Sunday, August 26, 2012

မူပိုင်ခွင့်ချိုးဖောက်မှုအတွက် Apple ကုမ္ပဏီထံသို့ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ ပေးဆောင်ရန် Samsung ကုမ္ပဏီ ပြစ်ဒဏ်ချမှတ်ခံရ



ရက်သတ္တပတ် သုံးပတ်ကျော်ကြာမြင့်ခဲ့သည့် Apple ကုမ္ပဏီနှင့် Samsung တို့၏ မူပိုင်ခွင့်တရားစီရင်မှုတွင် Samsung က Apple ၏ အပြင်အဆင်နှင့် ဒီဇိုင်းများအား ကူးယူအသုံးပြုထားကြောင်း စစ်ဆေး တွေ့ရှိရသည့်အတွက် Apple ကုမ္ပဏီအား နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ ဒဏ်ကြေး ပေးဆောင်ရန် တရားသူကြီးအဖွဲ့က အမိန့်ချမှတ်လိုက်ကြောင်းသိရသည်



Apple အနေဖြင့် ၎င်း၏ဆုံးရှုံးနစ်နာမှုအတွက် Samsung ကုမ္ပဏီထံမှ နစ်နာကြေး အမေရိကန် ဒေါ်လာ ၂.၇၅ ဘီလီယံ တောင်းဆိုခဲ့သော်လည်း ၁ ဘီလီယံကျော်သာပေးဆောင်ရန် တရားရုံးမှဆုံး ဖြတ်ပေးခဲ့သည်။ တရားရုံး၏စစ်ဆေးချက်များအရ Samsung ကုမ္ပဏီ၏ စမတ်ဖုန်းနှင့် tablet ထုတ်ကုန်အချိ့တွင် Apple ၏ အပြင်အဆင်နှင့် ဒီဇိုင်းများအား ကူးယူအသုံးပြုထားကြောင်းတွေ့ရှိခဲ့ရပြီး Apple ကုမ္ပဏီဘက်မှမူ Samsung ၏ မူပိုင်ခွင့်များအား တစ်စုံတစ်ရာချိုးဖောက်ထားခြင်းမရှိကြောင်း တွေ့ရှိ ခဲ့ရသည်။ တရားရုံး၏ဆုံးဖြတ်ချက်အရ Samsung ကုမ္ပဏီမှ Apple အား အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ ပေးဆောင်ရမည်ဖြစ်ပြီး ဒဏ်ကြေးပမာဏအတိအကျဆိုရသော် အမေရိကန်ဒေါ်လာ ၁,၀၄၉,၃၉၃,၅၄၀ ဖြစ်သည်။


Apple ၏ အမှုဆောင်အရာရှိချူပ် Tim Cook က တရားရုံး၏ဆုံးဖြတ်ချက်ကိုကြားနာပြီးနောက်တွင် “ယနေ့သည် Apple ကုမ္ပဏီနှင့် ၎င်း၏တီထွင်ဖန်တီးရှင်များအတွက် အလွန်အရေးပါသည့်နေ့တစ်နေ့ ဖြစ်ကြောင်း၊ Apple အနေဖြင့် ၎င်းတို့၏ကိုယ်ပိုင်ဖန်တီးမှုများအား Samsung ကုမ္ပဏီမှ ကူးယူအသုံးချ နေခြင်းကိုတားမြစ်ရန်အတွက် တရားရင်ဆိုင်သည့်နည်းလမ်းကို နောက်ဆုံးအနေဖြင့်ရွေးချယ်ခဲ့ခြင်း ဖြစ်
ကြောင်း” ပြောကြားခဲ့သည်။



Apple ၏ မူပိုင်ခွင့်ကိုချိုးဖောက်ထားသည့် Samsung ထုတ်ကုန်များမှာ အောက်ပါအတိုင်းဖြစ်သည်။



1. Captivate (AT&T)

2. Continuum (Verizon Wireless)

3. Droid Charge (Verizon Wireless)

4. Epic 4G (Sprint)

5. Exhibit 4G (T-Mobile)

6. Fascinate (Verizon Wireless)

7. Galaxy Ace

8. Galaxy Indulge (MetroPCS)

9. Galaxy Prevail (Boost Mobile)

10. Galaxy S

11. Galaxy S Showcase

12. Galaxy S 4G (T-Mobile)

13. Galaxy S II (AT&T)

14. Galaxy S II (T-Mobile)

15. Galaxy S II (Unlocked)

16. Galaxy S II Skyrocket

17. Galaxy Tab

18. Galaxy Tab 10.1

19. Gem (U.S. Cellular)

20. Infuse 4G (AT&T)

21. Mesmerize (U.S. Cellular)

22. Nexus S 4G (Sprint)

23. Replenish (Sprint)

24. Transform (Sprint)

25. Vibrant (T-Mobile)



Ref: CNET & Facebook

0 ကွန်မန့်ရေးရန်:

Post a Comment