This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 10, 2012

တိုက်ပွဲမစဲတဲ့ ဖားကန့်ဒေသ စီးပွားရေးနစ်နာ



သီတင်း သုံးပတ်လောက်ရှိလာပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စီးပွားရေးလုပ်ငန်းတွေ
မစနိုင်ဘဲ ဖြစ်နေရပါတယ်။ ကားခတွေလည်း နှစ်ဆနီးပါး
ဈေးတက်သွားပြီး ဖားကန့်ဒေသဘက်ကို လာတဲ့
ကုန်သည်တွေ မရှိသလောက်ကို ဖြစ်နေတယ်လို့ ဒေသခံတွေ က ပြောပြပါတယ်။ ဒါ့အပြင် အခုရက်ပိုင်း အဆက်မပြတ် ရွာသွန်းတဲ့မိုးကြောင့် ချောင်းရေကြီးပြီး တိုက်ပွဲကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ ဟာလည်း ရေကြီးမှုကြောင့် ကုန်းမြင့်ပိုင်းတွေကို ထပ်မံ ပြောင်းရွှေ့ ခဲ့ကြရပါတယ်။ ဒီအခြေအနေ အသေးစိတ်ကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ဖားကန့်ဒေသဘက်မှာ KIA ကချင်လွတ်မြောက်ရေး တပ်မတော် နဲ့ မြန်မာအစိုးရ တပ်တွေအကြား တိုက်ပွဲတွေဟာ ရပ်နားတဲ့နေ့မရှိဘဲ အနည်းဆုံး တရက် ကို တကြိမ်ကတော့ ဖြစ်ပွားနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ လူထုနဲ့ သိပ်မဝေးတဲ့ နေရာမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ သေနတ်သံ လက်နက်ကြီးသံတွေကို မကြာခဏ ကြားရနေပြီး ထွက်ပြေးဖို့ရာ အတွက် အမြဲတမ်း အဆင်သင့် ပြင်ထားရတယ်လို့ ဖားကန့်ဒေသခံ တဦးက အခုလို ပြောပြပါတယ်။

“ကျမတို့ ဒီမှာကျတော့ တောင်ကုန်းတွေ များတာပေါ့။ နီးနီးနားနားပဲ ဘာမှမဝေးဘူး။ ဆိုင်ကယ်နဲ့ဆိုရင် ၁၀ မိနစ်၊ ၁၅ မိနစ်ပဲ ရောက်တဲ့နေရာလေးတွေပေါ့။ ဒီမှာ လက်နက်ကြီးသံတွေ အတိုင်းသား ကြားရတယ်။ တုန်ခါမှုတွေ ဘာတွေ ဖြစ်တာကိုး။ ညဆိုလည်း မီးစလေးတွေကို မြင်ရတယ်။ မိန်းလားဆိုလည်း ၈ နာရီကျော် ကွာပေမဲ့ လက်နက်ကြီးသံ ကြားနေရပြီး ကျမတို့ဆီမှာကို။ ကျမတို့တွေ ကျီးလန့်စာ စားနေရတာပေါ့။ အဆင်သင့်တော့ ပြင်ထားရတာပေါ့။ စစ်ဖြစ်ရင်တော့ ဘယ်လိုပြေးမယ်၊ ရှောင်မယ် ဆိုတာမျိုးတော့ ရှိတာပေါ့။ ရှိတာတွေ စုဆောင်းပြီး နေနေရတာပေါ့။”

အခုလို ဖားကန့်ဒေသက တိုက်ပွဲတွေကြောင့် အောက်မြန်မာပြည်ကနေ ဖားကန့်ဘက်ကို လာရောက်ကြတဲ့ ကုန်သည်တွေ မရှိသလောက် နည်းသွားပြီး အရောင်းအ၀ယ်တွေလည်း အေးစက်ကုန်ပါတယ်။ မကြာခင် ပွင့်လင်းရာသီ ရောက်တော့မှာမို့ အခါတိုင်းနှစ်တွေမှာ ဒီအချိန်ဆို လုပ်ငန်းတွေ စဖို့ ပြင်ဆင်ကုန်ကြပြီလို့လည်း ဒေသခံတွေ က ပြောပြပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ကုန်သည်တွေရော၊ ကုမ္ပဏီတွေပါ လုပ်ငန်းတွေ မစနိုင်ကြသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဒီဒေသမှာ တိုက်ပွဲတွေ စဖြစ်ခဲ့ကတည်းက အခုထိ ခရီးသည်တင် ကားခတွေလည်း ၂ ဆနီးပါး ဈေးတက်သွားတယ်လို့ ဖားကန့်ဒေသခံက ဆက်ပြောပြပါတယ်။

“ကားခတက်တာ ကတော့ ဒီမှာ စစ်ဖြစ်ကတည်းကနေ ဈေးတက်သွားတာပဲ။ တစ်ယောက်ကို ငါးသောင်း၊ ခြောက်သောင်း အဲဒီလိုမျိုးတွေ တက်သွားတယ်။ နှစ်ဆနီးပါး ပြောရမှာပေါ့။ အရင်တုန်းကဆိုရင် တစ်သောင်း နှစ်သောင်းခွဲပဲ ရှိတာလေ ကားခက။ အလွန်ဆုံးမှ သုံးသောင်းပဲ ရှိတာ။ အခုက ငါးသောင်း၊ အဲဒီလိုမျိုးတွေ ဖြစ်သွားတော့ လူတွေကတော့ အရမ်းကိုပါးတယ် ဒီမှာ။ မိုးကောင်းကားတို့၊ မြစ်ကြီးနားကားတို့ အတက်ဆို လူတစ်ယောက်မှ မပါဘဲ တက်ကြတာ။ အဆင်းမှ လူတင်လို့ရတာ။ အတက်ကို လူမရှိဘူး။ လေးလပိုင်းဆို အကုန်လုံး လုပ်ငန်းသစ်တွေ ပြန်လာကြပြီလေ။ ကုန်သည်တွေ၊ ကုန်ပစ္စည်းတွေ လာကြပြုကြ လုပ်လာတဲ့အချိန်ပေါ့။ ဒီမှာ စစ်ဖြစ်နေရင်တော့ နိုင်ငံရေး အခြေအနေ မကောင်းရင်တော့ ဘယ်သူမှ မလာနိုင်ဘူးပေါ့။ ကုန်သည်တွေလည်း ပရုပ်လုံး လိုပဲ လုံးပါး ပါးကုန်ပြီ။ ဈေးရောင်းမကောင်းလို့ အကုန်လုံး။ စားဖို့သောက်ဖို့ကနေ ဘယ်သူမှ တခြားဟာကို ဦးစားမပေးနိုင်ဘူး။ အားလုံးက ဆင်းမယ်ဆင်းမယ်၊ ဆင်းဖို့ပဲ ဖြစ်နေကြတော့။”

ဒီလို တိုက်ပွဲဒဏ်ရော၊ စီးပွားရေး နှေးကွေးတဲ့ဒဏ်ပါ ဒေသခံတွေ ကြုံတွေ့နေရချိန် မှာပဲ နောက်ထပ် ချောင်းရေကြီးမှု ပြဿနာပါ ထပ်မံ ရင်ဆိုင်နေကြရပါတယ်။ အခုရက်ပိုင်း ဖားကန့်ဒေသ တ၀ိုက်မှာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေ လျှံပြီး မြေနိမ့်ပိုင်းက အိမ်တချို့ ရေမြှုပ်ခဲ့ရပါတယ်။ အဲ့ဒီမြေနိမ့်ပိုင်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေကိုလည်း ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သူက ဆက်ပြောပြပါတယ်။

“ချောင်းရေ ကြီးတယ်လေ။ ချောင်းရေ ကြီးတဲ့အခါကျတော့ ကျမတို့ ဖားကန့်ဘက်က ခရစ်ယာန် နှစ်ခြင်းကျောင်းက အောက်က နည်းနည်းနိမ့်တယ်။ နိမ့်တဲ့အခါကျတော့ ဒီချောင်းရေ တက်တဲ့အခါကျတော့ လူတွေက အိပ်မယ့်နေရာ မရှိတော့ဘူး ဖြစ်ရတာပေါ့။ အရမ်းဒုက္ခရောက်တာပေါ့။ အိပ်ယာရွှေ့တာကအစ ကလေးတွေက ငိုတာနဲ့ ရယ်တာနဲ့၊ အဲဒီလိုမျိုးပေါ့။ ဆူညံပေါ့။ ကလေးငယ်တွေနဲ့ ဆိုတော့ အိပ်ယာရွှေ့တာကိုက အရမ်းခက်တာကိုး။”

အခုဆိုရင် ဖားကန့်ဒေသမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ ၁ သောင်းကျော် ရှိသွားပြီလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ တပတ်တုန်းကလည်း မိုးညှင်းမြို့အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေး ရထားလမ်း ထိခိုက် ပျက်ဆီးသွားပြီး မီးရထားခရီးစဉ်တွေကို ယာယီ ရပ်ဆိုင်းခဲ့ရပါသေးတယ်။

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာ ပျက်သွားခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကစလို့ ထွက်ပြေးကြရတဲ့ ဒုက္ခသည်ဦးရေဟာ ၁ သိန်းလောက်ရှိသွားပြီလို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်သူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုကြပါတယ်။

၁ နှစ်ကျော် ကြာလာပြီဖြစ်တဲ့ တိုက်ပွဲတွေ ရပ်စဲရေး အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပေမဲ့ အခုထိ ပြေလည်မှု မရသေးပါဘူး။

ရင်ကိုထိသောပုံများ (သို.) တိရစ္ဆာန်ထက် ပိုရက်စက်သော လူသား




ဒီဓါတ်ပုံသုံးပုံကနေ ဘာတွေရလိုက်လဲ။ တိရစ္ဆာန်ထက် ကျွန်မတို.လူသားတွေက ပိုရက်စက်တတ်နေကြပါပေါ့လား။ စာနာစိတ် ခေါင်းပါးနေကြပါပေါ့လား။

စိတ်ဖောက်ပြန်ရောဂါကို မြွေဟောက်၏အဆိပ်ဖြင့် ကုသနိုင် ...............

စိတ်ဖောက်ပြန်ရောဂါကို မြွေဟောက်၏အဆိပ်ဖြင့် ကုသနိုင် ...............


ဆင်တစ်ကောင်ကိုပင် တုံးလုံး လဲကျသွားနိုင်အောင် ပေါက်သတ်နိုင်သော တောကြီးမြွေဟောက်၏ အဆိပ်သည် ဦးနှောက် ဒဏ်ရာရမှုကြောင့် ဖြစ်သော စိတ်ဖောက်ပြန်မှု ရောဂါဖြစ်စတွင် ကုသနိုင်ကြောင်း စင်ကာပူအမျိုးသား တက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ကြသည်။ အဆိပ်အတောက် ကျွမ်းကျင်သူ မန်ဂျူနာသာကီနီက ဗက်တီးရီးယား ပိုးကြောင့်ဖြစ်သော အဆိပ်အတောက်သည် ကြွက်သား အာရုံေ
ကြာနှိုးဆွမှုကို ကာကွယ်ပေးခြင်းဖြင့် ကြွက်သားများ ကျဉ်းမြောင်းသွားမှုကို သက်သာစေကြောင်း ပြောသည်။

ထိုဆေးကို ခြောက်လမှ ရှစ်လ အတွင်းတစ်ကြိမ် ထိုးပေးခြင်းဖြင့် နို့တိုက် သတ္တဝါများတွင် ရှိသော NA-CHR (ပတ်ဝန်းကျင် ပြောင်းလဲမှုများကိုမှတ်သား၍ မိမိအာရုံကြောစနစ်တွင် လှုံ့ဆော်စေသောဆဲလ်)တွင် အကျိုးသက်ရောက်မှုရှိသည်ကိုတွေ့ရသည်။ သို့သော် ယခုအချိန်ထိ ထိုဆေးကို ကြွက်များနှင့်သာစမ်းသပ် သောအဆင့်တွင်သာရှိကြောင်း သိရသည်။

လူသားများတွင်ဖြစ်ပေါ်တတ်သော ဦးနှောက်ဒဏ်ရာကြောင့် စိတ်ဖောက် ပြန်မှုရောဂါကို ကုသနိုင်ဖွယ်ရှိကြောင်း ပါမောက္ခကီနီက ပြောပြသည်။

စင်ကာပူအမျိုးသားတက္ကသိုလ်မှ ၁၀ဦးပါအဖွဲ့သည် သြစတြေးလျ၊ ဆွစ်ဇာလန် အစရှိသောနိုင်ငံများမှ သုတေသီများဖြင့် ပူးပေါင်းဆောင်ရွက်နေကြပြီး ၎င်းတို့၏ တွေ့ရှိချက် များကို ဆေးပညာ ဂျာနယ်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

တောကြီးမြွေဟောက်၏အဆိပ် မှထုတ်လုပ်သော Haditoxin ဓာတ် ပေါင်းသည် သုတေသီများအတွက် တတိယ ဆေးအမျိုးအစားသာဖြစ်ပြီး စိတ်ပူပန်မှု ရောဂါကိုကုသော Ohanin နှင့် သွေးတိုးရောဂါကုသနိုင်သော B-Ca- rdiotoxin ဓာတ်ပေါင်းများလည်း ပါဝင်သည်။ ၎င်းဆေးများကို သုတေသန ပြုဆဲဖြစ်ပြီး ဆေးဝါးအဖြစ် ထုတ်လုပ်မည် ဖြစ်သည်။

မွေးကင်းစ ကလေးငယ်တစ်ဦးအား တူးမြောင်းအတွင်း စွန့်ပစ်ထားမှုဖြစ်ပွား


မွေးကင်းစ ကလေးငယ်တစ်ဦးအား တူးမြောင်းအတွင်း စွန့်ပစ်ထားမှုဖြစ်ပွား


မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်းနှင့် ၄၂ လမ်းကြားနှင့် ၇၈ လမ်း နှင့် ၇၉ လမ်းကြားရှိ မင်္ဂလာတူးမြောင်း အတွင်း စွန့်ပစ်ထား ခဲ့သည့် ကလေးငယ် တစ်ဦးကို ယခုလ ၄ ရက်နေ့က တွေ့ရှိခဲ့ ကြောင်း သိရသည်။
စွန့်ပစ်ထားသော ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး လေးပေါင် ရှိကြောင်း သိရသည်။ "ကလေးကို တူးမြောင်းထဲမှာ အရင် တွေ့တာ။ တူးမြောင်းဆိုပေမယ့် ရေက ခြောက်လက်မလောက်ရှိတယ်။ အဲဒီက မှ ချောင်းကြီးထဲကို စီးဝင်တာ။ နည်းနည်းပဲလိုတော့တယ်။

ပထမအရုပ်လေး ပဲထင်ကြတာ။ ကလေးအသံကြားမှ သိရတယ်။
ကလေးက မျက်နှာတွေ ပြာနေပြီ။ ကလေးကိုဆယ်ပြီး မြို့နယ် ဒေသန္တရ ဆေးခန်းကိုသွားတော့ နေ့လယ်ပိုင်း ရောက်နေပြီ။

ဆရာဝန်က တစ်ယောက် မှ မရှိဘူး။ ဒါနဲ့ ဆေးရုံကြီးမွေးကင်းစ ဆောင်ကိုသွားပြီး အောက်ဆီဂျင် ပေးတော့မှ ကလေးက အသံတွေထွက် လာတယ်" ဟု ကလေးငယ်အား ဆေးရုံ သို့ လိုက်ပါပို့ဆောင်ပေးခဲ့သော ဦးအောင်အောင်နိုင် (ခ) ဘကြီးအောင် က မြန်မာတိုင်း(မ်)ကို ပြောသည်။ အဆိုပါကလေးငယ် ဆေးကုသရန် အတွက် နီးစပ်ရာမှ အလှူငွေများ ထည့် ၀င်ပေးခဲ့ကြသည်။

ဘာသာပေါင်းစုံက ပါဝင်တဲ့ရွှေမန်းဇေယျာ အလှူရှင်များ

စစ်ကိုင်း ။          ။ရွှေမန်းဇေယျာ အလှူရှင်များသည် စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ ကျောင်းသားကျောင်းသူ (၅၅၆)ယောက်တို့အား ကျောင်းသုံး ပစ္စည်းများလှူဒါန်းခြင်းနှင့် တောင်ဗီလာဘုန်းကြီး စာသင်ကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် ဆရာများအား နံနက်စာကျွေးမွေးခြင်းလှူဒါန်းမှုကို ၂.၉.၂၀၁၂(တနင်္ဂနွေနေ့)တွင် ကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။
အဆိုပါလှူဒါန်းမှုတွင် စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် နီလာကျောင်းမှ ကျောင်းသားကျောင်းသူ(၁၂၄)ဦး ဆရာဆရာမ(၇)ဦး၊ ပတ္တမြားကျောင်းမှ ကျောင်းသားကျောင်းသူ(၁၀၃)၊ ဆရာဆရာမ(၅)ဦး၊ မြရတနာကျောင်းမှ ကျောင်းသားကျောင်းသူ(၁၉၇)ဦး၊ ဆရာဆရာမ(၇)ဦး၊ တောင်ဗိလာကျောင်းမှ ကျောင်းသားကျောင်းသူ(၁၃၂)ဦး၊ ဆရာဆရာမ(၁၁)ဦး၊ စုစုပေါင်းကျောင်းသားကျောင်းသူ(၅၅၆)ဦးနှင့် ဆရာမဆရာမ(၃၀)ဦးတို့အတွက် သင်ထောက်ကူပစ္စည်းများ(သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်)၊ မုန့်များ၊ ဆန်များ၊ အ၀တ်အစားများ၊ မြရတနာမှ တက္ကသိုလ်ဝင်တန်းအောင်တစ်ဦးနှင့် တက္ကသိုလ်တက်နေသူတစ်ဦးတို့အား အလှူငွေပေးအပ်ခဲ့ကြပြီး မြရတနာကျောင်းတွင် လိုအပ်နေသော ရေပိုက်သွယ်တန်းခြင်းကိုလည်း လှူဒါန်းခဲ့ပြီး စုစုပေါင်းငွေကျပ် (၉၆၅၅၀၀ိ/-)တန်ဖိုး လှူဒါန်းခဲ့ကြကြောင်းသိရပါသည်။
အဆိုပါ ရွှေမန်းဇေယျာအလှူရှင်များ၏ နှစ်စဉ်လှူဒါန်းနေမှုမှာ ၁၅-နှစ်ရှိခဲ့ပြီဖြစ်ကြောင်းလည်း သိရပါသည်။ ရွှေမန်းဇေယျာအလှူရှင်များတွင် ဦးဆောင်နေသူမှာ စစ်ကိုင်းမြို့မှ ဟာဂျီဦးချစ်ဖူးနှင့် ဟာဂျီမဒေါ်သီတာခိုင်(ရွှေနှင်းဆီစာပေ) ဇနီးမောင်နှံဖြစ်သည်ဟု သိရသောကြောင့် ဟာဂျီမဒေါ်သီတာခိုင်အား ရွှေမန်းဇေယျာ အလှူရှင်များအကြောင်းမေးမြန်းခဲ့ပါသည်။
“ဒီအဖွဲ့လေးက အစကတော့ အဖွဲ့အနေနဲ့မရှိပါဘူး။ ဟိုးအရင်တုန်းက အခုဒီနေ့လှူခဲ့တဲ့ကျောင်း(၄)ကျောင်းလုံးကို အန်တီတို့တစ်ဦးတည်းက လှူခဲ့တယ်။ မြရတနာကျောင်းကိုလှူလာတာ ၁၅-နှစ်လောက်ရှိပါပြီ။ မြရတနာရပ်ကွက်က အရင်က အနာကြီးရောဂါရှိသူတွေနေကြတာ။ အဲဒါကို လှူရင်းနဲ့ စလှူဖြစ်သွားတာ။ အခုတော့ အနာကြီးရောဂါ မရှိကြတော့ပါဘူး။ အဲလို လှူတာကို တစ်ခြားမိတ်ဆွေအပေါင်းသင်းတွေကလည်းသိလာတယ်။ နောက်တော့ အန်တီတို့ဆရာကြီး ဦးဇော်ဝင်းက သိသွားပြီး နင်တစ်ယောက်တည်းလှူမနေနဲ့ ငါတို့တွေအားလုံး ၀ိုင်းလှူကြရအောင် ဆိုတာနဲ့ တစ်ခြားမိတ်ဆွေသူငယ်ချင်းတွေပါ ပါဝင်လာကြတယ်။ ဒီအဖွဲ့ကို အရင်က နာမည်ပေးမထားဘူး။
နောက်ပိုင်း စစ်ကိုင်းကလူတွေရော၊ မန္တလေးမိတ်ဆွေတွေလည်း ပါဝင်လာကြပေမယ့် ဘာနာမည်မှမပေးပဲ ဒီအတိုင်းပဲလှူကြတာပါ။ လှူတဲ့အခါမှာလည်း ၀ိုင်းပြီးထည့်ကြတဲ့ငွေကို အပိုလက်ထဲမှာ ကိုင်ထားတာမျိုးမလုပ်ဘူး။ ရတဲ့ငွေကို တစ်ခါတည်း ကုန်အောင်လှူပါတယ်။ စာရင်းရှင်းတမ်းတစ်ခါတည်း လုပ်တယ်။ အနည်းအပါးလိုအပ်ငွေကို စိုက်ပြီးထည့်ဝင်ပါတယ်။ အများကြီးလိုတဲ့အခါကျရင်တော့ အဖွဲ့ဝင်သူငယ်ချင်းတွေကို ပြောပြတဲ့အခါ သူတို့တွေလည်း ၀ိုင်းဝန်းထည့်ဝင်လိုက်ကြတယ်။ ဒီအဖွဲ့လေးကို အခုနာမည်လေးပေးဖြစ်သွားတာက အရင်က ဒီဘကကျောင်းက ကျောင်းအုပ်ဆရာမကြီးတစ်ယောက်ရှိတယ်။ အခုတော့ သူကကွယ်လွန်သွားပါပြီ။ အန်တီတို့တွေ လှူကြတဲ့အခါတိုင်း စစ်ကိုင်းနဲ့ မန္တလေးက အလှူရှင်တွေပါတယ်ဆိုတာ ပြောပြတော့ နောက်အန်တီတို့လာတိုင်းသူက ရွှေမန်းဇေယျာအဖွဲ့လာပြီ
 ရွှေမန်းဇေယျာအဖွဲ့လာပြီလို့ခေါ်ရင်းကနေ ရွှေမန်းဇေယျာအဖွဲ့လို့ တွင်သွားတယ်။ အဲဒါနဲ့ အဲဒီနာမည်လေးကိုပဲ ပေးဖြစ်လိုက်တယ်။ အခုလို လှူလာတာ ၁၅-နှစ်လောက်ရှိပေမယ့် အဖွဲ့အနေနဲ့လုပ်ခဲ့တာက ၇-နှစ်လောက် ရှိပါပြီ။

အခုဒီတောင်ဗီလာကျောင်းလေးကို အန်တီတို့ စပြီးလှူခါစက ဒီလိုမဟုတ်ဘူး။ တဲလေးနဲ့။ အန်တီတို့တွေ လှူဒါန်းလာပြီးတဲ့နောက်မှာ မိတ်ဆွေအပေါင်းသင်းတွေကိုပြောပြတော့ သူတို့တွေလည်း အန်တီတို့ မလှူဒါန်းနိုင်တဲ့ အပိုင်းကို သူတို့က လှူဒါန်းပေးကြတယ်။ အခုတော့ တစ်ခြား အလှူရှင်တွေလည်း လှူဒါန်းကြလို့ ဒီအဆောက်အဦးလေးဖြစ်လာပါပြီ။ ဒီတောင်ဗီလာဆရာတော်က နာမည်ကြီး ဆရာတော်မဟုတ်ပေမယ့် စေတနာနဲ့သင်ကြားပေးနေတာကြောင့် အန်တီတို့ကလည်း ကူညီတဲ့အနေနဲ့ ဒီကျောင်းက ဆရာ/ဆရာမ(၇)ယောက်အတွက် လစာ တစ်လကို(၂၀၀၀၀ိ/-)နှုန်းနဲ့ တစ်နှစ်စာလှူဒါန်းပေးပါတယ်။ အဖွဲ့အနေနဲ့က လစဉ်မဟုတ်ပါဘူး။ လှူတဲ့သူတွေရှိတဲ့လဆို အဲဒီအလှူငွေနဲ့ ပြန်ကူညီတယ်။ တစ်ခြားလှူဒါန်းသူမရှိရင်လည်း အန်တီတို့ပဲ လှူဒါန်းလိုက်တာပါ။
မန္တလေးက မိတ်ဆွေတချို့ကလည်း ထည့်ဝင်လှူဒါန်းပေးကြတယ်။ ဒီကျောင်လေးမှာ ဘာသာပေါင်းစုံက ကျောင်းသားလေးတွေရှိတယ်။ အန်တီတို့အနေနဲ့က ဘာသာနဲ့လူမျိုးကိုကြည့်ပြီးလှူတာမဟုတ်ပါဘူး။ ကလေးတွေ လူဆိုတဲ့ ကလေးတွေကိုပဲကြည့်ပြီးလှူတာပါ။ အဖွဲ့ ဖွဲ့ထားလို့ အဖွဲကခေါင်းဆောင်အနေနဲ့ မသွားပါဘူး။ အားလုံး မောင်နှမတွေလိုပဲ ၀ိုင်းပြီးလုပ်ကြတာပါ။ ဒီအဖွဲ့မှာ ဘာသာပေါင်းစုံက ပါဝင်ကြပါတယ်။”လို့ ဟာဂျီမဒေါ်သီတာခိုင်က ဖြေကြားခဲ့ပါတယ်။
--

မြန်မာမိန်းကလေးများ ကိုယ့်ကိုကို တန်ဖိုးထားတတ်ပြီး ၊ မြန်မာ့ ယဉ်ကျေးမှုများကို ထိန်းသိမ်းနိုင်ပါစေ။



https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-prn1/644361_268220109963422_476716249_n.jpg
ယုခုဆို နည်းပညာတိုးတက်လာခြင်း
ကြောင့် ဆက်သွယ်ရေးများကောင်းလာပြီး
ကမ္ဘာကြီးဟာ ရွာလို့ပင် တင်စား နိုင်ပြီဖြစ်
ပါတယ်။ယခုအချိန်ဆို အင်တာနက်ဆိုတာ
လူတိုင်း သုံးနိုင်ပြီး လူတန်းစားမျိုးစုံ သုံး
တတ်တဲ့ အခြေနေသို့ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။


ကျွန်တော် ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်စက အင်တာနက်ဆိုတာ ကြားသာကြားဖူး
ခဲ့တာ ဘယ်လိုသုံးရလဲ ဘာ တွေအသုံးဝင်လဲဆိုတာ မသိခဲ့ပါဘူး။

အမှတ်မကောင်းတော့ တက္ကသိုလ်အဝေးသင်ယူရင်းနဲ့ ကွန်ပြူတာကို စိတ်ဝင်စားလို့အပြင်
သင်တန်းတွေ တက်နေတဲ့အထိ အင်တာနက်ဆိုတာကို ဘာမှန်းညာမှန်းမသိခဲ့ပါဘူး။

ဒီလိုနဲ့ မှတ်မှတ်ရရ ၂၀၀၄ -၂၀၀၅ လောက်မှာ သူငယ်ချင်းတစ်ရောက်က ဘယ်လိုသုံးရလဲ
ဆိုတာ သင်ပေးရင်းနဲ့ စတင် သုံးတတ်ခဲ့တာ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ အင်တာနက်ဆိုတာ ကလေးအစ အရွယ်စုံ သုံးတတ်နေကြပါပြီ။
အင်တာနက်ဆိုတာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေးမှာလဲ အင်မတန် လွယ်ကူ
မြန်ဆန်သလို အွန်လိုင်းကနေတဆင့် ယောင်္ကျားလေးတွေ မိန်းကလေးတွေ ခင်မင်ရင်နှီး၊ချစ်ကြိုက်ခဲ့ကြပြီး နောက်ဆုံး လက်ထပ်ကြတဲ့ အထိ များစွာ
ရှိခဲ့ကြပြီဖြစ်ပါတယ်။

အကောင်းနဲ့ အဆိုးကတော့ အမြဲတန်းဒွန့်တွဲနေကြပါတယ်။တိုးတက်လာတဲ့ အင်တာနက်
နည်းပ ညာကို အကျိုးရှိရှိ အသုံးချတဲ့သူများအတွက်တော့ အကျိုးကျေးဇူးများရရှိပြီး ၊ တလွဲ အသုံးချသူများအဖို့တော့ ဘေးထွက် ဆိုးကျိုးတွေ ရှိခဲ့တာ တွေ့ရပါတယ်။

အွန်လိုင်းကနေ တဆင့် လိမ်လည်လှည့်ဖြားပြီး ငွေများတောင်းခံခြင်း၊ အထူးသဖြင့် မိန်းကလေးများကို အွန်လိုင်းကနေ တဆင့် ခြမ်းခြောက်ခြင်း၊ ဖျားရောင်းသွေးဆောင်ပြီး ဖျက်ဆီးခြင်း၊ အကျပ်ကိုင် ငွေညှစ် ခြင်းများကိုလဲ သတင်း ဂျာနယ်၊ ဘလော့များတွင် တွေ့ခဲ့ပြီးဖြစ်ကြပါလိမ့်မယ်။

နိုင်ငံခေတ်မှီတိုးတက်လာသည်နှင့် အမျှ မြန်မာ့ ယဉ်ကျေးမှု များလဲ ပျက်စီးလာတာတွေ့ရပါတယ်။ အနောက်တိုင်း အ၀တ်အစားများ၊ကိုရီးယားအ၀တ်အစားများ ခေတ်စားလာခြင်းကြောင့်
မြန်မာမိန်းကလေးတချို့ မလုံမခြုံအ၀တ်အစားများ အ၀တ်များကြပြီး သူတို့ရဲ့ အန္တရယ်ကို
ဖိတ်ခေါ်သကဲ့သို့ဖြစ်နေခဲ့ပါတယ်။

အတုယူသင့်တာကို မယူ ၊ အတုမယူသင့်တာကို ယူကြတဲ့အတွက် ကိုရီးယားဇာတ်လမ်းတွဲ အိမ်ထောင်ရေးဖောက်ပြန်တဲ့ကားများ ၊ အချစ်ကားများကြောင့် မြန်မာ မိန်းက လေး
တချို့ စိတ်ဓာတ်ပိုင်း ပျက်စီးလာကြတာကိုလဲ တွေ့ရပါတယ်။

လိုရင်းမရောက်တော့လို့ အဓိကပြောချင်တာကိုဘဲပြောပါတော့မယ်။



အားလုံးမကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး၊ ကောင်း တဲ့သူက ကောင်းပါတယ်လို့
ကြိုတင်ပြောခဲ့ပါရစေ။

ကျွန်တော် သိတဲ့သူတစ်ရောက်ပေါ့၊ သူက နိုင်ငံခြားမှာ အလုပ်လုပ်ရင်းနဲ့ ဒီကို
ခနပြန်လာတာပေါ့။ အွန်လိုင်းကို အားရင် အချိန်တော်တော်များ သုံးပြီး facebook ကိုလဲ အမြဲတန်း သုံးနေကြပေါ့။ ဒီမှာ ခနရောက်ခိုက် အွန်လိုင်းကနေ ကောင်မလေး တစ်ရောက်နဲ့သိပြီး ဖုန်းတွေဆက် ၊ကောင်းမလေးဆီသွားလည်ရင်းနဲ့ ဘာလိုလို ညာလိုလိုဖြစ်သွားတဲ့ ထိတော့ သိခဲ့တာပေါ့။

ဒီလိုနဲ့ ၂ လလောက်နေပြီး နိုင်ငံခြားကိုပြန်ထွက်တော့မယ့် အချိန် တွေ့ဆုံခိုက်မှာ သူ့ကောင်
မလေးပုံဆိုပြီး ဓာတ်ပုံထုတ် ပြပြီးကြွားတာပေါ့။

ဓာတ်ပုံထဲမှာ အခန်း တစ်ခန်း မီးရောင်မှိန်မှိန် လေးထဲမှာ ကောင်မလေးနဲ့ သူနဲ့ ဖက်ပြီး
ရိုက်ထားတဲ့ပုံလေ။

ဒါနဲ့ ဘယ်နေရာမှာ ရိုက်ထားတာလဲမေးကြည့်တော့ သူကပြောတယ် မင်းဒါလေးတောင်
မသိဘူးလားတဲ့၊တည်းခိုခန်းမှာရိုက်ထားတာလို့ပြောပါတယ်။

ကြားကြားခြင်း ကောင်မလေးရဲ့စိတ်ကို တော်တော်အံသြ သွားပါ တယ်၊ပျက်စီးနေတဲ့ မိန်းကလေးလဲမဟုတ်တဲ့အတွက် ၁ လ ၂ လ အတွင်း အွန်လိုင်းကနေ အချိန်တိုလေးအတွင်း
သိခဲ့ တဲ့သူတစ်ရောက်ကို ဒီလိုအခြေအနေထိ ဖြစ်ခဲ့ကြတာကို မယုံနိုင်လောက်အောင်ပါဘဲ။



ရုပ်ချောအပြောကောင်းလို့လား၊ နိုင်ငံခြားပြန် ပိုက်ဆံသုံးနိုင်တဲ့သူမို့လို့လား ၊ အယုံလွယ်သူ
မလို့လားတော့ မသိပါဘူး ၊သူ့အကြောင်းကိုယ့်အကြောင်းလဲ သေချာမသိ၊ စိတ်နေစိတ်ထားလဲ ကောင်းလားဆိုးလား မသိဘဲနဲ့ အချိန် ၁ လကျော်လေးအတွင်းမှာ ဒီလို အခြေအနေထိရောက်ခဲ့တယ်ဆိုတော့ ၊ နိုင်ငံခြား ဥရောပ နိုင်ငံတွေရဲ့ အခုမြင် အခုကြိုက်ကြပြီး LivingTogether ကို သဘောကြလို့လား၊ ဒါမှမဟုတ် ခပ်ရိုင်းရိုင်းပြောရရင် အပေးအကမ်း ရက်ရောတယ်လို့ပြောရမလားတောင် မသိတော့ပါဘူး။ ဒီနေရာမှာ ယောင်္ကျားလေးကိုတော့ အပြစ်ပြောရင်ပြောကြမှာပါ၊

ဒါပေမယ့် ယောင်္ကျားလေးချင်းမလို့ ဘက်လိုက်ပြောတာတော့မဟုတ်ပါဘူး။ လက်ခုပ်ဆိုတာ
တစ်ဖက်ထဲနဲ့ မမည်ပါဘူး၊ လက်နှစ်ဖက်တီးမှ မည်တာပါ။

ဘယ်လိုဘဲဖြစ်ဖြစ် မိန်းကလေးဘက်က အရင်ထိခိုက် နစ်နာမှာဆိုတော့ ကြိုတင်စဉ်းစားပြီး
ကိုယ့်ကိုကို ထိန်းသိမ်း သင့်ပါတယ်။

ဒီလိုနဲ့ အဲဒီတစ်ယောက်က နိုင်ငံခြားရောက်သွားပြီး ၂ လ ၃ လ လောက်ကြာတော့
အွန်လိုင်းမှာတွေ့လို့ စကားပြောရင်းနဲ့ မေးဖြစ်တယ်၊ ဟိုကောင်မလေးနဲ့ကော အဆက်အသွယ်ရှိသေးလားပေါ့၊ သူကပြန်ပြောတယ် ငါအ ဆက်အသွယ်ဖြတ်
လိုက်ပြီတဲ့လေ။

ကာယကံရှင်တွေကတော့ ဘယ်လိုခံစားပြီး၊ ဘယ်လို သဘောထားလဲတော့ မသိပါဘူး။
ကျွန်တော်ကတော့ မိန်းကလေးအတွက် နှမချင်းကိုယ်ချင်းစာပြီး
သက်ပျင်းချမိလိုက်ပါတယ်။

မြန်မာမိန်းကလေး တစ်ယောက်အနေနဲ့ ကိုယ့်ကိုကို တန်ဖိုးထားပြီး ကိုယ့်ဘ၀အတွက် လက်တွဲမယ့်သူအပေါ်ကို သစ္စာရှိရှိ စောင့်ထိန်းသင့်တယ်လို့ ထင်မိပါတယ်။စိတ်အလိုလိုက်
မှုကြောင့်ဘ၀ကို ပုံအပ်ပေးမယ်ဆိုရင်တောင် အဲဒီလူဟာ အချိန်ကြာကြာလက်တွဲခဲ့ပြီး ကိုယ့်ကိုတစ်ကယ်ချစ်တဲ့သူ၊ အမှန်တကယ် လက်တွဲ လက်ထပ်မယ့်သူသာ ဖြစ်သင့်ပါတယ်။
ကျွန်တော် ပညာပေး ဘလော့ရေးတိုင်း အမြဲတန်းလိုလို
ပြောနေကြစကားရှိပါတယ်။

“ လူတစ်ရောက်ကို အချိန်ခဏလေးအတွင်း မယုံကြည်သင့်ပေ၊ အချိန်ကြာကြာလက်တွဲ၊ စကားများများပြောကြည့်ပြီးမှ လူတစ်ရောက်ရဲ့ အတွင်းစိတ်၊ ကိုယ့်ကျင့်တရားကို
သိနိုင်ပေသည်။

ထိုမှသာ ကိုယ့်အတွက် လူကောင်းလား လူဆိုးလားဆိုတာကို တွက်ချက်နိုင်ပါလိမ့်မည် “
ကြားဖူး မြင်ဖူး တွေ့ဖူးခဲ့သော ယခုလို ဖြစ်စဉ်မျိုး အများကြီးထဲမှ တစ်ခုကို မိန်းကလေးများအတွက်၊ အထူးသဖြင့် ယခုခေတ်ကာလတွင် အဖြစ်အများဆုံး တက္ကသိုလ်တက်စ စိတ်ကစားတတ်တဲ့အရွယ် ဆယ်ကျော်သက် ကောင်မလေးများအတွက် အချစ်ကို ကိုးကွယ်ပြီး ဒုက္ခမရောက်စေရန်၊

ကိုယ့်ကိုကို တန်ဖိုးထား ထိန်းသိမ်းတတ်စေရန် အတွက် ဗဟုသုတ၊ ပညာပေး ၊ ရှောင်ကြဉ် သင့်တာ ရှောင်ကြဉ် နိုင်အောင် ရေးသားလိုက်ခြင်းဖြစ်ပါသည်။ မိန်းကလေးအားလုံးကို မဆိုလိုပါ။
ကျွန်တော်ဘဲ ခေတ်နောက်ကြ ကျန်နေခဲ့တာလား၊ ဒါမှမဟုတ် တိုးတက်သွားလို့
လိုက်မမှီတော့တာလား မသိတော့ပါဘူး။

ဒီလို တိုးတက်လာပုံမျိုးကိုတော့ စိုးရိမ် ကြောက်လန့်မိပါတယ်။ မြန်မာမိန်းကလေးများ
အနေဖြင့် အသားကပ် ဘောင်းဘီများ၊ ပေါင်တို ဘောင်းဘီများဝတ်ခြင်းတို့ကို အားမကြ အတုမယူကြဘဲ မြန်မာ့ယဉ်ကျေးမှု အ၀တ်အစားများ၊ မြန်မာ့စိတ်ဓာတ် ၊

စိတ်နေစိတ်ထားတွေကို ထိမ်းသိမ်း စောင့်ရှောက်နိုင်ကြပါစေလို့ ဆန္တပြုရင်းနဲ့ ရေးထားတာ
အမှားပါရင် ခွင့်လွတ် ပေးကြပါလို့ 

အောင်နိုင်ဦးပို့ ပေးသည်။
စာရေးဆရာ နာမည် ပါလာပါဘူး။
ပို့ ပေးသူနာမည်သာဖော်ပြပေးလိုက်ပါသည်။

၃၈ လမ်း ရှစ်လွှာ တိုက်ခန်း မီးလောင်၊ အသက်ရှစ်ဆယ်ခန့် အဖိုးအို သေဆုံး

၃၈ လမ်း ရှစ်လွှာ တိုက်ခန်း မီးလောင်၊ အသက်ရှစ်ဆယ်ခန့် အဖိုးအို သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရန်ကုန်မြို့တော်၊ ကျောက်တံတား မြို့နယ်၊ ၃၈ လမ်း အလယ်ဘလောက် အမှတ် ၁၆၉ ၊ ရှစ်ထပ်တိုက် ရှစ်လွှာ တိုက်ခန်း (ဘယ်ခြမ်း) ယနေ့နေ့လယ် ၂ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားရာ ယင်းအခန်းထဲရှိ အသက် ၈၀ ဝန်းကျင် အဖိုးအို တစ်ဦး မီးလာင်မှုကြောင့် သေဆုံးသွားကြောင်း မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။

"အခုမီးလောင်တဲ့အခန်းမှာ

အသက်ရှစ်ဆယ် ဝန်းကျင် အဖိုးအိုတစ်ဦး ရှိတယ် နားကသိပ်မကောင်းဘူးမနေ့က လမ်းလျှောက်တာ တွေ့တယ်။ ဒီနေ့တော့ အပြင်သွားတာ မတွေ့ရဘူး"ဟု မီးလောင်တိုက်ခန်းရှေ့ လမ်းတစ်ဘက်ခြမ်း ရှစ်လွှာမှ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှု အကြောင်းရင်းမှာ ဝါယာရှော့ ဖြစ်ရန်များသည်ဟု သုံးသပ် ကြပြီး သက်ဆိုင်ရာက တစ်စုံတရာ အတည်ပြုပြော ဆိုခြင်းမရှိ သေးကြောင်း၊ အဘိုးအိုနှင့်အတူ အသက် ၂၀ ခန့်အရွယ်လူငယ် တစ်ဦးတို့နေထိုင်ကြကြောင်းလည်း မီးလောင်မှု ဖြစ် ပွားရာအနီးတွင်နေထိုင်သူ တို့ကပြောဆိုကြသည်။

ကောင်လေးလည်း မရှိဘူး အလုပ်သွားနေတာ အခု မီးလောင်တော့ အခန်းတံခါးကို ဖျက်ပြီး ဝင်ရတာ ”ဟုမီးလောင်မှု ဖြစ်ပွားခဲ့သည့် တိုက်ခန်း သုံးလွှာတွင် နေသူ အမျိုးသား တစ်ဦးကလည်း ဆိုသည်။

မီးလောင်မှုကြောင့် အခန်းတစ်ခုလုံးနီးပါးလောင်ကျွမ်းခဲ့ပြီး မီးစွဲလောင်မှုကြောင့် အိမ်ခန်းဖွဲ့စည်းထားသော နံရံများမရှိတော့ ကြောင်း မီးလောင်ကျွမ်းနေသည့် သစ်သားတိုင်များကြားတွင် အဖိုးအို၏ အလောင်းမှာ ၇၀ ရာခိုင်နှုန်းခန့် မီးကျွမ်းနေသည်ကို တွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့ရသူများကပြောကြားသည်။

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-snc7/399769_465591010127830_114460715_n.jpghttps://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-snc6/249734_465591206794477_468954758_n.jpg

သေသူဝိညာဉ်က ဆိုင်ကယ်လီဗာတင်တယ် ဆိုပဲ


https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-ash4/391636_239901922799363_992408085_n.jpgသေသူဝိညာဉ်က ဆိုင်ကယ်လီဗာတင်တယ် ဆိုပဲ

ယုံ၊ မယုံတော့ ဗီဒီယိုဖိုင်လ်ကို အရင်ကြည့်နော်။

အသက်၁၆နှစ်အရွယ် သေဆုံးသူ ကောင်လေးရဲ့ အသုဘပွဲမှာ အစ်ကိုဖြစ်သူက ကောင်လေးစီးတဲ့ ဆိုင်ကယ်ကို စက်နိုးပေးလိုက်တယ်။ အစ်ကိုဖြစ်သူက စက်ကိုနိုးပေးလိုက်ပြီ မောင်းလို့ရပြီလို့ ပြောလိုက်တယ်။ မကြာဘူး ဆိုင်ကယ်လီဗာကို လူတစ်ယောက်ယောက်က တင်လိုက်သလို အသံမြည်နေတော့တယ်။

အသုဘလာတဲ့လူတွေ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကုန်ရော။ ဆယ်မိနစ်လောက် ကြာသွားတယ်တဲ့။

သေသူကောင်လေးက ဒီဆိုင်ကယ်ကို ဝယ်တာ မကြာသေးဘူး။ ပြိုင်ပွဲဝင်ဖို့ သူကိုယ်တိုင် သေချာ ပြင်ဆင်ထားတယ်။ မိဘတွေက ဒီဆိုင်ကယ်ကို မရောင်းပဲ အမှတ်တရ သိမ်းထားမယ်လို့ ဆိုပါတယ်။

ဗီဒီယိုလေး ကြည့်လိုက်နော်
http://www.youtube.com/watch?v=pZ2q9soIAso

................

ပုတ်ပွနေသော မိန်းကလေး အလောင်းတွေ့

The Voice Weekly · 60,931 like this
56 minutes ago ·


ကမာရွတ်မြို့နယ် ဗဟိုလမ်း အမှတ် ၁၉၅ (ခိုင်ရွှေဝါ ဆိုက္ကားဂိတ်မှတ်တိုင် အနီး) နေအိမ်တိုက်ခန်း တစ်ခုတွင် အသက် ၁၃ နှစ် အရွယ် အိမ်ဖော် မိန်းကလေး တစ်ဦး အသတ်ခံခဲ့ရကြောင်း အဆိုပါနေရာသို့ သွားရောက်သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အသတ်ခံရသော မိန်းကလေး၏ အလောင်းမှာ ပုတ်ပွနေပြီး အဆိုပါ
တိုက်ခန်း၌ ၄င်းနှင့် အတူ နေထိုင်သူမှာ MRTV-4 ရုပ်/သံဌာန တွင် အစီအစဉ်တင်ဆက်သူ တစ်ဦးဟု သိရှိရပြီး ကမာရွတ်ရဲတပ်ဖွဲ့စခန်းက ခေါ်ယူစစ်ဆေးလျှက်ရှိကြောင်း ၄င်းက ဆက်လက် သတင်းပေးပို့သည်။

ကားတောင်းခံမှုကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အစိုးရစစ်တပ် တင်းမာမှုဖြစ်ပွားခဲ့


စဖန်းရှောင်း (ကေအိုင်စီ)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ဆင်ဖြူတိုင်ကျေးရွာမှ ကျေးရွာအုပ် ချုပ်ရေးမှူးကို ပြီးခဲ့သည့် စက်တင်ဘာလ ၃ရက်နေ့က မြန်မာအစိုးရ စစ်တပ်အရာ ရှိမှ သေနတ်ဖြင့်ခြိမ်းခြောက်ခဲ့မှုကြောင့် နှစ်ဖက် တင်းမာမှု ဖြစ်ပွားခဲ့ကြောင်း ကေ အိုင်စီက စုံစမ်းသိရှိရသည်။

ထားဝယ်မြို့နယ်ရှိ နညှ်းဗျူဟာ(၃)မှူး ရှေ့တန်း ခြေမြန်တပ်ရင်း(၄၀၂)မှ ဗိုလ်မှူး နေမျိုးအောင်သည် အမိုရွာသို့ တပ်အပြောင်းအလဲ ပြု လုပ် ရန်အတွက် ဆင်ဖြူ တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောလေးအောင်အား ခေါ်တွေ့ပြီး ကားများ စီ စဉ်ခိုင်းသည်ကို မလုပ်ဆောင်နိုင် သည့်အ ပေါ် အချင်းများခဲ့ပြီး သေနတ် ထုတ် ကာ ခြိမ်းခြောက်ခဲ့ရာမှ ယင်းသို့ တင်းမာမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “အရင်တုန်းကလည်း ရှိခဲ့ဘူးတယ်။ အဲဒီတုန်းက ကျေး ရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ နားလည်မှုရှိ တော့ အဆင်ပြေတာပေါ့။ အခု ကြာလာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးလည်း သည်းမခံနိုင်တော့ ဘူး။ အဲဒါနဲ့ တစ်ယောက်တစ်ခွန်းစကားများပြီးအခု လို ထဖြစ်တာပဲ”ဟု ပြောသည်။

အဆိုပါ အစိုးရတပ်ရင်းမှာ အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုအောက်ရှိ ရှေ့တန်း နညှ်းဗျူဟာ(၃)မှူး ဗိုလ်မှူးကြီးကြည်စိုး လက်အောက်ခံ တပ် ရင်းဖြစ်ပြီး ယခင်က ရွာသားများအပေါ် အတင်းအဓမ္မ ခိုင်းစေခြင်းနှင့် ခရီးသည်တင်ကားများကိုလည်းအခကြေးငွေမပေးဘဲချော ဆွဲခြင်းများ ရှိခဲ့သည်။

သို့သော် ယခုဖြစ်စဉ်တွင် အဓမ္မခိုင်းစေခြင်းနှင့် ပေါ်တာဆွဲခြင်းမျိုး မရှိဘဲ တပ်အပြောင်းအရွှေ့အတွက်ကားစီစဉ်ပေးရန်သာကျေးရွာအုပ် ချုပ် ရေးမှူးထံ အကူအညီတောင်းခြင်းဖြစ်ပြီး အချေအတင်ဖြစ်မှုများကြောင့်သာ တင်းမာသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆို သည်။

အဆိုပါဒေသခံကပင် “အခုတော့ အဆင်ပြေသွားပါပြီ။ အုပ်ချုပ်ရေးမှူးက ရွာထဲက ကားတွေနဲ့ပဲ သူတို့လိုရာ ပို့ပေးလိုက်ရတယ်”ဟု ပြော သည်။

မြန်မာအစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲထားသော်လည်း မြို့နှင့် အလှမ်းဝေးသော အချို့ တိုင်း ရင်းသားဒေသများရှိ ဒေသခံများအား မတရားခိုင်းစေခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေ ဆဲ ဖြစ် သည်။

တင်းမာမှုဖြစ်ပွားသည့် စက်တင်ဘာလ ၃ရက်နေ့သည် အစိုးရနှင့် ကေအဲန်ယူငြိမ်းချမ်းရေးကိုယ်စားလှယ်များဖားအံမြို့တွင်တတိယအ ကြိမ် တွေ့ဆုံဆွေးနွေးနေချိန်ဖြစ်ရာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်၊ မဲဝိုင်ကျေးရွာအုပ်စုရှိ အစိုးရတပ်မှ စစ်သည်များက မိမိတို့ မကြာခင် ပြန်ရ တော့ မည်ဟု ပြီးခဲ့သည့်နှစ်ရက်က ရွာသားများအား ပြောဆိုကြောင်း သိရသည်။

Message Style အလန်လေးတွေပြောင်းလို့ ရပါတယ်

Thread SMS For Nokia S60v3,S60v5 And S^3 Anna Belle



Nokia ရဲ့ Original Message Style ကိုပဲမြင်နေရတာရိုးအိလာပီလို့ ထင်ပါတယ်......ဒီကောင်လေးက Gtalk,Iphone,Android....etc Message Style အလန်လေးတွေပြောင်းလို့ ရပါတယ်။အဆင်ပြေပါစေ။

                             Download>>https://www.min.us.com

ဘ၀မှာ အချိန်တစ်နာ၇ီလောက်ပိုအိပ်ရင် ဘာတွေပြောင်းလဲနိုင်သလဲ



ကျွမ်းကျင်သူတွေကတော့ ဘဝ မှာအချိန်တစ်နာရီ ပိုအိပ်ရုံဖြင့် ပြောင်း လဲနိုင်တာတွေဟာ အများကြီးပါလို့ ဖြေခဲ့ပါတယ်။ အချိန်တစ်နာရီပို၍ အိပ်စက်ရုံဖြင့် သင့်ရဲ့ကျန်းမာရေး၊ ကိုယ်အလေးချိန် ၊အိမ်ထောင်ရေးသာ ယာမှုတို့အပေါ် သက်ရောက်မှုရှိပါ တယ်။
တကယ်လို့သင့်ရဲ့အချိန်ဟာ (၇)နာရီနဲ့ (၈)နာရီအောက်ရောက်နေ ရင်တော့အောက်မှာ ကွန်ပျူတာစော စောပိတ်ပြီး စောစောအိပ်သင့်တဲ့အ ကြောင်းပြချက် (၉)မျိုးကိုဖော်ပြလိုက် ပါတယ်။
(၁) လုံလောက်စွာ အိပ်စက်ခြင်းက ကျန်းမာရေးကို ပိုကောင်းစေတယ်
လုံလောက်စွာမအိပ်သူတွေမှာ သွေးတိုး၊ ဆီးချို၊ ကိုယ်အလေးချိန်တိုး ခြင်း နှလုံးရောဂါစတဲ့ ဆိုးဝါးတဲ့ရော ဂါတွေ ပိုဖြစ်လေ့ရှိတယ်လို့ ဆိုပါ တယ်။ လေ့လာမှုတစ်ခုအရ နေ့ဆိုင်း အလုပ်ဆင်းသူ ကျန်းကျန်းမာမာ အလုပ်သမားလူငယ် (၁ဝ)ဦးကို ည တိုင်းဆင်းခိုင်းပြီးရက်အနည်းငယ်ကြာ သောအခါ ထိုသူတို့၏သွေးတွင်း သကြားဓာတ်မှာ ဆီးချိုဖြစ်ခါနီး လူ တစ်ယောက်ရဲ့သကြားဓာတ်နီးပါးမြင့် တက်နေကြောင်းတွေ့ရပါတယ်။
(၂) လုံလောက်စွာအိပ်စက်ခြင်းက အိပ်ထောင်ရေးသုခပိုရနိုင်
National Sleep Founda tion မှ ပြောပြချက်အရ လူအားလုံးရဲ့ ၂၆%ဟာအိပ်ရေးမဝဘဲ ပင်ပန်းနွမ်း နယ်နေမှုကြောင့် အိမ်ထောင်ရေး သုခလုံလောက်စွာမရကြောင်း တွေ့ရ တယ်။ အိပ်ချိန်လုံလောက်စွာ မရ သောသူများတွင် testosterone ဟုခေါ်သည့် လိင်နှင့်ပတ်သက်သော hormone ကျလာကြောင်းလည်း သိရပါတယ်။
(၃) အိပ်စက်ခြင်းဖြင့် နာကျင်မှုဝေ ဒနာများကို သက်သာစေနိုင်
တကယ်လို့များ သင့်မှာ လတ် တလောဒါမှမဟုတ် ယခင်ရရှိခဲ့သော ဒဏ်ရာတစ်ခုခုကြောင့် နာကျင်မှု ဝေဒနာခံစားနေရတယ်ဆိုရင် အိပ် ပျော်အောင်သာအိပ်လိုက်ပါ။ အိပ်စက်ခြင်းဖြင့် နာကျင်မှုဝေဒနာ ခံစားရမှုလျော့နည်းလာကြောင်းကို လေ့လာမှုတွင်အများကြီး လုပ်ပြီး သက်သေပြခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာဘဲ နာကျင်နေခြင်းက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေး ပါတယ်။
(၄) လုံလောက်စွာအိပ်စက်ခြင်းက မတော်တဆထိခိုက်ဒဏ်ရာရမှုကိုလည်း လျော့ကျစေနိုင်
US Institute of Medicine မှ လေ့လာမှုတစ်ခုအရှ့ တွင် ယာဉ်တိုက်မှု(၅)မှုဖြစ်တိုင်း (၁)မှုမှာ အိပ်ရေးမဝသည့်အတွက်ကြောင့် ဖြစ်ရသည်ဟုသိရပါတယ်။
(၅) အိပ်ရေးဝလျှင် တက်တက်ြွကြွက ရှိစေပါတယ်။
အိပ်ရေးဝဝအိပ်တဲ့နေ့တိုင်း စိတ် ချမ်းသာဖွယ်ရာ တက်တက်ြွကြွက ရှိလိမ့်မယ်လို့တော့ အာမခံနိုင်ပေမယ့် အိပ်ရေးမဝလျှင်တော့ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်တယ်ဆိုတာ သတိ ထားမိမှာပါ။ သင့်ရဲ့ သူဌေးကို စိတ်မ ထိန်းနိုင်ဘဲ နင်ပဲငဆပြန်ပြောမိတာ မျိုးတွေ၊ စိတ်ကိုထိန်းချုပ်ရခက်ခဲတာ မျိုးတွေဟာ အိပ်ရေးမဝတဲ့နေ့တွေမှာ ပိုဖြစ်တတ်ပါတယ်။
(၆) အိပ်ရေးဝဝအိပ်ခြင်းက ကိုယ်အ လေးချိန်ထိန်းနိုင်
အိပ်ရေးဝဝအိပ်လျှင် ကိုယ်အ လေးချိန် ထိန်းနိုင်ပါတယ်။ အပြန်အ လှန်အားဖြင့်ကောင်းကောင်းမအိပ်တဲ့ သူတွေမှာ ကိုယ်အလေးချိန်ပိုတိုးတတ် ပါတယ်။ ဘာကြောင့်လဲ။
(က) သင်ပင်ပန်းတဲ့နေ့တွေမှာ ပင်ပန်း တာကိုပြေပျောက်စေရန် အရသာရှိတဲ့ အစားအစာတွေကို ပိုစားဖြစ်ပါတယ်။
(ခ) Leptin ဆိုတဲ့ hormone က ကျွန်တော်တို့ရဲ့ အစာစားချင်စိတ်ကို တင်းတိမ်စေရန် ဆောင်ရွက်ပေးပါ တယ်။ တကယ်လို့အိပ်ရေးဝဝမအိပ် ထားတဲ့ သူတွေမှာတော့ Leptin ပမာဏကျသွားပါတယ်။ ဒါကြောင့် အိပ်ရေးမဝပင်ပန်းနေတဲ့လူတွေဟာ တင်းတိမ်တယ်မရှိဘဲအဆက်မပြတ် အဆီများတဲ့အစာတွေ၊ကယ်လိုရီများတဲ့ အစာတွေ စားလေ့ရှိပါတယ်။
(၇) အတွေးအခေါ်များကို ပိုကြည် လင်စေ
အိပ်ရေးပျက်ခြင်းက သင့်ရဲ့ အတွေးအခေါ်၊ သင်ယူနိုင်စွမ်း၊ ဆုံးဖြတ်ချက်ရမှုတို့အပေါ်မှာ သက် ရောက်မှုရှိပါတယ်။
(၈) မှတ်ဉာဏ်ပိုကောင်းစေနိုင်
သင်ခဏခဏမေ့တတ်နေပြီး လား၊ အဲဒါဆိုရင်တော့ ကိုယ့်ရဲ့အိပ် ရေးပျက်ခံတတ်တဲ့ အကျင့်ကို အရင် ဆုံးအပြစ်တင်လိုက်ပါ။ လေ့လာမှု တစ်ခုအရအိပ်ပျော်နေစဉ်မှာကျွန်တော် တို့ဦးနှောက်ကနေ့ခင်းကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို စနစ်တကျသို လှောင်ပေးပါတယ်၊၊အိပ်ရေးပျက်သူတွေ မှာတော့ဦးနှောက်ကကောင်းကောင်းသို လှောင်ချိန်မရှိတဲ့အတွက် မှတ်Óဏ် ကိုကျစေနိုင်ပါတယ်။
(၉) ခုခံအားစနစ်ကိုအားပေးပါတယ်
လေ့လာမှုအသေးစားတစ်ခု တွင် လူ(၁၅ဝ)ဦးအား နှစ်ပတ်ကြာ သူတို့ရဲ့ အိပ်စက်မှုကိုစောင့်ကြည့်ပြီး ထိုသူများအား အအေးမိခြင်းဖြစ်စေ သည့် Cold Virus နှင့် ထိတွေ့စေ သည့်အခါ တစ်ညလျှင် ည၇နာရီသာ အိပ်သောသူများသည် ၈နာရီအိပ် သောသူများထက် အအေးမိခြင်း ဖြစ်နိုင်ချေသုံးဆခန့်ပိုများကြောင်း တွေ့ရပါတယ်။ ဒီလေ့လာမှုက သေး ငယ်တဲ့အပြင် တရားဝင်ထုတ်လွှင့်ဖို့ ဆိုရင်တော့ လေ့လာမှုတွေအများကြီး လုပ်ဖို့လိုပါသေးတယ်။
အဝင်း Ref: WMD

By Health Updates Journal

ကမ္ဘာ့နံပါတ် ၁ ကား ကုမ္ပဏီတိုယိုတာ မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် ပြင်ဆင်နေပြီး စက်မှုလုပ်ငန်းသုံး မော်တော်ယာဉ်များ စတင်တင်သွင်းရောင်းချမည်



ကမ္ဘာ့နံပါတ် ၁ မော်တော်ကား လုပ်ငန်းဖြစ်သော တိုယိုတာကား ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၀င် ရောက်ရန်ပြင်ဆင်နေပြီး စက်ရုံအလုပ်ရုံသုံး မော်တော်ယာဉ်များစတင်
တင်သွင်းရောင်းချမည်ဖြစ်ကြောင်း Toyota Tsusho Corporation ထံ မှ သတင်းရရှိပါသည်။

“လုပ်ငန်းသုံး မော်တော်ယာဉ်တွေကို ပထမဆုံး တင်သွင်းသွားမှာပါ။ အခု မြန်မာစီးပွားရေး လုပ်ငန်းတွေရဲ့ စက်ရုံအလုပ်ရုံတွေကို စစ်တမ်းကောက်နေတယ်”ဟု Toyota Tsusho Corporation မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

တိုယိုတာအုပ်စုအပါအ၀င် နိုင်ငံခြားလုပ်ငန်းများ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် အတည်ပြု ပြဋ္ဌာန်းချိန်တွင် စောင့်ဆိုင်းလျက်ရှိကြောင်းနှင့် လက်ရှိအချိန်တွင် တိုယိုတာအုပ်စုဝင် Toyota Tsusho Corporation သည် မြန်မာကုမ္ပဏီအချို့နှင့် ချိတ်ဆက်ပြီး စက်မှုလုပ်ငန်းသုံး မော်တော်ယာဉ်များ စတင်တင်သွင်း ရောင်းချနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။



Toyota Tsusho Corporation သည် Toyota အုပ်စုတစ်ခုလုံး ၏ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ရုံးခွဲဖွင့်လှစ်ထားသည်။

တိုယိုတာအုပ်စုအနေဖြင့် စက်ရုံအလုပ်ရုံသုံး Forklift များကို စတင် တင်သွင်း ရောင်းချသွားမည်ဖြစ်ပြီး Cushion Tire Lift Truck ၊ Pneumatic Tire Lift Truck ၊ Rider Lift Truck ၊ Pallet Truck ၊ Walkies Stracker? Reach Truck ၊ Order Picker ၊ Hand Pallet Truck စသည့်ယာဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“အခုလို တိုယိုတာ Forklift မြန်မာဈေးကွက်ထဲ ကိုယ်တိုင်ဝင်လာဖို့ ပြင်ဆင်တာ ကြိုဆိုပါတယ်။ လောလောဆယ်တော့ သူတို့က စက်ရုံတွေကိုဝင်ပြီး စစ်တမ်းပဲကောက်သေးတာ။ လုပ်ငန်းရှင်တွေကတော့ စိတ်ဝင်စားကြပါတယ်”ဟု သာကေတစက်မှုဇုန်မှ စက်ရုံတာဝန်ခံတစ်ဦးက ထင်မြင်ချက်ပေးပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုအများအပြား ၀င်ရောက်ရန် အလားအလာကောင်းများ ရှိနေပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ ၀င်ရောက်လာပါက စက်မှုလုပ်ငန်းသုံး မော်တော်ယာဉ်ဈေးကွက် ကြီးထွားလာမည် ဖြစ်ကြောင်းနှင့် လက်ရှိမြန်မာနိုင်ငံတွင် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ ထုတ်လုပ်သော Forklift များအသုံးများနေကြောင်း သိရပါသည်။

တိုယိုတာအုပ်စုသည် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏လုပ်ငန်းများကို ကဏ္ဍအသီးသီးတွင် တိုးချဲ့ ဆောင်ရွက်သွားရန် ပြင်ဆင်နေပြီး  ၎င်းသည် မြန်မာနိုင်ငံတွင်လူကြိုက်  အများဆုံး ဂျပန်အမှတ်တံဆိပ် တစ်ခုလည်းဖြစ်ပါသည်။

တိုယိုတာအုပ်စုတွင် လုပ်ငန်း ၁၅ခုပါဝင်ပြီး Toyota Motor North America Toyota  Canada Inc ၊ Toyota Motor North America ၊ Toyota Tsusho ၊ Daihatsu Motor Company ၊ Hino Motors ၊ Lexus ၊ Scion ၊ DENSO ၊ Toyota Industries ၊ Aisin Seiki Co ၊ Fuji Heavy Industries ၊ Isuzu Motors ၊ PT Toyota  Astra Motor? PT Toyota Motor Manufacturing Indonesia တို့ဖြစ်ပါသည်။

By Myanmar Car Market

ဘင်္ဂါလီ ခိုးဝင်သူများသည် ဘင်္ဂလာဒေ့ရှ် ၏ တာဝန်သာဖြစ်သည် ဟု စစ်တွေ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် က အမေရိကန် ဒု ၀န်ကြီးအားပြောကြား


by Coral Arakan News Agency on Sunday, September 9, 2012 at 6:22pm ·

ဘင်္ဂါလီ ခိုးဝင်သူများသည် ဘင်္ဂလာဒေ့ရှ် ၏ တာဝန်သာဖြစ်သည် ဟု စစ်တွေ
လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် က အမေရိကန် ဒု လက်ထောက်
နိုင်ငံခြားရေးဝန်ကြီးအားပြော
ကား
By Han Maung Thein

စစ်တွေ၊ ၀၉ စက်တင်ဘာ ၂၀၁၂၊ Coral Arakan News Agency

အမေရိကန်နိုင်ငံခြားရေးဌာန ဒုလက်ထောက်ဝန်ကြီး (Joseph Y. Yun) နှင့်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒက်ရက်ခ် မစ်ချယ် (Derek J.
Mitchell) ဦးဆောင်သော အဖွဲ့က စစ်တွေအခြေစိုက် အစိုးရမဟုတ်သော
အဖွဲ့အစည်းများနှင့် ယနေ့ မွန်းလွဲ တစ်နာရီတွင် နေ့လယ်စာစားယင်း
တွေ့ဆုံရာ၌ ဘင်္ဂါလီ ခိုးဝင်သူများသည် ဘင်္ဂလာဒေ့ရှ် ၏ တာဝန်သာဖြစ်သည် ဟု
စစ်တွေ ဒေသခံများကိုယ်စား တက်ရောက်သူများက ပြောကြား ခဲ့သည့်အပြင် Human
Rights Watch အဖွဲ့၏ လွန်ခဲ့သည့် တစ်လခန့်က ထုတ်ပြန်ခဲ့သော ဘင်္ဂါလီဆူပူမှု
အရေးအခင်းဆိုင်ရာ အစီရင်ခံစာ တွင် ၁၉၄၂-ခုနှစ်က ဘင်္ဂါလီများက
ရခိုင်လူမျိုး တစ်သိန်းခန့်ကို သတ်ဖြတ်ခဲ့သော အရေးအခင်းကို
ချန်လှပ်ခဲ့ခြင်းကို ဝေဖန်ထောက်ပြခဲ့သည်ဟု စစ်တွေအခြေစိုက် ၀ံလက်
ဖောင်ဒေးရှင်း၏ ဒါရိုက်တာတစ်ဦး ဖြစ်သူ ဦးကျော်ဇောဦးက ပြောကြားခဲ့သည်ဟု
Coral Arakan အားပြောကြားခဲ့သည်။



“ကျွန်တော် ဒု လက်ထောက်ဝန်ကြီးကို ပြောတဲ့အထဲမှာ တစ်အချက်။
ဘင်္ဂါလီရှစ်သိန်းကျော် ရခိုင်မြေပေါ်မှာ ရောက်နေတဲ့ အတွက်
လူ့အခွင့်အရေးတို့ တိုင်းရင်းသားအရေးတို့ကို မပြောနဲ့ထားဦး၊ အဲဒီ
လူပေါင်း ဘင်္ဂါလီပေါင်း ရှစ်သိန်းကျော် လူသားစင်စစ်ရောက်ရှိနေကြတဲ့အတွက်
ဒီရခိုင့်မြေပေါ်ကအခြေအနေကို ပိုပြီး ကောင်းမွန် စေဖို့ရာ
ပြဿနာတွေပြေလည်အောင် လုပ်ဖို့ရာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ် (it is up
to you) လို့ သူက ဆိုတယ်။ ဒါကို ကျွန်တော်က ငြင်းတယ်။ ဒီကိစ္စကို
ဘင်္ဂလာဒေ့ရှ်က တာဝန်ယူရမှာဖြစ်တယ် (it is up to Bengladesh.) လို့
ကျွန်တော် ပြောခဲ့တယ်။



“နှစ်အချက်။ ပြီးခဲ့တဲ့တစ်လလောက်က Human Rights Watch အဖွဲ့ကထုတ်ပြန်တဲ့
ဘင်္ဂါလီဆူပူမှု အရေးအခင်း ဆိုင်ရာ အစီရင်ခံစာမှာ
နောက်ခံသမိုင်းကြောင်းအကျဉ်းကိုဖေါ်ပြရာမှာ ၁၉၄၂-ခုနှစ်မှာ အိန္ဒိယကို
စစ်ဆုတ်သွားတဲ့ ဗြိတိသျှတပ်တွေက ဘင်္ဂါလီကို လက်နက်တပ်ဆင်ပေးပြီး Bengali V
force ဆိုပြီး ထားခဲ့တယ်။ အဲသည် လက်နက်ကိုင် ဘင်္ဂါလီတွေက ရခိုင်လူမျိုး
တစ်သိန်းခန့်လောက်ကို သတ်ဖြတ်ခဲ့တဲ့ မျိုးတုံး သတ်ဖြတ်မှုကို
ချန်လှပ်ထားခဲ့တာဟာ အဲသည် အစီရင်ခံစာအနေနဲ့ လုံးဝဘက်လိုက် ရေးသားထားတာ
ဖြစ်ကြောင်း ကျွန်တော်က ဒု လက်ထောက်ဝန်ကြီးကို ထောက်ပြခဲ့တယ်။



တတိယအချက်။ ဒီအချက်က UNHCR ဌာနေကိုယ်စားလှယ် ဟန်စ်တန်ဖဲလ် နဲ့
အဖွဲ့ဝင်တွေကို ကျွန်တော် ပြောခဲ့တာဖြစ်တယ်။ ကျွန်တော်က UNHCR ဟာ
ရခိုင်ဒေသမှာ ဘက်လိုက်ဆောင်ရွက်မှုရှိခဲ့တယ် ဆိုတာ အမှန်ပဲလို့ ပြောရမှာ
ဖြစ်တယ် ပြောခဲ့တယ်။ ဥပမာ သူတို့ချပေးတဲ့ ပရောဂျက်တစ်ချို့မှာ
အိမ်ခြေငါးဆယ် အောက် ရွာတွေကို ထောက်ပံ့မှုမပေးဘူး ဆိုတာတွေရှိခဲ့တယ်။
မူဆလင်ရွာကြီးတွေက အိမ်ခြေရာချီ ထောင်ချီနေပြီး တိုင်းရင်းသားရွာတွေက
အိမ်ခြေ ငါးဆယ်အောက်ရောက်နေတဲ့အခါ တိုင်းရင်းသားတွေက
ဘာထောက်ပံ့မှုမှမရတာတွေရှိခဲ့တယ်။ ဒါတွေကို ကျွန်တော်ပြောခဲ့တယ်။



နောက်ဆုံးတစ်ချက်။ ဒါပေမဲ့ ဒါက စကားဝိုင်းစကတည်းက ကျွန်တော်ပြောခဲ့တာ။
ရိုဟင်ဂျာဆိုတဲ့စကားလုံးကို တစ်ခါ သုံးတိုင်း သုံးတိုင်း ကျွန်တော်တို့
ရခိုင်တွေကို ခြိမ်းခြောက်မှုတစ်ခါစီလုပ်နေတာ ဖြစ်တယ်။ ဘင်္ဂါလီက ဘင်္ဂါလီလို့
ကိုယ့်ကိုယ်ကို မခေါ်ပဲ၊ ရိုဟင်ဂျာ လို့နာမည်တီတွင် ခေါ်နေတာဟာ အဲဒီနာမည်
နောက်က နိုင်ငံရေး ရည်မှန်းချက်တွေ (ဆိုလိုတာက နယ်မြေ သိမ်းပိုက်ရေး
ရည်မှန်းချက်တွေ) အတွက် တစ်ခါစီ တစ်ခါစီ ကြိုးပမ်းမှု လုပ်နေတာဖြစ်တယ်
လို့ ကျွန်တော် ပြောခဲ့တယ်။ ဒီတော့ ဒီနေ့လယ်စာစားပွဲတစ်လျှောက်လုံးမှာ
သူတို့ဘက်က ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို လုံးဝ မသုံးခဲ့တော့ဘူး။”



ရခိုင်ပြည်၏ အခြေအနေမှာ အမေရိကန်တို့ ဥရောပတို့ ကွဲပြားခြားနားသည့်အပြင်
၂၀၂၃-ခုနှစ်လောက်မှာ လက်ရှိ လူဦးရေ၏ နှစ်ဆရှိလာလိမ့်မည်ဟု
ခန့်မှန်းနေကြသော ဘင်္ဂလာဒေ့ရှ်ကဲ့သို့ နိုင်ငံမျိုးနဲ့ ကပ်လျက်
တည်ရှိနေသည့် နိုင်ငံတစ်နိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေများမှာ
သူ့အရပ် သူ့ဇာတ်နဲ့ ရှိနေမှာ ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံ
ပြည်ပအဖွဲ့အစည်းများက နိုင်ငံတစ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို
ပြင်ပါလို့ ပြောပိုင်ခွင့်မရှိကြောင်း သူက အမေရိကန်
ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကို ပြောပြခဲ့သည်ဟု ဦးကျော်ဇောဦးက Coral
Arakan အား ပြောကြားသည်။



အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များနှင့် UNHCR မှ
ပုဂ္ဂိုလ်များက အလေးအနက်ထား ထပ်ကာတစ်လဲလဲ မေးသောမေးခွန်းမှာ
ရခိုင်လူ့အဖွဲ့အစည်းနှင့် ဘင်္ဂါလီလူ့အဖွဲ့အစည်းတို့ ယခင်ကဲ့သို့
အတိုင်းအတာတစ်ခု အထိ ပြန်လည် ရောနှောနေထိုင်မှု ဘယ်တော့ဖြစ်လာနိုင်မလဲ
ဆိုသော မေးခွန်းဖြစ်ကြောင်း၊ ဒါက ရခိုင်လူမျိုးများအနေဖြင့်
စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုများ (psychological trumas)
ရှိနေဆဲဖြစ်သဖြင့် အချိန်အတိုင်းအတာ တစ်ခုယူရဦးမှာ ဖြစ်ကြောင်း
ဖြေကြားခဲ့သည်ဟု ၄င်းက ဆိုသည်။



အမေရိကန် ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန်သံအမတ်ကြီးတို့
ပါဝင်သော ဆယ့်တစ်ဦး အဖွဲ့သည် ဘူးသီးတောင် မောင်တော မှ
ယနေ့မနက်ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ စစ်တွေ ဒေသခံ လူမှုအဖွဲ့ အစည်း
ကိုယ်စားလှယ်များ နှင့်တွေ့ဆုံပြီးနောက် ချက်ချင်း လေယာဉ်ဖြင့်
ရန်ကုန်မြို့သို့ ထွက်ခွာ သွားကြသည်။



(ဟန်မောင်သိန်း)


--

[image: Inline image 1]http://www.facebook.com/groups/Myanma.ArunThit.Org/

*★* 。 • ˚ ˚ ˛ ˚ ˛ •*
*•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚*

ရဲမှူးကြီးဇနီး အသတ်ခံရ ""(သတင်းအပြည့်အစုံ)

Inbox
x







ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း မှုခင်းကင်းစင်နယ်မြေ ရှိ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူ ရဲမှူးကြီး(အငြိမ်းစား)


တစ်ဦး၏ဇနီးဖြစ် သူသည် စက်တင်ဘာလ ၆ ရက်နေ့ နံနက် ပိုင်းက ဓားထိုးသွင်းဒဏ်


ရာအချက ပေါင်းများစွာဖြင့် ရက်စက်စွာအသတ်ခံခဲ့ ရကြောင်း ရပ်ကွက်နေသူများနှင့် ကာယကံရှင်မိသားစုများထံမှ စုံစမ်း သိရှိရသည်။




အသက် ၆၂ နှစ်အရွယ် ဒေါ်မေ နှင်းဆီဟန်သည် ယင်းနေ့က ၎င်းနေ ထိုင်သော ပုဇွန်တောင်မြို့နယ်ဦးဝိဇ္ဇာ လမ်း အိမ်အမှတ် ၇၊ ငါးလွှာတွင်သေဆုံး နေသည်ကို နံနက် ၁၀ နာရီဝန်းကျင်၌ တွေ့ရှိရကြောင်း ၎င်း၏သမီးဖြစ်သူ ဒေါ်ခင်ဒါလီဟန်က The Voice Weekly သို့ ပြောကြားသည်။




၎င်းသည်ခန္ဓာကိုယ်တွင်ထိုးသွင်း ဒဏ်ရာ ၂၂ ချက်၊ စအိုတွင်ထိုးသွင်း ဒဏ်ရာတစ်ချက်၊


ညာမျက်လုံးတွင် မာ ကျောသောအရာဖြင့် ထုနှက်ဒဏ်ရာ တစ်ချက်၊ လည်ပင်းတွင်ကိုက်ထား သောဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သေဆုံးသူ၏မိသားစုဝင်များက ပြော ကြားသည်။




အဆိုပါရဲမှူး၏ဇနီးအသတ်ခံရမှု နှင့်ပတ်သက်၍ ဦးဝိဇ္ဇာလမ်းတွင်းနေသူ များကအသတ်ခံရသူအမျိုးသမီးသည် အေးဆေးတည်ငြိမ်စွာနေတတ်ပြီး စိတ် သဘောထားကောင်းမွန်သူတစ်ဦးဖြစ် ကြောင်း မှတ်ချက်ပေးပြောကြားကြသည်။




ယင်းနေ့က သေဆုံးသူ၏ ညီမ ဝမ်းကွဲဖြစ်သူ ပဲခူးတွင် သေဆုံးကြောင်း သတင်း ရသဖြင့် သွားရောက်ရန် အတွက် သမီးဖြစ်သူက မိခင်ဖြစ်သူကို သွားရောက် ပြောဆိုရန် ယင်းတိုက်ခန်းသို့ ရောက်ရှိ ခဲ့ကြောင်း၊ တစ်တိုက်တည်းနေသူ မိခင် ၏ အစ်မဖြစ်သူ အခန်းတွင် အိမ်အကူ လုပ်သူ အမျိုးသမီးကို မိခင်ဖြစ်သူထံ သွားရောက် ပြောဆိုရန် ယင်းအခန်း သို့ လွှတ်လိုက်ကြောင်း၊




အိမ်အကူ ဖြစ် သူပြန်မလာသဖြင့် လိုက်ပါ ကြည့်ရှုစဉ် အိမ်ပြင် သံတံခါးကိုသာ စေ့ထားပြီး သစ်


သားတံခါးကို အတွင်းမှ သော့ခတ်ထား ကြောင်း၊




ယင်းနောက် မိခင်ကိုအသံပြု သော်လည်း အကြောင်း မပြန်သဖြင့် သော့ပြင်သူကို ခေါ်ကာ


တံခါးဖွင့်ခိုင်းရာ မှ မိခင်ဖြစ်သူသည် အိမ်တွင်းမီးဖိုခန်း တွင် ဆံပင်များ ဖားလျားကျလျက်


ထိုင် လျက် အနေအထားဖြင့် သွေးများအိုင် ထွန်းကာ သေဆုံးနေသည်ကို တွေ့ရှိရ ကြောင်း


ထိုနေ့ နံနက် ၁၀ နာရီကျော် တွင်မြင်ရသော မိခင်ဖြစ်သူ၏ သဏ္ဌာန် ကို သမီးဖြစ်သူနှင့်


အစ်မရင်းဖြစ်သူတို့က ပြန်လည်ပြောဆိုသည်။




"အမေက ပိုက်ဆံဆို ဘဏ်မှာလည်း မထားဘူး၊ လက်ဝတ်လက်စား လည်း မဝယ်ဘူး၊ အိမ်မှာပဲ


ထားတယ်။ အဲဒီနေ့ က ပိုက်ဆံအိတ်နှစ်လုံး ပွင့်နေတယ်။ နောက်ပြီး ဖုန်းလည်း မရှိတော့ဘူး"


ဟု ၎င်းင်းတို့ကဆိုသည်။




ယင်းဖြစ်စဉ် မဖြစ်ပွားမီ ၁၀ ရက် ကျော်က ရဲမှူးကြီး ဖြစ်သူသည် သားရှိရာ မြဝတီသို့ သွားရောက်နေသဖြင့် ၎င်းတို့ အိမ်တွင် နေ့ပိုင်း အိမ်ဖော်အဖြစ် လုပ်ကိုင် သူ အမျိုးသမီးကြီးကို အိမ်တွင် ညဘက်၌ အဖော်အဖြစ် အိပ်စေခဲ့ကြောင်း၊ ယင်း နောက် အိမ်ဖော် အမျိုးသမီးကြီးသည် ခွင့်သုံးရက် ယူပြီးနောက် သေဆုံးမှု မဖြစ်ခင် တစ်ရက်တွင် ညဘက် လာရောက်ကာ အဖော်အဖြစ် အိပ်နေခဲ့ကြောင်း၊ ယင်း နေ့တွင်ပင် သေဆုံးသူသည် အိမ်ရှိလေအေး ပေးစက်ကို ဝယ်ယူသူများကို ခေါ်၍ ရောင်း ချခဲ့ကြောင်း၊




သေဆုံးမည့် နံနက်တွင် ယင်း လေအေးပေးစက် နေရာလွတ်ကို ပြန်လည် ပိတ်ဆို့ရန်အတွက်


လက်သမား များကိုလည်း ခေါ်ခဲ့ကြောင်းကို ၎င်း၏ မိသားစုဝင်များက ပြောကြားသည်။




ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပုဇွန် တောင် ရဲတပ်ဖွဲ့စခန်းက ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေး


နေကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းနှင့် သမီးဖြစ်သူ၏ ပြော ကြားချက်အရ သိရသည်။




The Voice weekly

ရခိုင်ပြည်ကို အစ္စလမ်မိတ်နိုင်ငံ ထူထောင်ရန် အကြမ်းဖက်ဘင်္ဂလီ (၁၁) ဖွဲ့ ပူးပေါင်း


Written by စိုးမင်း        PDF Print E-mail
RSOဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဘန်ဒရော်ဘင်တောင်တန်းဒေသ (ရွာတော်ခရိုင်)နှင့် ဖလောင်းချိတ်မြို့ (Cox's Bazar) ကြားတွင် တိမ်မြုပ်နေသည့် ရခိုင်ပြည်နယ်ကို အစ္စလမ်မိတ်နိုင်ငံ တစ်ခုအဖြစ်ထူထောင်ရန် စိုင်းပြင်နေကြသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား (၁၁) ဖွဲ့ ပူးပေါင်းပြီး လှုပ်ရှားမှု တချို့အား ပြုလုပ်ရန် ပြင်ဆင်နေကြကြောင်း သြဂုတ်လ ၅ ရက်နေ့ထုတ် ဘင်္ဂလားဒေ့ခ်ျ ဖလောင်းချိတ်သတင်း(Cox's Bazar news) စာမျက်နှာတွင် ဖေါ်ပြချက်အရ သိရသည်။
ဘန်ဒရော်ဘင်ခရိုင် အလယ်ခိုတောင်မြို့နယ် တွင် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား အဖွဲ့တစ်ခုသည် ပြန့်ကြဲနေသော ဘင်္ဂလီအဖွဲ့များကို စုစည်းပြီး စခန်းတစ်ခု တည်ဆောက်နေကြောင်းနှင့် အဆိုပါအဖွဲ့အား ကြိုးကိုင်ခိုင်းစေနေသော ဘင်္ဂလီ (၃) ဦးမှာ ဘင်္ဂလားဒေ့ခ်ျ အစိုးရက အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားသည့် ဟိုးရ်ကာတူလ်း ဂျီဟတ်(JMB) တို့ဖြစ်ကြောင်း ရဲထောက်လှမ်းရေး၏ အစီရင်ခံစာတွင်ဖော်ပြထားကြောင်း သိရသည်။
ထို့အပြင် ရခိုင်ပြည်အတွင်း ပဋိပက္ခဖြစ်ပွားပြီးနောက် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖလောင်းချိတ် (Cox's Bazar)မြို့မှ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား (၁၃) ဦးနှင့် ရွာတော်ခရိုင်ရှိ အလယ်ခိုတောင်မြို့နယ်မှ (၃) ဦး ဖမ်းဆီးရမိကြောင်း အဆိုပါသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ခ်ျအစိုးရမှ ဖမ်းဆီးထားသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား အဖွဲ့ဝင် တစ်ဦးက (JMB) ခေါင်းဆောင် ဆာလ်မန်(ခ) ရူဟူလ်းအာမီ(ခ) တာလ်ဟာ ဆိုသူမှာ လက်ရှိ ဂျာမာယာတူလ်းအာရ်ကန် အဖွဲ့ကို ဦးဆောင်ပါဝင် လှုပ်ရှားနေကြောင်း၊ နောက်ထပ် အဖမ်းဆီးခံ တစ်ဦးဖြစ်သူ မိုဟာမက် ကာဖိကလေးတို့ အဖွဲ့မှာ အလယ်ခိုတောင်မြို့နယ်က ကီလိုမီတာ (၂၀) ကျော် ဝေးသောနေရာတွင် အာမခံစခန်းတည်ဆောက်ပြီး ဂျီဟတ်ဒီ စာအုပ်စာတန်းများ ထုတ်ဝယ် ဖြန့်ချိရန်၊ လက်နက်ကြီး လက်နက်ငယ်သင်တန်း၊ ဟိန္ဒီ၊ အူရဒူစာပေနှင့် စကားများအား သင်ကြားပြီး အာဖ်ဂန်နစ္စတန်ကို သွားရောက်ကာ အကြမ်းဖက်မှု နည်းမျိုးစုံအားရယူရန် မျှော်မှန်းထားကြောင်းနှင့် ရခိုင်ပြည်ကို အစ္စလမ်မိတ်နိုင်ငံတော် ထူထောင်ရန် စီစဉ်နေကြောင်း ဝန်ခံခဲ့သည်ဟု အဆိုပါစာမျက်နှာတွင် ရေးသားဖေါ်ပြထားသည်။
၎င်းအဖွဲ့များ၏ လှုပ်ရှားမှုများမှာ နယ်စပ်တစ်လျှောက် လုယက်မှု မှောင်ခိုမျိုးစုံနှင့် ပြစ်မှုမျိုးစုံအား ကျူးလွန်နေကြောင်း သိရသည်။ အဆိုပါ အဖွဲ့အစည်းမှာ လွန်ခဲ့သော (၃) နှစ်အတွင်းက လူအင်အား ၅၀၀၀ ခန့်ရှိခဲ့ပြီး ဘင်္ဂလာဒေခ်ျ့အစိုးရ၏ ထိုးစစ်ဆင်ဖမ်းဆီးခြင်းကြောင့် (AK47) အမျိုးအစား သေနပ်အလက် တစ်ရာကျော်၊ (M16) အမျိုးအစား သေနပ်အလက် ငါးဆယ်ကျော်၊ ဖေါက်ခွဲပစ္စည်းများနှင့် ကျည်ဆံ တစ်သိန်းကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း ဖေါ်ပြထားသည်။
ထို့အပြင် BDR တပ်ဖွဲ့မှ အမည်မဖေါ်လိုသူ ထိပ်ပိုင်းခေါင်းဆောင် တစ်ယောက်ဦးကလည်း လက်ရှိ မြန်မာ့အတိုက်အခံ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့သည် မိမိတို့နယ်နိမိတ်တွင် ရှိနေကြောင်း လျှို့ဝှက်သတင်း ရထားသည့်အတွက် နယ်စပ်တစ်လျှောက် ထိုးစစ်ဆင်ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး RSO အဖွဲ့ဝင်များမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံအတွင်း၌ ပြန့်နှံနေထိုင်ကြပြီး စစ်တကောင်းမြို့တွင် RSO ရုံးဖွင့်ထားကြောင်း၊ ယခုအခါ ဂျာမာယာတူလ်းအာရ်ကန်နာမည်နှင့် အဖွဲ့တစ်ခု မြေပေါ်ဖွဲ့စည်းကာ ဘင်္ဂလားဒေ့ခ်ျအစိုးရနှင့် အစ္စလမ်နိုင်ငံများက ထောက်ခံအသိအမှတ်ပြုလာအောင် လှုပ်ရှားနေကြောင်း စုံစမ်းရရှိထားကြောင်း ဖော်ပြခဲ့သည်။
လွန်ခဲ့သော ၂၀၁၀ ခုနှစ်က တန်းဆိပ်မြို့နယ် ဘောလီပါရာမှာ အာရ်ကန်မူဆလင်အဖွဲ့ အမည်နှင့် အကြမ်းဖက်ရန် စည်းရုံးလှုံ့ဆော်နေစဉ် ဖမ်းဆီးရမိခဲ့သည့် ချာမိန်းမာဟ်ဖူဇ်းဆိုသူနှင့် လက်ရှိအဖမ်း ခံနေသော လူများကို ဆက်စပ်မှု ရှိမရှိ အထူးစစ်ဆေးနေကြောင်းနှင့် ရခိုင်ပြည်မှာ ဖြစ်ပေါ်သော ပြဿနာဇစ်မြစ်သည် အဓိကသွေးထိုး လှုံ့ဆော်ပေးသူများ ရှိနေကြကြောင်း အဆိုပါ သတင်းစာ မျက်နှာတွင် ဖေါ်ပြထားကြောင်း သိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/426-2012-09-08-17-12-31

လှည့်ကင်းရဲ အဖွဲ့၏ ထိန်းသိမ်း ခံရသူ လူငယ်တစ်ဦး ဦးခေါင်းသွေးယိုစီး ဒဏ်ရာဖြင့် သေဆုံး

Inbox
x







ပဲခူးတိုင်းဒေသကြီး ဖြူးမြို့တွင် စက်တင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီခန့်က သောက်စားမူးယစ်နေသော လူငယ်တစ်ဦးအား လှည့်ကင်းရဲအဖွဲ့က ရဲစခန်း


သို့ ခေါ်ဆောင်သွားရာမှဦးခေါင်းသွေးယိုစီးဒဏ်ရာဖြင့် သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖြူးဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။




အဆိုပါ လူငယ်မှာဖြူးမြို့နယ်ရှိ လောကနတ် စားသောက်ဆိုင်ရှေ့တွင် လဲကျလျှက်ရှိပြီး


ရမ်းကားနေသည့် အနေအထားရှိသည့်အတွက် စားသောက်ဆိုင်ပိုင်ရှင်က ည ၉ နာရီခွဲ


ခန့်တွင် ရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ လှည့်ကင်းရဲအဖွဲ့က လာရောက်ပြီး ဆိုက္ကားဖြင့် ခေါ်ဆောင်သွားသည်ကို တွေ့ရှိရကြောင်း မျက်မြင်တွေ့ရှိသူများ၏ပြောကြားချက်အရ သိရှိရသည်။




"ကျွန်မမောင်ကို ရဲစခန်းက ခေါ်သွားတယ်လို့ သူ့သူငယ်ချင်းတွေလာပြောတဲ့အတွက် ချက်ခြင်း လိုက်သွားပါတယ်။ ရဲစခန်းတောင် မရောက်လိုက်ဘူး။ ဆေးရုံးရှေ့လည်းရောက်ရော အသိထဲက တစ်ယောက်လှမ်းခေါ်လို့ ဝင်ကြည့်လိုက်တာ ကျွန်မ မောင်ဖြစ်နေတယ်။ မျက်နှာမှာ ဖူးရောင်ညိုမဲပြီး နှုတ်ခမ်းမှာလည်း သွေးတွေစိုနေတယ်။ ဆေးရုံကတော့ ခေါင်းထိလို့
 သွေးယိုစီးပြီး သေတယ်လို့ပြောပါတယ်။" ဟု သေဆုံးသွားသော လူငယ်၏ အမဖြစ်သူ မမိခက် က


The Voice Weekly သို့ပြောကြားသည်။




အထက်ပါ ကိစ္စနှင့် ပတ်သက်၍ The Voice Weekly က ဖြူးမြို့နယ် ရဲစခန်းထံ ဆက်သွယ်မေးမြန်းရာ


"အဲဒီညက အခြေအနေကို အထက်ကို တင်ပြခဲ့ပါတယ်၊ဘာကြောင့်သေဆုံးတယ် ဆိုတာကို စစ်ဆေးနေပါတယ်၊


ဆရာဝန်ရဲ့ ဆေးစာထွက်ချက်ကို စောင့်နေတုန်းမို့ပါအဲဒီဆေးစာမှာပြင်ပဒဏ်ရာကြောင့်လား


၊ရောဂါကြောင့်လားဆိုတာအဖြေထွက်ပါမယ်၊




မကြာခင်ထွက်ပါလိမ့်မယ်၊ဒီကိစ္စနဲ့ပတ်သက်ပြီးခုံရုံးဖွဲ့စစ်ဆေးဖို့လဲရှိပါတယ်'' ဟု တာဝန်ကျ အရာထမ်းတစ်ဦး ကဖြေကြားသည်။




သေဆုံးသူ ကိုလင်းလင်းထက်သည် အသက်၂၄နှစ်အရွယ်ဖြစ်ပြီးယင်းနေ့ညက ဘီယာသောက်ကာ မူးလာပြီးရဲအားမချေမငံပြောဆိုသဖြင့်အမှုဖြစ်ပြီးစစ်ဆေးစဉ်လက်လွန်သေဆုံးခဲ့ကြောင်း


သတင်းဝက်ဘ်ဆိုက်များ၏ ဖော်ပြချက် အရ သိရသည်။




The Voice Weekly

Flower News အယ်ဒီတာကို လက်ဖက်ရည်ဆိုင်ပိုင်ရှင်က တရားစွဲဆိုမှုအား ခရိုင်မှ ထပ်မံပလပ် *

Inbox
x









သတင်းရေးသားဖော်ပြရာတွင် ဂုဏ်သိက္ခာကျဆင်းစေသည့် ရေးသားချက်များအား ထည့်သွင်း ဖော်ပြပေးထားသည်ဟုဆိုကာ ပုသိမ်မြို့ရှိ လက်ဘက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးမှ Flower News အယ်ဒီတာဦးကျော်စွာမင်းအား တရားစွဲဆိုထားမှုကို ပုသိမ်ခရိုင်တရားလွှတ်တော်မှ ထပ်မံ ပလပ်ခဲ့ကြောင်း သိရှိရသည်။




"အမှုကို ပထမဆုံးမြို့နယ်တရားရုံးသို့တင်ထားစဉ်ကလည်း မြို့နယ်က ပလပ်ခဲ့တာပါ၊ အဲ့ဒါကို မကျေနပ်လို့ခရိုင်ကို ဆက်တင်တာ ဒါပေမဲ့ မှန်ကန်တဲ့ သတင်းပေးချက်ဖြစ်နေတော့ ဂုဏ်သိက္ခာ ကျဆင်းတယ်လို့ ဆိုလို့မရဘူး ဒါကြောင့် ခရိုင်ကလည်း ထပ်ပြီးပလပ်ခဲ့တာပါ "ဟု ပုသိမ်ခရိုင် တရားလွှတ်တော်တရားသူကြီးတစ်ဦးက ပြောသည်။




ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော(၁၂)နှစ်အရွယ်မိန်းကလေးတစ်ဦးအား အစ်ကိုဝမ်းကွဲတော်စပ်သူမှ မဖွယ်မရာကြံစည်ခဲ့မှုအား ဖော်ထုတ်ရေးသားရာတွင် မိန်းကလေး ဖြစ်သူ၏ ရဲစခန်းတွင် ထွက်ဆိုသော ကနဦး ထွက်ဆိုချက်ပါ ဦးလေးဖြစ်သူ ဦးဇော်ဝင်းထံသို့ သွားရောက်စဉ်က ၄င်း၏နာမည်ကိုဖော်ပြခဲ့သည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။




"သတင်းသမားဖြစ်လာပြီဆိုကတည်းက ကျင့်ဝတ်ဆိုတာ ခါးဝတ်ပုဆိုးလို မြဲပြီးပါလာပြီးသားပါ၊ ဒီသတင်းကို ရေးတယ်ဆိုတာကလည်း ဒီခေတ်ထဲမှာ အဲ့ဒီအရွယ်တွေရဲ့ ခန္တာကိုယ်ဖွံ့ဖြိုးမှုအရ ပြစ်မှု ကျူးလွန်သူတွေရဲ့ ပစ်မှတ်ဖြစ်လာတာကြောင့် သူတို့ကိုယ်တိုင်ရယ် မိဘညီအစ်ကို မောင်နှမတွေ ကပါ၊ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမယ့် အသိတရားတွေရအောင် စတုတ္ထမဏ္ဍိုင်မီဒီယာသမား တစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် ထမ်းဆောင်တဲ့သဘောပါ"ဟု ထိုသတင်း အား ဖော်ထုတ်ရေးသားခဲ့သူ ရန်ကုန်မီဒီယာဂရု(ပ်)မှ နယ်သတင်းထောက် ဦးစိုးညွှန့် (စိုးစိုးပုသိမ်)က ပြောသည်။




ပုသိမ်ခရိုင်တရားရုံးကအမိန့်ချမှတ်ရာတွင်လည်းယခုအခါတွင်အရွယ်မရောက်သေးသူမိန်းကလေးများကိုမုဒိမ်းမှုကျူးလွန်ခြင်း များသည်မြန်မာနိုင်ငံနေရာအနှံ့အပြားတွင့်ဖြစ်ပေါ်နေကြောင်း၊အချို့ဖြစ်ရပ်များမှာကိုယ့်သွေးသားရင်းအုပ်ထိန်းသူက ပင်ပြန်လည်ကျူးလွန်သောဆိုးဆိုးရွားရွားဖြစ်ရပ်များအားနေရာအနှံ့၌ဖြစ်ပွားနေကြောင်း၊သတင်းဂျာနယ်များ ယခုကဲ့သို့ပညာပေးဖော်ပြချက်များကို ဖတ်ရှုပြီးမှ သတိထားရှောင်ရှား နိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။




" ပြည်သူတွေက လူ့အဖွဲ့အစည်းအတွင်းမှာ မီဒီယာကဏ္ဍရဲ့ တာဝန်ယူထားရတဲ့အပိုင်းကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ဖို့ လိုပါတယ်၊ အားလုံးက အခုတော့ ပုံသွင်းခံထားရတဲ့ အတိုင်းပဲ၊ မီဒီယာကိုပဲ တစ်ဆိတ်ရှိ မဲဖို့ လုပ်နေတာ၊ ဒီအမြင်တွေကို ပြုပြင်သွားဖို့ အားလုံးမှာ တာဝန်ရှိတယ်" ဟု အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ Eleven Media Group မှ နယ်သတင်းထောက် ကိုသက်မွန်အေး(သက်ဆွေ-ပုသိမ်) က ပြောသည်။




ယခုအချိန်အထိ မီဒီယာအပေါ် အမြင်စောင်းနေသော အချို့ဒေသခံများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းအချို့ကိုမေးမြန်းရန် ခက်ခဲချိန်တွင် နယ်သတင်းများ၏ ရပ်တည်မှုကို မစာနာသော အချို့မီဒီယာလုပ်ငန်းရှင်များနှင့် လက်တွဲလုပ်ကိုင်နေရခြင်းမှာ မိသားစုရပ်တည်မှုအတွက်ပါအခက်အခဲဖြစ်ပေါ်နေချိန်ယခုကဲ့သို့တရားစွဲဆိုမှုကြောင့် နယ်သတင်းထောက်များ ရှားပါးလာနိုင်ကြောင်း နယ်သတင်းထောက်များက သုံးသပ် ကြသည်။




မြစ်မခမီဒီယာ