This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, March 31, 2012

သတိပြုကြပါ.



မနက်ဖြန်မှာ မဲရုံကိုမဲသွားပေးမယ့်ပြည်သူတွေနဲ့ စိတ်ဝင်စားသူပြည်သူတွေ မဲရုံဝန်းကျင်မှာ ပါတီအမှတ်တ့ဆိပ်တွေပါတဲ့ဝတ်စားဆ
င်ယင်မှုမပြုလုပ်ရပါတဲ့.။

မဲပေးရန်သွားရောက်ကြမည့် မိဘပြည်သူများ သတိပြုစေချင်ပါသည်။ မိမိ၏ စိတ်ပိုင်းဆိုင်ရာ
ထောက်ခံမှုမြင့်တက်ခြင်းကြောင့် မိမိအားကိုးယုံကြည်သော ပါတီအား၊ လက်တလုံးခြား
ဥပဒေဖြင့် ထိခိုက်သွားနိုင်သည်ကို အထူးသတိပြုကြစေရန် တိုက်တွန်းအပ်ပါသည်။

ဒဏ်ငေ...ွ ၁သိန်း နှင့် ထောင်ဒဏ် ၁ နှစ် အရေးယူနိုင်ကြောင်း ဥပဒေပြဒါန်းထားပါတယ်....
အထူးသတိပြုကြပါ..

မနက်ဖြန်မှာ မဲရုံကိုမဲသွားပေးမယ့်ပြည်သူတွေနဲ့ စိတ်ဝင်စားသူပြည်သူတွေ မဲရုံဝန်းကျင်မှာ ပါတီအမှတ်တ့ဆိပ်တွေပါတဲ့ဝတ်စားဆင်ယင်မှုမပြုလုပ်ရပါတဲ့.။

မဲပေးရန်သွားရောက်ကြမည့် မိဘပြည်သူများ သတိပြုစေချင်ပါသည်။ မိမိ၏ စိတ်ပိုင်းဆိုင်ရာ
ထောက်ခံမှုမြင့်တက်ခြင်းကြောင့် မိမိအားကိုးယုံကြည်သော ပါတီအား၊ လက်တလုံးခြား
ဥပဒေဖြင့် ထိခိုက်သွားနိုင်သည်ကို အထူးသတိပြုကြစေရန် တိုက်တွန်းအပ်ပါသည်။

ယောင်္ကျား မီးနေ မိန်းမ ဖောင်စီး

ကိုယ့်ရဲ့ password လေး လုံခြုံမှုရှိမရှိစစ်ရအောင်.......


အွန်လိုင်းကို အသုံးအပြုနေကြတဲ့ မိတ်ဆွေတွေအားလုံးမှာ အနည်းဆုံး ကိုယ်ပိုင် password တစ်ခုကတော့ရှိရမှာပေါ့။
email password ကစပြီး ဒီထက်အရေးကြီးတဲ့ password တွေလည်းရှိကြမှာပါ..။
အွန်လိုင်းအသုံးပြုသူတိုင်းဟာ password နဲ့ကင်းလို့မှမရတာပဲကိုး။
အခုကျွန်တော်လင့်ပေးမဲ့ ဆိုက်လေးက မိတ်ဆွေရဲ့ ကိုယ်ပိုင် password တွေက လုံခြုံမှုရှိလားမရှိဘူးလား ပြောင်းလဲပစ်ဖြစ်ဖို့လိုသလားဆိုတာကိုစစ်ဆေးပေးပါလိမ့်မယ်။
ထုံးစံအတိုင်း စိမ်းရင်တော့ ကောင်းတယ်ပေါ့ဗျာ။
အနီများရင်တော့ password ပြောင်းပေတော့ပေါ့ဗျာ။
အဲဒါလေးကတော့....ဒီကနေသွားပေတော့

Link ..   http://www.passwordmeter.com/

ကိုယ်က သူ့ကို မကောင်းကြံရင် ကိုယ့်ဆီလည်း အဲဒီမကောင်းမှုက ပြန်လာတတ်တာပါပဲ


ကိုယ်က သူ့ကို မကောင်းကြံရင် ကိုယ့်ဆီလည်း အဲဒီမကောင်းမှုက ပြန်လာတတ်တာပါပဲ ။ ဒါကိုတော့ ကျွန်တော် ယုံကြည်လက်ခံထားပါတယ် ။ ဒါနဲ့ပတ်သတ်ပြီး ပုံပြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ် ။
ဟိုးရှေးရှေး တုန်းကပေါ့...။ တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါး ရှိသတဲ့ ။ အဲဒီ ဘုရင်ကြီးမှာ အသိဥာဏ်ပညာနဲ့ ပြည့်စုံတဲ့ ပရောဟိတ်ကြီးတစ်ဦး ရှိသတဲ့ ။
သူဟာ ဗဟုသုတ ပြည့်စုံလွန်းတဲ့အတွက် တိုင်းသူပြည်သားအားလုံးက ချစ်ခင်လေးစားကြတာပေါ့ ။ သူတို့တိုင်း ပြည်မှာ ကိုးကွယ်ဆည်းကပ်နေတဲ့ ရဟန်းတစ်ပါးလည်း ရှိပါသတဲ့ ။
ဘုရင်ကြီး က သက်တော် ၆၀ ကျော်ပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ သားတော်လေးကို အိမ်ရှေ့အရာပေးထားပါတယ် ။ ဘုရင်ကြီးရဲ့ ပရောဟိတ်ကြီးက ကျော်ကြားလွန်းအားတဲ့အတွက် ဘုရင်ကြီးရဲ့ ဂုဏ်သတင်းက တဖြည်းဖြည်းမှေး မှိန်လာပါတယ် ။
အဲဒီတော့ ဘုရင်ကြီး ကပရောဟိတ်ကို အမျက်မှန်ဒေါသ ပွားပါတယ် ။ အဲဒါနဲ့ပရောဟိတ်ကြီး သေဆုံးအောင် အစာအဆိပ်ခတ်သတ်ဖို့ ကြံစည်ပါတယ် ။ တစ်နေ့တော့ ပရောဟိတ်ကြီးကို ခေါ်ပြီး မောင်မင်းစားဖို့ဆိုပြီး မုန့်လုံးတွေ ပေးတော်မှုလိုက်တယ် ။
အဲဒီမုန့်လုံးတွေမှာတော့ အဆိပ်တွေခပ် ထားတာပေါ့ ။ ပရောဟိတ်ကြီးကလည်း သူ့ဘုရင်က သူ့ကို ဒီလိုစိတ်သဘော ထားနေမှန် မထင်တဲ့အတွက် ၀မ်းမြောက်ဝမ်းသာနဲ့ လက်ခံလိုက်တယ် ။
အပြန်လမ်းတလျောက်မှာ သူက ဒီအစားအစာတွေကို သူတို့ကိုးကွယ်တဲ့ ရဟန်း ကြီးကို ဦးဦးဖျားဖျား ဆပ်ကပ်လိုတဲ့အတွက် ကျောင်းသင်္ခန်းကို လှမ်းလာပါတယ် ။ ကျောင်းကို ရောက်တော့ ရဟန်းတော်ကို ဆပ်ကပ်တာပေါ့ ။
အဲဒီအချိန်မှာပဲ တောကစားရာကပြန်လာတဲ့ ဘုရင်ကြီးရဲ့ သားတော်က ရဟန်းဆီမှာ ဗိုက်ဆာလွန်းတဲ့အတွက် စားစရာစွန့်ပေးပါရန် တောင်းပန်လျောက်ထားပါတယ် ။
ရဟန်းကလည်း အတော်ပဲပေါ့ ခုနလေးကတင် ပရောဟိတ်ကြီး လာကပ်ထားတဲ့ မုန့်တွေကို စွန့်လိုက်ပါသတဲ့ ။ သားတော်လည်း ဗိုက်ဆာဆာနဲ့ စားလိုက်ပါတယ် ။ စားပြီးမ ကြာခင်မှာပဲ ပါးစပ်က အမြုပ်တွေထွက်လာပြီး သေဆုံးသွားပါတယ် ။
ရဟနုးနဲ့ ပေ၇ာဟိတ်ကြီးလည်း အလွန်ထိတ်လန့်သွားပြီး နန်းတော်ကို သယ်ဆောင်သွားပါတယ် ။ ဘုရင်ကြီးဆီလည်းရောက်ရော... ပေ၇ာဟိတ်ကြီးက အရှင်မင်းမြတ်စွန့်တော်မူတဲ့ မုန့်ကို ရဟန်းတော်အားဆပ်ကပ်ကြောင်း ထိုမှတဆင့် သားတော်ရောက်လာပြီး မုန့်စွန့်ရန်လျောက်ထားတဲ့အတွက် ဘုရင်ကြီး ကျွေးသော မုန့်ကို သားတော်အားကျွေးမိပါကြောင်း လျောက်ထားသတဲ့ ။
ဒီအခါမှ ဘုရင်ကြီးလည်း အလိုလေး ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာပါ၏တကား ..လို့ ပြောဆိုပြီး ရင်ကွဲနာကျကာ သေဆုံးသွားပါတဲ့ ။သူများမကြောင်းကြံ ကိုယ့်ဘေးဒါဏ်ဆိုတဲ့ အတိုင်းပါပဲ ။
################################
“ ကိုယ်ပြုလုပ်ခဲ့သမျှ ကောင်းခြင်းဆိုးခြင်းတွေဟာ တစ်ချိန်မှာ ကိုယ့်ဆီကို တနေရာရာကနေ တနည်းနည်းနဲ့ ပြန်လာတတ်ပါတယ် ”
သက်တန့်ချို
ကြားဖူးသော ပုံပြင်လေးအား ပြန်လည်ချရေးကြည့်တာပါ
မေမွန်ကျော်

အသက်ပေးရသည့် စကားများ(၂)


အေဒီ ၁၀၇၇ ခုနှစ်တွင် အနော်ရထာမင်းကြီး နတ်ရွာစံသောအခါ
သားတော် စောလူးမင်း နန်းတက်တော်မူသည်။
ကျန်စစ်သားမှာ ကြောင်းဖြူရွာတွင် ပုန်းအောင်းနေကြောင်း
စောလူးမင်း၏ အမတ်များက သိကြသည်။
ထိုအချိန်အခါတွင် မွန်လူမျိုးတို့သည် ဆူပူပုန်ကန်ကြရန်
ဟိုတစ်စုဒီတစ်စု အုပ်စုဖွဲ့နေကြသည်။
မနူဟာမင်း၏မြေးဖြစ်သူ အသ၀တ်ဓမ္မာက အုပ်စုတစ်စု၊
ငရမန်ကန်းက အုပ်စုတစ်စု စသည်ဖြင့် မွန်တို့သည်
စောလူးထံမှ အာဏာကို လုယူရန်ကြံစည်နေကြောင်း ကြားသိနေရသည်။
အသ၀တ်ဓမ္မာသည် အနော်ရထာမင်းကိုယ်တိုင်စီးခဲ့သော လှေကြီးကိုပင် ခိုးဝှက်ထားသည်။
"မင်းကြီး၊ ကျန်စစ်သားကို ပြန်ခေါ်ပါ" စောလူးမင်း၏ အမတ်များနှင့် စစ်သူကြီးတို့က
ကျန်စစ်သားကို  ပုဂံ နေပြည်တော်သို့ပြန်လာရန် ဆင့်ခေါ်ဖို့ အကြံပြုသည်။
တိုင်းပြည်၏ နိုင်ငံရေး၊စစ်ရေး ရှုပ်ထွေးနေကြောင်းလည်း ကျန်စစ်သားကို သိစေသည်။
ဤသို့ဖြင့် ကျန်စစ်သားသည် သာမန်အရပ်သား ဟန်ဆောင်ပြီး
တောင်သူလုပ်ကိုင်နေရာမှ ပုဂံနေပြည်တော်သို့ ပြန်လာခဲ့သည်။
ပုဂံသို့ရောက်သောအခါ စောလူးမင်းသည် ကျန်စစ်သားကို ထိုက်တန်သောရာထူးမပေး၊
သာမန်မင်းမှုထမ်းလေးတစ်ဦးပမာ ဆက်ဆံသည်။
စောလူးမင်းကိုယ်တိုင်ကမူ အပျော်အပါးများပြီး ကြွေအံကစားခြင်းဖြင့် အချိန်ကုန်နေသည်။
အထူးသဖြင့် ငရမာန်ကန်းနှင့် စောလူးမင်းသည် နေ့စဉ် ကြွေအံကစားသည်။
ကျန်စစ်သားသည် ငယ်ချစ်မဏိစန္ဒာနှင့် ပြန်လည်ဆက်သွယ်မိပြီဖြစ်သည်။
ပဲခူးဘုရင်၏သမီးတော် မဏိစန္ဒာကို စောလူးမင်းသည် သီရိစန္ဒာဒေ၀ီအမည်ဖြင့်
ဦးဆောက်ပန်းမိဖုရားကြီးအဖြစ် ခန့်ထားခဲ့သည်။
ဦးဆောက်ပန်းမိဖုရားကြီးနှင့် ကျန်စစ်သားတို့သည်
အဆက်အသွယ်ဖြစ်နေပြန်ကြောင်း သတင်းကိုကြားလျှင်
ကျန်စစ်သားကို ရာထူးအားလုံးမှ နုတ်သိမ်းပြီး ဒလအရပ်သို့ နယ်နှင်ပြန်သည်။
တစ်ဖန် မှူးကြီးမတ်ကြီးများက တိုင်းရေးပြည်ရေး ရှုတ်ထွေးနေသောအချိန်တွင်
ကျန်စစ်သားကို အနီးမှာ ခစားစေသင့်ကြောင်း လျှောက်ထားကြပြန်သဖြင့်
ကျန်စစ်သားကို ပြန်လည်ခေါ်ယူရပြန်သည်။
ငရမာန်ကန်းကိုလည်း ဥဿာပဲခူးစားအဖြစ် ခန့်ထားလေသည်။
"နင်ငါ့ကို အံတစ်ပွဲမျှနိုင်သည်ကို လက်ခမောင်းခပ် ကြွားဝါသည်ကား နင် ယောက်ျားဟုတ်နိုးသော်"
"နင်စားသော ပဲခူးနှင့် ပုန်စားလေ" ဟု ဆိုပြီး စောလူးမင်းသည်
မင်းတို့မပြောအပ်သော စကားတစ်ခွန်းကို မဆင်မခြင် ပြောလိုက်သည်။
ငရမာန်ကန်းလည်း ပဲခူးသို့ပြန်သွားပြီး လူစုတော့သည်။
ပဲခူးမှ ငရမာန်ကန်း၏ စစ်တပ်ကြီးသည် ပုဂံသို့ ချီတက်လာသည်။
မကွေးမြို့ အောက်နားရှိ ပြည်တော်သာကျွန်းသို့ ရောက်ပြီဟု သိရသည်။
စောလူးမင်းနှင့် ကျန်စစ်သားတို့သည် စစ်သည်အလုံးအရင်းနှင့် ပုဂံမှ စုံဆင်းခဲ့ကြသည်။
မကွေးမြို့တွင် ခေတ္တ စခန်းချသည်။
စောလူးမင်းသည် မကွေးမြို့ထိပ်တွင် မြသလွန်စေတီကို တည်စေသည်။
ငရမာန်ကန်း၏ စစ်တပ်ကြီးသည်လည်း ပြည်တော်သာကျွန်းတွင် စခန်းချပြီး စစ်မြူနေသည်။
စောလူးမင်းသည် ငရမာန်ကန်း၏ စစ်တပ်ကို ၀င်ပြီးတိုက်ခိုက်ရန် အမိန့်ပေးသည်။
ကျန်စစ်သားက အခြေအနေ စောင့်ကြည့်ပါဦးဟု တားသည်ကိုပင်မရ။
ငရမာန်ကန်းသည် နွံထဲတွင် ဆင်ရုပ်ကို အတုလုပ်ပြီး အပေါ်မှာ ဒိုင်း၊လွှားတို့ကို ကိုင်ထားသော
လူရုပ်တို့ကို တင်ထားသည်။
စောလူးမင်းသည် မဆင်မခြင်ဘဲ ဒေါသဖြင့် ထိုဆင်ရုပ်ကို ငရမာန်ကန်းဟုထင်ပြီး
ဆင်တော်သန်မြန်စွာကို ချွန်းဖွင့်၍ ၀င်တိုက်သည်။
ဆင်တော်သန်မြန်စွာ ရွံ့နွံထဲတွင် နစ်ရတော့သည်။
စောလူးမင်းမှာ ငရမာန်ကန်း၏တပ်တွင် အဖမ်းခံရတော့သည်။
စောလူးမင်း၏တပ် ပျက်လေပြီ။
ကျန်စစ်သားသည် ပုဂံသို့ပြန်သည်။
ပုဂံမှ နန်းတော်သူနန်းတော်သားတို့က ရွှေစည်းခုံဘုရားမှကြိုပြီး
ကျန်စစ်သားကို ထီးနန်းအပ်ကြသည်။
မဏိစန္ဒာကလည်း ကျန်စစ်သားကို ပုဂံထီးနန်းမှာ စိုးစံဖို့ အသနားခံနေသည်။
ကျန်စစ်သားသည် မင်းမြောက်တန်ဆာငါးပါးကို ရွှေစည်းခုံဘုရားမှာ လှူလိုက်သည်။
"ငါ့သခင် အသက်ရှင်လျက် ရှိနေသောသလော၊ ငါ စုံစမ်းဦးမည်။
ငါ့သခင် အသက်ရှင်လျက် ရှိနေသေးလျှင် ငါကယ်ပြီး ပုဂံထီးနန်းကိုတင်မည်။
သခင်မရှီမှသာ ငါ ထီးနန်းကိုစံမည်" ဟု ပြောပြီး
ပုဂံနေပြည်တော်မှ ထွက်ခွာလာခဲ့သည်။
ကျန်စစ်သားသည် ငရမာန်ကန်းလက်တွင်း၌ ဖမ်းမိထားသော စောလူးမင်းကို
အချုပ်ခန်းဖောက်ပြီး ၀င်ရောက်ခိုးယူလေသည်။
စောလူးမင်းက "ကျန်စစ်သား ငါ့ကိုခိုးသည်" ဟု အော်လေသည်။
ကျန်စစ်သားသည် စောလူးမင်းကို ပစ်ချခဲ့ပြီး ကိုယ်လွတ်ထွက်ပြေးရလေသည်။
ငရမာန်ကန်းလည်း စောလူးမင်းကို သတ်လိုက်သည်။
"ကျန်စစ်သား ငါ့ကိုခိုးသည်" ဟု ဟစ်အော်မိသဖြင့် စောလူးမင်း သေခဲ့ရတော့သည်။
(ဒေါက်တာသက်လွင်၊ သမိုင်းကပြောသောပုဂံ ပုဂံကပြောသောသမိုင်းစာအုပ်မှ)

လာပြန်ပြီသူငယ်ချင်းတို့(ဟာသအပိုင်း၃)


၁။*ပလုံ*

ဒေါ်ထိပ်ထားခင်က စည်းကမ်းသိပ်ကြီးတယ်..ညစာစားဖို
့စားပွဲထိုင်ပြီးကြပြီ ဆိုတာနဲ့

ဘာစကားမှမပြောရဘူး..တစ်ရက်မှာ ညစာစားဖို့စားပွဲထိုင်နေကြတုန်း ရေးကြီးသုတ်ပြာနဲ့

သားကြီးရောက်လာတယ်..ပြီးတော့…..


'''အမေ'''

'စကားမပြောရဘူးဆိုတာမသိဘူးလား.. ဟိုဘက်မှာထိုင်ပါ..''

''ဟို..ကျွန်တော်..'''

''ပြောစရာရှိရင်စားပြီးမှပြောလို့ပြောထားတယ်လေ..'' ဒီလိုနဲ့ထမင်းစားပြီးကြတော့

''ကဲပြောဘာလဲ''

'''ညီမလေးရေတွင်းထဲကျသွားလို့…'''


၂။* ကြိုက်တာဝယ်စားး..*


အမေရိကန်နိုင်ငံ၌၀က်မွေးမြူသူထံသို့ တစ်နေ့သောအခါလူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီး

စုံစမ်းလေသည်။ ခင်ဗျားရဲ့ဝက်တွေကိုဘယ်လို အစာကျွေးသလဲဗျ


"ကျွန်တော့်ဝက်တွေကိုထမင်းကျန်ဟင်းကျန်တွေနဲ့ဟင်းသီးဟင်းရွက် အပုပ်တွေရောစပ်ပြီး ကျွေးပါတယ်..



ကြားရတာစိတ်မကောင်းစရာပဲ ကျွန်တော်ကကမ္ဘာ့တိရစ္ဆာန်များထိန်းသိမ်း

စောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ..အခုလိုကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာတွေ

ကျွေးမှုအတွက်ဒေါ်လာငါးရာဒဏ်ငွေရိုက်ရပါလိမ့်မယ်.."


ဒဏ်ငွေဆောင်ပြီး ၃လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ယောက် ရောက်လာပြီး

စုံစမ်းပြန်သည်။ ခင်ဗျားဝက်တွေကို ဘယ်လိုအစာကျွေး သလဲဗျ


ဟုတ်ကဲ့..ပေါင်မုန့်ပူတင်း..ဒိန်ခဲ..အာလူး..ကြက်ပေါင်းနဲ့ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီး ကျွေးပါတယ်...

အားပါး..အံ့သြစရာပဲ..ကျွန်တော်ကကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကအရာရှိပါ..ကမ္ဘာကြီးရဲ့
လူဦးရေ လေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေတာတောင်ကိုမှ ခင်ဗျားက ခြိုးခြံမှု မရှိဘဲ

ဖြုန်းတီးပစ်နေတာ အဲ့ဒီအတွက် ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေ ရိုက်ပါတယ်..



ဒဏ်ငွေဆောင်ပြီးများမကြာမီ နောက်တစ်ဦးလာပြန်လေသည်။ ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေး

ပါသလဲခင်ဗျာ........................


တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ပြောလိုက်ပါတယ်..

လိုအပ်နေတာ - ဒါပဲ


    ကျွန်တော် အပျင်းကြီးနေလို့  ဘာ ပို့ စ်မှ မတင်ဖြစ်တာကြာနေပြီ ။ ရဲဘော်ကြီးကိုဆန်း က သတိပေးလာလို့   အားနေတဲ့ ကြားက
    မအားချင်ယောင်ဆောင်ပြီး  ဒီနေ့ တော့ ဒါလေးတင်လိုက်ပါတယ် ။ ခံစားကြည့်ကြပါဦး  ဗျာ ........
     တချို့ က ပြောကြလိမ့်မယ်.....  မင်းသစ်က သူမြင်တာတွေ ။ ထင်တာတွေ လျှောက်ရေးနေတာပဲ  လို့   ......။
  ဟုတ်တော့ဟုတ်ပါတယ် ။ ဒါပေမယ့်........ ဒီ ကာတွန်း က ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတာလေးကို  ရေးထားတာပါ ။
   သူငယ်ချင်းတို့ လည်း   ကိုယ်တိုင်ကြုံခဲ့ရတဲ့ မကျေနပ်ချက်လေးတွေ ရှိရင် ကျွန်တော့ထံ စာသားလေးသာ ရေးပို့ လိုက်ပါ ။
  ဒါကို ကာတွန်း အဖြစ် သရုပ်ဖော်ရေးဆွဲ ပေးပါ့မယ် ။ (စိတ်ဝင်စားသူများ အတွက်သာ )

Friday, March 30, 2012