This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, May 2, 2013

နိုင်ငံနှင့် လူမျိုးအကျိုး ထူးချွန်စွာ ထမ်းဆောင်ခဲ့သည့် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ် ၁၂ ဦးအား နိုင်ငံ့စွမ်းဆောင်ရည် ဆုများ ချီးမြှင့်



Eleven Created on Wednesday, 01 May 2013 11:43

နိုင်ငံတော် သမ္မတ၏ နယ်ပယ်အသီးသီးရှိ ပုဂ္ဂိုလ်များအား နိုင်ငံ့ စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီ ၃၀ ရက်က နေပြည်တော် MICC ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါဆုသည် နယ်ပယ်သီးသီးရှိ မိမိတို့ကျရာ ကဏ္ဍအလိုက် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ချီးမြှင့်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထို့ပြင် နယ်ပယ်အသီးသီးရှိ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် မတော်လောဘစိတ်၊ အချောင်ရလိုစိတ်များကို လျှော့ချကြပြီး ပြည်သူ့ စွမ်းအားဖြင့် နိုင်ငံတော် တည်ဆောက်ကြရမည်ဖြစ်ကြောင်း သမ္မတက ထည့်သွင်းပြောကြားသည်။

နိုင်ငံတော် သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များကို ချီးမြှင့်ခဲ့ရာ သီတဂူဆရာတော် ဒေါက်တာဉာဏိဿရ၊ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ်ရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေး တွဲဖက်အထက်တန်းကျောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နှင့် မေရီချက်ပ်မင်း နားမကြားသော ကလေးများ ကျောင်းတို့မှ ရရှိခဲ့သည်။

နိုင်ငံတော်သမ္မတ ချီးမြှင့်သည့် စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုကို ပဲခူးတိုင်းဒေသကြီးမှ ဦးသိန်းမြင့်၊ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ပင်လယ်ကိုးသွယ် ကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးအောင်သန်းဦး၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုကို ရှမ်းပြည်နယ်မှ ဦးကျမော့၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ဦးခင်မောင်ဝင်း၊ ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ် အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ဦးလှသန်း၊ အများပြည်သူ ဘေးအန္တရာယ် ကျရောက်မှုအား သက်စွန့်ကြိုးပမ်း ကယ်တင်စွမ်းဆောင်မှုဆုကို ရဲကျော်စွာအောင်လှ၊ အားကစားစွမ်းဆောင်ရည်ဆုကို မအောင်ငှိမ်း (မြားပစ်)၊ အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်ဆုကို Golden Dalta ကုမ္ပဏီ လီမိတက်မှ ဦးချစ်ခိုင်၊ တန်ဖိုးမြှင့်ထုတ်ကုန် အကောင်းဆုံး ထုတ်လုပ်ရောင်းချနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်ဆုကို National Wood Industry Ltd မှ ဦးကျော်ဝင်း၊ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုကို ကမ္ဘောဇဘဏ် လီမိတက်မှ ဦးအောင်ကိုဝင်း၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အသေးစား စီးပွားရေး လုပ်ငန်းရှင်ဆုကို သဇင်နွယ်မိသားစု ရောင်းဝယ်ရေး ကုမ္ပဏီမှ ဒေါ်သန်းသန်းဆွေ၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အလတ်စား စီးပွားရေး လုပ်ငန်းရှင်ဆုကို ပဲခူးတိုင်းဒေသကြီးမှ သံရည်ကျို လုပ်ငန်းပိုင်ရှင် ဦးအေးဝင်းတို့ အသီးသီး ရရှိခဲ့ကြသည်။

နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် အများဆုံး သယ်ပိုး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုအတွက် အခွန်ငွေ ၄၇၅၅ သန်း ပေးဆောင်ခဲ့သည့် ACE ကုမ္ပဏီမှ ဦးဇော်မိုးဝင်း၊ အခွန်ငွေ ၂၆၇၇ သန်းကျော် ပေးဆောင်ခဲ့သည့် Max Myanmar ကုမ္ပဏီမှ ဦးဇော်ဇော် တို့ကိုလည်း နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များ ပေးအပ်ခဲ့ပြီး အခွန်ငွေ ၆၀၁၅ သန်းကျော် ပေးဆောင် ခဲ့သည့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ရရှိခဲ့သည်။
နိုင်ငံနှင့် လူမျိုးအကျိုး ထူးချွန်စွာ ထမ်းဆောင်ခဲ့သည့် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ် ၁၂ ဦးအား နိုင်ငံ့စွမ်းဆောင်ရည် ဆုများ ချီးမြှင့်

 Eleven   Created on Wednesday, 01 May 2013 11:43 

နိုင်ငံတော် သမ္မတ၏ နယ်ပယ်အသီးသီးရှိ ပုဂ္ဂိုလ်များအား နိုင်ငံ့ စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီ ၃၀ ရက်က နေပြည်တော် MICC ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါဆုသည် နယ်ပယ်သီးသီးရှိ မိမိတို့ကျရာ ကဏ္ဍအလိုက် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ချီးမြှင့်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထို့ပြင် နယ်ပယ်အသီးသီးရှိ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် မတော်လောဘစိတ်၊ အချောင်ရလိုစိတ်များကို လျှော့ချကြပြီး ပြည်သူ့ စွမ်းအားဖြင့် နိုင်ငံတော် တည်ဆောက်ကြရမည်ဖြစ်ကြောင်း သမ္မတက ထည့်သွင်းပြောကြားသည်။

နိုင်ငံတော် သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များကို ချီးမြှင့်ခဲ့ရာ သီတဂူဆရာတော် ဒေါက်တာဉာဏိဿရ၊ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ်ရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေး တွဲဖက်အထက်တန်းကျောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နှင့် မေရီချက်ပ်မင်း နားမကြားသော ကလေးများ ကျောင်းတို့မှ ရရှိခဲ့သည်။

နိုင်ငံတော်သမ္မတ ချီးမြှင့်သည့် စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုကို ပဲခူးတိုင်းဒေသကြီးမှ ဦးသိန်းမြင့်၊ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ပင်လယ်ကိုးသွယ် ကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးအောင်သန်းဦး၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုကို ရှမ်းပြည်နယ်မှ ဦးကျမော့၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ဦးခင်မောင်ဝင်း၊ ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ် အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ဦးလှသန်း၊ အများပြည်သူ ဘေးအန္တရာယ် ကျရောက်မှုအား သက်စွန့်ကြိုးပမ်း ကယ်တင်စွမ်းဆောင်မှုဆုကို ရဲကျော်စွာအောင်လှ၊ အားကစားစွမ်းဆောင်ရည်ဆုကို မအောင်ငှိမ်း (မြားပစ်)၊ အကောင်းဆုံး  ပို့ကုန်လုပ်ငန်းရှင်ဆုကို Golden Dalta ကုမ္ပဏီ လီမိတက်မှ ဦးချစ်ခိုင်၊ တန်ဖိုးမြှင့်ထုတ်ကုန် အကောင်းဆုံး ထုတ်လုပ်ရောင်းချနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်ဆုကို National Wood Industry Ltd မှ ဦးကျော်ဝင်း၊ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုကို ကမ္ဘောဇဘဏ် လီမိတက်မှ ဦးအောင်ကိုဝင်း၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အသေးစား စီးပွားရေး လုပ်ငန်းရှင်ဆုကို သဇင်နွယ်မိသားစု ရောင်းဝယ်ရေး ကုမ္ပဏီမှ ဒေါ်သန်းသန်းဆွေ၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အလတ်စား စီးပွားရေး လုပ်ငန်းရှင်ဆုကို ပဲခူးတိုင်းဒေသကြီးမှ သံရည်ကျို လုပ်ငန်းပိုင်ရှင် ဦးအေးဝင်းတို့ အသီးသီး ရရှိခဲ့ကြသည်။

နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် အများဆုံး သယ်ပိုး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုအတွက် အခွန်ငွေ ၄၇၅၅ သန်း ပေးဆောင်ခဲ့သည့် ACE ကုမ္ပဏီမှ ဦးဇော်မိုးဝင်း၊ အခွန်ငွေ ၂၆၇၇ သန်းကျော် ပေးဆောင်ခဲ့သည့် Max Myanmar ကုမ္ပဏီမှ ဦးဇော်ဇော် တို့ကိုလည်း နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များ ပေးအပ်ခဲ့ပြီး အခွန်ငွေ  ၆၀၁၅ သန်းကျော် ပေးဆောင် ခဲ့သည့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ရရှိခဲ့သည်။

အလန်းစား မော်ဒယ်လ်များ မိမိ Desktop မှာ သီချင်းဆိုကြမယ့် VirtuaGirl HD 1.1.0.58 Free

မိတ်ဆွေရဲ့ Desktop ပေါ်မှာ သိပ်လန်းတဲ့ မိန်းကလေးတွေနဲ့ပျော်ပျော်ပျော်ရွှင်ရွှင် ခံစားတွေ့မြင်ရမယ့် VirtuaGirl 1.1.0.58  ဖြစ်ပါတယ်... သိပ်လှပပြီးဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေ Desktop ပေါ်မှာ ဖျော်ဖြေနေတာကို HD အပြည့်နဲ့ ခံစားရမှာဖြစ်ပြီး ကိုယ်ကြိုက်တဲ့ မိန်းကလေးအလန်းတွေကို ရှာဖွေနိုင်ပါတယ်.. တစ်ချို့မိန်းကလေးတွေကိုတော့ Online ကနေ Support ရယူရမှာဖြစ်ပါတယ်...
VirtuaGirl featured the most beautiful girls in the world dancing on computer desktops everywhere. Now, the same desktop application goes high definition! Try the new desktop fun and be amazed. Choose your model and let your desktop go live and alive! ViruaGirl HD is the ultimate desktop application that combines beauty, high definition and stress free. Drive test VirtuaGirlHD and forget about your everyday work worries, just enjoy this application and its suprises.
အဆင်ပြေပါစေ...


Download Links: 26.6 MB

http://www.pyaephyo.com/2013/05/desktop-virtuagirl-hd-11058-free.html

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ကျေက်ဝကျေးရွာအုပ်စု ထန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ် ဦးနေလင်းအောင် ကျောင်းအုပ်ဆရာတစ်ဦး၏ဂုဏ်နှင့် လုံးဝညီညွတ်ခြင်းမရှိပဲ လူမိုက်လူရမ်းကားသဖွယ် ပြုမူလုပ်ဆောင်

Inbox
x

aye aye <ayeaye720@gmail.com>
Apr 29 (3 days ago)

to Irrawaddy, KaungMyat, news, bcc: me
---------- Forwarded message ----------
From: aye aye <ayeaye720@gmail.com>
Date: Mon, 29 Apr 2013 01:34:08 -1200
Subject: ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ကျေက်ဝကျေးရွာအုပ်စု
ထန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ် ဦးနေလင်းအောင်
ကျောင်းအုပ်ဆရာတစ်ဦး၏ဂုဏ်နှင့် လုံးဝညီညွတ်ခြင်းမရှိပဲ
လူမိုက်လူရမ်းကားသဖွယ် ပြုမူလုပ်ဆောင်
To: thithtoolwin9 <thithtoolwin9@gmail.com>

               ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊
ကြို့ပင်ကောက်မြို့နယ်၊ ကျောက်ဝကျေးရွာအုပ်စု၊
ထန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွက် နိုင်ငံတော်မှ
ကျန်းမာဖွံ့ဖြိုးမှုအိမ်သာဆောက်လုပ်ရန်   ငွေကျပ် ၁၀ သိန်းအား
ချပေး၍ မိဘဆရာအသင်းနှင့်ရပ်မိရပ်ဖများမှ လုပ်ငန်းအောင်မြင်ရေးအတွက်
ဝိုင်းဝန်းဆောင်ရွက်ခဲ့ ပါသည်။ ငွေကျပ် ၁၀ သိန်းအား ကျောင်းအုပ်
ဦးနေလင်းအောင်မှ တစ်ဦးတည်းကိုင်တွယ်သုံးစွဲခဲ.ပါသည်။
ထို.ကြောင်.အိမ်သာဆောက်လုပ်ပြီးစီးသည်မှာ (၁) လ
ကျော်ကြာမြင်ခဲ.ပြီဖြစ့်သော်လည်း ကျောင်းအုပ် ဦးနေလင်းအောင် မှ
စာရင်းရှင်းတမ်းဖြင်.ရှင်းလင်းပေးခြင်းမရှိခဲ.ပါ။ထို.ကြောင်.
မိဘဆရာအသင်းနှင်.ရပ်မိရပ်ဖလူကြီးများမှ
တွေ့ဆုံရှင်းလင်းဆောင်ရွက်ရန် (၂၈.၄.၂၀၁၃) နေ့က ချိန်းဆိုသော်လည်း
ဦးနေလင်းအောင် မှ တွေဆုံရှင်းလင်းဆောင်ရွက်ခြင်းမရှိသည့် အပြင်
တိုင်ချင်သည့်နေရာသို့ တိုင်နိုင်ကြောင်းနှင့် မိဘဆရာအသင်းနှင့်
ရပ်မိရပ်ဖများအား မူးယစ်သောက်စားပြီး ညစ်ညမ်းစွာ ဆဲဆိုပြုမူ
လုပ်ဆောင်ခဲ့ပါသည်။ ကျောင်းအုပ်ဆရာတစ်ဦး၏ဂုဏ်နှင့် လုံးဝညီညွတ်ခြင်းမရှိပဲ
လူမိုက်လူရမ်းကားသဖွယ် ပြုမူလုပ်ဆောင်လျှက်ရှိပါသည်။
               မိဘဆရာအသင်းနှင့်ရပ်မိရပ်ဖများမှသိရှိထားသည်မှာ
အိမ်သာဆောက်လုပ်ရန် နိုင်ငံတော်မှ  ချပေးငွေ (၁၀) သိန်း မှာ
ငွေကျပ်တစ်သိန်းကျော်ခန့်
ပိုငွေရှိနေကြောင်း သိရသဖြင့် ပိုငွေများကို ကျောင်း၏အထွေထွေပြုပြင်ရန်အတွက်
တွေဆုံဆွေးနွေးရှင်းလင်းရန် ဆောင်ရွက်ခဲ့ခြင်းအပေါ် ယခုကဲ့သို့
လူမိုက်လူရမ်းကားသဖွယ် ပြုမူကျင့်ကြံမှုအား  သက်ဆိုင်ရာ တာဝန်ရှိသူများမှ
အမြန်ဆုံးသိရှိပြီး စစ်ဆေး
အရေးယူပေးစေလိုပါသည်။
             ယခုနှစ်၏ မူလတန်းအောင်စာရင်းကိုလည်း
တရားဝင်ထုတ်ပြန်ခြင်းမရှိသဖြင့် ကျောင်းသားများ အောင်စာရင်းသိခွင့်မရှိခဲ့ပါ။
ကျောင်းအုပ် ဦးနေလင်းအောင် မှာ ရွာခံကျောင်းအုပ်ဖြစ်သော်လည်း နှစ်စဉ်
ကျောင်းတက်မှန်ကန်ခြင်းမရှိဘဲ မိမိကိုယ်ရေးကိုယ်တာအလုပ်များကိုသာ
အမြဲလုပ်ကိုင်နေပြီး အရက်သေစာသောက်စားမှုဖြင့် အချိန်ဖြန်းနေပါသဖြင့်
ကျောင်းသားများ၏ ပညာရေးအခြေအနေမှာလည်း ကျောင်းသားမိဘများစိုးရိမ်မှု
စိတ်မချမ်းသာမှုများဖြင့်သာ ကြုံတွေ့နေရပါသည်။ ကျောင်းပေါ်မှာပင်
ထိုသူသုံးစွဲထားသော အရက်ပုလင်းခွံတွေရှိရသည့်အခြေအနေဖြစ်ပါသည်။
            သို့ဖြစ်ပါသဖြင့် အထက်ပါ ကြို့ပင်ကောက်မြို့နယ် ကျောက်ဝအုပ်စု
ထန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအုပ် ဦးနေလင်းအောင် ၏
ကျောင်းအုပ်ဆရာတစ်ဦး၏ဂုဏ်သိက္ခာနှင်.မညီဘဲ တာဝန်မဲ.မှု
တာဝန်မကျေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံးသိရှိပြီး
လိုအပ်သလို
ုထိရောက်စွာ အရေးယူပေးနိုင်ရန်  ဤသတင်းဋ္ဌာနမှ  ရင်ဖွင်.တင်ပြလိုက်ရပါသည်။



                             ထန်းကုန်းကျေးရွာနေ ကျောင်းသားမိဘတစ်ဦး

ကိုယ်ကြိုက်တဲ့ သီချင်းတွေ အတွက် ဂီတာကော့ auto ရှာပေးမယ့် software

Automatic Guitar Chord Finder Software, DMM, Digital Music Mentor


ကဲ ဒီတစ်ခါပေးတာကတော့ လန်းတယ်နော် ဂီတာ ကော့တွေကို auto ရှာပေးမယ့်ဆော့ဝဲလ်လေးပါ ကိုယ်က ကိုယ်လိုချင်တဲ့ သီချင်းကို ပြပေးလိုက်ရုံပါပဲ....ကီးတွေပါ တစ်ခါတည်းရှာပေးပါလိမ့်မယ် တီးချင်သလောက်တီး ဂီတ သမားတွေ စလေ့လာနေသူတွေကိုပြောတာပါ.... သီချင်းစာအုပ်ဝယ်ဖို့မလိုတော့ဘူးနော် Full version ပါ........


DMM (Digital Music Mentor) is a software that can find guitar chord in a song (.Mp3, .Wav, .CDA, .Wma, etc.) automatically. To try it, you can click File -> New File, then click Load and select the songs you want on the analysis of the key, and click analyze.

Activation Method:

  • Download and install its software.
  • Finished installing, close the application, do not run first.
  • Right-click the "DMM Sienzo v2.5 by Orthodox.exe" then Run As Administrator.
  • Click On It, wait until the success message.
  • Done.

                                                  DownLoad Herehttp://all-share-team.blogspot.com/2013/05/auto-software.html

ဆက်သွယ်ရေး ကုမ္ပဏီများရဲ့ အတွင်းရေး

မေ ၁ ။

မြန်မာ တယ်လီကွန်း ကဏ္ဍ အတွက် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း (Service Provider)
ရွေးချယ်ရာတွင် အကျိုး စီးပွားဆိုင်ရာ ပတ်သက်မှုများ (Conflict of Interest) ရှိလာခဲ့သည်ဟု ဆိုကာ
အွန်လိုင်း မီဒီယာပေါ်မှာရော သတင်းစာ၊ ဂျာနယ်များ တွင်ပါ ရေးသား ဖော်ပြဝေဖန် နေကြ တာကို တွေ့ရပါတယ်။

ရေးသား ဖော်ပြထား တာတွေက မှားတယ်လို့ မဆိုသာပါဘူး။ သို့သော် သိပ်မပြည်စုံ သလိုပဲ။
ကိုယ်တွယ်ချင်တဲ့ သူကို တွယ်၊ ကိုယ်ချန်ခဲ့ချင်သူကို ချန်ထားခဲ့သလိုပဲ ခံစားရပါတယ်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်နှစ်ခု အတွက် လျှောက်ထားတဲ့ ကုမ္ပဏီများထဲက ပဏာမ ရွေးချယ်ထားတဲ့ ကုမ္ပဏီ ၁၂ခုရှိပါတယ်။ ဧပြီလ ၁၁ ရက်နေ့က ဆက်သွယ်ရေးနှင့်
သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက အောက်ပါအတိုင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

1. Airtel Consortium
2. Axiata Group Berhad
3. Digicel
4. France Telecom-Orange + Marubeni
5. KDDI Corporation + Sumitomo Corporation + Myanmar Information and
Communication
Technology Development Corporation ( MICTDC) + A1 Construction
6. Milicom International Cellular S. A.
7. MTN Consortium ( MTN Dubai + M1 Telecom + Amara Communications )
8. Qatar Telecom (Qtel) Q.S.C (“Ooredoo”)
9. Singapore Telecommunications ( Singtel) + KBZ + Myanmar Telephone
Company Limited ( M
Tel )
10. Tenenor Mobile Communications AS
11. Viettel Group
12. Vodafone + China Mobile

ကုမ္ပဏီ ၁၂ ခုထဲမှာ ပြည်ပကုမ္ပဏီသီးခြား လျှောက်တာက ၇ ခု၊ ပြည်ပကုမ္ပဏီ အချင်းချင်း ပေါင်းတာ ၂ ခု၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများ ပူးပေါင်းထားတာ ၃ ခုရှိပါတယ်။

မြန်မာကုမ္ပဏီများ တရားဝင်ပူးပေါင်းထားတဲ့ အုပ်စုတွေကတော့ KDDI Corporation + Sumitomo Corporation + MICTDC + A1 Construction, MTN+ Amara Construction နဲ့ Singapore Telecommunications ( SingTel) + KBZ + Myanmar Telephone Co. Ltd. ( M Tel ) တို့ ဖြစ်ပါတယ်။

KDDI Corporation + Sumitomo Corporation တို့နှင့် ပူးပေါင်းထားတဲ့ MICTDC ကုမ္ပဏီမှာ
ရွှေသံလွင်၊ KMD နဲ့ ရတနာပုံတယ်လီပို့တို့ ပါဝင်ပါတယ်။ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းထားတဲ့ မြန်မာကုမ္ပဏီများဟာ အစိုးရနဲ့ နီးစပ်ပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းစုံ လုပ်ကိုင်နေသော၊ လုပ်ကိုင်ခဲ့သော စီးပွားရေး လက်ဝါးကြီးအုပ်ကုမ္ပဏီကြီးများပဲ ဖြစ်ပါတယ်။

ရွှေသံလွင်ကုမ္ပဏီ လုပ်ငန်းရှင် ဦးကျော်ဝင်းဆိုလျှင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတတို့ရဲ့ ခရီးစဉ်တွေမှာ
လိုက်ပါခွင့်ရသည်အထိ နီးစပ်သူဖြစ်ပါတယ်။ ဒီလို ခရီးစဉ်များမှာပင် SkyNet ရုပ်သံကို လှုဒါန်းခြင်းဖြင့် ၄င်းရဲ့ ရုပ်သံလိုင်းကို ကြော်ငြာခွင့် ရခဲ့သူ ဖြစ်ပါတယ်။

ထို့အတူ KMD ကုမ္ပဏီဟာ ယခုလက်ရှိ ဆက်သွယ်ရေးနှင့် နည်းပညာအချက်အလက် ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးသောင်းတင် ပိုင်ဆိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

အာဖရိကနိုင်ငံက MTN ကုမ္ပဏီနှင့် ပူးပေါင်းထားတဲ့ Amara Communiction က ယခင် စက်မှု ၁
ဝန်ကြီးဟောင်း ဦးအောင်သောင်းရဲ့ သား ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီ အုပ်စုက
ကုမ္ပဏီခွဲတစ်ခုသာ ဖြစ်ပါတယ်။ ဦးနေအောင်ဆိုလျှင်လည်း အရင်စစ်အစိုးရလက်ထက်ကပင် လုပ်ငန်းပေါင်းစုံ ရယူလုပ်ကိုင်ခဲ့သူ ဖြစ်သလို ယခုအခါမှာလည်း သမ္မတ၊ ဒုသမ္မတခရီးစဉ်များမှာလည်း
ပါဝင်လိုက်ပါလျက်ရှိပါတယ်။

အထက်ပါ မြန်မာ ကုမ္ပဏီများနှင့် ပုဂ္ဂိုလ်ရေး အခြေအနေများကို ဧပြီလ ၂၄ ရက်မှာ ထွက်ရှိတဲ့ No. 28 Vol 8 Weekly Eleven ဂျာနယ်မှာ ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။

သို့သော် နောက်ထပ် ပြည်ပကုမဏီတစ်ခုဖြစ်တဲ့ SingTel နဲ့ ပူးပေါင်းထားတဲ့ မြန်မာကုမ္ပဏီ KBZ နဲ့
Myanmar Telecophone Co. Ltd. ( M Tel ) တို့ရဲ့ အခြေအနေတွေ မပါဝင်တော့ ဖတ်ရတာ ခံတွင်း သိပ်မတွေ့သလို ဖြစ်ရပါတယ်။

အသေးစိပ် အခြေအနေနဲ့ ခရေစေ့တွင်းကျပြောပြလျှင် ပုဂ္ဂိုလ်ရေး သိပ်ဆန်သွားမှာစိုးလို့ အကျယ်ချဲ့ ပြီး မပြောလိုတော့ပါ။ KBZ ကုမ္ပဏီဟာ ဆရာကျောင်းလို့ ခေါ်ကြတဲ့ ဦးအောင်ကိုဝင်း ပိုင်ဆိုင်တဲ့
ကုမ္ပဏီဖြစ်ပါတယ်။ ၄င်းဟာ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇလေကြောင်းလိုင်းများ အပါအဝင် လုပ်ငန်းပေါင်း မြောက်မြားစွာ လုပ်ကိုင်ပါတယ်။ ယခင် စစ်အစိုးရလက်ထက် ဒုတိယဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေးနှင့် ရင်းနှီးသူ ဖြစ်ပါတယ်။ ဦးမောင်အေး ဗိုလ်ချုပ်အဆင့်ဖြင့် စစ်တိုင်းမှုးဘဝနဲ့ တောင်ကြီးမှာ တာဝန်ကျစဉ်က သာမာန်မျှသာဖြစ်တဲ့ ဦးအောင်ကိုဝင်းဟာ န.ဝ.တ လက်ထက်မှာ ရှမ်းပြည်နယ် မိုင်းရှုးကျောက်ကွက်များတွင် ဦးမောင်အေးရဲ့ ပံ့ပိုးစောင်မမှုကနေ ကြွယ်ဝချမ်းသာလာခြင်းဖြစ်ပါတယ်။ ထိုမှတစ်ဆင့် န.ဝ.တ ဒုတိယဥက္ကဌ ရာထူးဖြင့် ဦးမောင်အေး ရင်းနှီးမြုပ်နှံမှု ကော်မရှင်ကို ကိုင်တွယ်လာခဲ့တဲ့အခါမှာ သွင်းကုန်ပါမစ်များ မြောက်မြားစွာ ရရှိခဲ့သလို လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ရာမှ ယခုကဲ့သို့ အရှိန်အဝါကြီးသော ကုမ္ပဏီပေါင်းများစွာကို ပိုင်ဆိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ယခုအချိန်ထိလည်း လက်ရှိအစိုးရနှင့် အဆင်ပြေ ပလဲနံပသင့်သူဖြစ်ပါတယ်။

Myanmar Telephone Co. Ltd. ကတော့ ဦးမိုးကျော်သောင်းနဲ့ သားဖြစ်သူ Jonathan သောင်းတို့
ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဦးမိုးကျော်သောင်းကိုတော့ မြန်မာ့စီးပွားရေး လောကမှာ မသိသူ
မရှိသလောက်ပါဘဲ။ မဆလလက်ထက်မှာကတည်းက အစိုးရရဲ့ ဝယ်ယူရေး လုပ်ငန်းတွေမှာ ပြည်ပကို ချိတ်ဆက်ပြီး ပွဲခယူတဲ့ ပွဲစားအလုပ်ကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ န.ဝ.တ လက်ထက်မှာ
ဈေးကွက်စီးပွားရေးစနစ် မပီပြင်သေးသလို ကျွမ်းကျင်ခြင်းမရှိသေးတဲ့ ဝန်ကြီးဌာနတွေကို လာဘ်ပေးပြီး ပို့ကုန်၊ သွင်းကုန်များကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်ကာလ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည် ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်မှာ ဝန်ကြီးနဲ့ ပလဲနံပသင့် ပူးပေါင်းခဲ့ပြီး ဝန်ကြီးမှာ ပြဿနာတက် အငြိမ်းစားပေးခံခဲ့ရပြီး သူကတော့ တိန်တိန်မြည်
ကျန်နေခဲ့တဲ့သူ ဖြစ်ပါတယ်။ ထိုစဉ်က စီးပွားရေးသမားမျာကို အရေးမယူဘဲ ဝန်ကြီးတွေကိုသာ
အငြိမ်းစားပေးလေ့ရှိပါတယ်။။ ယခုအခါမှာ Jonathan ကတော့ KBZ ကုမ္ပဏီက ပြည်ပနဲ့ ချိတ်ဆက်တဲ့ လုပ်ငန်းတွေမှာ အကူအညီပေး ပွဲခယူနေသူဖြစ်ပါတယ်။ KBZ Air ရဲ့ ပြည်ပမှ ဝယ်သော လေယာဉ်များ အားလုံးကို Jonathan ရဲ့ ချိတ်ဆက်ပေးမှုဖြင့် ဝယ်ယူပေးထားခြင်းဖြစ်ပါတယ်။ Jonathan ပြည်ပမှ ချိတ်ဆက်ရှာဖွေ ပြည်တွင်းမှာ KBZ က ဖြေရှင်းဆိုတဲ့ ပုံစံဖြင့် လုပ်ကိုင်နေခြင်းဖြစ်တယ်။ ယခုအချိန်အထိပင် ဦးမိုးကျော်သောင်းဟာ ဝန်ကြီးဌာနလုပ်ငန်း ပရောဂျက်တွေကို ရရှိလိုသူများထံမှ အခကြေးငွေယူပြီး ချိတ်ဆက်ပေးနေဆဲ ဖြစ်ပါတယ်။

ပြည်ပကုမ္ပဏီများအဖြစ် သီးခြားလျှောက်ထားတဲ့ ကုမ္ပဏီတွေထဲမှာလည်း အစိုးရနဲ့ ရင်းနှီးဝင်ဆန့်တဲ့ ကုမ္ပဏီတွေလည်း ပါဝင်လျက်ရှိပါတယ်။ Digicel ဆိုရင် ပြည်ပကုမ္ပဏီတစ်ခုအဖြစ် တင်ဒါဝင်ပြိုင်ခဲ့ပေမယ့် ၄င်းရဲ့ နောက်မှာ ပူးပေါင်းထားတာကတော့ Quantum Strategic Partners Ltd. နဲ့ Yoma Strategic Holdings အုပ်စုတို့ ပါဝင်ပါတယ်။ Quantum Strategic Partners Ltd. ကတော့ George Soros ရဲ့ ကုမ္ပဏီပါ။ Yoma Strategic Holdings ကတော့ Serge Pun ခေါ် ဦးသိမ်းဝေပိုင်ဆိုင်တဲ့ ကုမဏီပါ။ Serge Pun ဟာ အရင်စစ်အစိုးးရ လက်ထက်မှာ စီးပွားရေး လုပ်ငန်းရှင်များ၊
စီးပွားရေး ပညာရှင်များ၊ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့၊ စစ်ထောက်လှမ်းရေးမှ ပုဂ္ဂိုလ်အချို့တို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ Tuesday Club မှာ ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ပန်းလှိုင်အိမ်ယာနဲ့ ပန်လှိုင်ဂေါက်ကွင်း တည်ဆောက်ခဲ့တဲ့ သူဖြစ်ပြီး ပြည်တွင်းမှာ စီးပွားရေး အရှုပ်အရှင်း များစွာရှိတဲ့သူပါ။

Telenor Mobile Communications AS ကုမ္ပဏီဟာ နော်ဝေ ကုမ္ပဏီဖြစ်ပါတယ်။ နော်ဝေအစိုးရက
တဆင့် လက်ရှိ အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ပုဂ္ဂိုလ်များနှင့် များစွာ
ရင်းနှီးမှုရှိပါတယ်။ ပုဂ္ဂိုလ်ရေး ရေးသား ဖော်ပြတဲ့သဘော ဆန်ကောင်းဆန်သွားမှာဖြစ်သော်လည်း အဓိကမှာ ယခု ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွင် ပမာဏရွေးချယ်ထားတဲ့ ကုမ္ပဏီများဟာ ပိန်မသာ လိန်မသာ အတူတူနဲ့ အနူနူချည်းများသာဖြစ်တယ် ဆိုတဲ့အကြောင်း စီးပွားရေး လုပ်ငန်းရှင်များ အသိုင်းအဝိုင်းတွင် ဝေဖန်လျက်ရှိပါတယ်။

ပြည်ပကုမ္ပဏီချည်း သက်သက်တွေကိုသာ တင်ဒါပေးလိုက်မယ်ဆိုရင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ပြည်ပက လက်ဝါးကြီး အုပ်သွားမှာ ဖြစ်သလို နည်းပညာနဲ့ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ များများစားစား ရနိုင်မှာမဟုတ်တဲ့အတွက် မြန်မာနဲ့ ဖက်စပ်ကုမ္ပဏီများ ထဲကသာ ရွေးချယ်သင့်တယ်လို့လည်း အသံများ ထွက်ပေါ်နေပါတယ်။

သို့အတွက် အဓိက အရေးကြီးသည်မှာ တင်ဒါစနစ်ကို မှန်မှန်ကန်ကန်နဲ့ ပွင့်လင်းမြင်သာမှုရှိစွာ
ဆုံးဖြတ်သွားဖို့ လိုပါတယ်။ ယခုအထိ ကြားသိရတာ ဝန်ကြီးဌာနဟာ တင်ဒါကော်မတီကို သေချာစွာ
ဖွဲ့စည်းထားပြီး နည်းပညာအားသာမှု၊ ငွေကြေး တောင့်တင်းမှု၊ မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီမှုများနဲ့ တိုင်းတာပြီး ရွေးချယ်သွားမည်လို့ သိရလို့ အဲဒီအတိုင်းပဲ တိတိကျကျနဲ့ တိုင်းပြည်အကျိုး တစ်ခုတည်းကိုသာ စဉ်းစားပြီး အမှန်တကယ် နိုင်ငံမှ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း
ဥပဒေများကို လိုက်နာမယ့် ကုမ္ပဏီများကိုသာ ရွေးချယ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

Myanmar News Now




သံလွင်အရှေ့ခြမ်းသို့ တိုက်ပွဲပျံ့လာမည်ကို UWSA မလိုလား - စစ်ရေးအသင့်ပြင်နေ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်နှင့်မြန်မာအစိုးရစစ်တပ်တို့အင်အားအပြိုင်တိုးချမှုကြောင့် တိုက်ပွဲများ သံလွင်အရှေ့ခြမ်းသို့ပျံ့နှံ့ လာမည့်အရေး ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ စိုးရိမ်သဖြင့် ၎င်းတို့ဘက်မှလည်း အင်အားဖြည့်တင်း အသင့်ပြင် ဆင်ထားကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

“အစိုးရက ပစ်မှတ်ထားတဲ့ သျှမ်းပြည်တပ်မတော်ရဲ့ လွယ်ခေါက်၊ လွယ်စေး၊ လွယ်ချို၊ လွယ်လန်းဘက်ကို အင်အားတွေ တိုး ချလာတယ်။ သျှမ်းပြည်တပ်မတော်ဘက်ကလဲ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အင်အားတွေတိုးဖြည့်ထားတယ်။ နှစ်ဘက်တင်း မာနေတဲ့အခြေအနေမှာ UWSA ဘက်ကလဲ သူတို့ဘက်ကို တိုက်ပွဲပျံ့သွားမှာစိုးလို့ထင်တယ်။ အသင့်ပြင်နေတယ် ” ဟု သျှမ်းပြည်တပ်မတော် အရာရှိတဦးကပြောသည်။

ဗိုလ်ချုပ်ပန်ဖှဦးဆောင်သော SSPP/SSA က အဆိုပါတောင်ကုန်းများအားလက်လွတ်ရပါက ဝ တပ်ဖွဲ့ အနေဖြင့်လည်း လွယ်စေးတောင်အား မြန်မာ့တပ်မတော်လက်ထဲသို့မကျရောက်စေလိုခြင်းဖြစ်ကြောင်း၊ မြောက်ပိုင်း၌ တပ်အင်အား အသင့်ချထားသကဲ့သို့ တောင်ပိုင်း၌လည်း အားမလျော့စေဘဲ စစ်အင်အားအသင့်ပြင်ထားကြောင်း နီးစပ်သည့် သျှမ်းပြည်တပ်မတော် အရာရှိကဆက်လက် ပြောပြသည်။

“လွယ်စေးတောင်ကနေကြည့်ရင် ပန်ဆန်းမြို့ထဲကိုကောင်းကောင်းတွေ့ရတယ်လေ။ ဒီတောင်ဟာ ပန်ဆန်းမြို့ကိုဝင်ဖို့ အဓိက တံခါးတချပ်လို့တောင်ပြောလို့ရတယ်။ ဒါကြောင့်ဒီတောင်ကို မြန်မာစစ်တပ်က အခြေကုပ်ရယူနိုင်ရင် ဝ တပ်ဖွဲ့ အတွက် အခွင့်မသာတော့ဘူးလေ။ အရင်အပတ်ကလဲ မြန်မာစစ်တပ်ဘက်က တင့်ကားတွေ၊ သံချပ်ကာကားတွေ၊ လက်နက်ကြီးတွေ ပို့ဆောင်ထားလို့ ၀ အနေနဲ့လဲ စိတ်မချနိုင်တော့ဘူးလေ” ဟု ဆိုပါသည်။

“သင်္ကြန်တုန်းကလဲ ဘယ်တပ်ဖွဲ့ ထောင်ထားတဲ့ မိုင်းလဲ မသိဘူး၊ ကျမတို့ မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲက ဝ တပ် ဘက်အသွားလမ်းမှာဘဲ။ လားဟူအမျိုးသား နှစ်ဦးစီးလာတဲ့ဆိုင်က တက်နင်းမိလို့ ပေါက်ကွဲတာ။ နှစ်ယောက်စလုံးပွဲ ချင်းပြီးဘဲ။ ကိုယ်ခန္ဓာတွေ အပိုင်းပိုင်းဖြစ်သွားတယ်။ ဆိုင်ကယ်လဲ မီးလောင်လွှင့်စင်သွားတယ်” - ဟု ပုံပါကျင် ဒေသခံ ဝန်ထမ်း တဦးက ပြောသည်။

သျှမ်းပြည်နယ် သံလွင်အရှေ့ခြမ်း ထိုင်းနယ်စပ်အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့လည်း မြောက်ပိုင်းစစ်ရေးတင်းမာမှု ကြောင့် ၎င်းတို့တပ်ဖွဲ့အား မြန်မာစစ်တပ်မှ အကြပ်ကိုင်ဖိအားပေးမှုမပြုလုပ်နိုင်ရန် စစ်ရေးအပြင် လုံခြုံရေးပါတိုးမြှင့် ထားကြောင်း၊ ယခင်လူထုဖြတ်သန်းသွားလာသည့် ဝ တပ်ဖွဲ့ ထိန်းချုပ်(ဒေသခံများအားသွားလာခွင့်ပြုထားသည့် တရားမဝင်နယ်ခြားဂိတ်) နယ်ခြားဂိတ်တွင်လည်း ပိတ်ပင်ထားကြောင်း၊ ထိုင်းဘက်ခြမ်းစားသုံးကုန်အားကိုးနေရသည့် မိုင်းတုံမြို့နယ် ဒေသခံများအတွက် အခက်အခဲဖြစ်နေကြောင်း- ပုံပါကျင် ဒေသခံ အိုက်ဆွယ့်က ပြောပါသည်။

လက်ရှိတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ်ကြားဒေသအတွင်း အစိုးရ တပ်နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA တို့ အင်အား ၅၀၀၀ ထပ်မနည်း အပြိုင်တိုးချကာ စစ်ရေးတင်းမာနေသဖြင့် ဝပြည်သွေး စည်းညီညွတ်ရေးတပ်မတော်က ထိုသို့စိုးရိမ်နေ ခြင်းဖြစ်ပါသည်။

Phone ထဲမှာ Call List နဲ့ SMS တွေကို ကိုယ်ကလွဲပြီး သူများတွေ မမြင်နိုင် အောင်လုပ်ထားကြမယ် ( SPC for Android ) ...





 

ကျွန်တော်တို့တွေ Android ဖုန်းအသုံးများကြပါတယ်။ ဖုန်းသုံးတော့လည်း တချို့ Call List တွေ၊ SMS တွေကို ကိုယ်ကိုတိုင်ကလွဲပြီး တခြားသူတွေကို မသိစေချင်ကြပါဘူး။                              
 ဖုန်းကိုလဲ လွတ်လွတ်လပ်လပ် ဟိုနားဒီနားချထားမိတတ်ပါတယ်။ ဒီမှာ SMS ၀င်လာ၊ Call ၀င်လာတာတွေကို မသိလိုက်တာရှိဘူးမှာပါ။




ဖုန်းကိုရေချိုးခန်း/အိမ်သာ အမြဲယူသွားလို့လည်း မဖြစ်ဖူးမဟုတ်လား။ ဒီမှာ သူငယ်ချင်းတွေ/ မိသားစုဝင်တွေက ယူကိုင်၊ ဟိုဖွင့်ဒီဖွင့်လုပ်၊ မသိစေချင်တာလေးတွေမြင်/တွေ့။ Privacy ကျတာပေါ့ဗျာ။ ယူကိုင်တာလေးကို အပြစ်ပြောရမှာလည်းခက်။ ဒီတော့ ကိုယ်မသိစေချင်တဲ့ ဖုန်းနံပတ်ရဲ့ Call List, SMS တွေကို Password နဲ့သီးခြားသိမ်းထားပေးမဲ့၊ မလာစေချင်တဲ့ Call, SMS တွေကိုတားထားပေးမဲ့ Software လေးတော့လိုတာပေါ့။
    
         အခုတင်ပေးတဲ့ SPC (Super Private Conversation) လေးကို သုံးကြည့်ပါ။ 2.5 MB လောက်ရှိပါတယ်။ Apk ကိုဖုန်းမှာသွင်း၊ သူ့ကိုဖွင့် Setting ၀င်၊ Password ပေး၊ Private Conversation မှာ ကိုယ်ကိုတိုင်ပဲသိစေချင်တဲ့ ဖုန်းနံပါတ်ကိုထည့်၊ မလာစေချင်တဲ့ ဖုန်းကိုတော့ Blacklist မှာထည့်၊ ဒါဆိုရပါပြီ။ မလာစေချင်တဲ့ ဖုန်းဝင်လာရင်၊ စာပို့ရင် သူကတားထားမယ်၊ ကိုယ်ကိုတိုင်ပဲ သိချင်တဲ့ဖုန်းက၀င်လာရင်၊ စာပို့ရင်သူထဲ့မှာပဲဝင်နေမယ်။ ပုံမှန် Call List, SMS မှာမရှိတော့ဘူး။ ကြည့်ချင်ရင် Password နဲ့ဖွင့်ပြီးဝင်မှရမယ်။ ဒါဆိုအဆင်ပြေမယ်ထင်ပါတယ်။ သုံးကြည့်ပါ။

DOWNLOAD>>>>>http://www.mediafire.com/?hjdpjd5n72m3xd7 

 
   ဆော့ဝဲလ်မြို့တော်မှ မျှဝေပါသည်....