ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဧပြီလ ၂ ရက်၊ ၃ ရက်နေ့ ထုတ်ပြန်ကြေညာချက်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၄၃ နေရာတွင် အနိုင်ရရှိပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က နေရာတစ်နေရာစီ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲများ၌ ကျင်းပခဲ့သည့် မဲဆန္ဒနယ် ၄၄ နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှ ၄၃ နေရာတွင် အနိုင်ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉၈ ရာခိုင်နှုန်းနီးပါးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ကျင်းပခဲ့သည့် မဲဆန္ဒနယ် ၄၄၇ နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ ၃၉၂ နေရာတွင် အနိုင်ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈၇ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲများ၌ ကျင်းပခဲ့သည့် မဲဆန္ဒနယ်သုံးနေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှ တစ်နေရာတွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ကြားဖြတ်ရွေးကောက်ပွဲများ၌ ကျင်းပခဲ့ သည့် မဲဆန္ဒနယ် ၄၅ နေရာအားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ တစ်နေရာတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
| အမည် | မဲဆန္ဒနယ် | ကိုယ်စားပြုပါတီ |
|---|---|---|
| ဒေါ်အောင်ဆန်းစုကြည် | ကော့မှူး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါ်ဖြူဖြူသင်း | မင်္ဂလာတောင်ညွှန့် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါက်တာမေ၀င်းမြင့် | မရမ်းကုန်း | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးဖြိုးမင်းသိန်း | လှည်းကူး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါက်တာမျိုးအောင် | ဒဂုံမြို့သစ်(ဆိပ်ကမ်း) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါ်စုစုလွင် | သုံးခွ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါ်စန္ဒာမင်း | ဇမ္ဗူသီရိ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးနိုင်ငံလင်း | ဒက္ခိဏသီရိ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော် | ပုဗ္ဗသီရိ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးမင်းသူ | ဥတ္တရသီရ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးခင်မောင်သိန်း | စစ်ကိုင်း | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါ်ခင်စန်းလှိုင် | ပုလဲ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးအောင်စိုး | လောင်းလုံ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးအောင်စိုးမြင့် | တောင်ငူ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးစိန်ထွန်း | ထန်းတပင် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးကျော်မင်း | လက်ပံတန်း | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးမြင့်ဦး | သနပ်ပင် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးပိုက်ကို | ပခုက္ကူ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါက်တာအောင်မိုးညို | ပွင့်ဖြူ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးမြင့်သိန်း | မကွေး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးမြင့်အောင် | မြိုင် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးတိုးရွှေ(ခ)ဦးတင်ဌေးအောင် | ရေစကြို | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါ်ခင်သန္တာ | တံတားဦး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါက်တာဇော်မြင့်မောင် | ကျောက်ပန်းတောင်း | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးပေါခင် | နွားထိုးကြီး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးအုန်းကြိုင် | မဟာအောင်မြေ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးဝင်းထိန် | မိတ္ထီလာ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးကျော်သီဟ | ပြင်ဦးလွင် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါ်ခင်ဌေးကြွယ် | မော်လမြိုင် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါက်တာဒေါ်သန်းငွေ | ကလော | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးဝင်းမြင့် | ပုသိမ် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးစိန်ဝင်း | မအူပင် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးမန်းဂျော်နီ | မြောင်းမြ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးကျော်မြင့် | မြန်အောင် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါ်မြင့်မြင့်စန်း | ၀ါးခယ်မ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါ်ခင်မွှေးလွင် | မင်းကင်း | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါ်တင်တင်ရီ | ကျွန်းစု | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးမင်းဦး | ပဲခူးတိုင်းဒေသကြီးအမှတ်(၇) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးအောင်ကြည်ညွှန့် | မကွေးတိုင်းဒေသကြီးအမှတ်(၄) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးသိမ်းဆွေ | ဧရာဝတီတိုင်းဒေသကြီးအမှတ်(၁၀) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါက်တာမြင့်နိုင် | စစ်ကိုင်းတိုင်းဒေသကြီးအမှတ်(၃) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးမျိုးခိုင် | ပဲခူးတိုင်းဒေသကြီးက၀(၂) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဒေါက်တာလှမြတ်သွေး | ဧရာဝတီတိုင်းဒေသကြီးရေကြည်(၂) | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဦးစိုင်းစံမင်း | ရှမ်းပြည်နယ်အမှတ်(၃) | ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ |
| ဦးတင်မြ | စစ်ကိုင်းတိုင်းဒေသကြီးအမှတ်(၇) | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |













































