This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, August 2, 2013

ဖားအံရေဘေးသင့်ပြည်သူ ၆ထောင်ကျော် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရဆဲ

(ကေအိုင်စီ)

မိုးရွာသွန်းမှုကြောင့် ရေကြီးနေသည့် ကရင်ပြည်နယ်၊ ဖားအံမြို့၌ ယခုချိန်ထိ ရေဘေးသင့်ပြည်သူ ၆ထောင် ကျော်သည် အိမ်မပြန်နိုင်ကြသေးဘဲ သက်ဆိုင်ရာမြို့အာဏာပိုင်များ ဖွင့်ထားသည့် ကယ်ဆယ်ရေးစခန်း ၁၃ခု တွင် ဆက်လက်ခိုလှုံနေရဆဲဖြစ်သည်ဟု သိရသည်။

ဇူလိုင် ၁၉ရက်နေ့မှစ၍ ဖားအံမြို့ရှိ အမှတ်(၁)၊ (၂)၊ (၅)နှင့် (၉)ရပ်ကွက်တို့တွင် အပြင်းအထန် မိုးရွာသွန်းခဲ့ သလို သံလွင်မြစ်ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာမှ နေအိမ်ရေမြုပ်နေသည့် မြို့ခံလူထုများသည် လွတ်မြောက်ရာ ကုန်းမြင့်နေရာများသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရခြင်းဖြစ်သည်။

လက်ရှိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသည့် ရေဘေးသင့် မြို့ခံပြည်သူ အိမ်ထောင်စု ၁,၂၉၇ စုအနက် လူဦးရေ ၆,၈၁၆ဦး ရှိပြီး ၎င်းတို့ကို အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့(NGOs)များနှင့် ကရင်အမျိုး သားအစည်းအရုံး(KNU)တို့ ကူညီထောက်ပံ့ပေးခဲ့သည်ဟု ဖားအံမြို့ ရွှေရည်မျှော် ရေဘေးကယ်ဆယ်ရေးစခန်း တွင် ရောက်ရှိနေသည့် ဖားအံမြို့၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်က ပြောဆိုသည်။

“ရွှေရည်မျှော်မှာ ရေဘေးသင့်ပြည်သူတွေ ၁၉ရက်နေ့ကတည်းက ရောက်လာကြတယ်။ အဲဒီနေ့ကစပြီးတော့ အစိုးရအဖွဲ့က လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာနနဲ့ NGOs အဖွဲ့က Save The Children ကနေပြီး လူသုံးကုန် ပစ္စည်းတွေ၊ အိုးခွက်ပန်းကန်တွေ လာလှူတယ်။ တစ်မိသားစုကို တစ်အိတ်ပေးတယ်”ဟု ပြောသည်။

ရွှေရည်မျှော် ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့် အမျိုးသမီးဖြစ်သူ မဖြူကလည်း “ကျမတို့ကို လာကူတာ KNU ဆိုရင် ခေါက်ဆွဲဖာ၊ ရေသန့်ဗူး၊ ဆန်အိတ် ငါးဆယ် ကူညီခဲ့တယ်။ အာဒရာမြန်မာ NGO အဖွဲ့က ခေါက်ဆွဲ ခြောက်ဖာတွေ လာကူတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ရေဘေးသင့်ပြည်သူများကို ကူညီစောင့်ရှောက်ရန် အရံ မီးသတ်ကားများ ထားရှိမှုရှိသလို ကျန်းမာရေးအတွက် ဆေးသူနာပြုဆရာမအချို့ ထားရှိပြီး လတ်တလော ဆိုးရွားသည့် ရောဂါဖြစ်ပွားမှုမရှိကြောင်း သိရသည်။

အမှတ်(၂)ရက်ကွက် ဆယ်အိမ်စုမှ မစီက “ဒီရေဘေးဒုက္ခသည်စခန်းမှာ ရိက္ခာခြောက်တွေလာကူညီတာရှိတော့ သိပ်တော့ အခက်အခဲမရှိဘူး။ ဒါပေမယ့် အခု ရေကြီးတာ ကျမတို့ အိမ်ခေါင်းမိုးတောင် မပေါ်တော့ဘူး။ အိမ်က ကွင်းပြောင်မှာ၊ (သံလွင်)မြစ်နဲ့လည်း နီးတော့ အိမ်တွေ ရေထဲမှာ မျှောပါသွားမှာ စိုးတယ်”ဟု ဆိုသည်။

လက်ရှိ ဖားအံမြို့တွင် ဖွင့်ထားသည့် ရေဘေးကယ်ဆယ်ရေး ၁၃ခုတို့မှာ မြို့နယ်အားကစားရုံ၊ ကြားတောရ ဘုန်းကြီးကျောင်း၊ အထက(၁) မြကြေးမုံဆောင်၊ ရွှေရည်မျှော်ဘုရား၊ အစ္စလမ်စာသင်ကျောင်း၊ အထက (၃)၊ အလက(၃)၊ အမက(၆)၊ အောင်သံလွင်အားကစားကွင်း၊ လှာကန်ကျေးရွာမှ ဓမ္မရာတီဘုန်းတော်ကြီးကျောင်း၊ အမှတ်(၅)ရက်ကွက်မှ ပရဟိတကျောင်း၊ လှာကန်အမက(၂)နှင့် အမှတ်(၉)ရက်ကွက်မှ ပြည်နယ်ကမ္မဌာန်း ကျောင်း စသည့်နေရာတို့ ဖြစ်သည်။

ကရင်ပြည်နယ်၊ ဖားအံမြို့သည် နှစ်စဉ်မိုးရာသီအတွင်း၌ မြေနိမ့်ပိုင်းတွင်ရှိသော ရပ်ကွက်များသည် ရေလွှမ်း မိုးမှုများ ဖြစ်ပေါ်ခဲ့ရာ ယခု ၂၀၁၃ခုနှစ်၊ ဖားအံမြို့ ရေလွှမ်းမိုးမှုသည် ယခင်နှစ်များထက် ကြီးမားကာ ယမန်နေ့ ဇူလိုင်လ ၃၁ရက်နေ့ ညနေအထိ ဖားအံမြို့၏ စိုးရိမ်ရေအမှတ်မှာ ၈၇၀ စင်တီမီတာ ရှိသည်ဟု အစိုးရက သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုရက်ပိုင်းအတွင်း ဆက်တိုက်မိုးရွာသွန်းမှုကြောင့် ကရင်ပြည်နယ်ရှိ ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။

မိခင်နို့တိုက် အမျိုးသမီးများ ရင်သားနှင့် သားအိမ် ကင်ဆာ ဖြစ်ပွားနှုန်း လျော့ကျနိုင်ဟုဆို

YTalk

ရန်ကုန်၊ သြဂုတ် ၁

မိခင်နို့တိုက်ကျွေးသော အမျိုးသမီးများသည် အခြားအမျိုးသမီးများထက် ရင်သားနှင့် သားအိမ်ကင်ဆာ ဖြစ်ပွားနှုန်း လျော့ကျနိုင်သည်ဟု ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြေညာချက်ကို သြဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့ မိခင်နို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အမျိုးသမီးတစ်ယောက်က ကလေးမွေးပြီးတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က သားအိမ်နဲ့ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှုံ့ဆော်မှု နည်းသွားပြီး ဦးနှောက်ကို ပိုလှုံ့ဆော် ဖြစ်တယ်။ ရင်သားကင်ဆာ လျော့တာကလည်း ကလေးမွေးပြီး နို့တိုက်တဲ့ အချိန်မှာ ရင်သားဟော်မုန်း အပြောင်းအလဲတွေ ဖြစ်တဲ့အတွက် ကင်ဆာတွေ ဖြစ်နိုင်ခြေ နည်းသွားတာပါ” ဟု သားဖွားနှင့် မီးယပ်အထူးကုဆရာဝန် ဒေါက်တာဝင်းကိုက ရှင်းပြသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးထု အကြားတွင် ဖြစ်ပွားသော ကင်ဆာများတွင် ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းသည် အမြင့်ဆုံးဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းသည် ဒုတိယအများဆုံး ဖြစ်ကြောင်း WHO ကို ကိုးကားကာ ဆရာဝန်များက ပြောကြားသည်။

မိခင်နို့ရည်သည်သာ မွေးကင်းစ ကလေးငယ်များအတွက် အကောင်းဆုံး ဖြစ်သောကြောင့် မွေးပြီးခြောက်လအထိ တိုက်ကျွေးရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်ကြားထားသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် National Institute of Health ၏ မြန်မာနိုင်ငံ၏ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း သုတေသနစာတမ်းတွင် ကလေးခြောက်ဦးနှင့်အထက် မွေးခဲ့ဖူးသော မိခင်လောင်းများ၏ သုံးပုံတစ်ပုံကမူ ကလေးလေးဦးအောက် မွေးခဲ့ဖူးသော မိခင်လောင်းများထက် ရင်သားကင်ဆာ ဖြစ်ပွားနှုန်း ပိုများကြောင်း၊ ကလေးတစ်ကြိမ် မွေးဖွားဖူးသော အမျိုးသမီးများအနက် အသက် ၃၀ နှစ်ကျော်မှ ပထမဆုံး ကလေးမွေးဖွားဖူးသော အမျိုးသမီးများသည် ရင်သားကင်ဆာ အန္တရာယ် ပိုရှိကြောင်း ဖော်ပြထားသည်။

The Voice Weekly

ရန်ကုန်မြို့ကို မြ၀တီလမ်းကြောင်းကနေ ထိုင်းကုန်စည်အ၀င် ပြတ်တာက်နေတာ သုံးရက်ရှိသွားပြီ


ရေကြီးမှုကြောင့် ရန်ကုန်တွင် ထိုင်းစားသောက်ကုန် ပြတ်လပ်

ထိုင်းနိုင်ငံနယ်စပ် ကရင်ပြည်နယ်မှာ ကားလမ်းရေကျော်တာတွေဖြစ်ပြီး ကုန်းစည်စီးဆင်းမှု မရှိတဲ့အတွက် ရန်ကုန်မှာ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မိုးရွာတာ များတဲ့အတွက် ထိုင်းနိုင်ငံနယ်စပ် မြ၀တီကုန်သွယ်ရေးလမ်း တောင်ပြိုပြီး ကရင်ပြည်နယ်အတွင်း မြ၀တီအပါအ၀င် မြို့အချို့မှာ ကာလမ်းရေကျော်တာတွေ ဖြစ်နေတာကြောင့် ကုန်ကားတွေ အချိန်မီမရောက်နိုင်ဘဲ ရန်ကုန်မှာ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်တွေ ပြတ်လပ်တော့မယ့် အခြေအနေဖြစ်နေပါတယ်။

ရန်ကုန်မြို့ မြေနီကုန်း အမ်ဒီ စတိုးဆိုင်ပိုင်ရှင်က “အမ် ၁၅၀၊ လစ်ပိုတို့ဘာတို့ ကျနော်တို့မှာ လုံးဝ ရောင်းစရာတောင် မရှိဘူး။ ကုမ္ပဏီကို ဘာကြောင့် မရောင်းတာလဲ စုံစမ်းကြည့်တော့ ဟိုမှာ ပစ္စည်းပြတ်နေပြီ။ ဒီဘက်က ကုန်သည်တွေက လုပ်တာလား၊ ကျနော်တို့လည်း စဉ်စားလို့မရဘူး။ ဒါပေမယ့် ပစ္စည်းကတော့ လုံးဝ မ၀င်တာ သေချာတယ်” လို့ ပြောပါတယ်။

လူသုံးကုန်ပစ္စည်းတွေကတော့ ဈေးနှုန်းအနည်းငယ်သာ ပြောင်းလဲသေးတယ်လို့ မင်္ဂလာဈေးမှာ အလှကုန်ဖြန့်ဖြူးနေတဲ့ မနီလာက ပြောပါတယ်။

“ရှိနေတဲ့ ပစ္စည်းကိုပဲ ရောင်းဝယ်နေကြတယ်။ ဟိုဘက်က ပစ္စည်း လုံးဝမဆင်းဘူး။ အတက်အကျတော့ အများကြီးမရှိဘူး၊ နည်းနည်းပါးပါးပဲ ရှိတယ်။ မှီအောင် လိုက်ရောင်းနိုင်တဲ့ အခြေအနေပဲ ရှိတယ်၊ အရောင်းအ၀ယ်လည်း ပါးတယ်။ တယောက်နဲ့ တယောက်က အဆင်ပြေအောင် ရောင်းနေကြတာပဲရှိတယ်။ အရင်တုန်းကဆို သုံးလေးရက်ပေါ့။ အခုတော့ တော်တော်ကြာမယ်လို့ ပြောနေကြတာပဲ။”

လက်ရှိဖြစ်နေတဲ့ ကားလမ်းအခြေအနေကို မြ၀တီ-ဘားအံ-ရန်ကုန်လမ်းမှာ ကုန်အကြိုအပို့လုပ်နေတဲ့ ကိုကျော်မင်းစိန်က “ကျနော်တို့ဆီမှာ ရေက ထပ်ပြီး တက်နေတာကိုး။ အရင်တုန်းက ဖြစ်ဖူးတာတော့ တောင်ပြိုလို့ လမ်းကြောင်းပိတ်တယ်။ တပတ်နှစ်ပတ်လောက် ရှင်းပြီးတာနဲ့ လမ်းပွင့်သွားတယ်။ အခု လုံးဝ အသွားအလား ဆိုင်ကယ်လောက်ပဲ သွားတာလာတာ ရှိတယ်။ ကားတွေက သောင်တင်နေတယ်။ တောင်ပေါ်ကားလမ်းက အခုမှ ရှင်းနေတော့ တပတ် နှစ်ပတ်လောက် ကြာဦးမယ် ထင်တယ်” လို့ ပြောပါတယ်။

ဒီနေ့အထိ ရန်ကုန်မြို့ကို မြ၀တီလမ်းကြောင်းကနေ ထိုင်းကုန်စည်အ၀င် ပြတ်တာက်နေတာ သုံးရက်ရှိသွားပြီ ဖြစ်ပါတယ်။

 by မျိုးဇော်လင်း  (ဒီဗွီဘီ)

Thit Htoo Lwin - News

မွေးမြူရေး အစားအစာနဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းက ပုဂ္ဂလိကလုပ်ငန်းရှင် ၁၀ ဦးဆီက နောက်ထပ် အကြွေးကျန်ပမာဏ ကျပ်သန်းပေါင်း ၁၃,၂၂၀.၅၄၉ ကို ဒီနေ့ကစပြီး ဩဂုတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ပေးဆပ်သွားဖို့ ကြေညာချက်ထုတ်ပြန်

လုပ်ငန်းရှင် ၁၀ ဦး၏ ကြွေးကျန်စာရင်း မွေးမြူရေ၀န်ကြီးဌာန ကြေညာ

မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက သူတို့ကို အကြွေးပေးရန်ရှိနေတဲ့ ပုဂ္ဂလိက မွေးမြူ ရေးလုပ်ငန်းရှင် ၁၀ ဦးရဲ့ ကြွေးကျန်စာရင်းကို ဒီနေ့မှာ ထပ်မံကြေညာလိုက်ပါတယ်။

မွေးမြူရေး အစားအစာနဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းက ပုဂ္ဂလိကလုပ်ငန်းရှင် ၁၀ ဦးဆီက နောက်ထပ် အကြွေးကျန်ပမာဏ ကျပ်သန်းပေါင်း ၁၃,၂၂၀.၅၄၉ ကို ဒီနေ့ကစပြီး ဩဂုတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ပေးဆပ်သွားဖို့ ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

သတ်မှတ်ကာလရက်အတွင်းမှာ လုပ်ငန်းရှင် ၁၀ ဦးအနေနဲ့ ကြွေးကျန်တွေကို မဆပ်နိုင်ဘူးဆိုရင် ဝန်ကြီးဌာနက စာချုပ်ပါစည်းကမ်းဖောက်ဖျက်မှုနဲ့ တရားစွဲဆိုသွားမှာပါ။

မွေးမြူရေး အစားအစာနဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းက တာဝန်ရှိသူ ဒေါ်သင်းသင်းဝါက “ လူကြီးတွေက ဥပဒေအရပဲ ဆောင်ရွက်မှာပါ။ အထက်အကြီးအကဲတွေက အချိန်နဲ့ အမျှ အခြေအနေရ ပြောင်းလဲနေတော့လေ။ ဥပဒေအရပဲ တောင်းတာပါ။ ကျမတို့က စာချုပ်တွေ ချုပ်ထားပါတယ်၊ ရှေ့နေချုပ်ရုံးရဲ့ သဘောတူညီချက်နဲ့ စာချုပ်ချုပ်ထားတာပါ။ စာချုပ်မှာလည်းပါတယ်” လို့ ပြောပါတယ်။

ကြွေးကျန်ပေးဖို့ရှိတဲ့ လုပ်ငန်းရှင် ၁၀ ဦးဟာ မြေဩဇာ၊ ငါးစာနဲ့ ကြက်၊ ဝက်တွေဝယ်ယူဖို့အတွက် ချေးယူထားကြတာပါ။

ကြွေးကျန်လုပ်ငန်းရှင် ၁၀ ဦးထဲမှာပါတဲ့ တိရစ္ဆာန်အညစ်အကြေးတွေကနေ မြေဩဇာလုပ်ငန်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင်  ဦးမျိုးမင်းသိန်းက  “မိုးခေါင်တယ်၊ ရေကြီးတယ်။ ဆက်တိုက်ဖြစ်လာတဲ့ဟာတွေပါ။ တောင်သူတွေဆီမှာ ကျနော်တို့ ဆုံးရှုံးတာတွေပေါ့နော်။ တကယ် အခက်အခဲဖြစ်တဲ့ တောင်သူတွေဆီက တင်ပြချက်တွေအတိုင်းပဲ ကျနော် ပြန်လည် တင်ပြပါတယ်။ ဒါပေမယ့် မျက်ကွယ်ပြုတာလား မသိဘူး။ ဒီသမ္မတကြီးက တောင်သူလယ်သမားတွေကို အကူအညီပေးဖို့ဆိုပြီး အစီအစဉ်တွေ အများကြီး ဆွဲနေပေမယ့်လည်း တောင်သူတွေနဲ့ ကျနော်တို့ ကြွေးရှိ ရင်ဆိုင်နေရတဲ့ ကုမ္ပဏီတွေကိုလည်း ဒီလိုမျိုး တရားစွဲမယ်ဆိုရင် ကျနော်တို့အနေနဲ့ကလည်း ကျနော်တို့ ဖြန့်ချိထားတဲ့ လက်အောက် ကိုယ်စားလှယ်တွေကို တရားစွဲရမှာပဲ။ လက်အောက် ကိုယ်စားလှယ်တွေက တောင်သူတွေကို တရားပြန်စွဲရမှာပဲ။ မဖြစ်သင့်တာတွေ ဖြစ်သွားမှာပေါ့” လို့ ပြောပါတယ်။

ဝန်ကြီးဌာက ကြွေးကျန်ရှိတဲ့ လုပ်ငန်းရှင်တွေကို ၁ လ အချိန်ပေးတာ နည်းပါးလွန်းတဲ့အတွက် အချိန်ထပ်တိုးပေးရင် အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး သမ္မတဆီကို တင်ပြသွားဖို့ရှိပြီး ဒီကိစ္စဟာ လွှတ်တော်ဘက်ကလာတာဖြစ်တဲ့အတွက် လွှတ်တော်ဘက်က လျှော့ပေါ့ပေးရင် ဝန်ကြီးဌာဘက်ကလည်း မလိုက်လျောနိုင်စရာမရှိဘူးလို့ သက်ဆိုင်ရာဝန်ကြီးဌာနက ပြောတယ်လို့ သိရပါတယ်။

မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနအနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင် စုစုပေါင်း ၇၅ ယောက်ဆီကနေ ကြွေးကျန် ကျပ်သန်း ပေါင်း ၂၈,၆၈၄ ဒဿမ ၇၄၄ ရဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက နိုင်ငံပိုင်သတင်းစာတွေမှာ ကြွေးဆပ်ဖို့ ကြေညာခံရတဲ့ လုပ်ငန်းရှင် ၄၃ ဦးထဲက ၂ ဦးဟာ ကြွေးကျန်တွေ လာဆပ်သွားပြီလို့ သိရပါတယ်။

by ယုဇနကိုကို  (ဒီဗွီဘီ)

Thit Htoo Lwin - News

နေပြည်တော်အမြန်လမ်းမကြီးကို ဖောက်တုန်းက ဂမ္ဘီရအစီအမံတွေ တလွှဲတချော်သုံးခဲ့မိတာများ ရှိလေမလား

နေပြည်တော်အဝေးပြေးလမ်းမှာ နာနာဘာဝတွေ ရှိနေသလား

မေစစ်ပိုင်

နေပြည်တော်နဲ့အတူ ပေါ်လာတဲ့ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်မှာယာဉ်မတော်တဆမှုတွေနဲ့ ကြုံကြိုက်တဲ့အခါ ခါတိုင်းတော့ အိပ်ငိုက်တဲ့ယာဉ်မောင်းသူ၊ စနစ်မကျတဲ့ လမ်းမကြီး ဖောက်လုပ်ရေး ဆောင်ရွက်ခဲ့သူ တို့ကို မကြာခဏ အပြစ်ပုံကြပါတယ်။

အခုတော့ အပြစ်ဖို့စရာတခု ထပ်တိုးလာပါပြီ။ အဲဒါကတော့ မကောင်းဆိုးဝါးတွေ၊ နာနာဘာဝတွေ ဖြစ်ပါတယ်။

ရွှေလီဦး အဝေးပြေးကားအသင်း ယာဉ်မောင်းတဦးဖြစ်တဲ့ စိုင်းဘခိုင်ကတော့ အမြန်လမ်းမကြီးပေါ် ပုံမှန်ဖြတ်သန်းနေကြဖြစ်တဲ့ ကားသမားတချို့ဟာ ပရလောကသူ၊ ပရလောကသား တို့နဲ့ မတွေ့ချင်ဘဲ တွေ့ခဲ့ရတယ်လို့ ဧရာဝတီကို အခုလို ပြောပြပါတယ်။

“အသိ ကားသမားတချို့ကတော့ နာနာဘာဝတွေရဲ့ နှောင့်ယှက်တာကို ခံရတယ်လို့တော့သိရတယ်၊ ကိုယ်တိုင်တော့ မကြုံဖူးသေးပါဘူး၊ အမြန်လမ်းပေါ်မောင်းရင်တော့
တော်တော်လေး ဂရုစိုက်ပြီးတော့ မောင်းနေရတယ်။ အန္တရာယ်ကင်းအောင်”
လို့ စိုင်းဘခိုင်က ဆိုပါတယ်။

မတော်တဆဖြစ်တဲ့ယာဉ်အများစုကတော့ သတ်မှတ်တဲ့အရှိန်ထက် ပိုပြီးမောင်းနှင်ကြတယ်၊ ဒါကြောင့် သူကတော့ အန္တရာယ်ကင်းအောင် သတ်မှတ်နှုန်းနဲ့ပဲ မောင်းတယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ မသဲစုတို့မိသားစု သင်္ကြန်ဝန်းကျင် ခရီးထွက်တဲ့ညက ရန်ကုန်- မန္တလေး အမြန်လမ်းမှာ ကြုံခဲ့ရတာကလည်း ထူးခြားနေပါတယ်။ သူပြောပြတာက ဒီလိုပါ။

“ ကျမတို့ရဲ့ ကားရှေ့မှာ ဆိုင်ကယ် နှစ်စီးက နီးလိုက် ဝေးလိုက်နဲ့ မောင်းနေတာတွေ့ရတယ်၊ ကားသမားကတော့ သူတို့ကို ကျော်လည်း မတက်ဘူး၊ ပုံမှန်အတိုင်းပဲ ဖြည်းဖြည်းမောင်းနေတာ။ ကျမ အမေကတော့ ဘုရားစာရွတ်နေတယ်၊ဒါပေမဲ့ ကျမ အဲ့ဒါကို မတွေးမိဘူး၊ နောက်တော့ ဆိုင်ကယ်တွေက ၂မိုင်လောက် ပါလာပြီး ရုတ်တရက်ပျောက်သွားတော့မှ နာနာဘာဝတွေ နှောင့်ယှက်မှန်း သိရတာ”လို့ မသဲစုက ပြောတယ်။

အွန်လိုင်းလူမှုကွန်ရက်ဖြစ်တဲ့ Facebook မှာ အမြန်လမ်းမကြီးနဲ့ ပတ်သက်ပြီး သရဲခြောက်ခံရတယ် ဆိုတဲ့အကြောင်း အတည် အခန့် ရေးသားမှု၊ နောက်ပြောင်ရေးသားမှု၊ သရုပ်ဖော်ပုံတွေနဲ့ ရေးသားမှုတို့ကို တွေ့ရမှာပါ။

ဒီလမ်းကြီးဟာ ပရလောကသူ ပရလောကသားတို့ မြူးတူး ကခုန်တဲ့နေရာ တကယ်ပဲ ဖြစ်နေပုံရတယ်လို့ ယူဆသူတချို့ ရှိနေပါတယ်။ ဒါ့အပြင် နေပြည်တော်အမြန်လမ်းမကြီးကို ဖောက်တုန်းက ဂမ္ဘီရအစီအမံတွေ တလွှဲတချော်သုံးခဲ့မိတာများ ရှိလေမလားလို့ အတွေးပွားသူတွေလည်း ရှိပါတယ်။

အာဏာပိုင်တို့ဘက်ကလည်း အမြန်လမ်းမပေါ်မှာ ထူးခြားဆန်းပြားဖြစ်ရပ်ဆန်းများ ရှိနေကြောင်း ယုံကြည်နေပုံရပါတယ်။

အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်ကတော့ ခရီးသွားပြည်သူတွေ အန္တရာယ်ကင်း ဖို့အတွက်ကို အဓိက ရည်ရွယ်ပြီးတော့ မိုင်တိုင် အပိုင်းခြားအလိုက် တာဝန်ယူပြီး ဆရာတော်ကြီး တွေကို ပင့်ဖိတ်ကာ ပရိတ်တရားတွေ လစဉ်၊ အပတ်စဉ် ပုံမှန်ရွတ်ဆိုမှုတွေ လုပ်တယ်လို့ ဧရာဝတီကိုပြောပါတယ်။

“ နိုင်ငံတော်က အဓိပတိဆရာတော်ကြီးတွေကို ပင့်ဖိတ်ပြီးတော့ ပုံမှန် ပရိတ်တရားတွေ ရွတ်ဖြစ်ပါတယ်၊ လမ်းပြုပြင်ထိန်းသိမ်းရေး စခန်းတွေရှိတဲ့ နေရာတွေအလိုက် တာဝန်ယူပြီး လတိုင်း လုပ်ကြတယ်၊ အန္တရယ်ကင်းအောင်ပေါ့” လို့ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ပြောပါတယ်။

ဇူလိုင် ၂၈ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ခရီးသွား ပြည်သူတွေ ဘေးကင်းစေဖို့အတွက် အမြန်လမ်းမကြီး တလျှောက် ပရိတ် တရားတော်တွေ ရွတ်ဖတ်ခဲ့တယ်လို့ ဖော်ပြထားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းရှိန်ရဲ့ စီစဉ်မှုနဲ့ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ် မတ်လကနေ ၂၀၁၃ ဧပြီလ အထိ လမ်းပေါ်မှာ ယာဉ်အစီးရေ စုစုပေါင်း ၁၁၀၀၀၀၀ ကျော် ဖြတ်သန်းသွားလာခဲ့ပြီး ယာဉ်မတော်တဆမှု ၄၃၂ မှု၊ သေဆုံးသူ ၂၁၆ ဦး၊ ထိခိုက်ဒဏ်ရာ ရသူ ၆၇၈ ဦး ရှိခဲ့ပါတယ်။ အဲဒီအထဲကမှ ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၃၀၅ မှု၊ ယာဉ်ချွတ်ယွင်းမှု ၁၁၀ မှု၊ ခရီးသည် ပေါ့ဆမှု ၂ မှုနဲ့ တခြား အကြောင်းအရာ တွေကြောင့်က ၁၁ မှုဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အင်တာနက်စသုံးမည့် သူများအတွက်

PNCS One Stop Service
---------------------------

1.) Facebook Account ဖွင့်ပေးခြင်း
သင်သည်သတင်းစာ၊ ဂျာနယ်စောင့်ဖတ်ရလျှင်တရက်နောက်ကျသွားပြီ။ Facebook ပေါ်မှာ အခုဖြစ်တဲ့သတင်း အခုချက်ခြင်းသိရမည်။ 

2.) Skype Account ဖွင့်ပေးခြင်း / Credit ချက်ချင်းထည့်ပေးခြင်း
မိမိဖုန်းမှာအင်တာနက်ရှိရုံဖြင့်မိမိကြိုက်သည့်နိုင်ငံသို့ Skype ဖြင့်ဖုန်းခေါ်နိုင်သည်။

3.) Viber Account Activation လုပ်ပေးခြင်း
မိမိနှင့်ဖုန်းပြောမည့်သူမှာ Viber / Internet ရှိရုံဖြင့် Free SMS / Free CAll ခေါ်ဆိုနိုင်သည်။ 

4.) Tango Account Activation လုပ်ပေးခြင်း
မိမိနှင့်ဖုန်းပြောမည့်သူမှာ Tango / Internet ရှိရုံဖြင့် Free SMS / Free CAll / Free Video Call ခေါ်ဆိုနိုင်သည်။ 

5.) Gmail Account ဖွင့်ပေးခြင်း
အင်တာနက်ရှိသောမည့်သည့်နေရာနှင့်မဆို အီးမေးပို့နိုင်ရန်နှင့် Gtalk Voice / Chatting အတွက်သုံးနိုင်သည်။

ံPNCS

Android မှာ အကြွေးစာရင်းတွေကို မြန်မာလိုတွက်ပေးမယ့် MM Account v1.1

MM Account v1.1 ဟာ Android စနစ်သုံး App တစ်ခုဖြစ်ပြီး အကြွေးစာရင်းဇယားတွေကို မြန်မာလို တွက်ချက်နိုင်ပါတယ်.. ပေးစရာရှိတာ၊ ရစရာရှိတာတွေကို မြန်မာလို သေသေချာချာမှတ်ထားနိုင်တဲ့အတွက် Myanglish လို မှတ်ထားစရာမလိုတော့ပါဘူး..

ဒီမှာသွားဒေါင်ပေနော်



Credit to - MMSD ကမှလာတာပါ

မြန်မာပြည် အင်တာနက်တွင် ငွေချေနိုင်မည့် Shwe Money Virtual Visa Card အကြောင်း သိကောင်းစရာ


     အင်တာနက်ပေါ်ရှိ Visa Card Payment လက်ခံသည့် ၀က်ဘ်ဆိုက်များတွင် ငွေပေးချေနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ထားပြီး အကြိမ်ကြိမ် ငွေဖြည့် သွင်းနိုင်သည့် Reloadable Visa Prepaid Card အမျိုးအစားဖြစ်သော Shwe Money Virtual Visa Card ကို ပြည်တွင်း၌ ယခုလ ၁၂ ရက်နေ့မှ စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ 
ShweMoney Virtual Visa Card သည် ကိုင်တွယ်ထိတွေ့နိုင်သော Plastic Card မဟုတ်ပဲ အင်တာနက်ပေါ်တွင် ငွေပေးချေနိုင်ရန်အတွက်သာ စီစဉ်ထားသော Digital/Electronic Card အမျိုးအစားသာ ဖြစ်သည်။
     အဆိုပါကဒ်သည် Debit Visa Card အမျိုးအစားဖြစ်ပြီး ကဒ်ဝယ်ယူလိုလျှင် Virtual Visa Card ပြုလုပ်ခ ၅၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း၊ လစဉ်ကြေး နှစ်စဉ်ကြေးမရှိကြောင်း၊ ကဒ်အသုံးပြု လိုသူများ အနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀ အနည်းဆုံး ဖြည့်သွင်းထားရမည်ဖြစ်ကြောင်း သိရသည်။
Visa Card အတွင်းသို့ အသုံးပြုလိုသည့် ငွေပမာဏအား ကြိုတင်ထည့်သွင်းပေးထားရန် လိုအပ်ပြီး ShweMoney Virtual Visa Card အတွင်းသို့ မြန်မာကျပ်ငွေမှ US Dollar အဖြစ် အကြိမ်ရေ အကန့်အသတ်မရှိ အလွယ်တကူ ငွေဖြည့်သွင်းနိုင်ကြောင်း သိရှိရသည်။
     Online Virtual Visa Card ကို ဟက်ကာများ မထိုးဖောက်နိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း၊ အသုံးပြုခဲ့သည့် balance နှင့် ငွေစာရင်း Statement ကို ပြန်လည်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း၊ အခြား အသုံးပြုသူများထံမှ လွှဲငွေများကိုလည်း လက်ခံနိုင်ကြောင်း သိရသည်။
     အဆိုပါ Shwe Money Virtual Visa Card ၏  ဆောင်ရွက်ချက်များနှင့် အဆိုပါကဒ်အကြောင်း သိလိုသူများအနေဖြင့် www.shwemoney.com တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။


Frequently Asked Questions (FAQ)


  1. 1. Can i check my ShweMoney Virtual Visa Card Statement?
    - ပုံမှန်အားဖြင့် အသုံးပြုသူ၏ ShweMoney Card Statement အား အသုံးပြုသူထံသို့ တစ်လတစ်ခါ ပေးပို့ပေးပါသည်။
    - ထို့ပြင် အသုံးပြုသူအနေဖြင့် မိမိ၏ ShweMoney Card Statement အား အချိန်မရွေးပြန်လည် ကြည့်ရှုစစ်ဆေးနိုင်ပါသည်။
    - ထိုသို့ စစ်ဆေးနိုင်ရန်အတွက် ဤနေရာတွင် Click နှိပ်၍ Form ဖြည့်ပြီး မိမိ၏ ShweMoney Card Statement အား ရယူနိုင်ပါသည်။

  2. 2. What is ShweMoney's Internet Virtual Visa Card?
    - ShweMoney Virtual Visa Card သည် အင်တာနက်ပေါ်ရှိ Visa Card Payment လက်ခံသော Online Website များတွင် ဈေးဝယ်ယူခြင်း၊ ငွေပေးချေခြင်းများအား ဆောင်ရွက်နိုင်ရန် အတွက် စီစဉ်ထားသော Internet Visa Card ဖြစ်ပါသည်။
    - ShweMoney Virtual Visa Card သည် ကိုင်တွယ်ထိတွေ့နိုင်သော Plastic Card မဟုတ်ပါ။
    - အင်တာနက်ပေါ်တွင် ငွေပေးချေနိုင်ရန်အတွက်သာ စီစဉ်ထာသော Digital/Electronic Card အမျိုးအစားသာ ဖြစ်ပါသည်။
    - ShweMoney ၏ Internet Virtual Visa Card တွင် အခြားသော Visa Card များကဲ့သို့ 16-digit card number, Expiry date နှင့် Three-digit security number (CVV code) များ ပါဝင်ပါသည်။

  3. 3. Can i do payment with my ShweMoney Virtual Visa Card at other currency (Euro, Singapore Dollar, etc..) VISA website?
    - ShweMoney Virtual Visa Card အတွင်းသို့ မြန်မာကျပ်ငွေမှ US Dollar တစ်မျိုးတည်းကိုသာ ထည့်သွင်းနိုင်သော်လည်း အခြားနိုင်ငံတကာငွေကြေးဈေးများဖြင့် ငွေလက်ခံသော VISA website များတွင် ငွေပေးချေခြင်း ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။
    - ထိုသို့ ဆောင်ရွက်ရာတွင် ကျသင့်ငွေအား အသုံးပြုသူ၏ Visa Card မှ ကမ္ဘာ့ငွေကြေးလှဲလှယ်နှုန်းပေါက်ဈေးအတိုင်း အလိုအလျောက် ပြောင်းလဲနုတ်ယူသွားမည်ဖြစ်ပါသည်။

  4. 4. Which currencies can accept in ShweMoney?
    - ShweMoney တွင် လက်ခံသော ငွေကြေးမှာ မြန်မာကျပ်ငွေ (Kyats) ဖြစ်ပြီး ShweMoney Internet Virtual Visa Card အတွင်းသို့ US Dollar (USD) တစ်မျိုးတည်းကိုသာ ပြောင်းလဲထည့်သွင်းနိုင်ပါသည်။

  5. 5. I can't purchase/checkout at some Europe/US websites by Virtual Visa Card. How should I do?
    - တစ်ချို့သော US နှင့် အနောက်နိုင်ငံများ၏ Websites အနည်းငယ်တွင် မြန်မာနိုင်ငံ၏ IP Address မှ Visa Card ဖြင့် ငွေပေးချေခြင်းအား ပိတ်ပင်ထားတတ်ပါသည်။
    - ထိုကဲ့သို့သော အခြေအနေမျိုးတွင် Your-Freedom Software ကဲ့သို့သော Proxy Software များ အသုံးပြုခြင်းဖြင့် လည်းကောင်း၊ Virtual Private Server (VPS) များ အသုံးပြုခြင်းဖြင့် လည်းကောင်း၊ အခြား နိုင်ငံ IP Address ပြောင်း၍ ငွေပေးချေခြင်းများ ပြုလုပ်နိုင်ပါသည်။

  6. 6. How do I contact Customer Support?
    - ShweMoney ၏ Customer Support Team အား ဆက်သွယ်နိုင်သည့် အချက်အလက်များအား ဤနေရာတွင် Click နှိပ်၍ ကြည့်ရှုနိုင်ပါသည်။

  7. 7. What is ShweMoney.com?
    - ShweMoney.com သည် မြန်မာနိုင်ငံသားများအတွက် အင်တာနက်ပေါ်ရှိ Visa Card Payment လက်ခံသော Website များတွင် ငွေပေးချေနိုင်ရန်အတွက် Internet Virtual Visa Card ကို စီစဉ်ပေးသော Website ဖြစ်ပါသည်။

  8. 8. Can i use ShweMoney Virtual Visa Card at Apple iTunes Store?
    - Apple iTunes Store တွင် Prepaid Visa Card/ Internet Visa Card/ Virtual Visa Card များဖြင့် ငွေပေးချေခြင်း မပြုလုပ်နိုင်ပါ။
    - ထို့ကြောင့် ShweMoney Internet/Virtual Visa Card သည် Visa Card Payment လက်ခံသော Online Website တိုင်းတွင် ငွေပေးချေမှုပြုလုပ်နိုင်သော်လည်း Apple iTunes Store တွင် ငွေပေးချေမှု မပြုလုပ်နိုင်ပါ။

  9. 9. Can i known Cash Balance on my Visa Card after i purchase something?
    - ShweMoney Virtual Visa Card သည် Visa Card Network နှင့် တိုက်ရိုက်ချိတ်ဆက်ထားသောကြောင့် အသုံးပြုသူ Card ၏ ငွေလက်ကျန် (Cash Balance) အား အချိန်နှင့် တပြေးညီ Realtime သိရှိ နိုင်ပါသည်။
    - အသုံးပြုသူအနေဖြင့် မိမိ Card ၏ ငွေလက်ကျန် (Cash Balance) အား သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၅၅၅၄၆၆၊ ၀၁-၅၅၅၉၁၁ ဖုန်းနံပါတ်များသို့ ခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။

  10. 10. How to Reload Cash to ShweMoney Virtual Visa Card?
    - ShweMoney Card အတွင်းသို့ ငွေပြန်လည်ဖြည့်သွင်းခြင်းအတွက် ဤနေရာတွင် Click နှိပ်၍ ကျသင့်ငွေ တွက်ချက်ပြီး ငွေပြန်လည်ဖြည့်တင်းနိုင်ပါသည်။

  11. 11. How about Currency Exchange Rate in ShweMoney Virtual Visa Card?
    - မြန်မာကျပ်ငွေ နှင့် US Dollar ငွေကြေးလှဲလှယ်နှုန်းထားများကို Myanmar Exchange တွင် ဖြော်ပထားသော သိမ်ဖြူဈေးကွက်၏ ငွေလှဲလှယ်နှုန်း ပေါက်ဈေးအတိုင်း တွက်ချက်သွားမည် ဖြစ်ပါသည်။
    - US Dollar နှင့် အခြားနိုင်ငံတကာ ငွေကြေးလှဲလှယ်နှုန်းထားများကို Thomson Reuters တွင် ဖော်ပြထားသော ကမ္ဘာ့ငွေကြေးလှဲလှယ်နှုန်း ပေါက်ဈေးအတိုင်း တွက်ချက်သွားမည် ဖြစ်ပါသည်။

  12. 12. How to Withdraw Cash from your Virtual Visa Card?
    - ShweMoney Card မှ ငွေပြန်လည်ထုတ်ယူခြင်းအတွက် ဤနေရာတွင် Click နှိပ်၍ မိမိပြန်လည်ထုတ်ယူလိုသော ငွေပမာဏအား ဖြည့်သွင်းပေးရန်လိုအပ်ပါသည်။

  13. 13. How can i known about ShweMoney.com News?
    - ShweMoney.com နှင့် ပတ်သက်၍ Update-to-Date သတင်းများကို https://www.facebook.com/shwemoney အား Like လုပ်ထားခြင်းဖြင့် သိရှိနိုင်ပါသည်။

  14. 14. How much it cost?
    - ShweMoney ၏ ၀န်ဆောင်စရိတ်များအား ဤနေရာတွင် Click နှိပ်၍ ကြည့်ရှုနိုင်ပါသည်။

  15. 15. What are the benefits of using ShweMoney Virtual Visa Card?
    - ShweMoney Virtual Visa Card အသုံးပြုခြင်း၏ အကျိုးကျေးဇူးများအား ဤနေရာတွင် Click နှိပ်၍ ကြည့်ရှုနိုင်ပါသည်။

  16. 16. Is an ShweMoney Virtual Visa Card a credit card or debit card?
    - ShweMoney Virtual Visa Card သည် Debit Visa Card အမျိုးအစားဖြစ်ပါသည်။
    - ထို့အတွက်ကြောင့် Visa Card အတွင်းသို့ အသုံးပြုလိုသည့် ငွေပမာဏအား ကြိုတင်ထည့်သွင်းပေးထားရန် လိုအပ်ပါသည်။

  17. 17. Is there any monthly or annual fee for ShweMoney Virtual Visa Card?
    - ShweMoney Virtual Visa Card အား အသုံးပြုရန်အတွက် လစဉ်ကြေး နှစ်စဉ်ကြေး ပေးဆောင်ရန် မလိုအပ်ပါ

  18. 18. Is ShweMoney Virtual Visa Card Statement adjusted immeditely?
    - ShweMoney Virtual Visa Card ဖြင့် Online တွင် ငွေပေးချေခြင်း statement history များမှာ ချက်ချင်း Up-to-Date မဖြစ်ပါ။
    - အခြား Visa Card များကဲ့သို့ Visa Network ၏ လုပ်ဆောင်ချက်ကြာမြင့်ချိန်အတိုင်း အမှန်တကယ် ငွေပေးချေပြီး ရက်အနည်းငယ်ကြာမှ statement history တွင် ဖော်ပြပေးပါသည်။

  19. 19. How to Get New ShweMoney Virtual Visa Card?
    - ShweMoney Card တစ်ကဒ် အသစ် ရယူခြင်းအတွက် ဤနေရာတွင် Click နှိပ်၍ ကျသင့်ငွေ တွက်ချက်ပြီး Order ပြုလုပ်ရပါမည်။

  20. 20. How about ShweMoney Virtual Visa Card's Expire Date?
    - ShweMoney Internet/Virtual Visa Card ၏ သက်တမ်းမှာ ပုံမှန်အားဖြင့် (၁) နှစ် သက်တမ်းဖြစ်ပြီး သက်တမ်းကုန်ဆုံးပါက နောက်ထပ် ၅ ကြိမ်အထိ (၅ နှစ်အထိ) ထပ်မံ သက်တမ်းတိုးနိုင်ပါသည်။

  21. 21. Where can i use with ShweMoney Virtual Visa Card?
    - အင်တာနက်ပေါ်ရှိ Website များတွင် Visa Logo ဖော်ပြထားသော Visa Card Payment လက်ခံသည့် မည့်သည် Website တွင် မဆို ဈေးဝယ်ယူခြင်း၊ ငွေပေးချေခြင်းများအား ဆောင်ရွက်နိုင်ပါသည်။
    Example.. Hotel Booking, Car/Air Ticket Booking, Online Shopping, Domain & Web Hosting services, Buy/Sell Stock Share, Skype, PayPal, Any others VISA logo Websites ...

  22. 22. How to Check your Virtual Visa Card Statement?
    - ShweMoney Card ၏ Statement အား ရယူခြင်းအတွက် ဤနေရာတွင် Click နှိပ်၍ မိမိ Card ၏ Statement အား ရယူနိုင်ပါသည်။

  23. 23. How to Destroy your ShweMoney Virtual Visa Card?
    - ShweMoney Card အား ဖျက်သိမ်းခြင်းအတွက် ဖုန်းနံပါတ် ၀၁-၅၅၅၄၆၆၊ ၀၁-၅၅၅၉၁၁ ဖုန်းနံပါတ်များသို့ ခေါ်ဆို၍ မိမိ၏ Card Number အား အသိပေး၍ ဆောင်ရွက်ရပါမည်။

  24. 24. How many times can i transfer/deposit to ShweMoney Virtual Visa Card?
    - ShweMoney Virtual Visa Card အတွင်းသို့ မြန်မာကျပ်ငွေမှ US Dollar အဖြစ် အကြိမ်ရေ အကန့်အသတ်မရှိ အလွယ်တကူ ငွေဖြည့်သွင်းနိုင်ပါသည်။

  25. 25. How to Renew your Virutal Visa Card After Expire?
    - ShweMoney Card ၏ Expire Date အား သက်တမ်းတိုးခြင်းအတွက် ဖုန်းနံပါတ် ၀၁-၅၅၅၄၆၆၊ ၀၁-၅၅၅၉၁၁ ဖုန်းနံပါတ်များသို့ ခေါ်ဆို၍ မိမိ၏ Card Number အား အသိပေး၍ ဆောင်ရွက်ရပါမည် ဖြစ်ပါသည်။

  26. 26. Can i receive money by ShweMoney Virtual Visa Card?
    - ShweMoney Virtual Visa Card ဖြင့် အင်တာနက်ပေါ်မှ ငွေပြန်လည် လက်ခံခြင်းအား ပြုလုပ်နိုင်ပါသည်။
Copyright © 2012, ShweMoney.com | All Rights Reserved!

Paypal Account ကို verify ဖြစ်အောင်လုပ်တဲ့နည်း

PayPal Account ကို Verified ဖြစ်အောင် လုပ်ကြရအောင်


Paypal Account ကို verify ဖြစ်အောင်လုပ်တဲ့နည်း ကျွန်တော်စမ်းသပ်တာ အောင်မြင်သွားပါပြီခင်ဗျာ။စွန့်စားပြီးလုပ်ရတာဖြစ်တဲ့အတွက် အလေးအနက်ထားပြီး ဖတ်ပေးကြပါ။PayPal က အကောင့်ဖွင့်ရတာ လွယ်ပါတယ်။ verify ဖြစ်အောင် လုပ်ရတာပဲ ခက်တာပါ။ ကဲ ... စကြရအောင်။ PayPal Account တစ်ခုလုပ်ဖို့အတွက် ဘာတွေလိုအပ်လဲ...

  1. Visa card တစ်ကဒ်
  2. လုံခြုံတဲ့ Email အကောင့်တစ်ခု
  3. HongKong zip code

ပထမဆုံး www.paypal.com ကို သွားလိုက်ပါ။ ပြီးရင်တော့ အောက်က ပုံလိုမျိုး တွေ့ရင် Sign Up နှိပ်လိုက်ပါ..။


ပြီးရင် Your Country or Regionမှာ China Worldwide ကို ရွေးလိုက်ပါ။ ပြီးရင် Personal ဆိုတာရဲ့အောက်က Get Started ကို နှီပ်လိုက်ပါ။



အဲ နောက်တစ်ဆင့်ကျတော့ ကိုယ်လိုအပ်သလိုဖြည့်... Phone number ကတော့ google ကို အားကိုးပြီးတော့ ရှာလိုက်ပါ။ အနီရောင်ထောင့်ကွင်း ပြထားတဲ့ ကောင်တွေထဲမှာ ကိုယ်နဲ့ သင့်တော်မယ့်ဟာတွေ ထည့်ပါ။အစိမ်းရောင် ကွင်းမှာတော့ google ကို အားကိုးပြီးတော့ တရုတ်ဖုန်းနံပါတ်တစ်ခုဖြည့်ပါ။ ကျန်တာကတော့ ကျွန်တော် ဖြည့်တဲ့အတိုင်း လိုက်ဖြည့်ပါ။

 
 




 ပြီးသွားပြီဆိုရင်တော့ နောက်စာမျက်နှာကျရင် Add Credit Card တို့ ဘာတို့ လာလိမ့်မယ်။ ဘာမှနှိပ်မနေနဲ့။ Go to my account  ဆိုတာ ကိုသာ နှိပ်လိုက်ပါ။ ဥပမာ ကျွန်တော့ဟာလေးပေါ့ဗျာ။ဒါပေမယ့် ကျွန်တော့ဟာက Verified ဖြစ်ပြီးသားပါ။ Verified မဖြစ်သေးတဲ့သူကတော့ အဲဒီနေရာမှာ Get Verify လို့ ပေါ်မှာ။ အဲဒီ Get Verify ကို နှိပ်လိုက်ရင် Add Bank Account တို့ Link My Credit Card တို့ ဘာတို့ ပေါ်လာလိမ့်မယ်။
 အဲဒီအခါကျရင် Link My Credit Cardဒါမှမဟုတ် Credit Card ပါတဲ့ Button လေးကို နှိပ်လိုက်ဗျာ။ ကျွန်တော်လည်း သိပ်မမှတ်မိတော့လို့။ ဒါဆိုရင် အချက်အလက်တွေ ဖြည့်ခိုင်းတော့မယ်။ အဲဒီအခါကျရင် Credit Card(Visa Card) နဲ့ ပက်သက်တဲ့ အချက်အလက်တွေ ထည့်လိုက်တော့။အကောင့်ဖွင့်တာတော့ 75%ပြီးသွားပြီ။



အဲဒီအခါ သူတို့က Credit Card(visa card) ကို confirm လုပ်ခိုင်းလိမ့်မယ်။ သူပြောတဲ့သဘောက ဂဏန်းလေးလုံးပါတဲ့  code နံပါတ် တစ်ခုကို မိမိ credit card statement ထဲကို ပို့လိုက်ပြီ။ အဲဒီ နံပါတ်လေးလုံးကို ဒီ box ထဲမှာ ဖြည့်ပါ လို့ ပြောတာပါ။ အဲဒီ code နံပါတ်က credit card ထဲကို ရောက်ဖို့အတွက် ၃ရက် ၄ရက်လောက် ကြာပါတယ်။ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ visa card ကို www.shwemoney.com မှာ လုပ်ရတယ် ဆိုတာကိုပေါ့။
 ကဲပါ.. Visa Card လုပ်ချင်ရင် ဒီကို သာ သွားလိုက်။ အဲဒီမှာ ကဒ် ၀ယ်ပြီးမှ PayPal လုပ်လို့ ရမှာပါ။ ရန်ကုန်မှာ နေတဲ့သူဆိုရင်တော့ ငွေချေရတာ လွယ်ကူပါတယ်။ အခြားမြို့မှာ နေတယ်ဆိုရင်တော့ myanpay အကောင့် ရှိမှ ငွေချေလို့ ရမှာ ဖြစ်ပါတယ်။

ဒါမှမဟုတ် ရန်ကုန်မှာ အသိတစ်ယောက် ရှိရင်လည်း အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အသိဆီကို ငွေလွှဲပေးပြီး ShweMoney ရုံးခန်းမှာ သွားပြီးတော့ ပေးရုံပါပဲ။ MyanPay အကောင့် လုပ်ရတာတော့ အင်မတန်မှ လွယ်ကူလှပါတယ်။ 
ပထမဆုံး www.myanpay.com.mm ကို သွားပြီးတော့ အကောင့် ဖွင့်လိုက်ပါ။ အဲဒီမှာ ကိုယ်တကယ်ကိုင်တဲ့ Mobile Phone နံပါတ်ကိုပါ ဖြည့်ပေးရပါမယ်။ ဘာလို့လဲဆိုတော့ သူတို့က ဖုန်းကို Verification Code ပို့မှာမို့လို့ပါ။ အကုန်လုံးကို မှန်မှန်ကန်ကန် ဖြည့်စွက်ဖို့တော့ လိုပါတယ်။ 
 Credit & Ref : www.pyaephyo.com
 

ကိုညီညီလွင်ဟာ အင်တာနက်ကနေ ချစ်သူဘ၀ ရောက်လာခဲ့ကြတဲ့ သြစီသူ တဦးနဲ့ မြန်မာ့ ဓလေ့ ထုံးတမ်း စဉ်လာနဲ့ အညီ လက်ထပ်လိုက်

ရွှေဝါရောင် သူရဲကောင်း အရှင် ဂမ္ဘီရတဖြစ်လဲ ကိုညီညီလွင် လက်ထပ်လိုက်ပြီ

ရွှေဝါရောင် သူရဲကောင်းကြီး အရှင် ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင်တယောက်တော့ အခု စွံသွားပါပြီ။ အကြောင်းက တော့ ကိုညီညီလွင်ဟာ အင်တာနက်ကနေ ချစ်သူဘ၀ ရောက်လာခဲ့ကြတဲ့ သြစီသူ တဦးနဲ့ မြန်မာ့ ဓလေ့ ထုံးတမ်း စဉ်လာနဲ့ အညီ လက်ထပ်လိုက်တာပါ။ 

အသစ်စက်စက် ဇနီးမောင်နှံတွေဖြစ်တဲ့ ကိုညီညီလွင်နဲ့ မစ္စ မာရီယာ ဖရန့်စ်၊ 
ဓာတ်ပုံ- ဦးသိန်းသန်းဦး

ဒါပေမယ့် ရွှေဝါရောင် သူရဲကောင်းမှာ လက်ထပ်တာတောင် အဆင်မချောခဲ့ရပါဘူး။ 

သြဂုတ်လ ၁ ရက်နေ့ က ကိုညီညီလွင်ဟာ ချစ်သူဖြစ်တဲ့ သြစတြေးလျနိုင်ငံသူ မစ္စ မာရီယာဖရန့်စ် ( Ms. Maria France) နဲ့ အတူ မနက် ၁၁ နာရီလောက်က တရား လွှတ်တော် ရှေ့နေ ဒေါ်ဟန်စုယဉ်ရဲ့ အကူ အညီနဲ့ မန္တလေးက ခရိုင်တရားရုံး ကို ရောက်လာတယ်လို့ မန္တလေးက ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီကို ပြောပါတယ်။ 

ဒါပေမယ့် ကိုညီညီလွင်နဲ့ ဇနီးဖြစ်သူ မစ္စ မာရီယာဖရန့်စ်တို့ရဲ့ တရားရုံးတက် လက်မှတ်ထိုးမှုကို မန္တလေး ခရိုင်တရားရုံးက လက်မခံ ပယ်ချလိုက်တယ်လို့ သိရပါတယ်။ “လက်ထပ်ဖို့ မန္တလေး ခရိုင်တရားရုံးမှာ ကျနော်တို့ ကြိုးစားတာ မအောင်မြင်ပါဘူး” လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ 

ရွှေဝါရောင် သူရဲကောင်း အရှင်ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင့်ရဲ့ ဇနီးလောင်း မစ္စ မာရီယာ ဖရန့်စ်က ဗုဒ္ဓဘာသာဖြစ်နေ တာကြောင့် အဲဒီ မန်းခရိုင်တရားရုံးဝန်းထဲက ရှေ့နေ ဒေါ်ရွက်နုအောင်ရဲ့ ရုံးခန်းမှာပဲ ဗုဒ္ဓဘာသာ ထုံးထမ်းစဉ်လာအရ သက်သေ ၂ ဦး ရှေ့မှာ လက်မှတ်ရေးထိုးပြီး လက်ထပ်လိုက်ကြတယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။ 

အဲဒီ မင်္ဂလာ လက်ထပ်ပွဲလေးမှာ ဦးသိန်းသန်းဦးက မင်္ဂလာစကားကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ပြော
ပေးခဲ့ရတာဖြစ်ပြီး ရွှေဝါရောင် သူရဲကောင်း အသစ်စက်စက် ဇနီးမောင်နှံတို့ရဲ့ မင်္ဂလာဦးအဖြစ် ကော်ဖီနဲ့ ဧည့်ခံခဲ့ကြပါတယ်တဲ့။ 


အိမ့်သံစဉ် ~

ကမ္ဘာ့အင်တာနက်လိုင်း အမြန်ဆုံးရရှိသည့်နိုင်ငံများ


။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၁။ ဟောင်ကောင် (63.6Mbps)

63.6 Mega bit per second ဆိုတာ HD movie တစ်ကားကို ၂ မိနစ်တည်းနဲ့ Download နိုင်တဲ့ Speed ဖြစ်ပါတယ်။

၂။ ဂျပန် (50 Mbps)

High speed fibre optics ကြိုးကို သုံးတာပါ။ ဂျပန်တ်ကျွန်းစုအတော်များ များကို ဖိုက်ဘာလိုင်းသွယ်ထားပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Global average တွက်ရင် အဆပေါင်းများစွာ မြန်ဆန်တဲ့ အင်တာနက်လိုင်းကို ရရှိနေခြင်း ဖြစ်ပါတယ်။

၃။ ရိုမေနီးယား (47.9 Mbps)

အရင်က နံပါတ် ၅ အဆင့်မှာပဲ ရှိခဲ့တာပါ။ ယခုတော့ သူရဲ့  နည်းပညာ မြင့်မား လာမှုကြောင့် အင်တာနက် Speed မြန်ဆန်လာပြီး နံပါတ် ၃ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

၎။ တောင်ကိုရီးယား (44.8Mbps)

Samsung တို့၊ LG တို့လို ကမ္ဘာ့အကြီးဆုံး အိုင်တီ Enterprise ကုမ္မဏီ တို့ ရှိနေတဲ့ နိုင်ငံသေးသေးလေးထဲမှာ အင်တာနက်လိုင်းကလည်း အင်မတန် မြန်ဆန် ပါတယ်။ ဒါကြောင့် 44.8 Mbps မြန်နှနုးနဲ့ ရရှိပြီး ကမ္ဘာ့ အမြန်ဆုံး နံပါတ် ၄ မှာ ရှိနေ ပါတယ်။

၅။ လက်တီဗာ နိုင်ငံ (44.2 Mbps)

ဥရောပတိုက် မြောက်ပိုင်းက နိုင်ငံငယ်လေး တစ်ခုပါ။ အင်တာနက်လိုင်း မြန် နှုန်း 44.2 Mbps ရရှိအောင် စွမ်းဆောင်ထားပြီး ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၅ အဖြစ် တည်ရှိ နေပါတယ်။
.
Ref:technews

============================================

၆။ မြန်မာ နိုင်ငံ (Loading.............)

အင်တာနက်စပိဒ် တိုင်းတာတောင် Loading ပဲပြနေလို့...