Sunday, December 29, 2013

ဦးခင်ညွှန့်ကို နိုင်ငံရေး မလုပ်ဖို့ အလိုတော်ပြည့် ဆရာတော်က သတိပေး ဟုဆို.....................................









စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်ကို နိုင်ငံရေးမလုပ်ဖို့ အလိုတော်ပြည့်ဆရာတော်
က ပြင်းပြင်းထန်ထန်သတိပေးစကား မိန့်ကြားခဲ့တယ်လို့ သံတော်ဆင့် သတင်းတပုဒ်က ဆိုပါတယ်။


အလိုတော်ပြည့်ဆရာတော်က ဦးခင်ညွှန့်ကို ဘာသာရေး လုပ်မယ်ဆို ဘာသာရေးကိုပဲ လုပ်ဖို့ အခု
နိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်ပတ်သက်မယ်ဆိုရင် အားမပေးဘူးလို့ မိန့်ကြားခဲ့တယ်လို့ မြန်မာ
သံတော်ဆင့်က ဖော်ပြထားပါတယ်။

ဧရာဝတီနဲ့ ဦးခင်ညွှန့် မေးမြန်းခန်း မှာလည်း နိုင်ငံရေး မလုပ်ဘူး ဆိုတဲ့ အကြောင်း ၃ ကြိမ်တောင်
ပြောခဲ့ပါ တယ်။ ဒါပေမယ့် တိုင်းပြည် ငြိမ်းချမ်းသာယာရေးအတွက် ဦးခင်ညွှန့်အမျိုးသား နိုင်ငံရေး
လုပ်မှာဖြစ်တယ် လို့ ပြောခဲ့ဖူးပါတယ်။

အလိုတော်ပြည့်ဆရာတော်ဟာ စစ်အစိုးရလက်ထက်တွေတုန်းက ဦးခင်ညွှန့်နဲ့ ဆရာတပည့်ရယ်လို့
လူတွေ က ပြောခဲ့ကြတာပါ။ ဒီအပြင် အခြား စစ်အစိုးရ ခေါင်းဆောင်တွေကလည်း ဆရာတော်ကို
မကြာခဏ ဖူးမျှော်ပူဇော်တာတွေ ရှိခဲ့တာပါ။


ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မကြာခဏဆိုသလို အလိုတော်ပြည့် ဆရာတော်ဆီ
သွားရောက် ဖူးမျော်တာတွေလည်း ရှိခဲ့ပါတယ်။

ဦးခင်ညွှန့်အနေနဲ့ နေအိမ်အကျယ်ချုပ်ကလွတ်လာပြီးနောက်ပိုင်း တကြော့ပြန် ရုပ်/သံ လူမြင်ကွင်း
မှာတော့ သူရ ဦးရွှေမန်းနဲ့အတူ ပထမ ပြန်လည် ပေါ်ထွက်လာခဲ့ပြီးနောက်ပိုင်း မီဒီယာတွေနဲ့ ထိ
တွေ့မှုတွေကိုတော့ အတော်သတိထားခဲ့တာပါ။

လူပြောအများဆုံး ဖြစ်ခဲ့တာကတော့ ဦးမြတ်ခိုင် ရေးသားထုတ်ဝေတဲ့ ဦးခင်ညွန့်နဲ့ အင်တာဗျူး စာ
အုပ် မိတ်ဆက်ပွဲတုန်းကတော့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်အကျဉ်း
သားတွေ သာ ဖြစ်တယ်လို့ ပြောဆိုခဲ့မှုဟာ အတော်ပွဲဆူသွားစေခဲ့တာပါ။

အဲဒီလိုတွေ ပြောဆိုခဲ့ပြီးနောက်ပိုင်းမှ အခုလို အလိုတော်ပြည့်ဆရာတော်က ဦးခင်ညွှန့်ကို မြန်မာ့
နိုင်ငံရေး အခင်းအကျင်းမှာ မပါဖို့ သတိပေး ဟန့်တားတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

အခုလို အလိုတော်ပြည့်ဆရာတော်ရဲ့ သတိပေး ဟန့်တားမှုရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်း
တွေ ရှိ နေတယ်ဆိုတာတော့ သိသူ အတော်နည်းမယ်လို့ ထင်ပါတယ်။

လင်းသန့် ~

The Irrawaddy's Blog by အိမ့်သံစဉ်

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဦးခင်ညွှန့်ကို နိုင်ငံရေး မလုပ်ဖို့ အလိုတော်ပြည့် ဆရာတော်က သတိပေး ဟုဆို http://www.simon-vlog.com/2013/12/blog-post_6420.html#ixzz2ooVYvWdn
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

0 ကွန်မန့်ရေးရန်:

Post a Comment