This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, September 7, 2012

သူငယ်ချင်းများအတွက်ဗေဒင်အပိုင်း( 1 )



တနင်္ဂနွေ သားသမီးများ၏ ကံကြမ္မာ
ရွှေဝင်ခြင်း၊ နာရီဝင်ခြင်း၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ရန်စီစဉ်နေလျှင်ကောင်းသည်။ အလုပ်ပြောင်းရန်ဖြစ်လျှင်
လည်းကောင်းသည်။ စီးပွားတက်ခြင်း၊ လစာတိုးခြင်း၊ ရာထူးတိုးခြင်းများဖြစ်တတ်သည်။ ခရီးလည်း
ထွက်ရတတ်သည်။ ကောင်းသောခရီးများဖြစ်၏။လူမျိုးခြားနှင့်ပတ်သက်ပြီး ကောင်းသောသတင်းများ
ကြားရတတ်သည်။ အစစအရာရာအဆင်ပြေနေသောအချိန်ဖြစ်သည်။
ကျန်းမာရေး။ ကိုယ်ခန္ဓာကိုက်ခဲနေမည်။
အချစ်ရေး။ ချစ်သူနှင့်တိုင်တိုင်ပင်ပင်ဖြစ်ပြီး စိတ်ချမ်းသာနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းသီးစိတ် (၆) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၂ ၁ ၁)
တနင်္လာ သားသမီးများ၏ ကံကြမ္မာ
နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများဆောင်ရွက်ရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရ
ခြင်းဖြစ်တတ်သည်။အလုပ်တွင်ဘာဖြစ်မှန်းမသိအောင်အခက်အခဲတွေ့ရတတ်သည်။ လုပ်သမျှလွဲချော်နေတတ်သည်။
အစစအရာရာသတိရှိပါ။မိမိကိုယ်တိုင်စိတ်တိုင်းမကျခြင်းဖြစ်နေမည်။မိမိကိစ္စမဟုတ်ဘဲသူတပါးကိစ္စကြောင့်စိတ်အနှောင့်
အယှက်များဖြစ်နေတတ်သည်။တတ်နိုင်သလောက်ဘာသာရေးလုပ်ပြီးနေပါ။
ကျန်းမာရေး။ ခြေထောက်ဒဏ်ရာရပြီးကွဲပြဲ၍ချုပ်ရတတ်သည်။
အချစ်ရေး။ အမျိုးသမီးတဦးဝင်ရောက်နှောင့်ယှက်ခြင်းဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သင်္ဘောသီး (၅) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၆ ၅ ၄)
အင်္ဂါ သားသမီးများ၏ ကံကြမ္မာ
အလှူလုပ်ရခြင်း၊ မိမိကိုယ်တိုင်မင်္ဂလာဆောင်ရခြင်း (သို့) ဆွေမျိုးသားချင်းထဲမှမင်္ဂလာသတင်းကြားရခြင်းဖြစ်
တတ်သည်။အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွေ့ရခြင်း၊ အိမ်ခန်းပြုပြင်ရခြင်းများပြုလုပ်ရတတ်သည်။ ကားသစ်
ဝင်ခြင်း၊ ခရီးသွားရခြင်း၊ရွှေဆွဲသီး၊ စိန်ဆွဲသီးဝင်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင်လုပ်သမျှအောင်မြင်နေမည်။
လက်အောက်ငယ်သားများကိုကူညီ ထောက်ပံ့နေရမည်။
ကျန်းမာရေး။ ဗိုက်အောင့်ခြင်း၊ အစာအိမ်ရောဂါပြန်ဖြစ်နေခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းကောင်းနေသည်။ မိမိစိတ်တိုင်းကျရွေးချယ်ပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဖရဲသီး (၃) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုေးပးဂဏန်း ( ၄ ၄ ၃ ၆)
ဗုဒ္ဓဟူး သားသမီးများ၏ ကံကြမ္မာ
အမိနိုင်ငံပြန်ရတတ်ခြင်း၊ အလုပ်တွင်စိတ်ညစ်နေရတတ်ခြင်း၊ စာရွက်စာတမ်းကိစ္စ၊ စာအုပ်ကိစ္စကြောင့်စိတ်
အနှောင့်အယှက်ဖြစ်နေရခြင်းများဖြစ်တတ်သည်။ မိတ်ဆွေကြောင့်မိမိဂုဏ်သိက္ခာကျရတတ်ခြင်း၊ ငွေအတွက်
သောကဖြစ်နေရခြင်း၊ ဖုန်းကြောင့်၎င်း ကွန်ပြူတာကြောင့်၎င်းစိတ်ညစ်စရာဖြစ်နေတတ်သည်။ ခင်မင်သော
မိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ အစစအရာရာမကြာခင်အဆင်ပြေသွားပါမည်။
ကျန်းမာရေး။ ၀မ်းလျှော၊ ၀မ်းပျက်ခြင်းဖြစ်တတ်သည်။ ( အစားအသောက်သတိပြုပါ)။
အချစ်ရေး။ ပုံမှန်အတိုင်းဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သခွားမွှေး ( ၇) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၆ ၀ ၆)
ကြာသပတေး သားသမီးမျာ၏ ကံကြမ္မာ
စက်ပစ္စည်းများဝင်ခြင်း၊ မျက်မှန်လက်ဆောင်ရခြင်း၊ စက်ဘီးဝင်ခြင်း၊ အရေးကြီးသောစာတစောင်ရောက်လာ
ခြင်းများဖြစ်တတ်သည်။နိုင်ငံရပ်ခြားခရီးအလည်အပတ်ထွက်ရခြင်း၊ ဘုရားဖူးခရီးဖြစ်ခြင်း (သို့) ဘာသာရေးနှင့်
ပတ်သက်သောကောင်းမှုကုသိုလ်များလုပ်ကိုင်နေရခြင်း၊ စီးပွားရေးမိမိထင်သလောက်အကျိုးစီးပွားမဖြစ်သေးခြင်း
များဖြစ်နေမည်။ ရပ်ဝေးမှနာရေးသတင်းကြားရခြင်းဖြစ်တတ်သည်။
ကျန်းမာရေး။ သွေးလျှံခြင်း၊ လက်ဒဏ်ရာရခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လိမ္မော်သီး (၅) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၅ ၅ ၂)
သောကြာ သားသမီးများ၏ ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွေ့ရခြင်း၊ လုပ်ငန်းနေရာပြောင်းရခြင်းဖြစ်တတ်သည်။ ကောင်းသောပြောင်း
ခင်းဖြစ်သည်။ရွှေအသစ်ဝင်ခြင်း၊ ပုလဲလက်စွပ်ဝင်ခြင်းဖြစ်တတ်သည်။ သောကနှင့်ယှဉ်သောခရီးသွားရတတ်သည်။
အလုပ်တွင် လက်အောက်ငယ်သားကြောင့်စိတ်ညစ်စရာဖြစ်တတ်သည်။ ငွေဝင်မည်။သို့သောအထွက်လည်းများနေ
မည်။ ငွေမဖတ်မတင်သေးသောအချိန်ဖြစ်နေသည်။
ကျန်းမာရေး။ ဆီးအောင့်တတ်သည်။
အချစ်ရေး။ အစီအစဉ်မရှိဘဲရုတ်တရက်အိမ်ထောင်ကျတတ်သည်။ မကောင်းသေးပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပန်းသီး (၃) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၁ ၆ ၆)
စနေ သားသမီးများ၏ ကံကြမ္မာ
ရေခြားမြေခြားပင်လယ်ရပ်ခြားခရီးသွားရခြင်း၊ ပြည်တွင်းခရီးသွားရခြင်း၊ နှစ်မျိုးလုံးခရီးထွက်ရခြင်းများဖြစ်နေတတ်သည်
ဆိုင်ခန်းဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊စာအုပ်လက်ဆောင်ရခြင်းများဖြစ်တတ်သည်။ ငွေဝင်မည်။ ငွေကုန်စရာလည်းဆက်
တိုက်ဖြစ်နေတတ်သည်။စီးပွားရေးအလွန်ကောင်းနေသည်။ အလုပ်တွင်ခိုက်ရန်ဒေါသဖြစ်ရတတ်သည်။ သတိထားပါ။
သည်းခံပါ။ ခင်မင်ရင်းနှီးသောမိတ်ဆွေများနှင့်ခွဲခွာရတတ်သည်။
ကျန်းမာရေး။ လေထိုးလေအောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သစ်တော့သီး (၅)လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၄ ၃ ၂)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ* ( ခင်ထားဝေ )

ခုံရုံး/လွှတ်တော်တိုက်ပွဲမှာ ပြန်ကြားရေးဌာန ကြားညှပ်ပြီ


  ဧရာဝတီ  ~


ခင်ဦးသာ ~



အခြေခံဥပဒေဆိုင်ရာခုံရုံး နဲ့ လွှတ်တော်အကြား အငြင်းပွားနေတဲ့ ပြည်ထောင်စု အဆင့် ပြဿနာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုဝေဖန်တဲ့ ဆောင်းပါးတစောင် အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာမှာ စက်တင်ဘာ ၂ ရက်နေ့က ပါလာပါတယ်။

“Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ရေးသူက ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ဒု ပါမောက္ခချုပ်၊ ဒေါက်တာမာလာအောင် ဖြစ်ပါတယ်။

ခုံရုံးကမှန်တယ်၊ လွှတ်တော်က မှားတယ်လို့ ဆောင်းပါးက ဆိုပါတယ်။

ပြည်သူ့လွှတ်တော်မှာတော့ ဒီဆောင်းပါးကြောင့် ပွဲဆူသွားပါပြီ။

မှန်ကန်မှု မရှိတဲ့ အမြင်တွေ နဲ့ တင်ပြထားတဲ့ ဆောင်းပါးဖြစ်တယ်လို့ လွှတ်တော်ရဲ့ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် က ပြန်တုံ့ပြန်ပါတယ်။

ဆောင်းပါးရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အရေးပါပုံကို ဖော်ပြထားပြီး၊ အလွယ်တကူ ပြင်ဆင်နိုင်တဲ့ ကိစ္စ မဟုတ်ကြောင်းလည်း ရေးထားတဲ့အတွက် ဆောင်းပါးရှင်ရဲ့
ရည်ရွယ်ချက်၊ ဖော်ပြချက်တွေရဲ့ နောက်ကွယ်မှာ ပယောက တစုံတရာ ရှိနေသလားလို့ ကော်မရှင်က မေးခွန်းထုတ်ထားပါတယ်။ ဒီအချိန်မှာ
မီးလောင်ရာ လေပင့်မလုပ်သင့်ကြောင်းလည်း ကော်မရှင်က ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် လွှတ်တော်က ပညာရေးဌာန၊ ပြန်ကြားရေးဌာနတို့ကိုလည်း ဆောင်းပါးအကြောင်း လွှတ်တော်မှာ လာရှင်းဖို့ စာပို့ခဲ့ပါတယ်။

ဆောင်းပါးရှင်ဟာ လက်ရှိတာဝန်ထမ်းနေခြင်း ဟုတ်မဟုတ်??

ပညာရေး ဒု ၀န်ကြီး ဦးအေးကြူက ဒေါက်တာမာလာအောင်ဟာ ဒုပါချုပ်တယောက် ဖြစ်တယ်၊ သို့သော်လည်း ဒီဆောင်းပါးက ပညာရေးဌာနနဲ့ မသက်ဆိုင်ကြောင်း လွှတ်တော်မှာ ဖြေဆိုပါတယ်။

နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုကို တွက်ဆပြီး ဖော်ပြပေးခြင်း ဟုတ်မဟုတ်??

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဒီမေးခွန်းကို ဖြေဖို့ အချိန်ယူရအုံးမယ်၊ တနင်္လာနေ့မှာ လာရောက် ဖြေကြားမယ်လို့ လွှတ်တော်မှာ သွားပြောခဲ့ပါတယ်။

လွှတ်တော်ရေးရာ ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ရှိမရှိ အခြေခံဥပဒေဆိုင်ရာ ခုံရုံး နဲ့ လွှတ်တော် အကြား အငြင်းပွားမှုက အဆုံးမသတ်သေးပါဘူး။

နှစ်ဘက်စလုံးက တစက်မှ အလျှော့ပေးမယ့်ပုံ မရှိတဲ့ ဒီပြဿနာကြီး ဘယ်တော့ အဆုံးသတ်မယ်ဆိုတာလည်း မသိရသေးပါ။

ပြည်သူ့လွှတ်တော်မှာတော့ ဒီအကြောင်း စစ်ဆေးမယ့် စုံစမ်းရေးအဖွဲ့ ဖွဲ့ထားပါပြီ။ ဒီအဖွဲ့မှာ ပါဝင်သူတွေနဲ့ ပတ်သက်ပြီး ခုံရုံးက ကန့်ကွက်ခဲ့လို့ လွှတ်တော်က နည်းနည်း လျှော့ပေးပါတယ်၊ စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌဦးနန္ဒကျော်စွာ နေရာမှာ ဦးသိန်းဆွေ နဲ့ အစားထိုးပေးလိုက်တာပါ။

သို့သော်လည်း စုံစမ်းရေးအဖွဲ့ကတော့ သူတို့ရဲ့ ဆင့်ခေါ်ချက်ကို ခုံရုံးလူကြီးမင်းတွေက "မခန့်လေးစား" လုပ်ခဲ့တယ်လို့ မနေ့က လွှတ်တော်မှာ ချပြလိုက်ပါတယ်။
သူတို့က ရုံးမှာ "ရုံးချိန်ပြည့်" စောင့်ဆိုင်းခဲ့ပေမယ့် ခုံရုံးလူကြီးမင်းတွေ ပေါ်မလာဘူး၊ စာလည်း ပို့မလာဘူး လို့ ဆိုပါတယ်။

ဒါကတော့ ခုံရုံး/လွှတ်တော် အငြင်းပွားမှု နောက်ဆုံးအခြေအနေပါပဲ။

ခုံရုံးနဲ့လွှတ်တော်တို့ရဲ့တိုက်ပွဲကြီးမှာ အစိုးရဌာနတွေ အထူးသဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ကြားညှပ်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။


ဆက်စပ် -

နေပြည်တော်က သပွတ်အူ ဇာတ်တော်ကြီး



~

Nokia Lumia 920 နဲ့ iPhone 4S





iPhone 5 တော့မထွက်သေးပါဘူး။ iPhone 4s ထက် Nokia Lumia 920 က သာပါတယ်လို့တော့ သက်သေပြသွားပါပြီ။

ကင်မရာချင်း ယှဉ်လိုက်တာ ဖြစ်ပါတယ်။ အလင်းရောင်မရှိတဲ့ အလုံပိတ် Space ထဲမှာ ပန်းပုံကို Lumia 920, iPhone 4s တို့နဲ့အတူတူ ရိုက်ခဲ့ပါတယ်။ ထွက်လာတဲ့ ပုံက iPhone 4S မှာ မှောင်မဲနေပြီး Nokia Lumia 920 မှာ သူ့အရောင်နဲ့သူ ထင်သာအောင် ဖန်တီးပေးနိုင်တာ တွေ့ရပါတယ်။ ဒီမှာ ကင်မရာ နှစ်ခုလုံး ဘာ ပုံတည်းဖြတ် Software အပိုမှ အသုံးပြုမထားပါဘူး။ ဖုန်းမှာ Original ပါတဲ့ App တွေနဲ့ အလုပ်လုပ်သွားတာ ဖြစ်ပါတယ်။ 

Nokia Lumia 920 ဟာ လက်တလောထွက်ရှိတဲ့ Window Phone 8 OS သုံး စမတ်ဖုန်းဖြစ်ပါတယ်။ နောက်ကင်မရာ ၈.၇ megapixel ရှိပါတယ်။ iPhone 4S ကတော့ ၈ megapixel ပဲရှိပါတယ်။ တစ်ခါတလေကျတော့ ပုံထွက် ကောင်းမကောင်းက Pixel -resolution နဲ့မဆိုင်ပါဘူး။ သူ့နေရာသူ အလင်းအမှောင်အချိန်အဆထွက် ထောက်ပံ့ပေးတဲ့ နည်းပညာကလည်း ထည့်သွင်းစဉ်းစားစရာ တစ်ခု ရှိပါတယ်။ 

iPhone 4S မှာ ဓာတ်ပုံကို ပြန် Edit လုပ်ပေးမယ့် Snapseed လို Application မပါဝင်ပါဘူး။ Lumia 920 ကတော့ image processing technology အဆင့်မြင့်ပါတယ်။ အလင်းရောင်ခပ်များများ ရသွားအောင် slower shutter speed နဲ့ အလုပ်လုပ်သွားပါတယ်။ ဒါကြောင့် အမှောင်ထဲမှာ ရိုက်တာတောင် ပုံရိပ်ကို Detail ကျကျ ဖမ်းယူနိုင်ခြင်း ဖြစ်ပါတယ်။ 

Nokia Lumia 920 အနေနဲ့ ထွက်ထွက်ချင်း မျက်နှာပန်းလှခဲ့ပြီး iPhone 5 ထွက်ရှိတဲ့အခါ ဒီလို ယှဉ်ပြိုင်နိုင်အုံးမလားဆိုတာတော့ Apple ခရေဇီတွေ စိန်ခေါ်ထားပါတယ်။ Nokia ကပဲ ဦးဆောင်လုပ်ခဲ့တဲ့ ယင်း test ကို iPhone 5 ထွက်တဲ့အခါ ထပ်လုပ်မယ်လို့လည်း သိရပါတယ်။

 

အသစ်စက်စက် Nokia Lumia 920 အမှန်တကယ် လာပြီ

 

 
 Nokia နဲ့ Microsoft တို့ရဲ့ Conference ကို ယနေ့ စက်တင်ဘာ၅ရက် ညနေ ၇နာရီလောက်ကနေပြီး New York မှာ စတင်ကျင်းပခဲ့တာ ယခုဆို Conference မှာ Windows Phone 8 ပါဝင်တဲ့ Lumia 920 အကြောင်းပြောလို့ပြီးသွားပါပြီ။


အားလုံးမျှော်လင့်ထားခဲ့သလိုပဲ Lumia 920 ထွက်ပေါ်လာပြီဖြစ်ပါတယ်။
ထွက်သမျှ Nokia Phone တွေထဲမှာ Lumia 920 ဟာ အကောင်းဆုံးနဲ့ နည်းပညာအမြင့်ဆုံး Smart Phone တစ်ခုအနေနဲ့ တည်ရှိသွားမှာ ဖြစ်ပါတယ်။

မျက်နှာပြင် 4.5 လက်မနဲ့ HD 1280x768 LCD Display ပါဝင်မှာ ဖြစ်ပါတယ်။ 
Nokia မှ အဆိုပါ မျက်နှာပြင်ကို Pure Motion HD+ လို့ခေါ်ဆိုထားပြီး Nokia ကထုတ်လုပ်ခဲ့သမျှ Display တွေထဲမှာ အကောင်းဆုံး ဖြစ်ပါတယ်လို့ ဆိုပါတယ်။ 720p HD Resolution ရှိပေမဲ့လဲ HD Resolution ထပ် ပိုကောင်းပြီး၊ အရောင်တောက်ပမှု အားကောင်းတယ်လို့ ဆိုပါတယ်။
Snapdragon S4 Processor ကို 1.5GHz အမြန်နှုန်းနဲ့ အသုံးပြုထားပါတယ်။ Battery ကတော့ 2000 mAh ပါဝင်မှာ ဖြစ်ပါတယ်။

Conference မှာတော့ Sample အဖြစ် အ၀ါရောင် Lumia 920 ကို ပြသခဲ့ပြီး ယခင် Lumia 900 ထပ် ပိုမိုကြီးမားတာ တွေ့ရပါတယ်။
Lumia 920 အဖြစ် ပြသခဲ့တဲ့ Phone မှာ Windows Logo အသစ်ကို သုံးထားတာတွေ့ရပါတယ်။

ထူးခြားမှုကတော့ Wireless Charging နည်းပညာကို Lumia 920 မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ Qi's Wireless Charging Standard ကို အသုံးပြုသွားမှာ ဖြစ်ပြီး အားသွင်းဖို့ဆိုရင် Fatboy လို့ခေါ်တဲ့ ခေါင်းအုံးပုံစံ အခင်းပေါ်မှာ တင်ထားလိုက်ရုံပါပဲ။ ကြိုးတက်စရာ မလိုဘဲ တင်ထားရုံနဲ့ အားသွင်းပေးသွားမှာ ဖြစ်ပါတယ်။ ပုံမှန်အတိုင်း အားသွင်းချင်တယ်ဆိုရင်တော့ MicroUSB အပေါက်တစ်ခုပါဝင်ပါတယ်။ 

Lumia 920 ရဲ့ မျက်နှာပြင်ဟာ ထိသိနိုင်မှု ပိုမိုကောင်းမွန်လာပြီး လက်အိပ်ဝတ်ထားရင်တောင် အသုံးပြုလို့ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အရေးအကြီးဆုံးအပိုင်းဖြစ်တဲ့ Camera ကတော့ PureView Sensor ကိုအသုံးပြုထားပေမဲ့ 8.7 megapixel ပဲ ပါဝင်တာတွေ့ရပါတယ်။ ယခင် Pureview 808 လိုမျိုး 41megapixels မပါဝင်ပေမဲ့ ယခု Sensor ကတော့ ထွက်သမျှ Camera Phone တွေထဲမှာ အကောင်းဆုံး ဖြစ်နေဦးမယ်လို့ အာမခံစကား ပြောကြားသွားပါတယ်။ Floating Lens နည်းပညာကို အသုံးပြုထားပြီး Image Stablization ဖြစ်အောင်၊ ပုံရိပ်တွေကို မ၀ါးသွားအောင် ထိန်းညှိပေးနိုင်ပါလိမ့်မယ်။ Optics/ မှန်ဘီလူး ဖန်သားကတော့ Carl Zeiss ကို သုံးထားတဲ့အတွက် ကောင်းမွန်တဲ့ Result/Image Quality ရရှိနိုင်ဖို့ ယုံကြည်ပေးလို့ရပါတယ်။ 

ယခု Smart Phone များမှာ ထင်ရှားလာတဲ့ Near Field Communication (NFC) ကိုလဲ အထောက်အပံ့ပေးမယ်လို့ ဆိုပါတယ်။

ဖုံးကို Vibrant Colors များအဖြစ် Yellow, Red, White, Grey နဲ့ Black ဆိုပြီး ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ OnePiece Polycarbonate body ကို အသုံးပြုထားပြီး လှပ၀င့်ကြွားမှုစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

Nokia CEO Stephen Elop က ထွက်ရှိမဲ့ရက် ဈေးနှုန်းတွေကို အတိအကျ မပြောခဲ့ပေမဲ့ 2012ခုနှစ်ရဲ့ နောက်ဆုံး Quarter မှာ ထုတ်လုပ်သွားဖို့ မျှော်လင့်ရပါတယ်။










Ref:http://techspacejournal.blogspot.com/2012/09/nokia-lumia-920-iphone-4s.html

မြိတ်ရှော့ပင်း စင်တာတွင် ကာစီနို လောင်းကစား ၀ိုင်းများဖြင့် စည်ကားနေ



မြိတ်ရှော့ပင်း စင်တာ အပေါ်ထပ်ရှိ ကစားဝိုင်း တခုကို တွေ့ ရစဉ်
တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ  မြိတ်ရှော့ပင်း စင်တာ အပေါ်ထပ်ရှိ သီးသန့် အခန်းထဲမှာ ကာစီနို လောင်းကစား ၀ိုင်းများဖြင့် စည်ကားနေ ကြောင်းသိရပါတယ်။ 

အခန်းတံခါးဝမှာ အသက်ဆယ့်ခြောက် နှစ်အောက် မ၀င်ရဟု စာကပ်ထားပေမယ့် အခန်းတွင်းမှာတော့ ကျောင်းသားလူငယ်များ နဲ့ စည်ကားနေပါတယ်။ လောင်းကစားဝိုင်းများ တင်းကြပ်နေချိန်မှာ မြိတ်ရှော့ပင်စင်တာ ပေါ်မှာတော့ ပေါ်ပေါ်ထင်ထင် ဖွင့်ထားဖြစ်ပါတယ်။

နေ့စဉ်နီးပါး လာကစားနေသော အမျိုးသမီးတစ်ဦးအား မေးကြည့်ရာ သူမတွင်စုစုပေါင်း ငွေကျပ်တစ်သိန်းနီးပါး ရှုံးနေပြီဟု Myanmar News Now ကို ပြောပါတယ်။

ကစားရာမှာ ပိုက်ဆံနဲ့  မဟုတ်ပဲ coil ဖြင့်ကစားရပြီး  coil တစ်ပြားကို ငွေကျပ်တစ်ရာဖြင့် ကောင်တာမှာ လဲလှယ်ပေးပါတယ်။ အနိုင်ရရှိသော coil များကိုမူ လုံးဝ လုံးဝ ပြန်မလဲပေးပါဟု အခန်း နံရံတွင် စာကပ်ထားတာလည်း တွေ့ ရပါတယ်။  အကယ်၍ ပြန်လဲချင်လျင် အခန်းတွင်းရှိနေသော ပြင်ပပွဲစားထံတွင် coil တစ်ပြားကို ကိုးဆယ်ကျပ်ဖြင့် ပြန်လဲပေးသည်ဟု သိရပါတယ်။ ငွေလဲပေးတဲ့ ပွဲစားမှာ ပိုက်ဆံလဲရန်အတွက် ကန်ထရိုက်ဆွဲ ထားရသည်ဟု သိရပါတယ်။ 

လူရှစ်ယောက်ကစားနိုင်သော လောင်းကစားဝိုင်း ခြောက်ဝိုင်းရှိရာ ညနေခြောက်နာရီခွဲ အချိန်တွင် ၀ိုင်းတိုင်းလူပြည့်နေပါတယ်။ ကစားဝိုင်းအပြင် ပန်းသီးဂိမ်းဟု ခေါ်သော ကစားဝိုင်းလည်း လေးဝိုင်းခန့် ရှိပါတယ်။ ပန်းသီးဂိမ်း ၀ိုင်းများမှာလည်း ကစားသူများနဲ့ စည်ကားနေပါတယ်။

အဆိုပါ ကစားဝိုင်းများ၏ ပိုင်ရှင်များမှာ ဟိုင်ဖွိုင်အမြန်ယာဉ် ပိုင်ရှင် ဦးစိုးဝင်း၊ RAINBOW စတိုးပိုင်ရှင် ဦးမျိုးမြင့် နှင့် အခြားတစ်ဦးအပါဝင် သုံးဦးစပ်တူ ဖွင့်ထားသည်ဟု သိရပါတယ်။ 

အဆိုပါ ကစားဝိုင်းများကြောင့် မြိတ်မြို့ပေါ်ရှိ ကျောင်းသားမိဘများလည်း စိတ်ညစ်နေကြကြောင်း Myanmar News Now မှ စုံစမ်း သိရှိရပါတယ်။ Myanmar News Now မှကူးယူဖေါ်ပြပါသည်။

ပုဇွန်တောင်မြို့နယ်တွင် လူသက်မူဖြစ်ပွား



ပုဇွန်တောင်မြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။ သေဆုံးသူမှာ
ပုဇွန်တောင်မြို့နယ်၊ (၇)ရပ်ကွက်၊
ဦးဝိဇ္ဖာလမ်းရှိတိုက်တစ်တိုက်မှ


(၅)လွှာတွင်နေထိုင်သူအသက်(၆၂)နှစ်အရွယ် ဒေါ်မေနှင်းဆီဟန်ဖြစ်ပြီး၊ မီးဖိုခန်းထဲတွင်
ထိုးသွင်းဒဏ်ရာ (၁၀)ချက်မျှဖြင့်သေဆုံးနေခြင်းဖြစ်သည်။

သူ၏ သမီးဖြစ်သူအပြင်မှပြန်လာစဉ် အိမ်တံခါးကိုသော့ဖြင့်ခတ်ထားသည့်အပြင် မိခင်ကိုလည်း ခေါ်မရသဖြင့် သော့ပြင်ဆရာကိုခေါ်ကာ သော့ဖွင့်ပြီး အိမ်ထဲသို့ဝင်ရာ
 မီးဖိုခန်းတွင် မိခင်ဖြစ်သူသေဆုံးနေခြင်းကိုတွေ့ရခြင်းဖြစ်သည်။



ကွယ်လွန်သူသည် ရဲအရာရှိတစ်ဦး၏ ဇနီးဖြစ်ကြောင်းသိရသည်။ အမှုကို ပုဇွန်တောင်
ရဲစခန်းနှင် စီအိုင်ဒီတို့မှ ကိုင်တွယ်စုံစမ်းလျှက်ရှိကြောင်းသိရသည်။

သူရထွန်း

PopularNews

ဖားကန့်ဒေသခံတစ်ဦး အစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံး



 
 
06 September 2012 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ မော်ဝမ်းကျေးရွာမှ ရွာသား ဦးကရဲန်နော်ကျန်း (Kareng Naw Chyan) အသက် (၂၇) နှစ်ကို မြန်မာ အစိုးရစစ်တပ်မှ ယမန်နေ့ ပစ်ခတ်လိုက်သောကြောင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံများ ပြောသည်။
 
မော်ဝမ်း (Maw Wan) ကျေးရွာမှ ဦးကရဲန်နော်ကျန်းနှင့် ညီဖြစ်သူ ကရဲန်မာလတို့ နှစ်ဦးသည် ဖားကန့်ကျောက်စိမ်း တူးဖော်ရာနေရာသို့ ကုမ္မဏီက ကျန်ရှိနေသော ဆန်၊ ဆီ၊ ဆား စားစရာများကို ခွင့်ပြုချက်ဖြင့် သွားယူနေစဉ် လမ်းတွင် အစိုးရတပ်မှ ပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများ ပြောသည်။

ထိုသူနှစ်ဦးသည် မော်ဝမ်းကျေးရွာမှ ကုမ္မဏီသို့အသွား ရှရော်ခ နှင့် ဗလခ ကြားလမ်း မြေဇာပုံတွင် ဆိုင်ကယ် ဘီးပေါက်၍ ဘီးဖာရန်ပြုလုပ်နေချိန် အစ်ကိုဖြစ်သူ ကရဲန်နော်ကျန်းကို ကျည်ဆံ ထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ နှစ်ယေက်က ကုမ္မဏီမရောက်ခင် လမ်းမှာ မြေဇာပုံတွေပဲ ဟင်းလင်းပဲလေ။ အဲဒီမှာဆိုင်ကယ် ဘီးပေါက်လို့ ဖာဖို့ပြင်နေတော့ ပစ်တာတောင် မကြားဘူးတဲ့ “ဖုတ်” ဆိုတဲ့အသံပဲကြားတယ်တဲ့။ အဲတော့ ကြည့်လိုက်တော့ အစ်ကိုဖြစ်သူ ကရဲန်နော်ကျန်းကို ထိနေပြီတဲ့။ အဲဒီနောက်တော့ သူ့ညီကရဲန်မာလက အစ်ကိုကိုထမ်းပြီး အဲဒီရှရော်ခက မေတ္တာအဖွဲ့တွေကို ခေါ်ပြီး ဖားကန့်ဆေးရုံကို သွားပို့ပြီး ဆေးရုံရောက်တော့ သေသွားပြီလေ။ သူ့ကိုခွဲစိတ်ကြည့်တော့ ညာဘက် အဆုတ်မှာ ကျည်ဆံရှိနေတယ်တဲ့။ ပစ်လိုက်တဲ့အချိန်က မနေ့က ၁၀ နာရီလောက်မှာ သေတာက ၁၂ နာရီလောက်မှာ သေသွားတာ” ဟု အထက်ပါဒေသခံ ကပြောသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)နှင့် မြန်မာအစိုးရတပ်ဖွဲ့တို့ကြား တိုက်ပွဲကြောင့် ရပ်ဆိုင်းထားသော ရွှေအင်းဝ ကုမ္မဏီတာဝန်ရှိသူများသည် ပြည်သူများအား စားနှပ်ရိက္ခာများ လာယူရန် စက်တင်ဘာ ၄ ရက်နေ့မှစ၍ ခွင့်ပေးလိုက်ခြင်းကြောင်းသိရသည်။

၎င်းအား ပစ်ခတ်လိုက်သော အစိုးရတပ်ဖွဲ့တို့သည် အခင်းဖြစ်ရာ အနီးရှိ ကုမ္မဏီအထဲတွင် ပုန်းနေကာ ချိန်ရွယ် ပစ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများ သုံးသပ် ပြောဆိုနေကြသည်

ဦးကရဲန်နော်ကျန်း၏ မိသားစု ဇနီးသည်နှင့် သားနှစ်ဦး ကျန်ရစ်ခဲ့ပြီး ၄င်း၏ ဇာပန ဆုတောင်းခြင်း အစီစဉ်ကို စက်တင်ဘာလ ၆ ရက် ယနေ့ ၁ နာရီခွဲတွင်ပြုလုပ်ခဲ့ပြီး မော်ဝမ်းကျေးရွာရှိ ခရစ်ယာန် သင်္ချိုင်းတွင် သဂြိုလ်ခဲ့ကြောင်းသိရသည်။

ယခုချိန် ကျောက်စိမ်း တူးဖော်မှုများရပ်ဆိုင်းထားသော ဖားကန့်ဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့များ တိုက်ပွဲ ပြင်းထန်နေသောကြောင့် ဒေသခံများ စိုးရိမ် ကြောက်လန့်နေပြီး အိုးအိမ် စွန့်ခွာထွက်ပြေး တိမ်းရှောင်လာသူ စစ်ပြေးဒုက္ခသည်များပို၍တိုးလာနေ၍ အစားအသောက် ဆေးဝါးများ လိုအပ်နေကြောင်း ဒုက္ခသည်ကြည့်ရှုသူများ ပြောသည်။
 
Copy from - Kachin News Group
 

စွန့်ဦး တီထွင်ကြမည့် သီးလေးသီး မျိုးဆက်သစ် လူငယ်ငါးဦး



လူငယ်ငါးဦး၏ တစ်ဦးချင်းစီ တင်ဆက်သော ဟာသပြက်လုံး၊ အမူအရာတို့ကို ကြည့်ရှု နေသူများ အူလှိုက်သည်းလှိုက် ရယ်ရွှင်နေကြသည်။ ထိုလူငယ်များသည် ပြက်လုံး ဟာသများကို ဇာတ်
သဘင်ရှေးရိုး အတိုင်း တောင်ရှည်ပုဆိုး၊ ရင်ဖုံးအင်္ကျီ တို့ကို ဝတ်ဆင်ပြီး ပြက်လုံးပြက်ခြင်း မဟုတ်ပေ။ နိုင်ငံ တကာရှိ ဟာသ အနုပညာ သမားများကဲ့သို့ မြန်မာ နိုင်ငံတွင် စွန့်ဦး တီထွင် ပြက်လုံးများ ထုတ်ကာ ဖျော်ဖြေနိုင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ ၎င်းင်းတို့မှာ သီးလေးသီး မျိုးဆက်သစ်ဟု နာမည်ခံထားသည့် လူငယ် ငါးဦးဖြစ်သည်။ ထိုသူ တို့မှာ ကျေးကျေး၊ ဝါဝါ၊ ဆူးဆူး၊ သားချိုနှင့် ဘူးခါး တို့ဖြစ်ကြသည်။
ထိုသို့ ပြက်လုံးပြက်ရခြင်းနှင့် ပတ်သက်၍ အသက် ၂၈ နှစ်အရွယ်ကျေးကျေးက “ဆိုင်းတွေ၊ ဗုံတွေ မပါဘဲ ကျွန်တော်တို့တွေ ဟာသတွေ ထုတ် နိုင်ကြတယ်။ ပရိသတ်တွေကလည်း ဟာသကို ကြိုက်လို့ လာအားပေးတယ် ဆိုတာကို ပြချင်တာ ပါ” ဟု ရှင်းပြသည်။

အသက် ၂၅ နှစ်အရွယ် ဝါဝါက “ကျွန်တော် တို့ ဒီလို လုပ်တာဟာ မြန်မာ့ဇာတ်သဘင်ကို သွေ ဖည်ချင်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ Standard ကိုမြှင့်ချင်တာ။ ကိုယ့်ဟာသ လူရွှင်တော်တွေရဲ့ Roll ကိုမြှင့်ချင်တာပါ” ဟုဆိုသည်။
မြန်မာ့ ဇာတ်သဘင်တွင် မင်းသမီးသည်သာ အဓိကဖြစ်နေပြီး လူရွှင်တော်တို့သည် ပံ့ပိုးသူ အဖြစ် နှင့်သာ ရှေးယခင် ကတည်းက ရှိနေခြင်းဖြစ်သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍လည်း အသက် ၂၅ နှစ်အရွယ် ဆူးဆူးက “ကျွန်တော်တို့ မြန်မာ့ အစဉ်အလာ မပျက်အောင်လည်း ကကြမယ်။ Stand up Comedian အတွက်လည်း လုပ်ကြမယ်” ဟုဆိုသည်။

ယင်းလူငယ်တို့ ကနဦးအစတည်ခဲ့သည်မှာ အွန်လိုင်း စာရေးသူများ စုစည်းသည့် ပရဟိတ ရန်ပုံ ငွေပွဲ တစ်ခုမှ ဖြစ်သည်။ ထို့နောက် ၎င်းတို့၏ ဟာသ ပြက်လုံးများကို အွန်လိုင်းတွင် တင်ရာ လူကြိုက်များ ခဲ့သည်။ လူရွှင်တော် ဂေါ်ဇီလာက ယင်းလူငယ်တို့ ၏ ပြက်လုံး ပြက်ကွက်များသည် အလားအလာ ကောင်း များ ရှိနေသည့် အတွက် ကူညီပံ့ပိုး ပေးခဲ့သည်။ လူရွှင်တော် ဇာဂနာနှင့် လူကြိုက်များနေ သည့် သီးလေးသီးတို့က ထိုလူငယ်များကိုတွေ့ ဆုံပြီး ပြည်တော်ပြန် သီးလေးသီး၏ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်သော အငြိမ့်ပွဲ၌ သီးလေး သီး မျိုးဆက်သစ် လူငယ်သုံးဦးကို စတင် ပွဲထုတ်ခဲ့ သည်။

“မှတ်မှတ်ရရ အဲဒီပွဲမှာ စင်ပေါ် မတက်ခင် ကျွန်တော်လက်တွေတုန်တာ လုံးဝ မပျောက်ဘူး။ ဒါပေမဲ့ ပွဲကတဲ့အခါ အဆင်ပြေခဲ့ပါတယ်။ အဲဒီပွဲ မှာ အကကောင်းလို့ ခြေထောက် ကျိုးခဲ့ပါတယ်” ဟု ကျေးကျေးက ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။ ပို့ကုန် သွင်းကုန် ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်ပြီး အတွေ့အကြုံ မရှိဘဲ စင်ပေါ်တက် ဖျော် ဖြေသည့်အခါ အဆင်မပြေမှုများ ရှိသော်လည်း ပရိ သတ်၏ အားပေးမှု ရရှိခဲ့သည့်အတွက် ပီတိဖြစ်ရ သည် ဟုလည်း အသက် ၂၇ အရွယ် သားချိုကပြော သည်။

ဝါဝါကလည်း “တကယ် စင်ပေါ်တက်တော့မှ ပြက်လုံး ပညာဟာ အရေးကြီးမှန်း သိတော့တယ်။ ပထမနှစ်ပွဲ လောက်မှာ ကျွန်တော် ပြက်ပေမယ့် ပရိသတ် တွေက မရယ်ကြဘူး။ တော်တော်စိတ်ပျက်သွား တယ်။ မလုပ်တော့ဘူးကို စဉ်းစားလိုက်မိတယ်။ နောက်ပြက်ရင်းနဲ့ အဆင်ပြေ လာတာပါ” ဟု အဆင် မပြေမှုများနှင့် ဖြတ်သန်း ခဲ့ရပုံကို ပြောပြသည်။ ထိုမျိုးဆက်သစ် လူငယ်များကို ဒုတိယ အကြိမ် အဖြစ် လူရွှင်တော် အရိုင်းနှင့် လူရွှင်တော် ကင်းကောင် တို့က ပခုက္ကူ ရေဘေးအတွက် ရန်ပုံငွေပွဲ အဖြစ် ပွဲထုတ် ခဲ့သည်။

“အဲဒီပွဲမှာ လူရွှင်တော် ကိုးယောက် ပါတော့ အားသာချက်၊ အားနည်းချက်တွေကို သိခဲ့ရပါတယ်။ မှတ်မှတ်ရရတော့ အဲဒီပွဲ ကပြီးတော့ ပင်ပန်းပြီး အိပ်ပျော်သွားတယ်” ဟု အသက် ၂၅ နှစ်အရွယ် ဆူးဆူးက မျက်နှာ ပြောင်ပြကာ ၎င်း အတွေ့အကြုံ ကို ပြောပြသည်။

ထိုလူငယ် များသည် နာမည်ကျော် သီးလေး သီးကဲ့သို့ ပြည်သူ့အသံ ပြည်သူ့ဟန်ဟု ခံယူခြင်း မျိုး ၎င်းတို့သည်လည်း ပြည်သူ့တို့၏ လိုလားချက် လိုအပ်ချက်များကို ပြောနိုင်သော ပြည်သူ့ Speaker ဖြစ်ရမည်ဟု ခံယူထားကြသည်။ ရှေးဘုရင်များ လက်ထက်ကတည်းကပင် တိုင်းရေးပြည်ရာ အခြေအနေများကို ဘုရင်မင်း တရားကြီးက သိချင်သည့် အခါများတွင် သဘင်ပွဲများ ပြုလုပ်ကာ ပွဲတော်ခံကြသည်။ ကပြ တီးမှုတ် ဖျော်ဖြေ သူများကို သဘင်သည်၊ ဆိုင်းသမား၊ ရွာစားစသဖြင့် ခေါ်ဝေါ်မှုများ၊ ချီးမြှောက်မှုများလည်း ရှိခဲ့ကြသည်။ ယင်းအပြင် အရေးတကြီး ပါဝင်ရသည်မှာ ပျော်တော် ဆက် ဖြစ်သည်။ ပျော်တော်ဆက်သည် တိုင်းရေး ပြည်ရေး လိုအပ်ချက်များကို ဟာသနှော၍ ပြက်လုံး များဖြင့် ဘုရင်ကြီးကို တင်ပြရသည်။

ထိုခေတ်ထိုအခါက ဝန်ကြီး မတ်ကြီးများသည် ဘုရင် မင်းတရားကြီးကို လျှောက်တင်ရာတွင် အလျှောက်မတော်ပါက မင်းပြစ်မင်းဒဏ်ခံရသေး သည်။ သို့သော် ပျော်တော်ဆက်များကိုမူ မင်း ပြစ်မင်းဒဏ် မခံရသော အခွင့်ထူးခံ လူတန်းစားဟု သမုတ် ခဲ့ကြသည်။

ပြောင်းလဲလာသည့် ခေတ်စနစ်အရ နောက်ပိုင်း တွင် ပျော်တော်ဆက်များကို လူရွှင်တော်ဟူ၍ ဖြစ် လာသည်။ ယင်းနောက် မင်းပြစ်မင်းဒဏ် မခံရသော ပျော်တော်ဆက်ခေါ် လူရွှင်တော်တို့ အထုအထောင်း ခံခဲ့ကြရသည်များလည်း ရှိသည်။
သီးလေးသီး မျိုးဆက်သစ် လူငယ်တို့ကမူ အစဉ်အလာကို ထိန်းသိမ်းသည့် အနေဖြင့် တိုင်းပြည် ၏ လိုအပ်ချက်များကို ပြက်လုံးများဖြင့် ထောက်ပြ ကြမည်ဟူသော ခံယူချက်ကတော့ တူညီ နေကြသည်။ ၎င်းတို့ ပြက်ခဲ့သည့် ပြက်လုံးများ အနက်မှ ပြက်လုံး တစ်ခုကိုလည်း ကျေးကျေးက ယခုကဲ့သို့ ပြန်လည် ပြောပြသည်။ ၎င်းပြက်ခဲ့သည့် ပြက်လုံး မှာ ‘တောတစ်ခုထဲသို့ ယုန်တစ်ကောင်ကိုလွှတ် လိုက်သည်။ အမေရိကန်စုံထောက် FBI ၊ နိုင်ငံတကာ စုံထောက် အင်တာပိုနှင့် မြန်မာထောက်လှမ်းရေးတို့ ယုန်ကို မည်သူ မိမည်နည်းဟု ပြိုင်ကြသည်။ FBI သည် တပ်ဖွဲ့အင်အား ၅၀ ဖြင့် တောနင်းရှာသည်။ မတွေ့၊ အလားတူ အင်တာပိုသည်လည်း တပ်ဖွဲ့ အင်အား ၁၀၀ ဖြင့် ရေကုန်ရေခန်း ရှာပြန်လေသည်၊ မတွေ့။ မြန်မာထောက်လှမ်းရေး အလှည့်သို့ ရောက် လာသည်။ တပ်ဖွဲ့အင်အား တစ်ယောက်မျှ မပါ။ FBI နှင့်အင်တာပိုတို့ မျက်လုံးပြူးကာ မြန်မာ ထောက်လှမ်းရေး အရာရှိကို ကြည့်ကြသည်။ တစ် နာရီသာ ကြာသည်။ မြန်မာ ထောက်လှမ်းရေး အရာရှိသည် ဝက်ဝံတစ်ကောင်ကို ကုပ်ဆွဲ နပန်း ရိုက်ကာ ခေါ်လာသည်။ ဝက်ဝံထံမှလည်း “ကျွန်တော် ယုန်ပါ ခင်ဗျ။ ကျွန်တော် ယုန်ပါ ခင်ဗျ”ဟု အော်ဟစ် လေသည်။

ထိုပြက်လုံးကို မျက်နှာဟန် မျက်နှာထား ကောင်းကောင်းဖြင့် ပြက်ခဲ့ကြသည့်အတွက် ပရိသတ် များ အထူး အားပေး ခဲ့သော်လည်း ထောက်လှမ်းရေး အဖွဲ့ကမူ မည်သည့် ရည်ရွယ်ချက်ဖြင့် ပြက်ခဲ့သည် ကို ခေါ်ယူ စစ်ဆေး ခဲ့သည်ဟုလည်း ၎င်းကပြန်လည် ပြောပြသည်။

ယင်းအပြင် ထိုလူငယ်များသည် အလုပ် ကိုယ်စီ ရှိသော်လည်း ဟာသ လူရွှင်တော်လိုင်းတွင် ရည်မှန်းချက် မြင့်မြင့် ထားကြသည်။ နိုင်ငံတကာ ဟာသပွဲတော်ကို ကမ္ဘာ့နိုင်ငံများ အသီးသီးမှ အလှည့် ကျ ကျင်းပကြပြီး နိုင်ငံစုံ ဟာသ ဝါသနာရှင်၊ ပညာ ရှင်များ ပါဝင်ဖျော်ဖြေကြသည်။ ထိုပွဲတော်တွင် မြန်မာနိုင်ငံ မပါဝင်သေးသည့်အတွက် ၎င်းတို့က ယင်းပွဲ၌ ပါဝင်နိုင်သည်အထိ ကြိုးပမ်းကြရန် ရည်မှန်းထားကြသည်။

ယင်းပွဲတော်တွင် ဟာသပြက်လုံး ထုတ်သူ တစ်ယောက်က ပြောလိုက်သည်နှင့် အခြားနိုင်ငံ များကလည်း နားလည်ကြသည်။ ထိုသူတို့ပြောကြ သည်မှာ အင်္ဂလိပ်ဘာသာစကားဖြင့်သာ ပြောဆို ကြခြင်းဖြစ်သည်။ “မြန်မာလို ပြက်လုံး လုပ်ဖို့တင် မဟုတ်ဘူး။ အင်္ဂလိပ်လိုပါ ဘာသာပြန်ပြီး ပြက်လုံး ပြက်ဖို့ ရှိတယ်။ ဒါပေမဲ့ မလုပ်နိုင်သေးဘူး” ဟု ဆူးဆူးက ဆိုသည်။

နိုင်ငံတကာထိ ထိုးဖောက်နိုင်ရန် ပြင်ဆင်နေ သော်လည်း ထိုလူငယ်အဖွဲ့၏ အွန်လိုင်း Fan Club ဖွဲ့ပြီး စတင်ခဲ့သော ရည်ရွယ်ချက် ဖြစ်သည့် ပရဟိတ အလှူများ အတွက် အနုပညာ ဒါနပြုနေ သည်ကိုမူ အဆက်မပြတ် လုပ်ဆောင်မည် ဖြစ်ကြောင်း ဝါဝါ က ရှင်းပြသည်။

Engineering Service ကုမ္ပဏီတွင် အလုပ် လုပ်ကိုင် နေသော အသက် ၂၈ နှစ်အရွယ် ကျေးကျေးက ၎င်းတို့အဖွဲ့၏ ကြိုးစား အားထုတ်မှုကို အောက်ပါ အတိုင်း ပြောကြားသည်။

“မြန်မာ့ အငြိမ့်၊ မြန်မာ့ပြက်လုံးတွေ ဘယ်လို ရှိတယ်ဆိုတာကို ကမ္ဘာကသိအောင်ကျွန်တော်တို့ ကြိုးစားသွားမယ်”

Written by  မင်းထက်စံ၊ အောင်အောင်ထွန်း

The Voice Weekly

နွားထိုးကြီးတွင် နွားစာ ရှားပါး၍ လူတစ်ဦး ကြိုးဆွဲချ သေဆုံးဟုဆို



မန္တလေး၊ စက်တင်ဘာ ၅

မန္တလေးတိုင်း ဒေသကြီး နွားထိုးကြီးမြို့နယ် အုတ်တွင်းရွာတွင် သြဂုတ်လ ၁၉ ရက်နေ့တွင် နွားစာ ရှားပါးလာ၍ မိမိကိုယ်ကို ကြိုးဆွဲချ
သေကြောင်း ကြံစည်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်းနှင့် ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ကျေးရွာနေ ဦးကုလား(ခ) ဦးဘုန်းမြိုင် ၄၇ နှစ်သည် သြဂုတ်လ ၁၉ ရက်နေ့တွင် ၄င်းနေထိုင်သော လေးပင်၊ သုံးပင် နေအိမ်၏ အနောက်ခန်းတံခါး ဘောင်တွင် လက်သန်းလုံးခန့် ရှိသော လေးပေ၊ ခြောက်ပေ အရှည်ရှိ ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေကြောင်း၊ ယင်းကဲ့သို့ သေဆုံးရခြင်းမှာ နွားစာရှာ ခက်ခဲ လာသောကြောင့် ဖြစ်ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင် သူများက ဆိုသည်။

ယင်းသေဆုံးမှုကို နွားထိုးကြီးမြို့နယ် ရဲစခန်းက သေမှုသေခင်း အမှတ် ၉/ ၂၀၁၂ ဖြင့် အမှုဖွင့်ထားပြီး ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

The Voice Weekly

သစ်ထူးလွင်

မလေးရှားကို မြန်မာအမျိုးသမီး အလုပ်သမများ တရားဝင်ပို့ဆောင်




ရန်ကုန် (မဇ္ဈိမ) ။        ။ မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်လိုသော မြန်မာအမျိုးသမီး လုပ်သားများ တရားဝင် ပို့ဆာင်ပေးနေမှုကို သြဂုတ်လ နောက်ဆုံးပတ်မှ စတင်နေခဲ့ရာ မြန်မာအမျိုးသမီး လုပ်သားများကို
ပြည်ပနိုင်ငံများတွင် တရားဝင် သွားရောက်လုပ်ကိုင်ခွင့် စတင်ခွင့်ပြုမှု ဖြစ်လာသည်။မလေးရှားငွေ ရင်းဂစ် ၉၀၀ သို့မဟုတ် တလစာလုပ်အားခကို ဝန်ဆောင်ခအဖြစ် ပေးဆောင်ရမည့် အလုပ်များ အတွက် လုပ်သားဦးရေ နှစ်ရာခန့် သွားရောက် လုပ်ကိုင်နေပြီး ဖြစ်သည်ဟု ယုံကြည်ရသည်။အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်  အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ အေဂျင်စီ သုံးခု စေလွှတ်ခွင့် ရခဲ့သည်ဟု အေဂျင်စီ အသိုင်းအဝန်းမှ သိရသည်။ပြည်ပအလုပ်အကိုင် အေဂျင်စီ တာဝန်ရှိသူတစ်ဦးက “ စက်ရုံက အီလက်ထရောနစ် ပစ္စည်းတွေ လုပ်တဲ့ စက်ရုံပါ။နေစရာ နေရာကလည်း အမျိုးသမီးတွေ အတွက် လုံခြုံမှု ရှိပါတယ်။ စက်ရုံက လူ ၇၀၀၀ လောက် လိုပါသေးတယ် ” ဟု ပြောသည်။ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတခု၏ အပြောအရသွားရောက်လုပ်ကိုင်လိုသူအတွက်ကုမ္ပဏီမှလေယာဉ်လက်မှတ်၊ နိုင်ငံကူးလက်မှတ်တို့အတွက် ကုန်ကျစရိတ်ကို ပြန်လည် ထုတ်ပေးမှာ ဖြစ်သည်ဟု ဆိုသည်။ အသက် ၂ဝ မှ ၃၅ နှစ်အတွင်း 



အခြေခံပညာ အဆင့် ရှစ်တန်း အောင်မြင်ပြီးသူများ သွားရောက် လုပ်ကိုင်နိုင်သည်ဟု ဆိုသည်။သို့သော် ဦးစွာ သွားရောက်လုပ်ကိုင်လိုသူက ငွေစိုက်ထုတ်ထားရမှာဖြစ်ပြီး မလေးရှားနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာရပြီးချိန် တွင် ကုမ္ပဏီက ကုန်ကျငွေကို ပြန်အမ်းမှာ ဖြစ်သည်။ ကုမ္ပဏီသို့ ဝန်ဆောင်ခအဖြစ် လုပ်ခလစာမှ တလလျှင် ရင်းဂစ်ငွေ ၁၅၀ ဖြင့် ခြောက်လ ဖြတ်တောက်သွားမှာ ဖြစ်သည်။တလလျှင် ရက် ၂၀ ပုံမှန် အလုပ်ရက် သတ်မှတ်ထားပြီး လစာမှာ ရင်းဂစ် ၉၀၀ ဖြစ်သည်။ ကြာသပတေးနေ့
ပေါက်ဈေးမှာ တစ်ရင်းဂစ်လျှင် မြန်မာကျပ်ငွေ ၂၇၉.၄ ကျပ် ဖြစ်သည်။ စနေနှင့် တနင်္ဂနွေ နေ့များကို အချိန်ပို အဖြစ် သတ်မှတ်ပေးပြီး အချိန်ပိုကြေးပေးမည် ဟုဆိုသည်။လေယာဉ်လက်မှတ်ရပြီးချိန်တွင် သွားရောက် လုပ်ကိုင်လိုခြင်း မရှိတော့လျှင် လျော်ကြေးပေးဆောင်ရန် သတ်မှတ် ထားသည်။သွားရောက် လုပ်ကိုင်မည့် အသက် ၃၀ ဝန်းကျင် အမျိုးသမီး တစ်ဦးက “ အချိန်ပို မရှိရင်တော့ မကိုက်ဘူး။ ဖြတ်မှာနဲ့ ဆိုရင် တစ်လကို (ကျပ်) တစ်သိန်းကျော်ပဲ ကျန်မယ်။ အချိန်ပို ရှိပါစေ ဆုတောင်း ရမှာပဲ။” ဟု ဆိုသည်။


အထက်ပါ ရန်ကုန် (မဇ္ဈိမ)၏သတင်းနှင့်ပတ်သတ်ပြီး..ပြောချင်တာတွေ ရှိလာပါတယ်...
ပထမက မလေးရှားတစ်ရင်းဂစ်မှာ မြန်မာကျပ်ငွေ ၂၇၃ကျပ်ထိပဲ ငွေလွဲနုံးတတ်ဖူးသေးတာပါ..နောက်ပြီး..မလေးရှားမှာ အခြေခံလစာ ၉၀၀ ဆိုတာ ယောင်္ကျားလေးတွေအတွက်တောင်တော်ရုံ အကြားဖူးတာ..မရကြတာပါ..မိန်းခလေးအဲလိုလစာရတာ ကျနော်တော့ မကြားဖူးသေးပါဘူး..ကျနော်တို့ လဲ လာခဲ့ စဉ်က သေချာမြန်မာအေးဂျင့်ကပြောပေမဲ့ေ၇ာက်တဲ့ အခါ ရက်မှန်ကြေးပါအပါဝင်မှ အေးဂျင့်ပြောတဲ့ လစာဖြစ်ကြောင်းမကျေနပ်ရင်ပြန်ပို့မယ်ဆိုလို့ ပှိုက်ဆံတွေကလဲ ကုန်ထားပြီးသားဆိုတော့ နနှစ်လောက်လုပ်ပြီးမှ  ပုံမှန်လစာရပါတယ်..မလေးရှားကလူတွေမေးကြည့်ကြပါ..ဒီကအေးဂျင့်တွေလက်ထဲေ၇ာက်သွားရင်လုပ်
ချင်သလိုလုပ်ကြတော့တာပါပဲ.။မလေးရှားကအေးဂျင့်တွေက အချိန်ပိုကြေးထဲက ဖြတ်ယူတာနဲ့   စက်ရုံတစ်ချို့ မှာ အချိန်ပိုကြေးမပေးတော့ပဲ ဒုန်းလစာနဲ့ တစ်ခါတရံ အလုပ်ချိန်ပိုလုပ်ပေးရတာတွေ..စက်ရုံကြီးတွေမှာ အဆိုင်းသုံးဆိုင်းလည်တဲ့ အတွက်အချိန်ပိုနည်းတာတွေနဲ့ မြန်မာနိုင်ငံကနေ သိလာသလို တွက်လာသလို
မဖြစ်ကြတာက အများကြီးပါ ။ပြီးတော့မလေးရှားနိုင်ငံမှာ လုံခြုံတယ်ဆိုတဲ့ နေရာမရှိပါဘူး...နိုင်ငံခြားသာအလုပ်သမားများလွန်းတာရယ်တွေကြောင့်လဲဖြစ်မယ်
ထင်ပါတယ်။တစ်ခုခုဖြစ်ရင် လဲ ဂရုတစိုက်ဖြေရှင်းပေးတာမျိုး..မလေးရှားကိုေ၇ာက်လာပြီဆို ဘာဥပဒေ..ဘာသံရုံးမှ လဲတော်ရုံလုပ်မပေးနိုင်တော့ပါဘူး..သူတို့မှာတောင်အလုပ်တွေ ပိနေတာ...ကိုယ်ဖြစ်ကိုယ်ခံ ကိုယ်ဖြစ်ကိုယ်ရှင်းပါပဲ  ...ဓါပြ လုယက်တာတွေက မြို့ လည်ခေါင်မေ၇ှာင်နေ့စဉ်အမျှကြားနေရတဲ့ မလေးရှားပါ။အခြားသတင်းတွေနဲ့ 
အမှုကြီးတွေကိုလဲ တချို့ တင်ပြတာတွေ လိုက်ဖတ်ကြည့်ကြစေချင်ပါတယ်။အဆင်ပြေလောက်မယ်ဆိုပြီး လာကြပေမယ့် အကြွေးဆပ်နေရတာ တစ်နှစ်...နောက်တော့လဲ တစ်လ တစ်သိန်းမနည်းပို့ ရတဲ့ အဖြစ်တွေ...နေစရာချက်ပြုတ်စရာ မလောက်မငှ ပြွတ်သိမ့်နေရတာတွေ....့ ဒီလိုပဲ နှစ်ပြည့်ပြီး စိတ်ကုန်စွာပြန်သွားကြတာတွေ ...ဒါကြောင့်ကိုယ်သွားလုပ်ရမဲ့ စက်ရုံကိုသေချာစုံစမ်းပြီးတော့ အဲဒီကအရင်ေ၇ာက်နှင့်တဲ့ လူတွေကို သေချာစုံစမ်းမေစမ်းကြပြီးမှ နဲ့ မလေးရှားဆိုတာကိုသေချာနားလည်အောင်လုပ်ပြီးမှ ...သေချာစဉ်းစာပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။

အခြေခံပညာရေး ဝန်ထမ်းများအား ယခုလမှစတင်၍လစာတိုး



ရန်ကုန် (မဇ္ဈိမ) ။       ။ အခြေခံပညာဦးစီးဌာနအောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ မြို့နယ်အဆင့်အထိ စီမံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာပညာရေး ဝန်ထမ်းများနှင့် ဆရာဆရာမအား လက်ရှိရာထူး၏ တစ်ဆင့်တိုးလစာများ အတိုင်း တိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၃ အခြေခံ ပညာဦးစီးဌာနကပြောသည်။

ဆရာများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်နှင့် စီမံခန့်ခွဲမှုအပိုင်းအဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်း
ဖြစ်ကြောင်း ဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးအောင်ရှိန်ကပြောသည်။

မူလတန်းကျောင်းအုပ်များကို အထက်တန်းပြလစာသို့လည်းကောင်း၊ ခရိုင်ပညာရေးမှူးကို ဒုတိယညွှန်ကြားရေးမှူး အဆင့်နှင့် လစာသို့လည်းကောင်း၊  ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေးမှူးများကို ညွှန်ကြား ရေးမှူးအဆင့်နှင့် လစာသို့ လည်းကောင်း သတ်မှတ် တိုးမြှင့်ပေးသွားမှာဖြစ်သည်။
လစာတိုးနှုန်းပမာအားဖြင့် အခြေခံပညာကျောင်းအုပ်တစ်ဦးသည် လက်ရှိလစာပေါ်တွင် ၇ ရာခိုင်နှုန်းခန့် တိုးမည်
ဖြစ်သည်။

လက်ရှိရာထူးထက် တစ်ဆင့်တိုးပြီး လစာပေးခြင်းကို လေးနှစ်အတွင်း လေးသုတ်ခွဲ လုပ်ဆောင်သွားမှာဖြစ်ကာ "ပထမဦးဆုံးအသုတ်မှာတော့ ပင်စင်ယူကြတော့ မယ့်သက်ကြီးတွေနဲ့ ထူးချွန်တဲ့ဆရာ၊ ဆရာမတွေကို ဦးစားပေး
ဆောင်ရွက်မှာပါ" ဟု အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက မဇ္ဈိမကို
ပြောသည်။

ထို့ပြင်ပညာရေးကဏ္ဍ ပိုမိုအားကောင်းစေရန် ခရိုင်အဆင့်ပညာရေးမှူးများကိုလည်း ယခုနှစ်အတွင်း တိုးချဲ့ခန့် အပ်သွားရန် စီစဉ်နေကြောင်း ဦးအောင်ရှိန်ကပြောသည်။

"တိုင်းအဆင့်အနေနဲ့ကတော့ တိုင်းဒေသကြီးတွေရှိတဲ့ နေရာတိုင်းမှာ တိုင်းပညာရေးမှူးတွေ ထားရှိမှာဖြစ်ပြီး၊ ရန်ကုန် ကိုတော့ ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲသွားပါမယ်။ ရန်ကုန်အနေနဲ့ ခရိုင်လေး ခုရှိတဲ့အတွက် ခရိုင်ပညာရေးမှူး လေးဦး ထားရှိသွားပါမယ်"ဟု ဦးအောင်ရှိန် ကပြောသည်။

ရန်ကုန်တွင်ထားရှိမည့် ခရိုင်များတွင် တောင်ပိုင်းခရိုင်ပညာရေးမှူးရုံးကို သံလျင်၌ လည်းကောင်း၊ မြောက်ပိုင်း ခရိုင်ပညာရေးမှူးရုံးကို အင်းစိန်၌လည်းကောင်း၊ ရှေ့ပိုင်းခရိုင် ပညာရေးမှူးရုံးကို သင်္ဃန်းကျွန်း၌လည်းကောင်း ခန့်ထားသွားမည်ဖြစ်ပြီး အနောက်ပိုင်းခရိုင်ပညာရေးမှူးရုံးကို လမ်းမတော်ရှိ ယခင်ရန်ကုန်တိုင်း ပညာရေးမှူးရုံး၌ပင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

ကချင်ဒုက္ခသည် အမျိုးသမီးငယ်တွေ ရောင်းစားခံနေရ



အစိုးရစစ်တပ်နဲ့ KIA ကချင်တပ် တွေအကြား စစ်ရေး တင်းမာမှုကြောင့် ကချင်ပြည်နယ် အတွင်းက ဒုက္ခသည် စခန်းတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ အမျိုးသမီးငယ်တွေ အပါအဝင် ဒေသခံ ကချင်အမျိုးသမီးငယ် တွေဟာ လူမှောင်ခို ပွဲစားတွေရဲ့ ပစ်မှတ်ထားပြီး တရုတ်ပြည်ဘက်ကို ရောင်းစားခံ နေရတယ်လို့ စုံစမ်းသိရပါတယ်။

စီးပွားရေးကျပ်တည်းမှု၊ အကြားအမြင် ဗဟုသုတ အားနည်းမှုတွေအပေါ်မှာ အခွင့်ကောင်းယူပြီး လူမှောင်ခို ပွဲစားတွေဟာ တရုတ်နယ်စပ် ဒုက္ခသည် စခန်းတွေက အမျိုးသမီးငယ်တွေကို ပစ်မှတ်ထားပြီး တရုတ်ပြည်ထဲကို ရောင်းစား နေတယ်လို့ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ လိုင်ဇာအခြေစိုက် ကချင်အမျိုးသမီး အဖွဲ့ (Kachin Women Association)ရဲ့အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

လိုင်ဇာမြို့အခြေစိုက် ကချင်အမျိုးသမီး အဖွဲ့အနေနဲ့ ၂၀၀၆ ခုနှစ်ကနေ ဒီနှစ်အထိ တရုတ်နိုင်ငံထဲကို ရောင်းစားခံရတဲ့ အမျိုးသမီး ၂၉၀ ဦးရဲ့ အရေးကိစ္စတွေကို စုံစမ်း ဖော်ထုတ် ကူညီပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် ဇန်နဝါရီကနေ သြဂုတ်လကုန်ထိ လိုင်ဇာ ပတ်ဝန်းကျင်မှာရှိတဲ့ ဒုက္ခသည် စခန်းအချို့က အမျိုးသမီးငယ် ၉ ဦး လူမှောင်ခို ပွဲစားတွေရဲ့ ရောင်းစားတာ ခံခဲ့ရတယ်လို့ သိရပါတယ်။

ကချင်ဒုက္ခသည်စခန်းတွေက အမျိုးသမီးငယ် အများစုဟာ တရုတ် ယူနန်ပြည်နယ်၊ ယင်ကျန်း၊ထိန်ချုန်း၊ စန်တုန်းနဲ့တစ်ခြားမြို့တွေမှာရှိတဲ့ ဆင်းရဲသား တရုတ်လယ်သမားတွေနဲ့ အဓမ္မလက်ထပ်ထိမ်းမြားဖို့ အခုလိုရောင်းစားခံရတာဖြစ်ပြီး ရောင်းစားမခံရခင်မှာ လူမှောင်ခိုပွဲစားတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံကြရတယ်လို့ ကချင်အမျိုးသမီးအဖွဲ့က ပြောပါတယ်။

အဓမ္မလက်ထပ်ဖို့အတွက် မြန်မာအမျိုးသမီး တစ်ယောက်ကို တရုတ် ယွမ်ငွေ တသောင်း ကနေ ၅သောင်းကြား၊ မြန်မာကျပ်ငွေနဲ့ဆိုရင် ၁၅ သိန်းကနေ သိန်း ၄၀ကြား ဈေးနဲ့ လူမှောင်ခိုပွဲစားတွေက
ရောင်းစားနေကြတယ်လို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။

ကချင်အမျိုးသမီးအဖွဲ့အနေနဲ့ ကချင်ဒုက္ခသည်စခန်းတွေကနေ လူကုန်ကူးခံ နေရမှုတွေကို အနည်းအကျဉ်းလောက်သာ ကူညီဆောင်ရွက်ပေးနိုင်တာဖြစ်ပြီး၊လွယ်ဂျယ်၊ မိုင်းဂျားယန်၊ဆဒုံး၊ပန်ဝါ
စတဲ့နေရာတွေ ကနေလည်း အသက် ၁၆နှစ်ကနေ ၂၇ နှစ်ကြား အမျိုးသမီးငယ်တွေ နည်းမျိုးစုံနဲ့ရာင်းစားခံနေရတယ်လို့ သိရပါတယ်။

Copy from - RFA Burmese

Red Bull စွမ်းအားကောင်းဖျော်ရည် (Energy Drink) ရဲ့ မြေးဖြစ်သူက ထိုင်းရဲ တယောက်ကို သူ့ရဲ့ ဖာရာရီ (Ferrari) ကားနဲ့ တိုက်လိုက်

ထိုင်းရဲ ကျွဲရိုင်းဝှေ့ခံရခြင်း

ကျွဲရိုင်းဝှေ့ခံရတယ်ဆိုလို့ ထိုင်းရဲက တကယ့် ကျွဲရိုင်း အဝှေ့ခံရတာ မဟုတ်ပါဘူး။ မြန်မာလို ကျွဲရိုင်းလို့ လူသိများတဲ့ ထိုင်းလို ကရထင်ဒဲန်င် အင်္ဂလိပ်လို Red Bull စွမ်းအားကောင်းဖျော်ရည် (Energy Drink) ရဲ့
မြေးဖြစ်သူက ထိုင်းရဲ တယောက်ကို သူ့ရဲ့ ဖာရာရီ (Ferrari) ကားနဲ့ တိုက်လိုက်တာပါ။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ရဲ အရာခံဗိုလ် ဝိချီယမ် ကလန်ပရာစတ် (Wichean Glanprasert) က ဆိုင်ကယ်ကို သူ့ကားရှေ့ ရုတ်တရက် ဖြတ်ချလိုက်တာမို့ တိုက်မိသွားတာလို့ အသက် ၂၇ နှစ် ရှိပြီဖြစ်တဲ့ ကျွဲရိုင်းလေး ဝိုရာယု ယိုဝစ်ယာ (Vorayuth Yoovidya) က ဆိုပါတယ်။

အတိုက်ခံရတဲ့ ရဲကတော့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။

ဝိုရာယုဟာ မဆင်မခြင်ကားမောင်းပြီး လူသေစေမှု၊ ထွက်ပြေးတိမ်းရှောင်မှု စတာတွေနဲ့ စွဲချက်တင်ခံရပေမယ့် ဘတ်ငွေ ၅ သိန်း အာမခံနဲ့ လွတ်သွားပါတယ်။

ဒါပေမယ့် အမှုကို တာဝန်ယူရတဲ့ ဒုရဲဗိုလ်ချုပ်ကြီး ကွမ်ရွန်ဝစ် ထုကရာကျန်ခ် (Comrowit Toopgrajank) ကတော့ ဒီအမှုကို ပြီးတဲ့အထိ ကိုင်တွယ်သွားမယ်၊ ဒီအတိုင်းပြီးသွားမယ်ဆိုရင်တော့ သူ ရာထူးက ထွက်မယ်လို့ ပြောပါတယ်။

“သူတို့တွေ ဘယ်လောက်အစွမ်းထက်ထက် ကျနော် ဂရုမစိုက်ဘူး၊ တကယ်ပြစ်မှုကျူးလွန်တဲ့သူကို အပြစ်မပေးနိုင်ဘူးဆိုရင် ကျနော် တာဝန်က နှုတ်ထွက်မယ်” တဲ့။

အသားတင်ကြွယ်ဝမှု ဒေါ်လာ ၅.၄ ဘီလီယံရှိတဲ့ ကျွဲရိုင်းလေးရဲ့ မိသားစုဟာ ထိုင်းနိုင်ငံမှာ စတုတ္တမြောက် အချမ်းသာ ဆုံးလို့ Forbes မဂ္ဂဇင်းက ဒီနှစ်မှာ အဆင့်သတ်မှတ်ထားပါတယ်။

သတင်းအပြည့်အစုံကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

Quick office Pro For android


ဒါကတော့ ကျွန်တော်တို့ ဖုန်းနဲ့ excel လိုမျိုး ဇယားနဲ့ပတ်သက်တာ၊ စာရင်းနဲ့ပတ်သက်တာကို ရေးနိုင်ဖို့၊ တွက်ထုတ်နိုင်ဖို့အတွက်ပါ။ အရမ်းအသုံးဝင်ပါတယ်။ android phone အမျိုးအစားများအတွက်ဖြစ်ပါတယ်။ install လုပ်နည်းကတော့ သိမှာပါ memory card ထဲကိုထည့်ပြီး ဖုန်းထဲကနေ install လုပ်လိုက်ရုံပါပဲ။ လွယ်လွယ်လေးပါ။ အားလုံးအဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Download Quick Office Pro
Filecloud | Mediafire | Minus

ငါးဖမ်းရေယဉ် မြောက်များစွာ ဥပဒေချိုးဖောက်၍ ကန့်သန့်ရေပြင်တွင် ဝင်ရောက် ငါးဖမ်းခြင်း


 ၃.၉.၂၀၁၂  - စက်တင်္ဘလ ၃ ရက်နေ့ မှစတင်ကာ တနင်္သာရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ် အတွင်းရှိ ပြင်ဘုကြီး၊ ပြင်ဘုငယ် ၊ခန္တီ၊လိပ်ဥသောင်၊ ကံမော်ကြီး၊ ကင်းမော်ချုံ ကျေးရွာများ အနီးရေပြင်တွင် ဝါလပ်(ဒရွတ်တိုက်ဆွဲ ငါးဖမ်းရေယဉ်များဖြင့် ငါးဝင်ရောက်ဖမ်း နေသောကြောင့် သိရပါတယ်။

အဆိုပါ ကျေးရွာများမှ တနိုင်တပိုင် တနေ့လုပ် တနေ့စား ငါးဖမ်းလုပ်ကိုင် စားသောက် နေသော တံငါသည်များ၏ ငါးဖမ်းပိုက်များကို ပါတစ်ပါးတည်း ဆွဲယူသွားခြင်းကို ကြုံတွေ့နေရကြောင်း ဒေသခံ တံငါသည်များက Myanmar News Now ကို ပြောပါတယ်။

ငါးလုပ်ငန်း ဥပဒေအရ အဆိုပါ ငါးဖမ်းရေယဉ် (ဒရွတ်တိုက်ဆွဲ) များ ကမ်းခြေများ(ကျေးရွာ) အနီး ဝင်ရောက်ငါး ဖမ်းဆီးခွင့်မရှိပါ၊ အခုလို ငါးဖမ်းဆီးမှု ကြောင့် ဒေသခံ ငါးဖမ်းလုပ်သားများမှာ စားဝတ်နေရေး အတွက် ဒုက္ခကြုံတွေ့နေရကြောင်း ဒေသခံ တံငါသည်များက ပြောပါတယ်။

တနသာင်္ရီတိုင်း ဒေသကြီး ပင်လယ်ပြင် ကမ်းရိုးတမ်း တလျှောက် မြိတ်မြို့ရှိ ရေနေ သယံဇာတများ ထိန်းသိမ်းရေး အတွက် ယခုနှစ် 2012 ခုနှစ်မှာ ဇွန်၊ ဇူလှိုင် ၊သြဂုတ်လများတွင် မြိတ်ပင်လယ်ပြင်နှင့် ကမ်းရိုးတမ်းတလျှောက် ကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များ
ငါးမဖမ်းဆီးခြင်း မပြုလုပ်ကြရန်  တနသာင်္တိုင်း ရေလုပ်ငန်းဦးစီးဠာနမှ သတင်းထုတ်ပြန်ခဲ့ကြောင်းသိရှိရပါတယ်။

ဇွန်၊ ဇူလှိုင်၊ သြဂုတ်လများမှာ ဒေသအတွင်း ငါးပုဇွန်များ မျိုးပေါက်ပွားချိန်ဖြစ်သောကြောင့် ငါးဖမ်းရေယာဉ်များ
ငါးဖမ်းဆီးခြင်း မပြုလုပ်ကြရန် တားမြစ်ခဲ့ရာ ယခုအခါ ထိုတားမြစ်ရက်များ ပြည့်မှီကျော်လွန်လာပြီး ဖြစ်သောကြောင့် 1.9.2012
ရက်နေ့မှစတင်ကာ မြိတ်မြို့ရှိ ငါးလုပ်ငန်းများနဲ့ ရေလုပ်သားများက ဒေသအတွင်း ရေလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ခွင့် ရလာပြီမို့
ဒေသစီးပွားေ၇းတွေ ပြန်လည်ဦး မော့လာတော့ မယ်လို့ ငါးဖမ်လုပ်ငန်း သမားတွေ ကလည်း ပြောပါတယ်.။

ရေလုပ်ငန်းဦးစီးဠာနမှ ငါးဖမ်းခွင့် ပြုလိုက်တာကြောင့် ငါးဖမ်းရေယာဉ်တွေ ဟာ ပင်လယ်ကမ်းရိုး တန်းတလျှောက်မှာ အပြိုင်အဆိုင် ငါးဖမ်းနေကြတာ ဖြစ်ကြောင်း Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။

----


ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို နုတ်ထွက်ပြီ



လွှတ်တော် ရေးရာ ကော်မတီများအဆောက်အဦကို တွေ့မြင်ရစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို  မိမိတို့ သဘောဆန္ဒအတိုင်း နှုတ်ထွက်ခွင့်
ပြုလိုက်ကြောင်း ည ၈နာရီ အစိုးရ ရုပ်သံသတင်းတွင် ကြေညာသွားသည်။

အမျိုးသားလွှတ်တော်၏ ဆုံး ဖြတ်ချက် ဖြစ်သော “အခြေခံဥပဒေခုံရုံးသည် အခြေခံဥပဒေပါ ပြဌာန်းချက်ကို ဖောက်ဖျက်ခြင်း ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း” တို့ကြောင့် စွပ်စွဲပြစ်တင်ချက်လိုက်သည့် အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီး နာရီပိုင်းအကြာတွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုကဲ့သို့ ခုံရုံး အဖွဲ့ဝင်အားလုံး နှုတ်ထွက်သွားသဖြင့် ရက်သတ္တပတ်အတန်ကြာ သမ္မတ၊ အခြေခံဥပဒေခုံရုံးနှင့် လွှတ်တော်တို့အကြား ဖြစ်ပွားနေခဲ့သည့် အားပြိုင်မှုတွင် အခြေခံဥပဒေ ခုံရုံးနှင့် သမ္မတတို့ဘက်မှ အလျော့ပေးလိုက်သည့် သဘောဖြစ်သည်။

ခုံရုံးဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်များ အားလုံး ၎င်းတို့၏ သဘောဆန္ဒအတိုင်း နှုတ်ထွက်ခွင့်ပြုလိုက်သည်ဟု သမ္မတကြီး ဦးသိန်းစိန် ကြေညာသော်လည်း အမှန်မှာ လွှတ်တော်နှင့် အားပြိုင်မှုတွင် အရှုံးပေးသည့်သဘောဖြင့် နှုတ်ထွက်ခိုင်းခြင်း ဖြစ်မည်ဟု နိုင်ငံရေး အကဲခတ်သူများက ကောက်ချက်ချကြသည်။    ။

By Yangon Press International