This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Tuesday, April 10, 2012
မေတ္တာရပ်ခံခြင်း NLD
မေတ္တာရပ်ခံခြင်း
NLD နှင့် သက်ဆိုင်သည့် တံဆိပ် အလံ စသည်တို့ကို ရေပက်ခံထွက်ရာတွင်လည်းကေါင်း   ရေကစားမဏ္ဍတ်များတွင်လည်းကောင်း
အသုံးပပြုပါရန်NLD မှမေတ္တာရပ်ခံထားပါသည်
မိမိ အလွန်တန်ဖိုးထားသည့် တံဆိပ် အလံ တို့သည် ပေါ့ပျက် သိမ်ဖျင်းမသွားစေလိုပါ
Dry scaling skin အရေပြား ခြောက်ကွာခြင်းကို ကာကွယ်ခြင်း
Posted: 10 Apr 2012 01:54 AM PDT
ကျွန်တော်ရဲ့ လက်တွေက ခဏခဏ အရည်ခွံလဲပါတယ်။ ပြီးတော့ ဖနောင့်တွေကလည်း ကွဲပါတယ်။ အဲလိုကွဲတော့ ခွာမိရာကနေ ဖနောင်က လမ်းလျောက်ရင်လဲနာပါတယ်။ ရန်ကုန်ကပါ။ ဘာဆေး သောက်ရမလဲညွန်ပေးပါ။ ခြေဆီ လက်ဆီတွေကလည်း ထွက်ရင်သူများထက် ပိုထွက်ပါတယ်။ မထွက်ရင်လဲ အရေပြားက  ခြောက်ကပ်ပြီး အရေခွံတွေ ကွာပါတယ်။ ဝမ်းလဲ အရမ်းချုပ်ပါတယ်။ ရေလဲ များများသောက်ပါတယ်။ ဘာဆေးသောက်ရမလဲ ညွန်ပေးပါ။
လူ့အရေပြားဟာ အမြဲမပြတ် အသစ်အသစ် ဖြစ်လာနေတယ်။ သေသွားတာတွေကို အသစ်တွေက အစားထိုးနေတယ်။ သွေးနီဥက ရက် ၁၂ဝ ရှင်တယ်။ အရေပြား ၃ ထပ်ရှိတဲ့အထဲမှာ အပေါ်ဆုံးလွှာက ၂၈ ရက်တခါ အသစ်ဖြစ်လာနေတယ်။ ပုံမှန်ဖြစ်နေကြထက် ဆိုးတာလဲ ဖြစ်တတ်တယ်။ နေရောင်၊ ပတ်ဝန်းကျင်၊ အစားအသောက်၊ ရောဂါပိုး တမျိုးမျိုးကြောင့်ပါ။ တခါတလေ နေလောင်ရင်ဖြစ်၊ တခါတလေ သိပ်အေးချိန်ဖြစ်တယ်။ တချို့ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေကြောင့်လဲ ဖြစ်တယ်။ တချို့ကြ Allergy ရလို့၊ တချို့က အလှအပ အသုံး အဆောင်တွေကနေ ဖြစ်တယ်။ ဆပ်ပြာ အပြင်းတွေကနေ ဖြစ်လို့ ကြာရင် Eczema နှင်းကူနာ လာဖြစ်နိုင်တယ်။
• ဆပ်ပြာ ပြင်းတာ မသုံးနဲ့။ ရေသိပ်ပူတာ မချိုးနဲ့။
• ရေ တနေ့ ၂-၃ လီတာ သောက်ပါ။
• ကွာနေတဲ့နေရာကို အတင်း ခွါတာ၊ တိုက်ပြစ်တာ မလုပ်ပါနဲ့။ ရေ၊ ဆာခါးရည်၊ အုတ်စပါးရည် စတာသုံး၊ စိုထိုင်း စေပြီးမှ ခွါပါ။ Moisturizing cream or lotion သုံးနိုင်တယ်။
• အလှဆီ စစ်တာ လိမ်းပါ။ Honey ပျားရည်။ Olive oil သံလွင်ဆီ၊
• Tomato Juice နေလောက်လို့ဖြစ်တာကို ခရမ်းချဉ်သီးအရည် သုံးကြတယ်။
• Sunscreen လဲသုံးနိုင်တယ်။
• Cucumber သခွါးသီး မပါမပြီးဘူး။
• Massage နှိပ်နယ်တာလဲ လုပ်ပါတယ်။
• ခြေအိတ်-လက်အိတ်-ဖိနပ် ကြပ်တာ မကောင်းဘူး။
• ကျန်းမာစေတဲ့ မျှတတဲ့ အစားအစာစားပါ။ Vitamins A, B, C နဲ့ Iron သံဓါတ်နဲ့ Iodine အိုင်အိုဒင်း။
• Vitamin A များတဲ့အစာတွေက Cream (ခရင်မ်)၊ Butter ထောပတ်၊ Fish liver oils ငါးကြီးဆီ၊ Eggs ဥ၊ Carrots မုံလာဥနီ၊ Vitamin A များသွားရင်လဲ အဲလိုလာဖြစ်သေးတယ်။
• Vitamin B များတဲ့အစာတွေက Meat အသား၊ Yeast (ရိစ်)၊ Cereal grains ပြောင်း-ပြောင်းဖူး-ကောက်နှံ၊ Liver အသဲ၊ Eggs ဥ၊ Cheese ဒိန်ခဲ၊ Milk နွားနို့၊
• Vitamin C များတဲ့အစာတွေက Citrus fruits ချဉ်တဲ့အသီး၊ Tomatoes ခရမ်းချဉ်းသီး၊
• Proteins များတဲ့အစာတွေက Meat အသား၊ Fish ငါး၊ Cereals ပြောင်း-ပြောင်းဖူး-ကောက်နှံ၊ Dairy products နို့ထွက်အစာ၊ Nuts အစေ့အဆံ၊ Lentils ပဲနီလေး၊ Pulses ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊
• Iron များတဲ့အစာတွေက Red meat အသား၊ Almonds မက်မွန်၊ Beans ပဲတောင့်၊ Broccoli မုံလာစိမ်း၊ Kidney beans ဗိုလ်စားပဲ၊ peas ပဲမျိုးစုံ၊ Raisins စပျစ်သီးခြောက်။ Rice ဆံ၊
နာမည်ရှိတဲ့ ရောဂါတွေ
1. Peeling Skin Syndrome ရှားပါးတဲ့ မျိုးဗီဇကနေလဲ တသက်လုံး ဖြစ်နေတယ်။
2. Exfoliative Dermatitis အရေပြား ရောင်တဲ့ရောဂါ။ အရေပြားကွာတဲ့အပြင် နီနေ၊ နာလာတာမျိုး။
3. Kawasaki Disease အရေပြားကွာ၊ နီနေ၊ နာလာ၊ ရောင်တာ၊ အရောင်ပြောင်း၊ မေး-လည်ပင်းက တက်စေ့တွေ ရောင်၊ ကလေးတွေ အဖြစ်များ။
4. Netherton syndrome မျိုးဗီဇရောဂါ၊ အရေပြားကွာ၊ နီ၊ နာ၊ ရောင်၊ ခြောက်သွေ့၊ အလာဂျီရ၊ ဆံပင်ကျွတ်။
5. Neurodermatitis ဘာလို့မှန်းမသိ ဖြစ်တာ၊ Allergic dermatitis မတည့်တာကနေ ဖြစ်တာနဲ့ Contact dermatitis ထိတွေမှု ကြာရာက ဖြစ်တာတွေကို Topical steroid compounds စတီရွိုက်ဆေး လိမ်းရမယ်။
6. Athlete's foot (Tinea pedis) ခြေထောက်မှာဖြစ်တဲ့ မှို fungal infection ရောဂါဖြစ်တယ်။ အရေကွာ၊ နီ၊ ယား၊ ပူလောင်၊ အရည်ဖုထွက်၊ နာမယ်။ အားကစားဖိနပ် အကြာကြီး စီးထားရသူတွေမှာ ဖြစ်တယ်။ အထဲမှာ စိုထိုင်း နေတာကို မှိုက ကြိုက်တယ်။ ရေချိုးခန်းတွေထဲမှာ မှိုရှိနေလို့။ အမျိုး လေးမျိုးထဲက Trichophyton rubrum က အဖြစ်အများဆုံး။ Topical antifungal medication ဆေးလိမ်းရတယ်။ ခြေထောက်မှာ လာဖြစ်တာက Athlete's foot ကစားသမား ခြေထောက်ရောဂါ ဖြစ်နေနိုင်တယ်။ မှိုထပ်ဝင်တာလဲ ပါနိုင်တယ်။
7. Psoriasis ရောဂါလဲ စဉ်းစားရမယ်။ ခွါရင် အပ်ပေါက်က ထွက်သလို သွေးထွက်တယ်။ ပြည်လဲထွက်နိုင်တယ်။
8. Jock Itch (Tinea cruris) မှို နောက်တမျိုးကနေ ဖြစ်တယ်။ ပေါင်၊ ပေါင်ခြံ၊ ကပ်ပဲ့အိပ်၊ စအိုဘေး၊ တင်ပါး နေရာတွေမှာ များတယ်။ နီနေမယ်၊ ဘေးမှာ ကွင်းလိုလိုဖြစ်တယ်။ အလွန် ယားတယ်။ Topical antifungal ဆေးလိမ်းရတယ်။
9. Ringworm (Tinea corporis) ပွေး၊ နေရာတကာမှာ ဖြစ်တယ်။ အနားသတ်သတ် ရှိတယ်။ မြေပုံလိုဘဲ။ နီ၊ ယား၊ Lamisil, Micatin, Monistat-Derm, Lotrimin, Mycelex, Ring Guard လိမ်းဆေး လိမ်းရမယ်။
10. Yeast Infections (Cutaneous candidiasis) (ရိစ်) မှိုနဲ့တူတဲ့ ရောဂါ၊ နီ၊ ယား၊ နေရာတကာဖြစ်တယ်။ ဝတဲ့သူ ပိုဖြစ်တယ်။ ချိုင်း၊ ပေါင်ခြံ အဖြစ်များတယ်။ ပဋိဇီဝဆေး ပေးနေတုံးလဲ ဖြစ်တတ်တယ်။ ကလေး (ဒိုင်ယ်ပါ) ကနေလဲ ဖြစ်တတ်တယ်။ ပါးစပ်၊ လက်သည်း-ခြေသည်း၊ နီရဲ၊ ယား၊ အရည်-ပြည်ထွက်၊ နာ၊ အနာ၊ ရောင်၊ မွေးလမ်းမှာ ဖြစ်ရင် အဖြူ-အဝါရည်ဆင်း၊ ယား၊ နီရဲ၊ ပူလောင်၊
“Fungus မှိုရောဂါများ” နဲ့ တွဲဖတ်ပါ။
Dr. တင့်ဆွေ
၁၅-၁-၂ဝ၁၁
FWD Mail
Urinary tract infection ဆီးခဏခဏအောင့်လို့ပါ (ဆေးပညာဗဟုသုတလေးပါ...)
ဆေးပညာဗဟုသုတလေးတစ်ခုပါ အထူးသဖြင့်အမျိုးသမီးတွေဖတ်သင့်ပါတယ်။အင်တာနက်ချစ်သူ မှတဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်.......
ကျွန်မက မြန်မာပြည်မှာ မဟုတ်ပါဘူး။ အသက် ၃၁ နှစ် ထဲမှာပါ။ အိမ်ထောင်ကျတာ ၄ နှစ် ရှိပါတယ်။ ဒီဝေဒနာကို အိမ်ထောင်
မကျခင်ကတည်းက ခံစားရတာပါ။ ခဏခဏ ဆီးကျင်ပါတယ်။ အဲ့လို ဖြစ်ရင် ဆီးစပ်ကလဲ
အောင့်ပါတယ်။
ဆောင့်ကြောင့် ထိုင်မိလို့ ချက်ချင်း ပြန်ထရင် ဆီးစပ်က မခံမရပ်နိုင်အောင် အောင့်ပါတယ်။ ဆီးသွားတဲ့အခါလဲ အင်္ဂါစပ်က လိုလို အထဲကလိုလို
ပူသလိုလို စူးသလိုလို ဘယ်လိုကြီးမှန်းကို မသိပါဘူး ခံစားရပါတယ်။ အလုပ်ကနေလဲ ခွင့်
ခဏခဏ ယူရပါတယ်။ ဆေးခန်း သွားပြတိုင်း သူတို့က ပိုးဝင်တယ်လို့ ပြောပါတယ်။ Antibiotic
တွေ သောက်ရပါတယ်။ သက်သာတဲ့အခါ ရှိသလို မသက်သာတဲ့ အခါလဲ ရှိပါတယ်။ နေပူထဲ သွားရင်လဲ
ဆီးကျင်ပါတယ်။ ရေလဲ သူများထက်ကို ပိုသောက်ပါတယ်။ ရေသောက်တာ များလွန်းလို့ လူကလဲ
ဝနေပါတယ်။ ညညဆိုလဲ ရေသောက်ပြီးမှ အိပ်ရပါတယ်။ တကယ်လို့ ညဘက်တွေ ဆီးထထ မသွားရင်
မနက်နိုးလာရင် ဆီးကျင်ပါတယ်။ အဲ့လို ဆီးသွားပြီးတိုင်းလဲ ရေပြန်သောက် ရပါတယ်။
တစ်ညကို ၂ ခါ ၃ ခါ ထပြီး ဆီးသွားရပါတယ်။ ဆီးကျင်တဲ့ အခါမျိုးမှာ ကျွန်မ
အတွင်းခံတောင် မ၀တ်နိုင်ပါဘူး။ လူကလဲ အရမ်းကို မောပြီး
နုံးပါတယ်။
အမျိုးသားနဲ့ ဆက်ဆံတဲ့ အခါမှာလဲ အခါတိုင်းနီးပါးလိုလို ဆက်ဆံပြီးတိုင်း ဆီးကျင်ခြင်းကို ခံစားရပါတယ်။ တစ်ခါတစ်ခါ အမျိုးသားနဲ့
မဆက်ဆံဖြစ်တာ တော်တော်ကို ကြာသွားတတ်ပါတယ်။ တစ်ပတ်မှာ တစ်ခါတောင် မနေဖြစ်ပါဘူး။
တစ်ခါ တစ်ခါ လနဲ့ချီပါတယ်။ အဲ့လိုမျိုးတွေ ဖြစ်နေလို့  အမျိုးသားလဲ ကျွန်မ အပေါ်မှာ
စိတ်ပျက်သွားမှာ စိုးမိပါတယ်။ ဒီလို ဝေဒနာ ခံစားရတဲ့ အချိန်ဆိုရင် အရမ်းကို
ငိုရပါတယ်။ နာကျင်လွန်း သေချင်လောက်တဲ့ထိကို ခံစားရလွန်းလို့ ပါ။ နောက်ပြီး
ကျွန်မရဲ့ မိန်းမကိုယ်ကလဲ မကြာခဏ ယားပါတယ်။ မခံမရပ်နိုင်အောင် ယားခြင်းမျိုးလဲ
ရှိပါတယ်။ အမြဲတမ်း သန့်စင်ရည် နဲ့လဲ ဆေးပါတယ်။ တစ်ခါ တစ်ရံ အနံ့ဆိုးတဲ့
အရည်ကြည်လိုမျိုးလဲ ဆင်းပါတယ်။ ခုလို ဝေဒနာများကို နှစ်နဲ့ချီပြီး ခံစား နေရပါတယ်။
ဆေးခန်းသွားလဲ ခဏသာ သက်သာပြီး ပြန်ပြန် ဖြစ်ပါတယ်။ အနည်းဆုံး တစ်လမှာ
သုံးကြိမ်လောက် ခံစားရပါတယ်။ ဒါကြောင့် ဘယ်လို ဝေဒနာမျိုး ခံစားနေရတယ်၊ ဘာတွေ
လုပ်သင့်တယ်ဆိုတာ အကြံပေးစေလိုပါတယ်။
အဖြူဆင်းတာကို သပ်သပ်ရေးထားတာ ပါးလိုက်ပါမယ်။ Vaginal discharge (Leucorrhoea) မွေးလမ်းကြောင်းမှ
အဖြူဆင်းခြင်း
ဆီးလမ်းပိုးဝင်တာဟာ အမျိုးသမီးတိုင်း တခါမဟုတ် တခါ ဖြစ်ကြရတယ်။ အပျိုလေးတွေရော၊ အိမ်ထောင်ကျခါစ၊ ဒါမှမဟုတ် လိင်ဆက်ဆံဘူးခါစ၊
ကလေးအမေတွေ အားလုံး ဖြစ်တတ်တယ်။ အိမ်ထောင်ကျခါစ ဖြစ်တာကို Honeymoon sickness
လို့တောင် ခေါ်တယ်။
ထိပ်ဖျားက စရရင် Urethritis ဆီးလမ်းဝပြွန်ရောင်တာ၊ ဆီးအိမ်ကနေ အပြင်ထွက်စေတဲ့ပြွန် ဖြစ်တယ်။ အမျိုးသားတွေက ရှည်ပြီး၊ အမျိုးသမီးတွေမှာ
တိုတယ်။ ဒါ့ကြောင့် အပြင်ကနေပိုးက ပိုပြီးလွယ်လွယ်နဲ့ ၀င်လာစေနိုင်တယ်။ STD
လိင်ကတဆင့် ကူးစက်ပိုးတွေ အပါအ၀င် တခြား ပိုးတွေလည်း ဖြစ်နိုင်တယ်။ ပိုးဆိုတာ
ဗက်တီးရီးယား၊ ဖန်းဂတ်စ်၊ ဗိုင်းရပ်စ် စုံတယ်။ စအိုနဲ့ နီးလို့ အစာလမ်းကပိုး
ဆီးလမ်းကို ၀င်လာတာလည်း ဖြစ်နိုင်တယ်။ ဒါမျိုးက ယောက်ျားတွေမှာ အဖြစ်နည်းတယ်။
အမျိုးသမီး တွေမှာ ဆီးလမ်းဝပြွန်ရောင်ရာကနေ Cystitis ဆီးအိမ်ပါ ရောင်လာစေတတ်တယ်။
လိင်ဆက်ဆံဖက် အဖေါ်ကိုပါ ကူးစက်နိုင်တယ်။
STD ထဲက Gonorrhea (ဂနိုရီးယား) ယောက်ျားမှာ အဖြစ်များတယ်။ အမျိုးသမီးတွေမှာလည်း Urethra ဆီးထွက်ပြွန်၊ Vagina
မွေးလမ်းကြောင်း၊ Cervix သားအိမ်ဝ၊ Uterus သားအိမ်၊ Ovaries and Fallopian tubes
မျိုးဥအိမ်နဲ့ သားအိမ်ပြွန် တွေအထိ ရောက်နိုင်တယ်။ Chlamydia နဲ့ Herpes simplex
virus တွေလည်းဖြစ်တယ်။ Trichomonas ဆိုတဲ့ Parasite (ပါရာဆိုက်)
ကလည်းဖြစ်စေနိုင်တယ်။ Escherichia coli ဗက်တီးရီးယား
ကြောင့်လည်းဖြစ်တယ်။
လက္ခဏာတွေကတော့ ဆီးသွားရင် နာမယ်၊ ဆီးပူမယ်။ ဆီးခဏခဏ သွားခြင်မယ်၊ ဆီးကို ဒရောသောပါး သွားခြင်မယ်။
ရောဂါလက္ခဏာ မပေါ်ဘဲ ပိုးရှိနေနိုင်တယ်။ Gonorrhea နဲ့ Chlamydia ကြောင့်ဆိုရင် ယောက်ျားမှာ တခုခုပါ
ဆင်းနိုင်တယ်။ ဆေးမကုဘဲထားရင်၊ ဆေးပါတ်မလည်ရင် Urethra ကျဉ်းသွားစေတတ်တယ်။
ပြည်ထွက်လာနိုင်တယ်။ နောက်ပိုင်း အထက်တက်ပြီး Bladder ဆီးအိမ်၊ Kidneys
ကျောက်ကပ်တွေ ရောင်လာနိုင်တယ်။
Medication ဆီးလမ်းပိုးဝင်ခြင်းအတွက် ဆေးများ
• ယောက်ျားတွေ STD ဖြစ်ရင် Gonorrhea အတွက် Injection Ceftriaxone နဲ့ Chlamydia အတွက် Azithromycin ဒါမှမဟုတ် Doxycycline သောက်ရမယ်။ တခြားပိုးဆိုရင်
Septein ဒါမှမဟုတ် Ciprofloxacin ဆေး သောက်ခိုင်းတယ်။ ဗိုင်းရပ်စ် ဆိုရင် Acyclovir
ပေးတယ်။
• လိင်ဆက်ဆံပြီးရင်တောင်မှ ပဋိဇီဝဆေး တကြိမ်သောက်ဘို့ ညွှန်တယ်။ ဆီးအောင့်တယ်လို့ ခံစားရရင် ၂-၃ ရက်ဆက် သောက်ရမယ်။
• အမျိုးသမီးတွေ Cystitis ဆီးအိမ်ရောင်ရင် Antibiotic ပဋိဇီဝဆေးတွေ ပေးရတယ်။
o Co-trimoxazole = Septrin (Trimethoprim 160 mg + Sulfamethoxazole 800 mg) 1 tablet 2 times a day for 4-5
days or ဆေးပြား တနေ့ ၂ ကြိမ်၊ ၄-၅ ရက်၊ ဒါမှမဟုတ်
o Nitrofurantoin 100 mg ၁ ပြား ၂-၄ ကြိမ်၊ ၇ ရက်၊ ဒါမှမဟုတ်
o Amoxacilin 500 mg တနေ့ ၂ ကြိမ်၊ ၄-၅ ရက်၊ ဒါမှမဟုတ်
o Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၄-၅ ရက်၊ ဒါမှမဟုတ်
o လိင်ဆက်ဆံဘက် အသစ်ကနေဖြစ်ရင် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၀ ရက်။
• လေနာဆေး Antacid (Magnesium hydroxide) tablet ကို တခါသောက် ၁ ပြား တနေ့ ၃ ကြိမ်၊
ဆီး အက်စစ်ဓါတ်နည်းအောင်ပေးသေးတယ်။
• နာတာ သက်သာအောင် Hyoscine (Spasmogin or Buscopan) ကို တခါသောက် ၁ ပြား တနေ့ ၂-၃ ကြိမ်၊
ဆီးမှာ ပိုးဝင်နေ-မနေကို Dipsticks နည်းနဲ့ အိမ်မှာတင် အလွယ်စမ်းနိုင်တယ်။ အိပ်ရာထသွားတဲ့ဆီးကို စစ်ရင် ၉၀%
မှန်တယ်။ ဗက်တီးရီးယားကနေ ထွက်တဲ့ Nitrite ပါနေ-မနေ
စစ်တာပါ။
ဆီးသွားခြင်စိတ်ရှိရင် သွားလိုက်ပါ။ ဆီး-၀မ်းသွားပြီး ရေဆေးရင် လက်ကို ရှေ့ကနေ နောက်ဆီသာ တဖက်သပ် သွားနည်း သုံးပါ။ ရေချိုးတာကို အပေါ်ကနေ
ရေကျတဲ့နည်း သုံးပါ၊ ရေချိုးစည်ထဲမှာ ချိုးတာ မကောင်းပါ။ လိင်မဆက်ဆံမီ ရေဆေးပါ။
အမျိုးသမီးသုံး Feminine hygiene sprays and scented douches ဆိုတာတွေ
မသုံးပါနဲ့။
ဆီးလမ်းပိုးဝင်နေသတွေ အက်စစ်များအစာတွေ၊ အပူ-အစပ် ရှောင်ရတယ်၊ ဆေးလိပ်ဖြတ်ရမယ်။
• Cranberry ဖျော်ရည် သောက်ပါ။ Natural cherry juice ချယ်ရီဖျော်ရည် အိမ်မှာဖျော်သောက်ပါ။ Apple Cider Vinegar ပန်းသီးဖျော်ရည်
သောက်ပါ။
• Water ရေ များများ သောက်ပါ။
• အသား၊ ငါး၊ အသဲ၊ ဥ၊ အရက်၊ ဘီယာ၊ ၀ိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ Grains, Beans, Corn, Cranberries, Prunes,
Plums, Yeast, Sour cream, Butter milk, Yoghurt အက်စစ်ဓါတ် များစေပါတယ်။
• Lentils, Legumes, Asparagus, Cauliflower, Mushrooms, Spinach တွေကို အသင့်အတင့်
စားနိုင်တယ်။
• Citrus fruits, Legumes, Bananas, Apples, Celery, Tomatoes တွေက အက်စစ်နည်းတယ်။
• အက်စစ်နည်းတဲ့ Citrus fruits တွေကတော့ လိမ်မော်၊ သံပုရာ၊ ရှောက်၊ ကမ္ဗလာသီးတို့ ဖြစ်တယ်။ ဒါ့အပြင် အိန္ဒိယက Key Lime, Citron, Wild Orange
မလေးရှားက Pomelo တရုပ်က Mandarin Orange ကိုရီးယားက Trifoliate Orange သြစတေးလျက
Round Lime တွေလည်း ပါတယ်။
• Processed syrups (Packaged fruit juices, Sauces, pickles and artificial sweeteners) တွေကို အက်စစ် များနေသူတွေ
ရှောင်သင့်တယ်။
Dr. တင့်ဆွေ
၆-၁၂-၂၀၁၀
အနာဂတ်ကြယ်ပွင့်လေးများ: http://www.futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A338366&xgs=1&xg_source=msg_share_post#ixzz1rdHimYFm
အလွယ်ကူဆုံး ဝိတ်ချနည်းများ
အလွယ်ကူဆုံး ဝိတ်ချနည်းများ
ခန္ဓာကိုယ် အလေးချိန်ကျစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဟာ အဓိက ကျလှပါတယ်။
ဇီဝရုပ်ဖြစ်ပျက်မှုဆိုတာ
ခန္ဓာကိုယ်ရဲ့ ကယ်လိုရီကို လောင် ကျွမ်းစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက် မှု ကောင်းတာကြောင့် အဆီတွေကို လောင်ကျွမ်းစေနိုင်ကာ ခန္ဓာကိုယ် အ လေးအချိန်ကို ထိန်းရာရောက်စေပါတယ်။ ခန္ဓာကိုယ်အတွက် ဇီဝရုပ်ဖြစ် ပျက် မှုကိုကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ဘဝနေထိုင်မှု ပုံစံလို အပ်ပါတယ်။ ကျန်း မာတဲ့ဘဝနေ ထိုင်မှုဖြစ်ဖို့လေ့ လာကြည့်ပါ။
ကောင်းမွန်သော နံနက်စာ
မနက်စာစားဖို့ပြောတာက လွယ်ပါ တယ်။ မစားမိတာက ပြဿနာပါ။ မနက် စာထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ တာကို စားသုံးပေး တာကြောင့်နောက် ထပ်တစ်နပ်စားသုံးဖို့ကို အရမ်းကြီး မစား မိအောင် အစားထိန်းသိမ်းမှု အကျင့်ကို ရစေတဲ့အပြင် သင့်ဦးနှောက် ကိုလည်း စွမ်းအင်ရရှိစေပါတယ်။ မနက်စာထဲမှာ အဆီထုတ် ထားတဲ့နို့ ရှစ်အောင်စနဲ့ သစ် သီးတချို့ကို ပါဝင်အောင် နေ့စဉ်မှီ ဝဲပေးတာကြောင့် သင့်ခန္ဓာကိုယ်အ တွက် ကောင်းမွန် တဲ့ အာဟာရ ကိုဖြစ်စေပါတယ်။
လေ့ကျင့်မှု
တစ်နေ့ကို မိနစ် ၃၀ လောက် ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပါ။ လမ်းလျှောက် တာ၊ စက်ဘီးစီးတာ၊ ကခုန်တာ၊ ကြိုးခုန် တာတွေ လိုလေ့ကျင့်မှုမျိုး ကိုပြုလုပ်ပေး တာကြောင့် ခန္ဓာကိုယ်ကို တက်ကြွလန်း ဆန်းနေစေပါ တယ်။ ကိုယ်အလေးချိန် ကျချင်တာကြောင့် အချိန်ကြာ ကြာကြီး လေ့ကျင့် ခန်းတွေမ လုပ်ပါနဲ့။ လေ့ကျင့်ခန်း ကိုမိနစ် ၉၀ လောက်ပြုလုပ်ပေး ရင်လည်း အလွန်အကျွံဖြစ်သွားစေတာကြောင့် သင်ဟာခန္ဓာကိုယ် အလေးချိန် ကျအောင်လေ့ကျင့်ခန်းနဲ့ ချနေသူဆိုရင် လိုအပ်တဲ့ လေ့ကျင့် ချိန်ပမာဏကို သင့်ကျန်းမာရေး စံနှုန်းနဲ့တိုင်းတာဖို့ လေ့ကျင့်ရေးနည်းပြ ဆရာနဲ့တိုင်ပင်ပါ။
နည်းနည်းစားပါ
နေ့လယ်စာကို အဝစားထားလိုက်မယ် ဒါမှနောက်ထပ်ဗိုက်မဆာတော့မှာ လို့မတွေးပါနဲ့။ အစာကို နည်းနည်းနဲ့ မကြာခဏစားပေးတာဟာ ခန္ဓာကိုယ် လုပ်ဆောင်ချက်နဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အစားအစာနဲ့ မုန့်ပဲသရေစာတွေကို မျှတအောင်စားပေး တာကြောင့်ခန္ဓာကိုယ် တွင်းသကြားဓာတ် ကို ထိန်းချုပ်နိုင်ပါတယ်။
ကြွက်သားလေ့ကျင့်ခန်းလုပ်ပါ
ကြွက်သားတွေသန်မာစေဖို့ ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပေးဖို့လိုပါတယ်။ အလေးမလေ့ကျင့်ခန်းတွေကို ပုံမှန်ပြု လုပ်ပေးပါ။ အမေရိကန်မှ ဆီးချိုသွေးချို ဆိုင်ရာလေ့လာသူတွေက တစ်ပတ်ကိုသုံး ကြိမ်အလေးမလေ့ကျင့်ခန်းပြုလုပ်ပေး တာကြောင့် ခန္ဓာကိုယ်မှာ အင်ဆူလင်အ ဆင့် ကိုတိုးစေပြီး ခုခံအားလည်း တက်စေ တယ်လို့ဆိုပါတယ်။
ကယ်လိုရီကို လျှော့ပါ
ခန္ဓာကိုယ်အလေးချိန်ချနေချိန်မှာ ကယ်လိုရီအနည်းဆုံးဖြစ်စေမယ့် အစားအစာတွေကို စားပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်စားနေကျ အစားအစာ တွေ ထဲက အရသာတူပြီး ကယ်လိုရီပါ ဝင်မှုနည်းတဲ့အစားအစာတွေကို အစား ထိုး စားသုံးပေးပါ။ ဟင်းရွက်တွေ ကို ကြော်စားမယ့် အစား ပြုပ် စားတာမျိုး၊ သုပ်စား တာမျိုးပြုလုပ်ပါ။
ပရိုတင်းလုံလောက်ပါစေ
ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှုအ တွက်ပရိုတင်းဓာတ်လိုအပ်သလို၊ သင်က ကယ်လိုရီကို လျှော့စားနေတာဖြစ်တဲ့အ တွက်လည်း ပရိုတင်းဓာတ်ကို လုံ လောက်စွာစားသုံးပေးဖို့လိုအပ်ပါတယ်။ ပေါင် ၁၅၀ ရှိတဲ့အမျိုးသမီးတစ်ရောက် အတွက် တစ်နေ့ကို ပရိုတင်း ၅၅ ဂရမ်ရ ရှိဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် ပရိုတင်း ဓာတ်ပါဝင်တဲ့အာဟာရ ၅-၆ အောင်စ လောက် တစ်နေ့ကို စားသုံးပေးသင့်ပါတယ်။
လေ့ကျင့်မှုအဆင့်မြှင့်တင်ပါ
လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကိုတိုး ရတာမျိုးမဟုတ်ပါဘူး။ လေ့ကျင့်ခန်းပြု လုပ်ချိန် မိနစ် ၃၀ မှာ အရင်က သုံးမိုင် လောက်လမ်းလျှောက်နိုင်ခဲ့ တယ် ဆိုရင် လေ့ကျင့်ချိန်ကြာလာတာနဲ့အမျှ မိနစ် ၃၀ မှာ လေးမိုင်၊ ငါးမိုင်လောက်ထိ တိုးလာ တာမျိုးကို လေ့ကျင့်ခန်း အဆင့်မြင့်လာ တယ်လို့ဆို ပါတယ် ။လေ့ကျင့်ခန်းပြုလုပ်လို့ ကုန်ဆုံးသွားတဲ့ချွေးတွေ အတွက်ရေအလုံအလောက်ပြန် လည်သောက်သုံးပြီးရေဓာတ် ခန်းခြောက်မှုမဖြစ်အောင် ကာကွယ်ပေးပါ။
အစာမဖြတ်ပါနဲ့
ကိုယ်အလေးချိန်တက်မှာစိုးလို့ အစာလုံးဝမစားတော့ဘဲ ဖြတ်တောက် လိုက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ပုံ မှန်စားသင့်တဲ့ အာဟာရကိုတော့ စားသုံး ပေး ပါ။ ကိုယ်အလေးချိန်ကျစေတဲ့ ဆေး ဝါးတွေကို မသုံးဘဲ ကယ်လိုရီလျှော့ထား ပြီး ကိုယ်အလေးချိန်ချချင်သူတွေအ တွက်အထူးပြုလုပ်ထားတဲ့ အစားအ စာ တွေကိုတော့ စားပေးလို့ရပါတယ်။
တက်ကြွစွာနေထိုင်ပါ
လုပ်ငန်းခွင်နဲ့ သင်နေထိုင်တဲ့ပတ် ဝန်းကျင်မှာ တက်ကြွတဲ့ဟန်ပန်နဲ့အတူ ပေါ့ပါးစွာနေထိုင်ပါ။ နေ့လယ်စာစားပြီး ချိန်မှာ ရုံးပတ်ဝန်းကျင်နားမျာ ခဏတာ လမ်းလျှောက်တာမျိုး၊ လှေကားသုံးပြီး တက်တာမျိုး၊ ဖုန်းရှိရာကို လမ်းလျှောက် ပြီး သွားပြောတာမျိုးတွေနဲ့ ကိုယ်လက် လှုပ်ရှားမှုရအောင်ယူပါ။ ထိုင်ခုံမှာ အ ထိုင်များနေပြီဆိုရင်လည်း အကြောဆန့် လေ့ကျင့်ခန်းလိုမျိုးတွေကို ပြုလုပ်လေ့ ကျင့်ပေးပါ။
သဲသဲ
အနာဂတ်ကြယ်ပွင့်လေးများ: http://www.futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A338281&xgs=1&xg_source=msg_share_post#ixzz1rdGeAl8l
Sinusitis ထိပ်ကပ်နာ (သို့) ထိတ်ခပ်နာ
http://health.ngoinmyanmar.org/search/label/Sinusitis မှ ကူးယူဖေါ်ပြပါသည်။
နှာခေါင်း ကောင်းဖို့ အလွန် အရေးကြီး ပါသည်။ ညှောင်နှာနှာ နှာခေါင်းသံဖြင့် စကား ပြောလျှင်၊ လူတောထဲ နှပ် ခဏခဏ ညှစ်နေရ လျှင် ဘယ်သူမှ သဘောကျမည် မဟုတ်ပါ။ ထို့ကြောင့် နှာခေါင်း ကျန်းမာအောင် အထူး ဂရုစိုက် သင့်ပါသည်။ သီတဂူ ဆရာတော် ဘုရားက တိုသော တရား ကောင်းသည် ဟု ဟောထားတာ ကြားဘူး ပါသည်။ ကျွန်တော်လည်း အကောင်းဆုံး ရေးထား ပါသည်။
အများအားဖြင့်ကျွန်တော်တို့တတွေ ရာသီဥတု အကူး အပြောင်းတွင် နှာခေါင်း ပိတ်လို့ ပိတ်၊ နှာရည် ကျလို့ကျနဲ့ အတော်အိနြေ္ဒ ပျက်ရ ပါတယ်။ မြန်မာလို ထိပ်ကပ်နာ ဟု ခေါ်ပါသည်။ ဆေးပညာ မှာတော့ SINUSITIS ဟု ဆိုပါသည်။ sinus မှာလှိုဏ် ဟု အဓိပ္ပါယ် ရပြီး itis မှာတော့ ရောင်ရမ်းခြင်း ဟု အဓိပ္ပါယ် ရပါသည်။ ထိပ်ကပ်နာ ဖြစ်စေသော sinus များမှာ နှာခေါင်း ပတ်ဝန်း ကျင်ရှိ မျက်နှာ အရိုး တွင် ရှိသော လှိုဏ် ကလေးများ ရောင်ရမ်းခြင်း ကြောင့် ဖြစ်ပါသည်။ ၎င်း လှိုဏ်လေး များမှာ ပါးရိုး၏ အောက်၊ မျက်ခုံး နောက်နှင့် မျက်လုံး နှစ်လုံးကြား အနောက်ဘက် တို့တွင် ရှိပါသည်။
ကျွန်တော်တို့ ကျန်းမာ နေစဉ်တွင် ၎င်း လှိုဏ်လေး များမှာ လေများဖြင့် ပြည့်နေ ပါသည်။ ထိုသို့ ဖြစ်နေခြင်း ၏ အကျိုးကြောင့် ကျွန်တော် တို့ ဦးခေါင်းရိုး အား နဂို ရှိရင်း အလေးချိန် ထက် ပေါ့စေပါသည်။ ထို့ပြင် အသံအိုး မှ လာသော အသံကို သည် လှိုဏ်လေး များ နဲ့ အကြောင်း ပြုပြီး ကွဲပြားသော အသံများ ထွက်လာ ပါသည်။
SINUS လှိုဏ်လေးများတွင် ရောဂါ ဖွဲ့တည် နေပုံ ကို အောက်ပါ ပုံတွင် ရှုပါ။
ပုံမှန် sinus နှင့် ပိုးဝင်ပြီး ပြည်များဖြင့် ပြည့်နေသော sinus ကို ယှဉ်ပြထားပုံ
ဒီလှိုဏ် လေးတွေဟာ နှာခေါင်း လမ်းကြောင်းမှာ သွားပြီး ပွင့်နေ ရပါတယ်။ ဒါမှသာ ဒီ လှိုဏ်လေး တွေထဲမှာ ရှိတဲ့ လေတွေက ပြင်ပ လေနဲ့ လဲလှယ် နိုင်မှာ ဖြစ်သလို သူတို့ ထဲမှာ ရှိတဲ့ အချွဲ အကျိ အရည် တွေ ကလည်း နှာခေါင်း အတွင်းကို ကောင်းမွန်စွာ စီးကျ နိုင်မှာ ဖြစ်ပါတယ်။
အဲဒီတော့ လှိုဏ် အ၀လေးတွေ ပိတ်ပြီ ဆိုရင် လှိုဏ်နံရံ အမြှေးပါး ( sinus membrane) တွေ ယောင်ပြီးတော့ ထိပ်ကပ်နာ ရတော့ တာပါပဲ။ ဒီ အမြှေးပါး တွေ ယောင်ဖို့ ပိုပြီး အခွင့်အလမ်း ရှိတဲ့ အကြောင်းအရာ တွေ ကတော့ -
  1. အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ရောဂါပိုး ၀င်နေတဲ့ သူတွေ (ဥပမာ - တုပ်ကွေး ၊ စသဖြင့်ပေါ့)
  2. ဓာတ်မတည့် တတ်တဲ့သူတွေ (Allergic ရှိသူများ ၊ခြင်ဆေး အမွှေးတိုင် အမှုံအမွှား စသည် တို့်ဖြင့် ဓာတ်မတည့် သူများ … )
  3. ရင်ကြပ်ရောဂါ ရှိသူများ
  4. ဆေးလိပ်သောက်သူများ
  5. ဟိုမုန်း hormone အပြောင်းအလဲ ဖြစ်တဲ့ကာလ (ဥပမာ - ကိုယ်ဝန် ဆောင်စဉ်)
  6. သွေးချို ဆီးချို ရောဂါ ရှိတဲ့သူများ
  7. နှာခေါင်း အတွင်း ပြင်ပရှိ ပစ္စည်း ၀င်နေသူများ (ဥပမာ - ချိုချဉ် သကြားလုံး ပဲစေ့)
  8. ကိုကင်းရှူ သူများ
  9. အကြောင်းကြောင်းကြောင့် နှာခေါင်းပိုက် ထည့်ထား ရသူများ
  10. သွား ပြဿနာ ရှိသူများ (သွားကိုက်ခြင်း)
  11. နှာခေါင်း နဲ့ ပါး တို့တွင် ထိခိုက် ဒဏ်ရာ ရှိနေသူများ
  12. နှာခေါင်း ထဲမှာအဖုအကျိတ် တွေ ဖြစ်နေသူများ
မှာ လှိုဏ်ဝတွေ ပိတ်ပြီးတော့ ယောင်နိုင်ပါတယ်။
အကြောင်း အမျိုးမျိုးကြောင့် ဒီ လှိုဏ်ဝလေးတွေ ပိတ်ရင် လှိုဏ်(sinus) တွေ အ တွင်းမှာ bacteria တွေ ပေါက်ဖွား နိုင်ပြီးတော့ ထိပ်ကပ်နာ ဖြစ်နိုင် ပါတယ်။
၎င်းထိပ်ကပ်နာကို (၂) မျိုးခွဲပါတယ်။
  1. ခဏတဖြုတ် (အာဂန္တု) ထိပ်ကပ်နာ နှင့်
  2. နာတာရှည် ထိပ်ကပ်နာ
ရယ်လို့ နှစ်မျိုး ခွဲထားပါတယ်။
ရက်သတ္တ လေးပါတ် အောက် ဆိုရင် ခဏတဖြုတ် လို့ သတ်မှတ်ပြီး လေး ပါတ် ထက် ကျော်ရင်တော့ အကြမ်း အားဖြင့် နာတာရှည် လို့ပဲ သတ်မှတ် ပါတယ်။ သူတို့ နှစ်မျိုး လုံးမှာ ဖြစ်တဲ့ လက္ခဏာ တွေကတော့ အတုတူပဲ ဖြစ်ပါတယ်။
  1. နှာပိတ်နေခြင်း (သို့) နေ့ပိုင်းမှာ နှာရည် တတောက်တောက် နဲ့ ဖြစ်နေပါမယ်၊ နှာခေါင်းထဲမှာ ပြည့်နေ သလို မျိုး ခံစားရပြီး ခေါင်းငုံ့ရင် ပိုပြီး ခံစားရပါတယ်။
  2. နှာခေါင်း ကနေ နှာရည် ပြစ်ပြစ် တွေ ထွက်နေ ပါမယ်။ (bacteria ကြောင့် ဆိုရင် နှာရည် က ပိုပြစ်ပြီး အရောင်က အစိမ်းရောင်(သို့) ၀ါကျင့်ကျင့် အရောင် ဖြစ်နေ နိုင်ပါတယ်။
  3. မျက်နှာကြီး တင်းနေ သလို မျိုး ခံစားရပါမယ် ၊ မနက် အိပ်ရာ ထ ဆိုရင် ပိုဆိုး ပါမယ်။
  4. မျက်လုံး ပတ်ဝန်းကျင်မှာ ရောင်နေ နိုင်ပါတယ်
  5. မနက် အိပ်ယာ ထမှာ ဖြစ်စေ ခေါင်းငုံ့ လိုက်ရင်ဖြစ်စေ ခေါင်းကိုက် တတ်ပါတယ်
  6. ပါးရိုးတွေ မျက်ရိုးတွေ ကိုက်တတ် ပါတယ်
  7. ပါးရိုးက sinus တွေ ယောင်တာ ဆိုရင် သွားပါ ကိုက်နိုင်ပါတယ်
  8. ကိုယ်ပူ တက်နိုင်ပါတယ်
  9. တချို့ မှာတော့ ည အိပ်ရေး ပျက်လောက်အောင် ချောင်းခြောက် တွေဆိုးကြပါတယ်
  10. တခါတလေ တော့လဲ အစာအိမ်မှာ ပြဿနာ တက်ပြီး ပျို့တာ အန်တာတွေပါ ဖြစ်နိုင်ပါတယ်
ဒီ ရောဂါ လက္ခဏာ တွေဟာ ကျွန်တော်တို့ တတွေ အဖြစ်များဆုံး ဖြစ်ကြတဲ့ virus ကြောင့် အအေးမိ တဲ့အခါ ၊ allergy လို့ ခေါ် တဲ့ ဓာတ်မတဲ့ မှု ဖြစ်တဲ့ အခါ မှာ ခံစား ရတဲ့ လက္ခဏာ တွေနဲ့ ဆင်တူ လိုပါပဲ။ ဒါပေမယ့် bacteria ကြောင့် ဖြစ်တာ ဆိုရင်တော့ ပိုမို ဆိုးရွားပြီး ကာလ ပိုရှည် နိုင်ပါတယ်။
တစ်နှစ်အောက် ကလေးတွေ မှာတော့ ဒီ sinusတွေ ကောင်းကောင်း မဖွံ့ဖြိုး သေးလို့ sinusitis မဖြစ်နိုင်ဘူး လို့ ဆိုပါတယ်။ တစ်နှစ် အထက် ကလေးတွေမှာ တော့ လက္ခဏာတွေက လူကြီးများ မှာ ဖြစ်တာနဲ့တော့ကွာပါတယ်
  1. ကလေးက ဂဏှာမငြိမ် ဖြစ်မယ်၊
  2. အီနေမယ်
  3. ပါးစပ်ဟ အသက်ရှူ ပြီးတော့ ကလေး အသက်ရှူ သံ ကို ကြားနေ ရတယ်
  4. ကလေးက နှာသံ လေးနဲ့ စကား ပြောမယ်
  5. ထမင်း ကောင်းကောင်း မစားဘူး (အစာကျွေး ရတာ ခက်မယ်)
စတဲ့ ပြဿနာတွေ ရှိပါမယ်။
ထိပ်ကပ်နာနှင့်ဆင်တူ ယိုးမှား ရောဂါ များမှာ -
  1. အအေးမိ နှာစေးခြင်း
  2. ဓာတ်မတည့်မှု ကြောင့် နှာစီး ချောင်းဆိုး ဖြစ်ခြင်း (Allergic ဖြစ်ခြင်း)
ရောဂါ အဖြေရရန် အတွက် ရှာဖွေ စမ်းသပ်မှုများ
  1. သွေးစစ်ခြင်း
  2. ဓာတ်မှန်ရိုက်ခြင်း
  3. တီဗွီ ဓါတ်မှန် Ultrasound ရိုက်ခြင်း
  4. ကွန်ပျူတာ ဓါတ်မှန် CT ရိုက်ခြင်း
ယေဘူယျ အားဖြင့်တော့ ၄င်း စမ်းသပ်မှုများကို ပြုလုပ်လေ့ မရှိပါ။ အများ အားဖြင့်တော့ ဆရာဝန်က နှာခေါင်း ပါးစပ်နဲ့ လည်ချောင်း တို့ကို စမ်းသပ် တာနဲ့ပဲ ရောဂါအဖြေကို ရရှိ နိုင်ပါတယ်။ လိုအပ်ရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း ပါရဂူ ဆီမှာ ပြသင့်ပါတယ်။ လိုအပ်လျင် ၄င်းပါရဂူမှ နှာခေါင်းအတွင်းသို့ မှန်ပြောင်းထည့် စမ်းသပ်ခြင်း ပြုလုပ် ပါလိမ့်မည်။
နောက်ဆက်တွဲဆိုးကျိုးများ
ခဏတဖြု တ်ရောဂါကို မကုသ ဘဲထားလျင် နာတာရှည် ထိပ်ကပ် ရောဂါ ဖြစ်သွား နိုင်ပါတယ်။ ၄င်းရောဂါကို ကုသမှု မခံယူ သော အခါတွင် ဖြစ်စေ၊ ကုသမှု ခံယူပါ လျက် ဆေးမတိုး သောကြောင့် ဖြစ်စေ အသက် အန္တရာယ်ကို စိုးရိမ်ရသော အခြေနေများ ထိ ဖြစ်သွား နိုင်ပါတယ် -
  • ဦးနှောက် အမြှေးပါး ရောင်ရမ်းခြင်း
  • ဦးနှောက် ထဲတွင် ပြည်တည်နာ ဖြစ်ခြင်း
  • အရိုးတွင်း ပိုးဝင်ပြီး အရိုး ရောင်ရမ်းခြင်း များ
  • ဖြစ်စေ နိုင်ပါတယ်
    ကုသမှုများ
    ရောဂါကြောင့် ဖြစ်နေသော ပြဿနာ များ ကိုကုသခြင်း
    နာကျင်ကိုက်ခဲခြင်း ဖျားနားခြင်းများရှိလျင် အကိုက်ခဲပျောက်ဆေးများ ( Paracetamol, diclofenac စသဖြင့် …)
    Antihistamine ( Burmeton , cetirizine, loratidine, Altiva-d)
    Decongestants (Phenylpropanolamine {Decolgen တွင် ပါဝင်သောဆေး}, Phenylpherine)
    နှာခေါင်း အယောင် သက်သာစေရန် အတွက် Nasal inhalers (Beconase , nasalide , Vancenase) နာတာရှည် ဖြစ်နေသူ များ သည် ဆရာဝန်နဲ့ တိုင်ပင်ပြီး လချီ သုံးနိုင်ပါသည်။
    အချွဲအကျိများပိတ်ဆို့ မနေပဲ ချောမွေ့စွာ စီးကျ သွားစေရန် ချွဲပျော် Expectorants ဆေးများ ကိုလည်း သုံးစွဲ နိုင်ပါသည်။ water spray ကိုတစ်နေ့ လျှင် လေးငါးကြိမ် ခန့်ထိ သုံးနိုင် ပါသည်။
    Bacteria ကြောင့်ဖြစ်လျင်Antibiotics( ပိုးသတ်ဆေး) (Amoxacillin, Erythromycin, Septrin) စသည့် ပိုးသတ်ဆေး များကို ဆရာဝန် ညွှန်ကြား သည့်အတိုင်း သောက်သင့် ပါသည်။ Bacteria ကြောင့် ကြိမ်ဖန် များစွာ ဖြစ်နေသော sinusitis ကိုမူ ပိုးသတ်ဆေး ( Antibiotics ) ခပ်ပြင်းပြင်း (augmentin, Ceftin) စသည် တို့ကို (၄) ပါတ်ခန့်ထိ ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သင့် ပါသည်။ ပိုးသတ်ဆေး ကို ဆရာဝန် ၏ ညွှန်ကြားချက် ဖြင့်သာ သောက်သုံး သင့်ပါတယ်။
    ထိပ်ကပ်နာရောဂါမဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်ခြင်း
    1. Allergic (ဓာတ်မတည့်စေသော) ဖြစ်စေသော အရာများနဲ့ ထိတွေ့မှု မှ ရှောင်ရှားရန် (ဥပမာ - ခြင်ဆေးခွေ၊ အမွှေးတိုင် ၊ ဖုန်မှုန့် … စသည်ဖြင့်)
    2. ပြတင်းပေါက်များ ဖွင့်ပြီး အိမ်အတွင်း လေ၀င် လေထွက် ကောင်းစေခြင်း
    3. အချွဲများ ပိတ်ဆို့ မနေစေရန်အတွက် ညအိပ် သည့်အခါ ဦးခေါင်းကို အနည်းငယ် မြှင့်ပြီး အိပ်ခြင်း
    4. Decongestants များကိုဆရာဝန်ဖြင့်တိုင်ပင်ပြီးသတိဖြင့်အသုံးပြုခြင်း
    5. ဆေးလိပ် မသောက်ခြင်း
    6. ရောဂါ ဖြစ်နေသော သူနှင့် ထိတွေ့မှု မရှိစေခြင်း
    7. အာဟာရ မျှတစွာ စားခြင်းနှင့်
    8. ကိုယ်လက် လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်း
    တို့ ဖြစ်ပါသည်။
    ဒေါက်တာ စိုင်းဝေအောင်
    Collapse...
    Posted by စိုးထက် - Soe Htet ! 11 comments  
    Labels: 
    Tuesday, November 27, 2007
    Sinusitis
    ထိပ်ကပ်(ခပ်)နာ ဆိုတာ
    ဘလော့ဂ်ဂါ မိတ်ဆွေတဦးမှ သူခံစားရတာလေး သက်သာအောင် ဘယ်လိုနေရမလဲ မေးလာ တာနဲ့ အားလုံးလည်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေး ရရှိစေရန် ဒီပို့စ်လေးကို ရေး သားလိုက်ပါတယ်။
    ထိပ်ကပ်(ခပ်)နာဆိုတာ ဘာဖြစ်တာလဲ
    ထိပ်ကပ်(ခပ်)နာ ဆိုတာ လူ့ဦးခေါင်းခွံရိုး အတွင်းမှာရှိနေတဲ့ လေအိတ်ငယ် လေးများ ယောင် ယမ်းခြင်းဖြစ်ပါတယ်။
    လေအိတ်ငယ်လေးတွေဆိုတာ ဘယ်နေရာမှာရှိတာလဲ
    လူ့ရဲ့ဦးခေါင်းခွံရိုး အတွင်း မျက်ခုံးရိုးတ၀ိုက်၊ ပါးနှင့် မေးရိုးတ၀ိုက် နှင့် နှာခေါင်းရိုးတ၀ိုက်တွင် အခေါင်းပေါက် ပါသော လေအိတ်ငယ်လေးတွေ ပါရှိပါတယ်။ ယင်း လေအိတ်ငယ် လေးများကို ဆေးပညာ အခေါ်အရ sinus ဟုခေါ်ပါတယ်။
    လေအိတ်ငယ်လေးများ တည်ဆောက်ပုံနှင့် လုပ်ငန်းတာဝန်
    sinus လေးများကို cilia လို့ခေါ်တဲ့ အမွှေးနုလေးများ ပါတဲ့ အမြှေးပါးလေးနဲ့ ဖုံးအုပ်ထားပါ တယ်။ ယင်းအမြှေးပါးလေးမှာ mucus ဆိုတဲ့ အချွဲတမျိုးကို ထုတ်ပေးတဲ့ အလွှာလေးလဲ ပါရှိပါတယ်။ လေအိတ်ခေါ် sinus လေးများဟာ အသက်ရှုသွင်း ရှုထုတ်လုပ်နေသော နှာခေါင်း လမ်းတလျောက်နဲ့ အတွင်းဘက်မှာ ဆက်စပ်လျက် ရှိနေပါတယ်။
    sinus ခေါ် လေအိတ်ငယ်လေးများရဲ့ လုပ်ငန်းတာဝန်ကတော့ အသက်ရှုလိုက်တဲ့ လေထုထဲက ပါလာသော ဖုန်မှုန့်နဲ့ ပိုးမွှားများကို အချွဲလွှာလေး အတွင်း ဖမ်းယူလိုက်ပြီး အမွှေးနုလေး များရဲ့ တွန်းပို့လှုပ်ရှားမှု နှင့် sinus ရဲ့ သေးငယ်တဲ့ အပေါက်လေးကနေ ထုတ်ပြီး နှာခေါင်း မှတဆင့် အပြင်သို့ ပြန်လည်စွန့်ထုတ် စေပါတယ်။
    ထိပ်ကပ်(ခပ်)နာဘယ်လိုစဖြစ်သလဲ
    များသောအားဖြင့် ဗိုင်းရပ်စ်ပိုး တခုခုကြောင့် အအေးမိ ဖျားနာတဲ့ အခါမှာ စဖြစ်တတ်ပါ တယ်။ အအေးမိတဲ့အခါ ဗိုင်းရပ်စ်ပိုးဟာ လေအိတ်ငယ်များရဲ့ အမြှေးပါးကို ယောင်ယမ်းစေ ပါတယ်။ တဖန် ခန္ဓာကိုယ်ရဲ့ သဘာဝ ကိုယ်ခံအား များက ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ရန် အမြှေးပါးများမှ အချွဲများကို ပိုမိုထုတ်စေပါတယ်။ ဗိုင်းရပ်စ်ကြောင့် ယောင်ယမ်းနေတဲ့ လေအိတ်လေးဟာ အချွဲများနှင့် ပိုမိုပြည့်လာပြီး ပိုယောင်ယမ်းလာကာ ဘက်တီးရီးယား ပိုးမျာပါ ၀င်ရောက်လာပါက ထိပ်ကပ်(ခပ်)နာခေါ် sinusitis ကို စတင်ခံစား ရပါတော့တယ်။
    ဘယ်လိုလက္ခဏာလေးတွေ ပြမလဲ
    ယောင်ယမ်းနေတဲ့ လေအိတ်လေးတွေ တည်ရှိတဲ့နေရာကို မူတည်ပြီး အနည်းငယ်စီ ကွဲပြားပါတယ်။ များသောအားဖြင့် ဖျားခြင်း၊ နုံးချိပြီး အားမရှိဖြစ်ခြင်း၊ ချောင်းဆိုးခြင်း ၊ နှာရည် အဆက်မပြတ် ကျခြင်း၊ နှာခေါင်းပိတ်ခြင်းတို့ အပြင်
    (၁) အအေးမိဖျားနာနေတဲ့ ရက်အတွင်း မနက်နိုးလာတာနဲ့ မျက်ခုံးရိုးတ၀ိုက် ကိုက်ခဲခြင်း၊ ကိုယ်ကို အရှေ့နဲနဲ ကိုင်းတဲ့အခါ ဦးခေါင်း အရှေ့ဘက်မှ ကိုက်ခဲမှုတခုခုကို ခံစားရခြင်း။
    (၂) ပါးနှင့်မေးရိုး တ၀ိုက်မှ လေအိတ်လေးများ ယောင်ယမ်းမှုကြောင့် အပေါ်မေးရိုး တလျောက် နာကျင်ခြင်း၊ သွားကိုက်ခြင်း။
    (၃) မျက်ဝန်းနှခုကြား လေအိတ်လေးများ ယောင်ယမ်းပြီး မျက်ဝန်းတ၀ိုက် ကိုက်ခဲခြင်း၊ မျက်ခွံ လေးများပါ ယောင်ယမ်းခြင်း အစရှိသည် တို့ကိုပါ ခံစားရတတ်ပါတယ်။
    ပျောက်အောင် ဘယ်လိုကုရမလဲ
    လေအိတ်လေးများဟာ ဦးခေါင်းခွံရိုး အတွင်းမှာ ရှိနေတဲ့ အတွက် ဦးနှောက်နဲ့ တည်ရှိမှု အရမ်း နီးကပ်ပါတယ်။ ခဏတာ ခံစားရတဲ့ ဝေဒနာဆိုပြီး ပေါ့လို့မရပါဘူး။ ပဋိဇီဝ ပိုးသတ် ဆေးတချို့ကို သင့်ရဲ့ ဆရာဝန်မှ ညွှန်ကြားပါလိမ့်မယ်။ ပိုးသတ်ဆေးများကို ညွှန်ကြားတဲ့ အချိန်ကာလ အပြည့်သောက် ပေးရပါမယ်။ ၂ရက်လောက် သောက်ပြီး သက်သာလို့ ဖြတ်လိုက်ရင် ပိုးကခဏဘဲ ငြိမ်သွားပြီး နောက်တကြိမ်မှာ ဆေးကို ယဉ်သွားတတ် ပါတယ်။
    ပြန်ဖြစ်တတ်သလား
    အေးတဲ့ ရာသီဥတုမှာ နေတဲ့သူတွေ လေထုထဲက ပါတဲ့ ပန်းဝတ်မှုန်တချို့နဲ့ မတည့်ဘဲ Allergy ဖြစ်ကာ နှာရည်ခဏခဏယို တတ်တဲ့သူတွေ၊ ပန်းနာရင်ကျပ် ရှိတဲ့သူတွေ၊ ကိုယ်ခံအား ကျဆင်းနေတဲ့ သူတွေ၊ ဖုန်မှုန့်များနှင့် ညစ်ညမ်းတဲ့ လေထုကို ရှုရှိုက်ရတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရသူတွေဟာ ဒီဝေဒနာကို ခဏခဏပြန်ခံစားရ တတ်ပါတယ်။
    ဆေးဝါးအကူအညီ အပြင် ဒါလေးတွေပါ လုပ်ကြည့်မယ်။
    ဆေးဝါးမှီဝဲပြီး တဘက်က ပိုးသေအောင် လုပ်တဲ့အပြင် ကိုယ်တိုင်လုပ်နိုင်တဲ့ အချက်လေးတွေ နဲ့ပါ သက်သာအောင် လုပ်ကြည့်နိုင်ပါတယ်။
    (၁) ပြည့်ပြည့်၀၀ အနားယူပါ။ ကိုယ်ခံအား ကောင်းပြီး ခဏခဏ အအေးမမိစေရန် ထိန်းသိမ်း ပါ။ အာဟာရပြည့်ဝစွာ စားပြီး အိပ်ချိန်မှန်ပါစေ။
    (၂) ပက်လက်လှဲ အိပ်နေခြင်းက နှာခေါင်းကို ပိုပိတ်စေပါတယ်။ ကိုယ်အသက်ရှုလို့ ကောင်းတဲ့ ဘက်ကို တဘက်စောင်းပြီး အိပ်ပေးပါက သက်သာစေပါတယ်။
    (၃) ပူနွေးသော အရည်များကို မကြာမကြာ သောက်ပေးပါက နှာရည်ယို နှာပိတ်တာကို သက်သာ လျော့နည်းစေပါတယ်။
    (၄) အ၀တ်စလေးကို ရေနွေးငွေ့ငွေ့လေးထဲ စိမ်ပြီး ယင်းအ၀တ်နွေးနွေးလေးကို မျက်နှာနှင့် နှာခေါင်းရိုး ပေါ်ကပ်ပေးပြီး အပူနွေးနွေးလေး ပေးတာကလဲ သက်သာစေပါတယ်။
    (၅) ရာသီဥတု သိပ်အေးတဲ့ နိုင်ငံတွေမှာ အိမ်တွင်း အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့ Equipment တခုခုကို တပ်ဆင်ထားပါ။
    (၆) လေယာဉ် စီးတဲ့အခါမှာ ဖိအားမတူမှုကြောင့်လည်း လေအိတ်လေးတွေ ပိတ်ပြီး ပြန်ဖြစ်တတ်ပါတယ်။ လေယာဉ်နဲ့ ခရီးသွားစရာ ရှိလျင် သင့်ရဲ့ဆရာဝန် နဲ့တိုင်ပင်ပြီး အယောင် သက်သာ စေသော နှာခေါင်းအတွင်း အစက်ချပြီး သုံးရတဲ့ decongestant nasal drop တခုခုကို ကြိုသုံးသွားပေးပါ။
    ဒါလေးတွေတော့ ရှောင်နော်
    (၁) မျက်ခုံးရိုး တ၀ိုက် ယောင်ယမ်းကိုက်ခဲနေချိန်မှာ အာရုဏ်စူးစိုက်ပြီး တီဗွီကြည့်ခြင်း၊ ကွန်ပျူတာ screen ကိုကြည့်ခြင်း၊ စာဖတ်ခြင်း စတာတွေ မလုပ်မိပါစေနဲ့။
    (၂) ကိုယ်နဲ့ မတည့်တဲ့ အရာများ (Allergen) ၊ ဖုန်ထူတဲ့ နေရာတွေကို သတိထားရှောင်ပါ။ တခုခုကို Allergic ဖြစ်ပြီး နှာရည်ယိုခြင်းကနေ ထိပ်ကပ်(ခပ်)နာ ပြန်ဖြစ်တတ်ပါတယ်။
    (၃) အရက်သောက်သုံး ခြင်းနှင့် စီးကရက်ငွေ့များက လေအိတ်လေးရဲ့ အမြှေးပါးကို ပြန်ယောင်ယမ်း စေတတ်ပါတယ်။ တတ်နိုင်သမျှ ရှောင်ပါ။
    (၄) ရေကူးကန်မှာ သုံးတဲ့ ကလိုရင်း ( chlorine)ဆေး ဓါတ်ကလည်း ထိပ်ကပ်(ခပ်)နာ ဖြစ်သူ အများစုနဲ့ မတည့်တတ်ပါဘူး။
    (၅) ရေအောက်ငုပ်ခြင်း (Diving) လုပ်သူတွေမှာ ရေငုပ်တဲ့အချိန် ရေများဟာ အရှိန်ဖိအား နဲ့ နှာခေါင်းမှ တဆင့် ၀င်ရောက်ပြီး လေအိတ် အမြှေးပါးလေး များကို ယောင်ယမ်းစေ တတ်ပါတယ်။
    မိုး သင်ကြားခဲ့ရသမျှလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။ အားလုံးဘဲ ကျန်းမာပျော်ရွှင်သော ဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
    တောင်ဥက္ကလာပမြို့နယ် ပဒေသာရပ်ကွက် ဟေမ၀န်ဈေး မီးးလောင်မှု
    Tuesday, April 10, 2012 4:16 AM
    Inline image 3
    Inline image 4
    Inline image 5
    Inline image 6
    Inline image 7
    Inline image 8
    Inline image 9
    Inline image 10
    Inline image 11
    Inline image 12
    ဟေမာဝန်ဈေးမီးလောင်နေစဉ် ဓါတ်ပုံ(Eleven Media Group)
    တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမ၀န်ဈေးတွင် ယနေ့ (ဧပြီ ၁၀)ရက် နံနက် ၁ နာရီခန့်မှ စတင်ပြီး မီလောင်ကျွမ်းမှုဖြစ်ပွားလျှက်
    ရှိကြောင်း
    သိရှိရပြီး ဈေး၏ သုံပုံနှစ်ပုံခန့် လောင်ကျွမ်းလျက်ရှိကြောင်း Eleven Media Group (Facebook) စာမျက်နှာမှာဖော်ပြထားတဲ့ သတင်းအရသိရတယ်။
    တောင်ဥက္ကလာမြို့နယ် ပဒေသာရပ်ကွက် ဟေမ၀န်ဈေးမီလောက်ကျွမ်းမှုကြောင့်
    လက်ရှိအချိန်တွင် ဆိုင်ခန်းပေါင်း ၁၃၀ ကျော်ခန့် မီလောင်ကျွမ်းခံရကြောင်း
    သိရှိရပြီး အတည်မပြုနိုင်သော သတင်းအရ အထည်ဆိုင်မှ
    စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း Eleven Media Group ကဆိုပါတယ်။
    ယခုလောင်ကျွမ်းမှုတွင် အထည်ဆိုင်တန်း၊ အလှကုန်ပစ္စည်းဆိုင်တန်း ရွှေဆိုင်တန်းမှဆိုင်ခန်းများ အများဆုံးပါဝင်ကြောင်း သိရှိရတယ်။
    Eleven Media Group
    ဟေမာဝန်ဈေးမီးလောင်နေစဉ် ဓါတ်ပုံများ (Eleven Media Group)
    ဒါတွေကတော့ ခုမနက်စောစောတွေ့ရတဲ့ ပုံတွေပါ ( Voice journal)
    Inline image 13
    Inline image 14
    Inline image 15
    Inline image 16
    Inline image 17
    Inline image 18
    Inline image 19
    Inline image 20
    Inline image 21
    Inline image 22
    Inline image 23
    Inline image 24
    Inline image 25
    Inline image 26
    Inline image 27
    Inline image 28
    Inline image 29
    Inline image 30
    Inline image 31
    Inline image 32
    Inline image 33
    Inline image 34
    Inline image 35
    Inline image 36
    Inline image 37
    Inline image 38
    Inline image 39
    Inline image 40
    Inline image 41
    Inline image 42
    ကရင်ဝတ်စုံနဲ့ သမ္မတကြီး ဦးသိန်းစိန်
    12/4/9 လင်းဇော်ထက် <linnzawhtike@gmail.com>
    Inline image 1
    ဗိုလ်ချုပ်ကြီးမူတူစေဖိုးက သမ္မတကြီးကို သူကိုယ်တိုင် ရက်လာတဲ့ သမ္မတကြီးကိုယ်တိုင်း အတိုင်း လုပ်လာတာတဲ့ သူ့ရဲ့ တစ်သက်မှာ ပထမဆုံးရက်လုပ်တဲ့ ကရင်အကျီပါ။ဗိုလ်ချုပ်ကြိးမူတူေ
    စဖိုး...ကိုယ်တိုင်ဝတ်ပေးခဲ့တာပါ။ဒီနေ့ဟာ ဗိုလ်ချုပ်ကြီးမူတူစေဖိုး၏ အသက် ၈၀ ပြည့်မွေးနေ့ ဖြစ်ပါတယ်
    Download ကို အမြန်ဆုံး speed နဲ့ ဆွဲကြရအောင်
    ကျွန်တော် ဒီတစ်ခါပြောမှာက download ကို အမြန်ဆုံးနှင့် အကောင်းဆုံး Speed နှင့် ဆွဲပေးနိုင်တဲ့ ORBIT ဆိုတဲ့ကောင်လေးကို တွေ့လိုက်တယ်ဗျာ .. ဟိုးအရင်က ကျွန်တော်ပေးခဲ့တဲ့ download accelerator plus တို့ download Manager ထက်ကို speed 10 ဆလောက်ကို မြန်တယ်ဗျ .. ကျွန်တော် ကွန်ပျူတာသုံးလာတာ 6 နှစ်ကျော်ပြီ ဒီလောက်မြန်တဲ့ downloader မျိုးမတွေ့ဖူးဘူး .. သူငယ်ချင်းတို့မှာလဲ ရှိရင် လက်တို့ပေးပါဦး ..
    ဒီကောင်လေးကို တွေ့လိုက်တော့ ဟုတ်မှဟုတ်ပါ့မလားဆိုပြီးတော့တောင်
    သံသယ၀င်နေသေးတယ် .. နောက်ကျမှ အောင်မယ်လေးလေး မြန်လိုက်တာဆိုရင် movie (100MB) ကို ဆွဲလိုက်တာ 15 မိနစ်ကျော်ကျော်ပဲကြာတယ်
    .. လူပါလန်ထွက်သွားတယ်(မျက်ဖြူ) ... :P ...သူငယ်ချင်းတို့အတွက်
    အကောင်းဆုံးတွေပဲ ဖြစ်စေချင်တဲ့ စိတ်တစ်ခုတည်းနှင့် လက်တို့လိုက်တာနော်
    ... ဟိုကျော်ငြာထဲကလိုပေါ့ .. လက်တို့ပြီးတော့ ပြောရဦးမယ်ဆိုတာကိုလေ ..
    ကျွန်တော် ဘာ့ကြောင့် ဒီကောင်လေးကိုပေးလဲဆိုရင် software , Movie , Music နှင့် အခြားအခြားသော download ချချင်တာလေးတွေကို အမြန်ဆုံးနှင့်ပုဂံလုံးစီးပြီး သွားရအောင်လို့ပါ .. ကဲအောက်မှာ လင့်ပေးထားပါတယ် .. ကြည့်ကြည့်ပါဦး
    Photobucket
    ORBIT Downloader
    အသုံးပြုပုံလေးကိုပါ တစ်ခါတည်း ပုံနှင့်ပြပေးလိုက်မယ်နော် ..
    • (၁) Install လုပ်လိုက်ပါ ..
    • (၂) လုပ်ပြီးသွားရင် ပထမဦးဆုံး ကျွန်တော့် ဘလောဂ်မှာ ရှိနေတဲ့ Movie ကို ပထမဦးဆုံး download လုပ်ပြမယ်နော် ...
    ဘာဖြစ်လို့လဲဆိုရင် ဘလောဂ်မှာ movie ကို စောင့်နေရင် မြန်မာပြည်မှာဆိုရင် အဆင်ပြေမှာမဟုတ်ဘူးလေ .. အဲ့ဒီ့တော့ download လုပ်ပြီးမှပဲ အေးဆေးကြည့်လိုက် အဲ့ဒါက ပိုမြန်တယ် .. ကဲအောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားတယ်ဗျာ ...
    ဒုတိယပုံမှာ ဘယ် search engine တွေကနေ ဒေါင်းပေးနိုင်တယ်ဆိုတာ အောက်မှပေးထားပါတယ် တွေ့လားမသိဘူး ..
    ကဲအဲ့လို တင်ပြီးပြီဆိုရင်တော့ အောက်မှာ အသုံးပြုနည်းလေး ဥပမာပြလိုက်ပါ့မယ် .. ကျွန်တော့် http://grou.ps/nyinaymin/videos ကို သွားလိုက်ပါ ... ပြီးလျှင်တော့ ကိုဒေါင်းလော့ဆွဲမယ့် ပုံလေးကို နှိပ်လိုက်ပါ ကျွန်တော်ကတော့ gtalk hacking (http://grou.ps/nyinaymin/videos/211298) လေးကို သွားလိုက်ပါ ..
    အဲ့လိုလေးစမ်းကြည်လိုက်ပါဦး .. ပုံထဲမှာ ပြထားသလို FLV ကို နှိပ်လိုက်ရင် download link ကျလာပြီး download လုပ်မလားလို့ မေးပါတယ် .. ကိုက ok ပေးလိုက်ရင် ရပါပြီ
    .. အဲ့လို FLV ကိုနှိပ်လိုက်လို့မှ download link မကျလာရင်တော့ ctrl + FLV ဆိုပြီးတော့ ctrl ကို နှိပ်ထားရင်းကနေ FLV ကို mouse နှင့် တွဲပြီး နှိပ်လိုက်ပါ
    နောက်ထပ် လင့်တစ်ခု ပုံ(၁)ထဲကလို ပေါ်လာပါလိမ့်မယ် .. အဲ့ဒါက download link
    ပါပဲ အဲ့ဒီ့ url လိပ်စာကို ကူးပြီးတော့ အောက်က အတိုင်းလုပ်လိုက်ပါ ..
    ပုံ(၂)က အနီဝိုင်းထားတဲ့အကွက်က ပထမ ကျွန်တော်တို့ ကူးထားတဲ့ download link ကို ကူးထည့်ရမှာပါ ..
    ကဲ အဆင်ပြေနိုင်ပါစေဗျာ ...