This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, May 6, 2012

ခုနစ်ရက်အတွင်း ကိုယ်အလေးချိန် ၁၅ ပေါင်အထိ ကျဆင်းနိုင်အောင်

Inbox
x

MayMonkyaw 27 mmonkyaw36@gmail.com
12:28 AM (23 hours ago)

to mrsorcerer, thuyazaw.zaw20., thu

ခုနစ်ရက်အတွင်း ကိုယ်အလေးချိန် ၁၅ ပေါင်အထိ ကျဆင်းနိုင်အောင်



အခုဖော်ပြမယ့် နည်းလမ်းဟာ ကနေဒါနိုင်ငံမှ ထိပ်တန်း ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ နည်းလမ်းတွေဖြစ်ပြီး သကြားစွဲလမ်းတဲ့ အခြေအနေကို အနိုင်ယူကာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်တဲ့အတွက်  ကိုယ်အလေးချိန် လျှော့ချလိုသူတွေ လိုက်နာသင့်ပါတယ်။ သကြားဓာတ်တွေ ခန္ဓာကိုယ်အတွင်း နေရာအနှံ့မှာ ရှိနေရင် ခန္ဓာကိုယ်ရဲ့ ဓာတုလုပ်ငန်းတွေ ပြောင်းလဲသွားပြီး ကိုယ်တွင်းအင်္ဂါထဲ အဆီတွေ တွယ်ကပ်နေသလို ဖြစ်သွားပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ သကြားတွေ စုဆောင်းမှု မရှိအောင် Detox လုပ်ရပါမယ်။ Detox လုပ်တာကြောင့် တစ်ပတ်အတွင်း ကိုယ်အလေးချိန် ၁၅ ပေါင်အထိ လျော့ကျသွားနိုင်ပါတယ်။

၁။ သန့်ရှင်းတဲ့ အစာနဲ့ စတင်ပါ

ဆိုလိုတာက သဘာဝအတိုင်းဖြစ်တဲ့ အစာတွေဖြစ်ပြီး ဘာမှ မပြုပြင်ထားတဲ့ အစာတွေပါ။ ဥပမာအားဖြင့် ကြက်ဥ၊ ငါး၊ ကြက်သား၊ မြက်စားနွား၊ အခွံမာသီး၊ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တို့ ဖြစ်ကြပါတယ်။

ဘယ်လိုအလုပ်လုပ်သလဲ

သစ်သီးတွေမှ သဘာဝအချိုဓာတ်တွေ ရပေမယ့် သကြားနဲ့ အချိုပါဝင်တယ်လို့ စာတန်းကပ်ထားတဲ့ အစားအသောက် ထုတ်ကုန်တွေလောက် ကယ်လိုရီ မများတဲ့အတွက် အဲဒါတွေကို ရှောင်ကြဉ်တာကြောင့် ခန္ဓာကိုယ်တွင်း သကြားဓာတ်ရရှိမှု နည်းသွားနိုင်ပါတယ်။

၂။ တစ်ကြိမ်ကို နည်းနည်းနဲ့ ခဏခဏစားပါ

တစ်နေ့တာလုံးအတွက် အစာကြီးသုံးကြိမ်နဲ့ အဆာပြေအစာ သုံးကြိမ်စားပါ။

ဘယ်လိုအလုပ်လုပ်သလဲ

သကြားပါဝင်မှုနည်းတဲ့ အစာမျိုးစုံဖြစ်ပေမယ့် အဲဒီအစာတွေကို ပမာဏများများ စားလိုက်တာကြောင့် သွေးတွင်း သကြားဓာတ် မြင့်တက်သွားနိုင်ပါတယ်။ မကြာခဏ သကြားဓာတ်မြင့်တက်တာကြောင့် Insulin အဆင့်တွေ မြင့်သွားတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ Insulin ဆိုတာ အဆီလောင်ကျွမ်းမှုကို ပိတ်ပင်ပြီး အဆီစုဆောင်းမှုကို အားပေးတဲ့ဟော်မုန်းပါ။ အစာပမာဏ အနည်းငယ်ကို မကြာခဏ စားလိုက်တာကြောင့် ခန္ဓာကိုယ်က Relax ရရှိသွားပြီး လပေါင်းများစွာ သကြားစုဆောင်းမှု များတဲ့အတွက် ပျက်စီးမှုဖြစ်စဉ်တွေကို မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

၃။ ကစီဓာတ်အစား ပရိုတင်း စားပေးပါ

ကာဗိုဟိုက်ဒရိတ်ခေါ်တဲ့ ကစီဓာတ်ပါဝင်တဲ့ ဆန်၊ ပေါင်မုန့်၊ ခေါက်ဆွဲ အစရှိတာတွေကို တစ်နေ့ နှစ်ကြိမ်ထက် ပိုမစားပါနဲ့။ သင်အစာစားတဲ့ အချိန်တိုင်း ပရိုတင်းပါဝင်အောင် စားပေးပါ။

ဘယ်လိုအလုပ်လုပ်သလဲ

ကစီဓာတ်ကို ကန့်သတ်ပြီးစားကာ ပရိုတင်း ပိုမိုစားသုံးတာကြောင့် သွေးတွင်း သကြားဓာတ်မြင့်တက်မှုကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ပရိုတင်း များများစားတာကြောင့် အချိန်အကြာကြီး ဗိုက်ပြည့်တင်းမှု ရရှိစေနိုင်ပါတယ်။

၎။ သကြားဓာတ်ကို ဖြိုခွဲနိုင်တဲ့ အစာစားပါ

သစ်ကြံပိုးခေါက်နဲ့ ပန်းသီးဝိုင်ရှာလကာရည် (Apple Cider Vinegar) တွေပါဝင်အောင် စားပါ။

ဘယ်လိုအလုပ်လုပ်သလဲ

အစာမစားခင် Vinegar အနည်းငယ်သောက်လိုက်တာကြောင့် သွေးတွင်း သကြားအဆင့်မြင့်တက်မှု ၈၁ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ ဆဲလ်တွေမှ သကြားဓာတ်ကို လောင်ကျွမ်းနှုန်း ပုံမှန်ထက်အဆ ၂၀ ပိုမြန်ပါတယ်။

ဒေါက်တာခင်မိုးမိုး
By Good Health Originally

မေမွန်ကျော်

တိုင်းပြည်တိုးတက်ဖို့ဆိုရင်


ဒီလို ပုခုံးပေါ်မှာ အပွင့်တင်ထား ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာထက်၊ တိုင်းပြည်ကို ကာကွယ်နေကြရတဲ့ တပ်မတော်သားရဲ့ ဂုဏ်သိက္ခာဆိုတာကို နားလည်ကြမယ်ဆိုရင် . .

အခုလို နိုင်ငံ့အကျိုး၊ တိုင်းပြည်အကျိုး တိုးတက်ရန်အတွက် အတူလက်ပွဲပြီး ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်အတွင်း ဝင်လာသည့် မည်သူ့ကိုမဆို လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမှာဖြစ်ပြီး၊ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် တလေးတစား ဆက်ဆံရမယ့်အချိန်ဖြစ်ပါတယ်။

ဒီလိုအချိန်အခါမျိုးမှာ အခုလို အကြည့်မျိုးနဲ့ ကမ္ဘာအသိမှတ်ပြု နိုဘယ်ဆုရှင် တစ်ဦးအပေါ် လေးစားမှုမရှိတဲ့ အကြည့်မျိုးနဲ့ ကြည့်ခြင်းဟာ အင်မတန်ယုတ်ညံ့ သေးသိမ်တဲ့ အတွင်းစိတ်ကို ထင်သာမြင်သာစေပါတယ်။

တိုင်းပြည်တိုးတက်ရေးအတွက် အရေးကြီးတာက အခြေခံဥပဒေပြင်ဖို့ ဆိုတာထက် သေးသိမ်တဲ့ စိတ်ဓာတ်တွေကို အရင်မပြင်နိုင်ဘဲ ဒီတိုင်းပြည်မှာ ဒီလိုလူတွေ ကြီးစိုးနေသရွေ့တော့ ဘယ်နည်းနဲ့ တိုးတက်ဖွယ်မရှိနိုင်ဘူးလို့ ရဲရဲကြီးပြောရဲပါတယ်။


Ref:General Knowledge

မေမွန်ကျော်

၂ လီတာ ရေပုလင်းကို မီးသီးအဖြစ်သုံးပုံ


မြန်မာနိုင်ငံလို လျှပ်စစ်မီး မလုံလောက်ပဲ အလင်းငတ်လင့်နေတဲ့ နိုင်ငံတွေအတွက် အလွန်သင့်တော်တဲ့ နည်းပညာတခုပါ။ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းမှုဆိုင်ရာ နည်းပညာ တခုဖြစ်တဲ့ ၂ လီတာ ရေပုလင်းတွေ ထဲ ရေထည့်၊ မျက်နှာကျက်မှာ လျှပ်စစ် အလင်းအစားသုံးတဲ့ နည်းစနစ်တခု Green Cupboards အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင် နိုင်ငံက အိမ်တွင်းလုပ် နည်းပညာ တခုလည်းဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်ကို အပြည့်အ၀ သုံးပြီး ပုလင်း တလုံးကို ၆၀ Watt လျှပ်စစ်မီးသီးတွေလို အသုံးပြုနိုင်တာလည်းဖြစ်ပါတယ်။ အလင်းယိုင်ခြင်း သဘောကို ထူးခြားစွာ အလင်းအတွက် အသုံးပြုနိုင်တာလည်းဖြစ်ပါတယ်။

၂ လီတာ ရေပုလင်းထဲကို ရေအပြည့်ထည့် အဖုံးပိတ်ပြီး အိမ်ခေါင်မိုးမှာ ရေပုလင်းရဲ့ ၃ ပုံ ၁ ပုံကို ဖော်ထားပြီး ကျန် အပိုင်း ကို အိမ်ရဲ့ အတွင်းပိုင်းမှာ မီးသီးအဖြစ် ထားလိုက်တာပါ။ အိမ်တလုံးမှာ အခန်းအကျယ် အ၀န်းအပေါ် မူတည်ပြီး ပုလင်း အရေအတွက်ကို သုံးလို့ ရပါတယ်။ ဒီနည်းစနစ်ကိုပဲ “A litre of Light” လို့ ခေါ်ဆိုပါတယ်။

ဒါကြောင့် ဒီနည်းစနစ်ဟာ မြန်မာနိုင်ငံအတွက် အလွန်အသုံးတည့်ပါတယ်။ အမေရိကန် GE ကုမ္ပဏီကြီးဆီက မီးစက်ကြီး တွေ ၀ယ်စရာလည်း မလိုဘူး။ နောက်မီတာခလည်း ပေးဆောင်စရာမလိုဘူး။ မီးဖြတ်မှာ၊ အလှည့် ကျပေးတာကို စောင့်ရ မှာလည်း မလိုဘူး။

ဒါပေမယ့် ဒီနည်းစနစ်က အဲယားကွန်းတွေ၊ ကွန်ပျူတာ၊ အင်တာနက်သုံးဖို့ လျှပ်စစ်ဓာတ်အားကိုတော့ မထုတ်ပေးနိုင်တာ ကြောင့် ဒါမျိုးတွေပါ သုံးလို့ရမယ့် နည်းစနစ်တခုကို မြန်မာများ တီထွင်နိုင်လိမ့် မယ်လို့မျှော်လင့်တယ်။

ဂျပန်တွေဟာ လောကဓံကို ခံစားရရင် အံတုဘို့ နည်းပညာတွေ တီထွင်နိုင်ကြတယ်။ မြန်မာတွေလည်း အားကျမခံ အမှောင်ထဲက အလင်းရဖို့ အခု ဖိလစ်ပိုင်ထက်သာတဲ့ နည်းပညာသစ်တခုကို နှစ်ပေါင်းများစွာကြာ လာပေမယ့် အခုထိ မတီထွင်နိုင်သေးတာ စဉ်းစားစရာပါ။





မြန်မာနှစ်ဦး ကားတိုက်ခံရမှူဖြင့် သေဆုံး


http://api.ning.com/files/nBFm0VJ1o*tSvAgDjTnerEJGAqpUIvE1ceuREA93LG21Es-AYGXv03xLTlUWqoZeaO7N2wJfu4j*-SvStwz9xCzr6DFaUprF/nayzawlinn12.gif
မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တော်ရှိ Time Square Hotel အနီးရှိ Bus Stop ကားဂိတ် တစ်ခုအတွင် ၂ ရက်အတွင်းမှာ မြန်မာနှစ်ဦး ကားတိုက်ခံရမှူဖြင့် သေဆုံး သွားကြောင်း သိရှိရပါသည်။

ဒီလ ၂ ရက်နေ့မှာပေါ့။ ကျွန်တော့်ရဲ့ သူငယ်ချင်းရဲ့ သူငယ်ချင်းမြန်မာကောင်လေး တစ်ယောက်ပါ။ သူနာမည်က ဂျေမီဖြစ်ပါတယ်။ အဲဒီ နေ့က သူအရက် နည်းနည်း သောက်ထားသေးတယ်။ ညနေပိုင်း အိမ်ပြန်တာတော့ Bus Stop လမ်းကူးတံတားမှာ လမ်းကူးတုန်း ကားတိုက်ခံ လိုက်ရတာပါ။

နောက် ၃ ရက်နေ့မှာက ချင်းမိန်းကလေး တစ်ယောက်ပါ။ အလုပ်ကသူပြန်လာတာ ညနေ ၇ နာရီလောက် ရှိနေပြီ။ မနေ့က ကောင်လေး ကားတိုက်ခံလိုက်ရတဲ့ နေရာမှာပဲ ဒီနေ့သူလည်း ကားတိုက် ခံလိုက်ရတာပါ။ ကားသမားက လူတွေရုတ်ရုတ်သဲသဲ ဖြစ်နေတုန်းမှာ မောင်းပြေးသွားတော့ ဘာမှလုပ်လို့ မရဘူး ဖြစ်သွားပါတယ်။ ကျွန်တော်တို့လည်း ကိုယ့်မြန်မာတွေထဲက ဒီလိုဖြစ်တော့ အရမ်းစိတ်မကောင်းပဲ ဖြစ်သွားပါတယ်။

အဲဒီ လမ်းကူးတဲ့ နေရာမှာက ညညဆို ဆေးရောင်းသူတွေနဲ့ လုယက်မှုများ ညအချိန်ဆို ရှိနေတတ်လို့ သိထားရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အခုကားတိုက်ခံရတဲ့ နေရာလေးမှာ မကြာခဏဆိုသလို ကားတိုက်ခံရမှုလည်း ရှိပါတယ် ဟု သေဆုံးသူနဲ့ သူငယ်ချင်းဖြစ်တဲ့ ကိုအောင်အောင်မှ News Information & Online Radio Media (Malaysia) သို့ သတင်းပေး ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံအတွင်း ယာဉ်မတော်တဆမှုများ လုယက်မှုများ ဓားပြတိုက်မှုများ အလိမ်အညာမှုများ ကြုံတွေ့နေရသော်လည်း မြန်မာနိုင်ငံသားများ အတွက် ထိထိရောက်ရောက် ကူညီလုပ်ဆောင်ပေးမှု မရှိကြောင်း သိရှိရပါသည်။ မလေးရှားရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ခရီးသွားလာမှုများကို ဂရုစိုက်၍ သတိထား သွားလာကြပါရန် သတိပေးလိုက်ပါသည်။

မလေးရှား သတင်းများနှင့် ပက်သက်၍ ဆောင်းပါးများ ၊ အရေးပေါ် သတင်းများ သုတ ၊ ရသများ ပေးပို့လိုပါက nayzawlin1@gmail.com ၊ nayzawlin1@nayzawlin.com နဲ့ 016 3840 954 သို့ ဆက်သွယ် သတင်းပေး နိုင်ပါသည်။



News Information & Online Radio Media (Malaysia)

ကြည့် ကြမလား ဂျပန်က ဆင်ဖြူတော်

 
ဒီနေ့  ကျမကို အိမ်ရှင်ဂျပန်ကြီးက ဆင်ဖြူတော် သွားကြည့်မယ်ပြောတော့ အံ့သြသွားတယ်။
 
ဂျပန်မှာ ဆင်ဖြူတော်ပေါ်တယ်လည်းမကြားပါဘူး လို့ တွေးမိပါတယ်။
 
ဇဝေဇ၀ါ နဲ့ ပဲ  ဆင်ဖြူတော်ရှိတယ်ဆိုတဲ့  Yoshihamaမြို့ ကို လိုက်လာရတယ်။
 
ဟော --တွေ့ ပါပြီ။ သူ့ ဆင်ဖြူတော်က ဒီလိုလား--
 
 
ဒီဆင်ဖြူတော်ရုပ်ပေါ်မှာ ဘုရားကျောင်းဆောင်တင်ပြီး မူလတန်း ကလေးတွေက
 
လှည်းကိုဆွဲပြီး အတီးအမှုတ်တွေနဲ့  မြို့ကို လှည့် လည် ကြတာပါ။
 
 
 ဒီလို လုပ်တာ အန္တာရယ် ကင်းတယ် လို့ သူတို့ ယူဆကြပါတယ်။ေ
 
နာက်ပြီး သူတို့ အရပ်ဒေသမှာရှိတဲ့ ရိုးရာဓလေ့ တွေကို ဧည့်သည်တွေ ပိုသိအောင်ရည်ရွယ်တာပါ။
 
Yoshihama မြို့ က တကယ်ကို အေးချမ်းသပ်ယပ်တဲ့မြို့ လေးပါ။
 
သန့် ရှင်းတာကတော့ ဂျပန်မြို့ တွေထုံးစံအတိုင်း ပဲပေါ့။
 
သူတို့ လုပ်တဲ့ပွဲလေးက မကြီးကျယ်ပေမယ့်  မှတ်တမ်းရိုက်တဲ့  သူတွေလည်းလာကြတယ်လေ။
 
ကလေးတွေကလည်း ငယ်ပေမယ့်  တူရိယာတွေကိုတောင်မှုတ်နိုင်ကြတယ်။
 
ကြည့်ရတာ ပျော်စရာကောင်းတဲ့  ပွဲတော်ငယ်လေးရဲ့  ပုံလေးတွေကြည့် ရအောင်နော် --
 
 ရပ်မိရပ်ဖတွေကလည်း  ဖွင့်ပွဲလေးမှာ မိန့် ခွန်းပြောကြတယ်။
 
 
 
စောင့် ဆိုင်းနေကြတဲ့ ဆင်ရုပ် ၀တ်စုံလေးတွေနဲ့ ကလေးတွေ
 
 
ပွဲကြည့်ပရိသတ်တွေလည်း လာကြတယ်
 
 
အတီးအမှုတ်တွေနဲ့  စတင် လှည့် လည်ပါပြီ
 
ဆင်ရုပ်ကို ကြိုးဆွဲလာကြတဲ့ ကလေးတွေ
 
ကလေးတွေနောက်ကမှ လူကြီးတွေက ထိန်းပြီး လိုက်လာကြတယ်
 
 
သူတို့ မြို့တပတ်ပတ်နေတုန်း ဘုရားဝင်ဖူးမယ်
 
 
မြတ်စွာဘုရား ရုပ်ထုတော်
 
 
ပန်း၊ရေ၊ဆီမီး ပူဇော်ကြမယ်။
 
 
ဘုရားရှင် ဒုက္ကထစရိယ ကျင့်နေပုံ
 
 
သူတို့ ဆီက ရုပ်သေးရုပ် သရုပ်ဖော်တွေ
 
 
ဘုရားကျောင်းရှေ့ ကဈေးတန်းလေးပါ။
 
 
ကြည့်ရတာစုံသွားပြီဆိုတော့  Yoshihamaမြို့ရဲ့ နာမည်ကျော် Torimeshi စားပြီးပြန်တော့မယ်--
 

KIO အပေါ် အစိုးရထိုးစစ် အရှိန်မြှင့်


အစိုးရနဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကြား ထာဝရငြိမ်းချမ်းရေး ရဖို့ ဆွေးနွေးမှုတွေ ရှေ့မတိုးနောက် မဆုတ် ဖြစ်နေချိန်မှာပဲ KIO ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို မြန်မာ အစိုးရတပ်ဖွဲ့က လမ်းကြောင်းသုံးခု ကနေ ချဉ်းကပ်နေပါတယ်။ လိုင်ဇာမြို့ကို ပစ်ခတ်နိုင်တဲ့နေရာတွေမှာ  လက်နက်ကြီးတွေ နေရာ ချထားနိုင်ပြီဆိုရင် အစိုးရတပ်ဘက်က ထိုးစစ် စတင်လာနိုင်တယ်လို့ KIO ဘက်က သုံးသပ်နေပါ တယ်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ရှေ့မဆက်နိုင်တဲ့ တချိန်တည်းမှာပဲ နှစ်ဘက် တိုက်ပွဲတွေဟာ ဒီရက်ပိုင်းတွေအတွင်းမှ ပိုပြီးတော့ ပြင်းထန်လာနေတာပါ။ အခုလို ကချင်ဘက်မှာ ဖြစ်နေတဲ့ အခြေအနေတွေကိုတော့  ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ကို ထိုးစစ်ဆင်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့တဲ့ ဒီရက်ပိုင်းတွေ အတွင်းမှာ KIO ဌာနချုပ် လိုင်ဇာဒေသမှာ သာမက  ကချင်ပြည်နယ်က အခြား ဒေသတွေမှာပါ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက အစိုးရတပ်တွေဘက်က လိုင်ဇာမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ သလို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကလည်း ပန်ဝါမြို့အနီးက လုပိခေါ် အစိုးရရဲ့ နယ်ခြားစောင့် တပ်စခန်းတခုကို တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ အစိုးရဘက်က ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက်ခဲ့ရတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
အခုလို ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လာတာတဲ့ အဓိကအချက်က ဘာကြောင့်လဲ လို့ မေးမြန်းရာမှာတော့ KIO ရဲ့ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်က အခုလို ပြောပါတယ်။
“အစိုးရစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုပြင်းထန်လာတယ်။ သူတို့ရဲ့တပ်တွေ ပိုပြီး အင်အားဖြည့်တင်းလာ တယ်။ အဓိက အချက်က အဲဒါပဲခင်ဗျ။ ခါတိုင်းသူတို့ တပ်စခန်းတွေမှာ အင်အား ၂၀-၂၅ပဲ ရှိတဲ့ နေရာမှာ အခုတော့ အယောက် တစ်ရာနီးပါး အင်အားဖြည့်ထားတယ်။ အရင်တုံးက ၆၀ မမပဲ ထားတဲ့နေရာမှာ အခု ၁၂၀ မမ တို့၊ ၈၁ မမတို့ လက်နက်ကြီးတွေ ဖြည့်ထားဖို့လုပ်တယ်။ နားဖော့စခန်းမှာ အယောက် ၃၀ လောက်ပဲရှိတယ်။ အဲဒီမှာ ရဟတ်ယာဉ်ခေါက်တုန့်ခေါက်ပြန်လုပ်တာ ၂၅ ကြိမ်လောက်ရှိတယ်။ လူအင်အားဖြည့်တယ်၊ လက်နက်ကြီး တပ်ဆင်ထားတယ်။ ဒီလိုမျိုးလုပ်တာဟာ KIO ဌာနချုပ်ကို မသိမ်းပါဘူးဆိုတာနဲ့ လုံးဝကွဲပြားမှုရှိတယ်ခင်ဗျ။”
လောလောဆယ်မှာ အစိုးရတပ်တွေက မြစ်ကြီးနား၊ ၀ိုင်းမော်၊ ရွှေညောင်ပင်၊ ဂန်ဒေါင်ယန် လမ်းကြောင်း၊ ဗန်းမော်- ဒေါ့ဖုန်းယန်လမ်းကြောင်း၊ ဗန်းမော်-ရှဒန်ပါ လမ်းကြောင်း စတဲ့ လမ်းကြောင်းသုံးကြာင်းကနေ လိုင်ဇာမြို့အနီးကို ချဉ်းကပ်လာနေတယ်လို့ ပြောပါတယ်။
ဒီလို ချဉ်းကပ်လာတာ လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ပစ်ခတ်နိုင်တဲ့ အကွာအဝေး ရောက်ပြီဆိုရင်တော့ အစိုးရဘက်က ထိုးစစ်ဆင်နိုင်တယ်လို့ ဦးလနန်က သုံးသပ်ပါတယ်။
“လွန်ခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်မှာ သူတို့ ဆက်တိုက်လို ပစ်တာမျိုးရှိတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ သူတို့ ဗဟိုဌာနကို လက်နက်ကြီး ချိန်ရွယ်ပစ်ခတ်တာ နားထားတယ်။ ဂန်ဒေါင်ယန်ကနေ ပြီးတော့ သူတို့ လက်နက်ကြီးပစ်တဲ့အခါမှာ ၁၀၅ မမ ဟောင်ဝစ်ဇာ ပစ်တဲ့အခါမှာ ဗဟိုဌာနကို မရောက်နိုင်ဘူးခင်ဗျ။ ဒါကြောင့် သူတို့က အဲဒီ ၁၀၅ မမ-ကို ဂန်ဒေါင်ယန်ကနေ အင်ဗွေယန်ကျေးရွာကို ဆွဲလာဖို့ လုပ်နေကြ တယ်။ အခု ၁၀၅-မမ ကတော့ ဂန်ဒေါင်ယန်ကနေ အင်ဗွေယန်ကို ဆွဲလာတာ တခု ရှိမယ်။ ဒေါ့ဖုန်းယန်-ခမ်းကိုင်ဆိုတဲ့ အဲဒီတောင်စခန်းမှာ သူတို့ အဲဒီမှာလည်း ၁၀၅ မမ ရှိမယ်။ နောက်ပြီးတော့ ဒီ ရှဒန်ပါ ဘက်မှာလည်း လက်နက်ကြီး ပြင်ဆင်ထားတာရှိတယ်။ အဲဒီ သုံးဘက်သုံးတန်ကနေပြီးတော့ အဆင်သင့်ဖြစ်တဲ့အခါမှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်ဖို့ အဆင်သင့်လုပ်နေကြတယ်။”
အစိုးရဘက်က လက်နက်ကြီးတွေ နေရာချထားဖို့ တောင်ကုန်းတွေကို တက်ရောက် ရှင်းလင်းသိမ်း ယူနေတာကြောင့် လိုင်ဇာအနီး ဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဦးလနန်က ဆက်ပြောပါတယ်။
ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာတော့ လုပိစခန်းတိုက်ပွဲက ဆုတ်ခွာသွား KIA တပ်တွေကို အစိုးရ စစ်ကြောင်းတွေက လိုက်လံရှင်းလင်းရာမှာ လက်နက် ၁၄ လက်၊ အလောင်း၂၉ လောင်းနဲ့ KIA တပ်ဖွဲ့ဝင် တယောက် ဖမ်းဆီးရမိကြောင်းနဲ့ KIA က ဒေသခံရွာသူ ရွာသား ၃၄၅ ယောက်ကို ပေါ်တာအဖြစ် ဖမ်းဆီးသွားကြောင်း ဖော်ပြပါတယ်။
ဦးလနန်ကတော့ ကျဆုံးသူ အဲလောက်မများကြောင်းနဲ့ လူ ၃၀၀ ကျော် ဖမ်းဆီးတယ်ဆိုတာလည်း မဖြစ်နိုင်ကြောင်း ငြင်းဆိုပါတယ်။
KIA တပ်ဖွဲ့နဲ့ မြန်မာအစိုးရတပ်အကြားမှာ အခုလို တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ KIO ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် လွယ်ဂျယ်မြို့နယ်အတွင်းမှာ တွေ့ဆုံဖို့ ဧပြီလ ၂၉ ရက်နေ့က ထပ်မံ ကမ်းလှမ်းခဲ့ပါတယ်။ ဒီကမ်းလှမ်းချက်ကိုတော့ အစိုးရဘက်က အခုထိ အကြောင်းမပြန်သေးပါဘူး။
ဧပြီလ ၁၇ ရက်နေ့က မြန်မာအစိုးရဘက်က မြစ်ကြီးနား သို့မဟုတ် ဗန်းမော်မှာ ဆွေးနွေးဖို့ ကမ်းလှမ်း တာကိုတော့ KIO က စစ်ရေးတင်းမာနေချိန် ဖြစ်တာကြောင့် မြစ်ကြီးနားနဲ့ ဗန်းမော်မှာ ဆွေးနွေးဖို့  ငြင်းပယ်ထားတာလည်း ဖြစ်ပါတယ်။
KIO နဲ့ ဦးအောင်သောင်းခေါင်းဆောင်တဲ့ အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ သုံးကြိမ်ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ နှစ်ဘက် ငြိမ်းချမ်းရေးဆွေးနွေးတာတွေ မပြေလည်သေးတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည် ၆၀,၀၀၀ ကျော်ဟာ တရုတ်-မြန်မာနယ်စပ်နဲ့ ကချင်ပြည်နယ် အတွင်းက မြို့ကြီးတွေမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။

VOA မှ ဖြစ်သည်။

မိမိဒေသကို ကာကွယ်ဖို့ KIA ကို ပြန်တိုက်ခိုက်ရဟု BGF ပြော


ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့များအား ပစ်ခတ် တိုက်ခိုက်ခြင်းမှာ မိမိဒေသကို ကာကွယ်ခြင်းသာဖြစ်ကြောင်း နယ်ခြားစောင့်တပ်မှ အမည်မဖော်လိုသူ ဗိုလ်ကြီးတဦး က ပြောသည်။

ဧပြီလ ၂၇ ရက်နေ့မှ စတင်၍ ပန်ဝါအခြေစိုက်ထားသည့် နယ်ခြားစောင့်တပ် တပ်ရင်း ၁ဝဝ၂ တပ်ဖွဲ့များနှင့် အစိုးရ တပ်ရင်းတရင်းတို့ ပူးပေါင်းကာ KIA တပ်ဖွဲ့တို့နှင့် လုပိကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အကျအဆုံး များပြားခဲ့သည့်အပေါ် ထိုအရာရှိက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အမှန်က ကျနော်တို့က အမျိုးသားတွေ အချင်းချင်းပါ။ ညီအစ်ကိုတွေပါ။ ကျနော်တို့ ပန်ဝါဒေသက နယ်ခြားစောင့်တပ်
ဖြစ်တယ်။ နိုင်ငံတော်က ထောက်ပံ့နေတယ်။ နိုင်ငံတော်နဲ့အတူ လက်တွဲပြီး လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသ လုံခြုံအေးချမ်းဖို့ ကျနော်တို့က ဒီနေ့ဒေသကို အေးချမ်းအောင် ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်”ဟု မဇ္စျိမကို ပြောသည်။

“ကျနော်တို့လည်း ကိုယ့်အိမ် ကိုယ်နေရာဒေသနဲ့ နေတာ။ ကိုယ့်နေရာမှာ တပါးသူလာပြီး အိမ်ထောင်ဦးစီး လာလုပ် မယ်ဆိုတော့ ဒီက လက်မခံကြဘူး။ ကျနော်တို့က ကိုယ့်နေရာကိုယ် ကာကွယ်တဲ့ပုံစံမျိုးနဲ့ ကာကွယ်တာပါ။ ကျနော် တို့ ရှေ့ကထွက်ပြီးမှ ထိုးစစ်ဆင်တာ မဟုတ်ပါဘူး”ဟု သူက ဆက်ပြောသည်။

ကချင် ဒီမိုကရေစီသစ်တပ်မတော် NDAK မှ နယ်ခြားစောင့်တပ် တဖြစ်လဲ တပ်ရင်း ၁ဝဝ၂ မှ တပ်ဖွဲ့များနှင့် အစိုးရ၏ တပ်ရင်းတရင်းမှ ၁ဝဝ ကျော်တို့က အားဖြည့်ခဲ့သဖြင့် KIO ဘက်မှ အကျအဆုံးများပြီး ၎င်းတို့တပ်မှ နှစ်ဦးဒဏ်ရာ ရရှိသည်ဟု ဆိုသည်။

မေလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် အမှတ် ၁ဝဝ၂ နယ်ခြားစောင့်တပ် ဌာနချုပ်ကို KIA က တိုက်ခိုက်ခဲ့ သည့် ဧပြီ ၂၇ ရက်နေ့မှ မေလ ၃ ရက်နေ့ထိ KIA ဘက်မှ လက်နက် ၁၄ လက်နှင့် တပ်ဖွဲ့အလောင်း ၂၉ လောင်းနှင့် တပ်ဖွဲ့တဦး ဖမ်းဆီးထားသည်ဟု ဖော်ပြထားသည်။

အစိုးရဘက်မှ တပ်သား နှစ်ဦး ကျဆုံး၍ အရာရှိ သုံးဦး အပါအဝင် ၁၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟုလည်း ဖော်ပြထား သည်။

ပန်ဝါဒေသကို KIO ဘက်မှ သိမ်းပိုက်ရန် ကြိုးစားနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် တရုတ်နယ်စပ်ဘက်
ဒေသခံ တချို့ ထွက်ပြေးတိန်းရှောင်ခဲ့ရာ တရုတ်အစိုးရဘက်က လက်မခံသဖြင့် မိမိနေအိမ်သို့ ပြန်လည် ရောက်ရှိ
နေကြပြီ ဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဗိုလ်ကြီးက ပြောသည်။

တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၈ ရှိ စစ်ပြေးဒုက္ခသည်စခန်းအတွင်း ယခုရက်ပိုင်းအတွင်း စစ်ပြေးဒုက္ခသည်များ ထပ်မံဝင်ရောက်လာကြကြောင်း စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီ တာဝန်ခံ KIO အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

“ဆဒုံးဘက် မှတ်တိုင် ၈ စခန်းဘက်မှာ နည်းနည်းထပ်ဝင်လာတယ်။ ဘယ်လောက်ဆိုတာ တိတိကျကျ မသိသေးဘူး။ တချို့က ဝိုင်းမော်ဘက် ဆင်းသွားတယ်လို့ ပြောတယ်။ တချို့က ဝိုင်းမော်ဘက်ကို မသွားဘဲ ဒီဆဒုံးဘက်ကို လာတယ် လို့ပဲ သိထားတယ်”ဟု မဇ္စျိမကို ပြောသည်။

အစိုးရနှင့် KIO တို့အကြား ၂ဝ၁၁ ခုနှစ် ဇွန်လမှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ယခုဆိုလျှင် ၁၁ လကျော် ကြာမြင့်လာပြီ ဖြစ်သည်။ နှစ်ဖက် ငြိမ်းချမ်းရေး သုံးကြိမ်တိုင် ဆွေးနွေးခဲ့ပြီးသော်လည်း တိုက်ပွဲများ မရပ်စဲဘဲ ပိုမိုပြင်းလာခဲ့သည်။

ဦးဆခုန်တိန့်ယိင်း ဦးဆောင်သည့် NDAK သည် ယခင်က KIO တပ်ဖွဲ့၏ တပ်မဟာ ၃ လက်အောက်ခံ ဌာနချုပ်
ဖြစ်ခဲ့ရာမှ နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ-ဗကပ အဖြစ် လှုပ်ရှားခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလက အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်သို့ ပြောင်းလဲခဲ့သည်။

Mizzima မှ ဖြစ်သည်။

ကားတိုက်ခံရသော မြန်မာအလုပ်သမားလေးအတွက် အားလုံးကူညီကြပါရန်

           ကျွန်တော်တို့ထံလာရောက်အကူညီတောင်းထားတဲ့ ကိစ္စတစ်ခုကို မလေးရှားရောက်မြန်မာ ညီအကိုမောင်နှမအားလုံးသိနိုင်ရန် ကျွန်တော် ဘလော့ရေးပြီး အကူညီတောင်းပါတယ်ခင်ဗျာ ။
အကြောင်းက ပီနန်း တွင်လာရောက်လုပ်ကိုင်နေသော မြန်မာ အလုပ်သမား မောင် ဇင်အောင်စိုးဟာ ပြီးခဲ့တဲ့ 5.1.2012 က အလုပ်မှဆိုင်ကယ်စီးပြန်လာစဉ် အရှိန်ပြင်းမောင်နှင်လာသော ကားတစ်စီးမှ စက်ချို့ရွင်းပြီး မောင်ဇင်အောင်စိုးကို ဝင်ရောက်တိုက်မိခဲ့ပါတယ် ။
ထိုသို့အတိုက်ခံရတဲ့ မြန်မာ အလုပ်သမားလေး မောင်ဇင်အောင်စိုးမှာ ထိုနေရာမှာပင် သတိမေ့ ခဲ့ပြီး အရေးပေါ်အခြေအနေဖြင့် မလေးရှားနိုင်ငံ ပီနန်းဆေးရုံကြီးသို့ ချက်ချင်းတင်ဆောင်ခဲ့ရပါတယ်။
ယနေ့ မေလ သို့ရောက်ရှိသည့်တိုင် မောင်ဇင်အောင်စိုးရဲ့ ကျမ်းမာရေးအခြေအနေမှာ အထူးအရေးပေါ်အခြေအနေ ဖြင့် ကုသနေရဆဲဖြစ်ပြီး ဆေးကုသမှု့ အားလုံးဆောင်ရွက်သော အခါ ပြန်လည်မလုပ်ကိုင်နိုင်သော အခြေအနေသို့လုံးဝရောက်ရှိခဲ့ပါတယ် ။ ထို့သို့သာမက နေအိမ်သို့ရောက်ရှိသော်လည်း လုံးဝပြန်လည်မကောင်းမွန်ပဲ ယနေ့ ပီနန်းဆေးရုံသို့ ပြန်လည်ပို့ဆောင်ခဲ့ရပြီး အခက်ခဲပေါင်းများစွာဖြင့်ကြိုးစားကုသရာမှာ ကျွန်တော်တို့ အကူညီများစွာလိုအပ်လျှက်ရှိပါတယ်ခင်ဗျာ ။
သို့ပါသောကြောင့် ဧဒင်ဥယျာဉ်တွင် ရှိနေသော ရန်ပုံငွေမှ ရှိသလောက်ကူညီမည်ဖြစ်သည့်အပြင် မလေးရှားရောက်မြန်မာများအားလုံး ဝေဒနာများစွာ ခံစားနေရသော မောင်ဇင်အောင်စိုးအား ဝိုင်းဝန်းကူညီနိုင်ဖို့ ကျွန်တော် ဒီဘလော့ဖြင့် ဧဒင်အဖွဲ့သားအားလုံးထံ အကူညီတောင်းခံပါတယ်ခင်ဗျာ ။
မောင်ဇင်အောင်စိုး၏ မိသားစု ရှိပါက သိရှိနိုင်ရန် မောင်ဇင်အောင်စိုး၏ပုံ

ကားတိုက်ခံရအပြီး မောင်ဇင်အောင်စိုး
ခွဲစိတ်ကုသမှု့ မလုပ်ခင် မောင်ဇော်အောင်စိုး
ခွဲစိတ်ကုသမှု့ 3 ကြိမ်အပြီး
စတီးချောင်းစိုက်ကာ နေထိုင်ရတော့မည့် ခါးအောက်ပိုင်း
ယခု မောင်ဇင်အောင်စိုးမှာ မည်သို့မှ တောင့်ခံနိုင်သော ငွေအင်အား ၊ ကုသစရိတ်များ ဖြင့် အခက်ခဲများစွာ အံတုရင်ဆိုင်ခဲ့ပေမယ့် မတတ်နိုင်သော အခြေအနေ များကြောင့် အောက်ပိုင်းတော်တော်များများကို ဖြတ်ထုတ်လိုက်ရပါတယ် ။ အောက်ပါပုံများမှာမောင်ဇင်အောင်စိုးရဲ့ နောက်ဆုံး ခွဲစိတ်မှု့အပြီးအခြေအနေဖြစ်ပါတယ်ခင်ဗျာ။
ခြေထောက်မရှိတော့ရှာသော မောင်ဇင်အောင်စိုး
ဒုတိယအကြိမ် ဆေးရုံပြန်တက်နေရသောမောင်ဇင်အောင်စိုး
ယခု ဒုတိယအကြိမ် ဝေဒနာများစွာကို ရင်ဆိုင်နေရသော မောင်ဇင်အောင်စိုး၏ နောက်ဆုံးအခြေအနေ
မလေးရှား ရောက်မြန်မာ ညီအကိုမောင်နှမများသာမက နိုင်ငံတစ်ကာက ဒီဘလော့ကိုဖတ်ရှု့နေသော ဧဒင်အဖွဲ့ဝင်များခင်ဗျာ။
ယခု မောင်ဇင်အောင်စိုး မှာ ဆေးရုံသို့ဒုတိယအကြိမ်အဖြစ်တက်ရောက်ကုသနေရပြီး စရိတ်များစွာကြီးမားလှတဲ့ဆေးကုသမှု့အတွက် အကူညီများစွာလိုအပ် လျှက်ရှိနေပါတယ် ။ မောင်ဇင်အောင်စိုးရဲ့ မိတ်ဆွေသူငယ်ချင်းများအားလုံး ဝိုင်းဝန်ကူညီသော်ငြား ဆေးကုသမှု့စရိတ်မှာ မလောက်ငှတော့ပါ ။ သို့ပါသောကြောင့် မလေးရှား ကွာလာလမ်ပူရှိ နှလုံးလှပရိဟိတ လူငယ်များသွေးလှူရှင်အဖွဲ့သို့ ယနေ့ 5.5.2011 မှာ လာရောက်အကူညီတောင်းခံခဲ့ပါတယ် ။
သို့ပါသောကြောင့် နှလုံးလှပရဟိတ အဖွဲ့၏ လက်ရှိရှိနေသာ ရန်ပုံငွေ ၊ ကျွန်တော်တို့ ဧဒင်အဖွဲ့ဝင် JUNE လှူဒါန်းထားသော အလှူငွေ အပါအဝင် ယခု အလှူခံ သည့်ဘလော့မှ ရရှိမည့် ငွေအားလုံးကို လာမည့် 15.5.2012 မှာ ကျွန်တောတို့ ပီနန်းသို့ အရောက် သွားကူညီမည်ဖြစ်ပါတယ် ။ သို့ပါသောကြောင့် မည်သည့် အဖွဲ့စည် ၊ မည်သည့် ပရဟိတ အဖွဲ့မဆို ၊ ထပ်မံပြီး မလေးရှားရောက် မြန်မာညီအကိုမောင်နှမအားလုံး မိမိတို့တတ်နိုင်သလောက် မည်မျှပင်ဖြစ်စေ စုပေါင်းကူညီ နိုင်ရန် ကျွန်တော် ကိုယ်တိုင် မေတ္တာရပ်ခံ ပြီး အကူညီ တောင်းခံပါတယ်ခင်ဗျာ ။
ပီနန်းမှ မြန်မာများသွားရောက်လှူဒါန်းလိုပါက ပီနန်းဆေးရုံကြီး 
Hospital Registration Number - 890946
Ward - C-10 , Block-C .
ကေအယ်ရောက် မြန်မာများ စုပေါင်းလှူဒါန်းလိုပါက 
နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ 
အမှတ် - 118 ၊ Jalan Tun H.S Lee၊ ဘန်ကောက်ဘဏ်ရှေ့တည့်တည့် ( 43 ) ကားမှတ်တိုင်အရှေ့ ၊
အောင်မြန်မာ စားသောက်ဆိုင်ဘေး ၊ ပထမထပ် ။ 
ဖုန်းဖြင့်ဆက်သွယ်မေးမြန်းလိုပါက 
ဆက်သွယ်နိုင်သောဖုန်းနံပတ် 
ဥယျာဉ်မှူး KOMYO
ဖုန်း 0124468842 ။
ဘဏ်အကောင့်သို့ ထည့်ဝင်လှူဒါန်းလိုပါက ဆက်သွယ်မေးမြန်းပါရန် ။
နိုင်ငံတစ်ကာမှ အလှူငွေ ထည့်ဝင်လိုသော အလှူရှင်များရှိပါက အောက်တွင်ကော့မက်ရေးထားနိုင်ပြီး ကျွန်တော်တို့ စာဖြင့်ဆက်သွယ်ပေးပါမည် ။
အားလုံး မြန်မာ နိုင်ငံသားတစ်ယောက်၏ ဝေဒနာ အခက်ခဲများကို ကူညီနိုင်မည်ဟု မျှော်လင့်လျှက် ။
ဥယျာဉ်မှူး
KOMYO
ဒီအကူညီတောင်းခံပို့စ်လေးကို ဧဒင်ဥယျာဉ်မှ ကူးယူလာခြင်း ဖြစ်ပြီး အက်ဒမင်များမှ မျှဝေပေးပါရန် တောင်းဆိုပါတယ်
Views: 209