Kotoke Gyi shared မြ၀တီ's photo.
AH -64 အပါချီအပါချီ ရဟတ်ယာဉ်သည် အလွန်ကောင်းမွန်သော တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းဖြ
AH -64 အပါချီ ရဟတ်ယာဉ်သည် ပန်ကာဒလက် အချပ် ၄ခု၊ အင်ဂျင် ၂လုံး ပါဝင်သော တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြစ်ပြီး ရာသီမရွေး ၊ နေ့ညမရွေး တိုက်ပွဲဝင်နိုင်သည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖြစ်ကြသည်။ ပုံသေတပ်ထားသည့် အဓိက လက်နက်မှာ ရဟတ်ယာဉ်၏ ထိပ်ပိုင်းတွင် တပ်ဆင်ထားသည့် ၃၀ မီလီမီတာ M230 Chain Gun ဖြစ်သည်။ မြေပြင် - ဝေဟင် ပစ်ခတ်နိုင်သည့် AGM-114 Hellfire နှင့် Hydra 70 ဒုံးကျည်များ တပ်ဆင်နိုင်ရန်အတွက် နေရာ (၄) ခုရှိသည်။
ထို့အပြင် အဆိုပါလက်နက်များမှ တင့်ကားချေမှုန်းရေးဒုံးကျည် (Hellfire Missiles) များကိုပါ တပ်ဆင်ထားနိုင်သောကြောင့် တိုက်ပွဲ၌ ၅ မိုင်ပတ်လည်အတွင်းရှိ မည်သည့် သံချပ်ကာယာဉ်များကိုမဆို ထိရောက်စွာ ဖျက်ဆီးချေမှုန်းနိုင်ပါသည်။ ထို့အပြင် အနှေးပျံ slow fly တွင်လည်း လူတစ်ယောက်၏ လမ်းလျှောက်နှုန်းသာသာ ရှိသည့် အမြန်နှုန်းနှင့်လည်း ပျံသန်းနိုင်ပါသည်။
အပါချီသည်အသုံးပြုရသော ရည်ရွယ်ချက အားသာချက်အချို့လည်းရှိပါသည်။ အများပြည်သူဆိုင်ရာနေရာများ၊ ကျောင်းများနှင့် သာမန်အရပ်သားများကြားတွင် နေရာယူပုန်းအောင်နိုင်သည့် ရန်သူတပ်ဖွဲ့များကို အနီးကပ်ပစ်ခတ်ချေမှုန်းနိုင်ခြင်
အမေရိကန်နိုင်ငံ Hughes Helicopters မှ ဒီဇိုင်းရေးဆွဲပြီး ၁၉၇၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အတွင်း ထုတ်လုပ်၍ McDonnell Douglas မှ ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိထုတ်လုပ်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်မှစ၍ ယနေ့တိုင် Boeing Defense မှ ဆက်လက်ထုတ်လုပ်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈ သန်းခန့်ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပထမဦးဆုံးပျံသန်းမှုကို စမ်းသပ်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ခြင်းဖြစ်ပါသ
အခြေခံ အချက်အလက်များ
လေသူရဲ = ၂ ဦး
ရဟတ်ယာဉ် အလျား = ၁၇.၇၃ မီတာ
ရဟတ်ယာဉ် အမြင့် = ၃.၈၇ မီတာ
အင်ဂျင် = General Electric T700-GE-701 အင်ဂျင် (၂) လုံး
အမြန်ဆုံး ပျံသန်းနှုန်း = တစ်နာရီလျှင် ၂၉၃ ကီလိုမီတာ
လက်နက်
၃၀ မီလီမီတာ M230 စက်အမြောက် (၁) လက် (ကျည် ၁၂၀၀)
Hydra 70 FFAR ဒုံးကျည်များ
AGM-114 Hellfire ၊ AIM-92 Stinger နှင့် AIM-9 Sidewinder ဒုံးကျည်များ
ဝေဟင်ချစ်သူ
0 ကွန်မန့်ရေးရန်:
Post a Comment