This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 14, 2014

aဒ်ါအောင်ဆန်းစုကြည်သမ္မတဖြစ်ရေး NLDမျှော်လင့်ချက်မကုန်သေး .................


Friday, June 13, 2014
 ~

  
 
  ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အဟန့်အတားဖြစ်နေတဲ့ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ)  ကို မပြင်ဆင်ဖို့   ပြည်ထောင်စုလွှတ်တော်ရဲ့  အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီက သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပေမယ့်လည်း NLD ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ မျှော်လင့်ချက် ရှိနေသေးတယ်လို့ ပြောပါတယ်။

NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းက ဧရာဝတီကို ပြောတာပါ။
ဒီအကြောင်း ဧရာဝတီသတင်းတပုဒ်   Suu Kyi’s Presidential Bid Not Dead Yet: NLD  http://www.irrawaddy.org/burma/suu-kyis-presidential-bid-dead-yet-nld.html မှာ ရေးထားပါတယ်။

အခု ဆုံးဖြတ်​တာက ​ကော်​မတီကပဲ ဆုံးဖြတ်​တာ၊ လွှတ်​​တော်​က ဆုံးဖြတ်​တာ မဟုတ်​လို့ ဒီကိစ္စ NLD က သ​ဘောထား​ပေးဖို့ ​စောပါ​သေးတယ်​၊ လွှတ်​​တော်​က ဘယ်​လိုဆုံးဖြတ်​မလဲ၊ လွှတ်​​တော်​ ကိုယ်​စားလှယ်​​တွေက ဘယ်​လို သ​ဘောထား ​ပေးကြမလဲ ဆိုတာ ကျ​နော်​တို့ ​စောင့်​ကြည့်​ရအုံးမှာပါ
လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒီကော်မတီမှာ အဖွဲ့ဝင် ၃၁ ဦး ရှိပေမယ့် ပြင်ဆင်ရေးအတွက် ထောက်ခံမဲပေးသူ အရေအတွက်ဟာ အဲဒီနေ့က ၅ ဦးပဲ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းကတော့   ပုဒ်မ ၅၉ (စ) မပြင်ရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီ ဆုံးဖြတ်ပြီ
http://burma.irrawaddy.org/news/2014/06/12/60267.html ဖြစ်ပါတယ်။

အဲဒီသတင်းကို ဧရာဝတီဖေ့စ်ဘုတ်မှာ တင်တော့ စာဖတ်သူတွေက မှတ်ချက် ၂,၄ဝဝ ကျော် ပေးခဲ့ပါတယ်။

အဲဒီထဲက တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

ကိုယ့်မိဘရဲ့ဂုဏ်သိက္ခာကိုတောင်
ထည့်မစဉ်းစားခဲ့တဲ့သူက တို့လူမျိုးတို့နိုင်ငံရဲ့ဂုဏ်သိက္ခာကို စဉ်းစားပေးပါ့မလား
မောင်နှမအရင်း၂ ယောက်ထဲရှိတာကိုတောင်ီညီ ညွတ်အောင်မကြိုးစားနိုင်တဲ့သူက တို့တမျိုးသားလုံးညီညွတ်ဖို့ တတ်နိုင်ပါ့မလား သားနှစ်ယောက်ထဲကိုတောင် ကိုယ့်လူမျိုးနဲ့ကိုယ်ဘာသာကို လေးစားချင်ခင်လာအောင်မလုပ်နိုင်ခဲ့တဲ့သူက လူမျိုးခြားတွေကို
ကိုယ်အမျိုးဘာသာကို လေးစားလာအောင် ကြိုးစားပါ့မလား
ကိုယ်လူမျိး အစော်ကားခံရတော့ လူမျိုးခြားဘက်ကရပ်ပြီး ကိုယ့်လူမျိုးကပြန်ချတော့ မြန်မာတွေကိုအရိုင်းအစိုင်းတွေ လို့ နိုင်ငံတကာလည်ပြောတဲ့ သူမျိုးသမ္မတဖြစ်လာရင် ကမ္ဘာမြေပုံထဲမှာMYANMAR ဆိုတာပျောက်ကွယ်တော့မယ် ထင်ပါတယ်

ထောက်ခံကြပါ ထောက်ခံကြပါ ဟုတ်ပါတယ် လက်ရှိအစိုးကအဖွဲ့တွေက တိုင်းပြည်ကို ဘယ်တုန်းက ဘာတွေများကောင်းတာတွေ လုပ်ခဲ့ကြလဲ ပြောကြပါအုံးးးး တသက်လုံး ဖိနှိပ်ချူပ်ချယ်မှုတွေနဲ့အုပ်ချူပ်ခဲ့တားးးး အာဏာမြဲဖို့အတွက်ဆို ဘုန်းကြီးသတ်ရမှာလဲဝန်မလေးဘူးးးး ဘုရားဖျက်ရမှာလဲမကြောက်ဘူးးးး လယ်သိမ်းမယ်းးး ယာသိမ်းမယ်းးးရွာဖျက်မယ်

 အ မေ စု က သမ္မ တ ဖြစ် မှ အ လုပ် လုပ် မဲ့ သူ မ ဟုတ် ပတ္တမြား မှန် ရင် နွံ မ နစ်ဖူး အ မေ

မင်းတို့က စစ်အစိုးရပေးတဲ့ ဒီမိုကရေစီ အတုကိုမှကြိုက်နေကြတာကိုး ဒေါ်စုသမ္မတဖြစ်ရင် သူ့အတွက်ဘာမှမလိုဘူး သူကအသက်ကြီးနေပြီ ပြည်သူအတွက် ဒီမိုကရေစီ အစစ်ကို ပေးခဲ့မှာကွ

ပြိုင်ဘက်ကိုကြိုးတုတ်ပြီးရိုက်မယ် အင်မတန်မျှတတဲ့အစိုးရ ဒီအစိုးရပဲပြန်အုပ်ချုပ်ပြည်သူတွေ သတောင်းစားဆက်ဖြစ်ပေါ့

 ဒေါ်အောင်ဆန်းစုကြည်တက်လာရင် ကုလားတိုင်းပြည် ဖြစ်သွားတော့မယောင် ပြည်သူတွေထင်လာမြင်လာအောင် လုပ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အားပေးတဲ့ လူတွေကိုလည်း ကုလားတွေ ကုလားအားပေးတွေလို့ လူတွေယုံကြည်လာအောင် အားထုတ်တယ်

အာဏာလိုချင် လို့ထင် တဲ့သူကရှိသေး
အဲဒါဆို ဒီမှာတောင် နှစ် ရှည်လများဒုက္ခလာ
မခံဘူး ဟိုမှာ ဇိမ်နဲ့ နှပ် နေမှာပေါ့ မြန်မာပြည်
ထဲကမြန်မာလူမိုးဖြစ်နေ လို့ ခေါင်းမရှောင်နိုင်
လို့ အကျယ်ခူပ်ဘဝနဲ့ ဒီမိုက ရေစီလမ်းပြ
ခဲ့တာပေါ့ သူသာမရှိရင် စစ်အာဏာလက်
အောက်မှာ မြန်မာပြည်ကြီး မတွေးရဲဘူး

မှန်ပါတယ်ဖြစ်သင့်ဖြစ်ထိုက်တာကို မှန်ကန်
အောင်ဆုံးဖြတ်ပေးတဲ့ပြည်တောင်စုလွှတ် တော်အဖွဲ့အားကျေးဇူးတင်ပါတယ်ရှင့်

အမေစုက သမတ ဖြစ်ချင်တာ တစ်ခုတည်း မဟုတ်ဘူး၊ တနိုင်ငံလုံး စစ်ကျွန်ဘ၀ကနေ လွတ်အောင်လုပ်ပေးနေတာ၊ စစ်သားပဲ သမတ ဖြစ်ခွင့်ရှိရာကနေ၊ နိုင်ငံသားတိုင်း သမတ လုပ်ခွင့်ရှိအောင် ပြင်ပေးနေတာ၊ အမြင်တွေ ကျယ်ဖို့လိုတယ်၊

တိုင်းပြည်တိုးတက်အောင်လုပ်ပေးမယ့်သူကို လုပ်ပိုင်ခွင့်ရှိတဲ့နေရာတစ်နေရာပေးရဲဖို့ဘဲလိုတယ်။အရင်လူတွေက လုပ်ချင်တိုင်းလုပ် ပေးချင်တိုင်းပေးခဲ့တဲ့project တွေပြသနာပေါ်ပြီးပြည်သူငြိုငြင်မယ့်နေရာတွေမှာ ဥက္ကဌ
ပေးတာတွေ ဘာဖြစ်လို့ အမေစုကမငြင်းပဲလက်ခံခဲ့တာလဲ။ခေါင်းဆောင်ကောင်းဆိုတာကိုယ်ရောက်နေတဲ့နေရာမှာ ဖြစ်သမျှကိစ္စတွေကိုတာဝန်ယူဖြေရှင်းပေးရတယ်။ခေါင်းရှောင်နေဖို့မဟုတ်ဘူး။

ဒေါ်စု မြန်မာနိုင်ငံကိုမအုပ်ချုပ်ပါနဲ့ဦး သားလေးတွေ်ကိုဘဲ နိုင်အောင်အရင်အုပ်ချုပ်ပါ ပီးမှနိုင်ငံကိုအုပ်ချုပ်ရမှာ

ဒေါ်စုကြောင့်
ကုလားနိုင် ငံဖြစ် မယ်ဆို ပြီး
ပြောနေတဲ့သူ တွေဟာ
လူမျိုးရေးခွဲ ခြားသူများ
သာဖြစ် ပါတယ်

 ဒေါ်စု လွှတ်တော်ထဲတာ ရောက်နေတယ်။ သူသမ္မတ ဖြစ်ဖို့ အာဏာရူး နေတာက လွဲရင် တိုင်းပြည် အတွက်ဘာလုပ်ပြခဲ့ သလဲ။

အာဏာရှင် စနှစ်ကိုကြိုက်သော လူတွေကို စိတ်မဆိုးကြပါနဲ့ နားလည်ပေးကြပါ အားလုံးကိုခေါ်ပြီး မြောက်ကိုးရီးယားကို နေ့မကူးပဲ အမြန်ပို့လိုက်ပါလား ဒါဆိုအေးရော လေယာဉ်လက်မှတ်ခကို ကျန်သောပြည်သူက ဝိုင်းလှူကျလိမ့်မယ် ဘယ်လိုလဲ ok မလား

ဟဲဟဲ ယောက်ျားကြီးတွေဖြစ်ပြီး မိန်းမတစ်ယောက်ကိုကြောက်နေတာဆိုလို့ ကမ္ဘာပေါ်မှာ ဒို့မြန်မာနိုင်ငံပဲရှိတယ်။

သံဃာတွေကိုသတ်ခဲ့တာဘယ်သူလဲ
သံဃာတွေအများအပြားကိုထောင်ထဲ
ထဲ့ခဲ့ကြတာဘယ်သူတွေလည်းပြန်စဉ်း
စားကြပါ သံဃာသင်းခွဲခဲ့ကြတာဘယ်သူ
တွေဘယ်သူတွေလဲ။ဒေါ်စုမဟုတ်ဘူး
ဆိုတာသမိုင်းက သက်သေပြုလိမ့်မယ်

သမ္မတဖြစ်ခွင့်တော့လုံးဝမပေးပါနဲ့
ဒေါ်စုသမ္မတဖြစ်ရင်မြန်မာပြည်ပျောက်ပြီဟေ့ နေ့ချင်းညချင်းကုလားနိုင်ငံဖြစ်သွားမယ် အားလုံးဒေါ်စုသမ္မတမဖြစ်ရေးကန့်ကွန်ပေးကြပါ

 မြန်မာနိုင်ငံကို အခု အုပ်ချုပ်နေတာ တရုတ်တွေပါ။ တရုတ် အစိုးရမပြောနဲ့ တရုတ်က စီးပွားရေး လုပ်ငန်းရှင်တောင် ကြောက်နေရတဲ့အစိုးရတွေ။ တရုတ်က ဒီနေရာ ဖယ်ပေးဆို ဖယ်ပေးလိုက်တာပဲ။ ကိုယ့်ပြည်သူကို နှိပ်စက်ဆိုလည်း နှိပ်စက်လိုက်တာပဲ။ နောက်ဆုံး ကိုယ့်ဘာသာကိုဖျက်ဆိုလည်း ဖျက်လိုက်တဲ့ လူစိတ်မရှိတဲ့ အစိုးရကို သူ့ဘေးနားကပ်စားနေတဲ့သူတွေပဲ အကောင်းမြင်တော့မှာပေါ့။