This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, March 11, 2013

အမျိုးသမီး တဦး အသတ်ခံရမှု တံတားဦး လူထု ဆန္ဒပြ


ရန်ပိုင်

မန္တလေးတိုင်း တံတားဦးမြို့၌ အသတ်ခံရသည့် မစန်းစန်းဝင်း ဆိုသော အမျိုးသမီးအတွက် တရားခံဟု ယူဆရသူအား သေဒဏ်ပေး အရေး ယူရန် မြို့လူထု အင်အား ၅၀၀ ခန့်က ရဲစခန်းကို ၀ိုင်းဝန်းဆန္ဒပြ တောင်းဆိုမှု ယနေ့နံနက်တွင် ဖြစ်ပွားသည်။

အသတ်ခံရသည့် မစန်းစန်းဝင်း(ခ) မဂွတို သည် အသက် ၃၃ နှစ်ခန့်ရှိပြီး တံတားဦးမြို့ ကားဂိတ်များတွင် မုန့်ရောင်းချသည့် ခေါင်းရွက် ဗျတ် ထိုးဈေးသည် တဦးဖြစ်ကြောင်း၊ ဉာဏ်ရည်လည်း မပြည်မီသူတဦး ဖြစ်ကြောင်း၊ ပြီးခဲ့သည့်သောကြာနေ့ နံနက်ပိုင်းက တရားခံဟု စွပ်စွဲခံရသူ ကိုဝင်းအောင်စိုးက သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်ဟု မြို့လူထုက ပြောဆိုသည်။

ကိုဝင်းအောင်စိုးက မစန်းစန်းဝင်းကို တံတားဦးမြို့ ပုဏ္ဏားကုန်း သင်္ချိုင်းကုန်းသို့ လှည့်ဖျား ခေါ်ဆောင်၍ အဓမ္မ ပြုကျင့် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်ဟုလည်း မြို့လူထုက ယူဆနေကြသည်။

တံတားဦးမြို့ခံတဦးဖြစ်သူ ဦးသန့်ဇင်က“ဒီအမျိုးသမီးက မျက်မမြင် အမေကြီးကို ဈေးရောင်းကျွေးနေတာ၊ ရက်ရက်စက်စက် အသတ်ခံ ရ တာဆိုတော့ မြို့လူထုက ကရုဏာ သက်ကြတယ်၊ ဒါကြောင့် သေ ဒဏ် ပေးဖို့ အထိ တောင်းဆိုကြတာပါ”ဟု ပြော ဆိုသည်။

မစန်းစန်းဝင်းသည် ဦးခေါင်း တခုလုံးနီးပါး ကြေမွစွာ ထုရိုက်ခံထားရပြီး တကိုယ်လုံးတွင်လည်း ဒဏ်ရာများစွာဖြင့် သေဆုံးနေခြင်း ဖြစ် ကြောင်း သိရသည်။

လူသတ်တရားခံဟု စွပ်စွဲခံရသည့် ကိုဝင်းအောင်စိုးမှာ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ဇာတိဖြစ်ပြီး ကချင်ပြည်နယ် ဗန်းမော် အခြေစိုက်ခြေ မြန် တပ်ရင်း ၄၃၈ မှ တပ်သားတဦး ဖြစ်ကြောင်း၊ ယခုအခါ ပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၃၉၂ (လုယက်မှု)ဖြင့် အမှုဖွင့် အရေးယူ ထား ကြောင်း၊ အဓမ္မပြုကျင့်မှု စွပ်စွဲချက်နှင့် ပတ်သက်၍ ဆေးစစ်ချက် မရသေး၍ အမှု မဖွင့်ရသေးကြောင်း တားဦး ရဲစခန်း က ဧရာဝတီ သို့ ပြောသည်။

တံတားဦး မြို့ခံများကမူ ယင်းအမှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်း တွေ့ရှိပါက စစ်ဘက်ဆိုင်ရာ တရားရုံးများတွင် စစ်ဆေးခြင်း ကိုမလိုလား ဘဲ အရပ်ဘက် တရားရုံးတွင် စစ်ဆေး အပြစ်ပေးခြင်းကို လိုလား လျက်ရှိသည်ဟု ဆိုသည်။

“၈ နှစ်သားကလေး နှင့် ၆၁ နှစ် သမီးတို၏ ဂဟေဆက် မင်္ဂလာ”



ရှာဝိန်း (တောင်အာဖရိက)၊ မတ် ၁၁

       ကွယ်လွန်သူ ဖိုးအေ၏ ၀ိဥာဉ်ဆန္ဒအရ တောင်အာဖရိကမှ ၈ နှစ်သား ကလေးက ကလေး ၅ ယောက်မိခင် ၆၁ နှစ်သမီးနှင့် လက်ထပ်ခဲ့ကြောင်း သိရသည်။ ဆန်နီလီမက်ဆီလီနားဆိုသူ သူငယ်လေးက ဖွားအေးအရါယ် ဟယ်လင်ရှာဘန်ဂူးအမည်ရ အမျိုးသမီးကြီးနှင့် လက်ဆက်ခဲ့ခြင်း ဖြစ်သည်။

        အဖိုးဝိဥာဉ်၏ဆန္ဒအရ ရှာပိန်းမြို့သားလေး ဆန်နီလက်ဆက်ခဲ့ခြင်းဖြစ်ရာ ယင်းသို့ လက်မထပ်လျှင် ဒဏ်ခတ်ခံရမည်ကို စိုးရွံ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ မင်္ဂလာပွဲတွင် သတို့သားဖက်မှ ပေါင် စတာလင် ၅၀၀ နှင့် သတို့သမီးဘက်မှ ပေါင် ၁၀၀၀ လက်ဖွဲ့ခဲ့ကြရာ ၂ လကြာ် အချိန်ယူ စီစဉ်ခဲ့ရသည့် ပွဲကြီးလည်း ဖြစ်သည်။

       ရွှေပွဲလာ ၁၀၀ ရှေ့မှောက် လက်ထပ်လက်စွပ်လဲလှယ်ခဲ့ကြပြီး လူအများက ယင်းသို့ဂဟေဆက်ခြင်းကို မလိုလားကြသော်လည်း ဆိုင်ရာမိသားစုများကမူ တရားဝင်သဘောလက်ဆက်ခြင်းမဟုတ်၊ ထုံးလမ်းစဉ်လာအတိုင်း လုပ်ခြင်းဟုဆိုသည့် " ဆန်နီအဖိုးက လူလူသူသူ မင်္ဂလာမဆောင်ဘူးပဲ အနိစ္စရောက်သွားခဲ့တယ်။ သူကခု သတို့သမီးကို ချစ်တယ်လေ ဒါကြောင့် သူ့မြေးကို လက်ထပ်ခိုင်းခဲ့တာ" ၄၆ နှစ်အရွယ် ဆန်နီလီ မိခင်ကဆိုသည်။ " မိဘဘိုးဘွားတွေ လုပ်စေချင်တာ လုပ်ပေးရရိုး အစဉ်အလာ ရှိပါတယ်၊ ဒါမှ လွန်လေပြီးသူတွေ စိတ်ချမ်းသာမှာပေါ့" ။

      သတို့သမီး၊သတို့သားတို့အနေဖြင့် လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးစရာ မလိုကဲ့သို့ အတူတူနေထိုင်ရန်လည်း မလိုဟုဆိုသည်။ " သတို့သမီးတွင် အသက် ၂၇ နှစ်၊ ၃၇ နှစ်အတွင်းရှိ သားသမီး ၅ ဦးရှိပြီး နှစ် ၃၀ ကြာ ပေါင်းသင်းခဲ့သည့် ခင်ပွန်းသည် ကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း ဆိုသည်။"

S.T Ref: Dailymail online. Popular
 
                                                                  လေးစားစွာဖြင့်    ....    မောင်မြင့်

မလေးရှား ဘော်နီယိုသူပုန်နှိမ်နင်းမှုပြင်းထန်


မလေးရှား အာဏာပိုင်တွေက ဘော်နီယို ကျွန်းပေါ်မှာရှိတဲ့ ဆာဘား ပြည်နယ်အတွင်း လူပေါင်း ၈၀ နီးပါးကို ဖမ်းဆီး လိုက်တယ်လို ပြောပါတယ်။ ပြီးခဲ့တဲ့လအတွင်း သယံဇာ တပေါကြွယ်ဝတဲ့ ကျေးရွာ တရွာကို ဖိလစ်ပိုင် မူစလင် မျိုးနွယ်သူပုန်တွေက သိမ်းပိုက်ခဲ့တာကို ပြန်လည်ရှင်းလင်း ခြေမှုန်းတဲ့ စစ်ဆင်ရေးအတွင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မလေးရှားအစိုးရတပ်ဖွဲ့တွေ ဘော်နီယိုကျွန်းမှာ သူပုန်အဖွဲ့တွေကို ချေမုန်းနေစဉ်။ (မတ်လ ၈ ရက်၊ ၂၀၁၃)။