This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, June 21, 2013

ရန်ကုန် မြစ်ဖြတ် ချစ်ကြည်ရေးတံတား တောင်ကိုရီးယား လက်ဆောင်ပေးမည်

တောင်ကိုရီး ယားအစိုးရက မြန်မာ-တောင် ကိုရီးယားချစ်ကြည်ရေးတံတား တစ်စင်းကို ရန်ကုန်မြစ်ဖြတ်တည် ဆောက်ပေးရန် သဘောတူလိုက် ပြီဖြစ်သည်။ ထိုချစ်ကြည်ရေးတံတားက တောင်ကိုရီးယား၏ ပုံရိပ်အား မြန်မာပြည်သူများအတွင်း မြှင့် တင်ပေးနိုင်လိမ့်မည်ဟု တောင် ကိုရီးယား အစိုးရက ယုံကြည်နေ ကြောင်း ယွန်ဟပ်သတင်းကရေး သားလိုက်သည်။

... မြန်မာနိုင်ငံ နေပြည်တော် သို့ရောက်ရှိ နေသည့် တောင်ကို ရီးယားဘဏ္ဍာရေးဝန်ကြီးဦး ဆောင်သည့်အဖွဲ့နှင့် မြန်မာအစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့ ဆွေးနွေး အပြီး အဆိုပါသဘောတူညီ ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ တံတားတစ်ဖက်ခြမ်းတွင် တောင်ကိုရီးယားက စက်မှုဇုန် တစ်ခုကို အကောင်အထည်ဖော် ပြီး ကိုရီးယား ကုမ္ပဏီများ ထိုစက် မှုဇုန်တွင် လာရောက်ရင်းနှီးမြှုပ် နှံမှုပြုနိုင်ရန်လည်း တောင်ကိုရီး ယားက မြန်မာအစိုးရအားဆက် လက်တိုက်တွန်းမည်ဟုဆိုသည်။ ထို့ပြင် တောင်ကိုရီးယား က ယင်း၏စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးတွင် အောင်မြင်ခဲ့သော Saemaul(ကျေးရွာသစ်များ)လှုပ် ရှားမှုအတွေ့အကြုံများကို မြန်မာ နိုင်ငံ အား မျှဝေပေးရန် မြန်မာ အစိုးရနှင့် သဘောတူညီမှုရရှိ လိုက်သည်။

မြန်မာ နိုင်ငံသို့ ရောက်ရှိ နေသော တောင်ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Hyun Ohseok နှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဦးဝင်းရှိန်တို့သည် ယနေ့ တွင် နေပြည်တော်၌ တွေ့ဆုံဆွေး နွေးကြပြီးနောက် ယင်းကဲ့သို့ သ ဘောတူလိုက်ကြခြင်းဖြစ်ကြောင်း တောင်ကိုရီးယား သတင်း ဌာန ယွန် နပ်က ရေးသားသည်။

နှစ်နိုင်ငံ ဝန်ကြီးဌာနအဖွဲ့ များ တွေ့ဆုံဆွေးနွေးကြပြီးနောက် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အ ခြေခံအဆောက်အအုံ၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးကဏ္ဍ၊ ဆေးဝါး နှင့် အသံလွှင့်လုပ်ငန်းများ အထိ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်ကြရန်လည်း သဘော တူခဲ့ကြသည်ဟု သိရသည်။ ''မြန်မာနိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်မှုကအစ တရုတ်နိုင်ငံလိုပဲ တိုးတက်ပြီး နိုင်ငံတွေရဲ့ပြိုင်ကွင်း တစ်ကွင်းအဖြစ် ပေါ်ထွန်းလာခဲ့ ပြီဖြစ်တယ်'' ဟု တောင်ကိုရီးယား ဝန်ကြီး က ပြောသည်။

''ပထမဆုံး သော ပူးတွဲကော် မတီအစည်းအဝေးကို အခွင့်ကောင်း ယူပြီး မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအ စောပိုင်းအဆင့်အတွက် ကျွန် တော်တို့ လက်ဦး မှု ရယူ ဖို့ကြိုးစား နေပါတယ်။ ကျွန်တော်တို့က ကိုးရီ ယားဟန် ဖွံ့ဖြိုးတိုးတက်မှုပုံစံကို မြန်မာတွေကျင့်သုံးစေဖို့ တတ်နိုင် သလောက် ကြိုး စားမယ်''ဟု ဝန် ကြီး ကဆက်လက် ပြောဆိုသည်။ ၁၉၇၀ ကျော်နှစ်များက တောင်ကိုရီးယား၏ အဆိုပါလှုပ် ရှားမှုကြီးသည် ကျေးလက်ဖွံ့ဖြိုးမှု ကိုအခြေခံခဲ့ပြီး ယင်းက ဆင်းရဲ မွဲတေ မှုကို ကျော် လွှား နိုင်ခဲ့သည် ဟုသိရသည်။

ဒလမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ''မနေ့တုန်း က ကိုရီးယားဘက်က ဘဏ်ဥက္ကဋ္ဌ တစ်ဦးနဲ့ ရှစ်ဦးပါတဲ့အဖွဲ့လာပြီး တော့ ကြည့်သွားတယ်။ ဒလမြို့ နယ် ကမ်းနားလမ်း တစ်လျှောက် ကြည့်သွားတယ်။ နာရီစင်လမ်းအတိုင်း ဓနုတ်ဘုရားကြီး ဘက်က လယ်ကွင်းတွေကိုလဲ ကြည့်သွားတယ်။ အဲဒီ လယ်ကွင်း တွေက စက်မှု ဇုန်ဖော်ထုတ်လို့ ရနိုင်တယ်ဆိုပြီး တော့လဲ ပြောသွားတယ်။ တံတား ထိုးမယ့်နေရာက ဘုန်းကြီးလမ်း ဆိပ်ကမ်း ဘက်က နေပြီး တော့ ဖြစ် ဖို့များ တယ်''ဟု အတည်ပြုပြော သည်။

ယင်းကဆက်လက်ပြီး ''ဒီစီမံကိန်းကြောင့် လာမယ့်နှစ်နှစ် လောက်အတွင်းမှာ ဒလမြို့နယ်က လက်ရှိအခြေအနေကနေ ပြောင်း ပြန်အနေအထားမျိုး တိုးတက် ဖွံ့ ဖြိုးသွား ဖို့ရှိတယ်။ ဒလမြို့နယ်မှာ ရှိတဲ့ လူ ၅ဝဝဝဝ လောက်က ရန်ကုန် ဘက်ကို နေ့စဉ်သင်္ဘောတွေနဲ့ ကူး ပြီးအလုပ်သွားလုပ်နေရတာလဲ အဆင် ပြေသွား မယ်။ ဒီဘက် မှာ စက်မှုဇုန်တွေ ပေါ်လာမှာဖြစ်တဲ့ အတွက် ကိုယ့်မြို့နယ်မှာ ကိုယ့် အ လုပ်အကိုင်နဲ့ကိုယ်ဖြစ်သွားမယ်''ဟု ပြောသည်။
ညီလတ်
 
Copy from - Yangon Media Group

ဒီလိုဆိုရင်တော့ အိုင်သမားတေဒုတ်ခပဲ

ဒီလိုဆိုရင်တော့ အိုင်သမားတေဒုတ်ခပဲ

iOS များကို Jailbreak လုပ်နိုင်ရန် အစဉ်တစ်စိုက် အမြဲကြိုးပမ်းနေကြသော iOS hackers အကျော်အမော်ကြီးများထဲမှ တစ်ဦးဖြစ်သူ၊ Greenpois0n နှင့် မကြာသေးမီကမှ ဖွဲ့ စည်းထားသော Evasi0n တို့ ၏ အဖွဲ့ သား တစ်ဦးဖြစ်သော "pod2g" က iOS 7 ဟာ သိပ်ကို စိတ်ပျက်စရာကောင်းလွန်းလို့  Android လမ်းကြောင်းပေါ် ပြောင်းချင်စိတ် ဖြစ်နေပြီလို့  သူ့ ရဲ့  Twitter မှာ ရင်ဖွင့်လိုက်ပါတယ်...

သူ့ ရဲ့  ရင်ဖွင့်သံကတော့...

iOS 7 Beta 1 ကို ရက်အနည်းငယ်လောက် စမ်းသပ်လိုက်ပြီးတဲ့နောက်မှာ ကျွန်တော် Android လိုင်းကို ပြောင်းချင်စိတ် ဖြစ်လာတယ် ဆိုတာ ဝန်ခံရမှာပဲ...

Apple ရဲ့  လုပ်ဆောင်မှု သက်တမ်းတစ်လျှောက်လုံးမှာ ဒီ iOS က အဆိုးရွားဆုံးပါပဲ..

iOS 7 ရဲ့  ဒီဇိုင်းက ညံ့တယ်၊ သုံးရတာ လေးတယ်၊ အဆိုးဆုံးက ဘက်ထရီ အတော် စားတယ်။
UI (User Interface) မှာလဲ Bugs တွေ အပြည့်နဲ့  Crash လဲဖြစ်တယ်။

ရှိပါစေတော့လေ ဒါက Beta 1 version ဆိုတော့...

ဒါပေမယ့် iOS 7 ရဲ့  Features တွေကို ကြည့်ပြီးတော့ ကျွန်တော် တော်တော် စိတ်ပျက်မိတယ်၊ ကလေးပန်းချီလို ဆေးရောင် လှလှခြယ်ထားတာက လွဲရင် ဘာမှလည်း ထွေထွေထူးထူး ပြောင်းလဲမှု အသစ်မရှိဘူး။

ဒါနဲ့ တောင် သူတို့ ရဲ့  software ကို "Amazing" တဲ့ Apple က လူတွေကို သိမ်းသွင်းတဲ့နေရာမှာတော့ "စံပဲ"...

............

ဒါတွေက "pod2g" သူ့ ရဲ့  Twitter မှာ ပြောသွားတာတွေကို ဆီလျှော်အောင် ရေးသားထားတာပါ။ ဘာပဲဖြစ်ဖြစ် "pod2g" လို Hacker တစ်ယောက် တစ်ကယ် စိတ်ပြောင်းသွားရင်တော့ Jailbreak အသိုင်းဝိုင်း အတွက် အများကြီး နစ်နာစရာ ရှိပါတယ်။

Apple က နောက်ထပ် ထုတ်ပေးမယ့် iOS 7 အပေါ်မှာ ကျေနပ်မှုရပြီး ပြောင်းရွှေ့  မသွားပါစေနဲ့  လို့ ပဲ ဆုတောင်းရတော့မှာပေါ့....

969 အကြမ်းမဖက်ပါ

Yezar Ni and Kyaw Ko Kyaw shared We Love True's photo.
တိုင်းမ် မဂ္ဂဇင်းမှာ မိမိတို့ ကိုးကွယ်တဲ့ သံဃာတော်ကို ...မျက်နှာဖုံးပြည့် အကြမ်းဖက်သမားလို့ စွပ်စွဲဖော်ပြခံလိုက်ရတဲ့အတွက် မြန်မာလူမျိုး ဗုဒဘာသာဝင်တစ်ယောက်အနေနဲ့
ဝမ်းနည်းစွာ ယူကျုံးမရ ခံစားရတဲ့အကြောင်း အရင်ပြောချင်ပါတယ်

လောကမှာ အမှန်ရယ် အမှားရယ်က ဒွန်တွဲနေပါတယ်..
ဘယ်သူမှန်တယ် မှားတယ်ဆိုတာကို ဆုံးဖြတ်ဖို့ အတွက် ...
လူတွေက ဥပဒေဆိုတာကြီး သတ်မှတ်ပြီး ... တရာရုံးတွေ တရားသူကြီး ဆိုတာတွေကို
ဖန်တီးခဲ့ကြတယ်....

ကျွန်တော်တို့ တိုင်းပြည်မှာ တရားဥပဒေရှိပါတယ်..
တရားရုံးတွေလဲ ရှိပါတယ်..
တရားသူကြီးတွေလဲ ရှိပါတယ်..

မြန်မာလူမျိုး တစ်ဦးတစ်ယောက် ဒါမှ မဟုတ် ... ဗုဒဘာသာ သံဃာတစ်ပါးရဲ့ လုပ်ရပ်တွေ
မှားတယ် မှန်တယ် ဆိုတာကို ... ဆုံးဖြတ်ပိုင်ခွင့်က ..
နိုင်ငံတော်တည်ဆဲ ဥပဒေတွေနဲ့ပဲ ဆုံးဖြတ်နိုင်ခွင့်ရှိပါတယ်..

ဘယ်နိုင်ငံ ဘယ်မဂ္ဂဇင်းကမှ .. ၀င်ရောက် စွတ်ဖက်ပြီး ..
အကြမ်းဖက်သမားလို့ သုံးနှုန်းဖော်ပြပိုင်ခွင့် ... ဘာသာရေးအဓိကရုဏ်းတွေရဲ့ တရားခံအဖြစ်
ဆုံးဖြတ်ခွင့် မရှိပါဘူး ..

ဒါဟာ မှားယွင်းသောလုပ်ဆောင်မှု ..လူ့အခွင့်အရေးဖောက်ဖျက်မှု
တစ်ပါးသော တိုင်းရေးပြည်ရေးမှာ ၀င်ရောက် စွတ်ဖက်မှု ..
မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုး ..ဗုဒဘာသာ ..သံဃာတော်တွေကို ..
မျက်နှာပြောင်တိုက်ပြီး စော်ကားတဲ့ အပြုအမူပဲ ဖြစ်ပါတယ်

ဒီကိတ်စကို လုံးဝ မကျေနပ်ပါဘူး ..
မီဒီယာသည် မည်သူ့ကို မဆို .... ကိုယ်လိုရာဆွဲပြီး စော်ကားပိုင်ခွင့်အတွက်
ချွင်းချက်ရထားသော အဖွဲ့အစည်းတစ်ခု မဟုတ်ပါ..

ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ..ဓါတ်ပုံကို ယူငင် သုံးစွဲမှု
ကိုယ်လိုရာ စွဲချက်နဲ့ .. ခေါင်းစည်းတပ်ပြီး အသရေ ဖျက်မှု
တိုင်းပြည်တစ်ခု နဲ့ ဘာသာကြီးတစ်ခုကိုပါ ...တစ်ဖက်သက် အမြင်တွေနဲ့
စော်ကားမှုတွေအတွက် .....

Time မဂ္ဂဇင်းရဲ့ လုပ်ရပ်ကို အကြီးအကျယ် ကန့်ကွက် ရှုံ့ချပါတယ်..

ဒီလို စော်ကားခံခဲ့ရခြင်းအတွက် ... အာဏာပိုင်အဖွဲ့အစည်း
အစိုးရတာဝန်ရှိသူတွေမှလဲ Time မဂ္ဂဇင်းကို သတိပေး ကန့်ကွက်စေချင်ပါတယ်..

လူနေခြုံကြား စိတ်နေ ဘုံကြား ...
တိုင်းပြည်က ဘယ်လောက် အောက်တန်းကျခဲ့ ကျခဲ့ ...
မြန်မာလူမျိုးနဲ့ မြန်မာလူမျိုးတွေ အလေးထားကိုးကွယ်တဲ့ ဗုဒဘာသာကိုတော့
ဒီလို အသားလွတ် အစော်ကားမခံနိုင်ပါဘူး..

မိုးကောင်းတုန်းတော့ ရွာထားကြပါ...မင်းတို့ ဒီလိုဖော်ပြမှုအတွက်
ခွေးတွေက လေလည်သံလေးနဲ့ ၀မ်းသာကြပေမယ့်
ငါတို့စိတ်ထဲမှာတော့ .. ဒီတစ်သက် မကျေဘူး မှတ်ပါကွာ..

ဆရာ ကြယ်

ပုဂံအာနန္ဒာဘုရား ဆင်းတုတော်ရှေ့ ကြမ်းပြင်ဖောင်းကြွ လာခြင်းကို ရှေးဟောင်း သုတေသနမှ စောင့်ကြည့် လေ့လာခဲ့

AddThis Social Bookmark Button
6.20.18
ပုဂံ ရှေးဟောင်းနယ်မြေရှိ အာနန္ဒာဘုရား ဆင်းတုတော်ရှေ့ရှိ ကြမ်းခင်းကြွေပြား ဖောင်းကြွလာသည်ကို တွေ့ရစဉ်
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရား (အေဒီ၁၁ရာစု) အတွင်း လိုဏ်ပတ်လမ်း၊ အရှေ့ဘက် ဆင်းတုတော်ရှေ့ ကြွေပြားခင်းကြမ်းပြင် နေရာတချို့သည် သာမန် အနေအထားထက် ဖောင်းကြွလာသည့် အနေအထား ဖြစ်လာရာ ရှေးဟောင်း သုတေသနဌာနမှ စောင့်ကြည့်လေ့လာခဲ့ပြီး ဇွန် ၁၈ ရက် မွန်းလွဲပိုင်းတွင် ကြမ်းပြင်အား ဖယ်ခွာကြည့်ခဲ့ကြောင်း သတင်းရရှိသည်။
ဆင်းတုတော်ရှေ့ ကြမ်းပြင်အား ကြွေပြားများ ခင်းကျင်းခဲ့သည်မှာ မြန်မာသက္ကရာဇ် ၁၂၉၀ ခုနှစ် ၀န်းကျင်က ဖြစ်ကြောင်း၊ ဘုရားတွင်း အလှူမှတ်တမ်း တစ်ခုအရ ခန့်မှန်းရပြီး၊ အဆိုပါ ဆင်းတုတော်ရှေ့ ကြွေပြားများ နေရာတချို့ တစ်လက်မခန့် မျက်နှာပြင်ထက် ဖောင်းကြွ တက်နေသည်ကို ဇွန် ၁၅ ရက် နံနက်ပိုင်းက ဘုရားဝန်ထမ်း တစ်ဦးက စတင်ပြီး သတိထားမိခဲ့ကြောင်း၊ ထို့နောက် ပုဂံရှေးဟောင်း သုတေသနဌာနအား သတင်းပို့ခဲ့ရာ သုတေသန ဌာနမှ သုံးရက်ကြာ စောင့်ကြည့်ပြီးနောက် ကြမ်းပြင်အား ဖယ်ထုတ် လေ့လာခဲ့ကြောင်း သိရသည်။
''ကြွေပြားအောက်က ခင်းထားတဲ့ထုက ခြောက်လက်မလောက် ရှိတယ်။ အဲ့ဒီအောက်က အုတ်တွေရှိတယ်။ ခင်းတာ နှစ်ငါးဆယ် ခြောက်ဆယ် ရှိပြီဆိုတော့ မွကုန်တာ တွေ့ရတယ်။ ပြီးတော့ အဲ့ဒီတုန်းက မဖောက်ထုံးလို ပါခဲ့တဲ့အခါမှာ ခုမှတစ်နည်းနည်းနဲ့ ဖောက်သလို ဖြစ်သွားပြီး မွသွား ပွသွားပြီး ဗိုက်ဖောင်းသလို ဖြစ်သွားတဲ့အတွက် ခုလိုဖြစ်သွားတယ်လို့ ယူဆပါတယ်' ဟု လေ့လာကြည့်ရှုခဲ့သူ ရှေးဟောင်းဌာနမှ အရာရှိ တစ်ဦးက ပြောကြားသည်။
ဂေါပက အဖွဲ့မှ အဆိုပါ ကြမ်းပြင်အား အလေးဂရုပြု ပြန်လည်ပြုပြင်သွားမည် ဖြစ်ကြောင်း သိရသည်။ အာနန္ဒာဘုရားသည် ပုဂံခေတ်လက်ရာများတွင် အနုပညာလက်ရာ အမြောက်ဆုံး ဘုရားတစ်ဆူဖြစ်ပြီး ပြည်တွင်းပြည်ပ ဘုရားဖူး လေ့လာသူများနှင့် စည်ကားသည့် ဘုရားတစ်ဆူ ဖြစ်သည်။ အိန္ဒိယ နိုင်ငံမှ ပညာရှင်များနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသည့် ဘုရားတစ်ဆူဖြစ်ကြောင်း သတင်းရရှိသည်။http://www.news-eleven.com/local/mandalay-news-and-local/20283

သရုပ်ဆောင်မေဇွန်အား အလုပ်နှင့်ထောင်ဒဏ် ၉ နှစ် ၄ လချမှတ်

************************************
အိမ်အကူမလေး သေဆုံးမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခြင်း ခံထားရသည့် သရုပ်ဆောင် မေဇွန်အား ဇွန် ၂၀ ရက်က အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

သရုပ်ဆောင် မေဇွန်အား အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး (၃) မှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၉ နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်သုံးလနှင့် ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် ၁ လ တို့ကို သီးခြားကျခံစေရန်နှင့် ချုပ်ရက်ကို ထုတ်နုတ်ခံစားစေပြီး အယူခံဝင်ခွင့် ရှိကြောင်း ဇွန် ၂၀ ရက် မွန်းလွဲပိုင်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မေဇွန်မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ဗဟိုလမ်းတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက် ညက အိမ်ဖော်မလေးသေဆုံးမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုခံရခဲ့ရပြီး ဇွန် ၂၀ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မေဇွန်သည် ကျောင်းကိစ္စ အရေးကြီးသဖြင့် ခရီးထွက်စဉ် သော့မှာ ၎င်းနှင့်အတူ ပါသွားပြီး ယင်းသော့ကို မနုနုလွင်အား ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် အခန်းထဲတွင် သော့ခတ်ခံထားရကြောင်း ထင်ရှားခဲ့ပြီး...

အဆိုပါ ပြစ်ဒဏ်အပေါ် တရားခံ၏ ရှေ့နေဖြစ်သူ ဦးအောင်မြင့်က ''ဒီပြစ်ဒဏ်က ပြင်းထန်တယ်လို့ ထင်မိပါတယ်။ နောက်ပြီး မေဇွန်က ကျောင်းတက်နေဆဲ ကျောင်းသူဖြစ်ပြီး ငယ်ရွယ်တဲ့သူ ဖြစ်တာရယ်၊ အရင်က ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့ဖူးတာရယ်ကြောင့် ဒီပြစ်ဒဏ်အပေါ် သက်ညှာပေးဖို့ အယူခံ တက်သွားမှာပါ'' ဟု ဇွန် ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်က The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

သေဆုံးခဲ့သည့် မနုနုလွင်သည် နောက်စေ့၊ လက်မောင်း၊ ပခုံးတို့တွင် ဖူးယောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လက်ဖျံ၊ ညာလက်ကောက်ဝတ်နှင့် ၀ဲပါးစောင်းတွင် သွေးခြည်ဥသည့် ဒဏ်ရာများနှင့်တကွ အရေပြားတွင် အစင်းရာများ တွေ့ရှိခဲ့ကြောင်း၊ သေဆုံးပြီး ရင်ခွဲ စစ်ဆေးချက်အရ သေဆုံးသူသည် ရရှိသည့် ဒဏ်ရာများကြောင့် ကျောက်ကပ်ပျက်စီးပြီး ဇီဝကမ္မ ဖြစ်စဉ်အရ စိတ်ဓာတ်ကျဆင်း၍ သေဆုံးနိုင်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ဆေးစာတွင် ဖော်ပြချက်အရ စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါ တရားသူကြီးက ဆိုသည်။

အခြားအိမ်အကူဖြစ်သည့် မဇင်ဇင်ထိုက်၏ ထွက်ဆိုချက်အရ မေဇွန်သည် အိမ်အကူများအား မကြာခဏ နှိပ်စက်ခဲ့ကြောင်းနှင့် မေဇွန်သည် ကျောင်းကိစ္စ အရေးကြီးသဖြင့် ခရီးထွက်စဉ် သော့မှာ ၎င်းနှင့်အတူ ပါသွားပြီး ယင်းသော့ကို မနုနုလွင်အား ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် အခန်းထဲတွင် သော့ခတ်ခံထားရကြောင်း ထင်ရှားခဲ့ပြီး မေဇွန်နှိပ်စက်သဖြင့် သေဆုံးရခြင်းသာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသည်ဟု တရားသူကြီးက ပြောကြားခဲ့သည်။

ထို့ပြင် မေဇွန်မှာ စိတ်အလိုမကျပါက အိမ်ဖော်များအား ညှဉ်းပန်းနှိပ်စက်မှုများ ရှိကြောင်း၊ ပါးရိုက်ခြင်း၊ ဆံပင်ဆွဲဆောင့်၍ ကြမ်းပြင်၊ နံရံများဖြင့် ရိုက်ခြင်း၊ ပက်လက် လှန်ခိုင်းပြီး ဗိုက်ပေါ်သို့ တက်ခုန်ခြင်းများနှင့် အိမ်ဖော်များ အချင်းချင်း ကြက်မွေးဖြင့် ရိုက်ခိုင်းခြင်းများ ပြုလုပ်လေ့ ရှိသည်ဟု
ရဲစစ်ချက်များတွင် ဖော်ပြထားသည်။
_________________________

EMG ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

လပွတ္တ္တာမြို့၁ရပ်ကွက်သဃာန်းကြီးကားလမ်းသွားတံတားကြီးအနီးကွမ်းယာဆိုင်လေးကိုတိုက်မိပြိး ဒိန်းဒေါင်းတစီးလမ်းဘေးချောက်တွင်းထိုးကျ

ညနေ၅နာရီခန့်လပွတ္တ္တာမြို့၁ရပ်ကွက်သဃာန်းကြီးကားလမ်းသွားတံတားကြီးအနီးကွမ်းယာဆိုင်လေးကိုတိုက်မိပြိး ဒိန်းဒေါင်းတစီးလမ်းဘေးချောက်တွင်းထိုးကျသွားပါသည်ကားပေါ်ပါလာသူမိန်းမတယောက်မျက်နှာထိခိုက်သတိမကောင်းတကောင်းနှင့်နှလုံးသားကားအကူအညီနှင့်ဆေးရုံခေါ်သွားပါသည်ခင်ဗျားထို့ကြောင့်လည်းကောင်းတံတားအတက်မှာမြင့်မားသည့်အပြင်လမ်းကလဲအတန်ငယ်ကျဉ်းပါသဖြင့်ရပ်ကွက်နေပြည်သူများကျောင်းသားကျောင်းသူလေးများယာဉ်အန္တယ်စီုးရိမ်ရပါသဖြင့်ကောင်းမွန်သော်လမ်း,တံတားဖြစ်စေရန်သက်ဆိုင်ရာလူကြီးမင်းများအားပန်ကြားအပ်ပါသည်ခင်ဗျား