Sunday, December 30, 2012

ကျောင်းသူတစ်ဦး ဖယ်ရီကြိုပို့ယာဉ် တိုက်မိပြီး သေဆုံးခဲ့ရာ ကျောင်းအာဏာပိုင်များမှ အမျှအတန်းပေးဝေပွဲအားမပြုလုပ်ရန် တားမြစ်

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်း
သူတစ်ဦးဖြစ်သော မချောသဇင်ဝတ်
မှုံသိန်း(တတိယနှစ်) အသက် ၁၉
 နှစ်သည် ၂၄.၁၂.၁၂(တနင်္လာနေ့)
တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်

 ကျောင်းဝင်းအတွင်း ဖယ်ရီကြိုပို့ယာဉ်ဖြင့် တိုက်မိပြီး သေဆုံးသွားမှုနှင့် ပတ်သတ်ပြီး ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်အပါအ၀င် ကျောင်းအာဏာပိုင်များမှ
 သေဆုံးသူနှင့်ပတ်သတ်သောသတင်းများ ဖုံးဖိထားခြင်း။

တာဝန်မဲ့စွာ လျစ်လျူရှုခြင်း၊ ဖြစ်ရပ်မှန်အားထိန်ချန်ထားခြင်း နှင့်ပတ်သတ်ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကွန်ပျူတာတ.က.သ)
မှ သေဆုံးသူ မိသားစုများနှင့် သွားရောက်တွေ့ဆုံအားပေးစကားပြောကြား
ပြီး ကျောင်းဝင်းအတွင်းရှိ သူမကားတိုက်ခံရသည့်နေရာတွင် သေဆုံးသူအား
ရည်စူးပြီး သာဓုကန်ဆရာတော်အပါအ၀င် သံဃာတော်များအားပင့်ဖိတ်ကာ

အမျှအတန်းပေးဝေပွဲကိုယနေ့  ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းဝင်း
အတွင်းရှိ ကုက္ကိုလ်ပင်အောက်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း
ကျောင်းအာဏာပိုင်များမှ ထိုကဲ့သို့ သေဆုံးသည့်သတင်း ပေါက်ကြားသွား
မည်ကိုစိုးရိမ်သောကြောင့် အမျှအတန်းပေးဝေပွဲအားမပြုလုပ်ရန်

တားမြစ်ပိတ်ပင်ခဲ့ခြင်းကြောင့်ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသား
များသမဂ္ဂမှဦးဆောင်ပြီး ကျောင်း၏မုခ်ဦးဝတွင်ခုံများခင်းကျင်းကာ
ကျောင်းသားကျောင်းသူပေါင်း၁၀၀နီးပါးခန့်နှင့်အတူ ရေစက်ချအမျှအတန်း
ပေးဝေခဲ့ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ

ထုတ်ပြန်သော ၀မ်းနည်းကြောင်းသ၀ဏ်လွှာအား ဖတ်ကြားခဲ့သည်။
သတင်းမီဒီယာများအနေဖြင့် ဖော်ပြပါသတင်းဖြစ်ရပ်အပြည့်အစုံအား သိရှိလိုပါက

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (Ucsy SU)
ရန်ကုန်ကွန်ပျူတာ (တ.က.သ) အလုပ်အမှုဆောင်များ
မ၀တ်ရည်မောင် 0973185757
ကိုရဲကျော်ကျော် 09421079311
ကိုရဲဇာနည်ထွန်း 09421149863 များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment