This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, August 26, 2012

အိုင်တီသမားဖြစ်ချင်ရင် ဒါတွေ ခံနိုင်ရည် ရှိပြီလား




Knowledge ခေတ်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တိုင်းမှာ စိမ်ခေါ်မှုတွေ များပြားလာတာ ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပါတယ်။ အထူးသဖြင့် IT နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်သူတိုင်း ပိုသတိထားမှာပါ။ ဘယ်သူဖြစ်ဖြစ် ပညာအလုပ်ရဲ့စိန်ခေါ်မှုတွေကို မခံနိုင်ဘူးဆိုရင် အဲဒီစိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိမယ် နောက်လူတစ်ယောက်အမြဲတမ်းရှိနေမှာပါ။ အဲဒီတော့ ကိုယ်မလုပ်နိုင်ဘူးလား .. ဒါဆို နောက်လုပ်နိုင်မယ့်သူ ကို ခိုင်းမယ်ဆိုမျိုးတွေကြည့်ပါပဲ။

အိုကေ .. ဒါဆို IT မှာ အလုပ်လုပ်မယ့်သူ ဘာတွေပဲ လာလာလုပ်နိုင်ပါတယ်လို့ အာမခံနိုင်အောင် သတိထားရမယ့် အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်တော့ IT နဲ့ အသက်မွေးမှုကို စွန့်လွှတ်လိုက်တာလိုက်တာ ပိုသင့်တော်ပါလိမ့်မယ်။ မစွန့်လွှတ်ချင်ဘူးဆိုရင်တော့ အနည်းဆုံး အချက်ဆယ်ချက်လောက်တော့ ခံနိုင်ရည်ရှိအောင် လုပ်ရပါ့မယ်။ အဲဒါတွေကတော့ 

၁၊ စိတ်ရှည်ရမယ်။စိတ်တည်ငြိမ်ရမယ်
ပြဿနာတစ်ခုကို စိတ်တည်တည်ငြိမ်ငြိမ်ထားပီး စိတ်ရှည်လက်ရှည် ဖြေရှင်းတတ်မှုကတော့ IT မှာ အရေးအကြီးဆုံးတစ်ခုပါပဲ။ တစ်ချို့ IT ပြဿနာတွေမှာ အချိန်မှီ မြန်မြန်ဆန်ဆန် ပြန်လည်ဖြေရှင်းပေးရမယ် ကိစ္စတွေရှိပါတယ်။ အဲဒီလိုအချိန်မှာ စိတ်တည်ငြိမ်မှု မရှိဘူးဆိုရင်တော့ ဟိုတွေးဒီတွေးနဲ့ အဲဒီ ပြဿနာကို အချိန်မှီ ဖြေရှင်းနိုင်မှာ မဟုတ်တော့ပါဘူး။ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘူးဆိုရင်တော့ IT အလုပ်ဆက်မလုပ်တာ ကောင်း

စီမံခန့်ခွဲသူတို့ သိရှိထားသင့်သည်များ အပိုင်း(၅)


(81)   အဆင့်မြင့်ဝန်ထမ်း ( မန်နေဂျာကြီး ) တွေကို လစာတိုးဖို့ ရပိုင်ခွင့်တွေကို ပေးဖို့ စဉ်းစားတဲ့အခါမှာ Customer Satisfaction လို့ခေါ်တဲ့ ဖောက်သည်ရဲ့ကျေနပ်မှု ( လုပ်ငန်းအောင်မြင်မှု ) နဲ့ချိန်ထိုးတွက်ချက်ပါ ။
(82)   အကြံပေးစာထည့်နိုင်ကြဖို့ပုံးတစ်ပုံးထောင်ပေးထားပါ။ စာတွေကိုပုံမှန်သိမ်းပြီး ဖတ်ရှုပါ ။
(83)  တစ်ခုခုအတွက် တစ်ယောက်ယောက်ကို ချီးကျူးတော့မယ်ဆိုရင် သူ့ရဲ့ဘာလုပ်ရပ်ကို သဘောကျလို့ ချီးကျူးတယ်ဆိုတာကို ပြောပြပါ။ ဒါမှတခြားဝန်ထမ်းတွေကလည်း သန်ရာသန်ရာ ကြိုးစားလာကြမယ် ။
(84)  စက်ရုံကြီးတွေ လုပ်ငန်းကြီးတွေမှာ အပန်းဖြေရိပ်သာလုပ်ပေးပါ။ ဝန်ထမ်းတွေ အားကစားတို့ လေ့ကျင့်ခန်းတို့ လုပ်နိုင်ဖို့ဖြစ်ပါတယ်။ အပန်းဖြေခြင်း၊ ကာယလေ့ကျင့်ခန်းလုပ်ခြင်းတွေဟာ လုပ်အားကိုတက်စေပါတယ် ။
(85)  ခဏလာလုပ်တဲ့ယာယီအလုပ်အမားတွေကိုလည်း ဝန်ထမ်းလိုပဲသဘောထားပါ။ သီးသန့်မဆက်ဆံပါနဲ့။ သူတို့ဟာဒီလုပ်ငန်းခွင်ရဲ့သဘောကို ဘာမှသိထားကြတာမဟုတ်ပါ။ အဲဒီလူတွေထဲမှာ အမြဲတမ်းဝန်ထမ်း ဖြစ်လာနိုင်လောက်တဲ့အရည်အချင်းမျိုးရှိသူတွေ ပါလာနိုင်တယ်။
(86)  ကိုယ့်လက်ထောက်တွေ ဝန်ထမ်းတွေကို ပြင်ပဖောက်သည်(External Customer) တွေကို ဆက်ဆံတဲ့အတိုင်း ဆက်ဆံပါ။ တကယ်တော့ သူတို့ဟာ အတွင်းစည်းဝိုင်းက ဖောက်သည်(Internal Customer) တွေပဲမဟုတ်ပါလား။ သူတို့မှာလည်း ဆန္ဒတွေ မျှော်မှန်းချက်တွေ ဖြည့်ဆည်း ပေးစေ ချင်တာမျိုးရှိမှာပဲ ။
(87)  တခြားလူတွေရဲ့လုပ်ရပ်တွေမှာ အပြစ်ပဲလိုက်ရှာနေတာ မတရားပါဘူး။ ကောင်းတာတွေ တွေ့ရင် ကောင်းကြောင်းပြောပြလိုပ်ပါ ။
(88)  အထက်လူကြီးလည်းပဲ ချီးကျူးခံချင်တာပဲဆိုတာမမေ့ပါနဲ့။ သူ့အကူအညီကြောင့် ကိုယ့်အလုပ်မှာ ဘယ်လောက်အဆင်ပြေသွားရတယ်ဆိုတာ ပြောပြပါ။ ဘယ်နေရာမှာ အဲဒီလိုအကူအညီမျိုး လိုလာနိုင်သေးတယ်ဆိုတာလည်း ပြောပြပါ ။
(89)  ဝန်ထမ်းတွေရဲ့ကျန်းမာရေးကိစ္စတွေအတွက် အကူအညီရေ

မိန်းကလေးများအတွက် ဘ၀ ဒဿန


(၁) သင့်မှာ အဝတ်အစားတွေ အများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့ ဇာပန်းထည်တွေကို ခေါက်သိမ်းလိုက်ပါ။
သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ်နေပါစေ။

(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေဖြစ်တယ်။
(၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူမဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။
(၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု..... ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။
(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကေ

ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသောမေးခွန်းများကို တိကျသောဖြေရှင်းချက်များ



by Nay La Young 

ဗုဒ္ဓဘာသာကိုအဖျက်သဘောနဲ့ မေးခွန်းတွေမေးလာခဲ့ရင် ပြန်လည်ဖြေကြားနိုင်ရန်အတွက် ဒီပိုစ့်ကို ထပ်ဆင့်မျှဝေ ပေးလိုက်သည်..။။
(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။

(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက်
        တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။    
        ဟုတ်ပါသလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား 
          ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
(၁၀) - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ 
          ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရ

၁၇ရာစု အတွင်းက တည်ဆောက်ထားသည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း (Church) တကျောင်း




သန်လျင်မြို့တွင်တွေ့ရသော ၁၇ရာစု အတွင်းက တည်ဆောက်ထားသည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း (Church)တကျောင်း။ သန်လျင်မြို့သည် မြန်မာနိုင်ငံ၌ ခရစ်ယာန် သာသနာ ကို ပေါ်တူဂီများနှင့်အတူ အစောဆုံးရောက်ရှိသော ဒေသဖြစ်သည်။ မြန်မာ့သမိုင်းတွင် ကျော်ကြားသော စာဆိုစစ်ဘုရင် နတ်သျှင်နောင် သည် မြန်မာနိုင်ငံသားများထဲတွင်ခရစ်ယာန် ဘာသာကို အစောဆုံး သက်ဝင်ယုံကြည်သူ တဦးဖြစ်သည်။(ကရင် အမျိုးသား ဦးနော သည် အင်္ဂလိပ်တို့ အောက်မြန်မာနို
င်ငံကို သိမ်းပိုက်ပြီးနောက်ပိုင်းမှဖြစ်သည်။ ဤနေရာတွင် ဆက်စပ်၍ နတ်သျှင်နောင် ၏ အတ္ထုပ္ပတ္တိ ကိုတင်ပြပေးပါ့မည်။
ရတုကဗျာဖွဲ့ဆိုမှုတွင် တံခွန်စိုက်ဖြစ်သော တောင်ငူဘုရင် နတ်သျှင်နောင် မင်းသားသည် ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရားကြီး၏ မြေးတော်ဖြစ်၍ သက္ကရာဇ် ၉၄၆-ခုနှစ်တွင် တောင်ငူနန်းကို စိုးစံတော်မူသော ရွှေနန်းတည်မင်း ခေါ် မင်းရဲ သီဟသူ၏ သားတော်ကြီး ဖြစ်လေသည်။တ်သျှင်နောင်သည် မင်းသားငယ်ဘဝကပင် ဆင်စီး၊ မြင်းစီး၊ ထားခုတ်၊ လှံထိုး အမျိုးမျိုး တတ်မြောက်တော်မူသဖြင့် လက်ရုံးရည်ဖြင့် အမှုတော်ထမ်းရာတွင် များစွာထင်ရှားကျော်စောလှသော မင်းသားဖြစ်သည်
နတ်သျှင်နောင်သည် မင်းသားငယ်ဘဝကပင် ဆင်စီး၊ မြင်းစီး၊ ထားခုတ်၊ လှံထိုး အမျိုးမျိုး တတ်မြောက်တော်မူသဖြင့် လက်ရုံးရည်ဖြင့် အမှုတော်ထမ်းရာတွင် များစွာထင်ရှားကျော်စောလှသော မင်းသားဖြစ်သည်သာမက ခမည်းတော် ရွှေနန်း တည်မင်း အားကိုးအားထားရာ ညာလက်ရုံးတဖက်လည်း ဖြစ်လေသည်။ ထိုမင်းသား၏ လက်ရုံးရည်ကို ယုံကြည်ကိုးစား တော်မူသဖြင့် ဟံသာဝတီဘုရင် ငါးဆူဒါယကာမင်းသည် နတ်သျှင်နောင်အား များစွာ မြှောက်စားတော်မူပြီးလျှင် သက္ကရာဇ် ၉၄၉-ခုနှစ်အတွင်း ကိုယ်တော်တိုင် ယိုးဒယားသို့ ချီတက်တိုက်ခိုက်တော်မူရာ၌လည်း နတ်သျှင်နောင်အား တောင်ငူတပ် တွင် တပ်မှူးခန့်၍ ထည့်တော်မူသည်။ နတ်သျှင်နောင် ကြီးမှူးသော တောင်ငူတပ်သည် ယိုးဒယားမင်း ဗြဲနရာဇ်၏ တပ်မတော်နှင့် တရောမိုင်းတက် အင်းတော်အရပ်တွင် တွေ့ကြ၍ နတ်သျှင်နောင်တို့က အရေးသာကြကြောင်း ငါးဆူ ဒါယကာမင်း ကြားသိရလျှင် များစွာအားရတော်မူ၍ ဆုလာဘ်များစွာ ပေးသနားတော်မူသည်။
နတ်သျှင်နောင် မင်းသား၏ ခမည်းတော် မင်းရဲသီဟသူသည် သက္ကရာဇ် ၉၆၄-ခုနှစ် နတ်တော်လတွင် တောင်ငူရွှေနန်းကို အသစ်ထပ်မံ ဘန်ဆင်းတော်မူ၍ တောင်ငူဘုရင်ဟူသောအမည်ဖြင့် စိုးစံတော်မူသည်။ ရွှေနန်းတည်သည်ကို အစွဲပြု၍ လည်း ရွှေနန်းတည်မင်းဟု ခေါ်သည်။ အထွတ်အမြတ်သို့ရောက်သည့်အခါတွင် သားတော်ကြီး နတ်သျှင်နောင်မင်းသားကို မဟာဥပရာဇာ ဟူသော အမည်ဖြင့် အိမ်ရှေ့နှင်းတော်မူ၍ ဇင်းမယ်ဘုရင်နှမတော် ရာဇဓာတုကလျာနှင့်လည်း စုံဘက် တော်မူသည်။
နတ်သျှင်နောင်သည်စောင်းညှင်း တီးမှုတ်မှု၌ လိမ္မာလှသည့်ပြင် ကဗျာဖွဲ့ဆိုသီကုံးမှု၌လည်း ဝါသနာထုံသည်။
မြန်မာပြည်၌ အထွတ်အမြတ်သို့ရောက်တော်မူကြသော မင်းအပေါင်းတို့အနက် နတ်သျှင်နောင်သည် ကဗျာလင်္ကာဖွဲ့ဆိုမှု၌ ကျွမ်းကျင်လိမ္မာသော ဘုရင်စာဆိုတဦးဖြစ်သ

၂၀၇၀ အမျိုးသမီးများသို့ :)

ရတနာသုံးပါးအလေးမထား ပေါ့ပျက်ပျက်နေတက်သောမိန်းမ....

အင်္ကျီလယ်ဟိုက်sexyကြိုက် ယောက်ျားများရှေ့ ကုန်းကုန်းကွကွလုပ်တက်သောမိန်းမ....

ဘောင်းဘီချက်ပျုတ်စတိုင်ထုတ် ဖင်မှီးကုတ်ရိုးပေါ်အောင်ဝတ်ထားသောမိန်းမ.....

အင်္ကျီပါးပါး တမင်ဝတ်ထား အတွင်းသားတွေကိုပြချင်သောမိန်းမ....

စကတ်တိုလက်တအုပ် အရှက်ထုတ်ကို မလုံ့ တလုံပေါ်အောင်ဝတ်တက်သောမိန်းမ....
ခေတ်ကိုတင်စား ရင်သားနဲ့ တင်ပါးမှာတက်တူးထိုးထားသောမိန်းမ....

နောက်ကြောပြောင်ချော အမှောင်တောမှာ ကချင်လှုပ်ချင်တဲ့မိန်းမ....

ဘောင်းဘီအသားကတ် အနေမတက် ခြေထောက်ကိုကားထိုင်သောမိန်းမ....

ယောက်ျားတွေမြင် အကွက်ဆင် ချွဲပျစ်ပျစ်ပြောတက်သောမိန်းမ....

မျက်နှာတစ်ပြင်လုံးရှဲဒိုးသုံး မြင်မကောင်းအောင် မျက်တောင်တုတွေတက်ထားသောမိန်းမ....

သွားမှာစိန်မြှုတ် ရယ်စရာမဟုတ် ရယ်စရာလုပ်ဤ တဖြဲဖြဲရယ်ပြနေသောမိန်းမ....

လူစုံလျင်ဂျင်းသုပ် သုပ် အတင်း တလှုပ်လှုပ်ပြောတက်သောမိန်းမ....

အလုပ်နားရက်ထမင်းမချက် အပျင်းထူပြီး တစ်နေကုန်အိပ်သောမိန်းမ....

ဝင်ငွေရရေးလက်မနှေး ဦးနှောက်မရှိတိုင်း ဗေဒင်မေး ချဲထိုးသောမိန်းမ....

လမ်းသွားလျင်မျက်စိရွှင် စမတ်ကျသောယောက်ျားတိုင်းကို ပြုံး

သင့်ရဲ့မျက်နှာပေါ်မှ မှဲ့တွေကပြောပြမဲ့ တခုခြင်းစီရဲ့အကြောင်းအရာများ



သင့်ရဲ့မျက်နှာပေါ်မှ မှဲ့တွေကပြောပြမဲ့ တခုခြင်းစီရဲ့အကြောင်းအရာများ
ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင် ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေရာကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။ ထင်ရှားပြတ်သားပြီး တခုတည်းရှိသောမှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက်အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေးကလေးများကို ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်


ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။

နံပါတ် ၁မှ၃
ကလေးတယောက်လိုပဲ သင့်ရဲ့စိတ်ဟာ တခါတရံမထိန်းချုပ်နိုင်ပဲ ပေါက်ကွဲလွယ်တယ်။ မွေးရာပါ တီထွင်ကြံဆဥာဏ်ရှိပြီး လွတ်လပ်ခွင့်ပြုထားပါက အကောင်းဆုံးဖြစ်အောင်လုပ်နိုင်စွမ်းရှိသောကြောင့် သင့်ရဲ့အထက်အရာရှိက သင့်ရဲ့တွေးခေါ်ဆန်းသစ်လုပ်ဆောင်ရည်ကို နှစ်သက်သဘောကျမှာဖြစ်ပါတယ်။ အဲဒီနေရာမှာရှိတဲ့မှဲ့ပိုင်ရှင်ဟာ သူများအလုပ်ကို လုပ်ရတာထက် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကံပါပြီး စီးပွားရေးမှာလည်း အောင်မြင်ထွန်းပေါက်မှာ ဖြစ်ပါတယ်။


နံပါတ် ၎
သင်ဟာ စိတ်ကူးရသလို လုပ်တတ်တဲ့သူဖြစ်ပါတယ်။ မကြာခဏဆိုသလို သူတပါးအပေါ်ကို လွှမ်းမိုးသွားအောင် ဆွဲဆောင်နိုင်ပြီး ထူးခြားဆန်းပြားတဲ့ ပင်ကိုယ်အရည်အသွေးမျိုး ပိုင်ဆိုင်သူဖြစ်ပါတယ်။ ထင်မြင်ယူဆဝေဖန်မှုများအပေါ် အငြင်းအခုံသန်သူဖြစ်ပြီး မကျေန

လျို့ဝှက်ဖုန်းခေါ်နည်း

လျို့ဝှက်ဖုန်းခေါ်နည်း

 အခုတင်မဲ့ ပို့ စ်မှာတော့ ဖုန်းခေါ်တဲ့အခါ ဘယ်သူဘယ်ဝါခေါ်မှန်းမသိ၊ phone number မပေါ်အောင် ခေါ်နိုင်တဲ့ နည်းဖြစ်ပါတယ်။ ဗဟုသုတ အနေဖြစ် တင်ပေးလိုက်တာပါ။ သိပြီးသားမိတ်ဆွေတို့ အတွက် မဟုတ်ပါ။ ကောင်းကျိုး အတွက်သာ အသုံး ပြု ကြပါလို့  အကြံပြုချင်ပါတယ်။ ကောင်းမှူလုပ်၇င် ကောင်းကျိုး ခံစား၇တယ်ဆိုတာ မိတ်ဆွေတို သိပြီးသားပါ။

လုပ်နည်းကတော့

၁။ *67 ကိုနှိပ်ပါ ပြီး၇င် မိမိခေါ်ချင်တဲ့ phone number တန်းနှိပ်ပြီး ခေါ်လိုက်ပါ။
example >>>>> *67 PHONE NUMBE

Rapid Typing ( Computer မှာ စာရိုက်မြန်အောင် လေ့ကျင့်နည်း)


တဆင့်ဖော်ပြပါတယ်။

Rapid Typing ( Computer မှာ စာရိုက်မြန်အောင် လေ့ကျင့်နည်း)

Computerမှာ စာရိုက် မြန်ချင်၇င် ဒီ software က မိတ်ဆွေတို့ အတွက် အသုံးဝင် မယ်လိုမျော်လင့်ပါတယ်။ 
အောက်က computer လက်ကွက် ပုံအတိုင်း လေ့ကျင်ပေးပါ။
လက်ထားပုံထားနည်းကို သေချာလေ့လာစေချ

ဆင်ဖြူတော်တွေကို ရောင်းတော့မှာလား


~






ဗိုလ်ချုပ်ကြီးတွေ သဲသဲလှုပ်ကိုးကွယ်တဲ့ ဆင်ဖြူတွေကို လေလံတင်ရောင်းလိုက်ပါ လို့ မနေ့ကရက်စွဲနဲ့ ထုတ်ဝေတဲ့ မြန်မာတိုင်းမ် သတင်းစာစောင်မှာ တိုက်တွန်းထားပါတယ်။

မိုး လို့ ခေါင်းစဉ်ပေးထားတဲ့ စာရေးဆရာမာဂျေရဲ့သရော်စာမှာ သို့ကလို တိုက်တွန်းလိုက်တာပါ။

မြန်မာပြည်အနှံ့ ရေကြီးအောင် မိုး သည်းသည်းမည်းမည်း ရွာနေရတာဟာ ဒီကောင်တွေကြောင့် ဖြစ်နိုင်တယ်လို့ စာရေးသူက သရော်ထားပါတယ်။

ဆင်ဖြူတော်တကောင်ရှိရင် တိုင်းပြည်မှာ မိုးမှန်မှန်ရွာမယ်လို့ ရှေးက အယူအဆတခုကို သူက ရေးပြတာပါ။

သူ့ရေးသားချက် အတိအကျက ဒီလိုပါ -
"မြန်မာနိုင်ငံတွင် ဆင်ဖြူတော်တွေ ပေါလွန်းသည်။ ထို့ကြောင့်လည်း မိုးကြီးနိုင်သည်။ ထိုဆင်ဖြူများကို နိုင်ငံရပ်ခြားသို့ လှူလျှင်ရော? မိုးခေါင် ရေရှားသော အာဖရိကနိုင်ငံများသို့ ဆင်ဖြူများ လှူသင့်သည်။ သို့မဟုတ် လေလံပစ် ရောင်းချသင့်သည်"

ဆင်တွေကို ဆရာမာဂျေရဲ့ သရော်စာထဲမှာ အကြံပေးထားသလို ကန်ထုတ်လိုက်ရင် မိုးရေချိန်လျော့မလျော့ မသေချာပေမယ့် မြန်မာပြည်သားတို့ရဲ့ အခွန်ငွေနဲ့ ဆင်တွေကို ပြုစုနေရတဲ့ ၀န်ထုပ်ဝန်ပိုးကြီးတွေတော့ လျော့ကျသွားမှာပါ။

သူက မိုးကြီးနိုင်တဲ့အကြောင်းကို ရေးသားရင်းနဲ့ ဆင်ဖြူအကြောင်း

မြန်မာ မိန်းကလေးငယ်များ ယမကာ သောက်သုံးမှုများလာ



ရန်ကုန် ည အချိန် စားသောက်ဆိုင်အနီး လမ်းပေါ်တွင် ဘီယာခွက် သယ်သွားသည့် မိန်းကလေးငယ် တဦး (ဓာတ်ပုံ – Reuters)
ဆယ်ကျော်သက် အရွယ် မြန်မာ အမျိုးသမီးငယ်များ ၏ မူးယစ်စေတတ်သော အဖျော်ယမကာ သောက်သုံး မှုနှုန်းမှာ ယခုနှစ် အနည်းငယ် အတွင်း တဖြည်းဖြည်းမြင့်တက်လာနေကြောင်း ပြည်တွင်း လူမှုရေးအဖွဲ့တ ဖွဲ့မှပြုလုပ်သည့် စစ်တမ်းတခုက ဆို သည်။
ယင်းစစ်တမ်းသည် မြို့နယ်ပေါင်း၂၀ ပါဝင်ပြီး ရန်ကုန်မြို့ အစိုးရကျောင်းများ၊ တက္ကသိုလ်များ မှ ကျောင်းသား ကျောင်းသူများနှင့် ဆယ်ကျော်သက် အရွယ် လူငယ်များ၊ အုပ်ထိန်းသူမိဘများ စသည့် လူဦးရေ ၅၀၀ ကို မေးမြန်း ကောက်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။
 
အချိုရည်(သို့) ဝိုင်ဟု သတ်မှတ်ထားသည့် အရက်ပါဝင်သော အဖျော်ယမကာများ ဈေးကွက်အတွင်း ၀င်ရောက်မှု များပြား လာခြင်း က ဆယ်ကျော်သက်အရွယ် မြန်မာအမျိုးသမီးငယ်များ အဖျော် ယမကာ သောက်သုံးမှုမြင့်တက်လာစေခြင်း အကြောင်းရင်း ဖြစ် သည်ဟု

ပြင်ပဈေးကွက်တွင် CDMA 800 MHz ဖုန်းလိုင်းကဒ် ဈေး ကျပ်(၃)သိန်းကျော်အထိမြင့်တက်


ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  ချထားမှုရပ်ဆိုင်းထားသော CDMA 800 MHz ဖုန်းလိုင်းကဒ်များမှာ အပြင်ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လျှက်ရှိပြီး ဈေးနှုန်းများမှာလည်း သိသိသာသာမြင့်တက်လာကြောင်း ဖုန်းအရောင်းဆိုင်များမှ သိရှိရသည်။
 
CDMA 800 MHz ဖုန်းလိုင်းကဒ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ် - နှစ်သိန်းဖြင့် ထပ်မံချထားပေးလျှက်ရှိပြီး လက်ရှိတွင် ဝယ်လိုအားမြင့်တက်လျှက်ရှိကာ ငွေကျပ်သုံးသိန်းကျော်အထိ ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။

''  CDMA 800 MHz  ဖုန်းတွေက လူကြိုက်များတယ်၊ အထိုင်ဖုန်းအနေနဲ့လည်း သုံးလို့ရတယ် ဖုန်းလိုင်းဆွဲအားကလည်း ကောင်းတယ်၊ တရားဝင် ဈေးနှုန်းကတော့ ငွေကျပ် နှစ်သိန်းခွဲဆိုပေမယ့် ဖုန်းလိုင်းက ရှားတဲ့အတွက် ဈေးကွက်ထဲမှာ နာမည်ပေါက်ဆိုရင်   ငွေကျပ်သုံးသိန်း ပေးရပြီး ဝယ်နေကြတယ်၊ နယ်တွေ မှာတော့ ငွေကျပ်သုံး သိန်းသုံးသောင်းလောက်အထိ   ပေးဝယ်ရတယ်လို့ ကြားရတယ် ''  ဟုမင်္ဂလာဈေးရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်ကြီးတစ်ဆိုင်မှ မသူဇာက ပြောသည်။
 
 အဆိုပါဖုန်းများမှာ ယခင်က အသုံးပြုမှု ၊ ဟန်းဆက်ရွေးချယ်မှု ခက်ခဲနည်းပါးသည့်အတွက် လူငယ်များကြိုက်နှစ်သက် မှုနည်းပါးခဲ့သော်လည်းအင်တာနက်အသုံးပြုမှု ကောင်းမွန်ခြင်း ၊ နည်းပညာမြင့် ဟန်းဆက်အသစ်များ   ဈေးကွက်အတွင်း   ပေါများလာခြင်းအပြင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသများများတွင် အသုံးပြုနိုင်ခြင်များကြောင့် လူကြိုက်များလာပြီး ရောင်းအားတက်လာခြင်းဖြစ်ကြောင်း သုံးစွဲသူများထံက သိရှိရသည်။
 
 အခုလို  800 MHz တွေ ပြန်ပြီးနားထားတော့ အပြင်ပေါက်ဈေးတွေ တက်သွားတာလည်း ဖြစ်နိုင်ပါတယ်''ဟု   မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
ကျပ်နှစ်သိန်းတန်  CDMA 800 MHz  ဖုန်များအား မြန်မာ့ဆက်သွယ်ေးလုပ်ငန်းမှ ဇူလိုင်လဆန်းပိုင်းတွင် စတင်ရောင်းချပေးခဲ့ပြီး တစ်လခန့်အကြာတွငပြန်လည်ရပ်နားထားခဲ့ခြင်း ဖြစ်ကြောင်းနှင့်ပြန်လည်ချ

တစ်သိန်းတန်မိုဘိုင်းဖုန်းထွက်ရှိမည့် သတင်းမှာမဟုတ်ဟု အင်ဂျင်နီယာချုပ် အတည်ပြုပြောကြား ဝင့်သင်ဇာကျော်(မြစ်မခ)


by Myit Makha Mediagroup



၂ဝ၁၂ခုနှစ်၊ စက်တင်ဘာလတွင် တစ်သိန်းတန်မိုဘိုင်းဖုန်းထွက်ရှိမည်ဆိုသည့်သတင်းမှာမဟုတ်မှန်ကြောင်း မြန်မာ့ဆက် သွယ်ရေး  လုပ်ငန်းက သိရှိရသည်။
 
''တစ်သိန်းတန်မိုးဘိုင်းဖုန်းထွက်မယ်ဆိုတာ မဟုတ်ပါဘူး'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။
 
တစ်သိန်းတန်မိုဘိုင်းဖုန်းများ ရောင်းချပေးမည်ဆိုပါက အစိုးရဝန်ထမ်းများသာမဟုတ်လျှင်ပဲ ပြည်သူများထံသို့ပါ   ရောင်းချပေးနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးဌာနမှ သိရှိရသည်။

" အစိုးရဝန်ထမ်းဆိုတဲ့ အရေအတွက်က နည်းတယ် သူတို့တွေချည်းပဲရောင်းချပေးမယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး အားလုံးကိုတစ်ပြေးညီတည်း ရောင်းချပေးသွားမှာပါ ကျွန်တော်တို့လည်း တစ်သိန်းတန်ဖုန်းကို မျှော်လင့်နေတာပဲလေ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှလက်ထောက်အင်ဂျင်နီယာချုပ် ဦးဒေဝကပြောသည်။
 
မကြာမီအချိန်ကာလတွင် မိုဘိုင်းဖုန်းများသည် ဈေးနှုန်းမြင့်တက်ရန် အစီအစဉ်မရှိပဲ ဈေးနှုန်းလျော့ကျနိုင်ဖွယ်သာ  ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အတည်ပြုပြောကြားခဲ့သည်။
 
'' ဖုန်းဈေးနှုန်းက တက်ဖို့တော့ မရှိပါဘူး ဈေးကျဖို့ပဲရှိတော့မှာပါ ဘယ်လောက်ထိကျနိုင်မလဲဆိုရင် တစ်သိန်းတန်ောင်း ပြီးရင်ငါးထောင်တန်ဖုန်းအထိ ဖြစ်လာနိုင်တယ် '' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ထောက်အင်ဂျင်နီယာချုပ်က ဆက်လက်ပြောဆိုခဲ့သည်။
 
ယခုလက်ရှိတွင် နှစ်သိန်းတန်မိုဘိုင်းဖုန်းများကို သန်း(၃ဝ)စီမံကိန်းအနေဖြင့် ရောင်းချပေးလျက် ရှိသော်လည်း ပြည်သူအချို့မှာ ငါးထောင်တန်ဖုန်းအထိ မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။
 
''ဖုန်းတွေကတော့ သူသူကိုယ်ကိုယ်ကိုင်နေကြတာပဲ ဒါပေမဲ့ ထပ်စောင့်ကြည့်အုံးမယ်

ခေတ်သစ် သောနုတ္ထိုမုဆိုးကြောင့် အစွယ်ပေးလိုက်ရသော ဆင်

အစွယ်ဖြတ် တောက်ခံရသည့် ဆင်ကြီး

သာယာဝတီခရိုင် လက်ပံတန်းမြို့ နယ်နှင့် မင်းလှမြို့ နယ်ကြား မြောက်ဇာမရီ
သစ်တောကြိုးဝိုင်း အကွက်အမှတ် ၆၀ တွင် ဂလိုဘယ်စတား ကုမ္ပဏီမှ ငှားရမ်း
အသုံးပြုသော ဖားတိုမယ် အထီး စွယ်စုံဆင်ကြီးကို ဆင်ထိန်းမှ လွှတ်ကျောင်း
ထားပြီး နောက်တစ်နေ့ နံနက်တွင် ပြန်ခေါ်ရာ၌ အစွယ်နှစ်ချောင်း စလုံး ဖြတ်
တောက် အခိုးခံရသဖြင့်----

KIA ၏ စစ်ရေး လှုပ်ရှားမှုများ အစိုးရ၏ နောက်တန်း စခန်းဖက် ဦးတည်လာ


ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) သည် အစိုးရ၏ နောက်တန်း စခန်းဖက်ကို ပိုမို စစ်ဆင်လာနေ သည်ဟု KIA တပ်မှူးတဦးက ပြောပါသည်။

ယမန်နေ့၌ တိုက်ပွဲ (၅) ကြိမ် ဖြစ်ပွားခဲ့ရာတွင် အများစုသည် လိုင်ဇာ စစ်ဌာနချုပ် နှင့်ဝေးသော အစိုးရ၏  ရှေ့တန်း တပ်ဖွဲ့၏ ထောက်ပို့လ မ်းကြောင်း နေရာများ၌ ဖြစ်ပွားခဲ့ပါသည်။

တိုက်ပွဲသည် ကေအိုင်အေ တပ်မဟာ (၂) မှ တပ်ရင်း (၅) တပ်ဖွဲ့ သည် မိုညင်းခရိုင် မြို့လှမြို့နယ်ခွဲ ပန်ခေါန်ယန်ရွာတွင် အစိုးရခလရ ၂၇၄ တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ (၄) ဦးကျပြီး (၁၀)
ဦးကျော် ထိခိုက် ခဲ့သည်ဟု KIA ဖက်က ဆိုပါသည်။

KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၅) သည် ခလရ ၁၂၁ တပ်ဖွဲ့နှင့် ဖုတ်တုန်းယန်း မြို့နယ်ခွဲ မြို့သစ်အထက် ငါးကြုံနာင်း အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

KIA တပ်ရင်း (၆) ဖါကန့်ဒေသ ဂွေခါ (ကျောက်စိန်) အနီး၌ အနောက်တောင်တိုင်း တပ်ဖွဲ့မှ ခမရ (၁၆) နှင့် အရှေ့မြောက် တိုင်းမှ ခလရ (၂၇၂) တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“ မနေ့က တိုက်ပွဲ (၅) ကြိမ်ရှိတယ် ခင်ဗျ။ တပ်မဟာ (၅) ဒေသ ခမရ (၃၈၄) (၃၈၉)

မြရည်နန္ဒာကျူးကျော် အရေး ဦးဆောင်သူ ရဲစခန်းတွင် ကိုယ်တိုင် သွားရောက် အဖမ်းခံ


ကျူးကျော် ရပ်ကွက်မှာ လုံခြုံရေး တပ်ဖွဲ့ ဝင်များ အကြမ်းဖက်မှု ကြောင့် ဒါဏ်ရာရ ရှိခဲ့သူ အမျိုးသမီး တဦးအား တွေ့ ရစဉ်
 

မန္တလေးမြို့ တော် ချမ်းမြသာ စည်မြို့ နယ်ရှိ မြရည်နန္ဒာ ရပ်ကွက် ကျူးကျော်နေထိုင်
ကြသူများ မပြောင်းရွှေ့ ရေး ဦးဆောင် လှုပ်ရှားခဲ့မှုနှင့် ပတ်သက်၍ ယင်းမြို့ နယ်ရှိ
အောင်ပင်လယ် ရဲစခန်းက ပုဒ်မ (၅၀၅)ဖြင့် ဖမ်းဆီးမိန့်  ထုတ်ထားေ

ရခိုင် အမျိုးသမီး ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ပြည်တော်ပြန်မည်


ဒေါ်စောမြရာဇာလင်းကို ၂၀၀၈ ခုနှစ်က ၄င်း၏ မိခင် ကွယ်လွန်စဉ်က တွေ့ရပုံ၊ ဓာတ်ပုံ- နေရဇ္ဇရာ သတင်းဌာန

ရခိုင်အမျိုးသမီး ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းဟာ နှစ်ပေါင်း ၂၄ နှစ်ကြာ မြန်မာပြည်မြေနဲ့ ကင်းကွာနေခဲ့ရာက အခုတော့ မကြာခင်မှာ ပြန်တော်ပြန်တော့မယ်လို့
ဖလောင်းချိပ်ရုံး ဘင်္ဂလားဒေခ်ျ ဌာနခွဲ ရခိုင် အမျိုးသမီးများ အစည်းအရုံး ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း ထုတ်ပြန်ချက် အပြည်အစုံကတော့....

ဆရာမစောမြရာဇာလင်း၏ ပြည်တော်သို့  ပထမ ခြေလှမ်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ခေါင်းဆောင် တစ်ဦးလည်းဖြစ် ရခိုင် အမျိုးသမီးများအစည်းအရုံး ဥက္ကဌ လည်းဖြစ်သူ ဆရာမစောမြရာဇာလင်းသည် ၁၉၈၈ ခုနှစ် မှ ယနေ့ထိ ၂၄ နှစ်တိတိ နိုင်ငံရပ်ခြား၌နေ ပြီး နောက် ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေးခေါ်ဆောင်မှု အစီအစဉ်ဖြင့် ဇာတိရပ်ထြံ

''ကြက်ခြံစောင့် မြန်မာအမျိုးသမီး တစ်ဦးအဓမ္မပြုကျင့် သတ်ဖြတ်ခံရ”


ဘန်ကောက်မြို့ အရှေ့ဘက် ကီလိုမီတာ ၈၁ အကွာအဝေးတွင် ရှိသော ချွန်ပူလီမြို့ ဧက ၁၀၀ ရှိသော ကြက်ခြံတွင်ရှိ သောမြန်မာအလုပ်သမား တစ်ဦးအား လောနိုင်ငံသား .နိုင်လတ် ( ၃၀ နှစ် ) က အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ထိုင်းလတ် သတင်းစာတွင် ဖေါ်ပြထားသည်။

၎င်းဖြစ် စဉ်မှာ သြဂုတ်လ ၁၆ ရက်နေ့ည တွင် ကိုနိုင်လတ် နှင့်သူငယ်ချင်း ၄ ဦးတို့ ဘီယာ ထိုင်သောက် ရင်း စကားပြောနေစဉ် ဘီယာအလုံး ၂၄ အကုန်တွင် ကိုယ့်အခန်းကို ပြန်ရန်ဝိုင်းခွဲ လိုက်ကြ သည်။

ကိုနိုင်လတ်မှာ အခန်းတွင် မိန်းမရှိသော်လည်း အခန်းကို မပြန်ဘဲ မြန်မာအလုပ်သမ မနန်းကြွယ် (၄၀ )နှစ် အိပ်နေသော အခန်းကို ဝင်ပြီး အဓမ္မပြုကျင့်ခဲ့သည်။ မနန်းကြွယ်က လက်မခံသဖြင့် တစ်ဦးနှင့် တစ်ဦး ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့သည်။

သူမက အကူညီတောင်းရန် အပြင်ကိုထွက်ဖို့ ပြင်စဉ် နိုင်လတ်က လည်ပင်းကို ညစ်၍ ကြက်ခြံ အနီးတွင် ရှိသော ကန်စွန်းရွက် စိုက်ထားသော ရေမြောင်းတွင် နှစ်သတ်ခဲ့သည်။
မနက်မိုးလင်း၍ အလုပ်ဆင်းကြသောခါ လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းများက မနန်းကြွယ်ကို မတွေ့သဖြင့် လိုက်လံရှာဖွေ သောအခါ ကန်းစွန်းရွက် စိုက်ထားသော ရြေေ

ဦးသိန်းစိန်နဲ့စကားကောင်းနေလို့ လွှတ်တော်အစည်းအဝေးပျက်


~


ကြာသပတေးနေ့မှာ သမ္မတဦးသိန်းစိန်က လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးဖြစ်တဲ့ ဦးခင်အောင်မြင့်၊ သူရဦးရွှေမန်း တို့ကို ခေါ်ဆွေးနွေးပါတယ်။ အကြောင်းအရာကတော့
နေပြည်တော်နိုင်ငံရေးလောကမှာ စကားလုံးမုန်တိုင်းဆင်နေကြတဲ့ အခြေခံဥပဒေခုံရုံးအကြောင်း ဖြစ်ပါတယ် တဲ့။
သူတို့တွေ မနက် ၉ နာရီကတည်းက စပြီး ဆွေးနွေးကြပါတယ်။

ဆွေးနွေးနေလိုက်ကြတာ ၁၀ နာရီစဖို့ ပြင်ထားတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို သူရဦးရွှေမန်း မရောက်ဖြစ်လိုက်ဘူးလို့ ဆိုပါတယ်။ ဒါနဲ့ပဲ ပြည်သူ့လွှတ်တော်အစည်းအဝေး ပျက်သွားပါတယ် တဲ့။

အဲဒီအကြောင်း နောက်တနေ့ (သောကြာနေ့) ပြည်သူ့လွှတ်တော်မှာ ပြောကြဆိုကြတာတွေက ဒီလိုပါ -

သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်း
"မနေ့က ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော်အစည်းအဝေးစတင်ရန် နံနက် ၁၀း၀၀ နာရီ၌စီစဉ်ထားသော်လည်း အစည်းအဝေး မကျင်းပဖြစ်တာကြောင့် တက်ရောက်ရန် စောင့်ဆိုင်းနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များမှာ အချိန်ကုန်လူပန်းဖြစ်ကြရပါတယ်။ ဒါဟာ ပြည်သူ့ကို

ကားဈေးကွက်ကစားလို၍ ထွက်ပေါ်ခဲ့သည့် သတင်းမှားကြောင့် ကားအရောင်းအဝယ်ယာယီမြင့်တက်



ကျော်ဇင်မန်း(မြစ်မခ)
by Myit Makha Mediagroup on 25 Aug, 2012



မော်တော်ယာဉ်ပါမစ်ထုတ်ပေးမှု ရပ်ဆိုင်းလိုက်သည်ဆိုသောကောလဟာလသတင်းအမှားများကြောင့် တစ်ပတ်အတွင်း ကားအရောင်း ပြခန်းများနှင့်ပြင်ပကားပွဲစားတန်းများတွင် ကားဝယ်ယူမှု သိသိသာသာမြင့်တက်ခဲ့ကြောင်းသိရသည်။


'' ဒီသတင်းဘယ်က ထွက်လာလဲဆိုတာတော့ မသိဘူး။ ဒါပေမယ့် ကောလဟာလထွက်တဲ့တစ်ပတ်အတွင်းလောက်မှာ ကားတွေ တော်တော် ရောင်းထွက်သွားတယ်။အများဆုံးရောင်းရတာတော့ ၁၃၅ဝစီစီ ကားတွေပဲ။ တစ်ပတ်အတွင်း ၁၅စီးလောက်ကိုထွက်သွားတယ်။ အခုတော့ ပြန်ငြိမ်သွားပါပြီ'' ဟု Myo Motor Services co.ltdပိုင်ရှင် ဦးအောင်မျိုးဝင်းကပြော

ကြေးနီစီမံကိန်း နှင့်ပတ်သက်ပြီး သိမ်းဆည်းခံခဲ့ရသော လယ်ဧက ၇၈၀၀ အတွက် ဒေသခံ (၂၂)ရွာမှ ရွာသူရွာသားများသည် ၄င်းတို့ ပိုင်ဆိုင်သော လယ်မြေများ ပြန်လည်ရရှိရန် ဆန္ဒဖေါ်ထုတ်မှုများ

‎`
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့်ပတ်သက်ပြီး သိမ်းဆည်းခံခဲ့ရသော လယ်ဧက ၇၈၀၀ အတွက် ဒေသခံ (၂၂)ရွာမှ ရွာသူရွာသားများသည် ၄င်းတို့ ပိုင်ဆိုင်သော လယ်မြေများ ပြန်လည်ရရှိရန် ဆန္ဒဖေါ်ထုတ်မှုများ သြဂုတ်လ တတိယပတ်တွင် နေစဉ်ဆိုသလို ဖြစ်ပွားလျှက် ရှိကြောင်း သိရှိရသည်။

သြဂုတ်လ (၂၄)ရက်နေ့က ရွာသားများသည် ၄င်းတို့ ပိုင်ဆိုင်သော မြေယာများအပေါ်တွင် “ကျေးရွာပိုင်မြေများ မည်သူမျှ လုံးဝမကျူးကျော်ရ” ဆိုင်းဘုတ်စိုက်ထူရန် သွားရောက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၄၀၀)ခန့်က ဒိုင်းများ ရာဘာတုတ်များဖြင့် ခြောက်လှန့် လူစုခွဲခဲ့ကြောင်း သိရသည်။
ကြေးနီစီမံကိန်းအတွက် လယ်ဧက ၇၈၀၀ သိမ်းဆည်းခံရ၍ ဆန္ဒပြမှုဖြစ်ပွား (7 photos)

ယွမ်းငွေ သန်း-၁၉၀၀ ကုန်ကျသော ၈ လမ်းမောင်းတံတားကြီး ဖွင့်ပြီးနောက် ၉ လ အကြာတွင်ပြိုကျ၊ ယင်း ပြိုကျမှု ကြောင့် လူသုံးဦးသေဆုံး၊ ငါးဦး ဒါဏ်ရာရကြောင်းသိရ။ ဒါနဲ့ မေ့သွားလို့ မေးပါဦးမယ်။ ကျွန်တော်တို့ မြစ်ဆုံဆည်စီမံကိန်းကို ဘယ်နိုင်ငံ ဆောက်မှာပါလဲခင်ဗျ။

‎`

ယွမ်းငွေ သန်း-၁၉၀၀ ကုန်ကျသော ၈ လမ်းမောင်းတံတားကြီး ဖွင့်ပြီးနောက် ၉ လ အကြာတွင်ပြိုကျ၊ ယင်း ပြိုကျမှု ကြောင့် လူသုံးဦးသေဆုံး၊ ငါးဦး ဒါဏ်ရာရကြောင်းသိရ။

ဒါနဲ့ မေ့သွားလို့ မေးပါဦးမယ်။ ကျွန်တော်တို့ မြစ်ဆုံဆည်စီမံကိန်းကို ဘယ်နိုင်ငံ ဆောက်မှာပါလဲခင်ဗျ။


မူရင်း လင့် - http://www.globaltimes.cn/content/728844.shtml
3 dead & 5 inj after trucks plunge off collapsed bridge in China (8 photos)
3 dead and 5 injured after trucks plunge off collapsed bridge in NE China
Xinhua | 2012-8-24 10:36:01
By Agencies

Photo taken on August 24, 2012 shows the collapsed section of the Yangmingtan bridge in Harbin, capital of Northeast China's Heilongjiang Province. Four trucks fell off to the ground after a section of the Yangmingtan bridge collapsed in Harbin early Friday morning, killing three people and injuring five others. The 15.4-kilometer-long bridge was opened to traffic last November. The collapsed part, which measures 100 meters in length, fell from a height of 30 meters. Photo: Xinhua

မူပိုင်ခွင့်ချိုးဖောက်မှုအတွက် Apple ကုမ္ပဏီထံသို့ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ ပေးဆောင်ရန် Samsung ကုမ္ပဏီ ပြစ်ဒဏ်ချမှတ်ခံရ



ရက်သတ္တပတ် သုံးပတ်ကျော်ကြာမြင့်ခဲ့သည့် Apple ကုမ္ပဏီနှင့် Samsung တို့၏ မူပိုင်ခွင့်တရားစီရင်မှုတွင် Samsung က Apple ၏ အပြင်အဆင်နှင့် ဒီဇိုင်းများအား ကူးယူအသုံးပြုထားကြောင်း စစ်ဆေး တွေ့ရှိရသည့်အတွက် Apple ကုမ္ပဏီအား နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ ဒဏ်ကြေး ပေးဆောင်ရန် တရားသူကြီးအဖွဲ့က အမိန့်ချမှတ်လိုက်ကြောင်းသိရသည်



Apple အနေဖြင့် ၎င်း၏ဆုံးရှုံးနစ်နာမှုအတွက် Samsung ကုမ္ပဏီထံမှ နစ်နာကြေး အမေရိကန် ဒေါ်လာ ၂.၇၅ ဘီလီယံ တောင်းဆိုခဲ့သော်လည်း ၁ ဘီလီယံကျော်သာပေးဆောင်ရန် တရားရုံးမှဆုံး ဖြတ်ပေးခဲ့သည်။ တရားရုံး၏စစ်ဆေးချက်များအရ Samsung ကုမ္ပဏီ၏ စမတ်ဖုန်းနှင့် tablet ထုတ်ကုန်အချိ့တွင် Apple ၏ အပြင်အဆင်နှင့် ဒီဇိုင်းများအား ကူးယူအသုံးပြုထားကြောင်းတွေ့ရှိခဲ့ရပြီး Apple ကုမ္ပဏီဘက်မှမူ Samsung ၏ မူပိုင်ခွင့်များအား တစ်စုံတစ်ရာချိုးဖောက်ထားခြင်းမရှိကြောင်း တွေ့ရှိ ခဲ့ရသည်။ တရားရုံး၏ဆုံးဖြတ်ချက်အရ Samsung ကုမ္ပဏီမှ Apple အား အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ ပေးဆောင်ရမည်ဖြစ်ပြီး ဒဏ်ကြေးပမာဏအတိအကျဆိုရသော် အမေရိကန်ဒေါ်လာ ၁,၀၄၉,၃၉၃,၅၄၀ ဖြစ်သည်။


Apple ၏ အမှုဆောင်အရာရှိချူပ် Tim Cook က တရားရုံး၏ဆုံးဖြတ်ချက်ကိုကြားနာပြီးနောက်တွင် “ယနေ့သည် Apple ကုမ္ပဏီနှင့် ၎င်း၏

ဘင်္ဂါလီ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေအိမ်ယာ အင်ဒိုနီးရှားကူမည် *

Inbox
x








အင်ဒိုနီးရှားအစိုးရက ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ဘင်္ဂါလီ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီပေးဖို့လိုအပ်တဲ့ သတင်းအချက်အလက် စုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။




အခုလို အကူအညီတွေပေးမယ့် အစီအစဉ်တွေကို ဦးဆောင် လုပ်ကိုင်ဖို့ မကြာခင်က မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ အင်ဒိုနီရှား ဒု-သမ္မတဟောင်း Jusuf Kalla ကို အထူးသံတမန်အဖြစ် အင်ဒိုနီးရှားသမ္မတက ခန့်အပ်လိုက်ပြီး တခြား အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့တွေလည်း ရခိုင်ပြည်နယ်ဖက်ကို စေလွှတ်ထားပါတယ်။




အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။




မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဇွန်လတုန်းက ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် ဘင်္ဂါလီ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု များပြားလာတာမှာ ကမ္ဘာမှာ အစ္စလာမ်ဘာသာဝင်အများဆုံး တိုင်းပြည်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကလည်း ရခိုင်အဓိကရုဏ်းအတွင်း ဒုက္ခရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်လာ

မလေးရှားရောက် မြန်မာ နှင့် ချင်း ဒုက္ခသည်များအကြား ကလဲ့စားလူသတ် မှုဖြစ်ပွား



 
သဂုတ်လ ၂၄ ရက်နေ့က မလေးရှားရောက်
 မြန်မာလူ မျိုးများနှင့် ချင်းလူမျိုး ဒုက္ခသည်
အချင်းချင်း အကြား ကလဲ့စား လူသတ်မှု ဖြစ်ပွား
သည်ဟု သိရသည်။


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Kudu Area ဗမာစား သောက်ဆိုင်တွင် သြဂုတ်လ ၁၇ ရက်နေ့ညတွင် ချင်းပြည်နယ် မင်းတပ်မြို့နယ်မှ ချင်းလူမျိုး ငါးဦးနှင့် စားသောက်ဆိုင် ၀န်ထမ်းများ ရိုက်နှက်မှု ဖြစ်ပွားရာမှ ချင်းလူမျိုးနှစ်ဦး ပွဲချင်းပြီး သေဆုံးကာ သုံးဦး ဆေးရုံ ရောက်သွားကြောင်း ချင်းဘာသာ ထုတ်
one star Journal တွင်လည်း ဖော်ပြထားသည်။

 ဖြစ်စဉ်မှာ ယခု အမှု မဖြစ်ခင် အမှုတွင်ပါဝင်သူ ချင်းလူငယ်အား ဆိုင်ဝန်ထမ်းတွေက အပြင်းအထန် ရိုက်နှက်ခဲ့ရာမှ မလေးရှား ရိန်းကစ် ၃၀၀၀ ဖြင့် ကျေအေး ခဲ့သော်လည်း ချင်းလူငယ်တွေ က ပြန်လည်တုံ့ ပြန်ခဲ့ဘူးကြောင်း၊

ထို့ကြောင့်  ယခုကဲ့ သို့ ပြန်လည်ရိုက် နှက်မှုဖြစ်ပွားပြီး  လူသတ်မှု အထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်တွေက ပြောကြသည်။

“ တရားလို ဆိုင်ဝန်ထမ်းတွေက အနည်းဆုံး ၁၅ ဦးလောက်နဲ့ ၀ိုင်းရိုက်တာပါ၊ ဗမာတွေက မဟာစားသောက်ဆိုင်က ဖြစ်ပြီးတော့ အသတ်ခံ သူတွေဟာ အဆိုပါ စားသောက် ဆိုင်ဘေးနားမှာ အရက်သောက် နေတာကို တွေ့ရှိပြီး ဆိုင်အောက် အမှိုက်ပုံနားမှာ ရပ်စောင့်ပြီး ၀ိုင်းသတ်တာဖြစ်
တယ်” ဟု မျက်မြင် တဦးက ပြောသည်။ အဆိုပါ ၁၅ ဦးထဲက အဓိက တရားခံ နှစ်ဦးကို ရဲတွေက ဖမ်းဆီးထားကြောင်း၊

အဆိုပါ ဖြစ်ရပ်ကြောင့် Pudu Area တွင် လုံခြုံရေးတင်းကျပ် မှာဖြစ်ကြောင်း လည်းသိရသည်။

အဆိုပါ အရပ်တွင် ဗမာစား သောက်ဆိုင် အနည်းဆုံး ၇ ဆိုင်ရှိပြီး အရက်ကို အဓိက
 သောက်သုံးသူမှာ ချင်းလူမျိုး တွေဖြစ်ကြောင်းလည်း the one star

မြန်မာနိုင်ငံဖွား ဟောင်ကောင် ခွဲစိတ်ဆရာဝန်ကြီး မြန်မာနိုင်ငံမှာ သင်တန်းပို့ချမည် *

Inbox
x









May Zaw Khin RFA




ဒေါက်တာ James Kong နဲ့ အဖွဲ့ဟာ နိုင်ငံပေါင်း ၂၆ နိုင်ငံကို အခုလို လှည့်လည် သင်တန်းပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ ရှိပေမယ့် ဆရာဝန် ဦးရေဟာ သုံးသောင်းလောက်ပဲ ရှိကြောင်း၊ ဒါကြောင့်မို့ ၂၀၀၈ နာဂစ်မုန်တိုင်းနဲ့ ၂၀၁၁ ခုနှစ် ငလျင်လှုပ်ခဲ့တဲ့ အခြေအနေမျိုးတွေအတွက် အရေးပေါ် နယ်လှည့် ဆေးကုသပေးနိုင်မယ့် ဆရာဝန်မျိုးတွေ ရှိဖို့ လိုအပ်ကြောင်း ဒေါက်တာ Kong က ပြောပါတယ်။

သူတို့အဖွဲ့ဟာ ဆရာဝန် အရည်အချင်း ရှိပြီးသားသူတွေကို ကူညီမှာဖြစ်ပြီး စိတ်ဒဏ်ရာ ပြင်းထန်သူတွေကို အရေးပေါ် ကုသပေးနိုင်မယ့် နည်းပညာတွေ ဒါမှမဟုတ် အရေးပေါ် လူနာတွေကို တိုက်ရိုက် ထိတွေ့ပြီး အသုံးပြုနိုင်မယ့် ဆေးပစ္စည်း ကရိယာတွေကို သုံးနည်းတွေကို ကူညီသွားမှာ ဖြစ်တယ်လို့ ဒေါက်တာ Kong က ရေဒီယို သြစတြေးလျ အသံလွှင့်ဌာနကို ပြောပါတယ်။

ဒီဆေးကုသမှု ကူညီရေးအဖွဲ့ကို မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆရာဝန်များအသင်းအပြင် ဆေးတက္ကသိုလ် ကျောင်းတွေကပါ ဖိတ်ကြားထားတာလို့ သိရပါတယ်၊

ဒီလိုဆရာဝန် အဖွဲ့ငယ်လေးတွေက တဆင့် တခြားကျန်းမာရေး ၀န်ထမ်းတွေကိုပါ စောစောက ဆေးပညာတွေ ဆင့်ပွားဖြန့်ဖြူး သင်တန်းပေးနိုင်ဖို့အထိ မျှော်လင့်တယ်လို့လည်း ဒေါ

မဟာ မန္တလေးစီမံကိန်း၊ နေပြည်တော် စီမံကိန်း၊ ရတနာပုံ မြို့သစ်စီမံကိန်း၊ ခု မန္တလေးမြို့သစ် စီမံကိန်း


T



by Than Htut 


တန်ဖိုးနည်းအိမ်ရာကို သိန်း ၁၀ဝ ဆိုတော့ တန်ဖိုးကြီးအိမ်ရာဆိုရင် ဘယ်လောက်များ ရှိမလဲဆိုတာ တွေးတောင် မတွေးရဲတော့ပါဘူး။ အစိုးရဝန်ထမ်းတစ်ယောက်ရဲ့ တရားဝင်လစာရော .. နောက်ဆက်တွဲ ထောက်ပံ့ကြေးဆိုတာများနဲ့ ပေါင်းရင် ၁ သိန်းဝန်းကျင်ပဲ ဆိုပါစို့ရဲ့ ...
သိန်း ၁၀ဝ ရဖို့ မစားမသောက်ပဲ အငတ်ခံ စုရင်တောင်မှ လပေါင်း ၁၀ဝ စုရပါမယ်။ နှစ်နဲ့ဆိုရင် ၈ နှစ်နဲ့ ၄ လစုရပါမယ်။ တစ်လကို ၅၀ဝ၀ဝ နဲ့ စုမယ်ဆိုရင် ၂ဆ ၁၆ နှစ်နဲ့ ၈ လစု ရပါမယ်။ ဒီလို အိမ်မျိုးကို တန်ဖိုးနည်း အိမ်ရာလို့ လူကြီးမင်းတို့ ဘယ်လို ခေါ်ကြပါမလဲ။
လူကြီးမင်းတို့ ငွေသိပ်ပေါပြီး တိုင်းပြည်ကြီးကို အမှန်တကယ် တိုးတက်စေလိုရင် သိန်း ၃၀ ၄၀ လောက်နဲ့ သာမန်လူလတ်တန်းစားတွေ နေနိုင်မယ့် အိမ်ရာတွေ၊ ၅ သိန်းကနေ ၁၀ သိန်းကြားလောက်နဲ့ အခြေခံလူတန်းစားတွေ နေနိုင်မယ့် အိမ်တန်းလျားတွေ၊ တိုက်ခန်းတွေ များများ တည်ဆောက်သင့်ပါတယ်။ 
မန္တလေးမြို့ကြီး ပတ်ပတ်လည် ပရောဂျက်တွေကို နည်းတာမှ မဟုတ်ပဲ။ ခုလည်း တလောက မှိန်သွားတဲ့ မန္တလေးမြို့သစ် စီမံကိန်းပေါ့။ မန်းလေးမြို့နားမှာ မြို့ရွာနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေ ၃ ခုတောင် ရှိနေတယ်။ ခု မန္တလေးမြို့သစ် စီမံကိန်းကြီးသာ လုပ်ဖြစ်ခဲ့ရင် ၄ ခုမြောက်ပေါ့။ CBဘဏ်ဥက္ကဋ္ဌကြီးက ဦးဆောင်ပြီး တည်ဆောက်ဖို့ ရှယ်ယာတွေ ခေါ်နေတယ်ပေါ့။
မြို့တစ်မြို့တည်ဆောက်တယ်ဆိုတာ လွယ်တဲ့အလုပ်လို့ ထင်နေလို့လား၊ ဒါမှမဟုတ် မြေနေရာ လက်ညှိုးထိုးရောင်းစားရတာ အကျင့်ပါနေလို့လားတော့ မသိဘူး။ ဒီစီမံကိန်းကို ဘယ်လို စိတ်ကူးနဲ့ စီစဉ်လည်း မသိပေမယ့် အတော့်ကို ငွေပေါများနေပြီး အလုပ်အရမ်းလုပ်ချင်နေပုံ ရတယ်လို့ ထင်မိပါတယ်။ ဒါမှမဟုတ် မန်းလေးမြို့မှာ မြေဈေးကြီးတာကြောင့် မြေဝယ်လို့မရလို့များ ကြံမိကြံရာ ကြံသလားလို့ ထင်မိပါတယ်။ သိပ်တော့ မဖြစ်နိုင်ဘူးထင်တယ်။
မန်းလေးမြို့မှာ မြေဈေးတွေ အရမ်းကြီးတယ်။ ဟုတ်တာပေါ့ .. ကြီးပါတယ်။ ဘာလို့ ကြီးပါသလဲ။ ဒီကိစ္စကို အရင်အဖြေရှာဖို့ လိုပါတယ်။ ဒါဆို မြေဈေးဘာလို့ကြီးလဲ။ ဝယ်လိုအား

ပညာခေတ်အတွက် အင်တာနက်


"တစ်ဦးချင်းဝင်ငွေမြင့်မားလှသော တောင်ကိုရီးယားလိုနိုင်ငံတွင်ပင် ဒေါ်လာ နှစ်ဆယ်သုံးဆယ်ခန့် လစဉ်ပေးရုံဖြင့် ကနဦးတပ်ဆင်ခပင် တစ်စုံတစ်ရာပေးစရာမလိုဘဲ တစ်လလုံးအင်တာနက်စိတ်ကြိုက်သုံးနိုင်လေသည်။"

တတိယလှိုင်းရိုက်ခတ်လာခြင်းနှင့်အတူ အရာရာသောတန်ဖိုးထားမှုနှုန်းစံတွေ ပြောင်းလဲလာကြသည်။ တရွေ့ရွေ့ပြောင်းလဲနေသော ကမ္ဘာကြီးအဖြစ်ကနေ အိုင်တီနည်းပညာ အကျိုးကျေးဇူးကြောင့် အလျင်အမြန်ပြောင်းလဲတတ်သော ကမ္ဘာ့အစီအစဉ်သစ်တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့ပေသည်။ ကမ္ဘာတစ်ဘက်အခြမ်းမှ အကြောင်းအရာတစ်ခုသည် တစ်ခြားကမ္ဘာတစ်ဘက်ခြမ်းသို့ တစ်မဟုတ်ချင်းရောက်ရှိနိုင်သော ခေတ်ကြီးပင်ဖြစ်လေသည်။
တစ်ချိန်ကဆိုလျှင် ပစ္စည်းကြီးကြီးမားမားထုတ်လုပ်သော သံမဏိလုပ်ငန်း၊ ကားထုတ်လုပ်ရေး၊ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၊ ရေနံထုတ်လုပ်ခြင်းစသည့် လုပ်ငန်းကြီးများသည် အကြွယ်ဝဆုံးအနေအထားတွင်ရှိနေရာမှ ယခုအိုင်တီနည်းပညာခေတ်တွင်တော့ မျက်စိဖြင့်ပင်မမြင်နိုင်သော လူသုံးကုန်ပစ္စည်းများထုတ်လုပ်သည့် ဆော့ဖ်ဝဲကုမ္ပဏီကြီးများသည် ထိပ်တန်းဝင်ငွေအကောင်းဆုံး လုပ်ငန်းများအဖြစ်ရပ်တည်လာကြပေသည်။

အိုင်တီနည်းပညာခေတ်၏နောက်တွင် အရေးကြီးသောအိုင်ဒီအိုလိုဂျီတစ်ရပ် ကပ်လျက်ပါလာသည်မှာ ပညာသည်အရာရာအတွက်အခရာကျသည်ကို ယခင်ကထက်ပင် ပညာရှင်များကျယ်ကျယ်ပြန့်ပြန့် လက်ခံလာခြင်းပင်။ ယခင်လို ကော်ပိုရေးရှင်းကြီးများက လက်ဝါးကြီးအုပ်ထားတတ်သော စီးပွားရေးသွင်ပြင်မှသည် တစ်ဦးချင်းအရည်အချင်းဖြင့်ပင် ယခုအိုင်တီခေတ်တွင် ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိသည်ကို ကွယ်လွန်သူ Apple CEO ဟောင်း စတိဗ်ဂျော့ဘ်၊ Microsoft CEO ဟောင်း ဘီလ်ဂိတ် စသူတို့၏အောင်မြင်မှု

မြန်မာပြည်သူအပေါင်းတို့ခင်ဗျား..(အရေးကြီးသည်ဖတ်ပေးပါ)




ယနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအ၀င် နိုင်ငံအတော်များများသည် သတင်းဌာနများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် မြန်မာပြည်သူများအား အထင်အမြင်လွဲမှားစွာ ပြောဆိုဆက်ဆံနေကြပါသည်။ ကျွန်ုပ်တို့ မြန်မာပြည်သူများသည် မွတ်စလင် ဘာသာဝင်များကို သတ်ဖြတ်နေသည်ဟု စွပ်စွဲပြီး ရခိုင်ပြည်နယ်အား ရိုဟင်ဂျာ ပြည်နယ် ဖြစ်ပေါ်လာရေး ရိုဟင်ဂျာများအတွက် လှုံ့ဆော်ပေးနေကြသည်။



ထို့အတွက် မြန်မာပြည်သူများအား သတင်းဌာနများမှ နစ်နာစွာပြောဆိုနေမှုများကို ရပ်တံ့နိုင်ရန် ကုလသမဂ္ဂသို့ လူ့အခွင့်အရေး နှင့်ပတ်သက်ပြီး တိုင်ကြားနိုင်ရန် စီစဉ်ထားပါသည်။


change.org တွင် မိမိတို့ တင်ပြလိုသည်များကို လက်မှတ်ထိုးပြီး တောင်းဆိုနိုင်ပါသည်။


http://www.change.org/


မိမိတို့ အခွင့်အရေးနှင့် ဂုဏ်သိက္ခာအတွက် မိမိတို့ မှားယွင်းမှု မရှိကြောင်း သက်သေပြဖို့ အားလုံး ၀ိုင်းဝန်း လက်မှတ်ထိုးနိုင်ရန် ကမ်ပိန်းတစ်ခု စီစဉ်ထားပါသည်။


http://www.change.org/petitions/united-nations-stop-the-usages-kill...


အထက်ပါ လင့်အား ကူးယူပြီး မိမိတို့ အင်တာနက် browser တွင် ဖွင့်ကြည့်ပါ။ အချက်အလက်များ ဖြည့်ပြီး Sign Button ကို နှိပ်လိုက်ခြင်းဖြင့် သင့်လက်မှတ်တစ်ခု ကို ကျွန်တော်တို့ ကမ်ပိန်းအတွက် ရရှိသွားပါပြီ။


သင်လက်မှတ်ထိုးပြီးလျှင်လည်း မိမိပြည်သူပြည်သားများအား လက်ဆ

ဝက်သားချဉ်ငံစပ်သုတ်နည်း


          မိန်းကလေးတွေကယောက်ကျာ်လေးတွေဆိုဟင်းချက်တာနဲ့ပက်သက်ပြီးထင်မြင်သေးကြတယ်။ဒါလည်းဟုတ်တာပဲလေ
ယောက်ကျာ်းလေးတွေအများစုကဟင်းချက်၊ပြုတ်တာကိုမှစိတ်မ၀င်စားတော့ပေါလည်းပေါချင်စရာပေါ့နော်။ဒါပေမဲ့
တာတီးကတော့ထမင်းဟင်းချက်ပြုတ်တာငယ်ငယ်ကတည်းက၀ါသနာထုံတာ(တမျိုးမထင်နဲ့နော်)။ဟုတ်တယ်လေ
ငယ်ငယ်ကတည်းကအဒေါ်ပျိုကြီးတွေရဲ့လက်ထဲမှာကြီးလာသူတယောက်အဖို့ဒီချက်ပြုတ်ဝါသနာထုံတာမဆန်းပါ
ဘူးနော့်။
        ကဲအပြောတွေအိတ်ကပ်ထဲထည့်ပြီး......၀က်သားချဉ်ငံစပ်လေးသုတ်လိုက်ရအောင်နော်
ဝက်သားချည်ငံစပ်လုပ်မယ်ဆိုရင်ပါဝင်သောပ္စည်းတွေကတော့..

တိုင်းပြည်ချက်ချင်း ဦးမော့လာအောင် လုပ်ချင်လျှင်......။

(သြဂုတ်လ ၂၇ ရက်နေ့ထုတ် Voice ဂျာနယ်မှ ဦးလှဝင်း (လေသူရဲတစ်ဦး) ရေးသားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ထပ်ဆင့်ကူးယူဖေါ်ပြလိုက်ပါတယ်။)
ယခုတစ်လော လွှတ်တော်အစည်းဝေးတွေကို ညစဉ် ၈ နာရီတီဗီရှေ့မှာ ထိုင်ပြီး စောင့်ကြည့်နေခဲ့ပါတယ်။ မေးခွန်းမေးတယ်။ အဆိုတင်တယ်။ ပြန်ဖြေတယ်။ ဒီသတင်းတွေကိုပဲ နေ့စဉ်နားထောင်နေရပါတယ်။
    ကျွန်တော်အားမရဘူးခင်ဗျား။
    နေ့ချင်းညချင်း ကျွန်တော်တို့တိုင်းပြည်ကြီးကို ဘယ်လိုပြန်လည် ထူထောင်ကြမယ်ဆိုတဲ့ အားမာန်အပြည့်ပါတဲ့... ထူးကဲတဲ့ဥဏ်ပညာအပြည်ဝ ရှိတဲ့....ကျွန်တော်တို့ပြည်သူတွေ အလွန်အံ့သြသွားစေမယ့်..... ခုန်ထပြီးလက်ခုပ်လက်ဝါးတီးချင်စိတ် ပေါက်သွားစေမယ့် အတွေးသစ်၊ အမြင်သစ်၊ အကြံဥဏ်သစ်တွေကို အလွန်ကြားချင်လှပါတယ်။
    ဒီနေ့အထိမကြားရသေးပါဘူး။
    ကျွန်တော်တိုမွန်ဒေသရဲ့ စကားနဲပြောရင်တော့ " အိပဲ့ အိပဲ့နှင့် ကနော့ " တဲ့ သတင်းတွေပဲကြားနေရပါတယ်။
    ဒီကြားထဲရခိုင်ပြဿနာ ပေါ်လာတာလည်း အလွန်စိတ်ညစ်စရာတစ်ခုပေါ့ ခင်ဗျား။
    တကယ်တော့ကျွန်တော်တို့မြန်မာနိုင်ကို ချက်ချင်းဦးမော့အောင် ပြုလုပ်ချင်ရင် ပြုလုပ်လို့ရပါတယ်ခင်ဗျား။
    အင်္ဂလိပ်စကားပုံတစ်ခုရှိပါတယ်။
    There is will, there is way တဲ့။
    ဆန္ဒရှိရင်နည်းလမ်း ရှိတယ်ပေါ့ခင်ဗျား။
    ဒါပေမဲ့ ဒီလိုလုပ်နိုင်ဖို့ အာဏာက သမ္မတမှာပဲ ရှိပါတယ်။ လွှတ်တော်မှာ မရှိပါဘူး။ လွှတ်တော်မှာအုပ်ချုပ်မှု့ အာဏာမှမရှိပဲခင်ဗျား။ လွှတ်တော်ကိုအပြစ်တင်လိုမရပါဘူး။
        ကျွန်တော်တို့တိုင်းပြည်မှာ ချက်ချင်းပြုပြင်ကြရမယ့်၊ အဖြေရှာရမယ့် လုပ်ငန်းကြီးလေးခုရှိပါတယ်။ သမ္မတအာဏာဖြင့် ဆောင်ရွက်မယ်ဆိုရင် ဆောင်ရွက်နိုင်မယ့် လုပ်

မောင်တောတောင်ပိုင်း ကိုင်းကြီးတွင် ဆူပူလိုသူများကို စစ်တပ်က သေနတ် ပစ်ဖေါက် လူစုခွဲခဲ့ရ *

Inbox
x



t
မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးရွာတွင် ဆူပူ အကြမ်းဖက်ရန် ကြိုးစားခဲ့ကြသော လူအုပ်စု တစ်ခုကို စစ်တပ်က သေနတ် မိုးပေါ်ထောင်ပစ်ကာ လူစုခွဲခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်တွင် ရခိုင်ကျေးရွာများ မီးရှို့ခံနေရစဉ်။
“ဖြစ်တာက ဒီလ ၁၈ ရက်နေ့ ညနေမှာ ဖြစ်ပွားတာပါ။ ကိုင်းကြီးရွာမှာ ဘုန်းတော်ကြီးကျောင်းကို မီးရှို့ခံရတဲ့ ဓါတ်ပုံတွေ ပြသထားတဲ့ နေရာကို သြဂတ်စ်လ ၁၇ ရက်နေ့ ညဥ့်က ၀င်ရောက် ဖျက်ဆီး သွားခဲ့ပါတယ်။ နောက်တစ်နေ့  ၁၈ ရက်နေ့ ညနေမှာ ကင်းပုန်း ၀ပ်နေတဲ့ အခါ ရွာနားကို ကပ်လာတဲ့ မွတ်ဆလင် ဘင်္ဂလီ (၃) ဦးကို စစ်တပ်က ဖမ်းမိပါတယ်။ အဲသလို ဖမ်းဆီးတဲ့ နောက်ပိုင်း ဇော်မတက် ရွာက ဘင်္ဂလီတွေ ၀ိုင်းလိုက်လာတဲ့ အတွက် စစ်တပ်က သေနတ် သုံးလေးချက် မိုးပေါ်ထောင်ပစ်ပြီး လူစုခွဲလိုက်ရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ဓါတ်ပုံများမှာ ကိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအား  မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် ပုံများ ဖြစ်ပြီး နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံခြားမှ ဧည့်သည်များ လာရောက်သော အခါ ကြည့်ရှု့နိုင်ရန် ရွာလမ်းထိပ် အဆောက်အအုံတစ်ခုတွင် ပြသထားသော ဓါတ်ပုံများ ဖြစ်ကြောင်း  ရွာသားက ဆိုသည်။
“ သူတို့ ဒီလို ဓါတ်ပုံတွေကို ပြသထားတာကို မကြိုက်တဲ့ အတွက် ၀င်ရောက် ဖျက်ဆီးတာ ဖြစ်ပါတယ်။ လုံခြုံရေး ယူထားတဲ့ စစ်တပ်က ၁၈ ရက်နေ့ မနက်မိုးလင်းမှ ဖျက်ဆီးခံရတာကို သိပါတယ်။ နောက်တစ်နေ့ ညဥ့်မှာ စစ်တပ်က ရွာအ၀င် ကင်းပုန်းဝပ်တော့ ရွာထဲ ၀င်လာတဲ့ ဘင်္ဂလီ လူမျိုး သုံးဦးကို မိပါတယ်။ အခုတော့ သူတို့ကို ရဲလက်ထဲ လွဲပေးလိုက်ပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။
အလားတူ မောင်တောတောင်ပိုင်း အလယ်သံကျော် အနီး ဥဒေါင်းရွာတွင်လည်း သြဂတ်စ်လ ၁၇ ရက်နေ့က နစက တာဝန်ရှိသူ တစ်ဦးကို ဖမ်းဆီးရန် အလိုရှိနေသူ ၀ရမ်းပြေး တစ်ဦးက

အောက်ခြေအဆင့် အလုပ်ကြမ်းများအား ရခိုင်အခြေခံလူတန်းစားများ ဝင်ရောက်လုပ်ကိုင် *

Inbox
x







ဖြူစင်သူ






ရခိုင်ပြည်အတွင်း ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းဖြစ်ပြီးနောက်တွင် အောက်ခြေအ လုပ်ကြမ်းများအား ရခိုင် အခြေခံလူတန်းစားများ ဝင် ရောက်လုပ်ကိုင်လျှက် ကြောင်း သိရသည်။




ယခင်က ရခိုင်အခြေခံအလုပ်သမားများ လုပ်မည့်နေရာများတွင် တစ်ဖက်နိုင် ငံမှ တရားမဝင်ကျူးကျော် ဝင်ရောက်လာသည့် ဘင်္ဂလီများ က အောက်ခြေအ ဆင့် အလုပ်များကို နေရာယူ ဝင်ရောက်လုပ်ကိုင် ခဲ့သည့်အတွက် ဒေသခံ ရ ခိုင်များက နိုင်ငံရပ်ခြားသို့ သွားရောက် လုပ်ကိုင်ခဲ့ကြရကြောင်း စစ်တွေ ဒေသ ခံများမှလာသော သတင်းအရ သိရသည်။




" အဓိကရုဏ်းမဖြစ်မီတော့ စစ်တွေမြို့ အောက်ခြေလုပ်ငန်းတွေကို ဘင်္ဂလီ တွေက နေရာယူထား တော့ ဒေသခံ ရခိုင် အောက်ခြေအလုပ်သမားတွေအ တွက် အလုပ်မရှိတော့ဘူး။ ဒီတော့ နိုင်ငံခြားတွေကို တရားဝင်ရောတရားမ ဝင်ပါ ထွက်ပြီး အလုပ်လုပ်နေကြရတယ်။ အခုဘင်္ဂလီတွေကိုဒုက္ခသည် စခန်း မှာထားပြီး နေရာ

တကမ္ဘာလုံးက ဖုန်းအချင်းချင်း ပိုက်ဆံမကုန်ဘဲ Phone ခေါ်ကြမယ်. (FREE)





  •  မိမိဖုန်းဟာ iphone (or) android
    (or) Black berry (or) window phone အဲ့အမျိုးအစား ၄ မျိုးထဲက
    တစ်ခုခုဖြစ်ရပါမယ်။ (အခုအထိတော့ ဒီ ၄ မျိုးပဲ ရှိပါသေးတယ်။ နောက်ထပ်ပြီး
    update လုပ်နေပါတယ်။)
  •  မိမိဖုန်းမှာ viber ဆိုတဲ့ free
    ခေါ်ဆိုနိုင်တဲ့ software Download လုပ်ဖို့နဲ့ install လုပ်ဖို့ internet
    လိုအပ်ပါလိမ့်မယ်။ Download လုပ်ဖို့ခဲယဉ်းနေရင်လည်း ကျွန်တော်
    တင်ပေးလိုက်ပါ့မယ်။ မပူပါနဲ့ memory card ထဲကိုသာ အဲ့ viber software
    ထည့်ပြီး install လုပ်သွားလိုက်ပါ။ ကျွန်တော့်မှာ samsung Android
    အမျိုးအစား ရှိလို့ ကျွန်တော့်ဖုန်းကို ဥပမာထားပြီးတော့ ရေးသားလိုက်ပါ့မယ်။
  • မိမိကိုယ်တိုင် ဖုန်းမှာ အင်တာနက်ရှိလို့ပဲ
    ဖြစ်ဖြစ်၊ wifi ရနေလို့ပဲဖြစ်ဖြစ်ပေါ့၊ အဲ့ဒါမျိုးဆိုခဲ့ရင်
    ပိုအဆင်ပြေတာပေါ့။ နိုင်ငံခြားက သူငယ်ချင်းဆီကို ဖုန်းခေါ်ချင်ရင် အင်တာနက်
    ကဖေးဆိုင်ကို သွားထိုင်ပြီး တစ်နာရီလောက် ဖုန်းပြောလိုက်ပေါ့။ အဲ့ကပေးတဲ့
    wifi နဲ့ ဖုန်းနဲ့ချိတ်ပြီးတော့။ အော်ဒါနဲ့ပြောဖို့ကျန်သွားပါတယ်။
    အဲ့လိုခေါ်ဆိုဖို့အတွက် တစ်ဖက်ဖုန်းမှာလည်းပဲ viber software ရှိရပါမယ်။
    အဲ့ဒါဆိုရင် သူ့ဖုန်းကို ကိုကခေါ်မယ်ဆိုတာနဲ့ သူကမေးပါလိမ့်မယ်. viber
    နဲ့လား Dialer နဲ့လားပေါ့၊ Dialer ကိုရွေးမိရင်တော့ ငါးပါးမှောက်ပါမယ်။
    oversea call နဲ့ပေးရပါလိမ့်မယ်။ အဲ့တော့ viber ကိုရွေးပြီး
    ကိုခေါ်ချင်တဲ့သူရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်ပါ။ ဟိုဖက်က ဟန်းဖုန်းမှာ viber
    နဲ့သွားမည်ပါလိမ့်မယ်. သူကလည်း ကိုခေါ်တယ်ဆိုတာ တန်းသိပါတယ်။ ဟိုဖက်က
    အိုကေနှိပ်တာနဲ့ ပြောပေတော့ပေါ့။
  • အဲ့တော့
    ခုနက ပြောတဲ့ iphone (or) android (or) Black b

ခြေရှုပ်သူရဲ့ဇနီးမယားသိစေဖို့





                                          ကျွန်မ သူ့ ကိုအမြဲ သတိပေးနေကြ “ ခင်မရေ.. ပြင်ပြင်ဆင်ဆင်နေကွဲ့ ..တော်ကြာ ကိုတင်အောင်ကြီး နောက်တစ်ယောက်တွေ့မယ်နော် ” လို့ အမြဲတွေ့တိုင်းပြောဖြစ်တယ်။ အဲဒီအခါမှာ သူငယ်ချင်း ခင်မ က
“ အိုအေ..ကလေးပဲ၃ ယောက်ရနေပြီ ဒင်းခြေမရှုပ်ရဲပါဘူး..ခင်မလက်ချက်မိသွားမှာပေါ့ ” လို့ ပြန်ပြောတတ်တယ်။   ကျွန်မ သက်ပြင်းချရင်း “ အဲဒီ “ခပ်ကြမ်းကြမ်းအပြောတွေပါ လျော့အေ.. ဒါဘဲ.. ငါထပ်မပြောချင်တော့ဘူး.. ရင်လေးတယ်” ပြောလဲပြော ကျွန်မသူ့ အိမ်ကနေ လေးကန်စွာနဲ့ ပြန်လာမိတယ်။ လမ်းတစ်လျောက်လဲ အတွေးတွေက ဟိုရောက်ဒီရောက် ပေမယ့် ခင်မရဲ့  ငယ်ရုပ်ငယ်သွေးကို ပြန်မြင်ယောင်နေတာတော့အကြိမ်ကြိမ်ပါပဲ။

                                           ခင်မအပျိုဘဝက တော်တော်လှတဲ့ မိန်းမ စာရင်းဝင်မယ်ထင်တယ်။ ခုများတော့ ကလေး ၃ ယောက် က တစ်ဖက်အိမ်မှုကိစ္စကတစ်ဖက်နဲ့ ဆံပင်စုတ်ဖွာ ကို ညှပ်ကလစ်ကြီးနဲ့နောက်လှန်တင်ထား ပြီး အနွေးထည်တစ်ထည်ခပ်ပါးပါးကိုအမြဲဝတ်ထားတာမြင်ရတော့အဖွားကြီးအိုပေါက်စနှယ် ရှိရင်းစွဲအသက်ထက်ရင့်ရော်လို့နေတယ်.။ အသက် ကတော့ကျွန်မနဲ့တူတူ ၃၈ ပေါ့။

                                သူတို့ အိမ်ထောင်သက်လဲမနည်းတော့ပါဘူး.ကျွန်မတို့အိမ်ထောင်သက်နီးနီးလောက်ပဲ ။သမီးအကြီးလေးတောင် ၇ တန်းတက်နေပြီပဲ.။အငယ်ဆုံးသားလေးက တော့မူကြိုတက်နေတဲ့အရွယ်လေးပဲရှိသေးတယ်။ ကလေးတွေကျောင်းပို့ရင်းအိမ်ရှေ့ ကနေ အမြဲ ပျာရီးပျာယာနဲ့ အငယ်ဆုံးကလေးလက်ကိုဆွဲပြီး ဖြတ်လျောက်သွားနေကျ၊ အပြန်ကျတော့ကလေးမပါတာမို့ ကျွန်မအိမ်

ဘ၀ရဲ့အမောတွေကို.....ဟာသလေးနဲဖြေကြမယ်


            သူ့စကားနဲ့သူ
သား။     ။သားသူငယ်ချင်းအောင်မြတ်ရဲ့ဖေဖေကရေကူးအရမ်းကျွမ်းကျင်တာ၊ဖေဖေကဘာလို့ရေမကူးတတ်တာလဲဟင်။
အဖေ။   ။အောင်မြတ်ရဲ့အဖေကငါးစားတော့ရေကူးတတ်တာပေါ့ကွာ။ဖေဖေကငါးမစားတော့ရေကူးမတတ်ဘူးပေါ့။
သား။     ။ဒါဆိုဖေဖေကကြက်သားစားပြီးဘာဖြစ်လို့ဥမဥတာလည်းဟင်။
  ----------               -------------------------          -----------------        ----------------------------------
                ဖြစ်ရမယ်လေ............
ကိုကျော်ဇင်တယောက်ဘောလုံးကစားသမားလုပ်ပြီးအနှိပ်သည်ဦးမြကြီးဆီတရံတခါသွားနေရသတဲ့။
ဦးမြကြီး။      ။ကျော်ဇင်နင်ဘောလုံးသမားလုပ်ပြီးညောင်းမိရတယ်လို့ကွာ။
ကျော်ဇင်။     ။မညောင်းမိပဲနေမလားဗျ...တစ်နေ့လာလည်းအရန်ခုံ..နောက်တစ်နေ့လာလည်းအရန်ခုံဆိုတော့ညောင်းတာပေါ့ဗျာ။
---------               --------------------------         -------------------       -------------------------------------------
လူပြည့်အောင်မစောင့်နိုင်လို့
ကုမ္ပဏီအရောင်းခန်းမအပေါ်ဆုံးထပ်သို့ဓါတ်လှေခါးလုံးဝမစီးပဲတက်လာသောသမီးဖြစ်သူအားဖခင်ကအံ့အားသင့်စွာကြည့်ရှုရင်းမေး၏
"ဘာလို့ဓါတ်လှေခါးမစီးဘဲအပင်ပန်းခံပြီးတက်လာရတာလဲသမီး၊ဓါတ်လှေခါးပျက်နေလို့လား"
"ဓါတ်လှေခါးမှာရေးထားတဲ့စာကိုသမီးသဘောမကျလို့ပါဖေဖေ"
"ဘယ်လိုရေးထားလို့လဲ"
"ဆယ့်နှစ်ယောက်သာစီးရန်တဲ့လေ......သမီးလည်းလူဆယ့်နှစ်ယောက်ပြည့်အောင်မစောင့်နိုင်လို့စိတ်မရှည်တာနဲ့ထွက်လာခဲ့တာ"
---------               ----------------------------        --------------------       -------------------------------------------
တရုတ်ကြီးရဲ့၂၄ပစ္စည်း
တခါက...တရုတ်ကြီးတယောက်ဘုရားရှိခိုးပြီးအိမ်ကိုစည်းချနေတဲ့အချိန်သူ့အိမ်ကိုသူခိုးကပ်ပါလေရော။အဲဒါပေမဲ့သူခိုးကဘာပ္စည်းမှ
မယူနိုင်ပဲတရုတ်ကြီးရဲ့စည်းချသံကိုကြားတာနဲ့တင်ထွက်ပြေးသွားရသတဲ့။
တရုတ်ကြီး..၂၄ပစ္စည်းကိုရွတ်ဖတ်ပုံကတော့
ဟေ့လူပစ်မယ်နော
အားရပါးရပစ်မယ်နော
မထိတထိပစ်မယ်နော...
-------            -----------------------------        ----------------