This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, December 29, 2013

ဦးလေးဖြစ်သူက အသက် ခုနစ်နှစ်နှင့်လေးနှစ် အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့်................................









ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အသက် ခုနစ်နှစ်နှင့် လေးနှစ်အရွယ် သာရှိကြသည့် ကလေးငယ်နှစ်ဦးကို ဦးလေး
တော်စပ်သူက သားမယားဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီခွဲက အမှုဖွင့်
တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ် ရပ်ကွက်တစခုတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မိခင်က အမှု
ဖွင့်တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။

၎င်းကို အသိမိတ်ဆွေ အမျိုးသမီးတစ်ဦးက သမီးငယ်လေး၏ မိန်းမကိုယ်တွင် ဖူးရောင် စုတ်ပြဲကာ ပြည် ပုပ်
များဖြစ်နေကြောင်း ပြောပြရာမှ စတင်သိရှိခဲ့ရသည်ဟုလည်း ရဲအားထွက်ဆိုထားသည်။

ထို့ကြောင့် နေအိမ်သို့ ပြန်ပြီးခုနစ်နှစ်ရှစ်လရှိ နှစ်တန်းကျောင်းသူသမီးနှင့် အသက်လေးနှစ်ခြောက်လရှိ သ
မီးငယ်တို့ကို ချော့မော့မေးမြန်းခဲ့ရသည်ဟုလည်း ဆိုထားသည်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦးအား လွန်ခဲ့သော တစ်လကျော်ခန့် (ရက်မမှတ်မိ)က တစ်အိမ်တည်းအတူနေ ဦး
လေးတော်စပ်သူ ၁၆ နှစ်က ရက်ခြား၍ သားမယားအဖြစ် တစ်ကြိမ်စီပြုကျင့်ခဲ့သည်ကို ပြောပြကြ သည်
ဟုလည်း မိခင်ဖြစ်သူက အမှုဖွင့်ရာတွင် ထည့်သွင်းပြောကြားထားသည်။

ထို့ကြောင့် သမီးငယ်နှစ်ဦးအား သားမယားပြုကျင့်သည့် မောင်တော်စပ်သူကို အရေးယူပေးရန် ကလေး
မိခင်က အမှုဖွင့်တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ထို့အတွက် ဒဂုံဆိပ်ကမ်း ရဲစခန်းက (ပ)၄၃၆/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အရေးယူရန် တိုင်
တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

ထို့ပြင် အသက်သုံးနှစ်သာ ရှိသေးသော ကလေးငယ်ကို ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးက သားမယား ပြု
ကျင့်ရန်ကြံစည်သည်ဟု ဒီဇင်ဘာ ၂၅ ရက်တွင် အမှုဖွင့်တိုင်ကြားထားသည်။

ယင်းတိုင်ကြားမှုကို လည်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နယ်မြေ ရဲစခန်းက (ပ)၄၆၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး
ပြစ်မှုကျူးလွန် သူအဖြစ် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်
ပြန်ထား သည်။

ယင်းသို့သော အရွယ်မရောက်သေးသည့် ကလေးငယ်လေးများ အဓမ္မပြုကျင့်ခံနေရခြင်းများမှ ကာ ကွယ်နိုင်
ရန် ထိရောက်ဟန့်တားနိုင်သည့် ပြစ်ဒဏ်များ ပြင်ဆင်ဖြည့်စွက်ပေးရန် လွှတ်တော်တွင် နှစ် ကြိမ်တိုင်တိုင်
အဆိုတင်သွင်းမှုများ ရှိခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

ထို့ပြင် မြန်မာပြည်တွင် အမျိုးသမီးများနှင့်ပတ်သက်၍ ပြဋ္ဌာန်းပေးထားသည့် ဥပဒေများမှာလည်း နိုင်ငံ တ
ကာစံနှုန်းဖြစ်သည့် အမျိုးသမီးများ အကြမ်းဖက်ခံရပါက လုံးဝသီးခံစရာမလိုဟုဆိုသော(ZeroTalerance)
ပေါ်လစီဖြင့် ကိုက်ညီမှုမရှိသည့်အတွက် ပြင်ဆင်ရန် လိုအပ်နေသေးသည်ဟု သုံးသပ်မှု များရှိနေသည်။

From: Mizzima

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဦးလေးဖြစ်သူက အသက် ခုနစ်နှစ်နှင့်လေးနှစ် အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့် http://www.simon-vlog.com/2013/12/blog-post_1146.html#ixzz2ood1KoJ5
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

တရုတ် အလုပ်ကြမ်းစခန်းနဲ့ တစ်အိမ်ထောင်ကလေးတစ်ဦးစနစ် တရားဝင် ဖျက်သိမ်း .............................

တရုတ်နိုင်ငံမှာ အငြင်းပွားဖွယ် ပြန်လည်ပညာပေး ရဲဘက်စခန်းတွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ တအိမ်ထောင် ကလေးတစ်ယောက်စနစ် တို့ကို ဖျက်သိမ်းဖို့ အမျိုးသားလွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

အထက်အလိုကျ လိုက်နာဆောင်ရွက်နေရတဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီရဲ့ စနေနေ့က ဒီ ဆုံးဖြတ်ချက်ဟာ နိုဝင်ဘာလက တရုတ် ကွန်မြူနစ်ပါတီရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်တယ်လို့ ရှင်ဟွာသတင်းဌာနက ရေးသားပါတယ်။

အလုပ်ကြမ်းစခန်းကလူတွေအားလုံးဟာ စနေနေ့ကစပြီး လွတ်မြောက် လာကြတော့မှာ ဖြစ်ပေမယ့် ဒီစနစ်ကိုဖျက်သိမ်းလိုက်တာဟာ သူတို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ရုပ်သိမ်းလိုက်တာ မဟုတ်ဘူးလို့လည်း ဖော်ပြပါတယ်။ ဒါဟာ ထိန်းသိမ်းခံခဲ့ရသူတွေက နစ်နာမှုနဲ့ ပြန်လည် တရားစွဲလာမှာကို ကာကွယ်ထားတာဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။

နာမည်ဆိုးတဲ့ ဒီပညာပေးစခန်းတွေမှာ ပြစ်မှုကျူးလွန်တယ်လို့ ဆိုသူတွေကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ရဲက (၄) နှစ်အထိ ချုပ်ထားနိုင်ခဲ့ပါတယ်။ လူပေါင်း (၁) သိန်း၊ (၉) သောင်းလောက်ကို ထိန်းသိမ်းထားခဲ့တဲ့ ဒီ ရဲဘက်စခန်းတွေကို ဘာနဲ့အစားထိုးလာမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တခါ မိဘတစ်ပါးပါးဟာ သူကိုယ်တိုင် တစ်ဦးတည်းသောကလေး ဖြစ်ခဲ့တယ်ဆိုရင် သူ့အိမ်ထောင်မှာ ကလေး နှစ်ဦး ယူခွင့်ရှိတယ်လို့လည်း အမြဲတမ်းကော်မတီက ပြဌာန်းလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Thit Htoo Lwin - World News

မည်သို့ပင်ဆိုစေ NLD ၂ဝ၁၅ ရွေးကောက်ပွဲဝင်မည် ...................

Saturday, December 28, 2013
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း NLD မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ယနေ့ မွန်းလွဲ တော်ဝင်နှင်းဆီတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ပြောဆိုသည်။ 


NLD သည် ပြိုင်ဖက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နှလုံးရည် အရ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်မည်ဖြစ်ကြောင်း၊ NLD အနေနှင့် ပုဒ်မ ၅၉ စ လုံးအပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပြင်ဆင်လိုသော အချက် ၁၆၈ ချက်ရှိကြောင်း ယနေ့ ထုတ်ပြန်ပြောဆိုသည်။ 





Samsung Galaxy Note 3 အတွက် ကြိုးမလိုဘဲအားသွင်းနိုင်မဲ့ S-View Flip Cover တစ်မျိုးကို Samsung ကရောင်းချ....................




Galaxy Note 3 အတွက်ကြိုးမလိုဘဲအားသွင်းလို့ရတဲ့ S-View Flip Cover တစ်မျိုးကို Samsung က အမေရိကန်ဒေါ်လာ ၆၉.၉၉ နဲ့စတင်ရောင်းချနေ ပြီဖြစ်ကြောင်း Cnet ကသတင်းအရသိရသည်။

S View ဆိုတာကအခြားမဟုတ်ဘူး။Cover ဖြစ်ပြီးအဖုံးဖွင့်လိုက်ရင် Home Screen တန်းကျလာ မှာဖြစ်လို့တကူးတကသွားဖွင့်စရာမလိုပါဘူး။

အဆိုပါ S-View Flip Cover ကို Polyurethane Leather နဲ့ပြုလုပ်ထားပြီး Samsung ရဲ့ Wireless Charging Pad နဲ့အသုံးပြုနိုင်ရုံသာမက အခြားသော Qi အဆင့်မှီပြီး အရည်အသွေးပြည့်ဝတဲ့ Wireless Charging Pad တွေနဲ့တွဲပြီးအား သွင်းလို့ရပါတယ်။

အဖြူနဲ့အနက်နှစ်မျိုး ထုတ်ထားပြီးဝယ်ယူချင်တဲ့ဆိုရင် Smasung Online Store (US) မှာစတင်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

Ref: Cnet

ဦးခင်ညွှန့်ကို နိုင်ငံရေး မလုပ်ဖို့ အလိုတော်ပြည့် ဆရာတော်က သတိပေး ဟုဆို.....................................









စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကို နိုင်ငံရေးမလုပ်ဖို့ အလိုတော်ပြည့်ဆရာတော်
က ပြင်းပြင်းထန်ထန်သတိပေးစကား မိန့်ကြားခဲ့တယ်လို့ သံတော်ဆင့် သတင်းတပုဒ်က ဆိုပါတယ်။


အလိုတော်ပြည့်ဆရာတော်က ဦးခင်ညွှန့်ကို ဘာသာရေး လုပ်မယ်ဆို ဘာသာရေးကိုပဲ လုပ်ဖို့ အခု
နိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်ပတ်သက်မယ်ဆိုရင် အားမပေးဘူးလို့ မိန့်ကြားခဲ့တယ်လို့ မြန်မာ
သံတော်ဆင့်က ဖော်ပြထားပါတယ်။

ဧရာဝတီနဲ့ ဦးခင်ညွှန့် မေးမြန်းခန်း မှာလည်း နိုင်ငံရေး မလုပ်ဘူး ဆိုတဲ့ အကြောင်း ၃ ကြိမ်တောင်
ပြောခဲ့ပါ တယ်။ ဒါပေမယ့် တိုင်းပြည် ငြိမ်းချမ်းသာယာရေးအတွက် ဦးခင်ညွှန့်အမျိုးသား နိုင်ငံရေး
လုပ်မှာဖြစ်တယ် လို့ ပြောခဲ့ဖူးပါတယ်။

အလိုတော်ပြည့်ဆရာတော်ဟာ စစ်အစိုးရလက်ထက်တွေတုန်းက ဦးခင်ညွှန့်နဲ့ ဆရာတပည့်ရယ်လို့
လူတွေ က ပြောခဲ့ကြတာပါ။ ဒီအပြင် အခြား စစ်အစိုးရ ခေါင်းဆောင်တွေကလည်း ဆရာတော်ကို
မကြာခဏ ဖူးမျှော်ပူဇော်တာတွေ ရှိခဲ့တာပါ။


ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မကြာခဏဆိုသလို အလိုတော်ပြည့် ဆရာတော်ဆီ
သွားရောက် ဖူးမျော်တာတွေလည်း ရှိခဲ့ပါတယ်။

ဦးခင်ညွှန့်အနေနဲ့ နေအိမ်အကျယ်ချုပ်ကလွတ်လာပြီးနောက်ပိုင်း တကြော့ပြန် ရုပ်/သံ လူမြင်ကွင်း
မှာတော့ သူရ ဦးရွှေမန်းနဲ့အတူ ပထမ ပြန်လည် ပေါ်ထွက်လာခဲ့ပြီးနောက်ပိုင်း မီဒီယာတွေနဲ့ ထိ
တွေ့မှုတွေကိုတော့ အတော်သတိထားခဲ့တာပါ။

လူပြောအများဆုံး ဖြစ်ခဲ့တာကတော့ ဦးမြတ်ခိုင် ရေးသားထုတ်ဝေတဲ့ ဦးခင်ညွန့်နဲ့ အင်တာဗျူး စာ
အုပ် မိတ်ဆက်ပွဲတုန်းကတော့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်အကျဉ်း
သားတွေ သာ ဖြစ်တယ်လို့ ပြောဆိုခဲ့မှုဟာ အတော်ပွဲဆူသွားစေခဲ့တာပါ။

အဲဒီလိုတွေ ပြောဆိုခဲ့ပြီးနောက်ပိုင်းမှ အခုလို အလိုတော်ပြည့်ဆရာတော်က ဦးခင်ညွှန့်ကို မြန်မာ့
နိုင်ငံရေး အခင်းအကျင်းမှာ မပါဖို့ သတိပေး ဟန့်တားတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

အခုလို အလိုတော်ပြည့်ဆရာတော်ရဲ့ သတိပေး ဟန့်တားမှုရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်း
တွေ ရှိ နေတယ်ဆိုတာတော့ သိသူ အတော်နည်းမယ်လို့ ထင်ပါတယ်။

လင်းသန့် ~

The Irrawaddy's Blog by အိမ့်သံစဉ်

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဦးခင်ညွှန့်ကို နိုင်ငံရေး မလုပ်ဖို့ အလိုတော်ပြည့် ဆရာတော်က သတိပေး ဟုဆို http://www.simon-vlog.com/2013/12/blog-post_6420.html#ixzz2ooVYvWdn
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ရှဥ့်နီတို့ရဲ့  မွေးစားခြင်းဓလေ့.......................

ရှဥ့်နီတို့ရဲ့  မွေးစားခြင်းဓလေ့ အာရှနဲ့ ဥရောပမှာ အများဆုံး တွေ့ရတတ်တဲ့ ရှဥ့်တွေထဲမှာ ရှဥ့်နီက အထူးခြားဆုံးပဲ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ သူတို့ဟာ အစွန့်ပစ်ခံထားရတဲ့ ရှဥ့်ကလေးငယ် များ ကို ပြန်လည်မွေးစားတတ်ခြင်း ဖြစ်ပါတယ်။ မိခင်သေဆုံးလို့ ဖြစ်စေ၊ အကြောင်း အမျိုးမျိုးကြောင့် ပြုစုစောင့်ရှောင့်မယ့် ရှဥ့်အဖေ၊အမေ မရှိတော့ ရင် ယင်း အရွယ်ရောကပြီး ရှဥ့်နီ အမနဲ့ အထီးများဟာ ပြန် လည် မွေးစားလေ့ ရှိပါတယ်။ ယခုလို ပြန်လည်မွေးစားတဲ့ အလေ့အထဟာ ရှဥ့်နီတိုင်းမှာ ရှိနေပြီး လူတွေလိုပဲ ရင်းရင်းနှီးနှီး နွေးထွေးစွာ နေထိုင်တတ်တဲ့ တိရစ္ဆာန် များ ဖြစ်ပါတယ်။ -- Ref: dknowfacts အောင်ခမ်း ( ရိုးရာလေး ) http://www.yoyarlay.com/entertainment/123-discovery/39460-red-big-mouse .