြောင် သက်သေပြရန် ကိုယ့်ကိုကိုယ်သတ်သေခဲ့။

                       
                       ကမ္ဘာကျော် ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။၁၉၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က
အမေရိကန်နိုင်ငံ၊ မစ်ချီဂန်းပြည်နယ်၊ဒတ်ထရွိုက်မြို့မှာဖြစ်ပြီး Thamos Lynn Bradford အမည်ရ ပရော်ဖက်ဆာ
တစ်ဦးက ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲံ့တာဖြစ်ပါတယ်။
                သေကြောင်းကြံတဲ့ ရည်ရွယ်ချက်ကတော့ နောက်ဘဝ (Afterlife) ဆိုတာ တကယ်ရှိတယ်ဆိုတာကို သက်သေပြဖို့ ဖြစ်ပြီး သေတဲ့အခါ လူ့လောကက လူတွေနဲ့ ဆက်သွယ်မယ်လို့တောင် ပြောခဲ့ပါသေးတယ်။ ဒီအတွက် အခန်းတံခါးအလုံပိတ်၊ ဂက်စ်မီးဖိုက ဂက်စ်များ အပြည့် လွတ်စေပြီး ကိုယ်တိုင် သေကြောင်းကြံခဲ့ပါတယ်။ ဒီအတွက် ကူညီပေးသူ အမျိုးသမီး Ruth Doran ကို လာဆက်သွယ်ပြမယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။

အမေရိကန်ပြည်တွင်း သတင်းစာ၊ ဂျာနယ်များကလည်း စိတ်ဝင်တစားနဲ့ စောင့်ဆိုင်း ကြည့်ရှုခဲ့ပေမယ့် Ruth Doran ဆီက ဘာသံမှ မကြားခဲ့ပါဘူး။ Bradford ဟာ သေဆုံးပြီး တကယ်ပဲ ဘယ်သူနဲ့မှ မဆက်သွယ်နိုင်ဘူးဆို တာကိုသာ ဝမ်းနည်းစွာပဲ လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် တမလွန်ဘဝ ရှိတယ်မရှိတယ်ဆိုတာကို ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး လက်တွေ့စမ်းသပ်ပြရဲခဲ့တဲ့ Bradford ရဲ့  လုပ်ရပ်ဟာ ယနေ့တိုင် ရာဇဝင်တွင် ကျန်ရှိစေခဲ့ကြောင်း သိရပါတယ်။
--
ref:wiki

http://www.innewsmyanmar.com/2012/12/blog-post_9601.html

ဆယ်ပါးအင်္ဂါ ထိန်းမြားရာဝယ်

      လူဆိုသည်မှာ သီးချိန်တန်သီး၍ ပွင့်ချိန်တန်လျှင် ပွင့်ရပါတယ်။ သွေးမတော် ၊ သားမစပ် တစ်မိသားနှင့် တစ်မိသား ပေါင်းစည်းကြရာဝယ် ရှေးကုသိုလ် ဖူးစာကံပါသောကြောင့်၎င်း ၊ အနေနီးစပ်၍သော်၎င်း ၊ ကျောင်းနေစဉ်မှသည် လုပ်ငန်းခွင်ရောက်သည်အထိ သံယောဇဉ်တရားကြောင့်သော်၎င်း မည်သို့သော အကြောင်းကြောင့်ပင်ဖြစ်ပါစေ တစ်ဦးနှင့်တစ်ဦး လင်နှင့်မယားဟူ၍ ပေါင်းစည်းကြရာဝယ် " ထိန်းမြားခြင်း " ဟူသည် အဓိက အရေးပါ,ပါတယ်။
       ငွေကြေးဥစ္စာကြွယ်ဝ၍ ဂုဏ်ပကာသနကို ရှေ့တန်းတင်လိုကြသော သူများကတော့ ထည်ဝါခန့်ညားလှသော ဟိုတယ်ခန်းမများကို ဈေးကြီးကြီးပေး၍ ဌားရမ်းကာ ထိမ်းမြားလက်ထပ် မင်္ဂလာပွဲတွေပြုကြပါတယ်။ အသင့်အတင့် တတ်နိုင်သူတို့ကလည်း သင့်တော်ရာခန်းမ တစ်ခုခုမှာကျင်းပကြပါတယ်။ တချို့ကျတော့ ကျောင်းတိုက်တစ်ခုခုမှာ မင်္ဂလာဆွမ်းကျွေးကြပါတယ်။ ဘယ်လိုပဲလက်ထပ်,လက်ထပ် လိုရင်းကတော့ ကျွန်တော်တို့ ကျွန်မတို့ ထိန်းမြားကြပါပြီ။ အကြင်လင်မယားတွေ ဖြစ်ကြပါပြီ ဟူ၍ သက်သေပြလိုက်ခြင်းပဲဖြစ်ပါတယ်။
        ကျွန်တော်တို့ မြန်မာမှု့ အိမ်ထောင်ရေးနယ်ပယ်မှာ ထိမ်းမြားမှု့ ပြီးမြောက်ဖို့အတွက် အင်္ဂါ (၁၀)ပါးရှိတာကို လေ့လာမှတ်သားထားဖူးပါတယ်။ ဒီအင်္ဂါ (၁၀)ပါးကို တစ်ချိန်ချိန်မှာ မင်္ဂလာရက်မြတ် လက်ထပ်ကြမည့် သူတွေအနေဖြင့် ဗဟုသုတအဖြစ် သိရှိထားနိုင်ကြစေရန် လက်ဆင့်ကမ်း တင်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။
       ( ၁ )   ဦးထိပ်၌ ရေစင်သွန်းလောင်းပြီး ထိမ်းမြားခြင်း
                  ဘိသိက်ဆရာအနေဖြင့် လက်ျာရစ်ခရုသင်းထဲကိုဖြစ်စေ ၊ ဖလားတစ်ခုထဲကိုဖြစ်စေ န၀ရတ်(၉)ပါး ၊ နံ့သာ(၅)မျိုးတို့၏ အရည်ကိုထည့်ပြီး သပြေညွန့်ထိုးကာ သတို့သား ၊ သတို့သမီးတို့၏ ဦးကောင်းထက်သို့ ရေစင်သွန်းလောင်းပြီး လက်ထပ်ပေးပါက ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
         ( ၂ )   ရေဖလား၌ လက်ချထားပြီး ထိမ်းမြားခြင်း
                  ရေဖလားတစ်ခုခုအတွင်း သတို့သား ၊ သတို့သမီးတို့၏ လက်ျာလက်ကို ချထားပြီး လက်ထပ်ပေးပါကလည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
          ( ၃ )   ပန်းကုံးစွပ်ပြီး ထိမ်းမြားခြင်း
                  သတို့သား ၊ သတို့သမီးတို့ တစ်ဦးနှင့်တစ်ဦး ပန်းကုံးတစ်ကုံးစီ ကိုင်ထားပြီး ၊ သတို့သမီးမှ သတို့သားကို ပန်းကုံးစွပ်ကာ ၊ သတို့သားမှ သတို့သမီးကို ပန်းကုံးစွပ်ကာ လက်ထပ်ပါကလည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
           ( ၄ )   စုလျားရစ်ပတ် ထိမ်းမြားခြင်း
                  သတို့သားနှင့် သတို့သမီးတို့အား ပ၀ါရှည်တဘက်နှင့် ရစ်ပတ်လက်ထပ်ပါကလည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
            ( ၅ )   ဒါလီဖွဲ့ပြီး ထိမ်းမြားခြင်း
                  ရွှေကြိုးတစ်ကုံးကိုကွင်းပြီး သတို့သားနှင့် သတို့သမီးအားစွပ်၍ လက်ထပ်ခြင်းသည်လည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
             ( ၆ )   လက်ဖ၀ါးခြင်းထပ်၍ ထိမ်းမြားခြင်း
                  သတို့သမီး၏ လက်ဖ၀ါးကို ဖြန့်စေပြီး သတို့သား၏ လက်ျာလက်ဖ၀ါးအား အပေါ်ကတင်စေကာ လက်ထပ်ခြင်းသည်လည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့်ပြည့်စုံပါတယ်။
             ( ၇ )   အ၀တ်လဲ၍ ထိမ်းမြားခြင်း
                  သတို့သားအနေဖြင့် သတို့သမီး၏အိမ်သို့ ရောသည့်အခါ သတို့သမီး၏ ဆွေမျိုးတစ်စုက ၎င်းအတွက် ၀ယ်ထားသော အ၀တ်,ပုဆိုးအသစ်တို့ ထုတ်ပေးစဉ် လဲလှယ်ဝတ်ဆင်ပါကလည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
             ( ၈ )   လက်စွပ်လဲ၍ ထိမ်းမြားခြင်း
                  သတို့သားနှင့် သတို့သမီး တစ်ဦးနှင့်တစ်ဦး လက်စွပ်လဲ၍ ၀တ်ဆင်ကြလျှင်လည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
              ( ၉ )   လက်ဆုံစား၍ ထိမ်းမြားခြင်း
                   သတို့သားနှင့် သတို့သမီးတို့ အစားအသောက် တစ်ခုခုကို လက်ဆုံစားကြပါက ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
              ( ၁၀ )   ပုဆိုးတန်းတင်၍ ထိမ်းမြားခြင်း
                  သတို့သမီး၏ အိပ်ခန်းအတွင်းရှိ အ၀တ်လှမ်းကြိုးတန်းပေါ်သို့ သတို့သား၏ ခါးဝတ်ပုဆိုးအား တင်ထားလိုက်ရုံဖြင့်လည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
                                                    ဟူ၍ မှတ်သားထားဖူးကြောင်း ဗဟုသုတအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

ဖုန်းပျောက် ပြန်ရှာ ခြင်း.


ကဲကဲ...
Member တို့ ရေ..
ကျွန်တော်တို့  သုံးနေတဲ့ ဖုန်းတွေက ဈေးနှုန်းအရဆို sim card ထက်တောင် တန်ဖိုးများနေကြတယ်...
တကယ်လို့  ဖုန်းက အခိုးခံရတာတို့ ... မေ့ကျန်ခဲ့တာတို့  ကြောင့် ပျောက်သွားခဲ့ရင် နှမြောစရာမကောင်းဘူးလား...
အဲလိုမဖြစ်ရအောင် နည်းလမ်းလေးတစ်ခုပေးပါမယ်...
___________________
ဖုန်းပျောက် ပြန်ရှာ ခြင်း.
_______________________________
  



Software လေးတစ်ခုနဲ့  လုပ်ရမှာပါ...
ဘာတွေ လုပ်နိုင်မလဲ ဆိုတော့
ကျွန်တော်တို့ ဖုန်းရဲ့  Location ကို Web ပေါ်ကနေ ရှာလို့ ရမယ်...
ဖုန်းကို Web ကနေ လှမ်းခေါ်လို့ ရမယ်...
message လှမ်းပို့ လို့ ရမယ်...
ပြီးတော့
{ကိုယ့်ဖုန်း ပျောက်နေချိန်မှာ Call Log ကို Web ပေါ်ကပဲ ကြည့်လို့ ရမယ်...
Call Recording ကို နားထောင်လို့  ရမယ်
ကိုယ်သိချင်တဲ့ Date အတော အတွင်းမှာ ရိုက်ထားတဲ့ photos တွေကို ကြည့်လို့ ရမယ်
ှSms တွေ စစ်လို့ ရမယ်...
Phone ကို front camera ရိုက်လို့ ရအောင် web ပေါ်ကနေ ထိန်းချုပ်နိုင်မယ်..
ဘေးနားက အသံတွေကို Recording လုပ်လို့ ရမယ်...}
..........
{ } အတွင်းက feature တွေက Device ရွေးတယ်...
ကျွန်တော့် ဖုန်းမှာတော့ မရဘူး..
တခြား လုပ်ကြည့်ချင်တဲ့ လူတွေ အတွက်ပါ...
..
ကဲ ဘယ်လို လုပ်မလဲ ဆိုတော့

http://db.tt/exwohwJG
မှာ apk ကို ဒေါင်းလိုက်ပါ.
ှုInstall လုပ်ပြီးရင် Open လိုက်ပါ...

အဲ့မှာ Register လုပ်ဖို့  တွေ့ ပါလိမ့်မယ်...
Password and email ကိုသေချာမှတ်ထားပါ..
ကိုယ့် Gmail ထဲကို သူတို့  mail တစ်ခုပို့ လိုက်မယ်...
အဲ့ link ကိုသွားပြီး.. Activate ဖြစ်အောင်လုပ်ပါ...
အဲ့တာတွေ အားလုံးပြီးသွားရင်

www.tispy.net မှာ ၀င်ပါ...
ညာဘက်ထောင့်က Login ဆိုတာကို နိုပ်ပြီး Login လုပ်ပါ...
ပြီးရင် အဲ့မှာ ပါတဲ့ Feature တွေကို သုံးနိုင်ပါပြီ..
ကဲ ဘာလို သေးလဲဗျာ...( နောက်တစ်ခါကျရင် Internet Connection အလန်းစားဖြစ်သွား အောင်လုပ်ဖို့  တင်ပေးပါမယ်...ဒီပိုစ့်လေးကိုလည်း ကြိုက်ရင် Share ပေးပြီး ဒီ page ကို like မလုပ်ရသေးတဲ့ သူငယ်ချင်းတွေလည်း သိသွားအောင် ကူညီနိုင်ကြပါစေ ခင်ဗျာ...) ( I-Phone အတွက်တော့ သည်းခံပေးကြပါခင်ဗျာ... ကျွန်တော်က Self-Study လုပ်ပြီး တင်ရတာ မို့  Testing လုပ်ဖို့  I-Ph မ၀ယ်နိုင်သေးလို့ ပါ ခင်ဗျာ.. ခွင့်လွတ်ပေးစေလိုပါတယ်..) 


http://www.mediafire.com/?6g3u2g7nk6vtgom

ဒီ Software လေးတစ်ခုနဲ့  လုပ်ရမှာပါ...
ဘာတွေ လုပ်နိုင်မလဲ ဆိုတော့
ကျွန်တော်တို့ ဖုန်းရဲ့  Location ကို Web ပေါ်ကနေ ရှာလို့ ရမယ်...
ဖုန်းကို Web ကနေ လှမ်းခေါ်လို့ ရမယ်...
message လှမ်းပို့ လို့ ရမယ်...
ပြီးတော့
{ကိုယ့်ဖုန်း ပျောက်နေချိန်မှာ Call Log ကို Web ပေါ်ကပဲ ကြည့်လို့ ရမယ်...
Call Recording ကို နားထောင်လို့  ရမယ်
ကိုယ်သိချင်တဲ့ Date အတော အတွင်းမှာ ရိုက်ထားတဲ့ photos တွေကို ကြည့်လို့ ရမယ်
ှSms တွေ စစ်လို့ ရမယ်...
Phone ကို front camera ရိုက်လို့ ရအောင် web ပေါ်ကနေ ထိန်းချုပ်နိုင်မယ်..
ဘေးနားက အသံတွေကို Recording လုပ်လို့ ရမယ်...}
..........

____________
Admin Hein Thu

Friday, December 28, 2012

"ထလော့ မြန်မာ" နိုင်ငံရေး သီချင်း ဖြန့်ချီမယ်





Hip Hop အဆိုတော် နေဇော် သီဆိုထားတဲ့ "ထလော့မြန်မာ" MTV single albumကို ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ စတင် ကျင်းပမယ့် NLD ပညာရေးအထောက်အကူပြု ဂီတပွဲတော်မှာ NLD ပါတီ ရံပုံငွေ အဖြစ် ဖြန့်ချီသွားမှာဖြစ်ပါတယ်။ 

ဓာတ်ပုံများ- Nay Zaw Th-z's facebook


အဆိုပါ အယ်လဘမ်ကို ဒါရိုက်တာ ကြည်ဖြူသျှင်မှ စီစဉ် ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

ဖြန့်ချီမယ့် ထလော့  မြန်မာ တေးအယ်လဘမ်က မြန်မာနိုင်ငံမှာ ပထမဆုံးဖြန့်ချီလိုက်တဲ့ နိုင်ငံရေး သီချင်း အယ်လဘမ်လည်း ဖြစ်ပါတယ်။ ဒီ အယ်လ်ဘမ်မှာ တေးသီချင်း ၄ ပုဒ်ပါဝင်ပြီး၊ တချပ်ကို မြန်မာ ငွေ ကျပ် ၆ဝဝ နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။  http://blog.irrawaddy.org/2012/12/blog-post_9236.html

ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ (WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမယ်


လာမယ့် ဇန်န၀ါရီ လဆန်းက စပြီး မြန်မာ့ ဆက်သွယ်ရေးဟာ ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ 3G ဂျီအက်စ်အမ် (WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမယ်လို့ မိုဘိုင်း ဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အ ဖမ်းခံရ


လင်းသန်

အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက ဖမ်းဆီး လိုက်သော နိုင်ငံခြားသားများတွင် မြန် မာနိုင်ငံသား တချို့ ပါဝင်ကြောင်း သတင်းရရှိသည်။

မြန်မာ၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့မှ နိုင်ငံခြားသား ၂၁ ဦးကို တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း တောင်ကိုရီယား အခြေစိုက် Chosun သတင်းတပုဒ်အရ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အရေအတွက်၊ ၄င်းတို့၏ အမည်နာမများကို သိရှိရန် တောင်ကိုရီယား အ ခြေ စိုက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ကိုနေထွန်းနိုင်က တရားရေး ၀န်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေး အ ရာရှိ များထံ သွားရောက်စုံစမ်းခဲ့သော်လည်း ထိမ်းသိမ်းခံထားရသူများ၏ လုံခြုံရေးအတွက် လူဦးရေနှင့် ကိုယ်ရေး အချက်အလက်များ အသိပေး ခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော် အတည်ပြု ပြောနိုင်တာကတော့ သူတို့ဟာ ဒီ ကိုရီယားမှာ အခြေစိုက်တဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့အဖွဲ့တွေထဲက မဟုတ်ဘူး ဆိုတာပါဘဲ။ သူတို့ဟာ တသီးပုဂ္ဂလ ဒုက္ခသည် လျှောက်ထားသူတွေ ဖြစ်ပါလိမ့်မယ်။ ကျနော့် အတွေ့အကြုံအရတော့ ကိုရီယားမှာ နိုင်ငံရေး ခိုလှုံဖို့ အတုအယောင် လျှောက်ထားတဲ့ မြန်မာဆိုတာ နည်းနည်းလေးပါ။ ဒါကလည်း အမေရိကန်တို့ သြဇီတို့မှာလို တခြားနိုင်ငံတွေက အခြေ အနေလိုမျိုးပေါ့” ဟု ကိုနေထွန်းနိုင်က ဆိုသည်။

တောင်ကိုရီယားနိုင်ငံတွင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ အနေဖြင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများ ရှိသော်လည်း အများ စုမှာ သက်ဆိုင်ရာ အခြေစိုက် အဖွဲ့အစည်းများမှတဆင့် လျှောက်ထားကြကြောင်း၊ ကိုရီယားအစိုးရကလည်း အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေကို နားလည် သဘောပေါက်သည့်အတွက် မြန်မာနိုင်ငံသားများနှင့် ပတ်သက်လျှင် အလွန်အကျွံ ကိုင်တွယ်မှု ပြု လေ့ မရှိကြောင်း သူက ဆက်ပြောသည်။

လတ်တလော တောင်ကိုရီးယား နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မြန်မာနိုင်ငံသား ၁ ထောင် ၀န်းကျင် ခန့်ရှိနိုင်ပြီး ဒုက္ခသည် အ ဖြစ် နေထိုင်နေသူပေါင်း ရာဂဏန်းမျှ ရှိကြောင်း ကိုနေထွန်းနိုင်က ဆိုသည်။

အတုအယောင် နိုင်ငံရေးခိုလှုံခွင့် ရရန် ကြိုးစားသော နိုင်ငံခြားသားများကို တောင်ကိုရီယား လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းတို့သည် ဒုက္ခသည်အဖြစ် ရရှိရေးအတွက် ပွဲစားများကို ငွေ ကြေးပေးကာ ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း Chosun သတင်းတွင် ဖော်ပြ ထားသည်။

၎င်းတို့အထဲမှ တချို့သည် ပါကစ္စတန် အတိုက်အခံ နိုင်ငံရေးအဖွဲ့မှဟု ဆိုပြီး တာလီဘန်များ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် တောင်ကိုရီယားနိုင်ငံတွင် နေထိုင်ခွင့်ရရန် လိမ်လည် လျှောက်ထားခဲ့ကြောင်း တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက ပြောဆိုခဲ့ သည်။

သို့သော် တောင်ကိုရီယား လ၀ကမှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာတွင် ၎င်းတို့သည် တောင်ကိုရီယား နိုင်ငံတွင် ဆက်လက်နေ ထိုင် ခွင့် ရရန် ကြိုးစားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး ခိုလှုံခွင့် တောင်းသူများကလည်း နောက်ပိုင်း တွင် ၀န်ခံခဲ့သည်ဟု သိရသည်။

နိုင်ငံခြားသားများအနေဖြင့် ဒုက္ခသည်အဆင့် သတ်မှတ်ရေးအတွက် တောင်ကိုရီယား အစိုးရက တင်ပြလာသူများ၏ လျှောက်လွှာများကို စိ စစ်၍ ပယ်ချခြင်း၊ သို့မဟုတ် တရားရုံးတခုတွင် အသနားခံခြင်း လုပ်ဆောင်နိုင်ခွင့် ရှိသည်ဟု သိရှိရသည်။

၁၉၉၇ ခုနှစ်တွင် တောင်ကိုရီယားနိုင်ငံ၌ ဒုက္ခသည်အဆင့် သတ်မှတ်ပေးခဲ့သူ ၁၂ ဦးရှိခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် လူဦးရေ ၁၀၀ ကျော် အ ထိ ရှိလာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁၀ ဆအထိ မြင့်တက်လာလာကြောင်း တောင်ကိုရီးယား လဝကက ပြောဆိုထားသည်။

လ၀က အရာရှိများ အဆိုအရ ဒုက္ခသည်လျှောက်ထားသည့် လျှောက်လွှာအများစုသည် သံသယဖြစ်စရာများ တွေ့ရကြောင်း ဆိုသည်။

“နိုင်ငံခြားသာတွေ ဒုက္ခသည်အဖြစ် လျှောက်ထားကြရင် သူတို့ရဲ့ လျှောက်လွှာကို လက်ခံသည်ဖြစ် စေ၊ ပယ်ချလိုက် ရင်ဖြစ်စေ သူတို့ဟာ တောင်ကိုရီယားမှာ ၁ နှစ်ကနေ ၂ နှစ်အထိ တရားဝင် ဥပဒေကြောင်းအရ ရှိနေပိုင်ခွင့် ရှိပါတယ်” ဟု တောင်ကိုရီယား လ၀က အရာရှိ တဦး က Chosun သတင်းဌာနသို့ ပြောထားသည်။

အဆိုပါ တောင်ကိုရီယား ဥပဒေပါ အခွင့်အရေးကြောင့် လျှောက်ထားသူများ များပြားနေခြင်းဖြစ်ကြောင်း သူက မှတ်ချက်ပေးသည်။

“ဒုက္ခသည် လျှောက်ထားသူတွေဟာ ဒီမှာ နေထိုင်ခွင့်က ဆုံးဖြတ်ချက် တစုံတရာ မကျမချင်း နေလို့ရတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ယုံ ကြည်မှုရှိကြတာကြောင့် အခုလို လုပ်ကြတာပါ။ ကျနော်တို့ကလည်း သံသယဖြစ်စရာ လျှောက် ထားသူတွေကို စုံစမ်းစိစစ်မှုတွေ စလုပ်ပြီး လုပ်ထုံလုပ်နည်းအရ မလျော်ညီတာတွေ တော်တော်များများ ဖော်ထုတ် တွေ့ရှိလာဖွယ် ရှိပါ တယ်” ဟု အဆိုပါ တောင်ကိုရီယား လ၀က အရာ ရှိက ဆက်ပြောထားသည်။