This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, October 16, 2013

နှစ်ပေါင်း ၄၀ ကြာ အိပ်စက်ခြင်း မရှိခဲ့သူ ....................



နှစ်ပေါင်း ၄၀ ကြာ အိပ်စက်ခြင်း မရှိခဲ့သူ October 15th, 2013

at-age-69-thai-ngoc
အောက်တိုဘာ ၁၅။

ဗီယက်နမ်နိုင်ငံ ကွီဆန်  အုပ်ချုပ်မှုပိုင် ကွီထရမ် ခရိုင်ငယ်မှ မှ အသက် ၆၄ နှစ်အရွယ် ဟိုင်နော့ဆိုသူ သည် ၁၉၇၃ခုနှစ်က မကျန်းမမာဖြစ်ခဲ့ရာမှ ယခုအချိန် နှစ်ပေါင်း ၄၀ လုံးလုံး ညဘက်တွင် အိပ်မပျော်တော့ကြောင်း သိရသည်။
ထို့သို့ နှစ်ချီကြာ အိပ်မရသောရောဂါသည် သူ၏ ကျန်းမာရေးကို ထိခိုက်၊ မထိခိုက်ဆိုသည်ကို သူအတိကျ မသိကြောင်း၊ လက်ရှိအချိန်အထိ စိုက်ပျိုးမွေးမြူရေး အလုပ်များကို အခြားသူများနည်းတူ လုပ်ကိုင်နိုင်သေးကြောင်း ဖွင့်ဟခဲ့သည်။
ကွီထရမ် ခရိုင်ငယ်မှ သူ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးရသော တာဝန်ရှိသူတစ်ဦးက ၅၀ ကီလိုဂရမ်လေးသော ဓာတ်မြေသြဇာအိတ်နှစ်အိတ်ကို လေးကီလိုမီတာ ကွာဝေးသည့် ခရီး နေ့စဉ် ထမ်းပိုးသယ်ဆောင်နိုင်သေးကြောင်း ဆိုသည်။
သူ၏ ဇနီးသည်က ခင်ပွန်းသည်မှာ တစ်ချိန်က အအိပ်မက်သူတစ်ဦးဖြစ်သော်လည်း နေမကောင်းဖြစ်ပြီး နောက်ပိုင်းတွင် အရက်သောက်သည့်တိုင် အိပ်မရတော့ကြောင်း၊ ဒါနော့မြို့သို့ သွားရောက်ကာ ဆေးစစ်သည့်အခါ အသည်းလုပ်ဆောင်ချက် အနည်းအကျဉ်းအားနည်းသည်မှ အပ ကျန်ရောဂါမတွေ့ရကြောင်း ဆိုသည်။
လက်ရှိအချိန်တွင် ဟိုင်နော့သည် နေ့စဉ် ၅ဟက်တာကျယ်သော စိုက်ပျိုးရေးခြံလုပ်ငန်း၊ ကြက်နှင့် ၀က် မွေးမြူသည့် အလုပ်များကို နေ့စဉ်လုပ်ကိုင်လျှက်ရှိသလို ညဘက်တွင်လည်း သူ၏ခြုံအတွက် သူခိုးရန်မှ ကာကွယ်ရန် ညစောင့်တာဝန်လည်း ယူထားလျှက်ရှိသည်။
Ref; WLC




ကိုးန၀င်း ပုတီး စိပ်သည့်  လူငယ်များ အတွက် ဘုရားဂုဏ်တော်ကိုးပါး တို့မှာ

ဘုရားဂုဏ်တော်ကိုးပါး

ဘုရား ဂုဏ်တော် ကိုးပါး တို.မှာ -
၁။ အရဟံ…
၂။ သမ္မာသမ္ဗုဒ္ဓေါ…
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော…
၎။ သုဂတော…
၅။ လောက၀ိဒူ…
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ …
၇။ သတ္ထာဒေ၀မနုဿာနံ…
၈။ ဗုဒ္ဓေါ…
၉။ ဘဂ၀ါ…

၁။ အရဟံ
ကိလေသာတို့မှ ဝေးကွာပြီး ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို မပြုတော်မူသော လူနတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ
အလုံးစုံသော တရားတို့ကို မဖောက်မပြန် အမှားမရှိဘဲ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့် (စရဏ) နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
( ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား )
၎။ သုဂတော
ကောင်းသော စကားကိုဆိုတော်မူသော ကောင်းသော နိဗ္ဗာန်သို့ ကြွတော်မူသော မြတ်စွာဘုရား။
၅။ လောက၀ိဒူ
သတ္တ လောက၊ သြကာသ လောက၊ သင်္ခါရ လောက၊ ဟူသော လောကအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ
ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိအောင် စွမ်းဆောင်နိုင်တော်မူသော မြတ်စွာဘုရား။
၇။ သတ္ထာဒေ၀မနုဿာနံ
နတ်၊ လူ တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ
ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟုဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား။
၉။ ဘဂ၀ါ
ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါးမှာ-
(၁) မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော က္ကဿရိယ ဘုန်းတော်။
(၂) တစ်ထောင့်ငါးရာ ကိလေသာ ရန်ဆူး ရန်ငြှောင့်တွေကို ပယ်ရှား သုတ်သင်နိုင်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန် လောက္ကုတ္တရာ တရားတို့ကို “ဓမ္မ” ဘုန်းတော်။
(၃) ပြန့်နှံ့ ကျော်စောသော ဂုဏ်သတင်းတို့နှင့် ပြည့်စုံတော်မူသော ယသ ဘုန်းတော်။
(၄) အလွန်ကြီးမားသော ပါရမီရှင်ဖြစ်၍ အလွန်သပ္ပာယ် အတုမရှိ ကျက်သရေနှင့် ပြည့်စုံတော်မူသော သီရီ ဘုန်းတော်။
(၅) အလိုရှိတော်မူလေသမျှ ချက်ချင်း ခဏ ပြည့်စုံတော်မူသော ကာမ ဘုန်းတော်။
(၆) ကြီးမာလှသော လုံ့လ၊ ၀ီရိယတော်တို့နှင့် ပြည့်စုံတော်မူသော ပယတ္တ ဘုန်းတော်။