Sunday, December 30, 2012

Samsung ရဲ့  Exynos chip က အားနည်းချက်ကို ဟက်ကာ တစ်ဦးမှ တွေ့ရှိ ခဲ့ပါတယ်။



DXA Developer Forum မှ Alephzain  အမည်ရ ဟက်ကာ က တွေ့ရှိခြင်း ဖြစ်ပြီး လုံခြုံရေး အင်မတန် အားနည်းတဲ့ Samsung ရဲ့  chip အကြောင်းကို ယခုလို ရှင်းလင်းပြောကြားပါတယ်။ " ကောင်းသတင်း တစ်ခုကတော့ Root လုပ်ဖို့အတွက် လွယ်ကူပြီး လိုအပ်တဲ့ app ကိုတော့ Play Store ကနေ အလွယ်တကူ ဒေါင်းရုံပဲ ဖြစ်ပါတယ်။ သတင်းဆိုး ကတော့ ထိန်းချုပ်ထားမှု လုံးဝ မရှိတဲ့အတွက် အချက်အလက်အားလုံးကို အလွယ်တကူ ခိုးယူလို့ ရခြင်းပဲ ဖြစ်ပါတယ်။"

ယင်းအတွက် Samsung က ပြန်လည်တောင်းပန်ထားပါတယ်။ ဘာလို့လဲဆို ယင်းအားနည်းချက်က Samsung Galaxy S2, Galaxy S3 နဲ့ Galaxy Note 2 တို့ကိုပါ ထိခိုက်မှာ ဖြစ်ပါတယ်။

 ဒါကြောင့် Samsungမှ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်နေပြီး အချိန်တိုတွင်း လုံခြုံရေး အဆင့်မြင့်တင်မည့် app နှင့် Software များ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း သိရပါတယ်။
from TechSpaceဂျာနယ်

0 ကွန်မန့်ရေးရန်:

Post a Comment