Thursday, May 2, 2013

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ကျေက်ဝကျေးရွာအုပ်စု ထန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ် ဦးနေလင်းအောင် ကျောင်းအုပ်ဆရာတစ်ဦး၏ဂုဏ်နှင့် လုံးဝညီညွတ်ခြင်းမရှိပဲ လူမိုက်လူရမ်းကားသဖွယ် ပြုမူလုပ်ဆောင်

Inbox
x

aye aye <ayeaye720@gmail.com>
Apr 29 (3 days ago)

to Irrawaddy, KaungMyat, news, bcc: me
---------- Forwarded message ----------
From: aye aye <ayeaye720@gmail.com>
Date: Mon, 29 Apr 2013 01:34:08 -1200
Subject: ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ကျေက်ဝကျေးရွာအုပ်စု
ထန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ် ဦးနေလင်းအောင်
ကျောင်းအုပ်ဆရာတစ်ဦး၏ဂုဏ်နှင့် လုံးဝညီညွတ်ခြင်းမရှိပဲ
လူမိုက်လူရမ်းကားသဖွယ် ပြုမူလုပ်ဆောင်
To: thithtoolwin9 <thithtoolwin9@gmail.com>

               ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊
ကြို့ပင်ကောက်မြို့နယ်၊ ကျောက်ဝကျေးရွာအုပ်စု၊
ထန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွက် နိုင်ငံတော်မှ
ကျန်းမာဖွံ့ဖြိုးမှုအိမ်သာဆောက်လုပ်ရန်   ငွေကျပ် ၁၀ သိန်းအား
ချပေး၍ မိဘဆရာအသင်းနှင့်ရပ်မိရပ်ဖများမှ လုပ်ငန်းအောင်မြင်ရေးအတွက်
ဝိုင်းဝန်းဆောင်ရွက်ခဲ့ ပါသည်။ ငွေကျပ် ၁၀ သိန်းအား ကျောင်းအုပ်
ဦးနေလင်းအောင်မှ တစ်ဦးတည်းကိုင်တွယ်သုံးစွဲခဲ.ပါသည်။
ထို.ကြောင်.အိမ်သာဆောက်လုပ်ပြီးစီးသည်မှာ (၁) လ
ကျော်ကြာမြင်ခဲ.ပြီဖြစ့်သော်လည်း ကျောင်းအုပ် ဦးနေလင်းအောင် မှ
စာရင်းရှင်းတမ်းဖြင်.ရှင်းလင်းပေးခြင်းမရှိခဲ.ပါ။ထို.ကြောင်.
မိဘဆရာအသင်းနှင်.ရပ်မိရပ်ဖလူကြီးများမှ
တွေ့ဆုံရှင်းလင်းဆောင်ရွက်ရန် (၂၈.၄.၂၀၁၃) နေ့က ချိန်းဆိုသော်လည်း
ဦးနေလင်းအောင် မှ တွေဆုံရှင်းလင်းဆောင်ရွက်ခြင်းမရှိသည့် အပြင်
တိုင်ချင်သည့်နေရာသို့ တိုင်နိုင်ကြောင်းနှင့် မိဘဆရာအသင်းနှင့်
ရပ်မိရပ်ဖများအား မူးယစ်သောက်စားပြီး ညစ်ညမ်းစွာ ဆဲဆိုပြုမူ
လုပ်ဆောင်ခဲ့ပါသည်။ ကျောင်းအုပ်ဆရာတစ်ဦး၏ဂုဏ်နှင့် လုံးဝညီညွတ်ခြင်းမရှိပဲ
လူမိုက်လူရမ်းကားသဖွယ် ပြုမူလုပ်ဆောင်လျှက်ရှိပါသည်။
               မိဘဆရာအသင်းနှင့်ရပ်မိရပ်ဖများမှသိရှိထားသည်မှာ
အိမ်သာဆောက်လုပ်ရန် နိုင်ငံတော်မှ  ချပေးငွေ (၁၀) သိန်း မှာ
ငွေကျပ်တစ်သိန်းကျော်ခန့်
ပိုငွေရှိနေကြောင်း သိရသဖြင့် ပိုငွေများကို ကျောင်း၏အထွေထွေပြုပြင်ရန်အတွက်
တွေဆုံဆွေးနွေးရှင်းလင်းရန် ဆောင်ရွက်ခဲ့ခြင်းအပေါ် ယခုကဲ့သို့
လူမိုက်လူရမ်းကားသဖွယ် ပြုမူကျင့်ကြံမှုအား  သက်ဆိုင်ရာ တာဝန်ရှိသူများမှ
အမြန်ဆုံးသိရှိပြီး စစ်ဆေး
အရေးယူပေးစေလိုပါသည်။
             ယခုနှစ်၏ မူလတန်းအောင်စာရင်းကိုလည်း
တရားဝင်ထုတ်ပြန်ခြင်းမရှိသဖြင့် ကျောင်းသားများ အောင်စာရင်းသိခွင့်မရှိခဲ့ပါ။
ကျောင်းအုပ် ဦးနေလင်းအောင် မှာ ရွာခံကျောင်းအုပ်ဖြစ်သော်လည်း နှစ်စဉ်
ကျောင်းတက်မှန်ကန်ခြင်းမရှိဘဲ မိမိကိုယ်ရေးကိုယ်တာအလုပ်များကိုသာ
အမြဲလုပ်ကိုင်နေပြီး အရက်သေစာသောက်စားမှုဖြင့် အချိန်ဖြန်းနေပါသဖြင့်
ကျောင်းသားများ၏ ပညာရေးအခြေအနေမှာလည်း ကျောင်းသားမိဘများစိုးရိမ်မှု
စိတ်မချမ်းသာမှုများဖြင့်သာ ကြုံတွေ့နေရပါသည်။ ကျောင်းပေါ်မှာပင်
ထိုသူသုံးစွဲထားသော အရက်ပုလင်းခွံတွေရှိရသည့်အခြေအနေဖြစ်ပါသည်။
            သို့ဖြစ်ပါသဖြင့် အထက်ပါ ကြို့ပင်ကောက်မြို့နယ် ကျောက်ဝအုပ်စု
ထန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအုပ် ဦးနေလင်းအောင် ၏
ကျောင်းအုပ်ဆရာတစ်ဦး၏ဂုဏ်သိက္ခာနှင်.မညီဘဲ တာဝန်မဲ.မှု
တာဝန်မကျေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံးသိရှိပြီး
လိုအပ်သလို
ုထိရောက်စွာ အရေးယူပေးနိုင်ရန်  ဤသတင်းဋ္ဌာနမှ  ရင်ဖွင်.တင်ပြလိုက်ရပါသည်။



                             ထန်းကုန်းကျေးရွာနေ ကျောင်းသားမိဘတစ်ဦး

0 ကွန်မန့်ရေးရန်:

Post a Comment