This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, October 3, 2012

အာဆီယံကို ခေါင်းစားစေတဲ့ မြန်မာ



ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ်တွေ့ဆုံကြဖို့ အာဆီယံဥက္ကဋ္ဌရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရက ပယ်ချခဲ့ပေမယ့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic
Cooperation) နဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကိုတော့ မြန်မာနိုင်ငံထဲ လာရောက်ဖို့ ခွင့်ပြုခဲ့တာမို့ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အတွက် စိတ်ရှုပ်ထွေးစရာဖြစ်ရပါတယ်။ မြန်မာအစိုးရက ဘယ်လို သဘောထားတာလဲပေါ့။

ပြီးခဲ့တဲ့ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ ကာလတုန်းကဆိုရင် မြန်မာအစိုးရက အာဆီယံအတွင်းရေးမှူးအဖွဲ့ အပါအဝင် အာဆီယံမိတ်ဆွေတွေကို အံ့သြသွားအောင် လုပ်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေနဲ့အတူ “လွတ်လပ်ပြီး တရားမျှတတဲ့” ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်အောင် အာဆီယံတာဝန်ရှိသူတွေ စေလွှတ်ပေးဖို့ ဖိတ်လိုက်တာပါပဲ။

ဒါ့ပြင် မကြာသေးခင်ကတင် ဆယ်စုနှစ်နဲ့ချီပြီး သူတို့မလိုလားတဲ့သူတွေစာရင်း (Black List) ထဲထည့်ထားသူတွေ ထဲက လူ ၂၀၀၀ ကျော်ကို မြန်မာအစိုးရက ပယ်ဖျက်ပေးခဲ့ပါသေးတယ်။ အဲ့ဒီမတိုင်ခင်ကဆိုရင်လည်း နိုင်ငံက ဒီမိုကရေစီရေးအတွက် ပိုပြီးလမ်းဖွင့်ပေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြတဲ့အနေနဲ့ မီဒီယာဆင်ဆာ ကို ဖျက်သိမ်းလိုက်ပါသေးတယ်။

လာမယ့်လတွေမှာဆိုရင်တော့ မီဒီယာလွတ်လပ်ခွင့်၊ ပြည်သူပိုင်အသံလွှင့်ဌာနနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေအပြင် တရားဥပဒေစိုးမိုးရေး၊ တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု တွေကို အားပေးအားမြှောက် ဖြစ်စေမယ့် ဥပဒေတွေကိုလည်း ပြဌာန်းမယ့် အစီအစဉ်တွေရှိပါလိမ့်မယ်။

အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာပြည်ရဲ့ လျှင်မြန်တဲ့ပြောင်းလဲမှုဖြစ်စဉ်အပေါ် တစုံတရာဆုံးဖြတ်မှု မလုပ်သေးပေမယ့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။ အထူးသဖြင့် CLMV လို့ခေါ်တဲ့ ၄ နိုင်ငံအစုအဖွဲ့ထဲက ကမ္ဘောဒီး ယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက စောင့်ကြည့်နေကြတာပါ။ မြန်မာအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ လော လောဆယ် စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ အဆုံးသတ်ရေးနဲ့ နိုင်ငံတကာမှာ အထီးကျန်ဖြစ်နေမှုကနေ အဆုံးသတ်ရေးဆိုတဲ့ ရည်မှန်းချက် ၂ ရပ် ဒွန်တွဲနေပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ်ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်အရေးမှုတွေကို ဆိုင်းငံ့ လိုက်တာ ဒါမှမဟုတ် တစိတ်တပိုင်း ရုပ်သိမ်းလိုက်တာတွေ လုပ်ခဲ့တာမို့ ပထမရည်မှန်းချက်ကတော့ တစုံ တရာ ပြည့်သွားပါပြီ။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို မြန်မာအစိုးရက ပိုပြီး အမြင်ကျယ်ကျယ်နဲ့ ဆောင်ရွက်မယ်ဆိုရင် စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုအားလုံး အဆုံးသတ်သွားမှာပါ။

ဒုတိယရည်မှန်းချက်ကတော့ အတော်လေး ရှင်းပါတယ်။ ဆယ်စုနှစ်နဲ့ချီ အထီးကျန်ဖြစ်ခဲ့ပြီးတဲ့နောက် အခုဆိုရင် မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝန်းထဲ ပြန်ဝင်လာပြီး လုပ်ငန်းဆောင်တာ ဒုနဲ့ဒေးမှာ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် အခက်အခဲ ဖြစ်ခဲ့တဲ့ အာဆီယံနဲ့ ဆက်ဆံရေးပြန်ကောင်းအောင် ဆောင်ရွက်တဲ့နေရာမှာတော့ မြန်မာအစိုးရရဲ့ ပြုမှုပုံတွေက တခြား အာဆီယံနိုင်ငံတွေကို ခေါင်းစားစေပါတယ်။

ဥပမာပြောရရင် တောင်တရုတ်ပင်လယ်နဲ့ ရိုဟင်ဂျာအရေး ကိစ္စတွေမှာ မြန်မာက အခြား အာဆီယံနိုင်ငံတွေနဲ့ ခပ်ခွာခွာ ဆက်ရှိနေတာပါ။ အငြင်းပွားစရာ ပင်လယ်ရေပိုင်နက် ကိစ္စအတွက် မြန်မာအစိုးရက ခပ်အေးအေးနေမယ့်မူကို ကိုင်စွဲ ထားတာကိုး။ ဒါပေမယ့် လူအခွင့်အရေးနဲ့ ဒီမိုကရေစီနယ်ပယ်မှာတော့ မြန်မာက အခြားနိုင်ငံတွေနဲ့ ဆန်ကျင်ဖက်ဖြစ် နေပြန်ပါရော။

အာဆီယံအဝန်းအဝိုင်းမှာရှိနေတဲ့ အနေအထားအရတော့ မြန်မာက ရှေ့ကို အများကြီး ခုန်တက်သွားပါတယ်။ ဒါကြောင့်လည်း ရှေးရိုးစွဲ အာဆီယံ နိုင်ငံတချို့က မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတာတွေ အာဆီယံအပေါ် ရေရှည်မှာ ဘယ်လိုကူးစက်ပြီး အကျိုးသက်ရောက်မှု ရှိလာမလဲဆိုတာကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြတာပေါ့။ နိုင်ငံထဲမှာ လက်ရှိဖြစ်နေတဲ့ မီဒီယာဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုတွေက မြန်မာနိုင်ငံကို နိုင်ငံတကာ မီဒီယာလွတ်လပ်ခွင့် မှတ်တမ်းတွေရဲ့ အောက်ခြေအဆင့်ကနေ အာဆီယံအဖွဲ့ဝင် နိုင်ငံထက်ဝက်ကျော်ရဲ့ အရှေ့ ရောက်သွားစေတာကိုး။

လာမယ့် အလှည့်ကျ အာဆီယံဥက္ကဋ္ဌအပေါ် ဘယ်လောက်အထိ ယုံကြည်အားထားလို့ ရမလဲဆိုတာနဲ့ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက မေးခွန်းထုတ်ကြပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်ဆိုရင် အာဆီယံဥက္ကဋ္ဌရာထူးကို ရယူတော့မှာဖြစ်ပေမယ့် အာဆီယံခေါင်းဆောင်တွေ ကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာအထိ ဒါနဲ့ပတ်သက်ပြီး မတင်မကျ ဖြစ်နေဆဲပါပဲ။ ဒါကြောင့်မို့လည်း ဘာလီပူးတွဲ ကြေငြာချက်မှာ မြန်မာ အာဆီယံဥက္ကဌဖြစ်ရေးကို သူတို့က “အတည်ပြု” တာထက်စာရင် “ထောက်ခံ” တယ်လို့ ထည့်သွင်းရေးသားခဲ့တာပေါ့။

တချိန်တည်းမှာလည်း အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ပုံမှန် သံတမန် ဆက်ဆံရေးအရှိန်က အာဆီယံကို အံ့အားသင့်စေပါသေးတယ်။ တကယ်တော့ အာဆီယံက ဖြစ်နေတာတွေကို အမှီ လိုက်နေရတယ်လို့ ဆိုရင် မမှားလောက်ပါဘူး။

ဒီစိုးရိမ်ပူပန်မှုဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ဆက်လွှမ်းမိုးနေဦးမှာပါ။ ပြီးခဲ့တဲ့ ဧပြီလ ဖနွမ်ပင် အာဆီယံထိပ်သီးအစည်းအဝေးတုန်းကဆိုရင် အာဆီယံ ခေါင်းဆောင်တယောက်က သမ္မတ ဦးသိန်းစိန်ကို တခု တိုက်တွန်းခဲ့ပါတယ်။

အဲ့ဒါကတော့ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ တိုးတက်မှုတွေ ဘယ်လောက်ရှိနေ သလဲဆိုတာနဲ့ ၂၀၁၄ မှာ အာဆီယံ ထိပ်သီး အစည်းအဝေးတွေ လက်ခံကျင်းပဖို့ အဆင်သင့်ဖြစ်ပြီလား ဆိုတာတွေကို လေ့လာနိုင်ဖို့ အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေကို နေပြည်တော်သို့ ဖိတ်ဖို့ပါပဲ။ သူက မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး အာဆီယံဟာ အရေးမပါသလို ခံစားရတာမို့ တိုက်တွန်းခဲ့တာလို့ သိရပါတယ်။

သတိပြုဖို့ စိတ်ဝင်စားစရာ ကောင်းတာကတော့ အာဆီယံအဖွဲ့ဝင်သစ်တွေဖြစ်ကြတဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံကြားက အလားအလာရှိတဲ့ ပြိုင်ဆိုင်မှု ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက ဒီမိုကရေစီတည်ဆောက်မှုနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးနောက်ပိုင်းမှာ ဒီပြိုင်ဆိုင်မှုဟာ ပိုပြင်းထန်လာခဲ့တာပါ။

အဖြစ် အပျက်တွေကိုလည်း အာဆီယံအဝန်းအဝိုင်းမှာ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့တုန်းက ဆိုရင် ကြိုတင်ညှိနှိုင်းတာမျိုးမရှိဘဲ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဟောနမ်ဟွန် (Hor Namhong) ဆီက ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး အထူးအစည်းအဝေးတခုခေါ်ဖို့ တောင်းဆိုထားတဲ့ စာကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရတာမို့ အံ့အားသင့်တွေဝေသွားခဲ့ရပါတယ်။ သူက ဒီလိုဆောင်ရွက်တာဟာ “တကယ့် ကို အငိုက်ဖမ်းတာပဲ” ဆိုပြီး အစည်းအဝေးခေါ်ဖို့ အာဆီယံဥက္ကဋ္ဌက တောင်းဆိုထားတာကို ပယ် ချလိုက်ပါတယ်။ အစည်းအဝေးခေါ်မယ့်ကိစ္စကို အားပေးတဲ့ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေလည်း နောက်ပိုင်းမှာ သူတို့ အစီအစဉ်ကို လက်လွတ်လိုက်ရပါတယ်။ အဲ့ဒီလိုဖြစ်ပြီး တပတ်အကြာမှာတော့ အထူးအစည်းအဝေးမခေါ်ဘဲ ရခိုင် ပြည်နယ်အခြေအနေအပေါ် ပူးတွဲကြေညာချက်ထုတ်ဖို့ အာဆီယံထဲမှာ သဘောတူခဲ့ကြပါတယ်။

မတူကွဲပြားတဲ့ သမိုင်းနဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေရှိကြတဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေဟာ သူတို့ရဲ့ လွတ်လပ်တဲ့ စဉ်းစားမှုနဲ့ တန်ခိုးထွားမှုတွေကို ထုတ်ပြလေ့ ရှိတတ်ကြပါတယ်။ အာဆီယံမထူထောင်ခင် ၁၉၆၇ သြဂုတ်လမှာ ထိုင်းနိုင်ငံက အဲ့ဒီ ၂ နိုင်ငံကို ချဉ်းကပ်ခဲ့တာနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေ ကောင်းကောင်း မှတ်မိကြပါလိမ့်မယ်။

အဲ့ဒီတုန်းကဆိုရင် ကမ္ဘောဒီးယားဘုရင် နိုရိုဒွမ် သီဟာနု (Norodom Sihanouk) က လူသိများတဲ့ သူနိုင်ငံရဲ့ “ထာဝရ ကြားနေရေးဝါဒ” အပေါ် အခြေခံပြီး အာဆီယံရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာပါ။ ဗိုလ်ချုပ်ကြီးနေဝင်းကလည်း မြန်မာ နိုင်ငံရဲ့ “တိကျတဲ့ ကြားနေရေးဝါဒ” ကို အဓိကအချက်အဖြစ် ကိုးကားပြီး ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုမျိုး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ စံတန်ဖိုးတွေ အဲ့ဒီနိုင်ငံ ၂ ခုမှာ ရှိနေဆဲပဲလို့ အခြား အာဆီယံနိုင်ငံတွေက လောလောဆယ် ခံစားနေရတာဖြစ်ပါတယ်။

လာမယ့်ရက်ပေါင်း ၄၀၀ ကျော်အတွင်း မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌရာထူးကို လက်ခံယူတဲ့အချိန်မှာ သမ္မတဦးသိန်း စိန်ရဲ့ အစိုးရက ပြောင်းလဲမှုအသစ်တွေနဲ့ အရင်ရှိခဲ့တဲ့ဝါဒကို ဆက်လက် ကိုင်စွဲမစွဲဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ ၂၀၁၄ ဇူလိုင်လကစပြီး မြန်မာနိုင်ငံက အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံဆက်ဆံရေးအတွက် ညှိနှိုင်းဆောင်ရွက်ရ တဲ့နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အစိုးရရဲ့ ရပ်တည်ချက်နဲ့ ထင်မြင်ချက်တွေကို အနီးကပ် စောင့်ကြည့်လေ့လာရတော့မှာပါ။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှု တသီတတန်း အထူးသဖြင့် လူ့အခွင့်အရေးကာကွယ်ရေး၊ ဒီမိုကရေစီ မြှင့်တင်ရေးတွေနဲ့ ပတ်သက်တဲ့ ပြုပြုပြောင်းလဲမှုတွေဟာ အာဆီယံ အဖွဲ့ဝင်သစ်တွေနဲ့ အဖွဲ့ဝင်ဟောင်းတွေကို စိုးရိမ်တကြီး ဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တရပ် ဖွဲ့ခဲ့ပါတယ်၊ သေသေချာချာတော့ လုပ်ငန်းလည်ပတ်မှု မရှိသေးပါဘူး။ ဒါပေမယ့် ဒီလိုဖွဲ့လိုက်တာဟာ ဗီယက်နမ်နိုင်ငံ အနေနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ ပိုပြီး စိမ်ခေါ်မှုတွေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ လှုံ့ဆော်လိုက်သလိုပါပဲ။ ဘာဖြစ်လို့လဲဆို တော့ မြန်မာနိုင်ငံက အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့လိုက်တဲ့အတွက် ဗီယက်နမ်နိုင်ငံကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် လျှောက်ထားလိုက်ရတော့တာကိုး။

အာဆီယံရဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်တွေ့ဆောင်ရွက်မှုနဲ့ စံချိန်စံညွှန်း ပြဌာန်းချက်တွေ (Terms of Reference -TOR) ကို ၂၀၁၄ မှာ ပြန်လည် သုံးသပ်တဲ့အခါ မြန်မာနိုင်ငံအနေနဲ့ အဲ့ဒီပြဌာန်းချက်တွေကို ပြင်ဆင်မှုလုပ်ဖို့ ကျန်တဲ့ အာဆီယံနိုင်ငံတွေကို လှုံ့ဆော် စည်းရုံးလိမ့်မလား ဒါမှမဟုတ် ဒီ့ထက်ပိုပြီး လူ့အခွင့်အရေးဆိုင်ရာ စာချုပ်တခု ချုပ်ဆိုဖို့ အာဆီယံကို အားပေးတိုက်တွန်းလိမ့်မလားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက TOR ကို မူကြမ်းရေးဆွဲတဲ့အချိန်မှာ မြန်မာနိုင်ငံက အဲ့ဒီမူကြမ်းအပေါ် လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီယားနိုင်ငံတွေလိုပဲ သဘောထား တင်းမာခဲ့တာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နောက်ဆုံးကျင်းပခဲ့တဲ့ အာဆီယံ လူအခွင့်အရေး ကြေညာစာတမ်း မူကြမ်းရေးဆွဲတဲ့ အစည်းအဝေးတွေနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ အာဆီယံအခြေစိုက် လူမှု အဖွဲ့အစည်းတွေ ညှိနှိုင်းဆွေးနွေး ပွဲတွေမှာတော့ မြန်မာကိုယ်စားလှယ်တွေက လူအခွင့်အရေး အကာအကွယ်ပေးတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အတော်လေး သဘောထား ပျော့ပျော့ပျောင်းပျောင်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံ အတွင်းရေးမှူးအဖွဲ့ အပါအဝင် အာဆီယံ တဖွဲ့လုံးအနေနဲ့ မြန်မာပြည်ရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုနဲ့ ရိုဟင်ဂျာ ကိစ္စတွေအပေါ် ကူညီဖို့ အဆင်သင့်ဖြစ်နေပေမယ့် အဲ့ဒီလိုကူညီနိုင်ဖို့အရေး လောလောဆယ် အာဆီယံ ပြင်ပကို ပိုပြီး အမှီပြုခဲ့ကြရပါတယ်။

ပုံစံတခု ပေါ်ပေါက်လာခဲ့တာကတော့ မြန်မာအစိုးရအနေနဲ့ အာဆီယံနဲ့ ဆောင်ရွက်ရတဲ့ကိစ္စတွေမှာ အာဆီယံအဖွဲ့ဝင်တွေ တနိုင်ငံချင်းဆီကပဲ အကူအညီယူဖို့ ပိုလိုလားတယ် ဒါမှမဟုတ်လည်း အာဆီယံတစုံလုံးခေါင်းစဉ်အောက်က မဟုတ်တဲ့ အကူအညီမျိုးကို ပိုလိုလားတယ် ဆိုတာပါပဲ။

ဒီလိုအပြုအမူက အာဆီယံ၊ နိုင်ငံတကာမိသားစုတွေနဲ့ ဆက်စပ်ဆောင်ရွက်တဲ့နေရာမှာ မြန်မာအစိုးရရဲ့ တစတစ တိုးတက်လာတဲ့ သံတမန်ရေး လွတ်လပ်မှုကို ညွှန်ပြနေတာဖြစ်ပါတယ်။ သာဓကတခုအနေနဲ့ သဘာဝပတ်ဝန်းကျင် အပေါ် ဆိုးကျိုးတွေရှိတယ်လို့ အစီရင်ခံစာတွေ ထွက်လာပြီးတဲ့နောက် မြန်မာအစိုးရက မြစ်ဆုံရေကာတာဆောက်ဖို့ ရပ်ဆိုင်းလိုက်တာကို ကြည့်လို့ရပါတယ်။ ဒါကို အခြားစကားလုံးနဲ့ ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံတွင်း နိုင်ငံရေးထဲမှာရော အဲ့ဒီဘောင်ကိုကျော်ပြီးတော့ရော သူ့ရဲ့ ကိုယ်ပိုင်နေရာရာဖို့ တဖြည်းဖြည်း တောင်းယူနေတာပါ၊ အဲ့ဒီနေရာက အာဆီယံတစုံလုံးရဲ့ အကျိုးစီးပွားနဲ့ တထပ်တည်း ကျချင်ကျပါလိမ့်မယ်၊ ဒါမှမဟုတ် ကျချင်မှလည်း ကျပါလိမ့်မယ်။

Kavi Chongkittavorn ၏ Myanmar Sending Mixed Signals to Asean ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။ စာရေးသူသည် ဘန်ကောက်အခြေစိုက် နေရှင်းမီဒီယာအဖွဲ့တွင် အကြီးတန်းအယ်ဒီတာတဦးဖြစ်သည်။

By Irrawaddy

Skype အသုံးပြုနည်း

Skype အသုံးပြုနည်း

မင်္ဂလာပါခင်ဗျာ... စုကြည်ထွေး ရေးသားပြုစုထားတဲ့ Skype အသုံးပြုနည်း စာအုပ်ကလေးမျှဝေပေးလိုက်ပါတယ်... ဒီစာအုပ်မှာ အခန်းပေါင်း (၃၁) ခန်းပါဝင်ပြီး  ၁။ မိတ်ဆက် ၂။ Skype ၏သမိုင်းကြောင်း ၃။ Skype ဆော့ဝဲလ်ကို အင်တာနက်မှ အခမဲ့ ဒေါင်းလုတ်ဆွဲခြင်း ၄။ Skype ဆော့ဝဲလ်ကို Install ပြုလုပ်နည်း ၅။ Skype အကောင့်အသစ်တစ်ခု ဖန်တီးခြင်း ၆။ Skype တွင် ပိုက်ဆံထည့်နည်း ၇။ Skype Profile ပြင်ဆင်ခြင်း ၈။ Skype  Account ၏ Password ပြောင်းခြင်း ၉။ Skype တွင်ဘာသာစကားပြောင်းပြီး အသုံးပြုခြင်း ၁၀။ Skype အသုံးပြုရာတွင် သိထားသင့်သည့် နေရာများ ၁၁။ Testing Call နှင့် ဖုန်းစမ်းသပ်ခေါ်ဆိုခြင်း ၁၂၊ နိုင်ငံခြားဖုန်းနံပါတ်များကို တိုက်ရိုက်ခေါ်ပြီး စကားပြောခြင်း ၁၃။ ခေါ်ပြီးသားဖုန်း နံပါတ်များကို ပြန်ခေါ်ခြင်း ၁၄။ Phone Number ကို Contact List တွင်ပေါင်းထည့်ခြင်း ၁၅။ Contact Lists တွင် သူငယ်ချင်းများ ပေါင်းထည့်ခြင်း ၁၆။ Contact Lists တွင်ရှိသော သူများနှင့် စကားပြောခြင်း ၁၇။ Facebook (or) Mail မှ သူငယ်ချင်းများ ပေါင်းထည့်ခြင်း ၁၈။ ရုပ်ပါမြင်အောင် Video Call နှင့် အသုံးပြုခြင်း ၁၉။ Group ဖွဲ့ပြီး Video Call အသုံးပြုခြင်း ၂၀။ Group ဖွဲ့ပြီး Conference Call အသုံးပြုနည်း ၂၁။ SMS & Instant Messages ပေးပို့ခြင်း ၂၂။ privacy Setting ကို Control လုပ်ခြင်း ၂၃။  History ကို Mange လုပ်ခြင်း ၂၄။ Contact List မှ သူကို Block လုပ်ခြင်း ၂၅။ Block လုပ်ထားသူအား Unblock ပြန်လုပ်ခြင်း ၂၆။ Screen ကို Share လုပ်ခြင်း ၂၇။ Connestion Setting ချိန်ညှိခြင်း ၂၈။ Phone Call အတွက် အသံ Voice Setting ချိန်ညှိခြင်း ၂၉။ Video Call အတွက် ရုပ် Video Setting ချိန်ညှိခြင်း ၃၀။ Skype ကို Protable လုပ် အသုံးပြုခြင်း ၃၁။ Skype အသုံးပြုဖို့အတွက် Hardware လိုအပ်ချက် စသည်ဖြင့် ပြည့်စုံအောင် ရေးသားဖော်ပြထားပါတယ်... လေ့လာလိုတဲ့ သူငယ်ချင်းများအတွက် Mediafire နှင့် Minus နှစ်နေရာတင်ပေးထားပါတယ် ယူသွားလိုက်ပါခင်ဗျာ.....


Skype အသုံးပြုနည်း
Minus

>>>  Download  <<<
Mdiafire

>>>  Download  <<<

Download ယူနည်းများ


 

 ဒီ Post လေးက သူငယ်ချင်းတို့အတွက် အဆင်ပြေတယ်ဆိုရင် FB Like လုပ်ပေးကြပါခင်ဗျာ... 
Like လုပ်ပေးခြင်းဖြင့် မိမိရဲ့ FB ပေါ်မှာ Post လေးရောက်သွားမှာပါ....
 ကျေးဇူးတင်ပါတယ်....

အစိုးရနှင့် KIO တို့ ဆွေးနွေးနိုင်ရေး ကြန့်ကြာနေ



အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ နှစ်ဘက် တွေ့ဆုံ ဆွေးနွေး နိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်မှတဆင့် ငြိမ်းချမ်းရေးအဖွဲ့က အစိုးရရုံးစိုက်ရာ

နေပြည်တော်သို့ ကမ်းလှမ်း ထားသော်လည်း အဆင်မပြေ ဖြစ်ခဲ့ကြောင်း သိရသည်။

KIO က ၎င်းတို့နယ်မြေအတွင်း အစိုးရတပ်များဘက်က အင်အား
တိုးချနေသည့် အပြင် စစ်ရေး ပြင်ဆင်မှုများ ရှိနေကြောင်း၊ ထိုကဲ့သို့သော အခြေအနေများက နှစ်ဘက်တပ်များအပေါ် ယုံကြည်မှု ကင်းမဲ့နိုင်သောကြောင့် နောက်ဆုံးအကြိမ် ကမ်းလှမ်းချက် ဖြစ်သည့်
နေပြည်တော်တွင် ဆွေးနွေးရန်ကိစ္စ မဖြစ်နိုင်ကြောင်း ယခင်လ ၁၇ နှစ်ရက်နေ့က အကြောင်း ပြန်ထားသည်ဟု KIO ဘက်က ပြောသည်။

“အခုဆို ကျနော်တို့ ဗဟိုဌာနချုပ်နဲ့ အနီးဆုံးနေရာတွေကို သူတို့က အမြှောက်တပ်တွေချပြီး ပြင်ဆင်နေကြတယ်။ ဒီလိုမျိုး လုပ်နေတဲ့ အချိန်မှာ အစိုးရ ထိန်းချုပ်ထားတဲ့ မြို့တော်သွားပြီး တွေ့ဆုံဖို့ ဆိုတာကတော့ မဖြစ်နိုင်သေးဘူးဆိုတာ ဦးအောင်မင်းကို စာပို့ပြီးသားပါ။ သူတို့ဘာမှ အကြောင်း ပြန်မလာသေးဘူး” ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီသို့ ပြောသည်။

KIO ဘက်က မြန်မာအစိုးရနှင့် တွေ့ဆုံရန် ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့နယ်တို့ကို အဆိုပြု
ထားချက်အပေါ် အစိုးရဘက်က သဘောတူချက် မပေးနိုင်သကဲ့သို့ အစိုးရဘက်က ဗန်းမော်မြို့နှင့် ယခု နေပြည်တော်သို့ ကမ်းလှမ်းချက်များ
ကိုလည်း နှစ်ဘက် ယုံကြည်မှု မပေးနိုင်သေးသော အခြေအနေများအရ ဟုဆိုကာ KIO ဘက်က ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

အစိုးရသစ်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်သည့် အနေအထားကို ရောက်ရှိနေပြီ
ဖြစ်ကြောင်း၊ ကျန်ရှိနေသော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့်လည်း မကြာမီ အဆင်ပြေသွားနိုင်ကြောင်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သို့ သမ္မတ ဦးသိန်းစိန်က ၎င်း၏ အမေရိကန် ခရီးစဉ်အတွင်း
ပြောဆိုသွားသည်။

သမ္မတ၏ ပြောဆိုမှုနှင့် ပတ်သက်၍ ဦးလနန်က “သမ္မတ ပြောဆိုချက်က
ပေါ့ဆလွန်းတယ်၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နည်း မဟုတ်ဘဲနဲ့ ကျနော်တို့ တပ်တွေလည်း မပစ်တော့ဘူး။ KIA လည်း မပစ်တော့ဘူး ဆိုရင်တော့ ငြိမ်းချမ်းရေးရသွားမယ်ဆိုတဲ့ အလွယ်နည်း၊ ပြဿနာကို ရှောင်တဲ့ နည်းလမ်းကို သုံးတယ်၊ ဘယ်လိုဖြေရှင်းမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ အဖြစ်မှန်ကို ဖုံးကွယ်ပြီး နိုင်ငံရေးအမြတ်ထုတ်ပြောဆိုသွားတယ်” ဟု ပြောသည်။

KIA နှင့် အစိုးရတပ်များ အကြား ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကို တပ်မတော်ဘက်မှ တိုက်ခိုက်မှုများ မပြုလုပ်ရန် သမ္မတက အမိန့်ထုတ်ခဲ့သော်လည်း KIA ဘက်က ယင်းသို့ အမိန့်ထုတ်ပြန်မှုများ ပြုလုပ်ခြင်းမရှိကြောင်း ဦးသိန်းစိန်က ပြောဆိုခဲ့သည်။

“ကျနော်တို့ ဘက်ကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ဖို့အတွက် ကိုယ့်ကို ပစ်လာရင် ကိုယ်ကလည်း ပြန်ပြီးတော့ ပစ်ရမှာပဲ။ အဲဒီတော့ ဒီအမိန့်ကို မနာခံတာ တပ်မဟုတ်ပါဘူး၊ တပ်ကတော့ ကျနော်တို့ပေးထားတဲ့ အမိန့်အတိုင်းပဲ လိုက်နာဆောင်ရွက် ပါတယ်။ တဘက်က ပစ်လာတယ်
ဆိုတော့ ပစ်ရ၊ ခတ်ရ၊ တိုက်ရတဲ့ သဘောပါ၊ တပ်က အမိန့် မနာခံဘူးဆိုတာ မရှိပါဘူး” ဟု ဦးသိန်းစိန်က ဆိုသည်။

ထို့အပြင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကိုယ်တိုင် ပါဝင် ဆောင်ရွက် နိုင်ခြင်း မရှိသေးသော်လည်း ထိုလုပ်ငန်းစဉ်အတွက် ဝန်ကြီးများက
ဒေါ်အောင်ဆန်းစုကြည်ထံမှ အကြံဉာဏ်များ ရယူခဲ့ရကြောင်း
၎င်းက ဆက်ပြောထားသည်။

ယခုနှစ် နှစ်ဆန်းပိုင်းက KIA ကို တိုက်ခိုက်မှုများ မပြုလုပ်ရန် သမ္မတ ညွှန်ကြားချက်များ ကြားသိရပြီးနောက် KIA ကလည်း အောက်ခြေ တပ်အဆင့်ဆင့်ကို ပစ်ခတ်မှုများ မလုပ်ရန် လျှို့ဝှက်ညွှန်ကြားထားကြောင်း၊ သို့သော်လည်း ထိုအခြေအနေကို အစိုးရတပ်များက အခွင့်ကောင်းယူကာ လက်နက်ခဲယမ်းများနှင့် စစ်သည်အင်အားများ ဆက်တိုက် ဖြည့်တင်း
လာမှုကြောင့် တိုက်ပွဲများ အရှိန်မြင့်လာခဲ့ရကြောင်း KIO ဘက်ကပြောသည်။

ထို့နောက် အစိုးရတပ်များက KIA ၏ တပ်စခန်းများကို သိမ်းပိုက်နိုင်ရေး
အတွက် စခန်းသိမ်းတိုက်ပွဲများအတွက် ၁၂၀ မမ အမြှောက်ကြီးများကိုပင် အသုံးပြု၍ ထိုးစစ်ဆင်နေကြောင်း၊ ယခုအခါတွင် KIO ဗဟိုဌာနချုပ်
အနီးသို့ပင် ရောက်ရှိနေပြီဖြစ် ကြောင်းနှင့် စက်တင်ဘာလ အတွင်း၌ပင် တိုက်ပွဲပေါင်း ၁၀၅ ပွဲ ဖြစ်ပွားခဲ့ကြောင်း ဦးလနန်က ပြောသည်။

“အဆင်ပြေဖို့ကတော့ လက်ရှိ အစိုးရက တိုင်းရင်းသား ပြဿနာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းကြမယ်၊ အဲဒီနိုင်ငံရေး နည်းလမ်းကလည်း စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု မူအတိုင်းသွားတဲ့ နိုင်ငံရေး နည်းလမ်း ဖြစ်မယ် ဆိုတဲ့ ကိစ္စကို သူအမှန်တကယ်ပဲ ထုတ်ဖော် ပြောဆိုလိုက်မယ်ဆိုရင်တော့
ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေက အတိုင်းအတာ တခုအထိ ပြေလျော့သွားဖို့ ရှိတယ်” ဟု သူက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် နမ့်ဆန် မြို့နယ်တို့တွင်လည်း KIA၊ ပလောင် လွတ်လပ်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်များနှင့် အစိုးရတပ်များ အကြား ယမန်နေ့နှင့် ယနေ့မနက်ပိုင်းများတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက် ရှိကြောင်း TNLA ၏ အတွင်းရေးမှူး မိုင်းဖုန်းကျော်က ဧရာဝတီသို့ပြောသည်။

KIO နှင့် အစိုးရတပ်များအကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ သောင်းနှင့်ချီသော
ဒေသခံများမှာ အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ် – မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်းစစ်ဖြစ်ရာ ဒေသအနီးရှိ မြို့ပေါ်များနှင့်
တောတောင်များထဲတွင် ထွက်ပြေးခိုလှုံနေကြရပြီး နေရပ်ရင်းသို့ မပြန်နိုင်ကြသေးပေ။

By Irrawaddy

ခြောက်နိုင်ငံ သံဃာများ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာကမ်း


Bankaladaskembussy
“ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အခြားနိုင်ငံတွေက ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ပါတယ်။ ခြောက်နိုင်ငံလောက် ရှိမယ်၊ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။ သံရုံးထဲကတော့ ထွက်ပြီး တစုံတရာ တုန့်ပြန်တာ မရှိဘူး။ ဝန်ထမ်းတဦး ထွက်လာ တယ်၊ ဘုန်းဘုန်းတို့က အိတ်ဖွင့်ပေးစာကို ပေးလိုက်ပြီး ဒီစာကို ဝန်ကြီးချုပ်ဆီ ပို့ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်” ဟု ဦးဆောင်ဆန္ဒပြသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရှင်အာနန္ဒာ က မဇ္ဈိမအား မိန့်ကြားသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ သန်းခေါင် အချိန်ခန့်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ပင်းဝါရွာကြီး (ခေါ်) ရာမူး Ramu ဒေသရှိ ဘုန်းကြီးကျောင်းများနှင့် စေတီများအား လူအုပ်ကြီးမှ စတင်တိုက်ခိုက်ဖျက်ဆီး၍ မီးရှို့ခဲ့ကြသည်။ ကော့ဘဇားခရိုင်နှင့် စစ်တကောင်းနယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၁၉ ကျောင်း၊ သိမ် ၃ လုံးခန့်နှင့် လူနေအိမ်ခြေနှစ်ဆယ် ဝန်းကျင်ခန့် ပျက်စီးဆုံးရှူံးခဲ့ရသည်ဟု အရှင်အာနန္ဒာ က မိန့်ဆိုသည်။

“ဒီလို ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ ဗုဒ္ဓဘာသာ ဝင်တွေကို အကြမ်းဖက် ပြုမူလာတဲ့အပေါ်မှာ UN (ကုလ)ရဲ့ သတိရှိရှိ ပြုမူ ဆက်ဆံဖို့ ဘုန်းဘုန်းတို့ လိုချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကို ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေ၊ ပြည်သူတွေနဲ့၊ သာသနိက အဆောက်အအုံတွေ အပေါ်မှာ လုံခြုံရေး အာမခံပေးဖို့ လုပ်ဆောင်သွားမှာပါ” ဟု ဆက်လက်မိန့်ဆို သည်။

အစ္စလာမ် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ကိုရမ် ကျမ်းစာအုပ်အား မဖွယ်မရာ စော်ကားထားသည့်ပုံ ဖေ့စ်ဘွတ် စာမျက်နှာများပေါ်တွင် ပျံ့နှံ့လာပြီးနောက် ထိုပုံကို ဗုဒ္ဓဘာသာဝင် လူငယ်တဦးက တင်သည်ဟု စွပ်စွဲကာ ဒေါသထွက်၍ စုဝေးကြရာမှ ယခုကဲ့သို့ ဗုဒ္ဓဘာသာ အဆောက်အဦများအပေါ် အကြမ်းဖက်တုန့်ပြန် ကြသည်အထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၃ဝ နှင့် ၃၁ နေ့များ၌ ဘန်ကောက်ရှိ ရဟန်းတော်များ စုပေါင်း၍ အစည်းအဝေးတခု ပြုလုပ်ခဲ့ကာ ထိုသို့ဆန္ဒပြရန် ဆုံးဖြတ်ချက် ချခဲ့သည်ဟုလည်း ဘန်ကောက် ခရိုင်၊ ဗန်းခင်ရှိ ဝါဒ်တလောင် ကျောင်း၌ သီတင်း သုံးနေသည့် မြန်မာ ရဟန်းတော် အရှင်ရေဝတ က မိန့်ကြားသည်။

“ဦးဇင်းကတော့ ဆန္ဒပြတဲ့ ထဲတော့ မပါသွားဘူး။ ဒီလို အကြမ်းဖက်တာကာတော့ ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး၊ ဘယ်ဘာသာကမှ လက်မခံပါဘူး။ အထူးအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာက ဗုဒ္ဓဘာသာဝင် တွေက လူနည်းစုလေ။ ဘာသာရေးကို အကြောင်းပြပြီး ဒီလို အကြမ်းဖက် ပြုမူတာက ဒါက မလုပ်သင့်တဲ့ကိစ္စပါ” ဟု မဇ္ဈိမအား မိန့်ဆိုသည်။

ဗုဒ္ဓဟူးနေ့တွင်လည်း ဘန်ကောက်ရှိ ကုလသမဂ္ဂ ရုံးရှေ့သို့ သွားရောက် ဆန္ဒပြရန် စီစဉ်ထားပြီး EU ရုံးနှင့် တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန် သံရုံး များအား အိတ်ဖွင့် ပေးစာ ပေးပို့သွားမည်ဟုလည်း သိရှိရသည်။

ကော့ဘဇားခရိုင်ရှိ ဗုဒ္ဓဘာသာဝင်များမှာ သက်၊ ဒိုင်းနက်၊ မျို၊ ခမီ၊ ဘရုဝါ (မာရမာကြီး) နှင့် ရခိုင်လူမျိုးများ ပါဝင်ပြီး လူဦးရေအားဖြင့် သုံးသိန်းခန့် ရှိသည်။

တနင်္ဂနွေနေ့ အကြမ်းဖက်မှုနှင့်ပတ်သက်၍ ဒေသခံ ရဲစခန်းများတွင် လူပေါင်း ၁၇ဝ ကျော် ဖမ်းဆီး ထိန်းသိမ်းထားပြီး လုံခြုံရေးတပ်များ၏ ပတ်ခတ်ဟန့်တားမှုကြောင့် ခြောက်ဦး သေဆုံးကာ ၁၃ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။

ကော့ဘဇားခရိုင်၊ ရာမူး၊ အူခီးယားနှင့် တက်ခ်နက်ဖ် ဒေသများတွင် တနင်္ဂနွေနေ့ နံနက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရ သော်လည်း ရာမူးဒေသတွင် အင်္ဂါနေ့က ရုတ်သိမ်းပေးခဲ့သည်။

ထိုအကြမ်းဖက်မှုမှာ ရိုဟင်ဂျာများနှင့် ဆက်စပ်နေပြီး အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ BNP ၏ ဥပဒေပြုအမတ်လည်း အားပေးအားမြှောက် ပြုသည့်အထဲတွင် ပါဝင်သည်ဟု ပြည်ထဲရေးဝန်ကြီးက စွပ်စွဲပြောဆို ထားသော်လည်း BNP ပါတီက “အခြေအမြစ်မရှိ” ဟု ငြင်းဆိုထားကာ တရားမျှတသော စုံစမ်းရေးကော်မရှင် ဖွဲ့ရန် တောင်းဆိုထားသည်။

ထိုအကြမ်းဖက်မှုနှင့်ပတ်သက်၍ အင်္ဂါနေ့တွင် ဒက္ကာတက္ကသိုလ်ရှိ ရာမူး ကျောင်းသားများဖိုရမ်မှ ကျောင်းသား ၃ဝဝ ခန့်က လက်ချင်းဆက် ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ကြပြီး ရာမူး အကြမ်းဖက်မှု တရားခံအစစ်များ ဖော်ထုတ်အရေးယူပေး ရန် တောင်းဆိုခဲ့ကြသလို Bangladesh Chhatra League မှလည်း တက္ကသိုလ်ပရဝုဏ်အတွင်း စီတန်းလှည့်လည် ကာ ထိုတောင်းဆိုချက်များအတိုင်း ဆန္ဒပြခဲ့ကြသည်။
ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ရဟန်းတော်များ၏ လုံခြုံရေး အာမခံချက် ပေးရန် အတွက် ဘန်ကောက်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံအချို့မှ သံဃာ အပါး ၁ဝဝ နီးပါးခန့် အောက်တိုဘာ ၂ ရက်နေ့ နံနက်က စုစည်း ဆန္ဒပြ၍ ဘင်္ဂလားဒေ့ရှ် အစိုးရထံ အိတ်ဖွင့်ပေးစာ တစောင် ပေးအပ်ခဲ့ကြသည်။

လုံးဝ (လုံးဝ) ကန့်ကွက်ကြပါ ။


OIC လူသားချင်းစာနာမှုဆိုင်ရာရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခြင်း လုံးဝ(လုံးဝ)ကန့် ကွက်သည်
၁။ ။OIC လူသားချင်းစာနာမှုဆိုင်ရာရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခြင်းသည် ရွှေတိဂုံ ဘုရားစေတီအား ဒိုင်းနမိုင်း ဖြင့် ဖောက်ခွဲရန် ဖိတ်ခေါ်နေခြင်း ဖြစ်ပါတယ်။
၂။ ။ဗုဒ္ဓဘာသာတိုင်းပြည်နဲ့ OICရုံးနဲ့ဘာမှမဆိုင်ပါဘူး။ဒါမြန်မာပြည်ကိုလာဖျက်ဆီးတာပါ။ အကြမ်းဖက်လုပ်ရပ်ကိုမြှောက်ပင့်ပေးဖို့နဲ့ အကြမ်းဖက်သမားခိုအောင
်းဖို့ပဲအသုံးဝင်မှာပါ။
၃။ ။OIC လူသားချင်းစာနာမှုဆိုင်ရာရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်မှာ ကို လုံးဝ (လုံးဝ)
ကန့်ကွက်သည်။ဒါ မြန်မာပြည်ကို အစ္စလမ်မစ်နိုင်ငံ ဖြစ်အောင် ရှေ့ တလှမ်းတိုးလိုက်တာဖြစ်ပါတယ်။
၎။ ။OIC လူသားချင်းစာနာမှုဆိုင်ရာရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခြင်းသည် မြန်မာတိုင်းရင်းသား(၁၃၅)မျိုးတွက်မပါပါ၊ကုလားလူမျိုးနှင့်တစ်ကမ္ဘာလုံးကို အစ္စလမ်ရှရီးယားအစိုးရအောက်မှာ တစ်ခုတည်းသော
အစ္စလမ်မစ်အီမန် Imam Mahdi အောက်မှာ ထားပြီး အစ္စလမ်အင်ပါယာထူထောင်ဖို့ ၊
အစ္စလမ်ကမ္ဘာတည်ဆောက်ဖို့ ကုရ်အာန်ကျမ်းညွှန်ကြားချက်အရ
ကြိုတင်ပြင်တာပါ။
၅။ ။One World, One Islam, One Shariah Government ထားဖို့ ကုရ်အာန်ကျမ်း မှာ အတိအလင်းညွှန်ကြားထားပြီးဖြစ်ပါတယ်။
၆။ ။ဆော်ဒီ၊ အီရန်တို့ကို နမူနာကြည့်ပါ။ အစ္စလမ်ကလွဲလို့ မည်သည့် ဘာသာရေး
အဆောက်အအုံ မှ မထားပဲ ကုရ်အာကျမ်းညွှန်ကြားချက်အရ Purify လုပ်ထားကြတာပါ။
၁၀၀% မွတ်ဆလင်၊ ၉၈% မွတ်ဆလင် အစ္စလမ်မစ်ရှရီးယားနိုင်ငံတွေ ဖြစ်တဲ့
ဆော်ဒီ၊ အီရန်တို့ဟာ အနာဂတ် အစ္စလမ်မစ်ရှရီးယားကမ္ဘာကြီး ရဲ့ ရှေ့ပြေးနမူနာ
နိုင်ငံတွေပါ ။
ဆက်စပ် ကြည့်မိ ကြလိမ့်မယ် လို့ထင်ပါတယ်
Qur'an (8:39) - " fight them until there is nothing left but Islam and
religion should be only for Allah "
ရှင်းပါတယ်နော်။ ကုရ်အာန်ကျမ်းညွှန်ကြားချက်ကို ။
တစ်ကမ္ဘာလုံးကို အစ္စလမ်ရှရီးယားဥပဒေအောက်မှာ တစ်ခုတည်းသော အစ္စလမ်မစ်အီမန်
Imam Mahdi အောက်မှာ ထားပြီး အစ္စလမ်အင်ပါယာထူထောင်ဖို့ ၊
အစ္စလမ်ကမ္ဘာတည်ဆောက်ဖို့တစ်ကမ္ဘာလုံးကို အစ္စလမ်မစ်ရှရီးယား အစိုးရတစ်ခုတည်းအောက်မှာ
( အစ္စလမ်မစ်islamized နယ်မြေတွေအားလုံးကို စုပေါင်းလိုက်ပြီး )
Demographic Islamization is Global THREAT !!!
မွတ်ဆလင်တွေ နိုင်ငံတိုင်းကို ၀င်လာ၊ ဗလီတွေ ရာနဲ့ ထောင်နဲ့ချီဆောက်၊မွတ်ဆလင်လူဖေါက်၊
အင်အားမကောင်းသေးခင် Taqiyya သုံး၊ လုံလောက်တဲ့မွတ်ဆလင်လူအင်အားတောင့်တင်းလာ
ရင် မူလနိုင်ငံက Non-Muslimမျိုးနွယ်စုလေးတွေကို ရက်ရက်စက်စက် သတ်ဖြတ်၊ ပြီးရင် မွတ်ဆလင်တွေ
အသတ်ခံရပါတယ် ဗြောင်းပြန်အော် ( Taqiyya; Islamic Deceit )Islamic State အစ္စလမ်နယ်မြေတောင်း ၊ မွတ်ဆလင်နိုင်ငံတွေ က GlobalIslamization အတွက် လူ့အခွင့်အရေး၊ဘာသာရေးလွတ်လပ်ခွင့်ခေါင်းစဉ်တွေအောက်မှာ ငွေအင်အား၊ မီဒီယာအင်အားတွေနဲ့ဝိုင်းအာ၊islamized လုပ်ခဲ့ပြီးသားမွတ်ဆလင်နိုင်ငံတွေထဲ က လူနည်းစုဖြစ်သွားတဲ့ဘာသာခြားတွေကို တော့ ရစရာ မရှိအောင် လူ့အခွင့်အရေး၊ဘာသာရေးလွတ်လပ်ခွင့် နှိပ်ကွပ်ထား၊ လူမျိုးတုန်းသတ်၊ သူများဘာသာတွေ ရစရာမရှိအောင်ဖျက်ဆီး၊( လူ့အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့် မီဒီယာတွေ လုံးဝအသံမထွက်ရဲ )မွတ်ဆလင်လူဦးရေ ၅၀%ကျော်လာတဲ့ ဒေသ၊ မြို့ရွာ၊ နိုင်ငံတိုင်းမှာ IslamicState အစ္စလမ်နယ်မြေ မရမချင်း ပြဿနာရှာ စတဲ့ တစ်ပုံစံတည်းသောislamization သည် နိုင်ငံတိုင်းတွင် ရင်ဆိုင်ခဲ့ရသော၊ ရင်ဆိုင်နေရသော၊
ရင်ဆိုင်လာရမည်ဖြစ်သော ပြဿနာဖြစ်သည်။
မိုဟာမက်ကြောင့် အလ္လာဟ်ဆိုတာဖြစ်ခဲ့တယ်မိုဟာမက် နဲ့ အလ္လာဟ် ကြောင့် အစ္စလမ်ဆိုတာ ဖြစ်လာတယ်
အစ္စလမ် ရှိရင် ကုရ်အာန်ရှိမယ်၊ အစ္စလမ် ရှိရင် ဗလီရှိမယ်ကုရ်အာန် ရှိရင် ဂျီဟတ်ရှိမယ်ဗလီရှိရင် ဗလီမှာ ဗလီဆရာတွေက " မွတ်ဆလင်မဟုတ်သူတွေကို လည်လှီးသတ်နိုင်ရင်( ရှဟစ်ဒ်) အလ္လာဟ်ဘုံမှာ အပျိုစင် ၇၂ယောက် ၊ လူပျိုပေါက် ၂၈ယောက်နဲ့၂၄နာရီလိင်ဆက်ဆံခြင်း သုခကို စံစားရမယ် "
လို့ မွတ်ဆလင်တွေ ဦးနှောက်ထဲကို ကုရ်အာန်စာအုပ်ကြီးကိုင်ပြီး ရိုက်သွင်းမယ်
ဂျီဟတ်ဖြစ်လာမယ် ကုရ်အာန် ရှိရင် ဂျီဟတ်ရှိမယ်ဂျီဟတ် ရှိနေသမျှကာလပတ်လုံး တစ်ကမ္ဘာလုံးက မွတ်ဆလင်မဟုတ်သူ Non-Muslimsများသည် နေ့စဉ်နဲ့ အမျှ မွတ်ဆလင်တွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံနေရအုန်းမှာပဲ။လက်တွေ့လည်း မွတ်ဆလင်တွေရဲ့ ဂျီဟတ်ဟဒ်စစ်ပွဲများမှာ ဟိန္ဒူ ၊ခရစ်ယာန် ၊ဗုဒ္ဓဘာသာ ၊ ဂျူး၊ ဘာသာမဲ့ လူသားတွေ သန်းပေါင်း ၂၈၀ အသတ်ခံခဲ့ရပြီးပြီ( ဒုံးကျည်၊ ကျည်ဆန်နဲ့ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ ခေတ်မဟုတ် ပဲ ၊
ဓားနဲ့ချည်းပဲ သတ်တာနော် သန်း ၂၈၀ကျော် သတ်ခဲ့တယ်)
One World, One Islam, One Shariah Government ထားဖို့ ကုရ်အာန်ကျမ်း
မှာ အတိအလင်းညွှန်ကြားထားတဲ့
တစ်ကမ္ဘာလုံးကို ၊ လူသားအားလုံးကို Islam ရဲ့ ထိန်းချုပ်မှု အောက်မှာ ထားမဲ့ ၊တစ်ကမ္ဘာလုံးက ဘာသာခြားနိုင်ငံအားလုံးကို အစ္စလမ်မစ်ကုရ်အာန်အုပ်စိုးဖို့islamize လုပ်ဖို့ အစဉ်အဆက်ကြိုးစားနေတဲ့ အင်မတန် အန္တရာယ် ကြီးတဲ့Islamic Imperialistic System တစ်ခုပါ။
၇။ ။OIC လူသားချင်းစာနာမှုဆိုင်ရာရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်မှာ ကို လုံးဝ (လုံးဝ) ကန့်ကွက်သည်ကျေးဇူးပြုပြီးသင်မြန်မာနိုင်ငံသားမှန်ရင်ဝိုင်းဝန်းကန့်ကွက်ကြပါ။
http://www.mgkyautkhae.com/2012/10/oic.html

ထိတ်လန့်အံ့သြဖွယ်ရာစားသောက်ဆိုင်

ထိတ်လန့်အံ့သြဖွယ်ရာစားသောက်ဆိုင်

ပထမဦးဆုံး ခရီးဆုံးထိရောက်ဖို့ကိုတော့ သင်အားမွေးထားရမယ်နော်... ။

ပထမဆုံး တောင်ကုန်းပေါ်ကို ဒီလို ကောင်းကင်ရထားတွေနဲ့ အရင်သွားကြရမယ် ။
အောက်ကိုတော့ ငုံမကြည့်မိစေနဲ့ နက်ရှိုင်းတဲ့ အသူရာ ချောက်တွေရှိတယ် ။


ဒီလမ်းကြောင်းလေးကနေသွားကြရမှာနော်... ။


သင့်ရှေ့တည့်တည့်ကလူကိုပဲ တစိုက်မတ်မတ်ကြည့်ပါ ။
ဘေးဖက်ကိုယောင်လို့တောင်မကြည့်မိစေနဲ့ ။
မူးဝေပြီး ပြုတ်ကျသွားနိုင်ပါတယ် ။
စွန့်စားလိုသူတို့အကြိုက်ပေါ့နော် ။

အကယ်၍ သင့်အရှေ့ကလူက ကိုယ့်ဆီကိုပြောင်းပြန်ပြန်လာနေရင် သတိထားပါ ။
လမ်းကကျဉ်းလွန်းတဲ့အတွက် အခက်အခဲတွေ့နိုင်ပါတယ် ။


ဆက်ပြီးကြိုးစားထားကြ သူငယ်ချင်းတို့ နောက် အဆင့်အနည်းငယ်ဆို စားသောက်ဆိုင်ကို ရောက်ပါတော့မယ် ။


ဒီနေရာကတော့ အသဲငယ်သူတို့ လှည့်ပြန်ရမယ့်နေရာပါပဲ ။
အပေါက်လေးတွေထဲကို ခြေချောင်း တွေထည့်ပြီးသွားရမှာ ဖြစ်ပါတယ် ။
အောက်ဖက် ကကျောက်ကမ်းပါးကတော့ အလွန်ကို နက်ရှိုင်းပါတယ် ။


ကဲ...အပေါ်ကိုရောက်တော့မယ်ဟေ့ ကြိုးစားထား...!!!!!


နောက်ဆုံးမှာတော့ တွေ့ရတဲ့မြင်ကွင်းအတိုင်းပါပဲ ။
ထိတ်လန့်တုန်လှုပ်ဖွယ် လမ်းကိုဖြတ်သန်းပြီးမှ
ဒီစားသောက်ဆိုင်လေးကိုရောက်မှာ ဖြစ်ပါတယ် ။
အကယ်၍သင်ရောက်အောင်သွား နိုင်ခဲ့လျှင်
အစားအ သောက် အား လုံးက Free (ဖရီး) ဖြစ်ပါတယ် ။

ကဲသူငယ်ချင်းတို့ ဘယ်သူတွေလိုက်ကြမလဲ
ဒီကအစားအသောက်တွေဘယ်လိုအရသာရှိလည်းဆိုတာ
သွားပြီး မြည်းကြည့်ရအောင် ...သွားကြမယ်ဟေ့ !!!!!
မှတင်ပြပေးပါသည်။
ရဲဇော်ကို(မလေး)

အံ့သြဖွယ်ရာ မြစ်တစ်ခုအောက်မှ နောက်ထပ်မြစ်တစ်ခု

အံ့သြဖွယ်ရာ မြစ်တစ်ခုအောက်မှ နောက်ထပ်မြစ်တစ်ခု

ဒီပုံလေးတွေ အကုန်လုံးက မြစ်ထဲမှ ရေအောက်အတွင်းမှာ ရိုက်ထားတဲ့ပုံလေးတွေပါ ။
ဘယ်လောက် တောင်ထူးဆန်းလိုက်ပါသလဲ ။
မြစ်အမွှာဟုတောင် ဆိုရမလား မသိ ။
မြစ်အောက်ဖက် ကြမ်းပြင်တွင် နောက်ထပ် မြစ်တစ်ခုက ထပ်၍ ရှိနေခြင်းပင် ။
တကယ့်ကို ကုန်းမြေမှာ မြင်ရတဲ့အတိုင်း အပင်တွေဘာတွေ နဲ့ မြစ်ကမ်းစပ်တောင်ပါရှိသေးသည် ။
ကမ္ဘာကြီးပေါ်မှာ ထူးဆန်းအံ့သြဖွယ်ရာတွေက ကုန်နိုင်မည်မဟုတ်ပေ။
မှတင်ပြပေးပါသည်။
ရဲဇော်ကို(မလေး)

ရှစ်လအတွင်း အစိုးရက နိုင်ငံရေးလှုပ်ရှားသူ ၂၀၀ ကို ဖမ်းဆီးဟု အေအေပီပီပြော *

Inbox
x











DVB




|

အေး​နိုငျ





မြန်မာအစိုးရက ဒီနှစ်အစပိုင်းကနေ ၈ လအတွင်းမှာ နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး အယောက် ၂၀၀ ကို နိုင်ငံရေးအမှုနဲ့ မဟုတ်တဲ့ အမှုတွေနဲ့ ဖမ်းဆီးအကျဉ်းချခဲ့ပြီး အတော်များများ တရားရင်ဆိုင်နေရတယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေး အသင်း (အေအေပီပီ-ဘီ) က ထုတ်ပြန်လိုက်ပါတယ်။



ဒီကိစ္စနဲ့ပတ်သက်လို့ အေအေပီပီအတွင်းရေးမှူး ဦးတိတ်နိုင်က "အဓိကကတော့ ဆန္ဒထုတ်ဖော်မှုကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဆီးခံရတာပိုများပါတယ်။ နောက်တခုက မတရားအသင်းဆက်သွယ်မှုဆိုတဲ့ သံသယနဲ့ ဖမ်းဆီးတာလည်း ပါ ပါတယ်။ အခုဆိုရင် အဲထဲက ၃၅ ဦးက တရားရင်ဆိုင်နေရပါတယ်။ ကျန်တာတွေကတော့ ပြန်လွှတ်လိုက်တာရှိတယ်။ တချို့ဆိုရင် ထောင် ၁ နှစ်ကျတယ်၊ ပြန်လွှတ်လိုက်ပြီ။ နောက် ကချင်ဘက်မှာဆိုရင် စစ်ကြောရင်း သေသွားတဲ့ ၂ ယောက်လည်း ရှိပါတယ်။"

မြန်မာနိုင်ငံဟာ စစ်အစိုးရလက်ထက် အုပ်ချုပ်တုန်းကလိုပဲ အစွမ်းကုန် ခြိမ်းခြောက်မှု နည်းလမ်းတွေကို သုံးပြီး ရပိုင်ခွင့် တောင်းဆိုသူတွေကို ခြိမ်းခြောက် အန္တရာယ်ပြုတာ၊ အရှက်တကွဲဖြစ်အောင် စော်ကားဆက်ဆံတာတွေနဲ့ ဆက်လက်ပြုမူ ဆက်ဆံခံနေရတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်လုပ်ဆောင်တာတွေကတော့ ကင်းလွတ်ခွင့်ရနေတုန်းပဲ လို့ ပြောပါတယ်။

အစိုးရက န၀တခေတ်၊ နအဖ ခေတ်ကလို နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအဖြစ် ဆက်လက် ဖမ်းဆီးထားတုန်းပဲလို့ ဦးတိတ်နိုင်က ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၅ အရ တချိန်က အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကိုသာ ကာကွယ်ထားတဲ့ အပေါ်ကိုလည်း ဦးတိတ်နိုင်က ဝေဖန်ပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၄၄၅ ဆိုတာရှိပါတယ်။ အရင် အစိုးရ အဆက်ဆက်က ကျူးလွန်ထားတဲ့အမှုတွေကို နောက်ကြောင်း ပြန်မသက်ရောက်စေရဆိုတဲ့ ကိစ္စမျိုးပါပါတယ်။ ငါတို့ ကျူးလွန်ထားတဲ့ကိစ္စတွေကိုကျတော့ ဒီလူတွေက သင်ပုန်းချေကို ချေရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ပေါ့။ သို့ပေမယ့် သူတို့နဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့သူတွေကို ဖြည်းဖြည်းချင်း လွှတ်ပေးတယ်ဆိုတာက သူတို့ဘက်ကကျတော့ မင်းတို့ကို သင်ပုန်းချေလို့မရဘူး၊ နည်းနည်းချင်း စောင့်ကြည့်လေ့လာပြီး လွှတ်ပေးမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်။"

ပြန်လွတ်လာသူတွေကိုလည်း အစိုးရက သံသယနဲ့ စောင့်ကြည့်နေသလို ကျောင်းပြန်တက်ခွင့် မရတာတွေ၊ နိုင်ငံခြားထွက်ခွင့်မရတာတွေ၊ ရှေ့နေလိုင်စင်တွေ ပြန်မရတာတွေနဲ့ ဆရာဝန်တွေလည်း ဆေးကုသခွင့် ပြန်မရကြတာတွေ ရှိတယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။

ဒီနှစ်ဆန်းပိုင်းကစလို့ နိုင်ငံရေးအကျဉ်းသား ၄၅၀ လောက် ပြန်လွတ်လာပေမယ့် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၁၀ ကျော် ကျန်ရှိနေတယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။

ကမ္ဘာ့အကြီးဆုံး ဂရင်းနစ်စံချိန်ဝင်ဖို့အတွက် နဂါး ၉ကောင်ရုပ်ထုကို ထုလုပ်ပြီးစီး *

Inbox
x








DVB TV News:
မန္တလေးကမြို့ အမရပူရမြို့နယ် ကပ်ကျော်ကွက်သစ် ၊ သပြေလမ်း နဲ့ စကားဝါလမ်းဒေါင့်မှာရှိတဲ့ သိန်းသန်းအောင် ပန်းပုသမဝါယမအသင်းလီမီတတ်ကနေ ကမ္ဘာ့အကြီးဆုံး ဂရင်းနစ်စံချိန်ဝင်ဖို့အတွက် နဂါး ၉ကောင်ရုပ်ထုကို ထုလုပ်ပြီးစီးသွားပါတယ်။

ဒီရုပ်ထု ထုဆစ်ဖို့အတွက် "စစ်ကိုင်းတိုင်းဘက်မှာတွေ့ရှိခဲ့တဲ့ သစ်မြစ်ဖြစ်ပါတယ်။ပန်းတောက်သားဖြစ်ပါတယ်။၂၀၁၂ နှစ်ဆန်းပိုင်းမှာစတင်းတွေ့ရှိခဲ့ပြီး ဒီရုပ်ထုကို ထုလုပ်ခဲ့တာ ၈လလောက်ကြာမြင့်ခဲ့ပါတယ်။ပန်းပုဆရာ ၈ယောက်နဲ့ ထုလုပ်ခဲ့တာဖြစ်ပြီး ဂရင်းနစ်စံချိန်ဝင်ဖို့အတွက် ကြိုးစားနေတာလည်းဖြစ်ပါတယ်။ လုံးပတ်က ၁၄ပေခွဲ အမြင့်က ၉ပေခွဲရှိပါတယ်။ခုလောလောဆယ် ဒီရုပ်ထုကို လာဝယ်မယ်ဆိုရင်တောင် ရောင်းဖို့အတွက် အစီစဉ်မရှိဘူး" လို့ ရုပ်ထု ထုဆစ်သူ ဦးသိန်းဝင်းကဆိုပါတယ်။ (သတင်းဓါတ်ပုံ - ကျော်ဇေ)

အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် သတ်မှတ် *

Inbox
x







Images are not displayed. Display images below - Always display images from

အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် သတ်မှတ်
************************************

လတိုင်း၊ လတိုင်း၏ စက်တင်ဘာလ ၂၅
*************************
ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ်အမေရိကန်နိုင်ငံ၊အင်ဒီယား
*********************************************
နားပြည်နယ်၊ Fort Wayne မြို့တော်ဝန် Tom Henry
**********************************
ကသတ်မှတ်ခဲ့ကြောင်းသိရသည်။
*********************

“ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကိုရောက်နေတုန်း ဖို့ဝေးမြို့မှာ မိန့်ခွန်းပြောခဲ့ပြီးတော့ စက်တင်ဘာ ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့သတ်မှတ်ဖို့မြို့တော်ဝန်က ပြောကြားခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာတွေအတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးပာာ တစ်ခေတ်မှာတယောက်ပဲ ပေါ်လာနိုင်မှာပါ”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီကြိုးပမ်းမှုတွေအတွက် အမေရိကန်နိုင်ငံကတောင် အသိအမှတ်ပြုတဲ့အနေ နဲ့ ခုလိုသတ်မှတ်ပေးခဲ့တာ အရမ်းကိုကောင်းပါတယ်။ မြန်မာနိုင်ငံသားတွေအတွက်လည်း တကယ်ကို ဂုဏ်ယူဖွယ်ရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်တို့ ပာန်ချက်ညီညီနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်နိုင်မယ်ဆိုရင် ပန်းတိုင်က သိပ်မဝေးတော့ပါဘူး”ပာု မြန်မာ့အရေးလေ့လာနေ သူတစ်ဦးက ဆိုသည်။

အမေရိကန်နယူးယောက်မြို့သို့ရောက်ရှိနေသည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစု ကြည်သည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဝါရှင်တန်မြို့၊ ကပ်ပီတော်၌ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဆု(ကွန်ဂရက်)ရွှေတံဆိပ်ဆုအားလည်းကောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဝါရှင်တန်မြို့ ကက်ပီတော်၌ ရုံးစိုက်သော NED(National Endowment for Democracy)ဆုအားလည်းကောင်း၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် နယူးယောက်မြို့အခြေစိုက် အတ္တလန်တစ်ကောင်စီမှ ချီးမြှင့်သော ၂၀၁၂ ဂလိုဘယ်နိုင်ငံကြီးသားဆုအားလည်းကောင်း၊ နယူးယောက်မြို့၊ ကွင်းစ်ကောလိပ်ကျောင်းသားများအား စကားပြောအပြီး ကျောင်းအထိမ်းအမှတ်လက်ဆောင်အားလည်းကောင်း ရရှိခဲ့သည်။

Yangon chronicle

"" MRTV-4 တွင် ၀န်ထမ်းတွေ သမီးရည်းစားထားလို့  လစာဖြတ်တောက် ခံရ"" *

Inbox
x








MRTV-4 က အကြောင်းလေးတစ်ခု
 ပြောပြချင်ပါတယ်ဗျာ -မြန်မာနိုင်ငံမှာ
 ဒီမိုကရေစီ တို့ လူ့အခွင့်အရေး (Human Right) တို့ ပြောပြောနေကြတာ။
တကယ်တမ်းက ဒါတွေကိုတောင် မပြင်နိုင်ကြသေးဘူး အောက်ခြေက
လူတွေ ပြောပါတယ်။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်က MRTV-4 မှာ အလုပ်လုပ်ပါတယ်။ သူအလုပ်
 စ၀င်တော့ ဘာပေါ်လစီတွေမှ ဖတ်ခိုင်း၊ လက်မှတ်ထိုးခိုင်းတာတွေ မရှိခဲ့ပါဘူး။
 ပြီးခဲ့တဲ့လက လစာထုတ်တော့ သူရမဲ့လစာထဲကနေပြီး ၄၀ ရာခိုင်နှုန်း
လစာဖြတ်တောက်ပါတယ်တဲ့။ အဲဒါနဲ့ မကြေနပ်လို့ သူ့ Project Manager
သူရိန်ထွန်းကို သူက သွားမေးပါတယ်။ ဘာကြောင့် လစာဖြတ်တာလဲဆိုပြီး။
သူရိန်ထွန်းက ပြောပါတယ် ရည်းစားထားလို့ပါတဲ့။
အဲဒါနဲ့ MRTV-4 ကပဲ သူ့ရည်းစားကို မေးတော့ သူရည်းစားကိုပါ ၄၀ ရာခိုင်နှုန်း
 ဖြတ်တောက်ထားပါတယ်။ အဲဒါနဲ့ ကျွန်တော့်သူငယ်ချင်းလဲ သူရိန်ထွန်းကို
ဘာဆိုင်လို့ ရည်းစားထားရင် ဖြတ်တာလဲ၊ ခင်ဗျား ဘာမြင်လို့လဲလို့ မေးပါလေရော။
အဲဒီအချိန်မှာ သူရိန်ထွန်းက MRTV-4 ပေါ်လစီအရလို့ ပြောပါတယ်။ မျက်မြင်
သက်သေကတော့ HR Manager စလင်း ဆိုတဲ့သူက ပြောလို့တဲ့။

ကျွန်တော်သူငယ်ချင်းလဲ ပေါက်ကွဲပြီး စလင်း ဆိုသူကို သွားပြောတော့ သူမပြော
ပါဘူး ဖြစ်ပြန်ရော။ ဘာပဲပြောပြော နှစ်ယောက်လုံး ဘောလီဘော ပုတ်နေပြီနော်။
 နောက်တော့ ဘာပြောပြန်လဲဆိုတော့ စလင်းက မင်းတို့နှစ်ယောက် ရုံးဆင်းရင် အတူတူပြန်လို့၊ နောက်ပြီး ပြန်လိုက်ပို့လို့တဲ့ ဖြစ်ပြန်ရော။
နေပါအုံး ကြားထဲက မေးပါရစေအုံး ပြန်ပို့တာ၊ အတူတူပြန်တာက ရုံးချိန်
မဟုတ်ဘူးနော်။ ရုံးဆင်းချိန်။ လူ့အခွင့်ရေးလေး နားလည်ကြပါအုံး မောင်မင်းကြီး
သား စလင်း ရ။ ပြီးတော့ တစ်ရက်က ကျွန်တော့်သူငယ်ချင်း ရုံးဆင်းချိန်မှာ
သူ့အခန်းတံခါးကို ပိတ်နေတုန်း သူ့ကောင်မလေးကလဲ ဘေးက စောင့်နေတာ
ကို စလင်းက တွေ့ပြီး သူ့စိတ်နဲ့ နှိုင်း ရိုင်းပြန်ပြီး သူရိန်ထွန်းသူကို ဒီကောင်
ရုံးဆင်းချိန် အခန်းမှာ ဘာလုပ်လဲ မသိဘူးလို့ သွားပြောထားပါသေးတယ်။
အဲဒီ မကျေနပ်ချက်တွေနဲ့ပဲ လစာဖြတ်တောက်တာပေါ့။ နောက်
သူရိန်ထွန်းက ပြောသေးတယ်၊ လစာဖြတ်တာ မကျေနပ်ရင် တိုင်ချင်ရာတိုင်
အဲ့ဒါ ပေါ်လစီ ဆိုပဲ။ အော် ..... တစ်သက်နဲ့ တစ်ခါ ဒီတစ်ခါပဲ ကြားဖူးတယ်၊
ရည်းစားထားလို့ လစာဖြတ်တာ။ အဲဒါလား ရုံးတွေက ပေးတဲ့ လူ့အခွင့်အရေး၊
 လွတ်လပ်ခွင့်တွေ၊ ဘယ်နိုင်ငံမှာမှမရှိဘူး။
နောက်ပြီး ကျားနဲ့မ ကြိုက်တာချစ်တာက ဖြစ်ရိုးထုံးစံ။ ကြိုက်တဲ့ရုံး သွားကြည့်
ဝန်ထမ်းသမီးရည်းစားတွေ အများကြီး။ ဘယ်ရုံးကမှ မဖြတ်တောက်ဘူး။
အလုပ်မပျက်ရင် ပြီးတာပဲ။ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်အခွင့်အရေး၊ ကိုယ်ပိုင်
လွတ်လပ်ခွင့် မရှိတော့ဘူးလား ရုံးဝန်ထမ်းတွေမှာ။
သောက်ကျိုးနဲဗျာ .... သမီးရည်းစား ကြိုက်ကြလို့ လစာဖြတ်တယ်တဲ့။
သူရိန်ထွန်းနဲ့ စလင်း ရေ မင်းတို့ခေတ်ကျမှ အဲဒီပေါ်လစီထုတ်။ သောက်ကျိုးနဲ
 သူများအကြောင်းတွေလဲ ၀င်ပြီး ပတ်သက်သေး၊ နောက် တိုင်ချင်ရာတိုင်
အဲ့ဒါပေါ်လစီဆိုတော့ ဒီပေါ်လစီသာ MRTV-4 မှာ တကယ်ရှိတယ်ဆို ပြလေ။
အခုဟာက ကျွန်တော်သူငယ်ချင်းကလဲ သူတို့အရှေ့မှ မနေတတ် မထိုင်တတ်
 ဖြစ်နေတာမဟုတ်။ အမြင်မတော်တာတွေ လုပ်နေတာလဲ မဟုတ်။
MRTV-4 က တာဝန်ရှိတဲ့သူတွေ ဒီအတိုင်း ငြိမ်နေပြီး ဘာမှ ဆက်မဖြေရှင်းပေး
ဘူးဆိုရင် ကျွန်တော်တို့ သူငယ်ချင်းဘက်ကနေ ကျွန်တော်တို့ ရပ်တည်ပြီး
မီဒီယာကနေ ဒီပေါ်လစီ MRTV-4 မှာ ရှိနေတဲ့အကြောင်း၊ လူ့အခွင့်ရေး
ချိုးဖောက်ပါတယ်ဆိုတဲ့ဟာကို ကြော်ငြာပြရအုံးမှာပေါ့။
နောက်ပြီး ဥပဒေမှာ အသရေဖျက်မှု၊ အလုပ်သမားဥပဒေမှာ အလုပ်သမား
အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာ မမေ့နဲ့အုံးနော်။
(ဆန်းထွန်းဦး)။



 ရွှေမြန်မာမီဒီယာဂရု




ဟွန်ဒါအက်ကော့ဒ် ကားအစီးရေ ၅ သိန်းကျော်ကို ပြန်လည် ရုပ်သိမ်းမည်


ဟွန်ဒါအက်ကော့ဒ် ကားအစီးရေ ၅ သိန်းကျော်ကို ပြန်လည် ရုပ်သိမ်းမည်ဟု ဟွန်ဒါကုမ္ပဏီက ကြေညာ
By Yatanarpon 2 October, 2012 - 15:05
အောက်တိုဘာလ ၂ ရက်။ ။ မော်တော်ကားရဲ့ အင်ဂျင်ခန်း အတွင်းမှာ မီးလောင်နိုင်တဲ့ အလားအလာတွေ ရှိနေတဲ့အတွက် အမေရိကန်နဲ့ ကနေဒါနိုင်ငံ အပါအဝင် မြောက်အမေရိက နိုင်ငံများဆီသို့ တင်သွင်းရောင်းချထားခဲ့တဲ့ ဟွန်ဒါကုမ္ပဏီရဲ့ နာမည်ကျော် ဟွန်ဒါအက်ကော့ဒ် (Accords)ကားအစီးရေ ၅ သိန်းကျော်ကို ပြန်လည်ရုပ်သိမ်းနေပြီလို့ ကုမ္ပဏီရဲ့ ကြေညာပြောဆိုချက်ကို စီအင်န်အင်န် သတင်းမှာ ဖေါ်ပြထားပါတယ်။
၂၀၀၃-၂၀၀၇ မော်ဒယ်လ်ဟွန်ဒါအက်ကော့ဒ် V6 အမျိုးအစားများကိုသာ ပြန်လည် ရုပ်သိမ်းမှာဖြစ်ကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်၊ အဆိုပါ ကားများရဲ့ ပါဝါစီရာတိုင်မှာရှိတဲ့ ဖုတွေကနေ ဆီစိမ့်ထွက်မှုမှတဆင့် မီးခိုးများ ဖြစ်ပေါ်လာပြီး အင်ဂျင်ခန်း မီးလောင်ဖို့ အလားအလာ ရှိနေတဲ့အတွက် အခုလို ပြန်လည်ရုပ်သိမ်းရခြင်း ဖြစ်တယ်လို့ အမျိုးသား အမြန်ယာဉ် လုံခြုံစိတ်ချမှုဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြေညာချက်ကို ကိုးကားပြီး စီအင်န်အင်န် သတင်းမှာ ဖေါ်ပြထားခြင်း ဖြစ်ပါတယ်။
ရတနာပုံ ဘာသာပြန်သတင်း
Ref; စီအင်န်အင်န်                                                                                                                                                     http://www.yatanarpon.com.mm/news/news-68932  

အပျိုစင်ညကိုရောင်းပြီးလှူမည့် သူလေး..






ကမ္ဘာမြေသာယာစေဖို့ ...လာပါလေ အစ်ကိုတို့ ရယ်လို့ ...
လှစ်ဟကာသူကြွေးကြော်... ပေးပါနော်အမြင့် ဆုံး... စပွန်ဆာမလို ...အကြင်နာပိုတဲ့ သူလေး...
Good deed? Catarina Migliorini had rejected claims she is a prostitute, saying she saw the opportunity to make a positive difference to the world
ဘရာဇီးနိုင်ငံမှ ကျောင်းသူတစ်ဦးဟာ ပြည်နယ်တစ်ခုမှဆင်းရဲချို့ တဲ့ နေကြသည့် မိသားစုများ
နေထိုင်နိုင်ရန် အိမ်များဆောက်လုပ်ပေးမည့် ပရဟိတရန်ပုံငွေတစ်ရပ်ထူထောင်နိုင်ရန်အတွက်
သူမရဲ့ အပျိုစင်ညကို လေလံတင်ရောင်းချလျှက်ရှိနေပါတယ်...
အသက် ၂၀ အရွယ်ရှိ ကာတာရီနာ မစ်ဂလီယီုရီနီ ဟာယခု ဈေးပြိုင်ခေါ်ဈေး ဒေါ်လာ ၁၅၅၀၀
အထိရောက်နေပြီဖြစ်သည့် ထိုလေလံပွဲမှရသည့် ငွေအားလုံးအား ဘရာဇီးနိုင်ငံ တောင်ပိုင်းမှ
သူမနေထိုင်ရာ ဆန်တာကာတာရီနာ ပြည်နယ်တွင်အစိုးရမဟုတ်သည့် အဖွဲ့ အစည်းမှတာဝန်ယူ
လှူဒါန်းဆေက်လုပ်မည့် ဆင်းရဲသူဆင်းရဲသားများအတွက် (တန်ဖိုးနည်း )ခေတ်မှီအိမ်ရာစီမံကိန်း
အတွက်လှူဒါန်းပေးအပ်မှာဖြစ်ပါတယ်...
သူမဟာ ကြေးစားပြည့် တန်ဆာတစ်ယောက်ဖြစ်သည်ဟူသော စွပ်စွဲချက်များအားငြင်းဆန်ယင်း
သူမအနေဖြင့် အချစ်စစ်အချစ်မှန်အားယုံကြည်လျှက်ရှိနေဆဲဖြစ်ကြောင်း သို့ သော်လည်းယခု
အခွင့် အလမ်းလုပ်ဆောင်ချက်ဖြင့် ကမ္ဘာကြီးအား ပိုမိုသာယာကောင်းမွန်အောင် ပြုလုပ်ပေးရာ
တွင် ပါဝင်ဆောင်ရွက်ခွင့် အဖြစ်မှတ်ယူပါကြောင်းပြောကြားခဲ့ ပါတယ်....
သို့ သော်လည်း ကြံ့ ခိုင်ရေးပညာရပ်ဆိုင်ရာကျောင်းသူလေးဟာ သူမရဲ့ အာဝါဟလုပ်ပြီးလှူ
မယ့် အာဝါသ အလှူပွဲအတွက် သြစတေးလျရုပ်သံရိုက်ကူးရေးအဖွဲ့ ရဲ့ "အပျိုစင်လိုချင်ပါတယ်.."
အမည်ရှိ မှတ်တမ်းတင်ရုပ်သံအစီအစဉ်အား လက်ခံရိုက်ကူးပေးမှာမို့ အငြင်းပွားဖွယ်ရာတွေ
ဖြစ်စေခဲ့ ပါတယ်...
" ကျွန်မကတော့ ဒါကို (မှတ်တမ်းရုပ်ရှင်ကို) စီးပွားရေးဆန်ဆန်ကိစ္စတစ်ခုလို့ မြင်ပါတယ်...ဒီမှတ်
တမ်းရုပ်ရှင်ရိုက်တဲ့ အတွက် ကျွန်မအနေနှင့် ခရီးသွားဖို့ အခွင့် အလမ်းတွေရမယ်... မှတ်တမ်းရုပ်
ရှင်မှာပါဝင်ခွင့် ရတဲ့ အပြင် အပိုဆုကြေးလည်းရမှာဖြစ်ပါတယ်...
ဘ၀မှာတစ်ကြိမ်တစ်ခါပဲ ( အခကြေးငွေယူပြီး အမျိုးသားနှင့် အတူအိပ်စက်ပျော်ပါးခြင်း ) ပြုလုပ်
တာမို့ ပြည့် တန်ဆာတစ်ယောက်အဖြစ်မသတ်မှတ်နိုင်ပါဘူး.... ဓါတ်ပုံကောင်းလေးတစ်ပုံရိုက်ခဲ့ 
လိုက်ရုံနှင့် ဓါတ်ပုံဆရာအဖြစ်မခံယူနိုင်လိုသလိုပါပဲ..." လို့ သူမကရှင်းပြခဲ့ ပါတယ်...
"လေလံပွဲဆိုတာလည်းစီးပွားရေးသဘောဆန်ဆန်လုပ်တာပါပဲ... ကျွန်မဟာ အချစ်ကိုကိုးကွယ်
ယုံကြည်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေးတစ်ဦးပါ... ဒါပေမယ့် ဒီအတွက်ကြောင့် လည်းကျွန်
မအနေနှင့် အပြောင်းလဲကြီးပြောင်းလဲရပါလိမ့် မယ်...." လို့ သူမက ဖိုလ်ဟာ သတင်းစာကိုပြော
ကြားခဲ့ ပါတယ်...
အီတလီအဆက်အနွယ်ဖြစ်သည့် ကာတာရီနာဟာ ထိုရုပ်သံအစဉ်အစဉ်အား လွန်ခဲ့ သည့် ၂ နှစ်
ခန့် က သောမတ်စ်ဝီလီယံ ရိုက်ကူးထုတ်လုပ်ရေးကုမ္ပဏီမှ အပျိုစင်တစ်ဦးအား ရိုက်ကူး၇န်ရှာ
ဖွေနေစဉ်သိရှိခဲ့ ပြီး ပါဝင်ရန်သဘောတူလက်မှတ်ရေးထိုးခဲ့ တာဖြစ်ပါတယ်...
ဒါရိုက်တာ ဂျပ်စ်တင်စစ်စ်လေအနေဖြင့် သူမအား ပထမဦးဆုံးအကြိမ် ချစ်တင်းမနှောခင်နှင့် 
ချစ်တင်းနှောပြီးနောက် သူမရဲ့ စိတ်ခံစားမှုများအား မှတ်တမ်းတင်ရိုက်ကူးမှာဖြစ်ပါတယ်...
လူပျိုအစစ်အဖြစ်ရိုက်ကူးမှတ်တမ်းတင်ရန် အချစ်ရေးတွင်အတွေ့ အကြုံမရှိဘူးသေးသည့် လူ
ပျိုလေး အလက်ဇန္ဒား ကိုလည်းရွေးချယ်ထားပါတယ်...

အကျယ်ချဲ့ မဲ့ ကိစ္စမို့ အကျယ်အကျယ်၊ အငြင်းပွားဖွယ်တွေဖြစ်မှာအမှန်...
Controversial: The physical education student will be followed every step of the way by an Australian film crew

အလှူဒါန ပြုကြသူငါလို့ မပြောရဲလောက်တဲ့ သူမရဲ့ ရည်ရွယ်ချက်ကတော့ 
ကောင်းပေမယ့် ရွေးချယ်လိုက်တဲ့ လုပ်နည်းလုပ်ဟန်ကတော့ ...
Charitable: Catarina Migliorini says the money will be spent on building houses for the poor. Pictured is a shantytown in Rio de Janeiro
အောက်တိုဘာလ ၁၅ ရက်နေ့ တွင်အဆုံးသတ်မည့် ထိုလေလံပွဲမှ ငွေ၏ ၉၀ ရာခိုင်နှုံးဖြစ်သည့် 
ဒေါ်လာ ၂၀၀၀၀ အား သူမအနေနှင့် ရရှိမည်ဖြစ်ပါတယ်...
လေလံပွဲတွင် ဈေးအမြင့် ဆုံးပေးသူအား အပျိုစင်မလေးနှင့် ချစ်တင်းမနှောမှီ ကာလသားရောဂါ
ရှိမရှိ ဆေးစစ်မှာဖြစ်ပြီး ပြည့် တန်ဆာဥပဒေအားရှောင်ရှားကျော်လွှားနိုင်ရန် သြစတေးလျမှ အ
မေရိကသို့ သွားသည့် လေယာဉ်တစ်စင်းပေါ်တွင် ဝေဟင်တွင်ဆင်နွှဲသည့် အချစ်ပွဲ ကိုပြုလုပ်ကြ
ရမှာဖြစ်ပါတယ်...
လိင်ဆက်ဆံရာတွင် ရာဘာအစွပ်ကိုမဖြစ်မနေအသုံးပြုရမှာဖြစ်ပြီး ကာတာရီနာကတော့ သူမအ
နေဖြင့် အချစ်ရေးနှင့် ပါတ်သတ်ပြီး ယခင်ကလုံးဝအတွေ့ အကြုံမရှိခဲ့ တာသေချာကြောင်း သက်
သေပြဖို့ အသင့် ပြင်ထားပြီးဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်...
အင်း...
အ၀တ်အစားတွက်၊ ဖုံးတစ်လုံး၊ တက်ဘလက်တစ်ခု၊ ကားတစ်စီးအတွက် စပွန်ဆာရှာကြတာ
ထက်စာယင် အများအကျိုးအတွက်စစ်စစ်ဆိုယင်တော့ ဒီလိုလုပ်တာမဆိုးဘူးလို့ ပဲဆိုရမှာပေါ့ ...
by- .kopeter

မိခင်ဖြစ်သူထံမှ ငွေကျပ် ၅၀၀ တောင်းမရသဖြင့် နေအိမ်မီးရှို့

 photo by google


ဧရာဝတီတိုင်းဒေသကြီး ကြံ့ခင်းမြို့ မြို့မရပ်ကွက်၌ စက်တင်ဘာ ၂၇ ရက်တွင် မောင်ပိုင်စိုး (၂၄)နှစ်သည် မိခင်ဖြစ်သူ ဒေါ်တင်လှထံမှ အရက်သောက်ရန် ငွေကျပ် ၅၀၀ တောင်းရာ မရသဖြင့် ည ၉ နာရီခွဲ တွင် နေအိမ်သို့ပြန်လာပြီး ဖယောင်းတိုင်မီးဖြင့် နေအိမ်ကို မီးရှို့ရာ ခြေရင်းဘက်ဝါးထရံအကာနှင့် နှီးသက်ငယ်အမိုးများ မီးစွဲလောင်ခဲ့ရာ ရပ်ကွက်နေပြည်သူများနှင့် မီးသတ်ယဉ် သုံးစီးတို့က မီးငြိမ်းသတ်ခဲ့သဖြင့် မီးငြိမ်းသွားခဲ့ပြီး သက်ဆိုင်ရာက ပိုင်စိုးအား ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းကြားသိရသည်။
အိမ်မက်နန်းတော်(ကြမ်းပိုးလေး )မှကူးယူဖော်ပြသည်။

ထူးဆန်းထွေလာ...ပုံလေးများ


တောင်ရှာမြောက်ရှာစုစည်းတင်ပြပါသည်။
ရဲဇော်ကို(မလေး)

ဘုန်းတော်ကြီးကျောင်း မီးရှို့တိုက်ခိုက်မူ လူပေါင်း ၁၆၀ ကျော် ဖမ်းဆီး၊ ၆၀၀ ကျော်တရားစွဲ


ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် တိုက်ခိုက်သူတွေကို ဘင်္ဂလာရဲအဖွဲ့က လိုက်လံ ဖမ်းဆီးနေ တဲ့ နေရာမှာ အခုအခါ လူပေါင်း ၁၆၆ ဦးကို ဖမ်းဆီးထားပြီ ဖြစ်တယ်လို့ ပြည်ထဲရေး ၀န်ကြီး မစ္စတာ အလောင်ဂျီက ပြောပါတယ်။

ဖမ်းဆီးတဲ့ အထဲမှာ ၉၃ ဦးက ကော့စ်ဘဇားခရိုင်က ဖြစ်ပြီး ၇၃ ဦးက စစ်တကောင်းက ဖြစ်ပါတယ်။
စစ်တကောင်းမြို့ ပိုတီယာမှာလည်း လူပေါင်း ၂၆ ဦးကို ဖမ်းဆီးပြီး ၆၀၀ ကျော်ကို တရားစွဲဆိုထား တယ်လို့ ပြောပါတယ်။
အခု မီးရှို့မူဟာ လွန်ခဲ့တဲ့ စနေနေ့က ဒေသအခေါ် ရာမူး( မြန်မာ အခေါ် ပန်းဝါ)မှာ စတင် ဖြစ်ပွား ခဲ့ပြီး နောက်ပိုင်းမှာတော့ နေရာ ၄ ခုကို ပျံ့နှံ့ ဖြစ်ပွားခဲ့ပါတယ်။
မီးရှို့မူကြောင်း ကျောင်းပေါင်း ၂၂ ကျောင်း ပျက်စီးသွားခဲ့ပြီး အဖိုးတန် ဗုဒ္ဓ ရွှေဆင်းထုတော်တွေ လုယက်ခံရသလို တန်ဖိုး မဖြတ်နိုင်တဲ့ ပဋိကတ်တော်တွေလည်း မီးထဲပါကုန်တယ်လို့ အသက် ၈၃ နှစ်ရှိပြီး ဖြစ်တဲ့ ဘင်္ဂလာဒေခ်ျ့က ဒုတိယ အကြီးဆုံး ဆရာတော် Shreemad Sattyapriya မဟာထေက ပြောပါတယ်။
ရာမူး (ပန်းဝါ)က မီးရှို့ခံရတဲ့ ကျောင်းတွေထဲမှာ တချို့ကျောင်းတွေကတော့ နှစ်ပေါင်း၂၅၀ကနေ ၃၀၀ ထိရှိနေပြီ ဖြစ်ပါတယ်။
ခုတိုက်ခိုက်မူဟာ ကြိုတင် စီစဉ်တာ ဖြစ်တယ်လို့ သတင်းစာတွေမှာ ရေးသားပြီး ရာမူး မှာ ကျောင်းတွေကို မီးရှို့တိုက်ခိုက်တာဟာ အချိန် (၆) နာရီ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
ခုလို တိုက်ခိုက်တာကိုတော့ ဘင်္ဂလာဒေခ်ျ့ လူအဖွဲ့အစည်း အများအပြားက ကျေညာချက်တွေ ထုတ်ပြီး ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။
အခုအခါမှာတော့ အခင်းဖြစ်ပွားတဲ့ နေရာတွေမှာ လုံခြုံရေး တွေကို တင်းကျပ်ထားပါတယ်။