Sunday, August 26, 2012

ဝက်သားချဉ်ငံစပ်သုတ်နည်း


          မိန်းကလေးတွေကယောက်ကျာ်လေးတွေဆိုဟင်းချက်တာနဲ့ပက်သက်ပြီးထင်မြင်သေးကြတယ်။ဒါလည်းဟုတ်တာပဲလေ
ယောက်ကျာ်းလေးတွေအများစုကဟင်းချက်၊ပြုတ်တာကိုမှစိတ်မ၀င်စားတော့ပေါလည်းပေါချင်စရာပေါ့နော်။ဒါပေမဲ့
တာတီးကတော့ထမင်းဟင်းချက်ပြုတ်တာငယ်ငယ်ကတည်းက၀ါသနာထုံတာ(တမျိုးမထင်နဲ့နော်)။ဟုတ်တယ်လေ
ငယ်ငယ်ကတည်းကအဒေါ်ပျိုကြီးတွေရဲ့လက်ထဲမှာကြီးလာသူတယောက်အဖို့ဒီချက်ပြုတ်ဝါသနာထုံတာမဆန်းပါ
ဘူးနော့်။
        ကဲအပြောတွေအိတ်ကပ်ထဲထည့်ပြီး......၀က်သားချဉ်ငံစပ်လေးသုတ်လိုက်ရအောင်နော်
ဝက်သားချည်ငံစပ်လုပ်မယ်ဆိုရင်ပါဝင်သောပ္စည်းတွေကတော့..
...
၁။ဝက်သား -၁၅ ကျပ်သား
၂။ကြက်သွန်ဖြူ-၁ လုံး
၃။ငရုတ်သီးစိမ်း(အနည်းငယ်)
၎။ဟင်းချက်မှုန့်(စားပွဲတင်ဇွန်းနဲ့)-၁ ဇွန်း
၅။ဆီ(လ္ဘက်ရည်ဇွန်းနဲ့)-၂ဇွန်း
၆။သံပရာသီး- ၁လုံး
၇။သခွါးသီး-၁လုံး
၈။ဆားအနည်းငယ်
၉။သိကြားအနည်းငယ်(ချိုမှုန့်ဟာကျမ်းမာရေးနဲ့မညီညွှတ်တာကြောင့်သိကြားသုံးထားပါတယ်ခင်ဗျာ)
                      ကဲဝက်သားချဉ်ငံစပ်လေးလုပ်ဖို့အထက်ပါပ္စည်းတွေစုံရင်လုပ်ငန်းစလို့ရပါပြီ။ရှေးဦးစွာဝက်သား၁၅ကျပ်သားကို
ရေနဲ့၃ခါလောက်စင်
ကြယ်အောင်ဆေးပြီရေပွက်ပွက်ဆူနေတဲ့အိုးထဲမှာ(၄၅-မီနစ်)လောက်ထည့်ပြီးအတုံးလိုက်ပြုတ်ပေးပါ။ပြီးရင်ဝက်သားကိုပါးပါးလေးဖြစ်အောင်လှီးပါ။ကြက်သွန်ဖြူးကိုလည်း
ပါးလွှလွှလေးဖြစ်အောင်လှီးထားပါနော်။ပြီးရင်ကြက်သွန်ဖြူနဲ့ဟင်းချက်ငရုတ်မှုန့်နဲ့ရောပြီးထည့်ကြော်ပါနော်(တူး
မသွားစေရန်သတိထားပါ)ဆီကျက်အနံ့လေးမွှေးလာရင်တော်ပါပြီ။သခွါးသီးကိုအခွံလွှာထားပြီးလမင်းလေးလိုဝိုင်း
စက်စက်လေးလှီးပေးပါအုံးနော်။တလက်စတည်းသံပရာသီးလေးကိုလည်းလှေပုံစံလေးလိုလှလှလေးလှီးပေးပါနော်။
ငရုတ်သီးစိမ်းကိုလည်းထိုနည်းလည်းကောင်းပါးပါးလေးလှီးထားပေးပါအုံးနော်။(ဟိဟိလှီးတာတွေများနေပီဟိဟိ)
အဲဒါတွေလုပ်ပြီးရင်တော့လှီးစရာတွေမကျန်တော့တာကြောင့်ဝက်သားဖတ်ပါးပါးလေးတွေကိုအရင်ဆုံးပန်ကန်ပြား
ထဲထည့်ပါ။ပြီးရင်ဝက်သားထည့်ထားတဲ့ပန်းကန်ပြားထဲကိုကြက်သွန်ဖြူဆီသန့်ပြီးသားလောင်းထည့်ပါနော်ပြီးရင်ဆား
၊သိကြားလိုအပ်သလိုထည့်ပါနော်။ကဲပန်းကန်ပြားထဲထည့်ထားတဲ့ဟာတွေကိုရောသမမွှေလိုက်ပါ။နောက်ပြီးပန်း
ကန်ပြားလှလှလေးတခုရှာပြီးရောသမမွှေထားတဲ့ဟာကိုထည့်လိုက်ပါ။ပြီးရင်တော့မိမိတို့စိတ်တိုင်းကျပုံဖော်နိုင်ပါပြီ
(သခွားသီးကိုဘယ်နေရာမှာထားမယ်...ငရုတ်သီစိမ်းတွေကိုဘယ်လိုဒီဇိုင်းဖော်မယ်၊သံပရာသီး
အစိတ်လေးတွေကိုဘယ်လိုပုံဖော်လိုက်ဦးမယ်ဆိုတာပါ့နော်)။မိမိတို့စိတ်တိုင်းကျပုံဖော်ပြီးရင်တော့အချဉ်ကြိုက်တဲ့
လူကသံပရာသီးများများတည့်ပေါ့အစပ်ကြိုက်တဲ့လူကငရုတ်သီးစိမ်းလေးများများစားပေါ့နော်....................
ဝက်သားချဉ်ငံစပ်အသုတ်လေးကိုဒီဇိုင်းလှလှ၊အရသာကောင်းကောင်းနဲ့ပုံဖော်ရင်းမိသားစုထမင်းဝိုင်းလက်ဆုံစားရင်း
ပျာ်ရွှင်ဖွယ်ထမင်းမြိန်မြိန်ဖြင့်ဆင်နွဲနိုင်ကြပါစေဗျာ
အစဉ်ဆန္ဒပြုလျက်....တာတီးလေး

0 ကွန်မန့်ရေးရန်:

Post a Comment