This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, June 11, 2013

Bobby Soxer ရဲ့ သီချင်းတွေကို အကြံဥာဏ်ပေးတဲ့သူ

ဓာတ်ပုံ - Bobby Soxer ( ထက်ထက် )ဖေ့ဘုစ်မှ

Bobby Soxer (ထက်ထက်)က ဆီး ဂိမ်း အားကစားပြိုင်ပွဲအကြို လှုံ့ ဆော်မှုဖျော်ဖြေပွဲမှာပါဝင်ဖို့ ပြင်ဦး လွင်မြို့ကို ရောက်ရှိနေပါတယ်။ သူ့အနေ နဲ့ဖျော်ဖြေပွဲတွေကို မြန်မာနိုင်ငံအနှံ့သွား ဖြစ်နေပြီး မြို့ကြီးတွေမှာတင် ဖျော်ဖြေဖြစ် တာမဟုတ်ဘဲ မြို့ကြီးတွေကနေ ဆက်သွားရ တဲ့ နယ်မြို့ လေးတွေပါ ဖျော်ဖြေဖြစ်တယ် လို့ပြောပါတယ်။ နယ်ပရိသတ်တွေကတော့ အမြဲတွေ့နေကျမဟုတ်တာကြောင့် သူတို့ ဖျော်ဖြေတဲ့အခါမှာ တအားကို အားပေးကြ တယ်လို့ပြောပြီး မဖျော်ဖြေခင်ကတည်းက ပရိသတ်က ခဏခဏလာကြည့်နေတော့ ပရိသတ်ရဲ့ ချစ်ခင်နွေးထွေးမှုရ လို့ ပျော် တယ်လို့ ထက်ထက်ကပြောပါတယ်။ ထက်ထက် တစ်ကိုယ်တော်အခွေအတွက် ရော ပြင်ဆင်ထားတာရှိလားဆိုတော့..

 ”ထက်ထက်တို့ ဒုံးပျံထွက်ပြီးတာနဲ့  ထက်ထက် တစ်ကိုယ်တော်ခွေအတွက် ပြင် ဆင်ပါမယ်။ ထက်ထက်က သီချင်းတွေကို သူ များတွေကို လည်းမ အပ်ဖြစ်တော့ကိုယ်တိုင်ရေးဖို့အကြောင်းအရာတွေကို သေချာစဉ်းစားပြီး လုပ်တယ်။ ပရိသတ်ကိုယ့်ကိုစိတ်ဝင်စားတုန်းမှာ တစ် ကိုယ်တော်ခွေ ကိစ္စကို ပြီးချင်တယ်။ အဲဒါ ကြောင့် အခုသီချင်းရေးတဲ့ဘက်ကို ပြန်Run  နေတယ်” လို့ပြောပါတယ်။ ထက်ထက် စတိတ် ပေါ်မတက်ခင် မေးေ နတာဖြစ်ပါတယ်။ သူ့ အနေနဲ့ စတိတ်ပေါ်မတက်ခင် တချို့ အဆို တော်တွေလို စိုးရိမ်နေတာမျိုး မတွေ့ရတာနဲ့ ပတ်သက်ပြီး.

“ထက်ထက်က စတိတ်တွေ၊ ပရိ သတ် တွေကို မကြောက် တတ်ပါဘူး။ စင်ပေါ်ရောက် သွားရင်၊ ပရိသတ် နဲ့တွေ့ရင် ပို အားရှိပြီးပျော် ပါတယ်။ စင် ပေါ် မတက် ခင် ဘာမှသိပ် မစဉ်းစားဘဲ စင်ပေါ်မှာ ပရိသတ်နဲ့ အပေး အယူတည့်အောင် လုပ်ဖို့ပဲတွေးပြီး ပြင်ဆင်ပါတယ်” လို့ပြောပါတယ်။ ထက်ထက်ကို ဂီတနဲ့ပတ်သက်ပြီး ဘယ်သူက အကြံဥာဏ် ပေးလဲဆိုတော့… “ဒုံးပျံခွေကတော့ ကိုလွှမ်းပိုင်း နဲ့ သမီး နဲ့တိုင်ပင်ပြီး လုပ်တာပေါ့နော်။ အမ်တီဗီ ကတော့ ကိုလွှမ်းပိုင်တို့ စတိုရီတွေ၊ ဘာတွေ ဆွဲပြီး ဒါရိုက်တာနဲ့လုပ်တာပါ။ ပြီးတော့ ထက်ထက်အစ်ကိုက အကြံဥာဏ်ပေးပါ တယ်။ သူက သင်္ဘောတက်နေတော့ ရန်ကုန် မှာအမြဲမရှိဘဲ ထက်ထက်ရေး ထားတဲ့သီချင်း တွေ သူ့ကိုပြတယ်။ ကွန်မန့်တောင်းပြီး အစ်ကို့ရဲ့ အတည်ပြုချက် ကိုယူပါတယ်။ သီချင်းတစ်ပုဒ်အောင်မြင်ရင် ပရိသတ် အသံ နားထောင်ပြီး နောက်သီချင်းဖန်တီး တဲ့အခါ မှာ ဘာဖြည့်ရမလဲဆိုတာကို တွေးပြီးပြင်
ဆင်ပါတယ်” လို့ ပြောပါတယ်။ ထက်ထက်ကို ပြင်ဦးလွင်မြို့ကအမှတ် တရအကြောင်း မေးတော့ “ပြင်ဦးလွင်မြို့ပရိသတ်ကတော့ ထက်ထက်နဲ့ မစိမ်း ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထက်ထက် အဆိုတော် ပေါက်စ ဘဝအတွဲခွေတစ်ခွေ၊ နှစ်ခွေထဲ မှာ ပါကတည်းက ပြင်ဦးလွင်မှာ ဆိုဖူးတာပါ။ ဒီမြို့ကိုကြိုက် တယ်။ ရာသီဥတုကလည်း မိုက်တော့ ထက်ထက်တို့ ဆိုရ တာနဲ့ ဝတ်ရတဲ့ ဖက်ရှင်နဲ့ လိုက်တော့ ကြိုက်တယ်” လို့ ပြောပြခဲ့ပါတယ်။

နေကွန်းထင်

by Popular Journal

လေယာဉ် ချုံထဲတိုးဝင်သွားသည့် မှတ်တမ်း ဓါတ်ပုံများ


မြန်မာ့လေကြောင်း မှ လေယာဉ် ကော့သောင်း လေဆိပ်တွင် ပြေးလမ်းချော် သည့်ဖြစ်စဉ် မှတ်တမ်း ဓါတ်ပုံများ ။ ဓါတ်ပုံ - ရဲဇာနည် (မြန်မာနိုင်ငံရဲတပ်ဖွဲ့ )





မလေးရှားတွင် ဆက်တိုက် တိုက်ခိုက်ခံရမှု မြန်မာနိုင်ငံသား ၆ ဦးထက်မနည်း သေ

ခင်ဦးသာ

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် ဆက်တိုက် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှု ခံနေရပြီး ယနေ့အထိ အသတ်ခံရသူ အနည်းဆုံး စုစုပေါင်း ၆ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အနီး ဆာလာရမ်း (Sealyang) ဒေသရှိ ဈေး၌ အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား တချို့ မေလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် တိုက်ခိုက် သတ်ဖြတ်ခံရပြီးနောက်၊ တခြား ဒေသများတွင်လည်း သတ်ဖြတ်ခံရသူ တချို့ ရှိကြောင်း၊ သို့သော် အလောင်းများးကို စုံစမ်းရှာဖွေနေဆဲ ဖြစ်ကြောင်း ကပုန်း နာရေးကူညီမှု အဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ကိုယ်တိုင်တွေ့ထားတဲ့ အလောင်းက ၆ လောင်း ရှိပါပြီ၊ တခြား အသတ်ခံရသူ တချို့လည်း ရှိတယ်လို့ သတင်းပို့တာတွေလည်း ရှိတယ်။ ဒါပေမယ့် အလောင်းတွေကိုတော့ စုံစမ်းရှာဖွေနေဆဲပါ” ဟု ၎င်းက ဆိုသည်။

ထို လူသေ အလောင်းများသည်လည်း သီတင်း တပတ်ကျော်နေသည့်တိုင် မြန်မာနိုင်ငံသား ဖြစ်ကြောင်းကို မြန်မာသံရုံးက ထောက်ခံချက် မပေး၍ ယနေ့အထိ သင်္ဂြိုဟ်ခြင်း မပြုရသေးကြောင်း သိရသည်။

ကပုန်း နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ကိုဆန်းဝင်း ကလည်း “ဒီလူတွေက ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်နေတယ်။ ဒီတော့ အကြောင်း အမျိုးမျိုးကြောင့် သူတို့မှာ ပတ်စ်ပို့ မရှိဘူး။ တချို့ အလောင်းတွေက ပုပ်နေပြီ၊ မြန်မာတွေ အသတ်ခံနေရတာနဲ့ ပတ်သက်ပြီးလည်း သံရုံးက ထိထိရောက်ရောက် ကူညီပေးနေတာ ဘာမှ မရှိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးသူများ၌ တရားဝင် ပတ်စ်ပို့ မရှိသော်လည်း ၎င်းတို့၏ မိသားစုများထံမှ သန်းခေါင်စာရင်းနှင့် အထောက်အထားများ ပေးပို့ထားကြောင်း၊ သို့သော် သံရုံးမှ ကူညီပေးမှု မရှိသေးကြောင်း၊ လူသေ အလောင်းများကို ဆေးရုံ၌ ထားရှိဆဲ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူများ သင်္ဂြိုလ်ခွင့် မရသေးခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ၏ ပြောခွင့်ရသူနှင့် ပြန်ကြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က သေဆုံးသူ၏ မိသားစု သန်းခေါင်စာရင်း၊ နိုင်ငံသားလက်မှတ် စသည့် အထောက်အထားများ ခိုင်လုံစွာဖြင့် မလေးရှားနိုင်ငံတွင် သင်္ဂြိုလ်လိုသည်ဟု သေဆုံးသူ မိသားစုဝင်များ ကိုယ်တိုင် ဥပဒေအရ လျှောက်ထားရကြောင်း ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားသည်။

“အရင်က အလုပ်သမားတချို့ သေဆုံးတော့ မလေးမှာပဲ သင်္ဂြိုလ်လိုက်တော့ သက်ဆိုင်ရာ မိသားစုတွေက ကန့်ကွက်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိတယ်။ အထူးသဖြင့် အလုပ်ခွင်အတွင်း သေဆုံးတဲ့အခါ လျော်ကြေးဆိုင်ရာ အငြင်းပွားမှုတွေ ရှိခဲ့တယ်” ဟု ဒု ဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

သက်ဆိုင်ရာ မိသားစုများ အနေဖြင့် အိမ်ထောင်စုဇယား၊ ရပ်ကွက် ထောက်ခံချက်၊ နိုင်ငံကူးလက်မှတ် မိတ္တူ သို့မဟုတ် နိုင်ငံသား စိစစ်ရေး လက်မှတ် မိတ္တူ၊ အလုပ် လုပ်ကိုင်နေသည့် ကုမ္ပဏီ လိပ်စာများဖြင့် နိုင်ငံခြားရေး ၀န်ကြီးဌာနထံ လျှောက်ထားပါက မြန်မာသံရုံးမှ တဆင့် မလေးရှားအစိုးရကို လုပ်ထုံးလုပ်နည်းအရ အကြောင်းကြားပေးမည် ဖြစ်ကြောင်း ဒု ဝန်ကြီး ဦးရဲထွဋ်က ဆက်ပြောသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများ အရေးနှင့် ပတ်သက်၍လည်း အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တခု အမြန်ဆုံး စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရများ က ညှိနိုင်းဆောင်ရွက်နေကြောင်း သိရသည်။

ကွာလာလမ်ပူမြို့ရှိ စက်ရုံ၊ အလုပ်ရုံအများစု တည်ရှိရာ ရှမ်းလမ်းရှိ မြန်မာအမျိုးသမီး ၂ ဦးနှင့် ပီနန်အရပ်မှ အမျိုးသားတဦး တို့သည်လည်း ယမန်နေ့တွင် အသတ်ခံရကြောင်း၊ သို့သော် မည်သူမည်ဝါ ဖြစ်သည်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားသည့်နေ့မှ ယနေ့အထိ သေဆုံးသူ ၁၀ ဦး ကျော်ပြီ ဖြစ်ကြောင်း မလေးရှားရောက် မြန်မာများက ပြောသော်လည်း ဧရာဝတီက အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသည့် မြန်မာများ ဆေးရုံများသို့ သီးခြားစီ ရောက်ရှိလာသော်လည်း အရေအတွက် အတိအကျကို မခန့်မှန်းနိုင်ကြောင်း၊ တခါတရံ ဆရာဝန် အကြောင်းကြားသလောက်သာ သိရှိရကြောင်းနှင့် ဒဏ်ရာသူ ၁၀ ဦးထက် မနည်း ရှိနိုင်ကြောင်းလည်း သိရသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများသည် မေလ ၃၀ ရက်နေ့မှ စတင်၍ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံနေရခြင်း၊ မလေးရှား ရဲများ၏ ဖမ်းဆီးမှု ဆက်တိုက် ခံနေရခြင်းတို့ကြောင့် မိမိတို့နိုင်ငံကို ပြန်လိုကြသော်လည်း အခက်အခဲ အမျိုးအမျိုးကြောင်း မပြန်နိုင်ကြသေးကြောင်း မလေးရောက် မြန်မာများက ပြောသည်။

ဖမ်းဆီးခံထားရသူ တရားဝင် အထောက်အထား ရှိသူရော၊ တရားမဝင် မြန်မာ ဦးရေပါ ယနေ့အထိ ၄၀၀၀ နှင့် ၅၀၀၀ အကြား ရှိကြောင်း သိရသည်ဟု ဧရာဝတီက ဆက်သွယ်မေးမြန်းသည့် မျက်မြင် မြန်မာအများစုက ဖြေကြားသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ မတိုင်ခင်တွင်ပင် မလေးရှား ရဲက တရားဝင်၊ မဝင် မြန်မာနိုင်ငံသား ၉၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ယခုကဲ့သို့ မြန်မာများကို တိုက်ခိုက် သတ်ဖြတ်ခြင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး အဓိကရုဏ်းများ၏ ဂယက်ကြောင့် ဖြစ်သည်ဟု မလေးရှားရဲတပ်ဖွဲ့ တာဝန်ရှိသူများက မီဒီယာများသို့ ပြောဆိုထားသည်။

မေလ ၃၀ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ ကွာလာလမ်ပူနှင့် ဆီလန်ဂေါအရပ်ဒေသ တချို့တွင် မြန်မာနိုင်ငံသားများကို အကြမ်းဖက် တိုက်ခိုက်မှု ၇ ကြိမ်ဖြစ်ခဲ့သည်ဟု မလေးရှား အာဏာပိုင်များကို ကိုးကား၍ The Star သတင်းစာတွင် ရေးသားထားသည်။

မလေးရှားနိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာ ၃ သိန်းခန့်ရှိပြီး တရားမ၀င် အလုပ်လုပ်နေသူ မြန်မာ ၁ သိန်းခန့်ရှိကြောင်း၊ ထို့အပြင် နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရရှိရန် ရောက်လာသူလည်း ရာနှင့်ချီ၍ ရှိကြောင်း သိရသည်။

မလေးရှားရောက် မြန်မာအရေးများနှင့် ပတ်သက်၍ နောက်ဆုံးဖြစ်စဉ်များကို မေးမြန်းရန် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ် ခဲ့သော်လည်း မရခဲ့ပေ။

မလေးရှားရောက် မြန်မာများ ဆက်လက် အကြမ်းဖက်ခံနေရဆဲဟုဆို

မလေးရှားရောက် မြန်မာများ ဆက်လက် အကြမ်းဖက်ခံနေရဆဲဟုဆို

မလေးရှား နိုင်ငံရောက် မြန်မာ နိုင်ငံသားများ ဆက်လက် အကြမ်းဖက် ခံနေရဆဲ ဖြစ်ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောသည်။ “ကလန်းမှာ မိန်းကလေး နှစ်ယောက်ကို မုဒိမ်းကျင့်ပြီး သတ်သွားတယ်။ နောက် ညပိုင်းမှာ ဂျိုကိုး ပါတူး မှာ ယောက်ကျားလေး နှစ်ဦး အသတ်ခံရတယ်။ မနက်မိုးလင်းမှ အလောင်း ရတယ်။ နောက်တော့ မာလကာ ပတ်စတန်း ဝင်းထဲမှာ ယောက်ကျားလေး ၃ ယောက် အသတ်ခံလိုက်ရပါတယ်” ဟု ပြောသည်။

Monday, June 10, 2013

မလေးရှား နိုင်ငံရောက် မြန်မာ နိုင်ငံသားများ ဆက်လက် အကြမ်းဖက် ခံနေရဆဲ ဖြစ်ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောသည်။

အကြမ်းဖက်မှုကြောင့် အလုပ်ပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့တွင် ၇ ဦး ထပ်မံသေဆုံးခဲ့ရကြောင်း အထွေထွေ သပိတ် ကော်မီတီ (၈၈)မှ ကိုအောင်ကြီးက မဇ္ဈိမကို ပြောသည်။

“ကလန်းမှာ မိန်းကလေး နှစ်ယောက်ကို မုဒိမ်းကျင့်ပြီး သတ်သွားတယ်။ နောက် ညပိုင်းမှာ ဂျိုကိုး ပါတူး မှာ ယောက်ကျားလေး နှစ်ဦး အသတ်ခံရတယ်။ မနက်မိုးလင်းမှ အလောင်း ရတယ်။ နောက်တော့ မာလကာ ပတ်စတန်း ဝင်းထဲမှာ ယောက်ကျားလေး ၃ ယောက် အသတ်ခံလိုက်ရပါတယ်” ဟု ပြောသည်။

ထို သေဆုံးမှုများနှင့်ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

သောကြာနေ့ကလည်း မလေးရှားနိုင်ငံ ကပုန်းရှိ ဆူပန်း၌ ထီးစက်ရုံ၌ အလုပ်လုပ်နေသည့် ရခိုင် လူမျိုး လေးဦးနှင့် မြန်မာလူမျိုး တဦး ထပ်မံ အကြမ်းဖက်ခံရကာ ရခိုင် လူမျိုး ကိုခင်မောင်ဝင်းမှာ ခုတ်လာသည့် ဒါးအား ကာကွယ် လိုက်ရာ လက်ဝါး၌ ဒဏ်ရာ ကြီးစွာရခဲ့ပြီး ဆေးရုံ တက်ရောက် ကုသမှု ခံယူနေရဆဲ ဖြစ်သည်ဟု မြန်မာ့ လူမှုကူညီမှု အသင်း မလေးရှား၏ တာဝန်ခံတဦးက ပြောသည်။

“အဲဒီနေ့ မနက် (၃) နာရီခွဲပေါ့ အိပ်နေတဲ့ အချိန်ကြီး သူတို့ သစ်သား အိမ်က အပေါက်လေးကို အနံ့ပြင်းတဲ့ Sprayတွေ ဖြန်းတာ။ အဲဒီ အနံ့ကို မခံနိုင်လို့ အိမ်တံခါး မကြီးကို အလုအယက် ဖွင့်တာ အဲဒီမှာ ဓါးနဲ့ခုတ်တာ။ အဲဒါ ကိုခင်မောင်ဝင်းက လက်ဝါးမှာ အကြော ပြတ်ပြီး အပြင်းအထန် ဒဏ်ရာ ရသွားတယ်။ ကွာလလမ်ပူ ဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက် ကုသမှူ ခံယူနေတယ်” ဟု ပြောသည်။

ထိုသို့ အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပွားနေသော်လည်း ကွာလာလမ်ပူရှိ မြန်မာ သံရုံးမှ ကူညီ လုပ်ဆောင်ပေး မှုများကို မမြင်တွေ့ရသေးကြောင်း ၎င်းက ဆိုသည်။

“မြန်မာ သံရုံးက ဘာမှ မလုပ်ပေးဘူး။ ရေငုံ နှုတ်ပိတ် နေတာပဲ ရှိတယ်။ သံရုံး ပြောသလို မူးရှူးလို့ ဖြစ်ကြတာမှ မဟုတ်တာ။ သွားတဲ့ လူတိုင်း အခုတ်ခံ နေရတာ။ မလေးရှား ဒေသ တော်တော်များများ ဖြစ်နေတယ်။ ပျံ့နေပြီ။ မြန်မာ နိုင်ငံသားတွေ အတွက်တော့ မလေးရှားက လုံခြုံမှု အနေအထား သိပ်မကောင်းတော့ဘူး” ဟု ပြောသည်။

ဇွန် ၆ ရက်နေ့တွင် ကွာလာလမ်ပူရှိ မြန်မာ သံရုံးရှေ့၌ မလေး အစိုးရ ခွင့်ပြုချက်ဖြင့် တရားဝင် ဆန္ဒပြခဲ့သူ ငါးဦးမှာလည်း လုံခြုံရေး အခြေအနေ စိုးရိမ်နေရကာ ပုန်းလျိုးနေထိုင် နေကြရလျက် ရှိသည်ဟု ဆိုသည်။

မြန်မာ အများစု နေထိုင်ရာ ကွာလာလမ်ပူ၊ အန်ဘန်း၊ ဂျရတ်၊ ဆာလာရန်း ဒေသများ၌ မလေးရှား အာဏာပိုင် များမှ အော်ပရာစီခေါ် ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေလျက်ရှိပြီး မြန်မာ နိုင်ငံသား ၉၀၀ ကျော်အား ဖမ်းဆီးပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ထိုဖမ်းဆီးမှုများအတွင်း နိုင်ငံကူး လက်မှတ်နှင့် အခြား တရားဝင် အထောက်အထား ရှိသည့် မြန်မာနိုင်ငံသား များကို ပြန်လည် လွှတ်ပေးမည်ဟုလည်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်မှ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားနှင့် တယ်လီဖုန်း အင်တာဗျူး၌ ပြောကြားခဲ့သည်။

“ဇွန် ၅ ရက်နေ့မှာ ကျတော့ မလေးရှား နိုင်ငံခြားရေး ဌာန ဝန်ကြီးက နေပြီးတော့ ကျနော် အပါအဝင် သံအမတ် ၆ ယောက် ညနေပိုင်း ၃ နာရီခွဲမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။ လိုအပ်တဲ့ ဟာတွေကို တင်ပြဆွေးနွေးပါ ပြောတဲ့အပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အပိုင်းကို ကျနော် ဝန်ကြီးကို တင်ပြခဲ့တယ်။ မြန်မာနိုင်ငံသားတွေကို ကာကွယ် စောင့်ရှောက် ပေးဖို့။ တရားမျှတစွာ ဆောင်ရွက် လုပ်ဆောင် ပေးဖို့ တင်ပြခဲ့ပါတယ်” ဟု သံအမတ်ကြီး ဦးတင်လတ် က ဖြေကြားခဲ့သည်။

မဇ္ဈိမ သတင်း ဌာနမှ ဖြစ်စဉ် အကြောင်းအရာများနှင့် မြန်မာ နိုင်ငံသားများအား သံရုံးမှ ကူညီ လုပ်ဆောင် ပေးနေမှု အနေအထားများနှင့် ပတ်သက်၍ သီးခြား ဆက်သွယ်ရန် ကြိုးစား ခဲ့သော်လည်း သံရုံးမှ တယ်လီဖုန်းများအား လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

မလေးရှား နိုင်ငံရှိ မြန်မာနိုင်ငံသားများ လုံခြုံရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ရန် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို မလေးရှားနိုင်ငံသို့ စေလွှတ်မှာ ဖြစ်ကြောင်း နှင့် ခရီးစဉ်နှင့် ပတ်သက်ပြီး နှစ်ဘက် ညှိနှိုင်းဆဲဖြစ်သည် ဟု သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ် က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

အကြမ်းဖက် သတ်ဖြတ်မှု ဖြစ်စဉ် များကြောင့် ဒဏ်ရာရသူများ ဆေးရုံ တက်ရောက် ကုသမှုကို ထောက်ပံ့ပေးနိုင်ရန် မြန်မာ လူမှု ကူညီရေး အသင်း မလေးရှားမှ စေတနာရှင်များထံမှ အလှူငွေများ လိုက်လံ ကောက်ခံလျက် ရှိပြီး မလေးရှား ရင်းဂစ် ၃,၀၀၀ ကျော် ကောက်ယူ ရရှိပြီး ဖြစ်ကြောင်းနှင့် ဆက်လက် လှူဒါန်း ကြမည့် အလှူရှင်များ လည်း ရှိနေကြောင်း အသင်း တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားနေ၍ မလေးရှားရောက် မြန်မာနိုင်ငံသား အများစုမှာ အမိနိုင်ငံသို့ပြန်ကြရန် ဆန္ဒရှိနေကြကြောင်း သိရှိရသည်။

ဟင်္သာနီ (မွန်မြေ) စံခလပူရီ (မဇ္ဈိမ)
by Mizzima - News in Burmese

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အသားအရောင်နှင့် လူမျိုး၊ ဘာသာမတူတိုင်း ရန်သူဟု မသတ်မှတ် သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


===================
ပြင်ဦးလွင်၊ ဇွန် ၉
The Voice Weekly

အသားအရောင် မတူသူများ၊ ဘာသာ မတူများ၊ လူမျိုးမတူသူများကို ရန်သူဟု မသတ်မှတ်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဦးလွင်မြို့တွင် ဇွန်လ ၉ ရက် က ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြင်ဦးလွင် ခရီးစဉ်အတွင်း ဒေသခံ လူထုနှင့်တွေ့ဆုံပြီးအမေး အဖြေပြုလုပ်စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ ဘာသာမတူတာကို အပြစ်လို့ မယူဆဘူး။ အချင်းချင်းနားလည်မှု တည်ဆောက်ထားရင် ပြဿနာ အားလုံး ပြေလည်နိုင်ပါတယ်” ဟု ၎င်းက အကြံပြုပြောဆိုသည်။

မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့သည့် ဘာသာရေး ပဋိပက္ခများသည် တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ အစိုးရ၏ ဆောင်ရွက်ပုံ အားနည်းခြင်းကြောင့် ပိုမိုကြီးထွား လာရခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

ပဋိပက္ခဖြေရှင်းအတွက်ကို လူ့အဖွဲ့အစည်း နှစ်ဖက်စလုံး သည်းခံရန် လိုအပ်ပြီး နိုင်ငံသားအချင်းချင်းနားလည်မှု ရှိသင့်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ဒေသများအတွင်း ထုတ်ပြန်ထားသော အရေးပေါ်ကြေညာချက်များ လိုအပ်မှု ရှိ မရှိ ပြန်လည် သုံးသပ်ရန် လွှတ်တော်တွင် အစိုးရကို တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၉ ရက်နေ့ ပြင်ဦးလွင်ခရီးစဉ်တွင် မန္တလေး အောင်ပင်လယ်ရှိ မြရည်နန္ဒာ ကျူးကျော်ရပ်ကွက်တွင်နေထိုင်သူ များ နေအိမ် ပြန်လည်ရရှိရန် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယင်းခရီးစဉ်တွင် ပြင်ဦးလွင် မြို့ခံများကို မိန့်ခွန်း ပြောကြားခဲ့ပြီး ဒေသခံများ မေးမြန်းသည့် မေးခွန်းငါးခု ကို ပြန်လည်ဖြေကြားခဲ့သည်။

https://www.facebook.com/photo.php?fbid=587107661309497&set=a.164790403541227.32157.158797964140471&type=1&theater