Sunday, August 26, 2012

''ကြက်ခြံစောင့် မြန်မာအမျိုးသမီး တစ်ဦးအဓမ္မပြုကျင့် သတ်ဖြတ်ခံရ”


ဘန်ကောက်မြို့ အရှေ့ဘက် ကီလိုမီတာ ၈၁ အကွာအဝေးတွင် ရှိသော ချွန်ပူလီမြို့ ဧက ၁၀၀ ရှိသော ကြက်ခြံတွင်ရှိ သောမြန်မာအလုပ်သမား တစ်ဦးအား လောနိုင်ငံသား .နိုင်လတ် ( ၃၀ နှစ် ) က အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ထိုင်းလတ် သတင်းစာတွင် ဖေါ်ပြထားသည်။

၎င်းဖြစ် စဉ်မှာ သြဂုတ်လ ၁၆ ရက်နေ့ည တွင် ကိုနိုင်လတ် နှင့်သူငယ်ချင်း ၄ ဦးတို့ ဘီယာ ထိုင်သောက် ရင်း စကားပြောနေစဉ် ဘီယာအလုံး ၂၄ အကုန်တွင် ကိုယ့်အခန်းကို ပြန်ရန်ဝိုင်းခွဲ လိုက်ကြ သည်။

ကိုနိုင်လတ်မှာ အခန်းတွင် မိန်းမရှိသော်လည်း အခန်းကို မပြန်ဘဲ မြန်မာအလုပ်သမ မနန်းကြွယ် (၄၀ )နှစ် အိပ်နေသော အခန်းကို ဝင်ပြီး အဓမ္မပြုကျင့်ခဲ့သည်။ မနန်းကြွယ်က လက်မခံသဖြင့် တစ်ဦးနှင့် တစ်ဦး ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့သည်။

သူမက အကူညီတောင်းရန် အပြင်ကိုထွက်ဖို့ ပြင်စဉ် နိုင်လတ်က လည်ပင်းကို ညစ်၍ ကြက်ခြံ အနီးတွင် ရှိသော ကန်စွန်းရွက် စိုက်ထားသော ရေမြောင်းတွင် နှစ်သတ်ခဲ့သည်။
မနက်မိုးလင်း၍ အလုပ်ဆင်းကြသောခါ လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းများက မနန်းကြွယ်ကို မတွေ့သဖြင့် လိုက်လံရှာဖွေ သောအခါ ကန်းစွန်းရွက် စိုက်ထားသော ရေမြောင်းဘေးတွင် သေဆုံးနေသော အလောင်းကို တွေ့ရှိခဲ့ကြသဖြင့် သူမ၏ လုပ်ဖေါ်ကိုင်ဘက်များက မြို့နယ်ရဲစခန်းကို အကြောင်းကြားခဲ့သည်။

မြို့နယ်ရဲစခန်းမှ တာဝန်ရှိရဲများ လာရောက် စစ်ဆေးမှု ပြုလုပ်ရာ ကြက်ခြံအတွင်းရှိသော အလုပ်သမား အားလုံး ကိုခေါ်စစ်ဆေးသော အခါ ကိုနိုင်လတ်မှာ အလုပ် လုပ်နေသည့်နေရာတွင် မရှိပဲ အလုပ်သမား များနေသော တိုက်တန်းဘေးတွင် အိပ်နေခဲ့သည်။
ရဲများက မသင်္ကာ၍ ခေါ်ကြည့်သောအခါ ကိုနိုင်လတ်၏ လည်ပင်းနှင့် ရင်ဘတ်တွင် လက်သဲကုတ်ရာ များစွာကို တွေ့သဖြင့် ရဲစခန်းကိုခေါ် ယူကာ စစ်ဆေးမှုပြု လုပ်ခဲ့ သည်။
ကိုနိုင်လတ်က ဟုတ်မှန်ကြောင်း သူသတ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ထိုင်းလတ် သတင်းစာတွင် ရေး သားဖေါ်ပြထားသည်။
ရွှေလုပ်သား ဘလော့
Copy from - thespiritfruit

0 ကွန်မန့်ရေးရန်:

Post a Comment