This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, April 27, 2012

ကာကွယ်စောင့်ရှောက် နဲ့ လေးစားလိုက်နာ

Inbox
x

Lu Bo lubo601@gmail.com
2:06 AM (9 minutes ago)

to mrsorcerer
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: Fri, Apr 27, 2012 at 1:32 AM
Subject: [လူဗိုလ်ဟူသည် ...] ကာကွယ်စောင့်ရှောက် နဲ့ လေးစားလိုက်နာ
To: lubo601@gmail.com



ဦးဖိုးသာအောင်
၂၄။၎။၂၀၁၂

တကယ်တော့ မြန်မာ့နိုင်ငံရေးမှာ ကလေးကွက်တွေနဲ့ ရွှေ့ကစားနေကြတယ်၊ ပြီးတော့ ကလေးစကားတွေပြောပြီး သတင်းလုပ် သတင်းလွှင့်နေကြတယ်၊ ရိုးသားဖြူစင်သူတွေက ရှင်းရှင်းနဲ့ မှန်မှန်ပြောတယ်၊ မရိုးသား မဖြူစင်သူတွေက ရှုတ်အောင်လုပ်ပြီး မှန်တာမပြောဘူး၊ အဲဒါအကျင့်ကြီး တခုလိုဖြစ်နေပြီး နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့ အလုပ်တို့ ဘာတို့ ဆိုပြီး နိုင်ငံရေး ကလိန်ခြုံတွေက ဝါဒဖြန့်ကြတယ်၊ တကယ်တော့ နိုင်ငံရေးဟာ နိုင်ငံရေးပါပဲ၊ မွန်မြတ်တဲ့ အများအကျိုးကို ဆောင်ရွက်တဲ့ ကိစ္စပါ။


နိုင်ငံရေးသမားဆိုတာ ရှေ့မှာ ဘာဖြစ်မယ်လို့ ကြိုတင်ပြီးပြောနိုင်တယ်တဲ့၊ အကယ်၍ ဖြစ်မလာဘူးဆိုရင်လည်း ဘာကြောင့်ဖြစ်မလာဘူးဆိုတာကို ပြောဖို့ သူ့မှာ အဆင်သင့်ရှိနေတယ်လို့ ပြောခဲ့ကြတဲ့ ဝင်စတန် ချာချီတို့ခေတ်လည်း မဟုတ်တော့ပါ၊ လှည်းခေတ် လှေခေတ်လည်း မဟုတ်တော့ပါဘူး၊ အာတိတ်နဲ့ အန္တာတိတ်ကို စက္ကန့်ပိုင်းမှာ အရောက်ပို့နိုင်တဲ့ ခေတ်လည်းဖြစ်နေပါပြီ၊ အဲဒီတော့ ခေတ်ကိုလည်း ပြန်ကြည့်ပြီး ပြောကြဆိုကြဖို့ လိုနေပါပြီ။ 




လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေသည် ရိုးရှင်းပါသည်၊ သို့သော် ရှင်းနေလျှင် သိသာမြင်သာသည်၊ ရှုတ်နေမှ မသိသာ မမြင်သာဖြစ်မည်၊ ဒါကြောင့် ပြည်သူတွေ မသိသာ မမြင်သာအောင် ပြုလုပ်နေသူ လူတစ်စု ရှိနေသည်၊

ထိုသူတွေသည် အပြောင်းအလဲ အတိုးအတက်ကို မလိုလားသူများသာ ဖြစ်ကြသည်၊ ထိုသူများသည် ရှေးရိုးစွဲ ဝဲ ယာ ဝါဒီများပင်ဖြစ်သည်၊ ဖွံ့ဖြိုးလာသည့် ကမ္ဘာတွင် မဖွံ့ဖြိုးနိုင်တော့ဘဲ လောင်ပုတ်တက်သွားသည့် နေလောင်သီးများအဖြစ် ကြွေကျရတော့မည်၊ သို့သော် မြန်မာပြည်တွင် ရှိနေဆဲ ဖြစ်သည်။

တိုးတက်ပြောင်းလဲမှု့ကို လိုလားသည့် အသိုင်းအဝိုင်းသည် အိုင်တီနည်းပညာနှင့်အတူ ကမ္ဘာကြီးကို အမှန်မြင်အောင်ကြည့်ပြီး လှုပ်ရှားနေကြပါသည်။ မိမိတို့လိုလားသည့် ဒီမိုကရေစီ စနစ်ကိုလည်း ကမ္ဘာနှင့် တန်းတူ ရှင်သန်သည့်လူထုနှင့် တကွ အသိုင်းအဝိုင်းကို ဦးဆောင်နေသူမှာ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်နေပါသည်။

မြန်မာပြည် မတိုးတက်ဘဲ ဆုတ်ယုတ်ပျက်စီးနေသည်မှာ စစ်အာဏာရှင်စနစ် (ယ္ခင်မြန်မာ ဆိုရှယ်လစ်လမ်းစဉ်) ပေါ်ပေါက်ခဲ့ရသောကြောင့်ဖြစ်ပါသည်။ စစ်အာဏာရှင် စနစ် ဖြစ်ပေါ် လာရသည်မှာလည်း မြန်မာပြည်တွင် ကွန်မြူနစ်ဝါဒ လွှမ်းမိုးလာမည်ကို စိုးရိမ်ရသောကြောင့် လောလောဆယ်အားဖြင့် အဟန့်အတားဖြစ်စေမည့် ကွန်မြူနစ်ထက် ဆိုးသော စစ်အာဏာရှင်ကို အနောက်အရင်းရှင် အုပ်စုက အားပေးတင်မြှောက်သကဲ့သို့ ဖြစ်ကာ ဗိုလ်နေဝင်းကြီးက အာဏာရှင်ကြီးဖြစ်ခဲ့ရပါတော့သည်။

စစ်အာဏာရှင်၏ လက်ထက်မှာ ဥပဒေတို့ ဥပဒက်တို့ဆိုတာ မရှိပါ၊ ၁၉၇၄ ခု ဖွဲ့စည်းပုံ ဥပဒေဆိုသည်မှာလည်း ဟန်ပြသာဖြစ်ပါသည်၊ စစ်ဗိုလ်များ ထင်ရာလုပ်နိုင်သည့် ခေတ်ဆိုးပင်ဖြစ်ပါသည်၊ ယနေ့ထက်တိုင် ရှိနေဆဲဟုဆိုလျှင် လွန်မည်မဟုတ်ပါ။ နည်းပညာပေါက်ကွဲမှု့နှင့်အတူ ခေတ်စနစ်တွေ ပြောင်းလဲတိုးတက်လာနေပါသည်၊ လူသားတွေနှင့် မဆီလျှော်သည့် စနစ်ဆိုးများသည်လည်း ပျက်စီးပျောက်ကွယ်လာနေပါပြီ၊ 



ကွန်မြူနစ်စနစ်ဆိုးကြီး ပျက်စီးလုဆဲဆဲ အသက်ငင်နေသည့် ကာလမို့ ကွန်မြူနစ်တားဆီးရေး ခံကတုတ်အဖြစ် အသုံးချခဲ့သော စစ်အာဏာရှင် စနစ်ဆိုးကိုလည်း အပြီးတိုင် ရိုက်ချိုးဖယ်ရှားရမည့် အချိန်ပင်ဖြစ်နေပါသည်၊ မြန်မာပြည်တွင် ကွန်မြူနစ်စနစ်ဆိုးကြောင့် ပေါ်ပေါက်လာရသည့် စစ်အာဏာရှင် စနစ်ဆိုးကြီးအစား နိုင်ငံတကာ စံချိန်မီ ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်ရန် ပြည်သူတွေက တာစူနေကြပါပြီ။

သို့သော် စစ်အာဏာရှင် စနစ်ဆိုးကြောင့် ကြီးပွါးကောင်းစားကြပြီး လက်ညှိုးညွှန်ရာ ရေဖြစ်နေသည့် ခေတ်နှောင်း အာဏာရှင်လက်ကျန်များကတော့ အပြောင်းအလဲကို လိုလားသူရှိကြသလို၊ မလိုလားသူများလည်းရှိနေကြပါသည်။ အပြောင်းအလဲကို လိုလားသူများကတော့ ကမ္ဘာ့အပြောင်းအလဲနှင့် မြန်မာ့ ပထဝီဝင် အနေအထားကို မြင်အောင်ကြည့်တတ်သူများ ဖြစ်ကြပြီး သူတို့အတွက် အမျှော်အမြင်ရှိသည်ဟု ဆိုရပါမည်၊ 

အပြောင်းအလဲကို မလိုလားသူများကတော့ နိုင်ငံရေး ဒုံးဝေးပြီး လွန်စွာမိုက်မဲကာ စစ်အာဏာရှင် စနစ်ဟောင်းကို ဖက်တွယ်ထားချင်သူများပင်ဖြစ်ပါသည်၊ သို့ဆိုစေကာမူ နှစ်ဦးစလုံးသည် သူတို့၏ မတရား ပိုင်ဆိုင်ထားသည့် တိုင်းပြည်နှင့် ပြည်သူ့ ပစ္စည်း ဥစ္စာများကိုကား မူလပိုင်ရှင် ပြည်သူလူထုထံသို့ ပြန်လည်ပေးအပ်ချင်မည်တော့ မဟုတ်ကြပါ။ 


ဒါကြောင့် ခေတ်နှင့်လျှော်ညီစွာ နိုင်ငံတကာက လက္ခံလာအောင် နိုင်ငံရေး အပြောင်းအလဲ တခုတော့ မဖြစ်မနေလုပ်ကြရတော့မည့် အခြေတွင် စစ်အာဏာရှင် တစုတို့ ပနက်ရိုက်ခဲ့သည့် Road Map ခေါ် အဆင့် ၇ ဆင့် အစီအစဉ်အတိုင်း အကောင်အထည်ဖေါ်ခဲ့ရာ နောက်ဆုံးအဆင့်များသို့ပင် ရောက်လာခဲ့ပါသည်၊ 

သို့သော် သူတို့ရည်မှန်းချက်အတိုင်း အဆင့် (၇) ဆင့်သာ အကောင်အထည်ပေါ် အောင်မြင်သွားလျှင် ဒီမိုကရေစီစနစ်သို့ မရောက်တော့ဘဲ အမည်ခံ အရပ်သားအစိုးရသာဖြစ်ပြီး စစ်တပ်ဦးစီးသည့် လက်ဝါးကြီးအုပ် အရင်းရှင် စနစ်ကြီးတခုဖြစ်ထွန်းလာပြီး မူလက စစ်အာဏာရှင် အဝန်းအဝိုင်းသည်သာ စီးပွါးရေးလုပ်ငန်းရှင်ကြီးများ အဖြစ် ဆက်လက်၍ အုပ်စီးနေကြအုံးမည်ပင်ဖြစ်ပါသည်



ဒီပုံစံဖြစ်အောင် ချိုးခဲ့သူမှာ နိုင်ငံရေးပါးဝနေသည့် အာဏာရှင်ကြီး ဦးနေဝင်းပင် ဖြစ်သည်၊ ကမ္ဘာပေါ်တွင် နာဇီအာဏာရှင်ကြီးများသည်ကမ္ဘာ့ စီးပွါးရေးကို လက်ဝါးကြီးအုပ်နိုင်သည့် အခြေကိုရယူနိုင်သည့် သင်္ခန်းစာရှိခဲ့သည်ကို အိုဒက်ဆာဖိုင် မှတ်တမ်းက ပြခဲ့သည် မဟုတ်ပါလား၊ ဗိုလ်နေဝင်းအတွက် ဒါတွေက ရိုးနေပါပြီ၊ ဒါကြောင့် ရှစ်လေးလုံးကာလက မ.ဆ.လ နောက်ဆုံး ညီလာခံမှာ ဗိုလ်နေဝင်းက သူနှင့်တကွ သူ့ငယ်ကျွန်တွေအားလုံး ရာထူးက နှုတ်ထွက်မယ်လို့ ကြေငြာတဲ့အခါမှာ ဘုမသိ ဘမသိသူ့လူတွေက ဝိုင်းပြီးတားကြတယ်၊ ဒီတော့ ဗိုလ်နေဝင်းပြောတာက ရှင်းပါတယ်၊ *ငါက လက်နဲ့ရေးတာကို မင်းတို့က ခြေနဲ့ မဖျက်ချင်ကြနဲ့* တဲ့။ 

ဗိုလ်နေဝင်းက မကောင်းတဲ့နေရာမှာတော့ အင်မတန် လိမ္မာပါးနပ်ပြီး အမျှော်အမြင်ကြီးလှပါတယ်၊ သူတည်ထောင်ခဲ့တဲ့ စစ်အာဏာရှင်မျိုးဆက်တွေရဲ့ ထာဝရကောင်းစားရေးကို ကောင်းကောင်းကြီး စီမံကိန်းချမှတ်နိုင်တဲ့သူပါ၊

သူနဲ့ခေတ်ပြိုင်ဖြစ်တဲ့ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေရဲ့အပေါ်မှာ မှန်ကန်စွာ အကဲဖြတ်နိုင်ခဲ့လို့လည်း အမေရိကန်၊ တရုတ်၊ ရုရှားတို့ကြားမှာ နိုင်ငံရေးကစားပြီး သူတို့လူတစုကောင်းစားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်၊ ယနေ့ ROAD MAP (၇)ချက်သည် ဗိုလ်နေဝင်း၏ အိုင်ဒီယာကို အခြေခံပြီး ပေါ်ပေါက်လာတာဖြစ်လို့ လူထုအတွက် မဟုတ်ဘဲ လူတစုအတွက်သာဖြစ်နေပါတယ်။

စစ်အေးတိုက်ပွဲကာလမှာ ကွန်မြူနစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ အနောက်အုပ်စုရဲ့ အားပေးကူညီခြင်းကို ခံခဲ့ရတဲ့ စစ်အာဏာရှင် ဗိုလ်နေဝင်းသည် စစ်အာဏာရှင် စနစ်ကို ကောင်းကောင်းကြီးခံတွင်းတွေ့သွားပါတော့သည်၊ ဒါကြောင့်လည်း ခေတ်တွေ စနစ်တွေ ဘယ်လိုပင်ပြောင်းပေမယ့် စစ်အာဏာရှင်စနစ်ကြီး အဒွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် စစ်အာဏာကို အသုံးပြုကာ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဆိုတာကို ရေးဆွဲ ပြဋ္ဌာန်းခဲ့ကြပါတယ်၊ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံ ဥပဒေသည် လူထုဆန္ဒဖြင့် အတည်ပြု ပြဋ္ဌာန်းထားသည် ဆိုတာလည်း တကယ်တော့ လိမ်ဆင်ကြီးပါပဲ၊ 

ဗိုလ်နေဝင်းအကြိုက် ဦးမောင်မောင် (၈၈ အရေးပေါ် သမ္မတ)က ရေးဆွဲပေးပြီး မည်သူတဦးတယောက်ကမျှ မပြုမပြင်ဝံ့ဘဲ ထွက်ပေါ်လာတဲ့ အခြေခံဥပဒေပါ၊ အဲဒီ့ အခြေခံဥပဒေကြောင့်လည်း တတိုင်းတပြည်လုံး ပြည်သူတွေ မွဲပြာကျသွားကြရတာပါ၊ တပြိုင်နက်တည်းမှာလည်း စစ်ဗိုလ်စစ်သားစစ်တပ်သည်သာလျှင် တိုင်းပြည်၏ ကယ်တင်ရှင်တွေ၊ ကျေးဇူးရှင်တွေ ဖြစ်ကြကုန်ပြီး ပါဝါနှင့် အာဏာသည် သေနတ်ပြောင်း ပိုင်ရှင် စစ်ဗိုလ် စစ်သားများ၏ လက်ထဲတွင်သာ ထာဝရ တည်ရှိနေရမည်ဟူသော အယူအဆ၊ အနုမာနကို မြန်မာ လူထုထဲသို့ စွဲဝင် စူးနစ်အောင် ရိုက်သွင်းလိုက်ပါတော့သည်၊ 



ကမ္ဘာ့ အမြင်၊ နိုင်ငံတကာ၏ အမြင်နှင့် ကြည့်လျှင်တော့ ရီစရာဖြစ်နေပေမယ့် မြန်မာနိုင်ငံမှာတော့ ခြောက်လုံးပြူးကိုင်ရသူများမှာ နားထင်သွေးရောက် ဘဝင်မြောက်လူတန်းစားတရပ်အဖြစ်ခံယူနေကြပါတော့သည်၊ အလွန်စိတ်ဆင်းရဲစရာ မြန်မာနိုင်ငံပါပေ၊ ဗိုလ်နေဝင်း၏ လက်နက်ကိုင်လူတန်းစားစိတ်ဓါတ်ရိုက်သွင်းမှု့မှာ အောင်မြင်သည်ဟု ပြောရပါမည်၊ ယနေ့တိုင်ဟု ဆိုပါသည်။


၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အဲဒီ့အချိန်က လွတ်လပ်စ မြန်မာပြည်နှင့် ဆီလျှော်ကိုက်ညီပါသည်၊ သို့သော်လည်း အားနည်းချက်လည်းရှိနေပါသည်၊ အင်္ဂလိပ်နှင့် ညှိ့ကာ စာချုပ်လွတ်လပ်ရေးရယူခဲ့ရသည်မို့ အင်္ဂလိပ်၏ ဆန္ဒများလည်း သက်ရောက်မှု့တော့ ရှိနေမည်ဖြစ်ပါသည်၊

ဒါကြောင့် လွတ်လပ်ပြီးစ ဆယ်နှစ်အတွင်း ပြည်မနှင့် တောင်တန်း ဒေသများ အတူပူးပေါင်းနေကြမည်ဖြစ်သော်လည်း ဆယ်နှစ်ပြည့်လျှင် တောင်တန်းဒေသနေတိုင်းရင်းသားများ၏ အများဆန္ဒအရ ခွဲထွက်နေထိုင်ခွင့်ရှိရမည်ဆိုသည့် အချက်ကိုပင် အကြောင်းပြကာ ဗိုလ်နေဝင်းက စစ်အာဏာသိမ်းပြီး စစ်အာဏာ သက်ဆိုးရှည်စေမည့် ၁၉၇၄ ဖွဲ့စည်းပုံဥပဒေကို အဓမ္မရေးဆွဲအတည်ပြု ပြဋ္ဌာန်းလိုက်ပါသည်၊ စစ်ဘက်ရော နယ်ဘက်ပါ အရေးပါ အထက်တန်းရာထူးမှန်သမျှကို စစ်ဗိုလ်စစ်သားများကသာ နေရာယူထားသည့် ဥပဒေပင်ဖြစ်ပါသည်၊ 

စီးပွါးရေးလုပ်ပိုင်ခွင့်များအားလုံးကိုလည်း စစ်ဗိုလ်စစ်သားများကသာ ချုပ်ကိုင်လွှမ်းမိုးပါတော့သည်။ ပြည်သူပိုင် ဆိုင်းပုဒ်ကပ်ထားသည်များလည်း စစ်ဗိုလ်ပိုင်ပင်ဖြစ်သလို *ဦးပိုင်* ဆိုသည်လည်း စစ်ဗိုလ်ပိုင်ပင်ဖြစ်ပြီး ယနေ့တော့ *ထူးပိုင်* နှင့် တကွ အမည်အမျိုးမျိုး တပ်ထားသည့် စီးပွါးရေးလုပ်ငန်းအားလုံး လိုလိုပင် စစ်ဗိုလ် စစ်တပ် စစ်သားပိုင်များချည်းဖြစ်နေပါတော့သည်၊ ၁၉၇၄ အခြေခံဖွဲ့စည်းပုံ ဥပဒေသည် လက်နက်ကိုင် စစ်အာဏာရှင်တစ်စုအတွက် အဏာမြဲရေးနှင့် ကောင်းစားရေးအတွက်သာဖြစ်နေပါတော့သည်။

ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြောင့်လည်းကောင်း ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေး မဟာဗျူဟာ အရလည်းကောင်း ၁၉၇၄ ဖွဲ့စည်းပုံနှင့် ဆက်ပြီးသွားလို့ မဖြစ်နိုင်တော့သည့် အခြေအနေကြောင့် နှစ်ရှည်လများ အချိန်ဆွဲကာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေဆိုတာကို ရေးဆွဲပြဋ္ဌာန်းကြပြန်ပါသည်။ စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း လူထုကို ချပြပြီးမှ ဆန္ဒခံယူပွဲ လုပ်ပြီး အများဆန္ဒအရ အတည်ပြု ပြဋ္ဌာန်းပါတယ်လို့ နိုင်ငံတကာကို ညာတယ်၊ 

အဲဒီ့အချိန်က မြန်မာပြည်မှာ နာဂစ်မုန်တိုင်း ဝင်မှာကို ဗိုလ်သန်းရွှေနဲ့ အာဏာရှင်တစုက သိသိကြီးနဲ့ ဖုံးအုပ်ထားတယ်၊ အချိန်မီမကြေငြာဘူး၊ အခု ဇလဗေဒ ညွှန်မှုး ဦးထွန်းလွင်ပြန်ပြီး ဖွင့်ချမှ သိရတော့တယ်၊ လူတွေ သိန်းချီပြီး သေကြရတဲ့ တရားခံကြီးတွေ ဘယ်သူလဲဆိုတာ မေးစရာတောင် မလိုတော့ပါဘူး၊ 

နာဂစ်နဲ့အတူ လူထုဆန္ဒကို ယူခဲ့ပြီး အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံသည် စစ်အာဏာရှင် တဖြစ်လဲ လူတန်းစားများ ကောင်းစားရေးနှင့် လုံခြုံရေးအတွက် အဓိက ဦးတည်ရေးဆွဲထားတယ်ဆိုတာကိုလည်း ကမ္ဘာကရော မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းတခုလုံးကပါ သိကြပါတယ်၊ မအကြပါဘူး၊ နည်းဗျူဟာအရ ငြိမ်းချမ်းစွာနှင့် ဒီမိုကရေစီပန်းတိုင်ကို လျှောက်လှမ်းမယ့် ရည်ရွယ်ချက်ကို အကောင်အထည်ဖေါ်နေကြတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ရမယ့် အလုပ်သည် လွှတ်တော်တွင်းမှသာလုပ်ခြင်းက ပိုကောင်းသည့် လမ်းကို ယနေ့လူထုထောက်ခံသည့် အင်အယ်ဒီက လှမ်းနေခြင်းသာဖြစ်သည်။ 


လွှတ်တော်တွင်းမှနေ၍ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်ဒီသည် သူတို့ပါတီကို သူတို့အလျှင် ပြင်ကြရပါသည်၊ ဤကိစ္စသည် အလွန်အရေးကြီးလှသည့် အတွေးအခေါ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ကြီးလည်းဖြစ်ခဲ့ပါသည်၊ 

ဒေါ်အောင်ဆန်းစုကြည်၏ *ခံစားချက်ဖြင့် မဆုံးဖြတ်ပါနှင့် ဦးဏှောက်ဖြင့်ဆုံးဖြတ်ပါ* ဆိုသည့် အယူအဆဘက်က အောင်မြင်သွားပြီး လွှတ်တော်ဝင် နိုင်ငံရေးလမ်းကိုလျှောက်လှမ်းဖြစ်ပါတော့သည်၊ ဒေါ်စုကလည်း ပွင့်လင်းစွာဖြင့် အင်အယ်ဒီအသစ်၏ လုပ်ငန်းစဉ်သုံးရပ်ကို ချပြလိုက်ပါသည်၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံပြင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ဖြစ်ပါသည်။



ဒီအချက်သုံးချက်ကို လက်ရှိစစ်ဦးစီး အစိုးရက သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ဒေါ်စု၊ အင်အယ်ဒီနှင့် လူထုကတော့ မဖြစ်ဖြစ်အောင် လုပ်ကိုင်ကြတော့မည်သာဖြစ်သည်၊ ဒါကြောင့် သမ္မတကြီး ဦးသိန်းစိန်နှင့် ဆွေးနွေးညှိ့နှိုင်းစဉ်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ *ကာကွယ်စောင့်ရှောက်* အစား *လေးစားလိုက်နာ* ဆိုသည့် စကားလုံး အသုံးအနှုန်းကို ပြင်ပေးရန်ဆိုတာပါဝင်ခဲ့သည်မှာ သေချာပါသည်၊ 

ဒီစကားက ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီကတည်းက ကြားသိနေကြရပါသည်။ အားလုံးကလည်း ဒီအသုံးအနှုန်းကို ပြင်ဆင်ပေးပြီးပြီဟုမှတ်ယူနေကြပါသည်၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သည့် ကိစ္စနှင့် နေအိမ်အချုပ်ကျခံခဲ့ရသည့် ကိစ္စများကြောင့် မြန်မာပြည်တွင် ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ထားသည့် ဥပဒေများကိုပင် ကျော်လွှားနိုင်ခဲ့သဖြင့် အနှီ *ကာကွယ်စောင့်ရှောက် မှ လေးစားလိုက်နာ* အဖြစ်ပြောင်းလဲပေးရန်မှာ ခက်ခဲနေမည်မဟုတ်ဟုဆိုနိုင်ပါသည်

သို့သော် ယနေ့ ကြားဖြတ်ရွေးကောက်ပွဲကြီးပြီးစီးအောင်မြင်ပြီး လွှတ်တော်တွင်းသို့ ဒေါ်စုတို့ တက်ရောက်ခါနီးကာမှ ဒီပြဿနာက စနေပြန်ပါသည်။ ဦးဥာဏ်ဝင်းကတော့ မကြာမီ ပြေလည်သွားနိုင်ပါသည်ဟုဆိုပါသည်

မည်သို့ဆိုစေ ၂၀၀၈ ဖွဲ့စည်းပုံကိုတော့ မည်သို့မျှ ကာကွယ်စောင့်ရှောက်မှု့ မပြုနိုင်သည်မှာ ရှင်းပါသည်၊ ဥပဒေ ပညာရှင်မဟုတ်သည့် သာမာန်လူထုသော်မှ ၂၀၀၈ ဖွဲ့စည်းပုံသည် အချိန်မရွေး စစ်တပ်က အာဏာသိမ်းနိုင်သည့် ဥပဒေသာဖြစ်ကြောင်းကို နားလည်နေကြပါသည်၊ ဤသို့ဖြစ်ရသည်မှာလည်း စစ်အာဏာရှင် တဖြစ်လဲ စီးပွါးရေးလုပ်ငန်းရှင်ကြီးများ၏ ဘဝလုံခြုံရေးနှင့် မတရားရယူ သိမ်းပိုက်ခဲ့သမျှတွေကို တရားဝင် ရင်းနှီးမြုပ်နှံခွင့် ရရှိရေး စတဲ့ကဏ္ဍများကို လုံးဝဥုသုန် အာမခံချက်ရမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီး၊ ၎င်းဥပဒေကြီးကို ပြုပြင်ရန် ခက်ခဲစေမည့် *ကာကွယ်စောင့်ရှောက် * ဆိုသည့် စကားအသုံးအနှုန်းကို တမင်ကြီး ထည့်သွင်းထားခြင်းသာဖြစ်ပါသည်။

မြန်မာစကားမှာ အဓိပ္ပါယ်ဖွင့်ဆိုချက် တိကျအောင် ရေးသားပြောဆိုနိုင်သကဲ့သို့ အဓိပ္ပါယ် နှစ်ခွဖြစ်အောင်၊ ဝေဝါးအောင်၊ ယူသော်ရ၏ ဖြစ်အောင် အမျိုးမျိုးလည်း ရေးသားပြောဆိုနိုင်ကြပါသည်။ အာဏာရှင်တို့၏ ဥပဒေများသည် အများအားဖြင့် လိုသလိုအသုံးချ အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည့် စကားလုံးများကို ရွေးချယ်သုံးနှုန်းတက်ကြပါသည်၊

သို့သော် *ကာကွယ်စောင့်ရှောက်* ဆိုသည့် စကားအသုံးအနှုန်းကတော့ ဤနေရာတွင် ထည့်သွင်းထားရန် လုံးဝမလိုအပ်ပါ။ ဥပဒေ၊ ဝိနည်း၊ စည်းမျဉ်း စည်းကမ်းဆိုသည်မှာ ကာကွယ်စောင့်ရှောက်ရန်မဟုတ်ပါ လေးစားလိုက်နာရမည့် အရာသာဖြစ်ပါသည်၊ 

မြန်မာစကားတွင် မည်သည့်အရာအတွက် မည်သည့် စကားလုံးကိုသုံးရမည်ဆိုတာ သိနားလည်ထားရပါမည်။




ကာကွယ်စောင့်ရှောက်ဆိုသည့် စကားရပ်သည် နိုင်ငံတော်၊ လူထုနှင့် ပါတ်သက်သည့် ရုပ်ပိုင်းကို ယိမ်းသည့် အရာများကို အဓိက ထားပြီး သုံးနှုန်းပါသည်။ မပြုမပြင်ဘဲ မပျောက်မပျက်ရန် ရည်သန်သည့် သဘောကို ရှေးရှုသုံးနှုန်းခြင်းသာဖြစ်ပါသည်။ လေးစားလိုက်နာဆိုသည့် စကားရပ်ကတော့ ရုပ်နာမ်လူသားနှင့် ဥာဏ်ပိုင်ရှင်တို့၏ ချမှတ်ပြဋ္ဌာန်းပေးသည့် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေသများ၊ တနည်းအားဖြင့် အကောင်အထည်မဲ့ နာမ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်များကို အဓိကထားပြီး သုံးနှုန်းကြပါသည်၊ ပြုလွယ် ပြင်လွယ် မွန်းမံတည်ဆောက်လွယ်သည့် သဘောကို ရှေးရှုသုံးနှုန်းခြင်းပင်ဖြစ်သည်၊ ပုံသေကားချသဘောကိုမဆောင်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ လူတို့၏ နာမ်ပိုင်းဆိုင်ရာခံစားချက်၊ တွေးတောစဉ်းစားချက်များဖြင့် လူအများလိုက်နာကြရမည့် စည်းကမ်းသတ်မှတ်ချက်များကို ချမှတ်ရေးဆွဲထားခြင်းသာဖြစ်သည်၊ ထို့ကြောင့် *လေးစားလိုက်နာ* ဆိုသည့် အသုံးအနှုန်းဖြင့် သင့်တော်သည် လုံလောက်သည်၊ ထို့ပြင် ဖွဲ့စည်းပုံ ဥပဒေစည်းမျဉ်းဆိုသည်မှာ ခေတ်စနစ် ပြောင်းလဲမှု့နှင့်အတူ အခြေအနေနှင့် အချိန်အခါအရ အဆင်ပြေညီညွတ်ရန် ပြုလွယ်ပြင်လွယ်သဘောရှိသည့် အရာသာဖြစ်သည့် အလျှောက် *လေးစားလိုက်နာ* ဆိုသည့်အသုံးအနှုန်းဖြင့်သာ လျော်ကန်သင့်မြတ်နေသည်၊

ဥပဒေစည်းမျဉ်းသည် ထိုလူအဖွဲ့အစည်းရှိ လူသားအားလုံး၏ ဦးဏှောက်နှင့် နှလုံးသားဆိုင်ရာ အဇ္ဈတ္တပိုင်းမှာသာရပ်တည်နေသော အရာဖြစ်သဖြင့် ယုံကြည်ချက်ဖြင့် လေးစားလိုက်နာရမည်သာဖြစ်သည်။

*ထိမ်းသိမ်းကာကွယ်စောင့်ရှောက်* ရမည်ဆိုသည်မှာ အထိအခိုက်မခံနိုင်သည့် သဘောကိုဆောင်ပြီး ဗဟိဒ္ဓ အပြင်ဘန်း လက္ခဏာဖြစ်သည်၊ ရုပ်ဝတ္တုပိုင်းနှင့် ပိုပြီးလျှော်ကန်သည့် အသုံးအနှုန်းသာဖြစ်သည်၊ ပစ္စည်းတခုကို လုံခြုံအောင် ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ရမည်၊ လူဖြစ်စေ တိရိစ္ဆာန်ဖြစ်စေ မထိခိုက်မပျက်စီးဘဲ မပျောက်ပျက်ရန်၊ လွတ်မသွားအောင် ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ဆိုလျှင်လည်း မှန်သည်၊ ဘာသာရပ်စုံ ရေးသားထားသည့် စာအုပ်စာတမ်းများ၊ စာချုပ်များ၊ ဥပဒေ စည်းကမ်း စည်းမျဉ်းများကို ရေးသားထားသည့် စာရွက်စာတမ်းများ၊ ကျောက်စာပေစာများ၊ ယ္ခုခေတ် အင်တာနက်မှာတင်ထားသည့် မှတ်တမ်းများစသည့် ရုပ်ဝတ္တုပိုင်းပစ္စည်းများကို *ထိမ်းသိမ်းကာကွယ်စောင့်ရှောက်* ရမည်ဟု သုံးနှုန်းလျှင်လည်းမှန်ကန်ပါသည်။ 



ထိုရုပ်ဝတ္ထုပစ္စည်းများကို မထိခိုက်မပျက်စီးအောင် ကာကွယ်စောင့်ရှောက်ရန် တာဝန်ပေးခြင်းခံရသည့် ဝန်ထမ်းကြီးငယ်များလည်း ရှိနေရမည်သာဖြစ်ပါသည်။ ထို့ကြောင့် *ထိမ်းသိမ်းကာကွယ်စောင့်ရှောက်* ဆိုသည့် အသုံးအနှုန်းသည် ဝန်ထမ်း (တနည်းအားဖြင့်) အခကြေးငွေဖြင့် အဓိက ဦးစားပေးလုပ်စေရမည့် သူများ၏ တာဝန်ဆိုသောဘက်ကို ပိုပြီးယိမ်းသည်။ 

အမှန်အားဖြင့်တော့ *လေးစားလိုက်နာ* နှင့် *ကာကွယ်စောင့်ရှောက်* ဆိုသည့် ဝေါဟောရများကို ဤမျှရှင်းစရာတောင်မလိုပါ၊ မြန်မာပြည်တွင် နိုင်ငံရေး သုခမိန်တွေ၊ မြန်မာစာပေပညာရှင်တွေ အနမတက္ကပါ၊ သို့သော်ရှင်းတာကို ရှုတ်အောင်လုပ်လိုသည့် ဝိသမလောဘသားကောင်များနှင့် အစွန်းရောက်အတွေးအခေါ်ရှင်များ၏ ခေတ်နှင့် မလျှော်ညီတော့သည့် ကလေးကွက်နင်းနေသည့် လုပ်ရပ်များကို တွေ့နေရခြင်းပင်ဖြစ်ပါသည်။

မည်သို့ဆိုစေ အင်တာနက်ခေတ်မတိုင်မီ ခေတ်အဆက်ဆက်က ရေးဆွဲချမှတ်ပေးထားခဲ့သည့် မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်များကို ယနေ့ခေတ်နှင့်လျှော်ညီစွာ စစ်မှန်သော လူထုဆန္ဒဖြင့် အညီပြန်လည်ရေးဆွဲသတ်မှတ်ပြဋ္ဌာန်းမည့် အခြေခံဖွဲ့စည်းပုံ ဥပဒေနှင့် အစားထိုး ပြင်ဆင်ရေးကို ဒေါ်အောင်ဆန်းစုကြည်၊ အင်အယ်ဒီနှင့်တကွ တိုင်းပြည်တိုးတက်ပြောင်းလဲရေးကို အလိုရှိနေကြသည့် သူများအားလုံးက အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ 


--ဦးဖိုးသာအောင်(နော်ဝေ)

-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။ 

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့် 
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittaing.org
www.hittai.org
www.hittai.net


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/27/2012 01:32:00 AM

မိမိ Computer မှာ ( 7.45 GB ) Free သုံးချင်တယ်ဆိုရင်

ကျွန်တော်တို့ ကွန်ပျူတာမှာ Hard Drive တစ်ခုကို ပိုပြီးတော့အသုံးပြု ချင်သူတွေအတွက်ပါ .. 7.45 GB လောက်တော့ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ကျွန်တော်တို့ စက်မှာ အရင်ရှိပြီးသား Partation တွေကတော့ ပုံမှန်အတိုင်း Hard Disk ထဲမှာ Storage လုပ်ပေးမှာ ဖြစ်ပေမယ့် .. အခုအသုံးပြုလို့ ရမယ့် Gmail Drive ကတော့ G-Mail အကောင့်ထဲမှာ Storage လုပ်ပေးမှာဖြစ်ပါတယ် .. Internet ပေါ်မှာ Storage လုပ်ပေးမှာ ဖြစ်ပေမယ့် ကျွန်တော်တို့က အသုံးပြုချင်တဲ့အခါမှာ My Computer မှာတင် Other Drive တစ်ခုအနေနဲ့ အသုံးပြုလို့ ရမှာဖြစ်ပါတယ် .. ဒီကောင်လေးကိုဘယ်လို အသုံးပြုရမယ် ဆိုတာကိုတော့ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး GMail Drive v1.0.18  ကိုအောက်မှာ နှစ်နေရာ တင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချလိုက်ပါ .. ဒေါင်းလော့ ချပြီးပြီ ဆိုရင်တော့ Setup ဖိုင်လေးကို Install လုပ်လိုက်ပါ .. Install လုပ်ပြီးပြီဆိုရင်တော့ My Computer ထဲက Other ထဲမှာ G-mail Drive ဆိုပြီးပေါ် နေပါလိမ့်မယ် .. ပြီးရင် အဲ့ဒီကောင်လေးကို Double Click ပေးလိုက်ပါ .. ဒါဆိုရင် G-Mail Login ၀င်ခိုင်းပါလိမ့်မယ် .. အခုကျွန်တော်တို့ အသုံးပြုမဲ့ အကောင့်သည် အကောင့် အသစ်တစ်ခုဖြစ်ရင် ပိုကောင်း ပါတယ် .. Login ၀င်ပြီးပြီဆိုရင် ခဏလေးစောင့်ပေးလိုက် ယုံပါပဲ .. ဒါဆိုရင် မိမိတို့ Computer ထဲမှာ 7.45 GB ရှိတဲ့ Drive တစ်ခုကို Free သုံးလို့ ရသွားပါလိမ့်မယ် ..
တကယ်လို့ အကောင့်အသစ် ပြောင်းချင်လို့ အရင်ဝင်ထားတဲ့ အကောင့်ကို ပြန်ထွက်ချင်တယ် ဆိုရင်တော့ ပုံမှပြထားတဲ့အတိုင်း GMail Drive ပေါ်မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Log Out ပေးလိုက်ယုံပါပဲ ..

အင်တာနက်သုံးသူတွေအတွက် အသုံးဝင်စေမယ့် Mozilla firefox ရဲ့ shortcut.တွေပါ..

အင်တာနက်သုံးသူတွေအတွက် အသုံးဝင်စေမယ့်  Mozilla firefox ရဲ့ shortcut.တွေပါ....အဆင်ပြေပြေနဲ့အသုံးပြု့နိုင်အောင်လို့တင်ပေးလိုက်တာပါ..

Shortcut keys                        Action

CTRL+A                     Selects the all items on active page
CTRL+B                     Display the "Organize Bookmarks" dialog box
CTRL+D                     Include the active page to your Bookmarks list
CTRL+F                     Display the "Find" dialog box to search text
CTRL+I                      Display the Bookmarks pane
CTRL+H                     Display the History sidebar of Mozilla Firefox
CTRL+N                     Use to open new Mozilla Firefox page
CTRL+P                     Use to print the active web page
CTRL+R                     Use to reload the active web page
CTRL+T                     Display a new Tab in active Firefox window
CTRL+U                     View the source code of active web page
CTRL+W                    Closes the active Mozilla Firefox window
CTRL++                     Use to increase the font size of active page
CTRL+ -                    Use to decrease the font size of active page
CTRL+Tab                  Move to next Tab in Mozilla Firefox
ALT+Home                 Use to open the home page of internet explorer
ALT+Left Arrow           Go to previous page of active page
ALT+Right Arrow          Go to next page of active page
ALT+B                       Go to Mozilla Firefox Favorites Menu
ALT+D                       Go to address bar of current Firefox page
ALT+E                       Go to Mozilla Firefox Edit Menu
ALT+F                       Go to Mozilla Firefox File Men
ALT+S                       Go to Mozilla Firefox History Menu
ALT+T                       Go to Mozilla Firefox Tools Menu
ALT+V                       Go to Mozilla Firefox View Menu Tab                           Move forward between all items on active web page F5                             Refresh the active web pageh keyboard CTRL+SHIFT+DEL         Use to clear all Private Data history CTRL+SHIFT+D            Use to Bookmarks all Firefox Tabs F11                           Press F11 key to view any webpage in full-screen view and then again press

                                
for normal views
Press Ctrl+Enter          Windows will automatically add both "www" and ".com". For example, if we                                        type



ကျွန်တော်က Mozilla သုံးတာဆိုတော့ ဒီ short cut key တွေ ကအတော်လေးအသုံးဝင်တယ်ဗျ..... ဒါကြောင့်ပြန်လည်ဝေမျှလိုက်တာ