This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, May 11, 2012

မြန်မာနိုင်ငံမှ ထူးဆန်းဖွယ်ရာ တစ်လင်နှစ်မယား မင်္ဂလာဆောင်ပွဲ......!

FaceBook မှာ တွေ့ရတဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေပါ။
မင်္ဂလာမောင်မယ်တွေကတော့
မောင်မင်းမင်းစိုး၊ မနှင်းဆွေ၊ မပိုပို လို့ ဆိုတယ်။
ဘိသိတ်ဆြာက လက်မှာ သပြေခက်၊ ရေခွက်၊ မိုက်ကရိုဖုန်းနဲ့။
ရက်စွဲတပ်မထားတော့ ဘယ်ကာလမှန်း မသိရပါ။ (ဓာတ်ပုံရိုက်ခဲ့သူရဲ့ ဖြည့်စွက်ချက်ကို အောက်ဆုံးမှာ ဖော်ပြလိုက်ပါတယ်)
ဧည့်ပရိသတ်ရဲ့ ၀တ်စားဆင်ယင်ပုံအရ ဆောင်းတွင်းလို့ ယူဆရပါတယ်။
ဒီပုံတွေ တင်ထားတဲ့ ကိုဇော်မြင့်သိန်းကတော့ ထူးထူးခြားခြား မင်္ဂလာပွဲ လို့ ခေါင်းစည်း တပ်ပြီး ဟောဒီလို ရေးထားလေရဲ့။
ထူးထူးခြားခြား မင်္ဂလာပွဲလေး 2010ခုနှစ် ကောလင်းသို့ ခရီးသွားခဲ့ရာမှ စတင်​ခဲ့ပါသည်။ ကျွန်တော်သည် ဓာတ်ပုံဆရာတစ်ယောက် ဖြစ်သည်။ ရွှေဘိုမြို့နယ်တွင် ရိုက်ကူးရေးကို အထူး လုပ်ကိုင်ပါသည်။ သို့ပေမယ့် ခင်ရာ မင်ရာများကိုလည်း ဘယ်လောက်ေ​၀းဝေး လိုက်ရိုက်ပေးပါသည်။ ၀ါသနာ အလွန်ကြီးခဲ့သည်။
ကျွန်တော်နှင့် အလွန် ၀ါသနာတူသော သူငယ်ချင်း တစ်ယောက်လည်း ရှိပါသည်။ ​ သူနှင့်အတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ရှိုလယ်ရွာ(အလယ်ရှို)ရွာတွင် ဓာတ်ပုံ ရိုက်ရန် အကြောင်းရှိလာရာ​ သွားရောက် ရိုက်ကူးခဲ့ကြပါသည်။ သွားရောက် ရိုက်ကူးသောပွဲမှာ ရွှေဘိုမြို့မှ ဘော်ဒါကျောင်းဆရာတစ်ဦး၏ မင်္ဂလာဆောင် ဖြစ်ပါသည်။
ဓာတ်ပုံ ရိုက်ပြီးသောနေ့တွင် ထိုရွာမှအပြန် ကားလမ်းမကြီးဘေးအရောက် အမှတ်တမဲ့ ကြည့်မိ၇ာ ကန့်ဘလူမြို့နယ်မှ ကြိုဆိုပါ၏ ဆိုသော ဆိုင်းဘုတ်ကိုေ​တွ့ရပါတော့သည်။ ရွှေဘိုမြို့နယ်ပြီး အထက်ကို တက်လျှင် ခင်ဦးမြို့နယ်ကို ရောက်ပါသည်။ ထိုမှဆက်တက်ပါက ကန့်ဘလူခရိုင်ကို ရောက်သည်။ ကန့်ဘလူခရိုင်ပြီးပါက ကောလင်းမြို့နယ်သို့ ရောက်သည်။ကောလင်းတွင် သူငယ်ချင်းများရှိရာ​ မရောက်တာ ကြာပြီဖြစ်သော သူငယ်ချင်း နှစ်ယောက်သားမှာ ကောလင်းသို့ သွားရကောင်း နိုးနိုးနှင့် ချီတုံချုတုံ ဖြစ်နေစဉ် တစ်ယောက်ကို တစ်ယောက် ငွေကြေး မည်မျှပါကြောင်း ပြောကာ ခရီးစရိတ် လုံလောက်သောကြောင့် သွားရန်စီစဉ်ပြီး ကောလင်းသို့ ခရီးထွ​က်ခဲ့ကြပါသည်။
ကောလင်းတွင် သူငယ်ချင်းများ ပြော​ပချက်အရ ထူးထူးခြားခြား မင်္ဂလာပွဲ ရှိကြောင်း ၀န်းသိုနယ်ထဲမှာပဲ ဖြစ်ကြောင်း သိ​ရပါသည်။ ထို့ကြောင့် ၀န်းသိုသို့ သွားရန်ထက် စိုင်းပြင်ရပြန်ပါသည်။ ချောင်းဆုံရွာတွင် သတို့သားတစ်ယောက်နှင့် သတို့သမီး​နှစ်ယောက်တို့ တပြိုင်နက် မင်္ဂလာဆောင်ခြင်း ဖြစ်ေ​ကြာင်း သိရသောအခါ အလွန် အင်မတန်မှ စိတ်ဝင်စားခဲ့ပါတော့သည်။
အမှတ်တရ ဓာတ်ပုံများကို ဓာတ်ပုံဆရာများက ရိုက်ကူးပေးသည်မှာ ကြည်နူး​စရာလဲ အလွန်ကောင်းသည်။ (ထိုအခါက တိုင်းမှုးသည်လည်း ကောလင်းနယ်ဘက်သို့ ရောက်နေရာ အလွန်တရာမှ လူပြောများနေသော မင်္ဂလာပွဲသို့ လာရောက်ကြည့်​ရူ့ခဲ့သည်ဟု သိရပါသည်။ ကျွန်တော်ေ​တာ့ မတွေ့လိုက်ရပါ။ ) ခြိမ့်ခြိမ့်သဲမျှ ကျင်းပသော မင်္ဂလာပွဲကို အလွန်တ​ရာ စိတ်ဝင်စားမှုရှိရာမှာ ရွာခံတစ်​ယောက်ကို မေးကြည့်ရာ သတို့သမီးတစ်ဦးမှာ ရွာခံဖြစ်ပြီး ကျန်တစ်ဦးမှာ ရွှေတော(ဖတ်ရှည်)မှ​ ဖြစ်ကြောင်း သိရသည်။
အကြောင်းစုံကို သိရန် မေးမြန်းခဲ့ပါသည်။ 2008ခုနှစ်တွင် ရွာခံ သတို့သမီးမနှင်းဆွေနှင့် မောင်မင်းမင်းစို့တို့ ချစ်ခင်စုံမက်ရာ လူကြီးမိဘများကို အသိပေးခဲ့ကြလေသ​ည်။ သတို့သားဘက်မှ အလွန်ချို့တဲ့သ​ည့် အလျှောက် သတို့သား မိဘများကလည်း တောင်းရမ်း​လက်ထပ်မပေးနိုင်ပေ။ ထို့ကြောင့် မောင်မင်းမင်းစိုးမှာ ချစ်သူနှင့် ပေါင်းဖက်နိုင်ရန် အလို့ငှာ ရွှေတော ခေါ် ဖတ်ရှည်သို့ အရင်းအနှီး ရှာရန် ချစ်သူကို ဇာတိကျေးရွာတွင် ထားခဲ့​ကာ ခရီး ထွက်လေတော့သည်။လုပ်ရင်းကိုင်ရင်းမှ နည်းနည်းပါးပါး အဆင်ပြေသောအခါတွင် မောင်မင်းမင်းစိုးသည် တစ်ရွာတစ်​ယောက် ဆိုသလို ရင်းနှီးသော ဖတ်ရှည်မှ မပိုပိုနှင့် ရည်းစားဖြစ်ပါတော့သ​ည်။ မပိုပိုကိုလည်း ချစ်သည်။ ဇာတိတွင် ကျန်ခဲ့သော မနှင်းဆွေကိုလည်း ချစ်သည်။ အလွန်ခက်ခဲသော ပြဿနာကို မောင်မင်း​မင်းစိုး စတင် ရင်ဆိုင်ရတော့သည်။ အမျိုးသမီးနှစ်ဦးကလည်းအလျှော့မ​ပေး တင်းမာနေကြရာ မည်သူကမှ အဆုံးအရှုံး မခံနိုင်ကြချေ။ မောင်မင်းမင်းစိုးကို နှစ်ဦးနှစ်ယောက်လုံးက ရယူလိုကြလေတော့သည်။ ထိုအခါ အမျိုးသမီးနှစ်ဦးက အပြိုင်အဆိုင် ပြိုင်ကြရာမှ ထိုမင်္ဂလာပွဲ စတင် ဖြစ်ပေါ်လာပါတော့​သည်။
မိဘဆွေမျိုးများက ဘယ်လိုပင် တားတား အလျှော့မပေးကြပေ။ ငယ်ရွယ်ကြသော်လ​ည်း မာနကိုယ်စီနှင့်ပြိုင်ကြရာ သုံးေ​ယာက်သား တစ်ရက်တည်း မင်္ဂလာဆောင်သည်​အထိ ဖြစ်ပေါ်လာပါတော့သည်ခင်ဗျာ အမှားပါရင်လည်း ခွင့်လွှတ်ကြပါဗျာ။ ကျွန်တော်လည်း တွေ့ဖူးတာလေးမို့ တ​င်လိုက်ရတာပါ။
(မှတ်ချက်။ ။ ကျွန်ုပ် သိသမျှဖြစ်ပါသည်။ ဓာတ်ပုံများမှာလည်း မူရင်းအတိုင်း ဖြစ်​ပါသည်။)
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)

KIA က ရှေ့တန်း စခန်းကုန်းတခု ဆုတ်ခွာ၊ တိုက်ပွဲ ဆက်လက် ပြင်းထန်




ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး KIA ၏ ရှေ့တန်းတပ်စခန်းတခု  ဆုတ်ခွာလိုက်ရသည်။
ဒေါ့ဖုန်းယန်မြို့ အရှေ့ဖက်တောင်ကြောပေါ်ရှိ ပန်စွန်တပ်စခန်းအား အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယမန်နေ့နံနက်က ဆုတ်ခွာပေးလိုက်သည်ဟု  KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က အခုလို ပြောသည်။
“မနေ့က သူတို့လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ၁၂၀ တို့၊ ၈၁ မမတို့၊ RPG ပုခုံထမ်း လောင်ခြာတွေနဲ့ ပစ်ခတ်တာများလာလို့ မနေ့က တိုက်ပွဲ တော်တော် ပြင်းထန်သွားတယ်။ အဲဒါ ကျနော်တို့ ပြန်ဆုတ်ပေးလိုက်တယ်။ ဒီနေ့လည်း အဲဒီ ဘေးနားမှာ ရှိတဲ့ တောင်ကုန်းတွေ၊ စခန်းတွေကို ၀င်စီးဖို့ လုပ်နေကြတယ်။”
ယမန်နေ့တိုက်ပွဲတွင် KIA ဖက်မှ (၂) ဦး ဒဏ်ရာရခဲ့ပြီး အစိုးရတပ်မှ ထိခိုက်ဒဏ်ရာရသူ ဦးရေ မသိသော်လည်း (၂) ဦးကျဆုံးသည်ဟု သိရကြောင်း ဆက်လက် ပြောဆိုသည်။
လွန်ခဲ့သည့် ဧပြီလက ယခု ဆုတ်ခွာလိုက်သည့် ပန်စွန်တပ်စခန်းအား အစိုးရတပ်မှ ပထမအကြိမ် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး နောက်တနေ့တွင် ပြန်လည် ထွက်ခွာသွားရာ KIA မှ နေရာပြန်ယူထား ခဲ့သည်။ ယခုတဖန် အစိုးရတပ်က ထပ်မံ တိုက်ခိုက် သိမ်းပိုက် လိုက်ခြင်း ဖြစ်သည်။
ဒေါ့ဖုန်းယန်မြို့တွင် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၁၄၂) အခြေချထားပြီး ပန်စွန် စခန်းသည် မြို့နှင့် တပ်၏ အပေါ်စီးနေရာတွင် ရောက်နေသဖြင့် စစ်ရေးအရ စိုးရိမ်သည့်အတွက် ပြန်လည် သိမ်းပိုက်ခြင်း ဖြစ်နိုင်ကြောင်း ဦးလနန်က သုံးသပ်သည်။
တချိန်တည်းတွင် လိုင်ဇာမြို့ အရှေ့ဖက်ရှိ KIO ဌာနချုပ်ဟောင်း တည်ရှိရာ ပါဂျောင်ဒေသ တ၀ိုက်တွင် အစိုးရတပ်ရင်း (၃) ရင်း အင်အား ဖြည့်တင်းထားပြီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဦးလနန်က အခုလို ပြောသည်။
“ပါဂျောင်မှာ အရင်တုန်းက ဗန္ဒုလကုန်းလို့ခေါ်တဲ့ နေရာနဲ့ အင်ဂါရှန် ကြားမှာ တိုက်ပွဲ ဖြစ်တာ (၃) ရက်လောက် ရှိသွားပြီ။ အရင်ကတော့ သူတို့တပ်စောင့် (၂၀) လောက်ပဲ ရှိတဲ့နေရာ။ အခုက အဲဒီမှာ ရာနဲ့ချီပြီး လှုပ်ရှားနေတော့ တိုက်ပွဲက ခနခန ဖြစ်နေတာပေါ့ဗျာ။ မနေ့ကတော့ သူတို့ဖက်က အထိအခိုက် တော်တော် များတယ်။ (၈) ယောက်လောက် အဲဒီမှာ ကျသွားတယ်။”
ပါဂျောင်ဒေသသည် ၁၉၉၄ ခုနှစ် စစ်အစိုးရလက်ထက် အပစ်အခတ် မရပ်စဲမီအချိန်က KIO ဌာနချုပ်ဖြစ်ပြီး နောက်ပိုင်းတွင် လိုင်ဇာမြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။ သို့သော် ယနေ့ချိန်ထိ KIO ဌာနချုပ်အဖြစ် ဆက်လက် ရပ်တည်ထားဆဲဖြစ်သည်။
လောလောဆယ် ဗန်းမော်ဖက်မှ တက်လာသည့် အင်အား (၆၀၀) ခန့်ရှိ တပ်မတခုနှင့် မိုးကောင်းမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ (၃) လက်အောက်ခံ တပ်များ ယခုရက်ပိုင်းအတွင်း ထပ်မံ အင်အား ဖြည့်တင်းလာကြောင်း သိရပြီး ယင်းတပ်များ ပါဂျောင်ဒေသသို့ ပို့ဆောင်လာပါက ပါဂျောင် ဌာနချုပ်အား ထိုးစစ်ဆင်လာ နိုင်ကြောင်း ဦးလနန်က သုံးသပ်သည်။
သို့သော် သမ္မတ ဦးသိန်းစိန်က KIO ဌာနချုပ်အား ထိုးစစ်ဆင်ခြင်း မပြုပါဟု ပြောထား သည့်အပေါ် ရထားပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ဧပြီလ (၂၉) ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ထောက်ခံ ပြောကြားခဲ့သည်။
ကချင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် အခြေအနေပေါ် မူတည်၍ ယင်းကိစ္စ အပေါ် သံသယ ဖြစ်မိကြောင်းနှင့် KIO အား အမြစ်ပြတ် ချေမှုန်းတော့မည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ယမန်နေ့ ပန်ဝါတွင်ပြုလုပ်သည့် လူထုအစည်းအဝေးတွင် ပြောခဲ့သည်ဟု သိရကြောင်း ဦးလနန်က အခုလို ပြောသည်။
“KIA ရဲ့ လုပ်ရပ်ကြောင့် ခင်ဗျားတို့ ဒေသခံလူထုတွေ နစ်နာနေရပြီ။ ဒါကြောင့်မို့ ဒီကိစ္စ အပေါ် ခင်ဗျားတို့ ၀ိုင်းပြီး တွန်းလှန်ရမယ်ဆိုတဲ့ဟာမျိုး၊ နောက်တခုက KIO ဆိုတာ ကချင် လူထုကို ကိုယ်စား မပြုပါဘူးဆိုတဲ့ဟာမျိုးတွေနဲ့ ကျနော်တို့ဖက်မှာတော့ ညအချိန်မှာ တိုက်လို့ရတဲ့ လေယာဉ်တွေ အများကြီး ရှိတယ်။ အဲဒါတွေ သုံးပြီးမှ KIO ကို အမြစ်ပြတ် ခြေမှုန်းတော့မယ်ဆိုပြီး စည်းရုံးရေး ဟောပြောပွဲ လုပ်သွားတယ်ခင်ဗျ။”
KIO နှင့် အစိုးရတို့ (၁၇) နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ရာမှ တိုက်ပွဲပြန်လည်ဖြစ်ပွားမှု ယနေ့ (၁၁) လ ပြည့်ခဲ့ပြီး ဒုက္ခသည် ခြောက်သောင်းကျော် မြို့ပေါ်နှင့် တရုတ်မြန်မာ နယ်စပ်ဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIO နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ နှစ်ဖက်ကိုယ်စားလှယ် အကြား တရုတ်နိုင်ငံ ရွှေလီမြို့တွင် (၃) ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ယနေ့ထိ ပြေလည်မှု မရသေးပါ။

MNG new မှဖြစ်သည်။

ရဟန်းနှင့်သံဃာ ကွဲပြားပုံ



ပုဂ္ဂိုလ်တစ်ပါးချင်းကို ရဟန်းဟုခေါ်၍ လေးပါးနှင့်လေးပါးမှ အထက်ကိုသံဃာဟုခေါ်ပါသည် ။သံဃာဟူရာ၌ မှတ်သားရန်မှာ သံဃာဟုဆိုလျှင် ရဟန်းတော်တို့၏ အစုအဖွဲ့ အပေါင်းအစည်းဟုမှတ်သား၍ မြတ်စွာဘုရား လက်ထက်က အရှင်သာရိပုတ္တရာ ၊ အရှင်မဟာမောဂ္ဂလာန် ၊အရှင်မဟာကဿပ မှစ ၍ သာသနာ တစ်လျှောက် လုံးနှင့် ယခုမျက်မြင်ထင်ရှား ရှိသောရဟန်းသာမဏေများအထိ မြင်ရန်လိုအပ်ပါသည် ထိုသို့မြင်ထားမှသာလျှင် သံဃာတော်ဟုဆို၍ လှူဒါန်းရာ၌ ရဟန်းသာမဏေတစ်ပါးကို ဆွမ်းလောင်းရာ၌ဖြစ်စေ ၊ သံဃဿဒေမဟု
ဆို၍လှူရင် သံဃာတော်အားလုံးကို လှူရာရောက်ပါသည် ။


ထို့သို့သံဃာတော် အားလုံးကိုအာရုံပြု၍ လှူရာ၌ ဒုဿီလ ၊ အလဇ္ဇီဟူ၍မရှိတော့ပါ ။ ထို့ကြောင့် ဗုဒ္ဓဘာသာတိုင်း သံဃာတော်အားလှူဒါန်းပူဇော်တက်ရန်နှင့် ရဟန်းနှင့်သံဃာကို ကွဲပြားရန် အထူးပင် အရေးကြီးပေသည် ။


ကလေးငယ်များ Game ကစားခြင်း..........!


ဂိမ်းကစားခြင်းအမျိုးမျိုးသည် လူတို့ကို စဉ်းစားတတ်သည့်ဥာဏ် ရည်သွက်လက်စေသဖြင့် အားပေးသင့်သော အလေ့အကျင့်တစ်ခု ဖြစ်သည်ဟု စိတ်ပညာရှင်များက တိုက်တွန်းခဲ့ကြသည်။ လျှပ်စစ်ပစ္စည်း များနှင့် တွဲဖက်၍ ကစားရသော ဂိမ်းများပေါ်ထွက်လာသောအခါ လူတို့သည် တီဗီဂိမ်း၊ ကွန်ပျူတာဂိမ်း၊ နက်ဝက်ဂိမ်းများကို အားလပ် ချိန်များတွင် ကစားလာခဲ့ကြသည်။ ဂိမ်းကစားသောအလေ့အကျင့် သည် စိတ်ကိုစွဲလမ်းစေတတ်သဖြင့် ဂိမ်းအမျိုးမျိုးပေါ်ထွက်လာသည့် အလျောက် ဂိမ်းကစားသူအရေအတွက်သည်လည်း တစ်နေ့တစ်ခြား တိုးပွားလာခဲ့သည်။ လူကြီးများသာ ဂိမ်းကစားခဲ့ရာမှ ကလေးများလည်း ပါဝင်လာခဲ့သည်။ ဂိမ်းရေးဆွဲသူများက ကလေးများနှင့် ကိုက်ညီသော ဂိမ်းများကို ရေးဆွဲဖန်တီးပြီး နည်းပညာဈေးကွက်တွင် ထုတ်လုပ် ရောင်းချကြသည်။
ကွန်ပျူတာဂိမ်းကစားခြင်းသည် နည်းပညာထွန်းကားသည့်ယနေ့ ခေတ်တွင် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုပုံစံတစ်ခုအဖြစ် စွဲမြဲလျက်ရှိ သည်ကို တွေ့ရသည်။ ကလေးများဂိမ်းကစားလျှင် ၎င်းင်းတို့၏အမူ အကျင့်နှင့် စိတ်နေစိတ်ထား မည်သို့မည်ပုံ ပြောင်းလဲသွားသည်ကို စိတ်ပညာရှင်များက လေ့လာခဲ့ကြသည်။ ပထမပိုင်းတွင် ကွန်ပျူတာ ဂိမ်းကစားခြင်းသည် ကလေးများ၏ ကျန်းမာရေးကို ထိခိုက်စေသည်။ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုကိုလည်း ကျဆင်းစေသည်ဟု သုတေသန ပြု တွေ့ရှိခဲ့ကြသည်။ ယခုနောက်ပိုင်းတွင် တွေ့ရှိချက်အသစ်များ ထွက် ပေါ်လာပြီး ဂိမ်းကစားခြင်းသည် ကလေးများအတွက် ဥာဏ်ရည်တက် စေသည်ဟု ဆိုကြပြန်သည်။ မည်သို့ပင်ဖြစ်စေ ကွန်ပျူတာဂိမ်းကစား ရာတွင် ကလေးငယ်များသည် ၎င်းင်းတို့၏လက်နှစ်ဖက်နှင့် မျက်လုံးနှစ် လုံးကို အများဆုံးအသုံးပြုကြရသည်။ ထို့နောက် ဦးနှောက်ကိုသုံးရ သည်။ လိုသည်ထက်ပို၍ အချိန်ကြာမြင့်စွာ ကစားခြင်းသည် ကလေး များအတွက် အာရုံကြောဆိုင်ရာထိခိုက်မှုများ ရှိလာနိုင်သဖြင့် အထိုက် အလျောက် ပြောဆိုဟန့်တားမှုပြုလုပ်သင့်သည်ဟု အမေရိကန်ဆေး ပညာရှင်များ ထောက်ပြကြသည်။
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)

ရွှေတြိဂံ မူးယစ်ရာဇာ စိုင်းနော်ခမ်းအား တရုတ်ပြည်သို့ ပို့ဆောင်



ရုပ်သံသတင်း တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုတွင် တွေ့ရသော စိုင်းနော်ခမ်း

လာအိုအာဏာပိုင်တို့သည် မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရမှုတွင် တာဝန်ရှိသူဟု စွပ်စွဲခံနေရသည့် မူးယစ်ရာဇာ စိုင်းနော်ခမ်းအား တရုတ်ပြည်သို့ ယနေ့ လွဲအပ်လိုက်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တရုတ်သင်္ဘောသားများအား သတ်ဖြတ်မှုတွင် နော်ခမ်းနှင့် သူ၏ နောက်လိုက်များ၊ ထိုင်းစစ်သားတချို့တို့ ပါဝင်ပတ်သက်နေသည်ဟူသော သက်သေအထောက်အထား ရှိနေသည်ဟု တရုတ်အရာရှိကြီးတဦး၏ ပြောဆိုချက်ကို ဆင်ဟွာသတင်းဌာန သတင်းတပုဒ်တွင် ရေးထားသည်။
သင်္ဘောသားများ သတ်ဖြတ်ခံရစဉ်က ထိုအမှုသည် နော်ခမ်းတို့၏အဖွဲ့၏ လက်ချက်များဖြစ်သည်ဟု ဒေသတွင်း လုံခြုံရေးအရာရှိတို့က သံသယ ရှိခဲ့ကြသည်။
မူးယစ်ရာဇာ စိုင်းနော်ခမ်းအား ထိုသို့ သံသယဖြစ်နေကြစဉ်မှာပင် ထိုင်းစစ်သား ၉ ဦး တို့က ထိုသတ်ဖြတ်မှုကို ကျူးလွန်မိသည်ဟု ဆိုကာ ထိုင်းအာဏာပိုင်တို့ထံတွင် အဖမ်းခံခဲ့ရာ ၎င်းတို့ကို ယခုအချိန်ထိ ထိန်းသိမ်းထားဆဲ ဖြစ်ပြီး စစ်ဆေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။
မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် အဖွဲ့သည် ထိုင်း၊ မြန်မာ၊ လာအို ၃ နိုင်ငံ ဆုံတွေ့ရာ ရွှေတြိဂံဒေသတွင် အခြေစိုက် လှုပ်ရှားသော အဖွဲ့ဖြစ်ပြီး ထိုနိုင်ငံများအား ဖြတ်သန်း စီးဆင်းရာ မဲခေါင်မြစ်တလျှောက် လူသတ်မှု၊ မူးယစ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှုများအတွက် တာဝန်ရှိသည်ဟု ယူဆခံထားရသည်။
စိုင်းနော်ခမ်းအား လာအိုနိုင်ငံအတွင်း ဖမ်းဆီးရမိပြီး ၂ ပတ် အကြာတွင် လာအိုအရာရှိများက တရုတ်အရာရှိများလက်သို့ သူ့အား လွဲအပ်လိုက်သည်။ ထိုသို့ လွဲအပ်သည့် အခမ်းအနားကို တရုတ် တီဗီသတင်းများတွင် ထုတ်လွှင့် ပြသခဲ့သည်။ သူနှင့်အတူ ဖမ်းဆီးခံရသည့် သူ၏ နောက်လိုက်များနှင့် ပတ်သက်ပြီး သတင်းများတွင် ဖော်ပြထားခြင်း မတွေ့ရချေ။
ယခင်က သတင်းတချို့တွင် သူ့အား ဖမ်းဆီးရမိသည့်နေ့ကပင် တရုတ်ပြည်သို့ ပို့ဆောင်လိုက်သည် ဖော်ပြခဲ့ဖူးသည်။

လာအိုနိုင်ငံ တနေရာတွင် ပြုလုပ်သည့် တရားခံ လွဲအပ်ခြင်း အစီအစဉ်
နှစ်နိုင်ငံအရာရှိများရှေ့တွင် ဒူးထောက်ထိုင်နေရသော စိုင်းနော်ခမ်း
တရုတ်လေယာဉ်ပေါ်သို့ တင်ဆောင်စဉ် နှစ်နိုင်ငံ လုံခြုံရေးအရာရှိများ၊ သတင်းသမားများ ၀န်းရံနေပုံ

တရုတ်နိုင်ငံသို့ ရောက်ရှိပြီး လေယာဉ်ပေါ်မှအဆင်း စွဲချက်များအား နားထောင်နေသော နော်ခမ်း
သူ့အား ဖမ်းဆီးရန် ထုတ်ပြန်ထားသည့် ၀ရမ်း နှင့် စာရွက်စာတမ်းများပေါ်တွင် လက်မှတ်ထိုး လက်ဗွေနှိပ်နေသော စိုင်းနော်ခမ်း
လက်မှတ်ထိုးပြီးနောက် သူ့အား ကားဖြင့် တင်ဆောင်သွားသည်




Mizzima မှ ဖြစ်သည်။

ထူးခြားသောပန်းပုရုပ်ကြီးများ

ထူးခြားတာလေးတွေမို့ တင်ထားတာပါသူကတမျိုးစိတ်ညစ်နေတဲ့ပုံလေးပါဘာလဲတောသိဘူးကယ်ကြပါဦးမီးလှလားဟင်အပြေးသမားလေးလား





ထူးဆန်းသောပုံများကိုဗဟုသုတအဖြစ်တင်ပေးထားတာပါ  မူ၇င်းပုံပိုင်၇ှင်များကိုလည်းကျေးဇူးပါ
http://www-alwanpyaelay.blogspot.com/     ကိုလည်းလာရောက်လည်ဖို့ လဲဖိတ်ပါတယ်
ခင်မင်လေးစားလျှက်........... ကိုထွန်း...........