This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 21, 2014

ကမ္ဘာကျော် ဘောလုံး သမား ၁၀ ဦး ၏ အိမ်များ ..........................


ဘောလုံး ၁လုံး ဟာ လူတစ်ယောက်ရဲ့ အိမ်၊ ဇိမ်ခံအခန်း၊ ရေကူးကန် ကိုပြောင်းလည်း ပေး နိုင်သလို၊ ကြိုက်ရာ Design အမျိုးမျိုးကို လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ လာမယ့် ရက် ပေါင်း ၄၀ အတွင်း ၂၀၁၄ ကမ္ဘာ့ ဖလား  သတင်းဟာ မီဒီရာ တခွင် လုံးကို လွမ်းမိုး အုံးမှာ ဖြစ်တယ်ဆိုတော့် ရွှေပရိတ်သတ်များ
အတွက် ကမ္ဘာ့ နံမည်ကြီး ဘောလုံး သမား ၁၀ ဦးရဲ့ စံအိမ်နဲ့ တန်ဖိုးကို မြန်မာ House မှတင်ပြလိုက်ပါတယ်။

ဝိန်ရိုးနီ: Wayne Ronney
အင်္ဂလန်အသင်း
 
© Shutterstock
ရိုးနီ နဲ့ သူ့ရဲ့အမျိုးသမီး ကိုယ်လ်လင်း ဟာ ချယ်လ်ချာ မြို့ရှိ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၀ တန်ဖိုးရှိတဲ့ စံအိမ်မှာ နေထိုင်ပါတယ်။ ခြံအကျယ် အ၀န်းက ၂၀ ဧကရှိ ပြီး အိမ် အတွင်း ရုပ်ရှင်ရုံ၊ ဘားခန်း များ ပါဝင်ပြီး ၊ အိမ် ရှေ့ အ၀င်ဝမှာ မှန်လုံကျမ်းပြင်နဲ့  ခင်း ထားပါတယ်။  ပင်လယ်သဘာဝအလှ တရားကို ရှုစားတတ်တဲ့  ရိုးနီ နဲ့ ကိုယ်လ်လင်း ဟာ တောင်အမေရိက ကရေးဘီး မှ ဘားဘာဒေါ့စ်ဆိုတဲ့ ကျွန်းမှာ အပန်းဖြေစခန်း တခု ကို ၀ယ်ထားပြီး အားလပ်ရက်အတွင်း သူ့တို့ ရဲ့သားဦး Kai နဲ့ အပန်းဖြေလေ့ရှိပါတယ်။

နေမာ ဒါ ဆေးဘာ :Neymar da Silva
ဘရာဇီး အသင်း Brazil
အသက်က တော့် ၂၂ သာရှိပေမယ့် ရင်းနှီးမြုပ်နှံမှုမှာ စိတ်ဝင်စားတဲ့ နေမာ ကတော့် အိမ်ခြံမြေခြံ လုပ်ငန်းကိစ္စမှာ အစု ရှယ်ရာတော်တော် ထည့်ထားပါတယ်။ ဘရာဇီး နိုင်ငံ ဆန်ပေါလို မှာ ဒေါ်လာ ၇၆၀၀၀၀ တန် သုံးထပ် တိုက်ခန်းကို ပိုင်ဆိုင်ထားပြီး သန်းပေါင်း ၂ သန်းတန်ဖိုး ရှိတဲ့ အိမ်ကိုလည်း ရင်းနှီးမြုပ်နှံထားပါတယ်။ FC Barcelona အတွက် ကစားပေး တဲ့  နေမာ ဟာ Pedralbes ဆိုတဲ့ အပန်းဖြေစခန်းကို တလ ဒေါ်လာ ၂၄၀၀၀ နဲ့ ဌားရန်းပေးနေ တယ်လို့လည်းကြားရပါတယ်။

မာရီရို ဗာလိုတဲလီ : Mario Balotelli
အီတလီအသင်း


ဒီ မန်ချက်စ်စ္စတာ မင်းသား ကတော့်  Alderley Edge အတွင်းရှိ သူ့ရဲ့ ၄ ခန်းပါ တိုက်ခန်းကို တစ်လ ဒေါ်လာ ၂၃၀၀၀ နဲ့ အဌား ရင်းနှီးမြုပ်နှံနေပါတယ်။ တိုက်ခန်း ဒီဇိုင်းလ်က တော့် အခန်းတွင်း ရေနွေးငွေ့  အပူပေး ရေကူးကန် နဲ့ အလွယ်တကူ ပြောင်းရွှေ့  နိုင်တဲ့ အားကစားခန်း ကို ဖွင့်ထားပါတယ်။ နမော်နမဲ့ ဖြစ်တတ်တဲ့  ဗာလိုတဲလီ ဟာ 2011  ချယ်လ်ချာ မှာ ရှိတဲ့ သူ့ ရဲ့ စံအိမ်ကို ပြာကျ နီးပါး   မီးလောင်မှ ကိစ္စနဲ့ ရင်ဆိုင်ခဲ့ပါတယ်။  

 ဇလန်တန် အီဘရာဟင်အိုဗစ် : Zlatan Ibrahimovic
ဆွီဒင် အသင်း


Paris Saint-Germain နဲ့  ပြင်သစ် အသင်း ကိုဝင်ပြီးနောက် အီဘရာဟင်အိုဗစ် ဟာ ပြင်သစ်နိုင်ငံ Versailles မြို့ရှိ ဒေါ်လာ ၅၄၀၀၀ တန် တိုက်ခန်း ကိုပြောင်းသွားပါတယ်။ ဆွီဒင် နည်းပြဖြစ်တဲ့ Ibrahimovic ဟာဆွီဒင် နိုင်ငံ က သူ့ရဲ့ ၅ ခန်းတွဲပါတဲ့ အခန်းကို ယမန် နှစ်က ရောင်းလိုက်ပါတယ်။ နေ စရာမလိုတဲ့ အတွက်ကြောင့် ရောင်းလိုက်တာဖြစ်ကြောင်း ဒေသခံ မီဒီရာဖြစ်တဲ့ The Local မှပြောကြားသွားပါတယ်။  နံမည်ကြီးဖြစ်သည့်  Ibrahimovic ဟာ ဆွီဒင်က  ကမ္ဘာ့ဖလားမှာ ခြေဆင့် မမီ တာကြောင့်  မပါဝင်နိုင်ပါဘူး။





 လီယိုနီ မစ်စ်ဆီ : Lionel Messi
အာဂျင်တီးနာ အသင်း


လေးကြိမ်မြောက် Ballon d’Or အောင်ပွဲခံ မစ်စ်ဆီ ကတော့် သူ့ရဲ့ အိမ်ကို တော်တော်လေး ထူးဆန်း စွာနဲ့ ဆောက်ထားပါတယ်။ အိမ်လေးကတော့် ဘောလုံး နှင့် ဘောလုံးကွင်းပုံ သဏ္ဍန် ဖြစ်ပြီး စပိန် ဗိသုကာပညာရှင် Luis de Garrido  ကဆောက်ထားတာဖြစ်ပါတယ်။   Barcelona မျိုးဖြင့် ဆောက်ထားတာဖြစ်ပါတယ်။ စပိန်နိုင်ငံ Barcelona မှာဆောက်ထားတာဖြစ်ပါတယ်။

ခရစ်စရာနို ရိုနာဒို :Cristiano Ronaldo
ပေါ်တူဂီ သင်း

ရိုနာဒို ရဲ့ မာဒရစ် ရှိ ၇ ခန်း တွဲ တိုက်ခန်း နဲ့ ၊ ၈ခန်းတွဲ ရေချိုးခန်း တွဲ ဟာ ၇.၂ သန်း တန်ဖိုးရှိပါတယ်။ ဒါပေမယ့် ဒီတန်ဖိုး ဟာ သူ့ရဲ့ ၁နှစ် စာ ၀င်ငွေ ဖြစ်တဲ့ ၂၈ သန်း  ရဲ့ ၁/၄ ပုံသာရှိပါတယ်။ အိမ်ရဲ့ အခန်းထဲမှာတော့် သူ့ ရဲ့ ဒိုင်း အနိုင်ဆုတွေကို ပြထားပါတယ်။

ဒေးဗစ် ဘက်ဟန် : David Beckham
အင်္ဂလန် အသင်း


Hertfordshire  အားကစားဟောင်း ဒေးဗစ် ဗက်ဟန် ဟာ ကမ္ဘာ့ဘောလုံးသမား မျာမှာဆိုရင်  နံ အကြီး ဆုံးလို့ပြောလို့ ရပါတယ်။ နံမည်ကြီး လောက်အောင်လည်း သူ့ဆီမှာ ကိုယ်ပိုင် Wikipedia ရှိပါတယ်။ ဗက်ဟန် နဲ့ သူ့အမျိုးသမီး Posh Spice ဟာ ၁၉၉၉ မှာ သန်းပေါင်း ၄ သန်းတန် အိမ်ကို ၀ယ်ခဲ့ပါတယ်။ အားကစားလုပ်ငန်းကြောင့် ပြောင်းရွေ့ ရတဲ့ ဒေးဗစ် ဟာ Madrid မျာ ၇.၅ သန်း တန်ဖိုးရှိတဲ့ အိမ်ကို လည်း ၀ယ်ခဲ့ပါတယ်။ ထို့နောက် အမေရိကန် ကယ်လီဖိုးနယားပြည်နယ် Beverly Hill မှာလည်း ၂၂ သန်းတန်ဖိုးရှိတဲ့ ၅ ခန်း တွဲ နဲ့ ၆ ခန်းတွဲပါတဲ့ အိမ် ကိုဝယ်ခဲ့ပါတယ်။ ဒီနှစ် အတွင်း ဒေးဗစ် တို့လျင်မယား ဟာ သူတို့ရဲ့ Beckingham နန်းတော်ကို ရောင်းပြီး ၆၇ သန်းတန်ဖိုးရှိတဲ့ အိမ်ကို လန်ဒန်မှာ ၀ယ်ခဲ့ပါတယ်။

တယ်ရီ ဟင်နရီ: Thierry Henry
ပြင်သစ်အသင်း

ပြင်သစ် နံမည်ကြီး တယ်ရီ ဟင်နရီ ကတော့် လန်ဒန်မြို့ Hampstead ရှိ ၁၀ သန်း တန်ဖိုးရှိတဲ့ ကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒါ့အပြင် ၁၅ သန်း တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ်ကို နယူးယောက် မှာဝယ်ထားပါတယ်။  သတင်း ကိုးကားချက်အရ နယူးယောက်မြို့မှာ ရှိတဲ့ သူ့ရဲ့ အိမ်ဟာ ၅၆၀၇ ပေပတ်လည်ရှိပြီး အပေါ် မျက်နံ ကြက်မှာပြူတင်းပေါက်များဖြင့် ကာထားပါတယ်။ အိမ်အတွင်းပိုင်းမှာတော့် မီဒီယာ အခန်း နဲ့ outdoor space လို့ခေါ်တဲ့  အပြင်ပိုင်းဆိုင် ရာ နေရာခင်းကျင်းမှုများရှိပါတယ်။ ဟင်နရီ ဟာ လန်ဒန်မှာရှိတဲ့သူ့ရဲ့ အိမ်ဟောင်းကိုလည်း ဆက်လက်ပြီး ပေ ၄၀ အထိ ချဲ့ထွင်ပြီး ငါးကန် တခုကိုလည်း ဆောက်မယ်လို့ပြောပါတယ်။  ကုန်ကျစရိတ်ကတော့် ဒေါ်လာ ၄၂၀၀၀၀ ကုန်ကျမယ်လို့သတင်းရရှိထားပါတယ်။

ဂါရက်စ် ဘေးလ် : Gareth Bale
ဝေးလ် အသင်း


Welsh အသင်းကတော့် ဒီတနှစ် ကမ္ဘာ့ဖလားမှာ မပါဝင် နိုင်ပေမယ့်လည်း ဂါရက်စ် ကတော့ သူ့ရဲ့ စပိန် အပန်းဖြေစခန်းကနေ ကမ္ဘာ့ဖလားကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ အိမ် ခြံမြေဟာ အဌားတနှ်ဖိုးအားဖြင့် ဒေါ်လာ ၁၇၀၀၀ ရှိပြီး အိမ်အတွင်း ကား ၆စီး ဆန့် ကား ဂိုဒေါင် နှင့် ရေကူးကန်၊ အားကစားခန်းများကို တပ်ဆင်ထားပါတယ်။

ဂယ်ရီ နယ်ဗီ  : Gary Neville
အင်္ဂလန် အသင်း


အနားယူသွားတဲ့ နယ်ဗီ ဟာ လောလောဆယ်မှာတော့် အင်္ဂလန် ဘောလုံးအသင်းကိုနည်းပြ လုပ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်အတွင်း နယ်ဗီဟာ သူ့ရဲ့ ၈ ခန်းတွဲ မြေအောက် အိမ်ကို ဆောက်ဖို့စီစဉ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရှုတ်အထွေးများတော်တော်ရှိခဲ့ပါတယ်။ အစိုးရ ရဲ့ခွင့်ပြုချက်ကို ရဖို့အတိုက်အခံတော်တော်လုပ်ခဲ့ရပါတယ်။ သဘာဝပတ်ဝန်းကျင်ကို လေးစားတဲ့ နယ်ဗီဟာ သူ့ရဲ့လက်ရှိ အိမ်ကို မွမ်းမံပြင်ဆင် ရင် ကောင်းမလား သို့မဟုတ် မြေအောက်အိမ် ပိုင်းကို အကောင် ထည် ဖြစ်အောင် လုပ်မလားဆိုတာ စဉ်းစားဆင်ခြင်နေပါသေးတယ်။

မဟာသန္တိသုခကျောင်းမှ သံဃာတော်များကို တရားရုံးထုတ်မြင်ကွင်း (၂)

Friday, June 20, 2014

~


မဟာသန္တိသုခကျောင်းမှ သံဃာတော်များကို ဇွန်လ(၂၀)ရက်နေ့နံနက်ပိုင်းက ရန်ကုန်၊ တာမွေမြို့နယ် တရားရုံးသို့ ပို့ဆောင် စစ်ဆေးခဲ့ရာ ဆရာတော်သံဃာတော်များနှင့် ဒယကာ ၊ ဒယကာမများ လာရောက် စောင့်ကြိုခဲ့ကြသည်။  (ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)


 


Ooredoo မြန်မာနဲ့ Samsung ပေါင်းပြီး အင်တာနက်ဝန်ဆောင်မှုပေးမယ်..............

Friday, June 20, 2014





Ooredoo မြန်မာက မြန်မာပြည်ဈေးကွက်အတွက် စမတ်ဖုန်းလောက ထိပ်သီးကုမ္ပဏီကြီးတခုနဲ့ စာချုပ် ချုပ်လိုက်ကြောင်း ဒီကနေ့ သတင်းထုတ်ပြပါတယ်။

အဲဒါကတော့ Samsung ပါပဲ။

ထုတ်ပြန်ချက် အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။


  •   ရန်ကုန်မှာ တွေ့ရတဲ့  Ooredoo ရဲ့ မိတ်ဆက်ပွဲတခု မြင်ကွင်း (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

Ooredoo နှင့် Samsung တို့ မြန်မာပြည် တွင် မိုဘိုင်း အင်တာနက် ၀န်ဆောင်မှုများ ပေးအပ်ရန် ပူးပေါင်း ဆောင်ရွက်ကြမည်။

အကျိုးတူ  ပူးပေါင်း ဆောင်ရွက်မှုကြောင့် ကုန်ကျ စားရိတ် သက်သာသော မိုဘိုင်း အင်တာနက် အသုံးပြုမှုများ ပိုမို တိုးတက် များပြားစေ

ရန်ကုန်၊ မြန်မာ။

Ooredoo မြန်မာ၏ ဆင်းမ်ကဒ်များ စတင် အသုံးပြု၍ ရသည့် အချိန်မှ စပြီး မြန်ဆန် သွက်လက်သော ကုန်ကျ စားရိတ် သက်သာ သည့် မိုဘိုင်းအင်တာနက်  ၀န်ဆောင်မှုများ ပေးဆပ်နိုင်ရန် အတွက် နည်းပညာ ကုမ္ပဏီကြီး Samsung နှင့် နားလည်မှု သ၀ဏ်လွှာ ယနေ့ လက်မှတ် ရေးထိုး လိုက်ပါသည်။

ဒေတာ အသုံးပြု ၍ ရသော Samsung မိုဘိုင်း စက်ပစ္စည်းများ တွင် Ooredoo မြန်မာ ၏ 3G ကွန်ရက် ကို အကောင်းဆုံး အသုံးပြုနိုင် ရန်အတွက် နိုင်ငံတကာ မိုဘိုင်း ဆက်သွယ်ရေး ကုမ္ပဏီ Ooredoo မြန်မာ သည် အထူး စီမံ ထားသော သုံးစွဲနည်းများကို Ooredoo မြန်မာ၏ သုံးစွဲသူ ပြည်သူ လူထုထံ အားပေးအပ်သွားရန် အစီအစဉ် ရှိပါသည်။

ကမ္ဘာတလွှား ရှိ ဈေးကွက်များ တွင် ကြီးမားသည့် အောင်မြင်မှုများ ရရှိနေသော Samsung Galaxy စမတ်ဖုန်း နှင့် tablet များကို ဒေသခံ လက်လီ မိုဘိုင်းဆိုင်များတွင် လွယ်ကူစွာ ၀ယ်ယူနိုင်ပါသည်။

Android စနစ်သုံး smart ဖုန်း လောကတွင် နံပါတ်တစ် ဖြစ်ပြီး ကမ္ဘာတ၀ှမ်း လုံးတွင်လည်း smart ဖုန်း ဈေးကွက် ၏ ခေါင်းဆောင် ဖြစ်သည့် Samsung နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် မြန်မာပြည်သူ လူထု သုံးစွဲသူများ အတွက် မိုဘိုင်း အင်တာနက် ၀င်ဆောင်မှု အခွင့်အလမ်းများ ပွင့်လင်း လာမည် ဖြစ်ပါသည်။

Ooredoo မြန်မာ မှ ပေးဆပ်မည့် ထုတ်ကုန် နှင့် ၀န်ဆောင်မှု များတွင် ဈေးနှုန်း သက်သာ သော အသံ (ဖုန်းလိုင်း)၊ SMS နှင့် Data Bundle အချက်အလက်များ ရရှိနိုင်သော အင်တာနက် နှင့် တွဲလျှက် ရောင်းချသော အစီအစဉ်များ၊ အရည်အသွေး မြင့် ဆင်းမ်ကဒ်များ ၊ သုံးစွဲသူ ၀န်ဆောင်ရေး နှင့် သုံးစွဲသည့် မိုဘိုင်း စက်ပစ္စည်း ကို သိရှိနိုင်သော စွမ်းရည် များ ပါဝင်မည် ဖြစ်ရာ ကမ္ဘာတ၀ှမ်း နှင့် ယှဉ်သော် သုံးစွဲသူ အနည်းဆုံး ဖြစ်နေသေးသည့် ဈေးကွက် တစ်ခု တွင် မိုဘိုင်း နှင့် အင်တာနက် သုံးစွဲသူများ လျှင်မြန်စွာ တိုးတက် ဖွံ့ဖြိုး လာမည်ဖြစ်ပါသည်။

http://blog.irrawaddy.org/2014/06/microsoft-ooredoo.html
http://blog.irrawaddy.org/2014/06/blog-post_9.html


ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး မိုဘိုင်းဖုန်းများ....................

Posted by: Ko Myo on Friday, June 20, 2014 Categories:


ခေတ်သစ် လူနေမှု အဖွဲ့အစည်းတွင် မိုဘိုင်းဖုန်းများသည် လူတိုင်းအတွက် မရှိမဖြစ်လောက်အောင် လိုအပ်သော ပစ္စည်းများ ဖြစ်လာသည်။

ခလုတ်များနှိပ်၍ အသုံးပြုရသည့် ခေတ်ဦးမိုဘိုင်းဖုန်းများမှ ယနေ့ခေတ် Touchscreen စမတ်ဖုန်းများထိ နည်းပညာပိုင်း အဆင့်ဆင့် တိုးတက်လာသလို မိုဘိုင်းဖုန်းများ၏ အသုံးတွင်ကျယ်မှုသည်လည်း တစ်ကမ္ဘာလုံးသို့ မြန်ဆန်စွာ ပျံ့နှံ့ခဲ့သည်။

အချမ်းသာ အကြွယ်ဝဆုံး လူပုဂ္ဂိုလ် အချို့ကမူ မိုဘိုင်းဖုန်းကို လိုအပ်ချက်အတွက် အသုံးပြုရန်သာ မကဘဲ အဆောင်အယောင် တစ်ခုအနေဖြင့်ပါ ကိုင်ဆောင်ရန် ဆန္ဒရှိလာသည်။ ယင်းဆန္ဒကို နာမည်ကျော် လက် ဝတ်ရတနာ လုပ်ငန်းများ၊ ဖက်ရှင်လုပ်ငန်းများက လက်တွေ့ဖြည့်ဆည်းပေးလိုက်သည့်အခါ သာမန်လူ များ လက်လှမ်းမမီနိုင်လောက်အောင် တန်ဖိုးမြင့်မားသည့် မိုဘိုင်းဖုန်းများ ဖြစ်လာသည်။

မိုဘိုင်းဖုန်း ယဉ်ကျေးမှု တစ်စထက်တစ်စ တွင်ကျယ်လာသည့် ကာလတစ်လျှောက် ဒီဇိုင်းပိုင်း ပံ့ပိုး အားဖြည့်မှုများဖြင့် ဖန်တီးခဲ့သည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဖုန်း(၁၀)မျိုးကို စုစည်းဖော်ပြအပ်ပါသည်။

၁၀။ Peter Aloisson’s Nokia Arte (ဒေါ်လာ ၁၃၄၀၀၀)


တန်ဖိုးကြီး အသုံးအဆောင် ပစ္စည်းများအတွက် ဒီဇိုင်းရေးဆွဲပေးသည့် ဩစတြေးလျ ပညာရှင် ပီတာ အေလွိုက်စ်ဆန်၏ လက်ရာဖြစ်သည်။

Nokia၏ Arteဖုန်းလေးကို 3.15megapixel ကင်မရာ တပ်ဆင်ပြီး ရွှေသားကိုယ်ထည်ဖြင့် သီးသန့် မှာယူခဲ့သည်။

အဆိုပါ ဖုန်း၏ ကိုယ်ထည်ပေါ်တွင် ပန်းရောင်နှင့် အဖြူရောင် စိန်ပွင့်ပေါင်း (၆၈၀)ကို တပ်ဆင်ထားပြီး ဒေါ်လာ (၁၃၄၀၀၀)ထိ တန်ဖိုးကျသင့်ခဲ့သည်။

၉။ iPhone Princess Plus (ဒေါ်လာ ၁၇၆၀၀၀)


ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းလ်ဖုန်းများ၏ နံပါတ်(၉) နေရာမှ iPhoneကိုလည်း အေလွိုက်စ်ဆန်ကပင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ဖုန်း၏ ကိုယ်ထည်ကို ရွှေသားစစ်စစ်ဖြင့် မှာယူခဲ့သည်။ ယင်းအပေါ်တွင် တောက်ပအရောင်တက်အောင် သွေးထားသည့် စိန်ပွင့်(၁၈၀)ပွင့် အပြင် အရွယ်အစား ပြောင်းလဲပြီး သွေးထားသည့် စိန်ပွင့်(၁၃၈)ပွင့် ကိုပါ ဖြည့်စွက်ပြီး လှပစွာ အနားသတ်ပေးထားသည်။

၈။ Sony Ericsson Black Diamond (ဒေါ်လာ ၃၀၀၀၀၀)


ဒီဇိုင်နာ ဂျာရာဂေါက Polycarbonate မှန်သားကို အသုံးပြုပြီး အလှဆင် ဖန်တီးထားသည့် ဖုန်းတွင် အရည်အသွေး အလွန်ကောင်းသော စိန်ကြီးနှစ်ပွင့်ကို မြှုပ်နှံတပ်ဆင်ထားသည်။

ပထမစိန်ပွင့်မှာ Navigation Buttonပေါ်တွင်ဖြစ်ပြီး ကျန်တစ်လုံးကိုမူ ဖုန်း၏ နောက်ကျောဘက်တွင် နေရာချ အလှဆင်ထားသည်။

၇။ Vertu Signature Cobra (ဒေါ်လာ ၃၁၀၀၀၀)


ပြင်သစ်မှ လက်ဝတ်ရတနာ လုပ်ငန်းကြီး တစ်ခုဖြစ်သော Boucheronက ဖန်တီးပြီး Limited Edition အဖြစ် စုစုပေါင်း ဖုန်း(၇)လုံးသာ ရောင်းချခဲ့သည်။

ဖုန်း၏ နံဘေးတွင် ကျောက်မျက်ရတနာ စီခြယ်ထားသည့် မြွေဟောက်ကြီးများ တွယ်ဆက်နေသည့်နှယ် အလှဆင်ထားပြီး အောက်ဘက်တွင် အဝိုင်းပုံ သွေးထားသည့် စိန်ပွင့်တစ်ပွင့်စီကို ချိတ်ဆွဲထားသည်။

မြွေဟောက်ပုံ၏ အရောင်ကွဲပြားမှုအလိုက် ပတ္တမြား၊ နီလာစသည့် ကျောက်များကို ရွေးချယ်အသုံးပြု ထားပြီး စိန်ပွင့်ငယ်များကိုပါ အားဖြည့် အလှဆင်ပေးထားသည်။

၆။ Gresso Luxor Las Vegas Jackpot (ဒေါ်လာ ၁ သန်း)


မိုဘိုင်းလ်ဖုန်း တစ်လုံးအတွက် ပထမဆုံးအကြိမ် ဒေါ်လာသန်းနှင့်ချီ တန်ဖိုးမြင့်တက်စေသည့် မှတ်တိုင် ကို (၂၀၀၅)ခုနှစ်တွင် Gressoက စိုက်ထူခဲ့သည်။

ဆွစ်ဇာလန်တွင် စတင်ပြသ ရောင်းချခဲ့သော အဆိုပါဖုန်းသည် (၁၈၀)ဂရမ် အလေးချိန်ရှိ ရွှေသားစစ် စစ်ဖြင့် သွန်းလုပ် ဖန်တီးထားပြီး နောက်ဘက်ပိုင်းတွင်မူ ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး သစ်သားဖြင့် ကပ်ထားသည်။

အဆိုပါ သစ်သားကို အာဖရိက တောနက်ကြီးများထဲမှ နှစ်ပေါင်း(၂၀၀)ကျော် သက်တမ်းရှိ သစ်ပင်ကြီး များမှ ရရှိပြီး ရှားပါးတန်ဖိုးကြီးလှကြောင်း သိရသည်။

ဖုန်းကို အလှဆင်ရန်အတွက် ထိုကဲ့သို့ သစ်သားနှင့် ရွှေသားတို့ကိုသာမကဘဲ ခလုတ်များထဲတွင် နီလာကျောက်လေးများကိုပါ မြှုပ်နှံတပ်ဆင်ပေးထားသေးသည်။

၅။ Goldvish Le Million (ဒေါ်လာ ၁.၂ သန်း)


တန်ဖိုးကြီး လက်ဝတ်ရတနာများနှင့် လက်ပတ်နာရီများကို ဒီဇိုင်းထုတ်ရာတွင် အလွန်နာမည်ကြီးသည့် အီမန်နျူရယ်လ် ဂူယတ်က ရွှေဖြူသားဖြင့် ယခုဖုန်း၏ ကိုယ်ထည်ကို သွန်းလုပ်ခဲ့သည်။

ထို့အပြင် (၂၀)ကရက်စာ WS1 စိန်ပွင့်များဖြင့် စီခြယ်အလှဆင်ထားသည်။ ဆွစ်ဇာလန်တွင် စတင်ပြ သစဉ် (၂၀၀၆)ခုနှစ်၊ စက်တင်ဘာလက ဂင်းနစ်ကမ္ဘာ့မှတ်တမ်း စာအုပ်အတွင်း၌ ကမ္ဘာ့တန်ဖိုး အကြီး ဆုံး မိုဘိုင်းလ်ဖုန်းအဖြစ် အသိအမှတ်ပြု ဖော်ပြခံခဲ့ရဖူးသည်။

အဆိုပါဖုန်းကို ကိန်းစ်မြို့တွင် ကျင်းပသည့် သန်းကြွယ်သူဌေးများ ဈေးပွဲတော်တွင် ဒေါ်လာ (၁.၂) သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။

၎။ JSC Ancort’s Diamond Crypto (ဒေါ်လာ ၁.၃ သန်း)


ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းဖုန်း (၁၀)လုံးစာရင်းတွင် တတိယမြောက် ပါဝင်လာသည့် အေလွိုက်စ်ဆန်၏ လက်ရာဖြစ်သည်။

ဖုန်း၏ ရှေ့ဘက် ဘေးဘောင်များတွင် စိန်ပွင့်(၅၀)ကို ထည့်သွင်းမြှုပ်နှံထားသည်။ အဆိုပါ စိန်ပွင့်များ အနက် အပေါ်ဆုံး အပိုင်းမှ (၁၀)ပွင့်သည် ရှားပါးသည့် စိန်ပြာများ ဖြစ်ကြသည်။

ဖုန်း၏ ကိုယ်ထည်တွင် ရွှေဖြင့်ကွပ်ထားသည့် အစိတ်အပိုင်းများလည်း ပါဝင်ပြီး ထုတ်လုပ်ရောင်းချစဉ်က အဆင့်အမြင့်ဆုံး လုံခြုံရေး စနစ်များကိုပါ Ancortက ထည့်သွင်းပေးထားသည်။

၃။ King’s Button iPhone 3G (ဒေါ်လာ ၂.၄ သန်း)


ယခုဖုန်းသည်လည်း အေလွိုက်စ်ဆန်၏ ဖန်တီးမှုပင်ဖြစ်ပြီး လက်ရာမြောက်စွာ သွေးထားသည့် စိန် (၁၃၈)ပွင့်ကို ဘောင်အနားသတ်တွင် ဝန်းရံ တပ်ဆင်ထားသည်။

ဖုန်း၏ Home Button နေရာတွင် (၆.၆)ကရက်ရှိ စိန်ဖြူပွင့်ကြီးကို မြှုပ်နှံထားသည်။ ဖုန်း၏ ရှေ့ဘက် စိန်ပွင့်များ စီခြယ်ထားသည့် လိုင်းတစ်လျှောက်ကိုလည်း ရွှေသားဖြင့် ပြန်၍ ကွပ်ကာ ဒီဇိုင်းဖော်ထား သည်။

၂။ Goldsticker iPhone 3G Supreme (ဒေါ်လာ ၃.၂)သန်း


ဒီဇိုင်နာ စတူးဝပ်ဟုဂ်ျစ်၏ ဖုန်းတွင် ကိုယ်ထည်ကို (၂၇၁)ဂရမ် အလေးချိန်ရှိ ရွှေသားစစ်စစ်ဖြင့် သွန်းလုပ် ထားပြီး စိန်ပွင့်(၅၃)ပွင့်ကို အနားသတ် တပ်ဆင်ထားသည်။

Home Button နေရာတွင် မြှုပ်ထားသည့် အရည်အသွေးမြင့် စိန်ပွင့်ကြီးမှာ (၇.၁)ကရက် အလေးချိန်ရှိ ပြီး လုံးဝန်းသေသပ်စွာ သွေးထားခြင်း ဖြစ်သည်။

၁။ iPhone Diamond Rose Edition (ဒေါ်လာ ၈ သန်း)


ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းဖုန်းအဖြစ် ရပ်တည်နေသော iPhone Diamond Rose Editionကိုလည်း ဟုဂ်ျစ်ပင် ဖန်တီးခဲ့ခြင်းကြောင့် ၎င်းသည် ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းနှစ်လုံး၏ ဒီဇိုင်းပိုင်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Rose Goldခေါ် ပန်းရောင်ဘက်ယိမ်းသည့် ရွှေနှင့်ကြေးနီ သတ္တုစပ်ကို အသုံးပြုပြီး ကိုယ်ထည်ကို တည်ဆောက်ထားသည်။

ဖုန်း၏ ဘေးဘက်ဘောင်တွင် စိန်ပွင့်ပေါင်း (၅၀၀)မျှကို မြှုပ်နှံတပ်ဆင်ထားပြီး ဖုန်းနောက်ဘက်ရှိ Apple တံဆိပ်ပေါ်တွင်ပင် စိန်(၅၃)ပွင့်ဖြင့် ထည့်သွင်း အလှဆင်ထားသည်။

Home Button၏ အလယ်တည့်တည့်တွင် (၇.၄)ကရက် ပန်းရောင်စိန်ပွင့်ကြီးကို တပ်ဆင်ထားပြီး ယင်း၏ ဘေးဘက်တွင် စုစုပေါင်း (၈)ကာရက် အလေးချိန်ရှိ စိန်ဖြူပွင့်များဖြင့် ဝန်းရံထားသည်။

_TopTeny

7Day Daily
No.415 Friday, June 20, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

သင်အရက်သောက်ပြီး စားတတ်တဲ့ အကြိုက်ဆုံးအစားအစာတွေက ပြောပြနေတဲ့ သင့်အကြောင်း ..............

Posted by: Ko Myo on Friday, June 20, 2014 Categories:

Angel on 2014-06-20 12:09

အရက်လေးသောက်ပြီးသွားတဲ့အချိန် ဒါမှမဟုတ် သောက်နေရင်းစားတတ်တဲ့ သင့်ရဲ့အကြိုက်ဆုံး အစား အစာတွေက သင့်ရဲ့စိတ်နေသဘောထားကို ဖော်ကျူးနေပါတယ်။

၁။ ပီဇာ

ပီဇာနဲ့ မြည်းရတာ ကြိုက်သူတွေဟာ ဘ၀ကို ရောင့်ရဲတင်းတိမ်နေတတ်ပါတယ်။ ရှုပ်ရှုပ်ယှက်ယှက် အရာတွေ စိတ်မ၀င်စားဘူး။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်။ တကယ်လို့ ခင်ဗျားသာ “ဟေး - ဘော်ဒါတို့ ၊ ပီဇာမှာရအောင်ဟေ့” လို့ သာပြောကြည့် ၊ သူက ခင်ဗျားကို တန်းလေးစားသွားလိမ့်မယ်။

၂။ ချိစ်ဘာဂါ

ချိစ်ဘာဂါနဲ့ သောက်ရတာကြိုက်တဲ့လူတွေကတော့ အစားကြီးတတ်တယ်။ သူကတော့ ပီဇာကြိုက်သူတွေ နဲ့ ဆန့် ကျင်ဘက် ၊ အနီးဆုံး ဘာဂါဆိုင်ကို ဖင်တရွတ်တိုက်ဆွဲသွားမယ်။ လုပ်ပါတော့၊ဆာလှပြီ လို့ ခေါ်နေမယ့် လူမျိုးပေါ့။

၃။ စွပ်ပြုတ်

အိမ်မှာ ညသန်းခေါင်တစ်ယောက်တည်း အရက်လေးဘာလေး ပါးပါးကစ်နေတတ်တဲ့လူမျိုး။ စွပ်ပြုတ် ကြိုက်တဲ့ အတွဲတွေဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အထီးကျန်နေတာကို ပိုသဘောကျတတ်တယ်။ ကြက် သားကို အရက်နဲ့ ချက်တာ ကြိုက်တတ်တဲ့လူမျိုးနဲ့ ချစ်သူဖြစ်တတ်တယ်။

၎။ Nachos ( ဒိန်ခဲပါသော မုန့် ပြားဝိုင်း)

သူတို့ ကတော့ စိတ်မရှည်တတ်ဘူး။ ငွေကြေး၊ ဂုဏ်သိက္ခာတွေကို ဂရုမစိုက်ဘူး။ သူတို့ ရဲ့ အကောင်းဆုံး အရည်အသွေးက ဘာကိုမှဂရုမစိုက်တတ်တာပဲ။

၅။ မနက်စာအစားအစာ

အတိတ်ကို တသသဖြစ်နေတတ်တဲ့လူမျိုး၊ အိမ်မှာကပ်တတ်တဲ့လူမျိုးဖြစ်တဲ့အတွက် မိဘတွေနဲ့ ရင်း ရင်းနှီးနှီး ရှိတတ်တယ်။ သူတို့ အတွက်တည်း မင်းက အကောင်းဆုံးအဖော်ဖြစ်နေတတ်တယ်။

၆။ ခေါက်ဆွဲနဲ့ ဒိန်ခဲ ၊ ချိစ်မီးကင်နဲ့ ချိစ်

ဒီလိုအစားအစာမျိုးကြိုက်တဲ့လူကတော့ ရဲရဲတင်းတင်းရှိတတ်တဲ့လူမျိုးပါ။ အရာရာကို ဦးဆောင်တတ် သူပေါ့။

၇။ အာလူးချောင်းကြော်

Nachos ကြိုက်တဲ့လူတွေနဲ့ သူတို့ က ဘော်ဒါတွေ ဖြစ်တတ်တယ်။ လက်တွေ့ ကျကျလုပ်တတ်တဲ့လူမျိုး။ တစ်ခုခုဆို ၀င်ကိုင်လုပ်လိုက်ရမှ ကျေနပ်တတ်တဲ့လူစား။

၉။ Mozzarella ချိစ်ချောင်း

တိတိကျကျသမား။ ကိုယ် ဘာလိုချင်လဲဆိုတာ သိပြီး ရအောင် ဘယ်လိုယူရမလဲသိတဲ့လူမျိုးပေါ့။ အကောင်းဆုံး mozzarella ချိစ်ချောင်းလေးတွေ ရဖို့ အဆင့်ဆင့်လက်ဝင်သလို ဒီလိုလူမျိုး စိတ်ကျေနပ်ဖို့  လည်း တော်တော် အားထုတ်ရလိမ့်မယ်။

၁၀။ ဘာမှ မစားတဲ့လူ

အစားထက် အအိပ်မက်တဲ့လူမျိုးပေါ့။ သောက်ပြီး အိပ်နေရရင်ကို ပြီးပြည့်စုံနေတာ။ သိပ်မကြာခင်မှာ ချိစ်ဘာဂါကြိုက်တဲ့ တစ်ယောက်ယောက်က သင့်ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော်ဖြစ်စေမယ်ဆိုရင် သိပ် မအံ့သြပါနဲ့ ။ ဒါက ကောင်းတဲ့အချက်ပါ။

၁၁။ ဘာမဆိုဆွဲတဲ့လူ

အရက်လေးကစ်ပြီးရင် အသေဆွဲတဲ့လူမျိုး ။အစားမက်တာပေါ့။ စိတ်က ဒွိဟ၊ တစ်ခုခုကို စိတ်ရောက်နေ ရင်လည်း မပြီးတော့ဘူး။ တကယ်လို့ သင့်လိုပဲ အကုန်ကြိုက်တဲ့လူနဲ့ ချစ်ကြိုက်တော့မယ်ဆိုရင် နောက် တစ်ကြိမ်ပြန်စဉ်းစား။ ဒါမှမဟုတ် မကြိုက်နဲ့ ။


Ref: cosmopolitan.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Facebook ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ကို ဦးရဲထွဋ် တောင်းပန် ..............

20 June 2014 19:44(+0630) (လွန်ခဲ့သော 10 နာရီ ခန့်က)

 ဇွန်လ ၂၀

 ဒီနေ့ မနက် ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို Facebook ကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က ကိစ္စမရှိပါဘူးလို့ပြန် ပြောခဲ့ပါ တယ်။ အဲဒီလို နားလည်ခွင့်လွှတ်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း သမ္မတပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က သူ့ ရဲ့  Facebook စာမျက်နှာမှာ ဒီကနေ့ ရေးသားဖော်ပြ ထားပါတယ်။

နောက်တော့ ဒေါ်အောင်ဆန်းစုကြည်၊ ကျွန်တော်၊ အန်ကယ်ဦးဝင်းထိန်၊ ကိုကျော်သီဟ၊ ဒေါက်တာ တင်မာအောင်တို့ ပြည်သူ့နီတိပညာပေးဇာတ်လမ်းတွဲများ ရိုက်ကူး နေတဲ့ ကိစ္စ၊ ဗြိတိန်နိုင်ငံ တော်ဝင်ဘုရင့်စစ်တက္ကသိုလ်အကြောင်းတွေ ဆွေးနွေးဖြစ်ခဲ့ တယ်လို့  ဦးရဲထွဋ် က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို တောင်းပန်ရတဲ့ အကြောင်းကတော့ ဦးရဲထွဋ် ပြီးခဲ့တဲ့ ဇွန်လ ၆ရက်နေ့ က တင်ထားတဲ့ ပို့ စ်မှာ အခုလိုတွေ့ ရပါတယ်။

Facebook သုံးတဲ့အခါ လိုက်နာရမယ့် ကျင့်ဝတ်တွေရှိပါတယ်။ အခြားသူတင်ထားတဲ့ ပို့စ်များကို မျှဝေမယ်၊ နှစ်သက်ကြောင်းပြောမယ်ဆိုရင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ အမုန်းတရားပွားစေတဲ့ ပြောကြားချက်တွေ ပုံတွေ မဖြစ်ဖို့ သတိပြုရပါတယ်။ မိမိရေးတဲ့စာများဟာလည်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ အမုန်းတရားပွားစေတဲ့ ပြောကြားချက် မဖြစ်ဖို့ လိုပါတယ်။

ကျွန်တော့ဇနီးရဲ့ Facebook စာမျက်နှာမှာ မနေ့က မျှဝေထားတဲ့ ပို့စ်တစ်ခုဟာ ဒေါ်အောင်ဆန်း စုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ရာရောက်တဲ့ ဓာတ်ပုံ ပါဝင်နေတာတွေ့ရပါတယ်။

သူ့ရဲ့လုပ်ဆောင်ချက်ဟာ ကျွန်တော်ယုံကြည်လက်ခံထားတဲ့ လူမှုကွန်ယက်အသုံးပြုရာမှာ လိုက်နာရမယ့် ကျင့်ဝတ်များနဲ့လည်းကောင်း၊ ဒီမိုကရက်တစ်စံနှုန်းများနဲ့လည်းကောင်း လွဲချော်နေတဲ့အတွက် သိသိချင်း ပြန်ဖျက်ခိုင်းခဲ့ပါတယ်။

ကျွန်တော်ဟာ အစိုးရတာဝန်ရှိသူတစ်ဦးအနေနဲ့လည်းကောင်း၊ အိမ်ထောင်ဦးစီးအနေနဲ့ လည်းကောင်း မိမိမိသားစုဝင်များရဲ့ အပြုအမှုများကို အများလိုက်နာတဲ့ စံနှုန်းများနဲ့အညီ ဖြစ်အောင် သွန်သင်ဆုံးမဖို့ တာဝန်ရှိပါတယ်။

အဲဒီတာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ကို လည်းကောင်း၊ သူ့ကို ချစ်မြတ်နိုး ထောက်ခံသူများကိုလည်းကောင်း၊ ကျွန်တော့် စာမျက်နှာ ကို အလေးထားလာရောက်ဖတ်ရှုသူများကိုလည်းကောင်းတောင်းပန်အပ်ပါတယ်။

ကျွန်တော့်ဇနီးအနေနဲ့လည်း ဒီဖြစ်စဉ်ကနေ သင်ခန်းစာရခဲ့ပြီးလို့ ကျွန်တော်ယုံကြည်ပါ တယ်။

လေးစားလျှက်
ရဲထွဋ်

By Thit Htoo Lwin

ဓါတ်ပုံ - ဦးရဲထွဋ် (facebook) 

ကလေးကို ကားထဲမှာ ချန်ခဲ့လို့ သေရတဲ့ အဖြစ် ..................

Posted by: Ko Myo on Friday, June 20, 2014 Categories:
အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်မှာ ဖြစ်ပါတယ်။ အပူချိန် လွန်ကဲတဲ့ ကားထဲမှာ ကလေးငယ်ကို ၈ နာရီ ကြာ ထားခဲ့လို့ သေ၇တဲ့ အဖြစ် ဖြစ်ပါတယ်။

ထူးထူးခြားခြား ဝမ်းနည်းစရာ ဖြစ်ရပ် ပါတယ်။ အသက် ၂၂ လ (၂နှစ်နီးပါး) အရွယ်သာ ရှိသေးတဲ့ ကလေးငယ်ရဲ့ အဖေဟာ အင်မတန် လမ်းကြပ် လမ်းပိတ်တဲ့ လမ်းမှာ မောင်းနှင်လာပြီး ကားပါကင်တစ် ခုမှာ ထားခဲ့ ပါတယ်။ အလုပ်ကိစ္စ လုပ်ပြီး ပြန်လာကြည့်တဲ့အချိန် အသက်မရှိတော့တဲ့ ကလေးငယ် ကို သာ မြင်ရ ပါတော့တယ်။ အပြင် အပူချိန် ၃၂ ဒီဂရီ ရှိပြီး ကား အထဲမှာ ၅၅ ဒီဂရီ စင်တီဂရိတ် အပူချိန် ရှိတဲ့ အနေအထား ဖြစ်ပါတယ်။

ဒါကြောင့်မို့ အတွင်းထဲကနေ ထွက်မရ လောင်ပိတ် ခံထားရတဲ့ ကလေးငယ် ဟာ နောက်ဆုံးတော့ သေဆုံး သွားရ ရှာပါတယ်။ ဒီအတွက် အသက် ၃၃ နှစ် ရှိပြီ ဖြစ်တဲ့ အဖေ ဖြစ်သူဟာလည်း ထောင်ထဲ ဝင်ရမှာ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဝမ်းနည်းစွာပဲ ကလေးရဲ့ အသက်ကို ဆုံးရှုံး ခဲ့ရခြင်း ဖြစ်ပါ တယ်။ ဒါကြောင့်မို့ ပူအိုက်တဲ့ ရာသီမှာ အပူလွန်ကတဲ့ ကားထဲ ကျန်းမာရေး မကောင်းသူတို့၊ ကလေး ငယ်တို့ကို အချိန်ကြာကြာ ထားရှိခြင်း မပြုရန် သတိပေး တိုက်တွန်း လိုက်ရ ပါတယ်။


Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ကိုယ်အလေးချိန်ထိန်းဖို့အတွက် ဂရုပြုရန်လိုအပ်ချက်များ.........................

Posted by: Ko Myo on Friday, June 20, 2014 Categories:


လတ်တလော ကိုယ်စားမိနေတဲ့ အစားအစာတွေကို သတိထားကြည့်ပါ။

အထူးသဖြင့် သရေစာတွေကိုပါ။ တစ်နေ့ကို ၇၅ ကယ်လိုရီလောက် အပိုစားရင်တစ်နှစ်ကို ခြောက် ပေါင် တိုးပါလိမ့်မယ်။ ဒါကလည်းဘာမှမပါတဲ့ ဘီစကွတ်၊ ချောကလက်တစ်ထောင့်နဲ့တင် ရနိုင်ပါတယ်။ သည့်အပြင်အပိုအစာတွေနဲ့ဆိုပိုဆိုးတော့တာပေါ့။ ကရင်(မ်) တစ်ဇွန်းစာလောက်ဟာ စတော်ဘယ်ရီ တစ်ပေါင်ထက်ကို ကယ်လိုရီများပါတယ်။ ရိုးရိုးထောပတ်၊ ဖောဖောသီသီသုတ်လိုက်တာနဲ့ ကယ်လိုရီ နှစ်ဆကျော်တက်မှာ သေချာပါတယ်။

အဆီလျှော့စားပါ

ကိုယ်ခန္ဓာဟာစွမ်းအင်အတွက် ပရိုတင်းနဲ့ကာဗွန်ဟိုက်ဒရိတ်တွေအနေနဲ့ ကယ်လိုရီကို သိမ်းထားပါ တယ်။ အများစုဟာပါးစပ်ကိုအလိုလိုက်ပြီး လိုအပ်တာထက်ပိုပြီး စားတတ်ကြပါတယ်။ နို့နဲ့နို့ထွက် ပစ္စည်းတွေထဲက အဆီနည်းတဲ့အစာ၊ အဆီမပါတဲ့အသားချည်းသတ်သတ်နဲ့ ဟင်းချက်တဲ့အခါမှာ တော့ အဆီကိုနည်းနည်းလျှော့သုံးနိုင်ရင် ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းနိုင်ကြမှာပါ။

ပရိုတင်းကို ပိုပြီးစားနိုင်ရင်ကောင်းပါလိမ့်မယ်။

ငါးနဲ့အဆီနည်းတဲ့ အစာတွေကိုစားပြီးကာဗွန်ဟိုက်ဒရိတ်ပမာဏကို လျှော့ချနိုင်ပါတယ်။ တချို့အချက် အလက်တွေအရ အဆီနည်းနည်း၊ ပရိုတင်းများများပါတဲ့ အစားအစာဟာ အဆီနည်းနည်း၊ ကာဗွန် ဟိုက်ဒရိတ်များများထက်ကို ကိုယ်အလေးချိန် လျှော့ချစေနိုင်ပါတယ်။ ပရိုတင်းဓာတ်ဟာ စားသောက် ချင်စိတ်ကို နည်းစေပါတယ်။ ဒါပေမဲ့သိပ်ပြီး အလွန်အကျွံမလုပ်ဖို့ လိုပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ပေါ များတဲ့အစားအစာတွေဖြစ်တဲ့ အသီးအနှံနဲ့ အစေ့အဆန်တွေမှာလည်း ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ ဗီတာမင်သတ္တုဓာတ်တွေ ပါဝင်လို့ပါပဲ။

နည်းနည်းနဲ့များများစားဖို့ လိုပါတယ်။

တစွတ်စွတ်စားတတ်တဲ့ အကျင့်ရှိရင် ပုံမှန်စားနေတဲ့အစာကို နည်းနည်းနဲ့ခဏခဏစားဖို့ အရေးကြီးပါ တယ်။ ကိုယ့်အနီးအနားကတွေ့ကရာကို ကောက်ဝါးနေမယ့်အစား ကိုယ်စားမယ့်အစာကိုသာ ပိုပြီး ကျန်းမာအောင် ရွေးချယ်နိုင်မှာပါ။ မကြာသေးမီက လေ့လာချက်တွေက အစားအသောက်ကို ခဏ ခဏစားခြင်းအားဖြင့် အစာချေခြင်းနှင့် အစာစုပ်ခြင်းမှာ ကယ်လိုရီများများလောင်ကျွမ်းပြီး ကိုယ်ခန္ဓာ ရဲ့ဇီဝဖြစ်စဉ်ကို အားပေးပါတယ်။ နည်းနည်းနဲ့များများစားခြင်းဟာ ဒီလိုနည်းနဲ့ ကိုယ်အလေးချိန်ကို အကျိုးပြုနိုင်ပါလိမ့်မယ်။

စားချင်စိတ်ကိုလှုံ့ဆော်စေတဲ့ အချိန်နေရာကိုသိထားပါ။

ဘယ်နေရာ၊ ဘယ်လိုအချိန်မျိုးမှာ ဘီစကွတ်ဘူးကို လက်လှမ်းတတ်သလဲဆိုတာ သတိထားကြည့်ရင်း နဲ့ဒီလိုစိတ်ပေါ်လာတဲ့အခါ မစားမိအောင် ဘယ်နည်းတွေနဲ့ကိုယ့်အတွက် အဆင်ပြေနိုင်မလဲဆိုတာ စဉ်းစားထားဖို့ကောင်းပါတယ်။

အရက်ဖြတ်နိုင်ရင် အကောင်းဆုံးပါ။

အရက်နဲ့ကိုယ်အလေးချိန်ဟာ ဆက်သွယ်မှုရှိပါတယ်။ ခန္ဓာကိုယ်က အရက်ကိုကယ်လိုရီအနေနဲ့ မသိမ်း ထားနိုင်ပါဘူး။ လိုအပ်တဲ့စွမ်းအင်အတွက် တိုက်ရိုက်အသုံးချလိုက်ရတာပါ။ ဒီအတွက်သောက် သောက် စားစား သမားတွေမှာအစာကရတဲ့ ကယ်လိုရီဟာ အဆီအဖြစ်သိမ်းထားဖို့ သေချာသလောက် ပါပဲ။ နောက်ပြီးအရက်သောက်ခြင်းဟာ စားချင်စိတ်ကိုပိုကောင်းစေပြီး သတိကိုမေ့စေတဲ့အတွက် ဟိုတုန်းက မစားတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့အဆီများများပါတာတွေကို ပိုပြီးစားမိလို့ဖြစ်ပါတယ်။

သေးသေးလေးတွေလုပ်ပြီး စားပါ။

အဓိကအားဖြင့် ကယ်လိုရီများတဲ့အစာတွေမှာ ဖြစ်ပါတယ်။ ကိုယ်စားမယ့်အစာကို သေးသေးလေးလုပ် ရင်အများကြီးဖြစ်နေတဲ့အတွက် သိပ်မစားဖြစ်တော့ပါဘူး။ ဗီဇာတစ်ဝက်လောက်နဲ့ တခြားဟင်းသီး ဟင်းရွက်ခပ်များများထည့်ထားတဲ့ တစ်ပန်းကန်ဆိုရင် အတော်များပြားတဲ့နံနက်စာဖြစ်နိုင်တာပေါ့။

စားပွဲမှာ အမြဲတမ်းထိုင်စားနိုင်ရင် ကောင်းပါတယ်။

ဘယ်လောက်ပဲ အလုပ်များတဲ့သူဖြစ်ဖြစ် ကိုယ်စားမယ့်အစာကို အာရုံထားနိုင်ဖို့ အချိန်နည်းနည်းတော့ ယူရပါလိမ့်မယ်။ တီဗွီရှေ့က သရေစာတွေ၊ လမ်းဘေးကအစားအစာတွေက ကိုယ်အလေးချိန်တိုးဖို့ ဖိတ်ခေါ်နေသလိုပါပဲ။

အစားမရှောင်နဲ့။

ဘယ်အစားအစာမဆို ရှောင်ဖို့မလိုပါဘူး။ နည်းနည်းတော့ လျှော့စားဖို့ပါပဲ။ သုတေသနတွေ့ရှိချက် တွေ က သူတို့ကြိုက်တဲ့အစာစားတဲ့သူတွေဟာ အစားရှောင်တဲ့သူတွေထက် ကိုယ်အလေးချိန်ကျပြီး ရှိပြီး အလေးချိန်ကိုလည်း အတော်ကြာထိန်းထားနိုင်တယ်လို့ ဆိုပါတယ်။

မနက်စာစားတဲ့အကျင့်လုပ်ပါ။

မနက်စာကို မစားတဲ့သူတွေဟာကျန်တဲ့တစ်နေ့လုံးမှာ သူများတွေထက်ပိုစားဖြစ်ပါတယ်။ ပြီးတော့ အဆီ ပါတဲ့အစာကိုပဲ ရွေးတတ်ကြပါတယ်။ ဒါ့ကြောင့်အကောင်းဆုံးက ညလယ်စာစားတတ်တဲ့ အကျင့်ရှိ သူတွေက အဲဒီအကျင့်ကို ဖျောက်နိုင်ရင်အကောင်းဆုံးဖြစ်သလို အတတ်နိုင်ဆုံး ညနေစာ၊ ညစာတွေ ကိုတောင်မှ လျှော့စားစေချင်ပါတယ်။ မနက်စာကောင်းကောင်းစားနိုင်တဲ့သူက အလေးချိန် ပိုထိန်းနိုင် တာကို ပတ်ဝန်းကျင်ကိုအကဲခတ်တာနဲ့ မြင်နိုင်ပါလိမ့်မယ်။ 


စံတော်ချိန်သတင်းစာ
ဇွန် (၆) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ကမ္ဘာ့ပထမဆုံး စမတ်နိုင်ငံ ဖြစ်လာရန် စင်ကာပူ စီစဉ်နေ.................

Posted by: Ko Myo on Friday, June 20, 2014 Categories:


စင်ကာပူနိုင်ငံသည် ကမ္ဘာ့ပထမဆုံး စမတ်နိုင်ငံ ဖြစ်လာရန်အတွက် စီမံကိန်းတစ်ရပ်ဖြင့် ဆောင်ရွက်သွား ရန် ရည်ရွယ်ထားကြောင်း CommunicAsia ကုန်စည်ပြပွဲတွင် Infocomm Development Authority (IDA) က ပြောကြားခဲ့သည်။

စမတ်နိုင်ငံစီမံကိန်း စမ်းသပ်လုပ်ဆောင်မှုကို စင်ကာပူမြို့လယ်မှ မိနစ် ၄၀ ခန့် သွားရောက်ရမည့် Jurong Lake စီရင်စုတွင် စတင်မည် ဖြစ်သည်။ ၎င်းစီရင်စုတွင် fiber-optic လိုင်းများနှင့် ချိတ်ဆက်ထား သည့် above-ground box များကို အသုံးပြုကာ နိုင်ငံတစ်ဝန်းရှိ လမ်းမီးများနှင့် ကားမှတ်တိုင်များအ တွက် အသုံးချသွားမည် ဖြစ်သည်။

အဆိုပါ above-ground box များသည် sensor များနှင့် ချိတ်ဆက်ထားနိုင်သည့် အတွက် လေထုညစ် ညမ်းမှုများ၊ မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် လမ်းပိတ်ဆို့မှုများကို စုံစမ်းထောက်လှမ်းပေးနိုင်သည်။ ထို့အပြင် ကင်မရာနှင့် ချိတ်ဆက်ထားသည့် sensor များသည် ပြည့်လျှံနေသည့် အမှိုက်ပုံးများကို စုံစမ်း ဖော်ပြပေးနိုင်သလို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကိုလည်း ၎င်းတို့၏ အမှိုက်များ ကောက်ယူရန် သတိပေးမှုများ ပြုလုပ်ပေးမည် ဖြစ်သည်။

စင်ကာပူနိုင်ငံသည် စမတ်နိုင်ငံ စီမံကိန်းအတွက် အခြေခံ လုပ်ဆောင်ချက်များကို ပြုလုပ်ထားပြီး ဖြစ် သည်။ စင်ကာပူနိုင်ငံတွင် အိမ်ထောင်စု အားလုံးနီးပါး၌ တစ်လ စင်ကာပူဒေါ်လာ ၅၀ သာ ကျသင့်သည့် အလွန်လျင်မြန်သော 1Gbps ဖိုင်ဘာအင်တာနက်ကို အသုံးပြုလျက်ရှိသည်။

အဆိုပါ ခေတ်မီမြို့များတွင် နေထိုင်သူများတွင် sensor box များတွင် တပ်ဆင်ထားသည့် wireless hotspot များကို အသုံးပြုကာ ဖုန်းများနှင့် tablet ကွန်ပျူတာများအကြား mobile data နှင့် Wi-Fi ကို အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်စေရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။


Ref: CNET
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)