This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 2, 2013

လိင်တူစုံတွဲများ ပထမဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Tango ကမ္ဘာ့ချန်ပီယံရှစ် ဗျူနိုအေးရီးစ်မြို့ရှိ လူနာပါ့ခ် အားကစားရုံကြီးတွင် ကျင်းပသော ပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံ (၃၇)ခုမှ စုံတွဲ (၅၀၀)ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ကြ

လိင်တူစုံတွဲများ ပထမဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Tango ကမ္ဘာ့ချန်ပီယံရှစ်

လိင်တူစုံတွဲများ ပထမဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Tango ကမ္ဘာ့ချန်ပီယံရှစ် ဗျူနိုအေးရီးစ်မြို့ရှိ လူနာပါ့ခ် အားကစားရုံကြီးတွင် ကျင်းပသော ပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံ (၃၇)ခုမှ စုံတွဲ (၅၀၀)ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်
အာဂျင်တီးနား နိုင်ငံတွင် ကျင်းပပြုလုပ်သည့် Tangoအက ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲတွင် ထူးထူးခြားခြား အခြေအနေ တစ်ရပ်အဖြစ် လိင်တူစုံတွဲအချို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ဗျူနိုအေးရီးစ်မြို့ရှိ လူနာပါ့ခ် အားကစားရုံကြီးတွင် ကျင်းပသော ပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံ (၃၇)ခုမှ စုံတွဲ (၅၀၀)ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် အများမျှော်လင့်ထားသည့်အတိုင်း အိမ်ရှင် အာဂျင်တီးနားမှ စုံတွဲများပင် အကောင်းဆုံး အကအရည်အသွေးများဖြင့် အောင်ပန်းဆင်နိုင်ခဲ့ကြသည်။ ဂျက်ဆီကာ အာဖန်နိုနီနှင့် မက်စီမီလီယာနို ခရစ္စတီယာနီတို့ စုံတွဲသည် အကောင်းဆုံး အကအလှများဖြင့် ဒိုင်များ၏ အံ့ဩချီးကျူးမှုကို ရယူနိုင်ခဲ့ပြီး Salon Tango ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည်။

ချန်ပီယံရှစ်တွင် Salon Tangoနှင့် Stage Tangoဟု ပြိုင်ပွဲအမျိုးအစား နှစ်ခု ခွဲခြားကျင်းပပြီး Stage Tangoတွင်လည်း အာဂျင်တီးနား စုံတွဲဖြစ်သည့် ဂွီဒိုပလာစီယို့စ်နှင့် ဖလိုရန်စီယာ ကက်စ်တီလာတို့က အောင်ပွဲခံခဲ့သည်။ ယခုဗိုလ်စွဲသူများသည် ပေါင်စတာလင် (၄၅၀၀)စီ ဆုကြေး ချီးမြှင့်ခံရပြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်သို့ သွားရောက်ဖျော်ဖြေခွင့်လည်း ရရှိခဲ့ကြသည်။ (၂)ပတ်ကြာ ကျင်းပသည့် ပြိုင်ပွဲသည် အာဂျင်တီးနား၏ ရိုးရာအမွေအနှစ် တစ်ခုဖြစ်သော Tangoအကကို ထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အကသည် အာဂျင်တီးနားနှင့် ဥရုဂွေးတို့ကြား (၁၉)ရာစု နှောင်းပိုင်းများတွင် စတင် တီထွင်လာခဲ့သည်။

ယခုချန်ပီယံရှစ်၏ ထူးခြားမှုမှာ ဒိုင်လူကြီးများက လိင်တူစုံတွဲများကို ပါဝင်ရန် ပထမဆုံးအကြိမ် ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အမျိုးသားစုံတွဲ (၃)တွဲနှင့် အမျိုးသမီးစုံတွဲ (၁)တွဲတို့ စာရင်းသွင်း ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းတို့အနက် ဗင်နီဇွဲလားမှ အသက်(၁၈)နှစ်အရွယ် ဒန်နီရယ်လ် အာရိုယိုနှင့် အာဂျင်တီးနားမှ အသက်(၃၄)နှစ်အရွယ် ဟွမ်ပက်ဘလို ရာမီရက်ဇ်တို့ အမျိုးသား စုံတွဲကို ပရိသတ်များက အားပေး ချီးကျူးခဲ့ကြသည်။ "Tangoမှာ ခွဲခြားတာဆိုလို့ ပြိုင်ပွဲ အမျိုးအစား (၂)ခုပဲ ရှိတယ်။ လိင်သတ်မှတ်ချက် ခွဲခြားတာမျိုးက မလိုအပ်ပါဘူး"ဟု ရာမီရက်ဇ်က ပြောဆိုသွားခဲ့သည်။

လိင်တူစုံတွဲများကို ကမ္ဘာ့ချန်ပီယံရှစ်တွင် ပါဝင်ခွင့် ပေးလိုက်ခြင်းသည် အာဂျင်တီးနားက လိင်တူစုံတွဲများအပေါ် ပိုမိုပွင့်လင်းသည့် အမြင်ဖြင့် လက်ခံလာခြင်းကို ပြဆိုသည့် သဘောမျိုးလည်း သက်ရောက်လာသည်။ အာဂျင်တီးနားသည် လက်တင်အမေရိက ဒေသတွင် လိင်တူချင်း လက်ထပ်ခွင့်ကို စံပြုအနေဖြင့် စတင်လက်ခံသော နိုင်ငံဖြစ်ပြီး ဗျူနိုအေးရီးစ်သည် လိင်တူစုံတွဲများ အနှစ်သက်ဆုံး ပျော်မွေ့သည့် မြို့တော်တစ်ခု အဖြစ်လည်း နာမည်ရခဲ့သည်။

Planet Myanmar Network

ခုခံအားကျဆင်းမှုရောဂါ ဝေဒနာရှင် အမျိုးသမီးတစ်ဦးသည် စတိုးဆိုင်တိုက်၏ အပေါ်ထပ်မှ ခုန်ချ၍ မိမိ ကိုယ်ကို အဆုံးစီရင်ခဲ

ခုခံအားကျဆင်းမှုရောဂါ ဝေဒနာရှင် အမျိုးသမီးတစ်ဦး စတိုးဆိုင်တိုက်အပေါ်ထပ်မှ ခုန်ချ၍ သေဆုံး

ကလေး၊ သြဂုတ် ၃၁ ရက်နေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်တွင် ယခုလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ခွဲ အချိန်ခန့်က အသက် (၄၃)နှစ် အရွယ် ခုခံအားကျဆင်းမှုရောဂါ ဝေဒနာရှင် အမျိုးသမီးတစ်ဦးသည် စတိုးဆိုင်တိုက်၏ အပေါ်ထပ်မှ ခုန်ချ၍ မိမိ ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း တောင်ဖီလာရပ်ကွက်နေ ဒေသခံ ပြည်သူတစ်ဦးမှ ဆက်သွယ်ပြောကြားသည်။
“ သေဆုံးသူက စတိုးဆိုင်ပိုင်ရှင်နဲ့ အဒေါ်တော်စပ်တယ်လို့ သိရပါတယ်..” ဟု ၎င်း ဒေသခံ ဆက်လက်၍ ပြောသည်။

ခုခံအားကျဆင်းမှုရောဂါ ဝေဒနာရှင် အမျိုးသမီးတစ်ဦး စတိုးဆိုင်တိုက်၏ အပေါ်ထပ်မှ ခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်း နှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ တစ်ဦးမှ “ သေဆုံးသူကတော့ တောင်ဇလပ်ရပ်ကွက် မှနေတဲ့ ဒေါ်စောအီယံ အသက် ၄၃ နှစ် ဆိုသူဖြစ်ပါတယ်..။ ခုခံအားကျဆင်းမှုရောဂါ ခံစားနေရသူတစ်ဦးလို့လည်း သေဆုံး သူရဲ့ အသိုင်အ၀န်းက ဆိုပါတယ်..” ဟု ၎င်းမှ တုန့်ပြန်ပြောကြားသည်။

အဆိုပါ လူသေဆုံးရမှုနှင့် ပတ်သက်၍ ကလေးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၉ / ၂၀၁၃ အရ အမှုရေးဖွင့်၍ မည်သည့်အတွက်ကြောင့် သေဆုံးရသည်ကို သိရှိနိုင်ရန် တာဟန်းရဲစခန်းမှုး ရဲအုပ် မြင့်စိုး မှ ဆက်လက်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး

ညနေ ၄ နာရီခွဲအချိန် နီးလာလေလေ ရင်ခုန်သံပို၍ မြန်လာလေလေ

Sunday, September 01, 2013

၁လုံး ၂လုံး ၃လုံး ပုန်းနိုင်လို့ လွတ်ရိုးလား လောင်းကစားတွေ နှိမ်နင်းတော့မည်

Bookmark and Share [ ]


ဒီကနေ့ အလုပ် လုပ်ရတာကို စိတ်မဖြောင့်၊ မတင်လှ (နာမည်လွှဲထား) တစ်ယောက် ပုံမှန်ရွေ့လျား
နေသော နာရီ စည်းချက်အသံနှင့် အတူ ရင်ခုန်သံ မြန်နေသည်။

ညနေ ၄ နာရီခွဲအချိန် နီးလာလေလေ ရင်ခုန်သံပို၍ မြန်လာလေလေ၊ မဖြစ်တော့ မဖြစ်တော့ အလုပ်
ကို လက်စသတ်ပြီး မိမိ တဲအိမ်လေး ရှိရာသို့ ကတိုက်ကရိုက် ပြန်လာခဲ့ သည်။ ရပ်ကွက်လမ်းမထိပ်
ကုန်စုံဆိုင်ဖွင့်ထားသည့် ဒေါ်မြမြခင်က “ဟဲ့.. မတင်လှ ဘယ်လိုဖြစ်နေတာတုန်း”ဟု မေးလိုက်သည်
ကိုပင် မကြားယောင်ပြုနေမိသည်။

လူနှင့်စိတ်မကပ်တော့ဘူးဟု ပြောချင်လည်း ပြောကြပါစေတော့။

မှန်ပါသည်။ သည်တစ်နေ့တော့ ညက အိပ်မက်ကောင်းကြောင့် မတင်လှတစ်ယောက် လူတစ်ခြားစိတ်
တစ်ခြား ဖြစ်နေသည်။ အလုပ် လုပ်ရတာကို စိတ်မဖြောင့်၊ မတင်လှက ရပ်ကွက်အတွင်းရှိ အိမ်တွေကို
အ၀တ်လိုက်လျှော်ပေးနေရသူ။သွက်သွက်လက်လက်ရှိ၍ အိမ်ရှင်မတော်တော်များများက သဘောကျ
ကြသည်။ သူ့တစ်နေ့ဝင်ငွေကလည်း အိမ်သုံးလေးအိမ်လောက် အ၀တ်လျှော်ပေးလိုက်လျှင်တစ်အိမ်က
နှစ်ရာ၊ တစ်အိမ်က ၃၀၀ စသဖြင့် စုစုပေါင်း တစ်နေ့တစ်ထောင်နီးပါး လောက်ရသည်။ သို့သော် လုပ်
အားခရငွေထဲက တစ်ဝက်လောက်ကိုတော့ ကံစမ်း ကြည့်လေ့ရှိသည်။ လူတစ်ယောက်ရဲ့ ကံကြမ္မာကို
မည်သူမျှမသိ၊ ကံတစ်ချက်ကောင်းလိုက်လျှင် တင်လှတို့ ဘ၀ပြောင်းပြီ။ရွှေတွဲလဲ ငွေတွဲလဲဖြင့် ဟန်ကျ
တော့မည်။ ညကလည်း အိပ်မက်ကောင်းသည်ကိုး။ အိပ်မက်ထဲမှာ အံ့သြစရာ ၄၂ ဆိုသည့် ဂဏန်းကို
ထင်ထင်ရှားရှားကြီး တွေ့နေရသည်။ဒီလိုသေချာတာမျိုးတော့အလွဲ မခံနိုင်။ မနက်အလုပ်မသွားခင်က
တည်းက ငွေ ၇၀၀ ဖိုး အောထည့်လိုက်သည်။ အိမ်နီးချင်း ကုန်စိမ်းရောင်းနေသည့် မအေးကြင်က “ဟဲ့
ကောင်မနံပါတ်ကောင်းလေးရှိရင် လက်တို့စမ်းပါ”တဲ့။ ဒါတော့ ဘယ်ဖြစ်မလဲ။ အိပ်မက်ထဲမှဘယ်သူ့ကိုမှ
မပြောနဲ့ဆိုတဲ့အသံကို ကြားလိုက်ရသမို့ ပါးစပ်ပိတ်ကာ မြုံစိလုပ်နေရသည်။ ကိုယ့်အိပ်မက် ဂဏန်းကို
ပြောဖြစ်လျှင် ကြိမ်းကျေသွားပြီး ပေါက်ဂဏန်းလွဲသွားလျှင် ခက်ချေတော့မည်။ဒီပေါက်ဂဏန်းလေးက
ညနေ ၄နာရီခွဲ ဆိုလျှင်မတင်လှရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးတော့မည်ကော။ စိတ်အပူဖြင့်
အတွေးတွေ ယောက်ယက်ခပ်ရင်း ပြန်လာသည့် မတင်လှ ခြေလှမ်းတွေက ၀င်းကြားထဲချိုးအကွေ့တွင်
ဝေါကနဲ အသံတွေ ကြားလိုက်ရသည်။

နှစ်လုံးထီဂဏန်းစလောင်းဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်ဆီက လွင့်မျောလာသည့်အသံ။ တစ်ရပ်
ကွက်လုံး ပွက်ပွက်ညံသွားစေသည့် ဂဏန်း နံပါတ် ၄၈ တဲ့၊ ၄၈ တဲ့။ မတင်လှတစ်ယောက် ဟင်ကနဲ
ဖြစ်ရင်း တစ်ခဏမျှ ငေးငိုင်ကျသွားသည်။

သူထိုးတဲ့ဂဏန်းက ၄၂၊ ထွက်လာသည့်ဂဏန်းက၄၈၊ဂဏန်းနံပါတ်မှားသွားတာနဲ့ လက်ထဲရလာမယ့်
ငွေထုတ် လွတ်ကျ သွားရတဲ့ အဖြစ်၊ ဘယ်တတ်နိုင်မလဲ၊ မနက်ဖြန်အတွက်မျှော်လင့်ချက်တွေရှိသည်။
စနေ၊ တနင်္ဂနွေနှစ်ရက်မှလွဲ၍ မတင်လှအတွက် မျှော်လင့်ခြင်းမနက်ဖြန်တွေရှိနေပါသည်။

တကယ်တော့ အခြေခံ လူတန်းစားအတွက် ဆင်းရဲမွဲတေခြင်းနှင့်လောင်းကစားက ဖွားဖက်တော်ပမာ
ပူးကပ်နေလျက်ရှိသည် လောင်းကစား မပျောက်သရွေ့ ဆင်းရဲ မွဲတေမှုမှ ရုန်းထွက်နိုင်ဖို့ မလွယ်ကူ
လှပေ။

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အစီအစဉ် အရ လက်ရှိ ဆင်းရဲနွမ်းပါးမှု၂၆ ရာခိုင်နှုန်းမှ
၁၆ရာခိုင်နှုန်းသို့ လျော့ချမည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်ကပြောကြားထားပြီး ဆင်းရဲနွမ်းပါးမှု
တိုက်ဖျက်ရေးအတွက် ချဲထီနှင့်လောင်းကစားလုပ်ငန်းများကို ဒေသခံများနှင့် ပူးပေါင်းနှိမ်နင်းရန်နိုင်
ငံတော်သမ္မတကလမ်းညွှန်ထားကြောင်း သိရှိရသည်။

မန္တလေးမြို့ ဒေသခံတစ်ဦးက “အပြင်မှာလည်း ကြားနေရတယ်။ ဟိုနေ့ကလည်း VOICE Daily Vol
(1).No(120)မှာလည်း ဖတ်လိုက်ရတယ်။ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်
ကြီးဌာန ပြည်ထောင်ဝန်ကြီး ဦးအုန်းမြင့်ကပြောတာတဲ့။ အဲဒီထဲမှာ “ပြည်ထဲရေးဝန်ကြီးကို ပြောတော့
ဝန်ကြီးချုပ်တွေနဲ့ ပြဿနာ တက်လိမ့်မယ်လို့ ပြောတယ်။ တက်ရင် တက်ပါစေ၊ ပြည်ထဲရေးပြောမရ
ရင် ၀န်ကြီးချုပ်တွေပြောပြီး မဖြစ်ဖြစ်အောင်လုပ်နိုင်သမျှလုပ်မယ်”ဆိုပြီးရေးထားတယ်။

လောင်းကစားတွေ နှိမ်နင်းမယ်ဆိုတော့ ကောင်းတယ်။ ဦးအုန်းမြင့်ရဲ့ စိတ်ဓာတ်ကိုလည်း ချီးကျူးပါ
တယ်။ ဒါပေမယ့် စဉ်းစားမိတာက နိုင်ငံတော်သမ္မတက ညွှန်ကြားထားတဲ့ကိစ္စကို ပြည်ထဲရေးဝန်ကြီး
က ၀န်ကြီးချုပ်တွေနဲ့ ပြဿနာတက်လိမ့်မယ်လို့ပြောတာ တစ်မျိုးကြီးဖြစ်နေတယ်။ ပြည်ထောင်စုဝန်
ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကို နိုင်ငံတော်သမ္မတက ခန့်အပ်ထားတာပဲ။
နောက်ပြီး ပြည်ထဲရေးဝန်ကြီးက ၀န်ကြီးချုပ်တွေနဲ့ ပြဿနာတက်လိမ့်မယ်ဆိုတော့ လောင်းကစား
ကိစ္စတွေကို ၀န်ကြီးချုပ်တွေကပဲကိုင်တွယ်ထားသလိုဖြစ်နေတယ်။မဖြစ်ဖြစ် အောင် လုပ်မယ်ဆိုတဲ့
ကိစ္စအကောင်အထည်ဖော်စေချင်တယ်”
လို့ ပြောပြသည်။

၎င်းက ဆက်၍ “ဒီနှစ်လုံး၊ သုံးလုံး၊ လောင်းကစား၊ ဘောလုံးလောင်းကစားတွေကို နှိမ်နင်းမယ်ဆိုရင်
တော်တော်လုပ်ယူရမှာ။ ဘာလို့လဲဆိုတော့ လူတွေထဲမှာအမြစ်တွယ်နေပြီ။ ရုံးဝန်ထမ်းတွေလည်း ပါ
တာပဲ။ဒါက၁၉၆၈မှာမြ၀တီ၊မဲဆောက်က အလုပ်သမားတွေ အလုပ်မရှိလို့ထိုင်းထီနောက်ဆုံး၃လုံးဂ
ဏန်းလောင်းကစားလုပ်ရင်းစတာ။ ၁၉၆၉ မှာ တရားဝင်ချဲထီပေါ်လာပြီ။ ၁၅ ရက်တစ်ကြိမ်၊ ငွေရှိတဲ့
လူတွေ ဒိုင်လုပ်ကြတယ်။ ၁၀၀၀ ဖိုးထိုးရင် အဲဒီခေတ်က ၆သိန်းရတယ်။ အခု ၅သိန်းရတယ်။ ဆိုလို
တာက ချဲထီသက်တမ်း ၄၅ နှစ်ရှိတာကို ပြောတာ။ နှစ်လုံးထီလည်း ဗမာထီနောက်ဆုံးဂဏန်း ၂လုံး
ကနေ တစ်လခုနစ်ရက်၊တစ်ရက်တစ်ကြိမ်ကနေ စခဲ့တာ။ အခု ဗမာထီက တစ်ရက်ထဲဖွင့်တော့ ထိုင်း
ကစတော့ရှယ်ယာဈေးကွက်ဂဏန်းကို တစ်ရက်ထဲမနက်နေ့လည်ညနေကစားကြတယ်။ များသော
အားဖြင့် နေ့လည်၊ ညနေနှစ်ကြိမ်ပေါ့။ သူက တစ်ရာဖိုးပေါက်ရင် ရှစ်ထောင်ရတယ်။

ဆူလွယ် နပ်လွယ်၊ ဘောလုံးဆိုလည်း ဒီအတိုင်းပဲ။ ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်၊ယူရိုပါလိဂ်၊ ပွဲစဉ်
တွေ တစ်နှစ်လုံးပဲ။ အသင်းပေါင်း ၁၀၀နီးပါးရှိတယ်။ နိုင်ငံစုံအသင်းတွေ မပါသေးဘူး။ မောင်း၊
ဘော်ဒီ၊ လယ်ဘယ်၊ ပတ်မောင်း၊ ပတ်ခွေ၊ စုံနေတာပဲ။ ဘောလုံးမှာတော့ မောင်းထိုးကြတာများ
တယ်။သုံးမောင်းကနေ ရှစ်မောင်းထိ၊ တစ်ပွဲအောင်တိုင်း ဆတိုးရတယ်။ ရှစ်ပွဲအောင်ရင် ၁ကနေရှစ်
ထိဆတိုး၊၅၀၀မောင်းဆိုရင် ခုနှစ်သောင်းကျော်ရတယ်။ အကောက်(ဒိုင်)က ၁၅ရာ ခိုင်နှုန်းစားတယ်”
ဟု ပြောသည်။

လောင်းကစားလက်ခွဲဒိုင်တစ်ဦးက “ဖြစ်လည်းဖြစ်နိုင်တယ်။ မဖြစ်လည်း မဖြစ်နိုင်ဘူး။မဖြစ်နိုင်ဘူး
ဆိုတာကကျွန်တော်တို့ကအားလုံးချိတ်ပြီးသား၊ကွန်တက်ရှိတယ်။အရေးအကြောင်းရှိရင် ဖုန်းကြို
ဆက်တယ်။ email နဲ့ပို့တယ်။ Viber နဲ့ ပို့ တယ်။ခေတ်က တိုးတက်နေတော့ အရေးပေါ်အထူးစီမံ
ချက်ရှိတဲ့ တစ်ပတ်ဆယ်ရက်ပဲနားတယ်။ အခုလည်း ပုံမှန်ပဲ။ နေ့မှာ နှစ်လုံး၊ ညမှာ ဘောလုံးပဲ။ ပုံ
မှန်လိုင်းကြေးပေးနေသရွေ့ ဘယ်မှမဖြစ်ဘူး။ လိုင်းကြေးမရှိရင်တော့ ဖမ်းတယ်”ဟု ပြောပြသည်။

ရပ်ကွက်နေပြည်သူတစ်ဦးက “ကျွန်မဟိုတစ်လောကဆင်းရဲနွမ်းပါးမှုလျော့ချရေးဆိုပြီး သမက ငွေ
ငါးသောင်းချေးပေးတယ်။ အစုငွေ ၅၀၀၀ထည့်ခဲ့ရပြီး စာအုပ်ဖိုး၊ဘာဖိုး၊ ညာဖိုးနှုတ်တော့ လေး
သောင်းလေးထောင်ကျော်ကျန်တယ်။ အဲဒီငွေနဲ့ လမ်းဘေးမှာ မုန့်ပျားသလက်ပဲ ထိုးရောင်းလို့ရ
မယ်။ ဒါတောင် စည်ပင်ကို တစ်ရက် ၂၀၀ ကျပ်ပေးရဦးမှာ။ ဒါနဲ့ နှစ်လုံးကစားတာ။ နှစ်ပတ်နဲ့ကုန်
သွားတယ်။ချဲကလည်း တစ်လုံးလွဲသွားတာ။ မလွဲရင် နှစ်ထောင်ဖိုး ဆယ်သိန်းလောက်ရမယ်”လို့
ပြောပြသည်။

လောင်းကစားသမားကိစ္စများနှင့် ပတ်သက်၍ နှစ်လုံးထီ၊ ချဲထီ၊ ဘောလုံး၊ ဖဲဝိုင်းများအား အမှန်
တကယ်နှိမ်နင်းသင့်ကြောင်း၊ လောင်းကစားဒိုင်များနှင့် ပတ်သက်သူများ ဌာနဆိုင်ရာ အာဏာပိုင်
များကိုလည်း စိစစ်အရေးယူသင့်ကြောင်း အများပြည်သူများကိုလည်း အသိပညာပေးသင့်ကြောင်း
ဝန်ကြီးချုပ်တွေနဲ့ ပြဿနာတက်မှာကြောက်နေရင် ၂၀၁၅ ခုနှစ်မှာ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကိစ္စ
၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ကျမသွားသည့်အပြင် ရာခိုင်နှုန်းများစွာ တက်လာနိုင်
ကြောင်း ပြည်သူများက ဝေဖန်သုံးသပ်လျက်ရှိသည်။

ချစ်ငယ်

The Light of Mandalay

Day Club များသည် ကျောင်းချိန်ဖြစ်သော နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ဖွင့်သောကြောင့် ကျောင်းသားများအတွက် ရည်ရွယ်ထားသကဲ့သို့ ဖြစ်နေ

နေ့မင်းသားတို့ ပျော်စံရာ


အချိန်က နေ့လယ်ခင်း ဖြစ်နေသော်လည်း အခန်းအတွင်း အမှောင်ဓာတ်က နေရာ တော်တော် များများကို ကြီးစိုးထားသည်။ မှောင်မှိုင်းမှိုင်း အခန်း အတွင်းတွင် စူးရှ တောက်ပသော Disco Light များက တလက်လက် တောက်ပနေသည်။

ခန်းမ၏ အလယ်တွင် စက်ဝိုင်းပုံ စားပွဲငယ် တစ်ခု အခန့်သား ရှိသည်။ စားပွဲငယ်၏ ဘေးပတ်ပတ် လည်တွင် လူငယ် ငါးဦးက တက်ကြွသော ဟန်ပန်မျိုးဖြင့် တစ်စုံတစ်ရာကို စောင့်မျှော်နေသလိုပင်။ အခန်းတွင်းရှိ လူအားလုံး နီးပါးကလည်း ထိုစားပွဲငယ်ဘေးရှိ လူငယ်များကိုသာ လှုပ်လှုပ်ရွရွဖြင့် စိတ်ဝင်တစား ကြည့်နေကြသည်။

‘Ready နော်။ 1, 2, 3…စပြီ’။ စင်မြင့်ပေါ်ရှိ DJ က အော်ဟစ် သတိပေးသံ အဆုံးတွင် လူငယ် ငါးဦး တို့သည် စားပွဲငယ်ပေါ်ရှိ Johnny Walker အရက် သုံးပက်စီ ထည့်ထားသော တစ်ခါသုံး ပလတ်စတစ် ခွက်ငယ်ထဲမှ အရက်များကို ပိုက်ဖြင့် အလျင်အမြန် စုပ်ယူနေကြသည်။ ယင်းလူငယ် ငါးဦးထဲမှ အမြန်ဆုံး ကုန်အောင် သောက်နိုင်သူသည် အနိုင်ရရှိမည်ဖြစ်သည်။ အနိုင်ရသူ အတွက်လည်း Jägermeister ၁ ဒသမ ၅ လီတာ အရက်ပုလင်း တစ်တောင့်က ဒိုင်လုပ်သူ၏ လက်ထဲတွင် အဆင်သင့် ရှိနေသည်။

အထက်ပါမြင်ကွင်းမှာ Day Party များတွင် ကျင်းပလေ့ရှိသော Break Drink ပြိုင်ပွဲများတွင် မြင်တွေ့နေကျ မြင်ကွင်း တစ်ခုသာ ဖြစ်သည်။ ရန်ကုန်မြို့တွင် ကျင်းပလေ့ရှိသော Day Party များ၌ အဆိုပါ Break Drink ပြိုင်ပွဲသာမက Shuffle Dance ပြိုင်ပွဲ၊ Sexy Dance ပြိုင်ပွဲ၊ Kissing Time ပြိုင်ပွဲများကို အလျဉ်းသင့်သလို ထည့်သွင်း ကျင်းပလေ့ ရှိသည်။

“ဒီလို ပြိုင်ပွဲမျိုးတွေက ပါတီတွေမှာ နှစ်ခု သုံးခုလောက်တော့ အမြဲ ပါတာပဲ။ ကလပ်ထဲကို လာတာ ကလည်း လူငယ်တွေ များတယ်။ အများစုက တက္ကသိုလ် ကျောင်းသားတွေပေါ့။ ဒီထက်ငယ်တာ တွေလည်း ပါပေမယ့် နည်းပါတယ်။ သူတို့တွေက အပျော်သဘော အနေနဲ့ ပြိုင်ကြတာပေါ့” ဟု တာမွေမြို့နယ်အတွင်းရှိ Day Club များသို့ မကြာခဏ သွားရောက်လေ့ရှိသူ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုဖြိုးမင်းသူက ဘီယာခွက်ကို လက်တစ်ဖက်က ကိုင်ရင်း ပြောသည်။

Day Club များသည် ကျောင်းချိန်ဖြစ်သော နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ဖွင့်သောကြောင့် ကျောင်းသားများအတွက် ရည်ရွယ်ထားသကဲ့သို့ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“ကျွန်မတို့ ညဘက် ကလပ်သွားမယ်ဆိုရင် အိမ်က သတ်မှာပေါ့။ ဒီတော့ သူငယ်ချင်းတွေနဲ့ ပျော်ချင်ရင် နေ့ခင်းပိုင်း ဖွင့်တဲ့ Day Party တွေ သွားဖြစ်တယ်။ ခဏခဏတော့ မသွားဖြစ်ဘူး။ အိမ်က သိသွားရင် မလွယ်ဘူး” ဟု နည်းပညာတက္ကသိုလ် ကျောင်းသူ တစ်ဦးက ဆိုသည်။

Day Club အများစုတွင် ဝင်ကြေးသည် တစ်ဦးလျှင် ၅၀၀၀ ကျပ်ခန့်သာ ကျသင့်၍ Day Party ကျင်းပသော နေ့များတွင် ၆၀၀၀ ကျပ်အထိ ကျသင့်ပြီး ရန်ကုန်မြို့အတွင်း တာမွေ၊ အလုံ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့် စသော မြို့နယ်များတွင် ဖွင့်လှစ်ထားကြသည်။

“အများစုက ကျောင်းသားတွေဆိုတော့ အိမ်က မသိအောင် ခိုးလာကြတာ များတယ်။ တချို့ မိန်းကလေးတွေဆို အဝတ်အစားတွေ အိမ်က လူကြီးတွေ မသိအောင် ယူလာကြတယ်။ ကလပ်ထဲက အိမ်သာထဲမှာပဲ အလှပြင် အဝတ်အစားလဲ ပေါ့လေ။ တစ်ခါတလေကျရင် ဇယားလား၊ ကျောင်းသူလား သိပ်မကွဲဘူး” ဟု ကိုဖြိုးမင်းသူက ဆိုသည်။

ထို့အပြင် အဆိုပါ နေရာများတွင် အရက်သေစာ၊ မူးယစ်ဆေးဝါးနှင့် အပျော်မယ်များလည်း ရှိနေသော ကြောင့် မိမိတို့ သားသမီးများ သွားရောက် ပျော်ပါးမည်ကို မိဘအများစုက စိုးရိမ်ကြသည်။

“Club ဆိုတာ ကောင်းတဲ့ နေရာလို့တော့ ကျွန်မ တစ်ခါမှ မကြားဖူးဘူး။ အဲဒီတော့ ဒီကိုသွားပြီ ဆိုမှတော့ ကောင်းပါတော့မလား။ အရက်တွေ၊ မကောင်းတဲ့ မိန်းမတွေ ရှိနေတာကို။ ကိုယ့်သားသမီး က အပြင်မှာ ဘယ်လောက် လိမ္မာနေပါစေ။ အထဲမှာက သူ့ကို လမ်းမှား ရောက်သွားစေနိုင်တဲ့ အရာတွေ အများကြီးပဲ။ မသွားကြတာပဲ ကောင်းပါတယ်” ဟု တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သူ အထက်တန်းကျောင်းသူ သမီး နှစ်ဦး၏ မိခင် ဒေါ်ချယ်ရီအောင်က ဆိုသည်။

“ ကျောင်းသားကိစ္စက ကျင့်ဝတ် ကိစ္စ။ ၁၈ နှစ်အောက် ဆိုမှသာ ကလေးသူငယ် ဥပေဒနဲ့ ငြိစွန်းမှ အရေးယူနိုင်တာ…”

ယခင်က Day Club များကို အကြီးအကျယ် ဖမ်းဆီးမှုများ ရှိခဲ့ဖူးသော်လည်း ယခုအခါ ပြန်လည် ဖွင့်လှစ်လာကြပြီး Day Party များကလည်း မရင့်ကျက်သေးသော လူငယ်များကို ဆွဲဆောင်နေ ကြသည်။

“Day Party က အမြဲတမ်း လုပ်နေတာ မဟုတ်ဘူး။ တစ်ပတ်တစ်ခါ နှစ်ပတ် တစ်ခါလောက်မှ လုပ်ဖြစ်တာ။ အဲဒီမှာမှ Sexy Dance ပြိုင်ပွဲတွေ၊ Shuffle ပြိုင်ပွဲတွေ၊ အသောက် ပြိုင်ပွဲတွေ ဘာတွေ လုပ်ကြတာ။ နောက်ပြီး Promotion အနေနဲ့ ဒီတစ်ခါ ပါတီလာရင် နောက်တစ်ခါ ထပ်လုပ်မယ့် ပါတီမှာ ဈေးလျှော့ပေးတာမျိုးလည်း ရှိတယ်” ဟု ပါတီပွဲ အချို့ စီစဉ်ဖူးသူ ကိုဇာနည် (အမည်လွှဲ) က ဆိုသည်။

Day Party များကို ရန်ကုန်မြို့တွင် Yangon International Hotel ဝင်းအတွင်းရှိ Flamingo Bar၊ ဗဟန်းရှိ B&W Music Pub၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Cloud 9၊ အလုံရှိ Sky Way၊ တာမွေ မြို့နယ်အတွင်းရှိ DJ Club စသည့် နေရာများတွင် ကျင်းပကြလေ့ ရှိသည်။

အဆိုပါ Day Party များတွင် လူငယ် အများစု စိတ်ဝင်စားသော Sexy Dance ပြိုင်ပွဲများ၊ စုံတွဲတွေ အတွက် Kissing Time (စုံတွဲနှစ်ဦး အချိန် အကြာဆုံး ဆက်တိုက် နမ်းရှုပ်သည့် ပြိုင်ပွဲများ) ကျင်းပလေ့ရှိပြီး ဆုကြေးအနေဖြင့် ၅၀,၀၀၀ ကျပ်အထိ ဆုချလေ့ ရှိကြောင်း ကိုဖြိုးမင်းသူက ဆိုသည်။

အလွန် ငယ်ရွယ်သော စုံတွဲများက အဆိုပါ Day Club များက ထွက်လာပြီး ဟိုတယ်သွားရန် ကားငှား ခြင်းမျိုး မကြာခဏ ကြုံတွေ့ခဲ့ရဖူးကြောင်း တာမွေမြို့နယ်အတွင်းရှိ Day Club တစ်ခု အနီးတွင် ဂိတ်ထိုး တက္ကစီ မောင်းနှင်နေသူ ဦးစိုးအောင်ဆိုသူက မှတ်ချက်ပေးသည်။

သို့သော်ငြားလည်း Day Club များကို တည်ဆဲ ဥပဒေများအရ တရားဝင် ဖွင့်လှစ်ခွင့် မပြုထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဖွင့်ခွင့်မရှိဟုဆိုသော အဆိုပါ Day Club များသည် ပွဲစီစဉ်သူများ၏ အမည်နှင့် ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များ၊ ပါဝင် ဖျော်ဖြေမည့် DJ များ၊ အနုပညာရှင်များ၊ ထည့်သွင်း ပြုလုပ်မည့် စိတ်ဝင်စားဖွယ် အစီအစဉ်များ (ဥပမာ- Sexy Dance ပြိုင်ပွဲများ၊ စုံတွဲတွေအတွက် Kissing Time ပြိုင်ပွဲများ) ထည့်သွင်း ကြေညာထားသော ကြော်ငြာများကို ပွဲစီစဉ်သူများ၏ ဖေ့စ်ဘွတ်စ် စာမျက်နှာများမှ တစ်ဆင့် ဖြန့်ဝေမှုများ ပြုလုပ်နေပြီး လူစည်ကားရာ နေရာများနှင့် တက္ကသိုလ်ကျောင်း အချို့တွင် လက်ကမ်း စာစောင် ဖြန့်ဝေမှုများလည်း ရှိသည်။

Day Club နှင့် Night Club များကို တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း အချို့ ကလပ်များမှာ စည်ပင်သာယာရေး ကော်မတီ၏ ထောက်ခံချက်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ မြို့နယ် ရဲစခန်း၏ ထောက်ခံချက်များဖြင့် ဖွင့်လှစ်ထားမှုများ ရှိကြောင်း ခရိုင်အဆင့် အဆင့်မြင့် တာဝန် ထမ်းဆောင်ခဲ့သော အငြိမ်းစား ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“ပွဲတွေ ဘာတွေ လုပ်တော့မယ်ဆိုရင် အဆင်ပြေသလိုတော့ ဖြေရှင်းရတယ်” ဟု ကိုဇာနည်က ဆိုသည်။

အဆိုပါ Club များကို အရေးယူမည် ဆိုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ – ၁၈၈ (ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန် ကြေညာ အမိန့်ကို ဖီဆန်ခြင်း) ဖြင့် တရား စွဲဆိုနိုင်ပြီး ထောင်ဒဏ် တစ်လအထိ ဖြစ်စေ၊ ဒဏ်ငွေ နှစ်ရာ ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်။
ယင်းအပြင် အဆိုပါ ကလပ်တွင် လူ့အသက်ကိုသော် လည်းကောင်း၊ ကျန်းမာရေးကိုသော် လည်းကောင်း၊ ရုန်းရင်းဆန်ခတ် ဖြစ်မှု၊ သတ်ပုတ် နှောင့်ယှက်မှု၊ လုံခြုံရေးကို ထိခိုက်စေမှုများ ဖြစ်ပွား ခဲ့ပါက ခြောက်လထိ ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်ငွေ တစ်ထောင် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်သည်။

“တစ်ခါတလေကျရင် ရန်ဖြစ်ကြတာမျိုး၊ ရုန်းရင်းဆန်ခတ် ဖြစ်ကြတာမျိုးတွေလည်း ကြုံရတယ်။ ဒါပေမဲ့ နည်းပါတယ်။ ပြီးတော့လည်း ကလပ် လုံခြုံရေးကပဲ ရှင်းသွားတာပါပဲ” ဟု ကိုဖြိုးမင်းသူက ဆိုသည်။

ကျောင်းသား၊ ကျောင်းသူများ အဆိုပါ ကလပ်များသို့ သွားရောက်ရာတွင် စာရိတ္တ ပျက်ပြားနိုင်သော် လည်း ဖြစ်နိုင်ခြေ နည်းကြောင်း၊ ယင်းကဲ့သို့ သွားရောက် ပျော်ပါးရုံမျှဖြင့် အရေးယူ၍ မရနိုင်ဘဲ ၎င်းတို့၏ ကျင့်ဝတ်နှင့်သာ သက်ဆိုင်ကြောင်း၊ အဆိုပါ ကလပ်များထဲတွင် ပြည့်တန်ဆာများကို ဖမ်းဆီးရမိပါက ပြည့်တန်ဆာ အက်ဥပဒေနှင့် အရေးယူနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက ဆိုသည်။

“Night Club, Day Club နဲ့ ပတ်သက်ပြီး လုပ်ငန်း လိုင်စင် တရားဝင် ချပေးနိုင်တယ်ဆိုတာ မကြားမိဘူး။ အရေးယူရင် ၁၈၈ နဲ့ အရေးယူတယ်။ ဒဏ်ငွေ ပေးရတာများတယ်။ ကျောင်းသားကိစ္စက ကျင့်ဝတ် ကိစ္စ။ ၁၈ နှစ်အောက် ဆိုမှသာ ကလေးသူငယ် ဥပေဒနဲ့ ငြိစွန်းမှ အရေးယူနိုင်တာ” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကမူ အဆိုပါ ကလပ်များကို ဒေသန္တရ အမိန့်ထုတ်၍ ပိတ်ပင် သွားမည် ဖြစ်ကြောင်း ယခုသြဂုတ်လ အတွင်းတွင် ကြေညာချက် ထုတ်ပြန်ထားသည်။
သို့သော်လည်း ပြည်တွင်းရှိ ကလပ်များကို နိုင်ငံတကာတွင်ကဲ့သို့ စနစ်တကျ အသက်အရွယ် ခွဲခြား ကန့်သတ်၍ ဖွင့်လှစ်စေခြင်းများ ပြုလုပ်သင့်ကြောင်း အချို့က အကြံပေးကြသည်။

“ကလပ်ဖွင့်တဲ့သူတွေ အနေနဲ့ အသက် ကန့်သတ်တာမျိုး လုပ်သင့်တယ်။ မဖွင့်နဲ့လို့တော့ သွားပြောလို့ မရဘူးပေါ့။ အသက် ဘယ်နှနှစ်အောက် မဝင်ရတို့၊ ဘာတို့ ကန့်သတ်လိုက်ပြီး ထိထိ ရောက်ရောက်လည်း လုပ်မယ်ဆိုရင် တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်မယ် ထင်တယ်” ဟု အထက်တန်းပြ ဆရာတစ်ဦးဖြစ်သူ ဦးကျော်ရွှေက အကြံပြုသည်။

ထို့အပြင် မိဘများ အနေဖြင့်လည်း ယင်းကိစ္စအပေါ် ရှုမြင်ပုံ ပြောင်းလဲသင့်ပြီး သားသမီးများ အကောင်းအဆိုး နားလည်လာစေရန် စနစ်တကျဖြင့် ရှင်းပြ ဆုံးမသင့်သည်ဟု လူငယ် အချို့က ဆိုကြသည်။

“ကျွန်မ မိဘတွေကတော့ သိပ်စိတ်မပူဘူး။ ကျွန်မက သွားရင်လည်း ညီအစ်ကို မောင်နှမတွေနဲ့ သွားလေ့လည်း ရှိတယ်။ နောက်ပြီး လူကြီးတွေကို ပြောပြီးသွားတယ်။ ပျော်စရာရှိတာ ပျော်တယ်။ မမှားသင့်တာကို မမှားအောင် နေတယ်” ဟု ကွန်ပျူတာ တက္ကသိုလ် တတိယနှစ်ကျောင်းသူ မဥမ္မာက ဆိုသည်။

Day Club များ ဖွင့်လှစ်ချိန်မှာ နေ့ခင်းနေ့လယ် ဖြစ်သောကြောင့် အလွန်အကျွံ မူးယစ် သောက်စား ခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်း ဖြစ်နိုင်ခြေမှာ ညပိုင်းထက် နည်းပါးကြောင်း ကိုဇာနည်က ဆိုသည်။

“ဥပမာဗျာ လူငယ်တွေအတွက်တော့ ညဘက်ဆိုရင် အန္တရာယ် ပိုမများဘူးလား။ နေ့ခင်း နေ့လယ် ဆိုရင် အမှားအယွင်းတွေ ဖြစ်ဖို့ ပိုနည်းတယ်။ အဓိကကတော့ လူငယ်ဆိုတာ ကိုယ်မတွေ့ကြုံဖူးတဲ့ အသစ်အဆန်း ကိစ္စမှန်သမျှကို စိတ်ဝင်စားတယ်။ အဲဒါကို အတင်းပိတ်ပင်တာထက် စာရင် အဲဒါ ဘာလဲဆိုတာ ထိတွေ့ခွင့် ပေးပြီး ကောင်းခြင်း၊ မကောင်းခြင်းကို သူတို့ကို ဆုံးဖြတ်ခိုင်းတာ ပိုသင့်တော်မယ် ထင်တယ်” ဟု ကိုဇာနည်က ဆိုသည်။

အဆိုပါနေရာများသို့ သွားရောက်ခြင်းကြောင့် ပျက်စီးနိုင်သည်ဆိုသော အချက်ကို လူငယ် အချို့က သဘောမတူကြပေ။

“ရန်ကုန်မှာ လူဦးရေ ခြောက်သန်း ရှိတယ်။ ဒါပေမဲ့ ဒီနေရာကို လာတဲ့ အရေအတွက်က ရာဂဏန်း လောက်ပါပဲ။ ဒီနေရာမျိုးက လူတချို့ပဲ လာနိုင်ကြတာလေ” ဟု ကိုဖြိုးမင်းသူက ဆိုသည်။

သက်ဆိုင်ရာဘက်က တရားမဝင်ဟု ဆိုနေသော်ငြား အရက်နှင့် စီးကရက် ကုမ္ပဏီ အချို့က ကြော်ငြာခြင်းနှင့် စပွန်ဆာ ပေးခြင်းများ ကြုံတွေ့ရဖူးကြောင်း ကလပ် ပါတီများသို့ မကြာခဏ သွားရောက်ကြသော လူငယ်များက တညီတညွတ်တည်း ပြောကြားကြသည်။

“ဒီနေရာတွေကို လာလို့သာ ပျက်စီးတယ်ဆိုရင် အရက်၊ ဘီယာဆိုင်တွေ၊ တည်းခိုခန်းတွေ၊ မာဆတ် တွေ မှိုလိုပေါက်နေတာကို အရင် အရေးယူသင့်တယ်။ Club ကို လာတဲ့ လူအရေအတွက်ထက် အဲဒီကိုသွားတဲ့ လူငယ် အရေအတွက်က ပိုများတယ်။ ကလပ်ဆိုတာ လူငယ်တိုင်း နေ့တိုင်း မလာနိုင်ဘူး။ အရက်ဆိုင်ကတော့ နေ့တိုင်း သွားလို့ ရတယ်။ ဘယ်ဟာက လူငယ်တွေအတွက် ပိုအန္တရာယ်များလဲ” ဟု လှိုင်မြို့နယ်တွင် နေထိုင်သော နည်းပညာတက္ကသိုလ် ကျောင်းသား ကိုဗုံဗုံက ဆိုသည်။

ရန်ကုန်တွင် ကလပ် အရေအတွက်မှာ လက်ချိုး ရေတွက်၍ ရပြီး ပေါများစွာ တည်ရှိနေသော အရက်ဆိုင်များက လူငယ်များအတွက် ပိုအန္တရာယ်ပေးနိုင်ကြောင်း အထက်တန်းပြဆရာ ဦးကျော်ရွှေက မှတ်ချက်ပေးသည်။

“တကယ်ဆိုဗျာ လူတစ်ယောက် ကလပ်သွားမယ်ဆိုရင် တစ်ယောက်တည်း ဘယ်လိုမှ မသွားဘူး။ စိတ်တူကိုယ်တူ လူစုရဦးမယ်။ ပိုက်ဆံလည်း လက်ထဲမှာ လုံလုံလောက်လောက် ရှိဦးမှ သွားဖြစ်တာ။ ဘယ်သူမှ အမြဲတမ်း မသွားနိုင်ပါဘူး။ ဒီဟာတွေကို လိုက်ပိတ်ရင် အရက်ဆိုင်တွေ လူတောင် ပိုစည်သွားဦးမယ်” ဟု ကိုဗုံဗုံက ဆိုသည်။

“ဒီကိုသွားတိုင်း ပျက်စီးတာ မဟုတ်ဘူး။ အဓိကက လူပဲလေ။ မမှားအောင် ထိန်းရမှာပေါ့။ နောက်ပြီး ကိုယ့်ကို ထိန်းသိမ်းနိုင်တဲ့ လူမျိုးတွေနဲ့ သွားတာ ပိုကောင်းပါတယ်။ ကလပ်ဆိုတာ အခုမှ ပေါ်တာမှ မဟုတ်တာ။ အရင်ကတည်းက ရှိနေတာ။ လူတွေက အခုမှ အရေးကြီး ခွင်ကျယ်လုပ်ပြီး ပြောနေကြ တာ” ဟု ကိုဇာနည်က ၎င်း၏ အမြင်ကို ပြောပြသည်။

ပါတီများသို့ ကျောင်းသားအရွယ် လူငယ်များ လာရောက်ကြသော်လည်း လာရောက်တိုင်း ပျက်စီး မည်ဟု မမြင်သင့်ကြောင်း ကိုဇာနည်က ဆိုသည်။
“အဓိကက လူတစ်ဦးချင်းစီရဲ့ ချင့်ချိန်နိုင်စွမ်းပါပဲ။ ဒီကိုလာလို့ ပျက်စီးသွားတယ်လို့ ကျွန်တော် မထင်ဘူး။ ပျက်စီးချင်တဲ့သူက ပျက်စီးမှာပဲ။ ဒီကိုလာမှ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

Day Club များသို့ လာရောက်ခြင်းကြောင့် လူငယ်များတွင် အပြစ်ရှိသည် ဆိုသော်လည်း ၎င်းတို့ သည် အသက်အရွယ် ငယ်ရွယ်သေးသောကြောင့် ဆုံးမ ပြောဆိုသည့် လူကြီးများနှင့် ဆရာ ဆရာမ များတွင် ပိုမို တာဝန်ရှိနိုင်ကြောင်း တက္ကစီ ယာဉ်မောင်း ဦးစိုးအောင်က သူ၏ အမြင်ကို ပြောပြသည်။
“ကလေးတွေ ကျောင်းက ပြေးပြီး လာတယ်ဆိုရင် ဘာကြောင့် ကျောင်းပြေးလဲ။ ကျောင်းမှာ ဘာကြောင့် မပျော်တာလဲ အဖြေ ရှာရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က တစ်နေ့ လူကြီးတွေ ဖြစ်လာမှာလေ” ဟု ၎င်းက ဆိုသည်။

မည်ကဲ့သို့ပင် အမြင်အမျိုးမျိုး ရှိနေကြသော်လည်း Day Club များတွင် ကျင်းမည့် Day Party လက်ကမ်း စာစောင်များသည် လူငယ်များကြား ပျံ့နှံ့နေဆဲ ဖြစ်သည်။ အင်တာနက် စာမျက်နှာများ အပေါ်တွင်လည်း ဖြန့်ဝေနေကြဆဲပင် ဖြစ်သည်။ ပါတီများတွင်လည်း လူစည်ကားနေဆဲ ဖြစ်သည်။ အမျိုးစုံသော ပြိုင်ပွဲများကလည်း လူငယ်များကို ဆွဲဆောင်နေဆဲ ဖြစ်သည်။

“ခဏနေရင် Sexy Dance ပြိုင်ပွဲ စပါမယ်။ ဝင်ပြိုင်မယ့် မိန်းကလေးတွေ စာရင်းလာပေးလို့ ရပါပြီ” ဟု စင်မြင့်ပေါ်ရှိ DJ က အော်ဟစ် သတိပေးလိုက်သည်။
အနည်းငယ် မူးယစ် ရီဝေနေပြီး ပျော်နေပုံရသော မိန်းကလေးငယ် တစ်စုက ဒိုင်လုပ်သူ အနားတွင် စုဝေး တိုးဝှေ့နေကြသည်။

အချိန်သည် တစ်ဖြည်းဖြည်း ညနေစောင်းလာပြီ ဖြစ်သော်လည်း သူတို့ပျော်ရွှင်မှုက အမြင့်ဆုံး အနေအထားတွင်ပင် ရှိနေသေးသည်။ အိမ်ပြန်လိုသူ အချို့သာ သုတ်သုတ်ပြာပြာဖြင့် ကလပ်ထဲမှ အလျင်အမြန် ပြန်ထွက်သွားကြသည်။

“ဒီအချိန်က ကလပ်ထဲမှာ ပျော်စရာ အကောင်းဆုံး အချိန်ပဲ။ Sexy Dance ပြိုင်ပွဲပြီးရင် ပါတီလည်း သိမ်းပြီ ဆိုတော့ အပြတ်ကဲလိုက်ဦးမယ်” ဟု ကိုဖြိုးမင်းသူက ဘီယာဘားကို မှီနေရင်း ရယ်ရယ်မောမော ဆိုလိုက်သည်။

ရဲဇွန်အောင်၊ စိုးမိုး

The Voice Weekly

UK အခြေစိုက်The Economist မဂ္ဂဇင်းမှာလဲ မြန်မာနိုင်ငံ အစိုးရရဲ့ မြစ်ဆုံ စီမံကိန်းကို ရပ်တန့် ပစ်တဲ့ ရည်ရွယ် ချက်ကတော့ မြန်မာ အစိုးရ အနေနဲ့ အနောက်နိုင်ငံ တွေရဲ့အာရုံစိုက် ခံရလိုမှု ကြောင့် ဖြစ်နိုင်တယ်လို့ဆို

တရုတ် ကုမ္ပဏီတွေ ဆုံးရှုံးနေတာ မြန်မာအစိုးရရဲ့ လှည့်ကွက်ကြောင့်လား

Mr. Li Li

အနောက် နိုင်ငံတွေရဲ့လှည့်ကွက်တွေက မြန်မာနိုင်ငံရဲ့ရေအား လျှပ်စစ် ပရောဂျက်တွေကို အကြပ်အတည်း ဖြစ်စေပြီး တရုတ် ကုမ္မဏီက နှစ်စဉ် RMB သန်း ၃၀၀ လောက် ဆုံးရှူံး နေရပါတယ်။

လွန်ခဲ့တဲ့၂နှစ်ကျော်က မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ ရုတ်တရက် မြစ်စုံ စီမံကိန်း စာချုပ် ကို ရပ်ဆိုင်း လိုက် ခြင်းကြောင့် Takungpo ကသတင်းသမား တစ်ယောက်ဟာ ဘာကြောင့် ဒီကိစ္စြ ဖစ်ပေါ်တယ် ဆိုတာကို လိုက်လံ စုံစမ်း ခဲ့ပါတယ်။

အဲဒီ သတင်း သမားရဲ့စုံစမ်းရေး တစ်ပတ်တာ ခရီးစဉ်မှာ မြန်မာနိုင်ငံက ဘာကြောင့် တရုတ် ကုမ္မဏီတွေရဲ့ အကြီးဆုံး "Go Global" လို့ခေါ်တဲ့ ပရောဂျက်ကို ဘာလို့ငြင်းဆန်နေရတာလဲ ဆိုတာ ကိုလေ့လာခဲ့ပါတယ်။ ရှေ့တိုးကြည့် မယ် ဆိုရင် တရုတ် ကုမ္မဏီတွေရဲ့ကမ္ဘာအနှံ့ခရီးဆက်တဲ့ လုပ်ငန်းတွေ၊ နည်းဗျူဟာ အသစ်တွေနဲ့ အခြားနိုင်ငံ တွေမှာ ရင်းနှီး မြှုပ်နှံမှုတွေကို တားမြစ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ (သတင်းထောက် လီလီက သြဂုတ် ၈ ရက် နေ့မှာ မြန်မာနိုင်ငံကနေ သတင်းပို့ခဲ့တာပါ။

မြန်မာ တရုတ် နယ်စပ်ဟာ၂၁၈၅ ကီလိုမီတာ ရှည်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ယခုအခါမှ နိုင်ငံတကာ အသိုက်အ၀န်း သို့ပြန်လည် ပွင့်လင်း လာတာဖြစ်ပြီး တရုတ်နိုင်ငံ ကတော့ ကမ္ဘာ့အကြီးဆုံး စားသုံးသူ ဈေးကွက် ရှိနေတဲ့ နိုင်ငံတစ် ခု ဖြစ်ပါတယ်။


Mr. Li GuangHua ယူနန်နိုင်ငံ တကာ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကုမ္မဏီ ဥက္ကဌက အမြဲတမ်း လိုလို ကူမင်းကနေ ရန်ကုန်ကို လေကြောင်း ခရီးဖြင့် လာတတ် သူပါ။ သူက မြစ်ဆုံ စီမံကိန်းကြီး တစ်ခုလုံးရဲ့သက်သေဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းရပ်ဆိုင်း မှုအပေါ်အမြင်ကို ဒီလို ရေးထား ပါတယ်။

"ဂျူလိုင်၂၁ ၂၀၁၃ ရဲ့ ညတစ်ညမှာ မြန်မာနိုင်ငံက ပြည်တွင်း ဒီမိုကရက်တစ် ပါတီရဲ့ ကိုယ်စားလှယ်နဲ့တွေ့ဆုံဖို့သွားခဲ့ ပါတယ်။ သူပြောတာ ကတော့ "ကျွန်တော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားခဲ့တာ ကတော့ မြန်မာနိုင်ငံက နိုင်ငံခြားရင်း နှီး မြှုပ်နှံမှုတွေကို အရင်တုန်းက ပြုံးပြုံးရွှင်ရွှင်နဲ့ကြိုဆို လက်ခံ ခဲ့ပါတယ်။ အခုလဲ တကယ်တမ်း ရင်းနှီးမြှုပ်နှံမည့်သူ လာ တာကို မြန်မာနိုင်ငံ အနေနဲ့ ကြိုဆို သင့်တယ်လို့"ကျွန်တော် ထင်ပါတယ်လို့ပြောပါတယ်။

မြစ်ဆုံ ဆိုတာ တကယ်တော့ ရွာငယ်လေး တစ်ခုပါ ။ မြောက်ပိုင်းမြန်မာပြည်ရဲ့ ထူတပ်တဲ့ တောအုပ်တွေထဲက အသိုက်အ မြုံလေးပါ။ အခုတော့ အဲဒီ နေရာဟာ မြစ်ဆုံ စီမံကိန်းကြောင့် လူသိများလာခဲ့ပါပြီ။ စုစုပေါင်း ဒေါ်လာ သန်းထောင်ပေါင်း ၂၀၀ ကျော်တဲ့ ရေတံခွန် ခုနှစ်ခု စီမံကိန်း (မြစ်ဆုံ အပါအ၀င်) တွေဟာ တရုတ်နိုင်ငံရှိ ကုမ္မဏီတွေရဲ့အများဆုံးနိုင် ငံခြား ရင်းနှီးမြှုပ်နှ့မှုတွေလို့တောင်ပြောနိုင်ပါတယ်။

အစီအစဉ် အတိုင်းဖြစ်သွားမည် ဆိုရင် မြစ်ဆုံ စီမံကိန်းဟာ ၂၀၁၈ ခုနှစ်မှာ စတင် လည်ပတ်နိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံရဲ့အခက်အခဲ ကြုံနေရတဲ့ စွမ်းအင်ပြဿနာကို သန့်ရှင်းတဲ့ စွမ်းအင် အရင်းအမြစ်တွေကနေ ထောက်ပံ့ပေးနိုင်မှာပါ။

သဘော တူညီချက်တွေ အတိုင်း လျှပ်စစ်ဖြန့်ဖြူးတဲ့နေရာမှာလဲ ထွက်ရှိတဲ့ လျှပ်စစ် စွမ်းအားရဲ့ ၁၀% အပြင် ကျန်တဲ့ လျှပ်စစ်လည်း မြန်မာနိုင်ငံကို ဦးစားပေး ထောက်ပံ့မှာ ဖြစ်ပါတယ်။ ဆိုလိုချင်တာ ကတော့ မြန်မာ အစိုးရ အနေနဲ့မြန် မာနိုင်ငံရဲ့ရေသယံဇာတတွေကို အရင်းပြုပြီး အမှန်တကယ် လိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးတွေကို ရရှိမှာဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် မြစ်ရေတွေကို ငွေဖြစ်အောင် ပြောင်းလဲလိုက်တာပါပဲ။ ဒါပေမယ့် ဒေသခံ ပြည်သူတွေက ပိုပြီး အကျိုးအမြတ်တွေ လိုချင်နေကြပါတယ်။

"မြစ်ဆုံ စီမံကိန်း ဆောက်လုပ်တဲ့ အခါမှာ ပထမပိုင်း အဆင့်တွေမှာ တုန်းက မယုံနိုင်စရာ ကောင်းလောက်အောင် ချော ချောမွေ့မွေ့ဖြစ်နေပေမယ့် ၁ နှစ်လောက် အကြာမှာ လုံးဝကို ပြောင်းပြန်ပြောင်းလဲ သွားပါတယ်"လို့ Li GuangHua က ပြောပါတယ်။ ဆောက်လုပ် ခဲ့စဉ်အတွင်း တစ်လနီးပါး အချိန်ကာလမှာ များစွာသော အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေက မကြာခဏ လာ ရောက်ကြပြီး ထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်။ ဒီလို အခြေအနေမှာ သမ္မတဦးသိန်းစိန်က အခြေအနေ တွေ အကုန်လုံးကို ပြောင်းလဲပစ် မယ် လို့ဘယ်သူမှ မထင်ပါဘူး။

အောက်တိုဘာ ၃၀ ရက်နေ့ ၂၀၁၁ မှာ.ပါလီမန်မှာ သမ္မတ ဦးသိန်းစိန်က မြစ်ဆုံ စီမံကိန်းကို သူ့သမ္မတ သက်တမ်း တစ် လျှောက်နဲ့နောက်ထပ် ၂၀၁၅မှာ ကျင်းပမယ့် အထွေတွေ ရွေးကောက်ပွဲ မတိုင်ခင် အထိ လုံးဝ ရပ်ဆိုင်း ရမယ်လို့ကြေ ငြာသွားပါတယ်။ သူ့ရဲ့အကြောင်းပြချက်ကတော့ "ပြည်သူ့ဆန္ဒကို အလေးထားသော အားဖြင့်"
ပါတဲ့။

မြန်မာနိုင်ငံရဲ့မြောက်ပိုင်း မြစ်ကြီးနားမှာတော့ အသက် ၈၄ နှစ် အရွယ်ရှိတဲ့ ကချင် လူမျိုးစု ခေါင်းဆောင် Zaw Gam က Takungpao က သတင်းတောက်ကို ပြောကြား ခဲ့ရာမှာ "ဒီစီမံကိန်းကို အစိုးရ အနေနဲ့ သေသေ ချာချာ ပြန်လည် စဉ်းစား သင့်တယ်"လို့ပြောပါတယ်။ "အကျိုးအမြတ်တွေ အများကြီးကို ရရှိနိုင်ပါတယ်"လို့ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် ကလဲ ကချင် လွတ်လပ်ရေး တပ်မတော်နဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင် ခဲ့ရပြီး အမျိုးသား ပြန် လည်သင့် မြတ်ရေး အတွက် စက်တင်ဘာ ၂၃ မှာ ရန်ကုန်ကို လာပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကျွန်တော့်ကို ခေါ်ဖို့ လူလွတ်လိုက်ပါတယ်လို့ Zaw Gam ကပြောပါသေးတယ်။

ဒေသခံ လက်နက်ကိုင်တွေ အနေနဲ့အကျိုးအမြတ်တွေ ပိုမို ရရှိနိုင်အောင် မြစ်ဆုံ စီမံကိန်းက ပြုလုပ်နိုင်တဲ့ နည်းလမ်းဖြစ် ပါတယ်။ သမ္မတ ဦးသိန်းစိန်က မြစ်ဆုံ စီမံကိန်းကို မရပ်ဆိုင်းမီမှာပဲ ဒေါ်အောင်ဆန်းစုကြည်က "ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ဂေဟ ဗေဒ စနစ် လုံခြုံမှုကို ကာကွယ်ခြင်း" ဆိုပြီး စာတမ်း တစ်စောင် ရေးခဲ့ပါတယ်။

အမေရိကန် မီဒီယာတွေက တရုတ် မီဒီယာတွေထက် လျှင်လျှင်မြန်မြန် တုံ့ပြန်ခဲ့ကြပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ပါလီမန်မှာ ကြေငြာတဲ့နေ့ဟာ တ၇ုတ်နိုင်ငံရဲ့အမျိုးသားနေ့ မရောက်ခင်မှာ ဖွင့်ပြောလိုက်တာကြောင့် တရုတ်နိုင်ငံ သံအမတ်တွေ သိပ်သတိ မထားမိ လိုက်ပါဘူး။

အမေရိကန် မီဒီယာတွေကလဲ ဒီစီမံကိန်း ရပ်ဆိုင်းမှုကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေနိုင် တယ်လို့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တ၇ုတ်နိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီး Jin Honggen ဆိုသူက မြန်မာနိုင်ငံရဲ့အစိုးရ အသစ်က မြန်မာနိုင်ငံရဲ့တံခါး သစ်ကို ဖွင့်ပေးလိုက်ပြီးတော့ တရုတ်နဲ့နှစ်နိုင်ငံ စီမံကိန်းတွေကို ရပ်ဆိုင်း လိုက်ခြင်းအားဖြင့် အနောက်နိုင်ငံ တွေဆီက အကူအညီတွေကို ရလိမ့်မယ်လို့မျှော်မှန်းထားပါတယ်။ မြန်မာနိုင်ငံ အနေနဲ့တရုတ်နိုင်ငံရဲ့ စီမံကိန်း တွေကို ရပ် တန့် ပစ်လိုက်ပြီးတော့ အဲဒါကို ပြပြီး အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကို လျော့ချလာအောင် ပြုလုပ်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ပြောပါတယ်။

နောက်ထပ် ထွက်လာတဲ့ သက်သေ အထောက်အထားတွေ အရ မြစ်ဆုံ စီမံကိန်းဟာ မြန်မာ နိုင်ငံ အတွက် စတေး ခံခဲ့ရ သလိုဖြစ်နေပါတယ်။ အနောက်နိုင်ငံရဲ့ နိုင်ငံရေး သမားတွေရဲ့ "Action for Action" ဆိုတာကို သတိထား မိစေဖို့ပြု လုပ်တဲ့ အသွင်ကို ဆောင်နေပါတယ်။UK အခြေစိုက်The Economist မဂ္ဂဇင်းမှာလဲ မြန်မာနိုင်ငံ အစိုးရရဲ့ မြစ်ဆုံ စီမံကိန်းကို ရပ်တန့် ပစ်တဲ့ ရည်ရွယ် ချက်ကတော့ မြန်မာ အစိုးရ အနေနဲ့ အနောက်နိုင်ငံ တွေရဲ့အာရုံစိုက် ခံရလိုမှု ကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမ၀င်နေထိုင်သူတွေကို ဖမ်းဆီးတဲ့စီမံချက် ဒီကနေ့စတင်ခဲ့ရာ မြန်မာနိုင်ငံသား ၂၀၀နီးပါး အဖမ်းခံရတယ်လို့ သိရ

Sunday, September 1, 2013

မလေးရှားနိုင်ငံမှာ မြန်မာ၂၀၀ နီးပါး ထပ်မံအဖမ်းခံရ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjfvyoRcdP0wqJLnHL3UvylRPfDWEK0Pec0R9Goxp0jND9UcTvLDcfCLVoBs5EylBl7SIA1LPxNkzSdXWBWQt6OkqVE-j8QbJ6zp4s-ceWu7oAE7bHCyMOApki2THLVWNmT_5WuiWR4kiH/s1600/17.jpgမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမ၀င်နေထိုင်သူတွေကို ဖမ်းဆီးတဲ့စီမံချက် ဒီကနေ့စတင်ခဲ့ရာ မြန်မာနိုင်ငံသား ၂၀၀နီးပါး အဖမ်းခံရတယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေထဲမှာ ချင်းတိုင်းရင်းသား ၁၀၀ ခန့်ပါဝင်ပြီး သူတို့ဟာ ခရစ်ယန်ဘာသာဝင်တွေမို့ တနင်္ဂနွေနေ့ ဘုရားကျောင်းကိုအလာမှာ အဖမ်းခံရတာဖြစ်ပါတယ်။

ကွာလာလမ်ပူမြို့ နေရာ ၃နေရာလောက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး စောစောပိုင်းမှာ နိုင်ငံကူးလက်မှတ် စစ်ဆေးမူတွေလုပ်သလို နိုင်ငံကူးလက်မှတ် မိတ္တူကိုင်ဆောင်ထားသူတွေရဲ့ လက်မှတ်တွေကိုလည်း စစ်ဆေးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ စစ်ဆေးပြီး လက်မှတ်မပါသူတွေ၊ လက်မှတ်အတုကိုင်သူစတဲ့ သူတွေကို ဖမ်းတာဖြစ်ပါတယ်။ အဖမ်းခံရသူတွေကို လော်ရီကားတွေနဲ့ တင်သွားတယ်လို့ ကွာလာလမ်ပူမြို့ သွေးလှူအဖွဲ့က ကိုသက်က ပြောပါတယ်။

“လော်လီကား အရှည်ကြီး ၅ စင်းလောက်နဲ့ လူတွေကို မတ်တပ်ရပ်ပြီး အပြည့်တင်သွားတယ်၊ ကျနော့်အထင်တော့ တစ်စီးကို ၆ဝ လောက်တော့ပါလိမ့်မယ်၊ ဗမာရော၊ ဘင်္ဂလားရော၊ နီပေါရော အကုန်ရောနေတာပေါ့”

အဲဒီဖမ်းဆီးမှုတွေမှာ မြန်မာနိုင်ငံသား ၇၀ ကျော်လောက်ပါနိုင်တယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာတချို့ကပြောပါတယ်။ ဘုရားရှိခိုးကျောင်းမှာ အဖမ်းခံရတဲ့ ချင်းတိုင်းရင်းသားတွေကို ဒီကနေ့ Miharja မှာ ဖမ်းခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်က ၀င်ဖမ်းတာဖြစ်ပါတယ်။

ကလေးတွေနဲ့ မိခင်တွေကိုတော့ မဖမ်းပဲ ကျန်သူတွေကို လော်ရီကား ၂ စီး နဲ့ တင်သွားတယ်လို့ Chinland Guardian သတင်းစဉ်မှာဖေါ်ပြပါတယ်။

RFA Burmese

Thit Htoo Lwin - News

ဗုဒ္ဓဘာသာ နှင့် မြင့်မိုရ်တောင် - .............

August 30, 2013 at 7:51pm



အချို့သော ဘာသာဝင်များ မှ- တကယ်မရှိသော မြင့်မိုရ်တောင် ကို ဗုဒ္ဓက ရည်ညွှန်း သည်.. စသည် .. စသည် ဖြင့် ဗုဒ္ဓဘာသာကို အဓိပ္ပါယ်မရှိသော ဘာသာ ဖြစ်သယောင် တိုက်ခိုက် ရေးသားချက်များကို စိတ်မကောင်းစွာ တွေ့မြင်ရပါသည်။


ဗုဒ္ဓသည် “သတ္ထာဒေ၀ မနုဿာနံ” ဟူသော လူနတ် သတ္တ၀ါများ၏ ဆရာ ဖြစ်၍- အခြား ဘာသာများ၏ ဘုရားများ ကဲ့သို့ ထာဝရ ဖန်ဆင်းရှင်မျိုး မဟုတ်ပါပေ။

ထိုဖန်တီးရှင် ကိုးကွယ်မှု နှင့် ပတ်သက်၍ ကျွန်တော့် အနေနဲ့ မှတ်ချက် ပေးစရာ မရှိပါ။ မိမိယုံကြည်ရာ ကိုးကွယ် နိုင်ခွင့်သည် လူတိုင်းတွင် ရှိပါ၏။

သို့သော် ကျွန်တော်တို့ နားလည် ထားရမည်မှာ- ဗုဒ္ဓမြတ်စွာသည် ဆရာ ဖြစ်သဖြင့်- ဆရာ ဆိုသည်မှာ မိမိ သင်ကြားသူပေးရမည့် သူ၏ တတ်မြောက် ခဲ့ရာ အတတ်၊ ကျင်လည်ရာ ပတ်ဝန်းကျင်၊ အသိဥာဏ် အတိုင်းအတာ အဆင့်၊ ဘ၀ ပေး အလုပ် အနေအထား တို့နှင့် ကိုက်ညီစွာ နမူနာ ပြု သင်ကြားပြရမည် ကို လူတိုင်း သိပါ၏။

ကွန်ပျူတာ အကြောင်း နကန်း တစ်လုံးမျှ မသိသူအား- CPU (Central Processing Unit) ၏ အလုပ်လုပ် ပုံ နှင့် ယှဉ်တွဲ ၍- အဘိဓမ္မာ သဘောကို မည်သို့ ရှင်းပြနိုင်ပါမည်နည်း။

တစ်ချိန်က ကွန်ပျူတာ စတင်လေ့လာသူ တစ်ဦးအား- သူငယ်ချင်း တစ်ယောက်မှ ကွန်ပျူတာ ဗိုင်းရပ်စ် အကြောင်း ပြောပြသော အခါ- နားလည် သူအနေဖြင့်- ကွန်ပျူတာ ဗိုင်းရပ် ဆိုသည်မှာ ကွန်ပျူတာ ထဲတွင် ရောဂါ ပိုးမွှားများ ၀င်ရောက် ဖျက်ဆီး နေသည်ဟု နားလည် သွားသည် ကိုလည်း ကြုံတွေ့ ခဲ့မိပါသည်။

ထိုခေတ် အခါက- သာမာန် လူများ အနေဖြင့် အာကာသ နက္ခတ် ပညာ နှင့် ဂြိုဟ်တို့၏ အကြောင်း၊ နေ နှင့် စကြ၀ဠာ တို့ အကြောင်းကို သမားရိုးကျ ယုံကြည်မှု ဖြင့်သာ သိထားကြပြီး၊ ရှင်းပြပါကလည်း နားလည် နိုင်စရာ အကြောင်း မည်သို့မျှ မရှိသည်ကို- အချိန်ကုန်ခံ ရှင်းပြနေမည့် အစား- ၄င်းလက်ခံ ထားသော အချက်များကို နမူနာ ထားလျှက်- အကျိုးရှိမည့် သစ္စာတရားကို ဟောကြားခြင်းက များစွာ ပို၍ သဘာဝ ကျသည် မဟုတ် ပါလော။

ဗုဒ္ဓ ခေတ်အခါက - အိန္ဒိယ ပြည်တွင် ခေတ်ပညာ တတ်ဆိုသူများမှာ- ပုရာဏ် ကျမ်းများကို တတ်ကျွမ်း သူများ၊ ဂျိန်း ဘာသာဝင် တက္ကဒွန်းများ၊ ပရပိုဒ် များ၊ ဟိန္ဒူ ၀ါဒီ ဗြဟ္မဏ များကို တရား ဟောဆို ရှင်းပြခဲ့ရာတွင်- ထိုသူများ နှင့် အသိဥာဏ်တွင် စွဲဝင် သိရှိထားပြီး ဖြစ်သော မြင့်မိုရ် တောင်ကို ပုံခိုင်း နှိုင်းယှဉ် ခြင်း ဖြစ်ပါမည် ဟု ကျွန်တော် နားလည်မိပါသည်။

ထိုသို့သော ရှင်းလင်းမှု များကို ဗုဒ္ဓသည် မြင်း ဆရာ ကေသီ အား- မြင်းများကို သင်ကြားပုံ ကို နမူနာ ပေး၍ သော်လည်းကောင်း၊ မုဆိုး အား လေးနှင့် မြှား ဥပမာ၊ စောင်း အတတ်ကို ကျွမ်းကျင်သူ အား စောင်းကြိုး နမူနာ၊ လယ်သမား အား လယ်ထွန်တုံး ဥပမာ စသည် ဖြင့် ပြဆို ၍ ရှင်းပြခဲ့သည်ကို စာရှုတို့ သိပြီး ဖြစ်ပါ၏။

သို့သော် အခြားတစ်ဘက်တွင်- အချို့ချို့သော အဌကထာ၊ ဋီကာ များတွင် မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်သို့ ခြေ ၃-လှမ်း ဖြင့် ကြွတော်မူ သည် စသည် တို့သည်လည်း- ဘုရား ဟော ဖြစ်နိုင်ခြင်း မရှိသည်သာ မက- အဌကထာ၊ ဋီကာ များ၏ ဘာသာပြန် - အနက်ချဲ့ ရာတွင် မူလ ဆိုလိုယင်း နှင့် ကွာဟ သွားသည် များ ဖြစ်နိုင်ပါသေး၏။

အဌကထာ ဆရာမြတ်များ၊ ဋီကာ ဆရာမြတ်များ အနေဖြင့်လည်း- ပုရာဏ် ကျမ်း (မြန်မာ အခေါ် ပေါရာဏ) များ၏ အငွေ့အသက် များ လွှမ်းမိုးကြောင့်လည်း ဖြစ်နိုင်ပါသေး၏။

ဘုရားဟော ပါဠိတော်များကို ပေထက် အက္ခရာတင် လျှင် ထိုသို့သော လွဲချော်မှုများ၊ အိန္ဒိယ တွင် ထိုအချိန်ထက် များစွာ စောသော ကာလကပင် လွှမ်းမိုးထားသော ဟိန္ဒူ နှင့် ဂျိန်း ၀ါဒ တို့၏ ရောယှက် လာမှုများ ပါဝင်မည့် အရေးကို သဗ္ဗညုတ ဉာဏ်တော်ရှင် ဗုဒ္ဓသည်- ကြိုတင် သိမြင်တော် မူထားသောကြောင့်- ထိုခေတ် ထိုအခါက ဟိန္ဒူတို့၏ ဘာသာရေး ဆိုင်ရာ စာပေ Holy Language ဖြစ်နေသော တစ်ခုတည်းသော စာပေ ဖြစ်သည့် - သက္ကတ စာပေ ဖြင့် ပေထက် အက္ခရာ တင်ခွင့် မပြုခဲ့ပဲ- နှစ်ပေါင်း ၅၀၀ ကျော်တိုင် နှုတ်တိုက် အာဂုံ ဆောင်စေခဲ့ခြင်း ဖြစ်မည် ဟုလည်း ကျွန်တော့် အနေဖြင့် နားလည် မိပါသည်။

တနည်းအားဖြင့် ဆိုသော် - ဗျိုင်းဆိုသည်မှာ မည်သို့နည်းဟု မမြင်ဘူးသူ မွေးရာပါ အမြင်ဓါတ် ကင်းမဲ့သူ၏ မေးမြန်းမှု အား ဖြေကြားရာတွင် - ဗျိုင်းဆိုသည်မှာ အဖြူရောင် ရှိကြောင်း ပြောရာမှ- အဖြူကိုလည်း မမြင်ဘူးပြန် သဖြင့်- အဖြူရောင် သည် သင် သောက်သုံး သည့် နွားနို့နှင့် တူကြောင်း ရှင်းပြရသော အခါ- မျက်မမြင် အနေဖြင့် ဗျိုင်းသည် နွားနို့ ကဲ့သို့ ဆိမ့်သော အရသာ ရှိသည့် အရည်ဟု နားလည် သွားသည် ကို ကြားခဲ့ဘူးပါလျှင်- --

ကျွန်တော်တို့သည် -
မြင့်မိုရ်တောင်ကို မျက်စိဖြင့် မမြင်မတွေ့ရဟု မရှိဟု ဆိုကြမည် ဆိုလျှင်- ကျွန်တော် ငယ်စဉ်- က အီကွေတာမျဉ်းကို နားလည် ခဲ့မိသည့် အနေအထားပင် ရှိနေကြ ပါလိမ့်မည်။

အားလုံး ချမ်းမြေ့ပါစေ။
နျူမာန် (မိုးတား)

Article source: http://www.motaa.info/2012/08/blog-post_11.html

image source: http://decodehindumythology.blogspot.com/

ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးတွင် တစ်ပါး ပါဝင်သည့် ဘောရောဗုဒ္ဓေါ ဘုရားကျောင်း


ဘောရောဗုဒ္ဓေါ ဘုရားကျောင်းကို လေ့လာ ခဲ့ကြသော ကျွမ်းကျင်သူများက သူတို့၏ အမြင်ကို တစ်ယောက် တစ်မျိုးစီ ဖော်ပြ ပေးခဲ့ကြသည်။
ဘားနက်ကမ်းပါးစ် (Bernet Kempers)က ''ဘောရော ဗုဒ္ဓေါဟာ ဘောရော ဗုဒ္ဓေါပါပဲ'' ဟု ဆိုသည်။ အဓိပ္ပာယ်မှာ သူ့နည်းလမ်း နှင့်သူ    အလွန် ထူးခြားနေကြောင်း၊  နောက်တစ်ဦးက  ဘောရောဗုဒ္ဓေါ ဘုရားကျောင်းကို အလွန်ကြီးမားသည့် ကြာပဒုမ္မာသည် ပွင့်အန်လာတော့မည့် အခြေအနေ အဆင့်ရှိနေပြီး ရေကန် တစ်ကန်ထဲမှာ ပေါလော မျောနေဟန် ဖြစ်ကြောင်း နီအူဝင်ကမ့် (Nieuwenkamp) က အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ 
  ၎င်း၏ စိတ်ကူးကို ၁၉၈၇ ခုနှစ်တွင် အင်ရန်ကူတီ (N Rangkuti)က ထောက်ခံခဲ့သည်။  ကောင်းကင်ထဲမှ ကြည့်လျှင် ဘောရောဗုဒ္ဓေါ သည် ပေါလော မျောနေ ဟန် တွေ့ရသည်ဟု ဆိုသည်။ ဘူမိဗေဒဆိုင်ရာ လေ့လာမှုများ အရ ဘော ရောဗုဒ္ဓေါ ရှိနေသည့် နေရာသည် တစ်ချိန်တုန်းက ဧရာမ ရေကန်ကြီး တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက သက်သေ ပြုပေးနိုင်ခဲ့သည်။  ဘောရောဗုဒ္ဓေါ၏   ပတ်ဝန်းကျင် ရွာအများဆုံးသည် ပင်လယ်ရေ မျက်နှာပြင်၏ အထက် အမြင့်တူတွင် ရှိနေကြပေသည်။ အဆိုပါ ကုန်းမြင့်ပေါ်တွင် ပေါဝမ် (Pawon) နှင့် မန်ဒွတ်ဘုရားကျောင်း (Mendut) များ လည်း တည်ရှိနေခဲ့ကြသည်။ ဤသို့အား ဖြင့် အဆိုပါ ဧရိယာသည် ရေကန်၏ မျက်နှာပြင်ညီ အမြင့် ၂၃၅ မီတာ၏ အောက်တွင် ရှိနေခဲ့ကြပေသည်။
အေဒီ ၈၄၂ ခုနှစ်က ရေးထိုးခဲ့သည့် ကျောက်စာကို အခြေခံ၍   ဘောရော ဗုဒ္ဓေါ ကျောင်းတော်ကြီးသည် တစ်ချိန်တုန်းက ဝတ်ပြုဆုတောင်း ရာ နေရာတစ်ခု ဖြစ်ကြောင်း ကာ့ပါရစ် (Casparis) က အကြံပြုထားသည်။ ကျောက်စာတွင် ''Kawulani   Bhumi   Sambhara''             ''ကောဝုလန်နီ ဘူမိသမ္ဘာရ'' ဟု ရေးထိုး ထားသဖြင့် ကောဝုလန် (Kawulan)၏ မူလ အဓိပ္ပာယ်မှာ မြင့်မြတ်ခြင်း၊ အထွတ်အမြတ် ဖြစ်ခြင်းဟု ဆိုလိုပေသည်။ ''Bhumi Sambhara'' ''ဘူမိသမ္ဘာရ'' သည် ဘောရောဗုဒ္ဓေါ ဒေသမှ တစ်နေရာ၏ အမည်ဖြစ်သည်။ အားလုံးကို ခြုံ၍ သုံးသပ်ရသော်   ဘောရောဗုဒ္ဓေါ ဘုရားကျောင်းသည် မြေညီကွင်းပြင်မှ ထူပါရုံဘုရား ဖြစ်သည်။ အခြား တစ်ဖက်တွင်လည်း ဘုရားကျောင်းသည် သံသရာ လွတ်မြောက်ရေး   လောကုတ္တရာသို့ မျှော်မှန်းရာ ဖြစ်ပေသည်။ ထို့ကြောင့် ကန်တော့ပုံ တည်ဆောက်ထားသည့် အဆောက်အအုံ သည်  နှစ်မျိုးဖော်ပြ ထားခြင်း ဖြစ်ကြောင်း   ပေါလ်မာ့စ် (Paul Mus) က ပြောကြားခဲ့သည်။ တစ်စုံတစ်ဦးသည်  ကျောင်းတော် အတွင်း ရောက်ရှိနေလျှင် ပိတ်ထားသော ကမ္ဘာ ''Closed World'' အဖြစ် ခံစားရပေမည်။ ထို့နောက် အတွင်းနံရံများ ပေါ်တွင် မျက်နှာပြင် အညီမှ ရုပ်ကြွထုလုပ် ပုံသွန်းရုပ်များကို မြင်တွေ့ရမည်။ ထို့ ပြင် ဝရန်တာများသည် အမြဲတမ်း စတု ရန်းပုံ ဆောင်နေကြ၍ ဘုရားကျောင်း၏ အခြားတစ်ဖက်သို့ အထပ်အလွှာ တစ်နေရာထဲတွင် ရှိနေစေကာမူ မြင်တွေ့ နိုင်ခြင်း မရှိပေ။   ဝိုင်းပတ်နေသော စင်္ကြံပေါ်တွင် ရောက်ရှိနေသူသည် အဆိုပါ အထပ်အလွှာ၏  ရှုခင်းကို      ကျယ်ကျယ်ပြန့်ပြန့် မြင်ရမည် ဖြစ်သော်လည်း အောက်အဆင့်နှင့် အပေါ်အဆင့်သို့ မြင်နိုင်မည် မဟုတ်ပေ။ ပိန်းပိတ် နေသည့် အသွင်သဏ္ဌာန် ဆောင်ထားခြင်းသည် နည်းပညာ ဆိုင်ရာ ရည်ညွှန်းမှု မဟုတ်ဘဲ  ဘာသာရေး ဆိုင်ရာ အယူအဆအရ    တည်ဆောက် ထားခြင်း ဖြစ်ကြောင်း အခြား ကျွမ်းကျင်သူများက အကြံပြုထားသည်။
ဘောရောဗုဒ္ဓေါ ဘုရားကျောင်းတော်ကြီးကို ရှစ်ရာစုနှစ်က စန်မာရတ်တန်ဂါ့ (Sanmaratungga) က တည်ဆောက်ထားပြီး ၎င်းသည် ဗုဒ္ဓဘာသာ မဟာယ နဂိုဏ်းဝင် ဖြစ်သည်။ ၁၈၁၄ ခုနှစ်တွင် ဘောရောဗုဒ္ဓေါ ဘုရားကျောင်း အကြောင်းကို ဆာသောမတ်စ် စတင်ဖို့ ရာဖေးလ်စ် (Sir Thomas Stanford Raffles)က ဖော်ထုတ် ပေးခဲ့သည်။ ကျောင်းတော်ကြီးသည် ထိုစဉ်က ပျက်စီး ယိုယွင်းလျက် ရှိနေပြီး မြေကြီးထဲတွင် မြုပ်နေသည်ဟု ဆိုသည်။
အဆောက်အအုံကြီး၏ အလုံးစုံ အမြင့်သည် ၄၂ မီတာရှိသည်။ သို့သော်လည်း ပြန်လည် ပြုပြင်လိုက်သော အခါ ၃၄ ဒသမ ၅ မီတာသာ ရှိတော့သည်။ ၎င်း၏ အတိုင်းအတာသည် ၁၂၃ x ၁၂၃ မီတာ (စတုရန်းမီတာ ၁၅၁၂၉) ရှိသည်။ ၁ဝ ထပ်ရှိကာ ပထမထပ်မှ ခြောက်လွှာအထိ စတုရန်းပုံ တည်ဆောက် ထား၍ ခုနစ်လွှာမှ ၁ဝ လွှာအထိ အ ဝိုင်းပုံစံ ရှိနေပေသည်။
ဘောရောဗုဒ္ဓေါ ဘုရားကျောင်းတော်ကြီးသည် အရှေ့ဘက်သို့ မျက်နှာမူထားပြီး နှစ်မီတာ အကျယ်စီ ရှိသော အကွက်အကန့် ၁၄၆ဝ ခုရှိသည်။   နံရံများ အားလုံး၏ အရွယ်အစားသည် စတုရန်း မီတာ ၂၅ဝဝရှိကာ ရုပ်ကြွ ပုံသွန်းရုပ်များကို အပြည့် ထုလုပ်ထားကြောင်း တွေ့ရ သည်။ အဆိုပါရုပ်ကြွ ပါသော အကွက်များမှာ ၁၂၁၂ ခုရှိသည်။ စစ်ဆေး ရေတွက်ကြည့်ပြီး ဗုဒ္ဓရုပ်တုတော် ၅ဝ၄ ဆူ ရှိနေရာ အကောင်းပကတိနှင့် အပျက်အစီးများ   အပါအဝင်ဖြစ်ကြ
သည်။  အဆိုပါ ကျောင်းတော်ကြီးကို ၁၉ဝ၅ ခုနှစ်မှ ၁၉၁ဝ ပြည့်နှစ်အထိ ပထမဆုံး အကြိမ် ပြုပြင်ခဲ့ပြီး  နောက်ဆုံးအကြိမ် အဖြစ် ၁၉၇၃ ခုနှစ်မှ  ၁၉၈၃ ခုနှစ်အထိ ထပ်မံပြုပြင် မွမ်းမံခဲ့ကြောင်း  သိရသည်။
ဘောရောဗုဒ္ဓေါ အကြောင်း
သိကောင်းစရာ
အဆောက်အအုံကြီးကို တောင်ကုန်း တစ်ခုပေါ်တွင် စတုရန်း ၅၅ဝဝဝ မီ တာ၊ မီးတောင်ချော်မှ ဖြစ်သော ကျောက်တုံးများကို ဆင့်ထားသည့် ပုံစံဖြင့် စတုဂံပုံ ခြောက်ထပ်၊ အဝိုင်းပုံ လှေကားထစ် သုံးခု၊ အလယ်တွင် စေတီပုံကို ထိပ်အထိ တည်ထားသည်။ အားလုံးခြုံငုံ၍ ကြည့်လျှင်  ဗုဒ္ဓ၏ အထွတ်အမြတ်   ကြာပဒုမ္မာ တစ်ပွင့်ပုံစံ   ဆောက်ထား သည့် အဆောက်အအုံကြီး ဖြစ်ပေသည်။
ပတ်လည်သို့ လှည့်ပတ်၍ မျက်နှာမူ ထားသည့် တင်ပလ္လင်ခွေ ဗုဒ္ဓရုပ်တုတော် ၉၂ ဆူနှင့် ရုပ်ကြွ ရုပ်တုတော် အဆူ  ၁၄၆ဝ ရှိသည်။ အောက်ဆုံး အဆင့်တွင် ရုပ်ကြွ ၁၆ဝ ဆူရှိသည်။ အလယ်အဆင့်တွင်  ဗုဒ္ဓ၏ဖြစ်စဉ် ဇာတ်နိပါတ်တော် များကို ပုံဖော် ပေးထားသည်။ အမြင့်ဆုံး နေရာတွင် ရုပ်ကြွများသော် လည်းကောင်း၊ အလှဆင်ထား ခြင်းသော် လည်းကောင်း မရှိဘဲ လသာ ဆောင်တစ်ခုရှိပြီး စတုရန်းပုံနှင့်နံရံများ  စသည့် အဝိုင်းပုံ ဖြစ် သည်။ စက်ဝိုင်းသည်  အစမရှိ၊ အဆုံးလည်း မရှိပေ။  ဤနေရာတွင် စေတီပေါင်း ၉၂ ဆူ၊ အတွင်းစေတီ တစ်ဆူချင်းစီတွင် တင်ပလ္လင်ခွေ ဗုဒ္ဓ ဆင်းတုတော် တစ်ဆူစီ ထည့်သွင်း ပေးထားသည်။
ဗုဒ္ဓဆင်းတုတော်များအားလုံးသည် ဘူမိဖဿမုဒြာဟန်များဖြင့် မဟာပထဝီ မြေကြီးကို သက်သေ ပြုနေဟန်၊ မြတ်စွာ ဘုရား၏ တရားဟောနေ ဟန်ဖြစ်သည်။
 ဘောရောဗုဒ္ဓေါ စေတီတော်ကြီးသည်  ဗုဒ္ဓဘာသာဝင် တို့၏ အမြင့်မြတ်ဆုံးသော  သင်္ကေတ လက္ခဏာ ဆောင်ထားသည့် အပြင်  စကြဝဠာ တစ်တိုက်လုံး ၏  ကိုယ်ပွားလည်း ဖြစ်သည်။ ဗောဓိ သတ္တဘုရားလောင်း ဘဝဖြစ်စဉ် ဇာတ်ကြီး ၁ဝ ဘွဲ့ကို  ဖော်ပြထားပြီး မြတ်စွာ ဘုရား၏   သဗ္ဗညုတ ဉာဏ်အလင်း ဆောင်ခဲ့ပုံကို ဖော်ညွှန်းထားခြင်း ဖြစ်ပေ သည်။