This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, July 11, 2013

ကမ္ဘာမှာ တနှစ်ကို အသက် ၁၈ နှစ် အောက် မိန်းကလေး ၁၆ သန်းလောက် ကလေးမွေး နေရ


ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ လူဦးရေနေ့ ဆောင်ပုဒ်က မြီးကောင်ပေါက် ကိုယ်ဝန် ပြဿနာ ဖြစ်ပါတယ်။

ကမ္ဘာမှာ တနှစ်ကို အသက် ၁၈ နှစ် အောက် မိန်းကလေး ၁၆ သန်းလောက် ကလေးမွေး နေရပြီး နောက် ၃ သန်းကျော်က အန္တာရာယ် ကြီးတဲ့ နည်းတွေနဲ့ ကိုယ်ဝန်ဖျက်ချ နေရတယ်လို့ ကုလ သမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့က ထုတ်ပြန် ပါတယ်။

မိန်းကလေး တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် ချပေးတာ၊ ကျူးလွန် စော်ကား ခံရတာ၊ ပညာသင်ခွင့် ဆုံးရှုံးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှု တွေနဲ့ သေဆုံး ချည့်နဲ့ တဲ့ထိ ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုး တွေကြောင့် ဒီပြဿနာကို ကုလသမဂ္ဂ က မီးမောင်း ထိုးပြတာ ဖြစ်ပါတယ်။

အိုင်ယာလန် နိုင်ငံ မှာတော့ ကိုယ်ဝန်ဖျက်ချခွင့် ဆိုင်ရာ ဥပဒေ ကို လွှတ်တော်မှာ အခြေအတင် ငြင်းခုံ နေကြပါတယ်။

အရေးပေါ် ကျန်းမာရေး အခြေအနေမှာ အမျိုးသမီးတွေကို သန္ဓေ ဖျက်ခွင့် ပေးတဲ့ ပြင်ဆင်ချက် ၁၆ဝ ကျော် ပါတဲ့ ဥပဒေကို လွှတ်တော်မှာ အများစု ထောက်ခံမဲနဲ့ တင်သွင်း ခဲ့ပေမယ့် အစိုးရက ပယ်ချ ခဲ့ပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ်က ဒီဥပဒေ အရေး ကြာသပတေးနေ့ လွှတ်တော်မှာ ဆက်လက် ဆွေးနွေးခွင့် ပြုခဲ့ပါတယ်။

ပဋိသန္ဓေ မလိုချင်ဘဲ လွယ်ရ တာတွေ အဆုံးသတ်ဖို့၊ ဘေးကင်း စိတ်ချ ရတဲ့ မီးဖွားမှု တွေ ဖြစ်ဖို့နဲ့ လူငယ် ဘဝ အညွန့်တလူလူ တက်နေဖို့ ရည်ရွယ်တယ်လို့ ကမ္ဘာ့ လူဦးရေ နေ့မှာ ကုလ သမဂ္ဂက ထုတ်ပြန် လိုက်ပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ လူဦးရေ တိုးပွားမှု ထိန်းချုပ်ဖို့ လိုအပ်ပြီလို့ မပြောနိုင်သေး ပေမယ့် ကျန်းမာရေး လူမှုရေး ရှုထောင့် အရ မိသားစု သားဆက်ခြား စီမံကိန်းတော့ ရှိဖို့ လိုအပ်တယ်လို့ ပညာပေးရေး လုပ်ဆောင် နေသူတွေက ပြော ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)http://www.thithtoolwin.info/2013/07/blog-post_6297.html

"ကီလိုမလျှော့ရန်မှုဝါဒကြောင့်ဂျပန်မှကားသွင်းထားသူများ စိတ်ညစ်ရ"

Photo
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ကားမှုဝါဒအသစ်ထုတ်မယ်ဆိုရင်အနည်းဆုံး ၃လလောက်အများပြည်သူကိုအသိပေးသင့်ပါတယ်။အခုဟာက ဆိုင်းမဆင့်ဗုံမဆင့် ဘာမှမရေမရာ၊မသဲမကွဲနဲ့ လုပ်ရကိုင်ရခက်ပါတယ်။

အဝယ်တွေက အပျိုပေါက်ဆိုဒီဈေး ဘဲနာဆိုဒီဈေး စီးဗစ်ဆိုဒီဈေး Fitဆိုဒီဈေး
ကီလိုကလည်းနည်းချင် ဈေးလည်းသက်သာချင် အဲ့တော့နံပါတ်အဟောင်းဘဲဝယ်တယ်။ ကီလိုအင်ထု ကားဘောဒီဂျင်းထည့်ပတ်တီးရိုက်ထားတာမသိဘူးလေ ဂျပန်ကားကန်ဆယ်လေးရှင်းဆိုမြင်ဘူးမှာမဟုတ်ဘူး

ဒီလောက်ကားဈေးကွက်ပျက်ပြီးကီလိုလျှော့ထားတဲ့နံပါတ်အနိမ့်ကားတွေများတဲ့ပွဲစားတန်းတွေကို နောက်ပိုင်းကားကီလိုမလျှော့ရဘူးဆိုတော့ ကားသွင်းရောင်းတွေဘာလိုဆက်ပြီးစီးပွားရှာရမလဲ?

ရန်ကုန်ဆိပ်ကမ်းမှာ သူခိုးအရမ်းများပါတယ် ကားရဲ့အရှေ့ရှဲကတံဆိပ်Logo ကားအနောက်တံဆိပ်စာတန်း ကားထဲမှာအပိုပါတဲ့ပစ္စည် ဂီယာဘုသီး ဈေးကြီးတဲ့အော်ရဂျင်နယ်အလွိုင်းတွေ ဟိုဟာလဲဒီဟာခိုးဘဲ။ အဲ့တာကိုဆိပ်ကမ်းကအရာရှိတွေကတကယ်မသိတာလား မသိယောင်ဆောင်တာလား? လုံခြုံရေးတွေညညမူးနေသလား မသိယောင်ဆောင်တာလား?

မပြောတာဘဲကောင်းပါတယ်ကိုယ်ပစ္စည်းကိုတာမွေအခွန်လွတ်ဈေးမှာ
သွားရှာဝယ်ရတာပေါ့!!!!

သီရိမင်္ဂလာဈေး ကားပွဲစားတန်း

Reposted by Phyo
www.facebook.com/MMcities
By: MMcities

ရေကြောင်းတက္ကသိုလ် ဝင်ခွင့် အမှတ် ၄၅၀ နှင့် အထက် သတ်မှတ်

 ရန်ကုန်၊ ဇူလိုင် ၉

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၏ ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်အတွက် ဝင်ခွင့်ရမှတ်ကို ၄၅၀ နှင့် အထက် သတ်မှတ်ထားကြောင်း ရေကြောင်း ပညာတက္ကသိုလ်က တရားဝင်ထုတ်ပြန် ထားကြောင်း သိရသည်။

လျှောက်ထားသူများသည် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ် ၄၅၀ နှင့် အထက်ရရှိပြီး မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘောဂဗေဒ (သို့မဟုတ်) မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ (သို့မဟုတ်) မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ပထဝီဝင် ဘာသာရပ်များဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

ခေါ်ယူမည့် ကျောင်းသားဦးရေကို ၃၂၀ သတ်မှတ်ထားပြီး ၂၀ ရာခိုင်နှုန်းကို ကျောင်းသူများကို ခေါ်ယူသွားမည် ဖြစ်ကြောင်း၊ အထူးပြုဘာသာရပ် (ရေယာဉ်တည်ဆောက်ခြင်း) NA အတွက် ၄၀ ဦး၊ (ရေကြောင်းပညာရပ်) MM အတွက် ၄၀ ဦး၊ (ရေကြောင်းအင်ဂျင်နီယာ) ME အတွက် ၈၀ ဦး၊ (ဆိပ်ကမ်းအင်ဂျင်နီယာ) PH အတွက် ၂၅ ဦး၊ (မြစ်ကြောင်းထိန်း သိမ်းရေး) RC အတွက် ၁၅ ဦး၊ (ရေကြောင်း လျှပ်စစ်နှင့် အီလက်ထရွန်နစ်) MEAE အတွက် ၄၀ ဦး၊ (ရေကြောင်းသိပ္ပံ) NS အတွက် ၈၀ ဦးခေါ်ယူသွားမည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ စုံစမ်းသိရှိရသည်။

ယခင်နှစ်ကလည်း ထိုကဲ့သို့ ကျောင်းသား ၃၂၀ ခေါ်ယူခဲ့ပြီး ဝင်ခွင့် အမှတ် ၄၅၀ သတ်မှတ်ခဲ့သော်လည်း လာရောက် လျှောက်ထားသည့် အနိမ့်ဆုံး အမှတ်မှာ ၄၈၇ မှတ် ဖြစ်သောကြောင့် ဝင်ခွင့်အမှတ်မှာ ၄၈၇ မှတ်ဖြစ်သွားကြောင်း ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ပြောကြားသည်။

ရေကြောင်းပညာ တက္ကသိုလ်ကို ၂၀၀၁-၂၀၀၂ ခုနှစ်က စတင် တည်ထောင်ခဲ့ရာ ၂၀၀၃-၂၀၀၄ တွင် ဆင်မလိုက် ရေကြောင်းပညာသိပ္ပံတွင် စတင်ပညာသင် ကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် သီလဝါဒေသသို့ ၂၀၀၅ ခုနှစ်တွင် ပြောင်းလဲ ဖွင့်လှစ်ခဲ့ကြောင်း တရားဝင် စာရင်းများအရ သိရသည်။

Y- talk မိုဘိုင်းစနစ်ဖြင့် ၁ လတိတိ မလေးရှား နိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုခွင့် ပေးမည်


ပြည်တွင်းမှ မလေးရှား နိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုမှု တွေကို Y talk  မိုဘိုင်း စနစ်မှ တစ်ဆင့် စတင်ပြုလုပ် ပေးနေပြီ ဖြစ်တယ်လို့  ဇူလိုင်လ ၉ ရက်နေ့က
တော်ဝင် နှင်းဆီမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ အစီစဉ်နဲ့ ပတ်သက်ပြီး  မိတ်ဆက်ပွဲ အခမ်းအနားမှ သိရပါတယ်။ ဒီလို ဆောင်ရွက်မှု ကိုတော့ ၁ လတိတိ ဆောင်ရွက် ပေးမှာဖြစ်ပြီး  ဖုန်းခေါ်ဆိုမှု အတွက်ကိုတော့ Y talk မှ တာဝန်ရှိ သူတွေက ရွေ့လျားမိုဘိုင်းစနစ်နဲ့ သတ်မှတ်ရက် အတိုင်း မြို့နယ်များသို့ လှည့်လည်ကာ အခမဲ့ ၀န်ဆောင်မှု ပေးမှာ ဖြစ်ပါတယ်။
 
အဲ့ဒီလို ဆောင်ရွက်ရာ မှာတော့ ဇူလိုင်လ ၉ ရက်နေ့မှ ကမ္ဘာအေးဘုရားလမ်း တစ်လျောက် နေရာများ၊ ဇူလိုင် ၁၀ ရက်နေ့ မှာတော့ ယုဇန ပလာဇာ အနီးနေရာများ၊ ဇူလိုင်လ ၁၁ ရက်နေ့ မှာတော့ သာကေတ မြို့နယ်၊ ဇူလိုင်လ ၁၂ ရက်နေ့ မှာတော့ လှိုင်မြို့နယ် အစရှိတဲ့ မြို့နယ်တွေကို စတင် သွားရောက်မှာ ဖြစ်ပြီး နောက်ပိုင်း မှာလည်း အခြား မြို့နယ် များသို့ နေ့စဉ် လှည့်လည်ကာ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုဟာ Y talk အနေနဲ့ ယခင်က မလေးရှားမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အဆက်အသွယ် ပြတ်နေတဲ့ ပြည်သူများကို အဆင်ပြေ ချောမွေ့စွာ ဆက်သွယ်နိုင်ဖို့ ပြုလုပ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
   

ရန်ကုန်မှာ BRT အဆင့်မြင့် ဘတ်စ်ကား ပြေးဆွဲမည်


ကိုလံဘီယာတွင် အသုံးပြုနေသည့် BRT ယာဉ်ကြောမြင်ကွင်း
July 10, 2013
ယာဉ်ကြော ကျပ်တည်းလာပြီး ပြည်သူတွေ သွားလာရေး ခက်ခဲလာတဲ့ ရန်ကုန်မြို့တော် အတွက် BRT (Bus Rapid Transit) စနစ် စမ်းသပ်ပြေးဆွဲတော့မယ်လို့ ဇူလိုင် ၉ ရက်နေ့ ရန်ကုန်စည်ပင်ကော်မတီရုံးမှာ ကျင်းပတဲ့ ပို့ဆောင်ရေးဆိုင်ရာ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
 
အစည်းအဝေးမှာ BRT စမ်းသပ်ပြေးဆွဲဖို့ ဂျပန် ဂျိုက်ကာအဖွဲ့က လေ့လာ ဆန်းစစ်ထားတဲ့ အချက်တွေတင်ပြခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး သူရ ဦးသောင်းလွင် အပါအ၀င် ရန်ကုန်စည်ပင်နဲ့ မထသ တာဝန်ရှိသူတွေက သဘောတူကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။
 
BRT စနစ်ဆိုတာဟာ အဆင့်မြင့် ဘတ်စ်ကား ပြေးဆွဲဖို့ အခြားယာဉ်တွေ အသုံးပြုခွင့် ပေးမထားတဲ့ သီးသန့်ယာဉ်ကြော သတ်မှတ်ပေးထားပြီး ဘူတာရုံသဖွယ် သတ်မှတ်ပြီး ဘတ်စ်ကားဂိတ်တွေ ထားရှိ ပြေးဆွဲတဲ့စနစ် ဖြစ်ပါတယ်။
 
လက်ရှိ အင်ဒိုနီးရှားနိုင်ငံမှာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့တဲ့ ဘတ်စ်ကား ပြေးဆွဲမှု စနစ်လည်း ဖြစ်ပါတယ်။
 
သတင်းရင်းမြစ် - ဒီဗွီဘီ

အုပ်စုလိုက် အဓမ္မကျင့်မှုဖြစ်ပွား


လူသုံးဦးက ၀ိုင်းဝန်းအဓမ္မပြုကျင့်မှုတစ်ခု သမိုင်းဘူတာရုံလမ်းရှိ တည်းခိုခန်းတစ်ခုတွင် ဇူလိုင် ၉ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့သဖြင့် ဘုရင့်နောင်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

ပြုကျင့်ခံရသည့်အမျိုးသမီးသည်အသက် ၃၃ နှစ်အရွယ်ရှိပြီး မရမ်းကုန်းမြို့နယ်တွင်နေထိုင်သူဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားပြီး သူမသည်အလှူတစ်ခုတွင် သွားရောက်ကူညီလုပ်ကိုင်ပြီး အပြန်လမ်းတွင် ယခုလိုအဓမ္မကျင့်ခံရခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။

ထိုသို့ပြန်လာချိန်တွင် အတူပြန်လာသည့် အမျိုးသားကသမိုင်းဘူတာရုံလမ်းရှိ တည်းခိုခန်းသို့ခေါ်ဆောင်ရာ သူမကလိုက်သွားခဲ့ကြောင်း၊ ထို့နောက်သူမကို ခေါ်ဆောင်လာသော အမျိုးသားကတစ်ဦးတည် အပြင်သို့
ပြန်ထွက်သွားခဲ့ကြောင်း ကာယကံရှင်ကရဲကို ထွက်ဆိုထားသည်။

အဆိုပါအမျိုးသားက ပြန်လာသောအခါ အရက်များသောက်စားလာသည့်အပြင် သူနှင့်အတူ အခြား အမျိုးသားနှစ်ဦးကိုပါ ခေါ်ဆောင်လာခဲ့ပြီးအမျိုးသမီးကို အဓမ္မကျင့်ခဲ့သည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင်တွေ့ရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အဓမ္မပြုကျင့်သူများအဖြစ် စွပ်စွဲခံရသူများမှာ ကိုနေလင်းအောင်၊ ကိုကျော်နိုင် နှင့် ကိုအောင်အောင် တို့ဖြစ်ကြသည်။
Copy from - mizzimaburmesehttp://www.pnsjapan.org/2013/07/blog-post_11.html

မြန်မာပြည် လူငယ်ထု့ကြားမှာ ရေပန်းစား နာမည်ကြီးနေတဲ့ Camera360 ရဲ့ update

Camera360 Ultimate 4.5.5

မြန်မာပြည် လူငယ်ထု့ကြားမှာ ရေပန်းစား နာမည်ကြီးနေတဲ့

Camera360 ရဲ့ update လေးပါ အားလုံးပဲ အသုံးပြု့နိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ
MEDIAFIRE     |  SHAREBEAST   | ZIPPYSHARE   | BOX
ကိုလတ်(ကျွဲဆင်း)

Camera360 Ultimate 4.5.5

မြန်မာပြည် လူငယ်ထု့ကြားမှာ ရေပန်းစား နာမည်ကြီးနေတဲ့

Camera360 ရဲ့ update လေးပါ အားလုံးပဲ အသုံးပြု့နိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ
MEDIAFIRE     |  SHAREBEAST   | ZIPPYSHARE   | BOX
ကိုလတ်(ကျွဲဆင်း)

messages တွေ video နဲ့ အသံ တွေ Free ပို့မယ် WhatsApp Messenger အကောင်းဆုံး

WhatsApp Messenger 2.10.766 For Android

WhatsApp Messenger အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 7လပိုင်း 10 ရက်နေ့ထွက်Update တင်ပေးလိုက်ပါတယ်
messages တွေ video နဲ့ အသံ တွေ Free ပို့မယ် WhatsApp Messenger အကောင်းဆုံးလို့ပြောရပါတယ် 
မှာလေ့လာပြီး ကြိုက်ရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>mirrorcreator (or)zippyshare(or) solidfiles


ရန်ကုန်တိုင်း အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလ သတ်မှတ်ကာ လုံခြုံရေးအင်အား တိုးမြှင့်

AddThis Social Bookmark Button
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလအဖြစ် သတ်မှတ်ကာ လုံခြုံရေးအင်အားများ တိုးမြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးထံမှ သိရသည်။
အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ လုံခြုံရေးအင်အား တိုးမြှင့်ခြင်းနှင့် အရေးကြီးကာလအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားသည်။
ဆက်လက်၍ ဒုတိယရဲမှူးကြီး မြင့်အေးက "အခုလောလောဆယ်တော့ ခရိုင်အလိုက် အရေးကြီးကာလအဖြစ် သတ်မှတ်ပြီး လုံခြုံရေးတွေကို ဆတိုးဆောင်ရွက် နေတယ်။ အရေးပေါ်ကာလ အနေအထား မဟုတ်သေးပေမယ့် အရေးကြီးကာလအဖြစ် သတ်မှတ်ဆောင်ရွက် နေပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင် အားလုံးက သတ်မှတ်နေရာများမှာ အသင့်ရှိနေပြီး တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အလျင်မြန်ဆုံး ရောက်ရှိသွားမှာပါ" ဟု ၎င်းက ပြောကြားသည်။
ယခု လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို သင်တန်းများပေးထားပြီး ဖြစ်ပေါ်လာသော ဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး အလျင်မြန်ဆုံး လုပ်ဆောင်နိုင်ရန် ညွှန်ကြားထားကြောင်းလည်း ဒုတိယရဲမှူးကြီး မြင့်အေးထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားပြည်နယ်နှင့် တိုင်းများရှိ နယ်စပ်ဂိတ်ပေါက်များ၌ အ၀င်အထွက် စစ်ဆေးမှုများကို ပုံမှန်ထက် ပိုမိုစစ်ဆေးနေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ် ထားရာဖြစ်သည့် ဗုဒ္ခဂယာတွင် ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး နှစ်ရက်အကြာ ဇူလိုင် ၁၀ ရက်တွင် ထိုင်းနိုင်ငံ လေကြောင်းလိုင်းမှတစ်ဆင့် ရန်ကုန်မြို့သို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦး သံဃာတော် အယောင်ဆောင်၍ ရောက်ရှိလာခဲ့သဖြင့် ယခုကဲ့သို့ လုံခြုံရေးအင်အားတိုးကာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။
ရန်ကုန်လေဆိပ်မှတစ်ဆင့် သံဃာတော် အယောင်ဆောင်၍ ၀င်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးအား သာသနာ ညှိုးနွမ်းစေသည့် အမှုဖြင့် သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိပြီး ၎င်းတို့အား လေဆိပ်မှ စောင့်ကြို၍ တည်းခိုရန် နေရာသို့ ခေါ်ဆောင်ခဲ့သည့် မွတ်စလင် ဇနီးမောင်နှံ နှစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

တရားဝင် ခွင့်ပြုချက် မရှိဘဲ ငွေတိုးချေးစားသူများကို ဖော်ထုတ်တိုင်ကြား လာပါက အသေးစား ငွေရေးကြေးရေး လုပ်ငန်းဥပဒေအရ အရေးယူမည်

AddThis Social Bookmark Button
တရားဝင်ခွင့်ပြုချက် မရှိဘဲ ငွေတိုးချေးစားသူများကို ဖော်ထုတ်တိုင်ကြားလာပါက အသေးစားငွေရေးကြေးရေး လုပ်ငန်းဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ဇူလိုင် ၉ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦသိန်းညွန့် မေးမြန်းသည့် "ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း၊ ဒေါပုံ၊ ဒလ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်း၊ သုံးခွအပါအ၀င် မြို့နယ်များနှင့် မြန်မာနိုင်ငံရှိ မြို့အတော်များများ၌ အတိုးနှုန်း မြင့်မားစွာဖြင့် ငွေတိုးပေးစားသူများက အဆင်းရဲဆုံး သူများအပေါ် စာချုပ်အလွတ်ပေါ်တွင် လက်မှတ်ရေးထိုးခိုင်းခြင်း၊ ပေးဆပ်နေရသည့် အတိုးကို လက်ခံရရှိကြောင်း အထောက်အထား မပေးခြင်း၊ အကြောင်းအမျိုးမျိုးပြပြီး ပြစ်မှုကြောင်း စွဲဆို၍ ထောင်ဒဏ်ကျခံစေခြင်း၊ အိမ်မြေများ သိမ်းယူခြင်းနှင့် ပတ်သက်၍  ယင်းကဲ့သို့ ခွင့်ပြုချက် မှတ်ပုံတင်မရှိဘဲ ငွေတိုးချေးစား သူများအပေါ် တိုင်ကြားခြင်းနှင့် တိုင်ကြားလာပါက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက မည်ကဲ့သို့ အရေးယူမည့် အစီအစဉ် ရှိပါသလဲ" ဆိုသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးသိန်းညွန့်က "ရန်ကုန်မှာတင် အတော်ခံနေရတယ်။ နေ့ပြန်တိုးတောင် မဟုတ်ဘူး။ မတ်တိုးဆိုတာပါ ပေါ်လာတယ်။ သိန်း ၃၀ ချေးတာကို သိန်း ၄၀ အထိ ဆပ်ပြီးသွားပြီ။ ဒါပေမဲ့ နောက်ထပ် မဆပ်နိုင်တဲ့ အခါကျတော့ သိန်း ၁၀၀ အထိ လိုချင်လို့ တရားစွဲတာတွေ ရှိတယ်။ စွဲတဲ့အခါမှာလည်း တချို့မြို့နယ်တွေမှာ တရားသူကြီးတွေနဲ့ ပေါင်းထားကြတာပေါ့။ အဲဒါကြောင့် ဆင်းရဲသူတွေဟာ အိမ်ပေါင်၊ ယာပေါင်တွေတင် မကဘဲ ထောင်ထဲရောက်တဲ့သူတွေပါ ရှိနေပါတယ်" ဟု ပြောကြားသည်။
ရဲချုပ်က "နစ်နာသူများနဲ့ သိရှိသူ မည်သူမဆို တရားဝင် ခွင့်ပြုချက်မရှိဘဲ ငွေတိုးချေးစားသူများကို ဖော်ထုတ်တိုင်ကြား လာပါက အသေးစားငွေရေးကြေးရေး လုပ်ငန်းဥပဒေအရ အရေးယူနိုင်သဖြင့် အဆိုပါဥပဒေနှင့် ပြည်သူလူထုအား အကာအကွယ်ပေးထားပြီး ဖြစ်ပါတယ်။ သို့ပေမယ့်လည်း တိုးတက်ပြောင်းလဲနေတဲ့ ခေတ်နဲ့လိုက်လျောညီထွေမှု ရှိစေဖို့ လိုင်စင်မဲ့ ငွေတိုးချေးစားသူများကို အရေးယူနိုင်သော တည်ဆဲဖြစ်တဲ့ 1945 The Money Lenders Acts နဲ့ အသေးစား ငွေရေးကြေးရေး လုပ်ငန်းဥပဒေများကို ကျယ်ပြန့်စွာ သုံးသပ်ပြီးနောက် ပြင်ဆင်သင့်ကြောင်း တွေ့ရှိပါက ယင်းဥပဒေများကို စီမံခန့်ခွဲတဲ့ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၀ ပုဒ်မခွဲ (က)နဲ့အညီ ပြင်ဆင်ရေးဆွဲရန် ဆောင်ရွက်နိုင်ပါတယ်" ဟု ပြောကြားသည်။

မြန်မာ့ Sexy မင်းသားချောလေး ရိုတ

အနုပညာ

ဘယ်လိုများ ထပ်ကြမ်းချင်သေးသလဲ … ရိုတ

Hits:18,136
ရိုတရဲ့ အဝေဖန်ခံနေရတဲ့ facebook ပေါ်က ဓာတ်ပုံနဲ့ အိုအေစစ် ဂျာနယ်ပေါ်က Sexy ပို့စ် ကဏ္ဍက ရိုတရဲ့ စာမျက်နှာ (ဓာတ်ပုံ – ရိုတ facebook နဲ့ အိုအေစစ် facebook၊ ခွင့်ပြုချက်များ တောင်းထားပြီး)
<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a93c11c3&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=59&cb=INSERT_RANDOM_NUMBER_HERE&n=a93c11c3' border='0' alt='' /></a>
မစပ်စုတို့ မြန်မာ Celebrity လောကက မိန်းကလေး အနုပညာရှင် တချို့ထဲကမှ သူတို့ရဲ့ ခန္ဓာကိုယ်အလှကို ပေါ်ပေါ်ထင်ထင် တမျိုး မပေါ်မထင်တမျိုး ၀တ်စားမှုနဲ့ အတူ ပရိသတ် သတိထားမိလာရာ ကနေ အောင်မြင်ကျော်ကြား လူကြိုက်များလာတဲ့ အနုပညာရှင် လေဒီတွေ ဒီဘက်ခေတ်မှာ တော်တော်လေး များပြားလာတာကို မစပ်စုနဲ့ အတူ အားလုံးလည်း သတိထား မိကြမယ်လို့ ထင်ပါတယ်။
ဟိုးအရင်ကတော့ အခုလို အင်တာနက် facebook စာမျက်နှာတွေ တွင်တွင်ကျယ်ကျယ် မရှိသေးလို့လား၊ ဒီဘက်ခေတ်မှာလို မပွင့်လင်း မထင်သာ မမြင်သာ သေးလို့လားတော့မပြောတတ်၊ မစပ်စု သတိထားမိသလောက် နာမည်ကြီး သရုပ်ဆောင် အဆိုတော်တွေရဲ့ မပေါ့်တပေါ် ပုံတွေဟာ နာမည်မကျော်ခင် တိတ်တဆိတ် ရိုက်ထားခဲ့ပြီးမှ သူတို့ နာမည်ကြီးလာတော့ သူတို့ရဲ့ ပုံပါ ဆိုပြီး ထွက်ပေါ်လာတတ်ကြတယ်လို့ ယူဆမိပါတယ်။
အခု ဒီဘက်ခေတ် ရောက်လာတော့ အနုပညာလောကရဲ့ ပြောင်းလဲလာမှုလို့ပဲ ပြောရမလား၊ ဒီလို ပွင့်ပွင့်လင်းလင်း ဓာတ်ပုံ မပွင့်မလင်း ၀ိုးတိုးဝါးတား ဓာတ်ပုံတွေ ရိုက်မှ ပရိသတ် သတိထားမိလာမယ် ဆိုတဲ့ နာမည်ကြီးလမ်းကြောင်း တခုလို ဖြစ်လာပါတယ်။ facebook စာမျက်နှာထက်မှာ ပရိသတ် များများ အဆဲအဆို၊ အထုအထောင်း ခံရပြီဆိုရင် အောင်မြင်ပြီလို့သာ မှတ်လိုက်တော့လို့ ပြောရမလိုဖြစ်နေပါပြီ။
ဒါကတော့ အနုပညာရှင် မိန်းကလေးတွေရဲ့ ပွင့်လင်းမှုပါ။ ဒီလိုပွင့်လင်းမှုထဲမှာ ယောက်ျားလေး အနုပညာရှင်လည်း ပါဝင် လာပါပြီ။
အဲဒါကတော့ သရုပ်ဆောင်၊ အဆိုတော် ရိုတ ရဲ့ facebook စာမျက်နှာထက် Sexy ကျတဲ့ ဓာတ်ပုံတပုံပါ။ မြန်မာအမြင်နဲ့ဆို အတော်လေး ကိုးယိုးကားယား နိုင်တဲ့ ဓာတ်ပုံတပုံ တင်ထားတာကို မစပ်စုနဲ့အတူ facebook ပရိသတ် အတော်များများလည်း သတိထားမိကြမှာပါ။ ဒီလိုပုံမျိုးကို ပရိသတ်က ၀ိုင်းပြီး ဆဲဆို ထောပနာပြုမှာကို သိလို့လားတော့ မပြောတတ်ပါဘူး ဒီဓာတ်ပုံမှာ ကြိုတင်ပြီးတော့ ရိုတက “အိုအေစစ် ဂျာနယ်အတွက် သဘာဝပုံပါ။ ကြိုက်တာရေးလို့ ရပါသည်။ ကြိုက်တာ ပြောလို့ရပါသည်” လို့ ဆိုထားလေတော့ မစပ်စုရဲ့ စပ်စုချင်စိတ်လည်း တဖွားဖွား ပေါ်လာတာတော့ အမှန်ပါပဲ။
ဒီလို အနေအထား၊ ဒီလို ပို့စ်မျိုးဟာ နိုင်ငံတကာက သရုပ်ဆောင် မင်းသား အဆိုတော်တွေ အနေနဲ့ကတော့ ဘာမှ မထူးဆန်း ပေမယ့် မြန်မာနိုင်ငံ အနေနဲ့ကျတော့ အထူးအဆန်းဖြစ်နေတာ အသေအချာပါပဲ။
ဒီတော့ သရုပ်ဆောင်၊ အဆိုတော် ရိုတ ရဲ့  ဒီဓာတ်ပုံနဲ့ ပတ်သက်လို့ သမိုင်းကြောင်းကို ခြေရာခံဖို့ မစပ်စုကြိုးစား ပါတော့တယ်။
“အိုအေစစ်ဂျာနယ်ရဲ့ Sexy ပို့စ် ဆိုတဲ့ ကဏ္ဍအတွက် ရိုက်တာပါ။ ပထမကတော့ ကျနော် အဲဒီလိုရိုက်ပေးဖို့ အစီအစဉ် မရှိပါဘူး။ ဒါပေမဲ့ Sexy နဲ့ပတ်သက်ပြီး ရှေ့မှာလည်း တချို့ Celebrity တွေ အဲဒီလို ရိုက်ထားတာတွေ့တော့ ရိုက်မယ့်ရိုက် နည်းနည်း ခပ်ကြမ်းကြမ်း လေးတော့ ရိုက်ပေးလိုက်မယ်ဆိုပြီးတော့ ရိုက်ပေးလိုက် တာပါ။ ဒီထက်ကြမ်းဖို့ရှိတယ်။ ဒါပေမယ့် ရိုက်တဲ့နေ့မှာ မိန်းကလေးတွေက အလုပ်ရုံမှာ တော်တော် များတယ်။ အဲဒါကြောင့် ဒီလောက်နဲ့ပဲ ရပ်လိုက်တာ။ နို့မို့ဆိုရင် ဒီထက် ပိုဆိုးမယ်။ ရိုက်မှတော့ စိတ်ပါလက်ပါနဲ့ ရိုက်ပေးလိုက်တာ။ ကျနော်က အလုပ်အပေါ် တန်ဖိုးထားတယ်။ နယ်ကနေပြီး ရုန်းကန် ကြိုးစား ရတယ်ဆိုတော့ အလုပ်ကို သူတို့ စိတ်ကျေနပ်အောင် အထိ လုပ်ပေးဖို့က ကျနော့် အပိုင်းပေါ့နော်။ အဲဒီမှာ ကျနော့် ဘက်က အားနည်းချက် ဘာရှိသွားလဲ ဆိုတော့ ပထမက အဲဒီလို Sexy အရမ်းဆန်ဆန် ရိုက်မယ်လို့ ဆုံးဖြတ်ထားတာ မရှိတော့ ဘောင်းဘီတို့၊ ၀တ်စားဆင်ယင်မှုပိုင်းမှာ နည်းနည်း အားနည်းသွားတာ ရှိတယ်။ အဲဒီအတွက်ကို ပရိသတ်တွေကို တောင်းပန်တယ်” လို့ သရုပ်ဆောင် အဆိုတော် ရိုတက ဧရာဝတီကို ပြောပါတယ်။
ဒါမျိုးဟာ အခုခေတ်မှာ မဆန်းတော့ဘူးလို့ ထင်မြင်မိကြောင်းနဲ့ သူ့အနေနဲ့ မိန်းကလေး မဟုတ်တဲ့အတွက် ဒါမျိုးကို ကြိုက်မယ့်သူ နည်းလိမ့်လို့ ထင်မြင်မိကြောင်း သူက ဆက်ပြောပါတယ်။
သရုပ်ဆောင် အဆိုတော် ရိုတ ဟာ ၂၀၀၆ ခုနှစ်က စလို့ အနုပညာ လောကထဲကို ၀င်ရောက် လာသူဖြစ်ကာ လက်ရှိမှာ “စပွန်ဆာ” ဆိုတဲ့ တကိုယ်တော် တေးစီးရီး ထွက်ရှိထားပြီး အတွဲခွေ ၄ ခွေ မှာလည်း ပါဝင်သီဆိုထားပါတယ်။ လက်ရှိမှာ ပြန်ဆိုတေး စီးရီးခွေ ထွက်ရှိဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရုပ်ရှင်၊ ဗီဒီယို၊ ဗီစီဒီ တော်တော်များများ မှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။
ဒါထက် သူ့ကို ခေါင်းဆောင် တင်ရိုက်ဖို့ စာချုပ်ချုပ်မယ့် ဘယ် ကုမ္ပဏီကိုမဆို ပထမ ဆယ်ကားစာ အခမဲ့ ရိုက်ကူး ပေးမယ်လို့ ပြည်တွင်း ဂျာနယ်တွေမှာ ပြောကြား ထားပါသေးတယ်။
သရုပ်ဆောင် ရိုတအနေနဲ့ ဒီလို ဓာတ်ပုံမျိုးကို ရိုက်ကူးတာဟာ နာမည်ကြီးချင်လို့ သက်သက် ရိုက်ကူးခြင်း ဖြစ်တယ်လို့ ပရိသတ်ရဲ့ ဝေဖန်မှုကို တခဲနက် ရရှိလိုက်တာတော့ အမှန်ပါပဲ။
“တချို့က နာမည်ကြီးချင်လို့ လုပ်တာလည်း ရှိတာပေါ့။ နာမည်ကြီးချင်လို့ လုပ်မှတော့ အများကြီး လုပ်လို့ရပါတယ်။ ရှင်းရှင်း ပြောရရင် ကမ္ဘာမှာလည်း အရမ်း ခေတ်စားနေတာပဲ။ ယောကျာ်းလေး အချင်းချင်း၊ မိန်းကလေး အချင်းချင်း အများကြီး လုပ်ပိုင်ခွင့်တွေ ရှိတယ်၊ အများကြီး ခေတ်မီတဲ့ အနေအထားတွေရှိတယ်။  အခုလည်း အင်တာနက်ပေါ်မှာ Movie file တွေ အများကြီး တက်လာတဲ့ သူတွေလည်းရှိတယ်။ အနုပညာရှင် တွေထဲမှာလည်း အများကြီးပဲ။ ကျနော်လုပ်လိုက်တဲ့ အရာတခုကို ကျနော် မှန်တယ်ထင်ရင် ရှေ့ဆက်တိုးတယ်၊ နောက်မဆုတ်ဘူး။ အဲဒါကြောင့် ဘယ်သူပဲပြောပြော ကြိုက်တာ ရေးနိုင်သည်၊ ကြိုက်တာ ပြောနိုင်သည်။ ကျနော့်ကို စိတ်ဝင်စားလို့ ရေးတယ်၊ ပြောတယ်။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် အားလုံးကို ကြိုက်ပါတယ်လို့ ပြောချင်ပါတယ်။ ကျနော်ကတော့ အကုန်လုံးကို ကြိုဆိုပါတယ်” လို့  ရိုတက ဆိုပါတယ်။
သူ့အနေနဲ့ အနုပညာအလုပ်ကို ၀ါသနာ ပါသူဖြစ်တဲ့အတွက် ဒီအလုပ်နဲ့ ပတ်သက်ရင် ဘာပဲလုပ်လုပ် ဘယ်ဟာပဲ ကမ်းလှမ်း ကမ်းလှမ်း လုပ်ပေးဖို့ အဆင်သင့်ပါပဲလို့  ပြောပါတယ်။
ဒီဓာတ်ပုံကို အိုအေစစ် ဂျာနယ်အတွက် ရိုက်ကူးပေးထားတာလို့ ဆိုလေတော့ ဒီလို Sexy ဆန်တဲ့ပုံ အနေအထားမျိုးကို အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြခွင့်ရနေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။
ဒီဓာတ်ပုံဟာ အိုအေစစ်ဂျာနယ်ရဲ့ Sexy ပို့စ် ဆိုတဲ့ ကဏ္ဍအတွက် ရိုက်ထားတဲ့ ဓာတ်ပုံဆိုပေမယ့် တကယ်တမ်း အိုအေစစ် ဂျာနယ်မှာ မဖော်ပြခဲ့ဘဲ အယဉ်ဆုံး ပုံကိုသာ ရွေးချယ်ဖော်ပြခဲ့တယ်လို့ အိုအေစစ်ဂျာနယ် အယ်ဒီတာချုပ် ဒေါ်ဂျူလိုင်မိုးက ဧရာဝတီကို ပြောပါတယ်။
“ရိုတကျတော့ သူနဲ့လည်း ခင်နေတော့ သူက အဲဒီကဏ္ဍလေးမှာ သူလည်း ပါချင်တယ်လို့ ဆိုတော့ ဓာတ်ပုံသွားရိုက်ထား၊ ပြီးသွားရင် ကျမကိုပြော၊ ဓာတ်ပုံလာပေးလို့ ဆိုပြီး သူ့ကို အဲဒီလိုပဲ ပြောလိုက်တော့ သူက အစ်မရယ် ကျနော့်ကို ဓာတ်ပုံဆရာ စီစဉ်ပေးပါလို့ပြောတယ်။ ကျမလည်းဓာတ်ပုံ စပွန်ဆာပေးတဲ့ ကောင်လေး ကိုလှမ်းပြီးတော့ ချိတ်ပေးလိုက်တယ်။ နင်တို့ ယောကျာ်းလေး အချင်းချင်းပဲ၊ နင်တို့ဘာသာ နင်တို့ ရိုက်ထားလိုက်ကြ၊ ပြီးရင် ငါဓာတ်ပုံ သွားယူထားလိုက်မယ် ဆိုပြီး ပြောလိုက်တယ်။ နောက်နေ့ကျတော့ ကျမကို ဓာတ်ပုံဆရာက ဓာတ်ပုံလာပေးတယ်။ အဲဒီမှာ ကျမ ကြည့်လိုက်တော့ ပုံလေးတွေက သူတို့က ယောက်ျားလေးလည်း ဖြစ်တယ်၊ လူငယ်လည်း ဖြစ်တယ်ဆိုတော့ တော်တော်တော့ Sexy ကျနေတာပေါ့နော်။ ဒါပေမယ့် ကျမက ကျမရဲ့ ဂုဏ်သိက္ခာအရရော၊ ကျမဂျာနယ်ရဲ့ ဂုဏ်သိက္ခာအရရော အင်မတန်မှ အယဉ်ကျေးဆုံးပုံ၊ မျက်စိ မရိုင်းဆုံးသော ပုံကိုရွေးပြီး ဖော်ပြခဲ့ပါတယ်။ အဲဒီ ကဏ္ဍမှာ ဖော်ပြခဲ့တဲ့ ပုံကိုလည်း ကျမ အွန်လိုင်းမှာ တင်ထား ပါတယ်။ ဒီကဏ္ဍလေး ကျတော့လည်း ခေါင်းစဉ်ကိုက Sexy ပို့စ် ဖြစ်တဲ့အတွက်ကြောင့် နည်းနည်းတော့ Sexy ကျတဲ့ ပုံလေးတွေကို ကျမ ရွေးချယ်ဖြစ်ပါတယ်” လို့ ဒေါ်ဂျူလိုင်မိုးက ပြောပါတယ်။
ဒါ့အပြင် ရိုတရဲ့ facebook ပေါ်မှာတင်ထားတဲ့ ဓာတ်ပုံနဲ့ ပတ်သက်လို့ ဒေါ်ဂျူလိုင်မိုးက “အဲဒါတွေက သူအကုန်ရိုက်ခဲ့တဲ့ ပုံတွေပါ။ ဒီပုံတွေ အကုန်လုံးက ကျမတို့ ပိုင်တယ်ဆိုပေမယ့်၊ ကျမသူ့ကို အကုန် ပေးလိုက်တယ်လေ။ မင်းဘာသာမင်း သုံးချင်သလို သုံးလို့၊ ကျမက အရမ်းရိုင်းတဲ့ ပုံတွေတော့ သုံးလို့မှမရတော့တာ။ အဲဒါကြောင့် မင်း ယူသွားတော့လို့၊  သုံးချင်တဲ့နေရာ သုံးလို့ ပြောလိုက် တော့ သူလည်း facebook တင်ထားတယ်နဲ့ တူပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အိုအေစစ်ဂျာနယ်ရဲ့ Sexy ပို့စ် ကဏ္ဍဟာ ပရိသတ် စိတ်ဝင်စားအောင် နာမည် ပေးထားတာဖြစ်ပေမယ့် ဒါဟာ ပညာပေး ကဏ္ဍတခု ဖြစ်ပြီး  ဒီကဏ္ဍမှာ ပါဝင်လာတဲ့ အနုပညာရှင်တွေက ၀တ်စားဆင်ယင်မှု ပိုင်းမှာ အရမ်း မလျှပ်ပေါ် မလော်လီကြဖို့နဲ့  သူ့နေရာနဲ့သူ ၀တ်စားသင့်တယ်ဆိုတဲ့ အနုပညာရှင်တွေရဲ့ တိုက်တွန်း ပြောစကားတွေနဲ့ အတူ တင်ဆက်ထားတဲ့ ကဏ္ဍတခု ဖြစ်တယ်လို့လည်း ဒေါ်ဂျူလိုင်မိုးက ဆိုပါတယ်။
အိုအေစစ် ဂျာနယ်ဟာ အပတ်စဉ် တနလာင်္နေ့တိုင်း ထုတ်ဝေပြီး သရုပ်ဆောင်အဆိုတော် ရိုတ ရဲ့ Sexy ပို့စ် ကဏ္ဍဟာ အမှတ်စဉ် ၆၉ ဇွန်လ ၁၀ ရက်နေ့ထုတ် စာမျက်နှာ ၂၄ မှာ ပါရှိခဲ့တာပါ။
အခုလို သရုပ်ဆောင်၊ အဆိုတော် ရိုတရဲ့ facebook က ဓာတ်ပုံတွေကို ပရိသတ် ဝေဖန်မှုနဲ့ ပတ်သက်လို့ ဒေါ်ဂျူလိုင်မိုးက “ကျမကတော့ သူရိုက်သမျှ ပုံတွေအားလုံး ဆိုရင်တော့ ပရိသတ်က အရမ်း ဝေဖန်ကြမယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် ကျမဆီမှာ တင်ထားတဲ့ ပုံလည်း ကြည့်လိုက်ပါ။ သူ အဲဒီနေ့မှာ ရိုက်တဲ့ ပုံတွေ အားလုံးထဲမှာမှ အယဉ်ဆုံး ပုံကို ကျမ ရွေးထား တာပါ။ သူကတောင် ပြောပါသေးတယ်။ အစ်မ ဒီထက် Sexy ကျတဲ့ ပုံတွေ ရှိတယ်လေဆိုတော့ ဒီပုံလေးက ချစ်စရာ ကောင်းလို့ပါ ဆိုပြီး ကျမ ချော့ပြီး ပြောလိုက်တယ်။ ဒါပေမယ့် ကျမ ရိုတကို လေးစားတာ၊ ကျေးဇူးတင်တာ တခုက သူဖြေထားတဲ့ စကားလုံး တွေက အရမ်း ကောင်းတယ်။ ကိုယ့်ရဲ့ အမျိုးဂုဏ်ကို ထိန်းသိမ်းရမယ်၊ မိန်းကလေးတွေက အရမ်းကြီး Sexy မကျပါနဲ့ဆိုတာမျိုး ပြောသွားတယ်။ ဒါပေမယ့် ပုံနဲ့တော့ ကျမတို့ ဆွဲဆောင်မှု ယူလိုက်ရတာပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ သူ့ကိုယ်သူလည်း သိတယ်၊ သူသည် နံပါတ်တစ် စူပါမင်းသား မဟုတ်ဘူး။ အဲဒါကြောင့် ဘာပဲပြောပြော ပရိသတ်ကို ဆွဲဆောင်ဖို့ဆိုတာ တခုခု လုပ်ပြမှ ရမှာပေါ့နော်။  အဲဒါကြောင့် သူလုပ်လိုက်တယ် လို့ပဲ ကျမက တွက်ပါတယ်။ သူ့မှာရှိတဲ့ အနုပညာလေး၊ စွမ်းအားလေးကို ပြတယ်လို့ပဲ ယူဆပါတယ်” လို့ ပြောပါတယ်။
ဓာတ်ပုံကြောင့် အဝေဖန်ခံနေရတဲ့ ရိုတရဲ့ facebook က ပုံနဲ့အတူ သူ့  facebook link၊ အိုအေစစ်ဂျာနယ်က ရိုတရဲ့ Sexy ပို့စ် စာမျက်နှာတို့ကို ဧရာဝတီပရိသတ် ယှဉ်ကြည့်နိုင်ဖို့ တပါတည်း ဖော်ပြပေးလိုက်ပါတယ်။
http://burma.irrawaddy.org/archives/44101

သီပေါမြို့နယ်တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးကို တရုတ်အမျိုးသား ဇနီးအဖြစ် ရောင်းစားခဲ့သော လူကုန်ကူးဂိုဏ်း တစ်ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီး ရမိ

AddThis Social Bookmark Button
သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု၊ ရပ်ကွက်တစ်ခုမှ အသက် ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦးအား အမျိုးသမီးခြောက်ဦး ပါဝင်သည့် လူကုန်ကူးဂိုဏ်း တစ်ဂိုဏ်းမှ တရုတ်နိုင်ငံတွင် အလုပ်လုပ်ပါက လစာကောင်းကောင်း ရမည်ဟု လိမ်လည်စည်းရုံး ပြောဆိုကာ မိဘအုပ်ထိန်းသူများ၏ သဘောတူ ခွင့်ပြုချက်မရှိဘဲ တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်အမျိုးသားထံ ရောင်းစားခဲ့သော အမှုတစ်မှု ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇူလိုင် ၃ ရက်တွင် နမ့်လန်ကျေးရွာအုပ်စုမှ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးနေသည်ကို နမ့်လန်ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ပြီး နမ့်လန်ရဲစခန်းမှူးမှ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စု (လာရှိုး) သို့ ဆက်သွယ်အကြောင်းကြား ခဲ့သဖြင့် စုံစမ်းဖော်ထုတ်ရာ တရုတ်နိုင်ငံတွင် အိမ်ထောင်ပြုလိုသူ အမျိုးသမီးများရှိက ဆက်သွယ်ပို့ဆောင်ပေးပါက ငွေများများရနိုင်ကြောင်း နိုင်းမြင့် (ခ)ဒေါ်ဆွေမြင့်မှ မစန်းစန်းအေး အားပြောသဖြင့် မစန်းစန်းအေးမှ တစ်ရွာတည်းနေ မတင်နွယ်စိုး (ခ)မစိုးနှင့် မအေးမီး (ခ)မတင် တင်အေးတို့အားပြောခဲ့ရာ ၎င်းတို့နှစ်ဦးမှ အခန်းချင်းကပ်လျက်ရှိ အမျိုးသမီးငယ် တစ်ဦးအား လိမ်လည်ပြောဆို စည်းရုံးကာ မစန်းစန်းအေးထံ အပ်နှံခဲ့ကြောင်း သိရသည်။
အမျိုးသမီးငယ်အား တရုတ်အမျိုးသား တစ်ဦးထံ မယားအဖြစ် ရောင်းစားခဲ့ရာ လူကုန်ကူးဂိုဏ်းအဖွဲ့မှ တရုတ်ငွေယွမ် ၁၉၀၀၀ ရရှိပြီး မြန်မာငွေနှင့် လဲလှယ်ရာ ကျပ် ၂၇ သိန်း ရရှိခဲ့ကြောင်း သိရသည်။
အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား လိမ်လည်စည်းရုံးပြောဆိုကာ တရုတ်နိုင်ငံ လူပွဲစားများမှတစ်ဆင့် တရုတ်အမျိုးသား တစ်ဦးနှင့် အဓမ္မ လက်ထပ်ထိမ်းမြားစေခြင်းဖြင့် အကျိုးအမြတ် ရယူပူးပေါင်း ဆောင်ရွက်ခဲ့သည့် ဂိုဏ်းဖွဲ့ကျုးလွန်သူ မစန်းစန်းအေး၊ မ၀ါနု၊ မအေးမီး(ခ)မတင်တင်အေး၊ မနှင်းရီ(ခ)မညီမ၊ မတင်နွယ်စိုး (ခ)မစိုးနှင့် နိုင်းမြင့်(ခ)ဒေါ်ဆွေမြင့်တို့ ခြောက်ဦးအား နမ့်လန်နယ်မြေ ရဲစခန်း(ပ) ၁၂/၂၀၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၈(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
တရုတ်အမျိုးသား၏ ဇနီးအဖြစ် ရောင်းစားခံခဲ့ရသူ အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ်အား ပြန်လည်ကယ်တင်နိုင်ရေးနှင့် တရုတ်နိုင်ငံမှ လူပွဲစားများအား ဖော်ထုတ်ဖမ်းဆီး ရရှိရေးကို လူကုန်ကူး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စု (လားရှိုး)နှင့် တပ်ဖွဲ့စု (မူဆယ်)တို့မှ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Samsung Galaxy SIII ပေါက်ကွဲပြီး (၁၈) နှစ်အရွယ် မိန်းကလေး ဒဏ်ရာရ




ဆဲလ်ဖုန်း ပေါက်ကွဲတယ် ဆိုတာ ရယ်စရာ တစ်ခု မဟုတ် ပါဘူး။ အခုလည်း Samsung Galaxy SIII ဟာ Fanny Schlatter အမည်ရှိ အသက် (၁၈) နှစ် အရွယ် မိန်းကလေးရဲ့ ဘောင်းဘီ ထဲမှာ ပေါက်ကွဲ ခဲ့ပါတယ်။ ပေါင် မှာတောင် ထိခိုက်မှု တော်တော် များတဲ့ အတွက် ဟမ်းဆက်မှာ ဆိုရင်တော့ ပြောစရာတောင် မလိုတော့ ပါဘူး။ အခု ဆိုရင် ဖုန်းတွေဟာ ဘယ်နေရာ မှာမဆို ပေါက်ကွဲ နိုင်တယ် ဆိုတာ သတိ ထားမိ ကြမှာပါ။
အတိ အကျတော့ မသိရ သေးပေမယ့် မိန်းကလေးဟာ တခြား ထိခိုက် မှုတွေ ထပ်မဖြစ် ဖို့အတွက် အရေပြား အပေါ် လွှာကို ဖြတ်ထုတ် ခဲ့ရ ပါတယ်။ ဒီပေါက်ကွဲ မှုဟာ မိန်းကလေး အလုပ် ခွင်မှာ အလုပ် လုပ်နေတုန်း ဖြစ်ခဲ့တာ ဖြစ်ပြီး ဆွစ်ဇာလန် မှာရှိတဲ့ Samsung ကတော့ ဘာကြောင့် ဖြစ်ရတယ် ဆိုတာကို သိရဖို့ ကိုရီးယားကို ဖုန်း ပြန်ပို့ပြီး စစ်ဆေး မယ်လို့ ပြောခဲ့ ပါတယ်။
Ref & Credit: credowave.com

မန္တလေးတွင် မိန်းမလျာများကို ဆက်တိုက် ဖမ်းဆီး




ဧရာဝတီ၊ မေစစ်ပိုင်| July 10, 2013

မန္တလေး မြို့ ကျုံးပတ်လည်မှာ ညဘက်သွားလာနေတဲ့ မိန်းမလျာတွေကို ထိန်းသိမ်းဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲမှူး စိုးငြိမ်းက ဧရာဝတီကို ပြောပါတယ်။

ဇူလိုင်လ ၇ ရက် ည ၈ နာရီခွဲလောက်က စတင်ထိန်းသိမ်းမှုတွေ လုပ်ခဲ့တာဖြစ်ပြီး ထိန်းသိမ်းခဲ့တဲ့ မိန်းမလျာ ၉ ဦးကိုတော့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပေးမယ့် ည ၁၁ နာရီလောက်မှာ တွေ့ရှိတဲ့ မိန်းမလျာ ၂ ဦးနဲ့ ဇူလိုင်လ ၉ ရက်နေ့ ညက တွေ့တဲ့ မိန်းမလျာ ၃ ဦးကိုတော့ အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အတွက် ရဲအက်ဥပဒေပုဒ်မ ၃၅/ဂ နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။

“အခြောက်တွေက ကျုံးဘေးမှာ နေချင်သလိုနေ၊ ပြောချင်တာတွေ ပြောနေတော့ သွားလာနေတဲ့သူတွေ အနှောင့်အယှက် ဖြစ်တာကြောင့် ထိန်းသိမ်းတာပါ။ လိုအပ်တဲ့အချိန်အထိ လုပ်နေဦးမှာပဲ။ တိုင်တဲ့သူ မရှိပေမယ့် သတင်းတွေက ထွက်နေတော့ အခုလို ထိန်းသိမ်းဖမ်းဆီးတာ လုပ်တာ” လို့ ရဲမှူး စိုးငြိမ်းက ပြောပါတယ်။

မိန်းမလျာတွေကို ထိန်းသိမ်းဖမ်းဆီးတဲ့ရဲတွေက နှိပ်စက်မှုတွေ လုံးဝမလုပ်သလို အပေါ်အင်္ကျီ ချွတ်ခိုင်းတာကတော့ ရဲစခန်းမှာ စစ်ဆေးရတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“ကွန်ဒုံးကြောင့် ဖမ်းတာတော့ မဟုတ်ပေမယ့် လိင်တူချစ်သူတွေဆိုတော့ ဥပဒေနဲ့မညီ၊ တိုင်တဲ့သူရှိရင်တော့ အရေးယူမှာပေါ့။ သူတို့တွေကို ဖမ်းဖို့ ကြိုပြောစရာ မလိုဘူး။ အများပြည်သူ အနှောင့်အယှက် ဖြစ်ရင်တော့ ဖမ်းမှာပဲလေ” လို့ ရဲမှူး စိုးငြိမ်းက ပြောပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ ည ၈နာရီခွဲလောက်ကစပြီး သာမန်အရပ်ဝတ်နဲ့ ရဲတွေက ကားတွေ၊ ဆိုင်ကယ်တွေ သုံးပြီး မန္တလေး ကျုံးပတ်လည်မှာ သွားလာနေတဲ့၊ ထိုင်နေတဲ့ မိန်းမလျာတွေကို ဖမ်းဆီးကာ အမှတ် (၃) ရဲစခန်းကို ခေါ်သွားတာလို့ အဖမ်းခံခဲ့ရတဲ့ အထဲမှာ ပါသွားခဲ့ပြီး ပြန်လွတ်လာတဲ့ မြတ်နိုးက ပြောပြပါတယ်။ သူက မိုးကြိုးငှက်ငယ်လေးများ အဖွဲ့မှာ ကပြနေသူ တဦးဖြစ်ပြီး မန္တလေးမှာ ရောက်နေတုန်း အလည်အပတ် ထွက်ရာကနေ အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။

“ကျမတို့ကို ခေါင်းပေါ်လက်တင်ပြီး ဖားခုန် ခုန်ခိုင်းတယ်။ အပေါ်အင်္ကျီတွေ ချွတ်ခိုင်းတယ်။ ထိုင်ထ အကြိမ်ကြိမ် လုပ်ခိုင်းတယ်။ နောက်ကျောကနေလည်း ရိုက်တယ်။ အာမခံပေးမယ့်သူ မရှိပေမယ့် ည ၂ နာရီလောက်ကျတော့ ရဲစခန်းမှာ နောက်တခါ ကျုံးဘေး လမ်းမလျှောက်တော့ပါဘူး ဆိုတဲ့ ခံဝန် ထိုးခိုင်းပြီးတော့ ပြန်လွှတ်တယ်။ မပြန်ခင်မှာ ရဲတွေက သူတို့ ဘာမှ မလုပ်ဖူးနော်လို့လည်း မှာလိုက်သေးတယ်” လို့ မြတ်နိုးက အဖမ်းခံရစဉ်က အခြေအနေကို ပြောပြပါတယ်။

ဖမ်းဆီးခံရတဲ့ အချိန်က ည ၈ နာရီကျော် ဖြစ်တာကြောင့် ဒီအချိန်ဟာ လူတွေ အပြင်ထွက်နေဆဲ အချိန်ပဲ ရှိသေးပေမယ့် တွေ့သမျှ မိန်းမလျာတိုင်းကို ကားပေါ်ဆွဲတင်ပြီး ဖမ်းခံခဲ့ရတာကိုတော့ ခံပြင်းမိတယ်လို့ သူက ဆိုပါတယ်။

နောက်ထပ် အဖမ်းခံရသူ တဦးဖြစ်တဲ့ ရီလေးပိုကတော့ “ကျူံးဘေးမှာ ရည်းစားနဲ့ ချိန်းတွေ့နေတုန်း အဖမ်းခံရတယ်။ ရည်းစားကိုတော့ မဖမ်းဘူး။ ကွန်ဒုံး ဆောင်ထားလို့ ဖမ်းတယ်လို့ ပြောတာပဲ။ ရဲစခန်းရောက်တော့ ဓာတ်ပုံတွေ ရိုက်ယူထားတယ်။ နဖူးနဲ့ ခေါင်းကို ရိုက်တယ်၊ ရင်ဘတ်ကို ကန်တယ်။ အင်္ကျီတွေ၊ ဘော်လီတွေကို ချွတ်ခိုင်းတယ်၊ အပေါ်ပိုင်းကို မဖွယ်မရာ ကိုင်တယ်၊ ပြောတယ်” လို့ ဆိုပါတယ်။

ရီလေးပိုက ရွှေကျင်မြို့ကဖြစ်ပြီး မန္တလေးမှာ ခေတ္တရောက်တုန်း အခုလို အဖမ်းခံရတာလို့ သိရပါတယ်။

အဖမ်းမခံရဘဲ လွတ်လာတဲ့ မိုးကြိုးငှက်ငယ်လေးများ အဖွဲ့ဝင် ချန်းချန်းကတော့ ကွန်ဒုံးဆောင်လို့ ဖမ်းတယ်ဆိုပြီး ရဲစခန်းက ပြောတာကြောင့် ကျန်းမာရေးအဖွဲ့တွေ၊ ပညာပေးလုပ်နေတဲ့ အဖွဲ့တွေက ကွန်ဒုံးဆောင်ခိုင်း၊ ရဲတွေက ကွန်ဒုံးကြောင့် ဖမ်းတယ်လို့ ဆိုတာကြောင့် တွေးစရာဖြစ်နေသလို နောက်ဆို ကွန်ဒုံးလည်း မဆောင်ချင်တော့ဘူးလို့ ဆိုပါတယ်။

“ကျမ မန္တလေး တိုင်းဒေသကြီး အစိုးရရုံးကို ဖုန်းဆက်မှာ။ ဘာကြောင့် မိန်းမလျာတိုင်းကို ဖမ်းနေတာလဲ မေးမယ်။ အခု ညဘက်ရောက်တာနဲ့ အခြောက်တွေက အပြင်မထွက်ရဲကြဘူး” လို့ ချန်းချန်းက ပြောပါတယ်။

စီမံချက်စတဲ့ ဇူလိုင် ၇ ရက် နောက်ပိုင်းကစပြီး မန္တလေး ကျုံးပတ်လည်မှာ ရဲကားတွေ၊ ဆိုင်ကယ်တွေနဲ့ လုံခြုံရေးလှည့်ပြီး မိန်းမလျာတွေကို ဖမ်းနေပေမယ့် မြို့ရဲ့ တခြားဘယ်နေရာမှာမှ မဖမ်းဘူးလို့ သိရပါတယ်။ အရင်တုန်းက အခုလို ဖမ်းဆီးတာမျိုး လုံးဝမရှိခဲ့ပေမယ့် ဖမ်းခဲ့ရင်လည်း ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တော့ ရှိသင့်တယ်လို့ အဖမ်းခံရတဲ့ မိန်းမလျာတွေက ပြောကြပါတယ်။

ဇူလိုင်လ အစောပိုင်းလောက်က မန္တလေးကျုံးဘေးနားမှာ လမ်းလျှောက်နေတဲ့ ဌာနဆိုင်ရာ လူကြီးတဦးနဲ့ မိန်းမလျာတဦး စကားများ ရန်ဖြစ်ခဲ့ပြီးနောက်ပိုင်း အခုလို စီမံချက်နဲ့ ဖမ်းနေတာ ဖြစ်နိုင်တယ်လို့ ချန်းချန်းက ဆိုပါတယ်။

“အခုတော့ ဘယ်အခြောက်မှ အပြင် မထွက်ကြဘူး။ အားလုံးက အချင်းချင်း ဖုန်းနဲ့ သတိပေးထားကြရတယ်” လို့ သူက ပြောပါတယ်။

“ကျုံးထောင့်ကို မသွားတော့ပါဘူး၊ မိန်းမလို မ၀တ်တော့ပါဘူး ဆိုပြီး ၀န်ခံကတိလက်မှတ် ထိုးခိုင်းပြီး ကိုယ်ရေး အချက်အလက်တွေ မေးတယ်။ တခြားဘယ်နေရာတွေမှာ သွားကျက်စားလဲ ဆိုတာလည်း မေးတယ်။ ဘယ်တုန်းကတည်းက အခြောက်လုပ်တာလဲဆိုပြီး မေးတာလည်း ရှိတယ်တဲ့။ တချို့ကိုဆိုလည်း နှိုက်နှိုက်ချွတ်ချွတ် မေးတာတွေ ရှိတယ်တဲ့။ ပြီးတော့ ပြန်လွှတ်လိုက်တယ် ပြောတယ်” မန္တလေးမှ လိင်တူချစ်သူ အဖွဲ့ဝင်တဦးက ဧရာဝတီကို ပြောပါတယ်။

မန္တလေး ဒေသခံ တချို့ ပြောတာကတော့ ကျုံးပတ်လည်မှာ ညအချိန် သွားလာနေတဲ့သူတွေကို တချို့ မိန်းမလျာတွေက ဓားထောက်လုတာ၊ မဖွယ်မရာ ပြောတာတွေလည်း ရှိနေတာကြောင့် ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ပြောပြပါတယ်။

လူ့အခွင့်အရေး ပညာပေး လုပ်ဆောင်နေတဲ့ Equality Myanmar အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက “လိင်တူချစ်သူတွေကို ဖမ်းတဲ့အခါတိုင်းမှာ ရဲတွေက ဒီလို မဖွယ်မရာတွေ ကျူးလွန်တယ်ဆိုတာ တွေ့နေရတယ်။ ဒါဟာ တကယ်တမ်းကျတော့ ဒီလူတွေကို လုပ်ချင်တိုင်း လုပ်လို့ရတယ်၊ အနိုင်ကျင့်လို့ ရတယ်ဆိုတဲ့ စိတ်အခြေခံကြောင့် ဖြစ်နေတာ။ ဒီလုပ်ရပ်တွေဟာ လူသားမဆန်တဲ့ လုပ်ရပ်တွေလို့ပဲ ပြောချင်ပါတယ်။ ဒီလို လူသားမဆန်တဲ့ လုပ်ရပ်တွေကို ပြည်သူကို စောင့်ရှောက်ရမယ့် ရဲတွေက ကျူးလွန်နေတာကို တွေ့ရတဲ့အတွက် ဒါဟာ တိုင်းပြည် နာပါတယ်” လို့ ပြောပါတယ်။

ဒီလို မိန်းမလျာတွေကို ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး မန္တလေးမှာ လာမယ့် ဇူလိုင် ၁၄ ရက်နေ့ကျရင် ဖမ်းဆီး အနိုင်ကျင့်ခံရသူတွေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့လည်း သိရပါတယ်။

လိင်တူချစ်သူများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ မှောင်ရိပ်ခိုမှုနဲ့ ပုဒ်မ ၃၇၇ ဥပဒေ နှစ်မျိုးကို ကျင့်သုံးကာ ဖမ်းဆီးလေ့ရှိကြောင်း သိရပါတယ်။ မိန်းမလျာ တဦးဦးကို ညဘက်မှာ တွေ့ပါက မှောင်ရိပ်ခိုမှုနဲ့ အရင်ဆုံး ဖမ်းဆီးပြီး မှောင်ရိပ်ခိုမှု မမြောက်ရင် လိင်တူအချင်းချင်း ဆက်ဆံတာကို လက်တွေ့ဖမ်းမိပါက အရေးယူတဲ့ ပုဒ်မ ၃၇၇ နဲ့ စွဲကာ ငွေညှစ်တာ၊ အနိုင်ကျင့်တာတွေ လုပ်ဆောင်ခြင်း ခံရလေ့ရှိတယ်လို့ မိန်းမလျာများက ပြောပါတယ်။

စကာင်္ပူနိုင်ငံမှ အသက်အငယ်ဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်း အလှူရှင်

သူမလေးဟာ အသက်အရွယ်အားဖြစ် (၁) နှစ်ခွဲ အရွယ်လေး ၊ လမ်းတောင် ကောင်းမွန်စွာ မလျှောက်နိုင်သေးသည့် အရွယ်လေးပါ။ သို့သော် သူမ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုတော့ လိုအပ်နေသည့် သူထံသို့ လှူဒါန်းကာ အသက်ရှင်သန်ခွင့် ပေးခဲ့သည့် အလှူရှင်လေးပေါ့။
Hanano Oyama ဆိုသည့် တစ်နှစ်ခွဲအရွယ် စကာင်္ပူနိုင်ငံဖွား၊ ဂျပန်မလေးဟာ လွန်ခဲ့သည့် နှစ်ပတ်ခန့်က သူမနေထိုင်ရာ Robertson Quay ကွန်ဒိုမီနီယံထဲက ရေကူးကန်ထဲမှာ မတော်တဆ ရေနစ်သေဆုံးခဲ့ရပါတယ်။
 ရုတ်တရက် ရေနစ်သေဆုံးပြီးနောက်မှာ ဆက်လက် အလုပ်လုပ်နေဆဲဖြစ်သည့် သူမ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများထဲမှ ကျောက်ကပ်တစ်စုံနှင့် နှလုံးအဆို့ (heart valve) ကို လှူဒါန်းခဲ့ပါသည်။
သူမ သေဆုံးပြီဟု အတည်ပြုပြီးသည့် နောက်မှာ သူမ၏ မိဘများက ကလေးငယ်၏ ကျောက်ကပ်တစ်စုံနှင့် နှလုံးအစိတ်အပိုင်းကို အခြားလိုအပ်နေသည့် ကလေးငယ်ထံ လှူဒါန်းဖို့ ခွင့်ပြုခဲ့ပါသည်။
“ကျွန်တော်တို့ သမီးလေးဟာ သေဆုံးပြီး လောကကြီးထဲက ထွက်ခွာသွားခဲ့ပေမဲ့ သူမလေးရဲ့ ကိုယ်အင်္ဂါလေးတွေဟာ ဆက်လက်ရှင်သန်နေပါသေးတယ်။ သူဟာ အခြားသူ တစ်ဦးကို ကယ်တင်ပေးနိုင်ခဲ့တယ်။ ယခုလိုမျိုး မွန်မြတ်သည့် အလှူကို လှူဒါန်းရခြင်းဖြစ် ကျွန်တော့်သမီးလေး အတွက် ကျွန်တော် ဂုဏ်ယူခြင်ပါတယ် ” ဟု သူမ၏ ဖခင် ဂျပန်နိုင်ငံသား Norimichi Oyama က ဆိုပါတယ်။
ကံကြမ္မာအကြောင်းကြောင်းကြောင့် လူ့လောကထဲမှ စောစီးစွာ ထွက်ခွာသွားခဲ့ရပေမဲ့ သူမ ခန္ဓာကိုယ် အစိတ်အပိုင်းနှင့် လူ့အသက်ကို ကယ်တင်သွားခဲ့သည့် သမီးငယ်လေး  Hanano Oyama ဘဝအဆက်ဆက် ယခုလို အဖြစ်ဆိုးနှင့် ကွေကွင်းနိုင်ပါစေ။
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Facebook Lock ကျပြီး ဖုန်းနံပါတ်နဲ့ Code တောင်းနည်းအသစ်

                                                          Facebook Lock ကျပြီး ဖုန်းနံပါတ်နဲ့ Code တောင်းနည်းအသစ်

ကဲဒီကောင်ကတော့ တော်တော်လေးကို အဖြစ်များလာပါတယ်


Facebook Lock ကျပြီး ဖုန်းနံပါတ်နဲ့ Code တောင်းပါတယ်
ဖုန်းနံပါတ်ထည့်လဲပြန်မပို့ပါဘူး
အရင်ကဆိုရင် ဒီလိုမတောင်းပါဘူး
အခု Facebook ကနေပြီးတော့ Security ထက်မြင့်လိုက်တာဘဲဖြစ်ပါတယ်
အခုဟာက Facebook ကဖုန်းနံပါတ်တောင်းတယ်
ပြီးရင် massage ပြန်မပို့ပါဘူး
တကယ်လို့ ပြန်မပို့ဘူးဆိုရင် ကိုယ့်အကောင့်တော့
သွားပါပီ သုံးမရတော့ပါဘူး တော်တော်လေးကို စိတ်ညစ်ရပါမယ်
ဒီတိုင်း လွတ်ပစ်ရတော့မယ် နောက်တစ်ခုထက်ဖွင့်ရတော့မယ်
စိတ်ညစ်တာပေါ့ဗျာ ကဲ ကျွန်တော်လဲ မေးတဲ့လူ ပလူပြန်နေပါတယ် ကျွန်တော်လဲစိတ်တော်တော်လေးကိုညစ်ပါတယ်
မဖြေရှင်းနိုင်လို့ပေါ့ဗျာ
ကဲအခုတော့ဖြေရှင်းနိုင်ပါပြီ

ဒီလို Lock ကျတဲ့အကြောင်းအရင်းကတော့
ကွန်ပျူတာတစ်လုံးမှာ Facebook အကောင့် လေးငါးခုသုံးလို့ဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်
ဘာလို့လဲဆိုတော့ ကျွန်တော်တစ်ခါဖြစ်ဖူးပါတယ်
သူများအကောင့်ကို သွားဟက်တယ် ဟက်လို့လဲရရော်
ကျွန်တော်အရင် အကောင့်က Lock ကျသွားပါတယ်
အရင်တုံးကတော့ပြန်ဖြေရှင်းလို့ရတယ်
အခုနောက်ပိုင်း ဒီလိုဖုန်းနံပါတ်နဲ့ massage ကနေ Code တောင်းလာတာဖြစ်ပါတယ်။
အခုခေတ်မှာ တိုးတက်လာတဲ့အတွက် နိုင်ငံခြားမှာဆိုရင်
လူတိုင်း ကွန်ပျူတာတစ်လုံးစီ နဲ့ ကိုပိုင်သုံးကြပါတယ်
အင်တာနက်ဆိုင်တွေသွားမသုံးကျတော့ပါဘူး
ဒါကြောင့် FB ကနေပြီးတော့ Facebook အကောင့်တစ်ခုကို
ကွန်ပျူတာတစ်လုံးအတွက်သာ သတ်မှတ်လိုက်ပါတယ်
အများဆုံးဖွင့်လို့ရရင် သုံးခုပေါ့။



ကဲအခုတော့
ကျွန်တော်လုပ်နိုင်သွားပါပြီ
ကဲနည်းကိုမြန်မာနိုင်ငံ မှာရှိတဲ့ဘော်ဒါတွေအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်

ကဲစလိုက်ကြရအောင်

ကဲ Lock ကျနေတဲ့ Facebook ကို ဖွင့်လိုက်ပါ။
ပီရင် သူတောင်းတဲ့ဟာတွေကိုထည့်လိုက်ပါ
ပြီရင်း ဖုန်နံပါတ်တောင်းပါလိမ့်မယ်


ပုံတွင်ကြည့်ပါ ကျွန်တော်စမ်းထားတာ တော့အဆင်ပြေပါတယ်
42665 ကို F လို့ရိုက်ပြီး message ပို့လိုက်ပါ။
ပို့နည်း
ဥပမာ
ကျွန်တော်တို့ သူငယ်ချင်းတစ်ယောက်ဆီ massage ပို့တယ်ဆိုရင်
အရင် ဦးဆုံးသူဖုန်းနံပါတ်ကိုထဲ့ရပါတယ်
ပြီးမှ ကိုရေးချင်တဲ့အကြောင်းအရာ ကိုရေးပါတယ်။

အခုဟာလဲဒီလိုပါဘဲ
အရင်ဆုံးပို့တဲ့သူရဲ့ ဖုန်းနံပါတ်ကိုထဲ့တဲ့နေရာမှာ 42665
အကြောင်းအရာမှာ F ပေါ့ဗျာ

42665 ဟာ FB ရုံးဖုန်း massage ကိုလက်ခံမဲ့နေရာပါ
ဒါမှ FB ကနေပြီးတော့ Code ပြန်ပို့လာမှာဖြစ်ပါတယ်

12 နာရီအတွင်း message ပြန်ဝင်လာပါလိမ့်မယ်
Message ၀င်ပြီးနောက် အချိန် 6 နာရီအတွင်း မှာဘဲ
Code ပြန်ဝင်လာမှာဖြစ်ပါတယ်
Code ကို ထည့်ပြီးရင် ရပါပြီ
Facebook lock ပွင့်သွားရင် တော့
အရင်တိုင်းဘဲဝင်လို့ရပါပြီး

သတိ
ဖုန်းနံပါတ်တစ်ခုဟာ Facebook အကောင့်တစ်ခုတည်းတာသုံးလို့ရပါတယ်
နှစ်ခုသွားသုံးရင်တော့ Facebook error တက်ပါမယ်

ကဲအဆင်ပြေပါစေနော်

Myanmar IT Helper မှကူယူဖော်ပြသည်။
     Hnget Ngai

ကမ္ဘာ့အကောင်းဆုံး ဟိုတယ် (၁၀)ခု


                
ကျွန်တော်တို့ နိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွားတွေ တိုးတက်များပြားလာပြီး ခရီးသွား လုပ်ငန်းအောင်မြင် ကောင်းမွန်လာသလို ကျွန်တော်တို့ နိုင်ငံကနေလည်း အခြားသော နိုင်ငံတွေကို သွားရောက် လည်ပတ် နေသူတွေ ရှိနိုင်တာကြောင့် ကမ္ဘာပေါ်မှာ အကောင်းဆုံး ဟိုတယ်တွေကို ခရီးသွားတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘော်ဆွာနာ နိုင်ငံ၊ မိုရီမီ ဂိမ်းရီဆာ့ဗ်မှာ ရှိတဲ့ Mombo Camp and Little Mombo Camp

(၂) အီတလီနိုင်ငံ၊ ကတ်ဆို ဒီအယ်ဆာမှာ ရှိတဲ့ Castello di Casole – A Timbers Resort

(၃) တောင်အာဖရိက နိုင်ငံ၊ စင်ဂီတာ ခရူဂါ အမျိုးသား ပန်းခြံမှာ ရှိတဲ့ Singita Kruger National Park

(၄) ကော်စတာ ရီကာ နိုင်ငံ၊ လာဖော်ကျူနာ အရီနယ်မှာ ရှိတဲ့ Nayara Hotel

(၅) ဖရန့် ပိုလီနီးရှားနိုင်ငံ၊ ဘိုရာ ဘိုရာ အရပ်မှာရှိတဲ့ Four Seasons Resort

(၆) ဂျာမနီနိုင်ငံ၊ ဘာလင်မှာ ရှိတဲ့ Ritz-Carlton

(၇) နယူဇီလန် နိုင်ငံ၊ နော့သ် အိုက်စလန်း အရပ်မှာ ရှိတဲ့ The Lodge at Kauri Cliffs

(၈) အိန္ဒိယနိုင်ငံ၊ အူဒိုင်ပါ မှာ ရှိတဲ့ The Oberoi Udaivilas

(၉) တောင်အာဖရိက နိုင်ငံ၊ ခရူဂါ အမျိုးသား ဥယျာဉ်အတွင်းမှာ ရှိတဲ့ Sabi Sabi Private Game Reserve

(၁၀) တောင်အာဖရိက နိုင်ငံ၊ ခရူဂါ ဥယျာဉ်အတွင်းမှာ ရှိတဲ့ Singita Sabi Sabi Sand