This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, April 1, 2013

မြန်မာ့ဂိုးဘုရင် ကြည်လင်း ကို vot e ပေးကြရအောင်ဗျာ

Kyaw Ko Kyaw shared ဦး ဖာ's photo.
နန်းဇေယျာ ခင်လို အဖော်အချွတ်မပါလို့ လား...??
Jမန်မာတွေသွေးနည်းလှချည်လား...။ 

  ကူညီပြီး မဲပေးကြပါ...။ဒါမှမြန်မာ  ...။  

 VOTE @[370958079633168:274:Like and Share]ဖိလစ်ပိုင်က vote တော်တော်များနေတယ်
ကြည်လင်းကို vot e ပေးကြရအောင်ဗျာ

အားပေးလိုက်ကြရအောင်
AFF Player of the Year Award ပါ

http://www.goal.com/en-sg/news/3883/features/2013/03/28/3859228/who-should-win-the-aff-player-of-the-year-award#
နန်းဇေယျာ ခင်လို အဖော်အချွတ်မပါလို့ လား...??
Jမန်မာတွေသွေးနည်းလှချည်လား...။


ကူညီပြီး မဲပေးကြပါ...။ဒါမှမြန်မာ ...။

VOTE Like and Shareဖိလစ်ပိုင်က vote တော်တော်များနေတယ်
ကြည်လင်းကို vot e ပေးကြရအောင်ဗျာ

အားပေးလိုက်ကြရအောင်
AFF Player of the Year Award ပါ

http://www.goal.com/en-sg/news/3883/features/2013/03/28/3859228/who-should-win-the-aff-player-of-the-year-award#

ရန်ကုန်မှာ ယာဉ်ရပ်နားခ ကောက်ခံခြင်း၊ ကိုယ်ပိုင်ယာဉ်ရပ်နားရာ နေရာများအဖြစ် ရယူထားခြင်းတို့ကို အားလုံး ဖျက်မယ်လို့ မြို့တော်စည်ပင်က ပြော

ရန်ကုန်မှာ စနစ်တကျ ကားရပ်ပါ

ဧရာဝတီ | Sunday, March 31, 2013

မနက်ဖြန်က အစပြုပြ၊ီး ရန်ကုန်မှာ ယာဉ်ရပ်နားခ ကောက်ခံခြင်း၊ ကိုယ်ပိုင်ယာဉ်ရပ်နားရာ နေရာများအဖြစ် ရယူထားခြင်းတို့ကို အားလုံး ဖျက်မယ်လို့ မြို့တော်စည်ပင်က ပြောလိုက်ပါပြီ။

စည်းကမ်းမဲ့သူတချို့ ကားရပ်ပုံ အချိုးမပြေတာကြောင့် ယာဉ်ကြော ပိတ်နေပြီလို့ ဒီနေ့ အစိုးရသတင်းစာများမှာ တွေ့ရတဲ့ မြို့တော်စည်ပင်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အကြွေစေ့ပေါတဲ့ အမေရိကန်လို နိုင်ငံမှာတော့ လမ်းဘေး မီတာတိုင်မှာ အကြွေစေ့ထည့်ပြီး ကားရပ်ရုံပါပဲ။ တမတ်စေ့ (၂၅ ဆင့်) ထည့်ရင် ၁၅ မိနစ်/နာရီဝက် စသဖြင့် ရပ်နိုင်ပါတယ်။ များများထည့် ကြာကြာရပ်ပေါ့။

ရဲလိုက်စစ်တဲ့အခါ ကိုယ်ဝယ်ထားတဲ့အချိန်ထက် ပိုရပ်ရင် ဒဏ်ရိုက်ခံရပါ လိမ့်မယ်။ ဒဏ်ငွေဆောင်ဖို့ သတိပေးတဲ့စာရွက် (ticket) ကို ကားမှန်မှာ၊ ဒါရိုင်ဘာ တခါးလက်ကိုင်မှာ ရဲက ထားသွားပါလိမ့်မယ်။
စည်ပင်သာယာရုံးကို ကိုယ်တိုင်သွားပြီး ဒဏ်ငွေဆောင်နိုင်၊ စာတိုက်ကနေ ချက်လက်မှတ် ရေးပြီး ပို့နိုင်ပါတယ်။ ဒဏ်ငွေ မဆောင်ရင်တော့ အမှုပိုကြီး လာမှာပါ။

အကြွေစေ့ မရှိ/မသုံးတဲ့ မြန်မာပြည်မှာတော့ ဒီလိုစနစ် မကျင့်သုံးနိုင်ပါဘူး။ ထိုင်းမှာလည်း အကြွေစေ့ ပေါများပေမယ့် မီတာတိုင်မှာ အကြွေစေ့ထည့်ပြီး ကားရပ်နားနိုင်တဲ့စနစ် မတွေ့ရပါ။

လမ်းဘေးမှာ ယာဉ်ရပ်နားခ ကောက်ခံဖို့ ၀န်ထမ်း/အလုပ်သမား ခန့်ထားရတယ်ဆိုတာ တွက်ချေကိုက်နိုင်မယ် မဟုတ်ပါ။

အခုလို ရန်ကုန် လမ်းဘေးမှာ အခမဲ့ ယာဉ်ရပ်နိုင်ပြီ ဆိုတော့ စည်ပင်သာယာ ၀င်ငွေ ထိခိုက်ပါပြီ။ ရွေးစရာနည်းလမ်း များများမရှိလို့ ဒီလို လွှတ်ပေးလိုက်ဟန် တူပါတယ်။

ရန်ကုန်မှာ စနစ်တကျ ကားရပ်ကြဖို့ဆိုရင် ပညာပေး/လှုံ့ဆော်တာတွေ လိုအပ်သလို အဲဒီလို တကယ်ရပ်တတ်မှ ကားလိုင်စင် ထုတ်ပေးတာမျိုးလို စည်းကမ်းတင်းကျပ်ဖို့ စသဖြင့်လည်း လိုအပ်မယ်လို့ ယူဆပါတယ်။
ရန်ကုန်မှာ စနစ်တကျ ကားရပ်ပါ

ဧရာဝတီ | Sunday, March 31, 2013

မနက်ဖြန်က အစပြုပြ၊ီး ရန်ကုန်မှာ ယာဉ်ရပ်နားခ ကောက်ခံခြင်း၊ ကိုယ်ပိုင်ယာဉ်ရပ်နားရာ နေရာများအဖြစ် ရယူထားခြင်းတို့ကို အားလုံး ဖျက်မယ်လို့ မြို့တော်စည်ပင်က ပြောလိုက်ပါပြီ။ 

စည်းကမ်းမဲ့သူတချို့ ကားရပ်ပုံ အချိုးမပြေတာကြောင့် ယာဉ်ကြော ပိတ်နေပြီလို့ ဒီနေ့ အစိုးရသတင်းစာများမှာ တွေ့ရတဲ့ မြို့တော်စည်ပင်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အကြွေစေ့ပေါတဲ့ အမေရိကန်လို နိုင်ငံမှာတော့ လမ်းဘေး မီတာတိုင်မှာ အကြွေစေ့ထည့်ပြီး ကားရပ်ရုံပါပဲ။ တမတ်စေ့ (၂၅ ဆင့်) ထည့်ရင် ၁၅ မိနစ်/နာရီဝက် စသဖြင့် ရပ်နိုင်ပါတယ်။ များများထည့် ကြာကြာရပ်ပေါ့။

ရဲလိုက်စစ်တဲ့အခါ ကိုယ်ဝယ်ထားတဲ့အချိန်ထက် ပိုရပ်ရင် ဒဏ်ရိုက်ခံရပါ လိမ့်မယ်။ ဒဏ်ငွေဆောင်ဖို့ သတိပေးတဲ့စာရွက် (ticket) ကို ကားမှန်မှာ၊ ဒါရိုင်ဘာ တခါးလက်ကိုင်မှာ ရဲက ထားသွားပါလိမ့်မယ်။
စည်ပင်သာယာရုံးကို ကိုယ်တိုင်သွားပြီး ဒဏ်ငွေဆောင်နိုင်၊ စာတိုက်ကနေ ချက်လက်မှတ် ရေးပြီး ပို့နိုင်ပါတယ်။ ဒဏ်ငွေ မဆောင်ရင်တော့ အမှုပိုကြီး လာမှာပါ။

အကြွေစေ့ မရှိ/မသုံးတဲ့ မြန်မာပြည်မှာတော့ ဒီလိုစနစ် မကျင့်သုံးနိုင်ပါဘူး။ ထိုင်းမှာလည်း အကြွေစေ့ ပေါများပေမယ့် မီတာတိုင်မှာ အကြွေစေ့ထည့်ပြီး ကားရပ်နားနိုင်တဲ့စနစ် မတွေ့ရပါ။

လမ်းဘေးမှာ ယာဉ်ရပ်နားခ ကောက်ခံဖို့ ၀န်ထမ်း/အလုပ်သမား ခန့်ထားရတယ်ဆိုတာ တွက်ချေကိုက်နိုင်မယ် မဟုတ်ပါ။

အခုလို ရန်ကုန် လမ်းဘေးမှာ အခမဲ့ ယာဉ်ရပ်နိုင်ပြီ ဆိုတော့ စည်ပင်သာယာ ၀င်ငွေ ထိခိုက်ပါပြီ။ ရွေးစရာနည်းလမ်း များများမရှိလို့ ဒီလို လွှတ်ပေးလိုက်ဟန် တူပါတယ်။

ရန်ကုန်မှာ စနစ်တကျ ကားရပ်ကြဖို့ဆိုရင် ပညာပေး/လှုံ့ဆော်တာတွေ လိုအပ်သလို အဲဒီလို တကယ်ရပ်တတ်မှ ကားလိုင်စင် ထုတ်ပေးတာမျိုးလို စည်းကမ်းတင်းကျပ်ဖို့ စသဖြင့်လည်း လိုအပ်မယ်လို့ ယူဆပါတယ်။

လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်း.....

Kyaw Ko Kyaw and 2 other friends shared Aye Chan Mon's photo.



၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက်နေထိုင်လေ့ရှိခြင်း..။

၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။

၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။

၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။

၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။

၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။

(သုတေသနသရုပ်ပြအဘိဓာန်ကျမ်း)
“လောကနီတိကျမ်း အလိုအရမူ”

၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာပြုပြင်စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့နှစ်သက်ဖွယ်ပြုပြင်တတ်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။

၃။ အမှုကိစ္စဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။

၎။ ဘေးဒုက္ခကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။

၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။

၆။ အရောင်အဆင်းပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။

၇။ အမျက်ထွက်ရန်ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထားတတ်ခြင်း..။

ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။

ဗဟုသုတတိုးပွားနိုင်ကြပါစေ

Re-Post By ACM 31-3-2013
အေးချမ်းမွန် Credit & Copy From >>အကြင်နာမြို့တော်<< Thank

တိုက်စစ်မှုးမိုက်ကယ်အိုဝင် ရန်ကုန်အခြေစိုက် MNL ကလပ်တွင် (၆) လစာချုပ်ဖြင့်ကစားမည်

Sports News shared SeñorAye Thein's photo.
တိုက်စစ်မှုးမိုက်ကယ်အိုဝင် ရန်ကုန်အခြေစိုက် MNL ကလပ်တွင် (၆) လစာချုပ်ဖြင့်ကစားမည်
==================================
ရန်ကုန်။ မတ်လ (၃၁) ရက်

လီဗာပူး၊ ရီးရဲလ်မဒရစ်၊ မန်ချက်စတာယူနိုက်တက်နှင့် အင်္ဂလန်တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်ဟာ ယခုလက်ရှိ ဥရောပဘောလုံးရာသီအကုန်မှာ ရန်ကုန်အခြေစိုက် MNL ကလပ်တွင် (၆) လသက်တမ်းစာချုပ်ချုပ်ဆိုကစားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ကလပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ယနေ့ပြောကြားလိုက်ပါတယ်။

လက်ရှိအင်္ဂလန်ကလပ်စတုတ်စီးတီးအသင်းမှာ ကစားလျှက်ရှိတဲ့တိုက်စစ်မှုးဟာ ယခုဘောလုံးရာသီအကုန်မှာ ဘောလုံးကစားခြင်းမှ အနားယူမယ်လို့ပြောထားခဲ့ပေမယ့် အာရှဘောလုံးလောက တိုးတက်ရေးအတွက် မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ (၆)လစီ အခကြေးငွေမယူဘဲ ကစားပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/photo.php?fbid=361109357333735&set=a.170608936383779.33343.100003040210692&type=1&theater

==============================
====
ရန်ကုန်။ မတ်လ (၃၁) ရက်

လီဗာပူး၊ ရီးရဲလ်မဒရစ်၊ မန်ချက်စတာယူနိုက်တက်နှင့် အင်္ဂလန်တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်ဟာ ယခုလက်ရှိ ဥရောပဘောလုံးရာသီအကုန်မှာ ရန်ကုန်အခြေစိုက် MNL ကလပ်တွင် (၆) လသက်တမ်းစာချုပ်ချုပ်ဆိုကစားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ကလပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ယနေ့ပြောကြားလိုက်ပါတယ်။

လက်ရှိအင်္ဂလန်ကလပ်စတုတ်စီးတီးအသင်းမှာ ကစားလျှက်ရှိတဲ့တိုက်စစ်မှုးဟာ ယခုဘောလုံးရာသီအကုန်မှာ ဘောလုံးကစားခြင်းမှ အနားယူမယ်လို့ပြောထားခဲ့ပေမယ့် အာရှဘောလုံးလောက တိုးတက်ရေးအတွက် မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ (၆)လစီ အခကြေးငွေမယူဘဲ ကစားပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/photo.php?fbid=361109357333735&set=a.170608936383779.33343.100003040210692&type=1&theater

သင်္ကြန်သေနတ်တွေ လာပြီ


Sunday, March 31, 2013

တန်ခူးလ သင်္ကြန်ပွဲ နီးလာတာနဲ့အမျှ သင်္ကြန်နဲ့ ပတ်သက်တဲ့ မြင်ကွင်းတွေကိုလည်း စုံစုံလင်လင် မြင်တွေလာပါပြီ။ 


ဘန်ကောက်မြို့ သင်္ကြန်မြင်ကွင်းတခု (ဓာတ်ပုံ - AFP)

ဒီအထဲမှာ သင်္ကြန်ရောက်ရင်အပျော်ဆုံးဖြစ်မယ့် ကလေးတွေအတွက် သင်္ကြန်ရေကစားစရာပစ္စည်းတွေကို စတိုးဆိုင်၊ ကုန်တိုက်တွေက အစ ရပ်ကွက်ဈေးတွေမှာပါ တွေ့နေရပါတယ်။

ရေသေနတ်တွေက ကလေးတွေအကြိုက် သင်္ကြန် ရာသီစာ ဖြစ်ပါတယ်။

လူကြီးတချိုကလည်း ရေသေနတ်နဲ့ သင်္ကြန်မှာ ကဲကြ၊ ရေပက်ကြတာကိုလည်း တွေ့ဖူးကြမှာပါ။

ရေသေနတ်ရဲ့ အကြီးဆုံးသော အားသာချက်ကတော့ ရေကုန်သက်သာခြင်း ဖြစ်ပါလိမ့်မယ်။
ငွေကုန်တာတော့ သက်သာမယ်မဟုတ်ပါ။
အခု ဈေးကွက်မှာ ရေသေနတ်တွေရဲ့ ဈေးနူန်းတွေက ၁,ဝဝဝ ကနေ ၅,ဝဝဝ အတွင်း ရှိနေပါတယ်။ 
ရန်ကုန်ဈေးကွက်ထဲက ပလပ်စတစ်သင်္ကြန်ပစ္စည်းများ

ရွက်စိမ်း ~

Model and Singer | ခွန်းဆင့်နေခြည်

Saturday, 30 March 2013


Khun Sint Nay Chi - Flaming Violet Studio Shoot (1)
Khun Sint Nay Chi – Flaming Violet Studio Shoot



Khun Sint Nay Chi - Flaming Violet Studio Shoot (2)
Khun Sint Nay Chi – Flaming Violet Studio Shoot

Khun Sint Nay Chi - Flaming Violet Studio Shoot (3)
Khun Sint Nay Chi – Flaming Violet Studio Shoot

Khun Sint Nay Chi - Flaming Violet Studio Shoot (4)
Khun Sint Nay Chi – Flaming Violet Studio Shoot
Model  and Singer – Khun Sint Nay Chi | ခွန်းဆင့်နေခြည်
Date of Birth : 5 July
Height : 5′ 6″
Khun Sint Nay Chi is one of popular model from Myanmar. She is also singer and actress. She is really sexy and attractive girl.

ရခိုင် ကလေးငယ်တစ်ဦးအား မွတ်ဆလင်ပိုင် ဂျစ်ကားတိုက်မိ၍ သေဆုံး


ပျို့ အောင်(နတ်မြစ်)

ကားတိုက်ခံရသည့် ရခိုင်ကလေးငယ် ဆေးရုံသို့ပို့ရန်စီစဉ်နေစဉ်

မတ်လ (၂၉) ရက်နေ့က ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကောဆ့်ဘာဇာ(ခ)ဖလောင်းချိတ်ခရိုင် တက္ကနာမြို့ နယ် သော်ဒလီပါရာ(ခ) မြစ်နားရွာ အာသော က ကျောင်းတိုက်ရှေ့ လမ်းမကြီးပေါ်တွင် ရခိုင် ကလေးငယ်တစ်ဦးအား ဂျစ်ကား(Dhaka metro 164)ဖြင့် ၀င်တိုက်မိသဖြင့် သေဆုံးသွား ကြောင်း သိရသည်။

အဆိုပါ ဂျစ်ကားမှာ ဖလောင်းချိတ်မှလာသော ခရီးသည်တင်ကားတစ်စီးဖြစ်ပြီး တက္ကနာသို့အသွား အဆိုပါခလေးငယ်အား မတ်လ ၂၉ ရက် နေ့ ညနေ (၆) နာရီခန့်တွင် တိုက်မိရာ ခလေး ငယ်မှ ဦးခေါင်းပိုင်း ထိမှန်၍လွင့်စဉ်ကျသွားသဖြင့် ချက်ချင်း ဖလောင်းချိတ်ဆေးရုံသို့ ပို့ ဆောင်ခဲ့ရာ ဆေးရုံသို့အရောက် ည(၉)နာရီတွင် သေဆုံးသွားကြောင်း ဖလောင်းချိတ် အာလ်ဖေါ်ဝပ် ဆေးရုံတာဝန်ခံ ဆရာဝန်မှ အတည်ပြု ပြောကြားသည်။

သေဆုံးသွားသော ရခိုင်အမျိုးသား ခလေးငယ်မှာ အဖဦးသန်းထွန်းအောင်(ခ)ဒုံးချေနှင့် အမိ ဒေါ်ဖြူမေတို့၏သား မောင်မောင်ချေ(ခ) သန်း ကျော်ထွန်း (၇)နှစ်ဖြစ်ကြောင်း အမိဖြစ်သူ ဒေါ်ဖြူမေမှာ ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU)အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သိရှိရ သည်။

ဂျစ်ကား(Dhaka metro 164) မွတ်ဆလင်အမျိုးသား ကားဒရိုင်ဘာ အေကလာ၏ သားဖြစ်သူ နူရူအီဆလမ်(၂၅)ဖြစ်ကြောင်း တရားခံနှင့် အဆိုပါဂျစ်ကားအား တက္ကနာမြို့ နယ် ရဲစခန်းမှ ဖမ်းဆီးထားကြောင်း တက္ကနာရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။

သေဆုံးသွားသူမှာ မြစ်နားရွာ ကျေးရွာတွင် လာမည့်ဧပြီ (၃၊ ၄၊ ၅ )ရက်တို့တွင် ကျင်းပမည့် အသောက ကျောင်းတိုက်ဆရာတော် ဦးပဏ္ဍိ ဈာ ပနအတွက် ဒုံယိမ်းကလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရာမှ အပြန်လမ်းဖြတ်ကူးရာ ကားတိုက်ခံရခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးဖြစ်သူ ဦးမောင်ထွီးလှမှ ပြောသည်။

ကားဒရိုင်ဘာဖြစ်သူမှာ ကားမောင်းခွင့်လိုင်စင် မရှိဘဲကြုံသလို မောင်းနေသူလူငယ်ဖြစ်ကြောင်း၊ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် နှစ်စဉ်ကားတိုက်မှု များပြားလာသည်ဟု လူအခွင့်အရေးတာဝန်ခံ ကိုဝင်းသိန်းက ဆိုသည်။

ကလေးငယ်အား ကားဖြင့်တိုက်သည့် ကားဆရာ(အင်္ကျီမပါ)

ပခုံးအရွယ်အစားလောက် ကြီးမားသည့် လည်ပင်းရှိသူ



တရုတ်ပြည်၊ ဂျီလင်း ခရိုင်မှ ဝမ်ဇီရှန် ဆိုတဲ့ အမျိုးသားဟာ လည်ပင်း တစ်ဝိုက်မှာ ကြီးမားတဲ့ အကျိတ်ကြီး ဖြစ်ပေါ် နေတယ်လို့ သိရပါတယ်။ ၂၀ဝ၅ ခုနှစ် ဟော်မုန်း ကုသမှု ခံယူပြီး နောက်ပိုင်း မှာ သူ့လည်ပင်းဟာ စတင်ထူထပ် လာတယ်လို့ ဆို ပါတယ်။ အဲဒီ အကျိတ်ဟာ အဆီကျိတ် ဖြစ်ပြီး အဆီဆဲလ်တွေ ကြီးထွားမှု လွန်တဲ့ ဘီနိုင်းအကျိတ် ဖြစ်တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ခွဲစိတ် ကုသဖို့ လိုအပ် ပေမယ့် ခွဲစိတ် နိုင်ဖို့အတွက် ငွေအလုံ အလောက် မရှိတာကြောင့် မခွဲနိုင် သေးဘူးလို့ ဆိုပါ တယ်။ အဆီကျိတ်ဟာ ပျော့ပျောင်းပြီး
အရေပြား အောက်မှာ ပေါ်တတ် ပါတယ်။ များသော အားဖြင့် ပခုံး၊ လည်ပင်း၊ ရင်ဘတ်၊ လက်မောင်း ဒါမှမဟုတ် နောက်ကျောမှာ ဖြစ်တတ် ပါတယ်။ လူတစ်ရာမှာ တစ်ယောက်နှုန်း ဖြစ်ပေါ် တတ်ပြီး ဒုက္ခမပေး တတ် ဘူးလို့ သိရပါတယ်။ အကယ်၍ အဲဒီ အဆီကျိတ် ဟာ ကြီးမားနေရင် ဒါမှမဟုတ် မိမိအတွက် သက် သောင့်သက်သာ မရှိရင် ခွဲစိတ်ပြီး ဖယ်ရှား ပစ်ဖို့ လိုပါတယ်။ များသော အားဖြင့် အချင်းတစ်စင် တီမီတာနဲ့ သုံးစင်တီမီတာကြား အရွယ်သာ ရှိတတ် ပြီး အဆီဆဲလ်တွေ ကြီးထွားမှု များတာကြောင့် ဖြစ် တယ်လို့ ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး

GOOD HEALTH

တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် မိုဘိုင်းဖုန်းဆင်းကဒ် ၃သိန်းခွဲစီ ခွဲဝေရာင်းချပေးမည်


တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် မိုဘိုင်းဖုန်းဆင်းကဒ် ၃သိန်းခွဲစီ ခွဲဝေရာင်းချပေးမည်
....................................................................................................................


တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသတစ်ခုစီ၌ ဧပြီလအတွင်းရောင်းချပေးမည့်မိုဘိုင်းဖုန်းဆင်းကဒ် သုံးသိန်းငါးသောင်းခွဲ တမ်းအတွက် ရောင်းချမည့်ရက်နှင့်ဈေးနှုန်းအား မသတ်မှတ်ရသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကစုံစမ်းသိရှိရသည်။

“ကျွန်တော်တို့တန်ဖိုးနည်းဖုန်းတွေအတွက်ကတော့အစီစဉ်တွေကတော့လုပ်နေပါပြီ။အခုချိန်ထိတော့ ရက်တွေဘာတွေ သတ်မှတ်ရသေးခြင်းမရှိသေးပါဘူး။အားလုံးရက်တွေသတ်မှတ်ပေးပြီးသွားရင်တော့ကြေငြာပေးသွားမှာပါ။ ဈေးနှုန်း ကတော့ထောင်ဂဏန်း လည်းဖြစ်နိုင်သလို၊သောင်းဂဏန်းဖြစ်နိုင်ပါ တယ်။ကျွန်တော်တို့အနေနဲ့ကတော့ ဘယ်လိုမှခန့်မှန်းလို့မရသေးပါဘူး။”ဟုမြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မိုဘိုင်းဖုန်းဆင်းကဒ်များ၏ ဈေးနှုန်းနှင့် ရောင်းချမည့် ရက်ကိုဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာနက အချိန်မီသတင်းထုန်ပြန် ကြေညာပေးသွားမည်ဖြစ် ကြောင်း၊ ၄င်းမိုဘိုင်းဖုန်းများကိုဧပြီလအတွင်း ရောင်းချရန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နိုင်ငံတော် သမ္မတကြီးမှ မိုဘိုင်းဖုန်းဆင်းကဒ်များကို ပြည်သူလုထုအားကြိုတင်အသိပေးထားသည့် အတိုင်း ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးရန်တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းကဒ် ရောင်းချရေးဆိုင် ရာညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဧပြီလအတွင်း ရောင်းချပေးမည့် မိုဘိုင်းဆင်းကတ်များအားငွေကျပ်နှစ်သောင်းနှုန်းထက် လျော့နည်းသည့် ဈေးဖြင့်ရောင်း ချပေးမည်ဖြစ်ကြောင်း ကျပ်ထောင်ဂဏန်းမျှသာဖြစ်နိုင်ဖွယ်ရှိ ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ အတည်ပြုဖြေ ကြားမှုကိုကိုးကား၍ ယခုလအတွင်းက မီဒီယာများသို့ သတင်းထုတ်ပြန်ထားသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်ခွဲဝေရရှိလာသော Sim Card များကို တယ်လီဖုန်း မရရှိသေးသည့် ပြည်သူများမျှမျှတတ ရရှိနိုင်အောင် စနစ်တကျ ဖြန့််ဖြူးခွဲဝေရောင်းချပေးသွားရန်ဖြစ်ပါကြောင်း၊ ပြင်ပတွင် ဈေးမကစားနိုင်ရေးအတွက် Sim Card များကိုတူညီသည့်ဈေးနှုန်းဖြင့် လစဉ် ရောင်းချပေးသွားရန် စီစဉ်ထားကြောင်းကိုလည်းသိရှိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ Sim Card များရောင်းချပေးသည့်နည်းတူHand Set  များကိုလည်း ပုဂ္ဂလိကမှ ရောင်းချရာတွင် ဈေးမကစားနိုင်အောင်အခွန်လျော့ ပေးသည့်နည်း၊ အပြိုင်အဆိုင် ရောင်းချပေးစေသည့် နည်းစသည့်နည်းလမ်းများ အပါအဝင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီးနည်းလမ်းရှာဖွေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်းယင်းညှိနှိုင်းအစည်းအဝေးပွဲ၌ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့သည်။

 တန်ဖိုးနည်းဖုန်းများ ဧပြီလပိုင်းတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းနိုင်ငံတော်ပိုင်ရုပ်သံ များတွင်ကြေငြာ ခဲ့ပြီးနောက်ဈေးနှုန်းနှင့် တန်ဖိုးများ မသိရှိရသေးသော်လည်းပြည်သူများအနေဖြင့်မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။

“အခုလိုထွက်လာမယ်ဆိုတော့ပိုပြီးတော့အဆင်ပြေတာပေါ့။တန်ဖိုးနည်းလေပြည်သူလူထုကပိုပြီး တော့ကြိုက်တယ်။တန်ဖိုးမသတ်မှတ်ရသေးဘူးဆိုပေမယ့် တစ်သောင်းအောက်ဖြစ်ပါစေလို့ဆုတောင်းပါတယ်။" ဟု တန်ဖိုးနည်းဖုန်းအားစောင့်မျှော်နေသူပြည်သူတစ်ဦးကပြောသည်။

ဈေးနှုန်းသက်သာသည့် မိုဘိုင်းဖုန်းများ ရောင်းချပေးသွားမည့်အစီအစဉ်များကြောင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့မှစတင်ကာဈေးကွက်အတွင်းရောင်းချရန်ကျန်ရှိနေသေးသော နှစ်သိန်းတန်ဖုန်းများအားပြန်လည်သိမ်းဆည်းရန် မြန်မာ့ဆက်သွယ်ရေးမှကြေငြာထားခဲ့သည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card  များ ရောင်းချရေးဆိုင်ရာညှိနှိုင်း အစည်းအဝေးကို မတ်လ (၂၉) ရက်နေ့တွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးမြတ်ဟိန်း၊ ဒုတိယဝန်ကြီးများ၊တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများ၊တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထက်အောင်ခန့်
by Myit Makha Mediagroup
http://www.myitmakhamediagroup.com/detail.php?newid=4329

Myanmar Peace Center ငွေကြေး အရှုပ်တော်ပုံ စတင်ကြားနေရခြင်း

Monday, April 1, 2013


ဟုတ်၍ ကျော်သော MPC  ၏ ပုတ်၍ ပေါ်သောငွေကြေးအရှုပ်တော်ပုံ။

ယခုတလော မီဒီယာသတင်းများတွင် Myanmar Peace Center (MPC) ၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း
 စိတ်မကောင်းဖွယ်ရာ ကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစားလုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မကောင်းသတင်းများ အချိန်တို အတွင်း ထွက်ပေါ်လာနေပါတယ်။

ဒီသတင်းများဟာ တစ်ဖက်သတ်စွပ်စွဲချက်များ၊
 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မနာလိုသူများရဲ့ ဝေဖန်ချက်များအဖြစ် တုံ့ပြန်ဖြေရှင်းနေသော်လည်း အတွင်းသိများရဲ့ ဖောက်သည်ချမှုကြောင့် MPC ရဲ့ ငွေကြေးရယူသုံးစွဲမှုများဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းကိုတော့ အငြင်းပွားဖွယ်ရာမရှိ မြင်တွေ့နေရပါတယ်။


MPC ဟာ Semi-Government ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process)အတွက် အစိုးရအဖွဲ့က
 ဘက်ဂျက်ခွဲဝေပေးခြင်းမရှိလို့ NGO အဖွဲ့အစည်းတွေလို နိုင်ငံတကာအထောက်အပံ့များဖြင့် ရပ်တည်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိ MPC ကို အကူအညီပေးနေတဲ့အဖွဲ့တွေကတော့ ဥရောပသမဂ္ဂအဖွဲ့ (EU)၊ နော်ဝေ အခြေစိုက် Peace Donor Support Group (PDSG) နဲ့ Myanmar Peace Support Initiative (MPSI)၊ ဂျပန်က NGO အဖွဲ့တွေဖြစ်တဲ့ Nippon Formdation နဲ့ Japan Platform တို့ အဓိကဖြစ်ပြီး MPC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ Myanmar Egress မှတစ်ဆင့် အနောက်နိုင်ငံများရှိ Donor
 များက အကူအညီ ပေးလျက်ရှိနေပါတယ်။

ယနေ့ထိ လက်ခံရရှိခဲ့တဲ့ ပြည်ပထောက်ပံ့ငွေများကတော့ EU အဖွဲ့မှ ယူရိုငွေ ၇ သိန်း၊ Japan Nippon Formdation  က ဒေါ်လာ ၃ သန်းရှိခဲ့ပြီး ယခုနှစ်အတွင်းမှာ နောက်ထပ် PDSG အဖွဲ့မှ အမေရိကန်ဒေါ်လာ သန်း ၃၀ ၊ MPSI အဖွဲ့မှ ဒေါ်လာ သန်း ၇၀ ၊ EU အဖွဲ့မှ အမေရိကန်ဒေါ်လာ ၃၈.၅ သန်း၊ Japan Platform အဖွဲ့က သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်း ထောက်ပံ့ပေးမယ်လို့
 သိရှိရပါတယ်။

ဒီလိုပေးတဲ့နေရာမှာ EU နဲ့ နော်ဝေအဖွဲ့တွေက MPC ကို ငွေသားတွေတိုက်ရိုက်ပေးပြီး ဂျပန်အဖွဲ့တွေကတော့ MPC မှတစ်ဆင့် ကချင်နှင့်ကရင်ပြည်နယ်တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီမံကိန်းအနေနဲ့ တိုက်ရိုက်ပေးသွားဖို့ စီစဉ်ထားရှိပါတယ်။ ပြည်ပကနေ ထောက်ပံ့ပေးလာတဲ့ အကူအညီတွေကို MPC က လက်ခံရယူသုံးစွဲရာမှာ စဉ်းစားသင့်တဲ့ အချက် (၂) ချက်ကတော့ ငွေကြေး
 စာရင်းဇယား 

ပွင့်လင်းမြင်သာမှုနဲ့ ထောက်ပံ့မှုများရဲ့ နောက်ကွယ်က နှောင်ကြိုးများ ရှိ/မရှိဆိုတဲ့ အချက်များ ဖြစ်ပါတယ်။ လက်ရှိ MPC ဥက္ကဌ ဦးအောင်မင်း ဟာ ဒီ (၂) ချက်စလုံးကို ဂရုမစိုက်ဘဲ MPC မှာ အဖွဲ့ဝင်ဖြစ်တဲ့ MIC ဥက္ကဌကြီး ဦးစိုးသိန်း ရဲ့ ချယ်လှယ်မှုအောက်မှာ ရောက်နေပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ နောက်ကွယ်မှာရှိနေတဲ့ အချိတ်အဆက်များကတော့
 ပြုပြင်ပြောင်းလဲရေးခေါင်းစဉ်အောက်မှာ တိုင်းပြည် မျက်နှာကို မကြည့်ဘဲ နိုင်ငံရေးလုပ်စားသူများဖြစ်တာကို သမ္မတကြီးအနေနဲ့ သတိပြုသင့်ပါတယ်။

NGO အဖွဲ့အစည်းပုံသဏ္ဍန် လှုပ်ရှားသက်ဝင်နေတဲ့ MPC ဟာ နိုင်ငံတော် ဘက်ဂျက်ကို သုံးစွဲခြင်း မရှိလို့ စာရင်းစစ်ခံစရာမလိုတဲ့ အခွင့်အရေးကို အမိအရသုံးပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက်
 နိုင်ငံတကာကပေးလာတဲ့ ထောက်ပံ့ငွေတွေကို တိတိကျကျ ထိထိရောက်ရောက် သုံးစွဲခြင်းမရှိဘူးလို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မီဒီယာတွေက ထောက်ပြပြောဆိုနေပါတယ်။ 

အဆိုးဆုံးကတော့ နိုင်ငံခြား ထောက်ပံ့ငွေနဲ့ ရပ်တည်နေရတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ MPC တို့ဟာ နိုင်ငံတကာ Donor များ ရရှိရေး အပြိုင်အဆိုင်လှုပ်ရှားနေရတာကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မြွေမြွေခြင်း
 ခြေမြင်ပြီး MPC ရဲ့ ငွေကြေးစာရင်း မရှင်းနိုင်ပုံကို ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောင်ပြောင်တင်းတင်း ဝေဖန်လျက်ရှိနေပါတယ်။

NGO အဖွဲ့အစည်းများရဲ့ ထုံးစံအတိုင်း ငွေကြေးကို ကိုင်တွယ်သုံးစွဲသူ တာဝန်ခံများအနေဖြင့် ပုထုဇဉ် လူသားများပီပီ ကိုယ်ရေးကိုယ်တာသုံးစွဲလေ့ ရှိကြပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ NGO အဖွဲ့အစည်းများဟာ သက်ဆိုင်ရာ Project များ အလိုက်ရရှိတဲ့
 ငွေကြေးများအပေါ်မှာ စီးပွားရေး အခွင့်အလမ်းတစ်ခုလို လုပ်ကိုင်စားသောက်ကြတာ လည်း ထုံးစံပဲဖြစ်ပါတယ်။ အများအားဖြင့် သုံးစွဲရမဲ့ ငွေကြေးရဲ့ သုံးပုံတစ်ပုံခန့်သာ သက်ဆိုင်ရာ Project အတွက် သုံးစွဲပြီး ကျန်တဲ့ သုံးပုံနှစ်ပုံကတော့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ ကိုယ်ရေးကိုယ်တာ စရိတ်များ အဖြစ် သုံးစွဲကြတာလည်း မထူးဆန်းလှပါဘူး။

ဒါပေမယ့်လည်း MPC လို Semi-Government အဖွဲ့က
 နိုင်ငံတကာရဲ့ အထောက်အပံ့တွေကို အလွဲသုံးစားလုပ်နေတာကတော့ တိုင်းပြည် နစ်နာလှပါတယ်။ အဆိုးဆုံးကတော့ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတွေဖြစ်ခဲ့တဲ့ MPC ဥက္ကဌ နဲ့ MIC ဥက္ကဌကြီးတို့က ယခင်အကျင့်ဆိုးတွေ မပျောက်ဘဲ        Peace Process အတွက် ပေးအပ်လာတဲ့ ငွေကြေးတွေပေါ်မှာ ကော်မရှင်ခဆန်ဆန် ကိုယ်ပိုင်အသုံးစရိတ်များ ရယူသုံးစွဲနေခြင်းဟာ အလွန်ဆိုးရွားလှပါတယ်။
 လက်ရှိအစိုးရအဖွဲ့အပေါ် နိုင်ငံတကာမှလည်း ယုံကြည်မှု ပျက်ပြားစေပါတယ်။ 

ဒါ့ကြောင့်လည်း MPC အဖွဲ့ဝင် Myanmar Egress အဖွဲ့က သူတို့ အဆက်အသွယ်နဲ့ရရှိတဲ့ ထောက်ပံ့မှုတွေကို သူတို့ အစီအစဉ်နဲ့ သုံးစွဲနေတာဖြစ်မယ်ထင်ပါတယ်။
ကတိပြုထားပြီး မရရှိသေးတဲ့ ငွေကြေးတွေကို  စီးဝင်လာဖို့ ရရှိပြီးဖြစ်တဲ့ ငွေကြေးတွေရဲ့ ရငွေ၊ သုံးငွေစာရင်း ရှင်းလင်းရဲရပါမယ်။
 ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အတွက် သုံးလိုက်တဲ့ငွေကြေးတွေဟာ အမှန်တစ်ကယ် ထာဝရငြိမ်းချမ်းရေးကို အထောက်အကူပြုရပါမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ အခြေခိုင်ဖို့ ထောက်ပံ့ငွေမဖြစ်ရန် လိုအပ်သလို စစ်တပ်အတွက် ဘက်ဂျက်အဖြစ် မသုံးစွဲမိရန်လည်း လိုအပ်ပါတယ်။ လက်ရှိမြင်တွေ့ကြားသိ နေရတာကတော့ -

- MPC အဖွဲ့ဝင် ဒါရိုက်တာများ
 လစာငွေမြင့်မားနေခြင်း။

- MPC အဖွဲ့ဝင် ဝန်ကြီးများရဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားလာစရိတ်များ မြင့်တက်နေခြင်း။

- ပြည်ပမှာ နေထိုင်တဲ့ ဝန်ကြီးများရဲ့ သားသမီးများက Peace Process နဲ့ ပတ်သက်တဲ့ Project  များ လုပ်ဆောင်ရာမှာ ကော်မရှင်ခမျာ ညှိနှိုင်းရယူခြင်း။

- MPC ဝန်ထမ်းများ၏ အသုံးစရိတ်များ စာရင်းဇယားမှန်ကန်မှု မရှိခြင်းတို့ဟာ အဖြေမရှိတဲ့ မေးခွန်းများ ဖြစ်တာကို
 သုံးသပ်မှုများ ရှိနေပါတယ်။
ထောက်ပြဝေဖန်ရင် စွပ်စွဲပုတ်ခတ်တယ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုပြီး တုန့်ပြန်မယ်ဆိုတာသိပေမဲ့ MPC ဥက္ကဌနဲ့ MIC ဥက္ကဌကြီးတို့ နောက်ကွယ်က လှုပ်ရှားနေတဲ့ လုပ်စားသူများကြောင့် နိုင်ငံတကာ အထောက်အပံ့များဟာ အမှန်တကယ် End User ဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အကျိုးသက်ရောက်မှုရှိပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်သင့်ပါကြောင်း
 အကြံပြုလိုပါတယ်။ 

ပုတ်ရင်ပေါ်ပြီး ဟုတ်ရင်ကြော်ကြားတဲ့ သတင်းဆိုးများ ဟာ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းလာမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအပေါ် များစွာထိခိုက်မှာ စိုးရိမ်မိကြောင်းပါ ခင်ဗျာ။

မောင်နိုင်အောင် (အမိမြေ)။
ဟုတ်၍ ကျော်သော MPC ၏ ပုတ်၍ ပေါ်သောငွေကြေးအရှုပ်တော်ပုံ။
 
ယခုတလော မီဒီယာသတင်းများတွင် Myanmar Peace Center (MPC) ၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစားလုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မကောင်းသတင်းများ အချိန်တို အတွင်း ထွက်ပေါ်လာနေပါတယ်။

ဒီသတင်းများဟာ တစ်ဖက်သတ်စွပ်စွဲချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မနာလိုသူများရဲ့ ဝေဖန်ချက်များအဖြစ် တုံ့ပြန်ဖြေရှင်းနေသော်လည်း အတွင်းသိများရဲ့ ဖောက်သည်ချမှုကြောင့် MPC ရဲ့ ငွေကြေးရယူသုံးစွဲမှုများဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းကိုတော့ အငြင်းပွားဖွယ်ရာမရှိ မြင်တွေ့နေရပါတယ်။

MPC ဟာ Semi-Government ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (Peace Process)အတွက် အစိုးရအဖွဲ့က ဘက်ဂျက် ခွဲဝေပေးခြင်းမရှိလို့ NGO အဖွဲ့အစည်းတွေလို နိုင်ငံတကာ အထောက်အပံ့ များဖြင့် ရပ်တည် နေရတယ်လို့ ဆိုပါတယ်။ လက်ရှိ MPC ကို အကူအညီ ပေးနေတဲ့အဖွဲ့တွေကတော့ ဥရောပသမဂ္ဂအဖွဲ့ (EU)၊ နော်ဝေ အခြေစိုက် Peace Donor Support Group (PDSG) နဲ့ Myanmar Peace Support Initiative (MPSI)၊ ဂျပန်က NGO အဖွဲ့တွေဖြစ်တဲ့ Nippon Formdation နဲ့ Japan Platform တို့ အဓိကဖြစ်ပြီး MPC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ Myanmar Egress မှတစ်ဆင့် အနောက်နိုင်ငံများရှိ Donor များက အကူအညီ ပေးလျက်ရှိနေပါတယ်။

ယနေ့ထိ လက်ခံရရှိခဲ့တဲ့ ပြည်ပထောက်ပံ့ငွေများကတော့ EU အဖွဲ့မှ ယူရိုငွေ ၇ သိန်း၊ Japan Nippon Formdation က ဒေါ်လာ ၃ သန်းရှိခဲ့ပြီး ယခုနှစ်အတွင်းမှာ နောက်ထပ် PDSG အဖွဲ့မှ အမေရိကန်ဒေါ်လာ သန်း ၃၀ ၊ MPSI အဖွဲ့မှ ဒေါ်လာ သန်း ၇၀ ၊ EU အဖွဲ့မှ အမေရိကန်ဒေါ်လာ ၃၈.၅ သန်း၊ Japan Platform အဖွဲ့က သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်း ထောက်ပံ့ ပေးမယ်လို့ သိရှိရပါတယ်။

ဒီလိုပေးတဲ့နေရာမှာ EU နဲ့ နော်ဝေအဖွဲ့တွေက MPC ကို ငွေသားတွေတိုက်ရိုက်ပေးပြီး ဂျပန်အဖွဲ့တွေကတော့ MPC မှတစ်ဆင့် ကချင်နှင့်ကရင်ပြည်နယ်တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီမံကိန်းအနေနဲ့ တိုက်ရိုက်ပေးသွားဖို့ စီစဉ်ထားရှိပါတယ်။ ပြည်ပကနေ ထောက်ပံ့ပေးလာတဲ့ အကူအညီတွေကို MPC က လက်ခံရယူသုံးစွဲရာမှာ စဉ်းစားသင့်တဲ့ အချက် (၂) ချက်ကတော့ ငွေကြေး စာရင်းဇယား

ပွင့်လင်းမြင်သာမှုနဲ့ ထောက်ပံ့မှုများရဲ့ နောက်ကွယ်က နှောင်ကြိုးများ ရှိ/မရှိဆိုတဲ့ အချက်များ ဖြစ်ပါတယ်။ လက်ရှိ MPC ဥက္ကဌ ဦးအောင်မင်း ဟာ ဒီ (၂) ချက်စလုံးကို ဂရုမစိုက်ဘဲ MPC မှာ အဖွဲ့ဝင်ဖြစ်တဲ့ MIC ဥက္ကဌကြီး ဦးစိုးသိန်း ရဲ့ ချယ်လှယ်မှုအောက်မှာ ရောက်နေပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ နောက်ကွယ်မှာရှိနေတဲ့ အချိတ်အဆက်များကတော့ ပြုပြင် ပြောင်းလဲရေး ခေါင်းစဉ်အောက်မှာ တိုင်းပြည် မျက်နှာကို မကြည့်ဘဲ နိုင်ငံရေး လုပ်စားသူများဖြစ်တာကို သမ္မတကြီးအနေနဲ့ သတိပြုသင့်ပါတယ်။

NGO အဖွဲ့အစည်းပုံသဏ္ဍန် လှုပ်ရှားသက်ဝင်နေတဲ့ MPC ဟာ နိုင်ငံတော် ဘက်ဂျက်ကို သုံးစွဲခြင်း မရှိလို့ စာရင်းစစ်ခံစရာမလိုတဲ့ အခွင့်အရေးကို အမိအရသုံးပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာကပေးလာတဲ့ ထောက်ပံ့ငွေတွေကို တိတိကျကျ ထိထိရောက်ရောက် သုံးစွဲခြင်းမရှိဘူးလို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မီဒီယာတွေက ထောက်ပြပြောဆိုနေပါတယ်။

အဆိုးဆုံးကတော့ နိုင်ငံခြား ထောက်ပံ့ငွေနဲ့ ရပ်တည်နေရတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ MPC တို့ဟာ နိုင်ငံတကာ Donor များ ရရှိရေး အပြိုင်အဆိုင်လှုပ်ရှားနေရတာကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မြွေမြွေခြင်း ခြေမြင်ပြီး MPC ရဲ့ ငွေကြေးစာရင်း မရှင်းနိုင်ပုံကို ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောင်ပြောင်တင်းတင်း ဝေဖန်လျက်ရှိနေပါတယ်။

NGO အဖွဲ့အစည်းများရဲ့ ထုံးစံအတိုင်း ငွေကြေးကို ကိုင်တွယ်သုံးစွဲသူ တာဝန်ခံများအနေဖြင့် ပုထုဇဉ် လူသားများပီပီ ကိုယ်ရေးကိုယ်တာသုံးစွဲလေ့ ရှိကြပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ NGO အဖွဲ့အစည်းများဟာ သက်ဆိုင်ရာ Project များ အလိုက်ရရှိတဲ့ ငွေကြေးများအပေါ်မှာ စီးပွားရေး အခွင့်အလမ်းတစ်ခုလို လုပ်ကိုင်စားသောက်ကြတာ လည်း ထုံးစံပဲဖြစ်ပါတယ်။ အများအားဖြင့် သုံးစွဲရမဲ့ ငွေကြေးရဲ့ သုံးပုံတစ်ပုံခန့်သာ သက်ဆိုင်ရာ Project အတွက် သုံးစွဲပြီး ကျန်တဲ့ သုံးပုံနှစ်ပုံကတော့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ ကိုယ်ရေးကိုယ်တာ စရိတ်များ အဖြစ် သုံးစွဲကြတာလည်း မထူးဆန်းလှပါဘူး။

ဒါပေမယ့်လည်း MPC လို Semi-Government အဖွဲ့က နိုင်ငံတကာရဲ့ အထောက်အပံ့တွေကို အလွဲသုံးစားလုပ်နေတာကတော့ တိုင်းပြည် နစ်နာလှပါတယ်။ အဆိုးဆုံးကတော့ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတွေဖြစ်ခဲ့တဲ့ MPC ဥက္ကဌ နဲ့ MIC ဥက္ကဌကြီးတို့က ယခင်အကျင့်ဆိုးတွေ မပျောက်ဘဲ Peace Process အတွက် ပေးအပ်လာတဲ့ ငွေကြေးတွေပေါ်မှာ ကော်မရှင်ခဆန်ဆန် ကိုယ်ပိုင်အသုံးစရိတ်များ ရယူသုံးစွဲနေခြင်းဟာ အလွန်ဆိုးရွားလှပါတယ်။ လက်ရှိအစိုးရအဖွဲ့အပေါ် နိုင်ငံတကာမှလည်း ယုံကြည်မှု ပျက်ပြားစေပါတယ်။

ဒါ့ကြောင့်လည်း MPC အဖွဲ့ဝင် Myanmar Egress အဖွဲ့က သူတို့ အဆက်အသွယ်နဲ့ရရှိတဲ့ ထောက်ပံ့မှုတွေကို သူတို့ အစီအစဉ်နဲ့ သုံးစွဲနေတာဖြစ်မယ်ထင်ပါတယ်။
ကတိပြုထားပြီး မရရှိသေးတဲ့ ငွေကြေးတွေကို စီးဝင်လာဖို့ ရရှိပြီးဖြစ်တဲ့ ငွေကြေးတွေရဲ့ ရငွေ၊ သုံးငွေစာရင်း ရှင်းလင်းရဲရပါမယ်။ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အတွက် သုံးလိုက်တဲ့ငွေကြေးတွေဟာ အမှန်တစ်ကယ် ထာဝရငြိမ်းချမ်းရေးကို အထောက်အကူပြုရပါမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ အခြေခိုင်ဖို့ ထောက်ပံ့ငွေမဖြစ်ရန် လိုအပ်သလို စစ်တပ်အတွက် ဘက်ဂျက်အဖြစ် မသုံးစွဲမိရန်လည်း လိုအပ်ပါတယ်။ လက်ရှိမြင်တွေ့ကြားသိ နေရတာကတော့ -

- MPC အဖွဲ့ဝင် ဒါရိုက်တာများ လစာငွေ မြင့်မားနေခြင်း။

- MPC အဖွဲ့ဝင် ဝန်ကြီးများရဲ့ ပြည်တွင်း၊ ပြည်ပခရီး သွားလာစရိတ်များ မြင့်တက်နေခြင်း။

- ပြည်ပမှာ နေထိုင်တဲ့ ဝန်ကြီးများရဲ့ သားသမီးများက Peace Process နဲ့ ပတ်သက်တဲ့ Project များ လုပ်ဆောင်ရာမှာ ကော်မရှင်ခမျာ ညှိနှိုင်းရယူခြင်း။

- MPC ဝန်ထမ်းများ၏ အသုံးစရိတ်များ စာရင်းဇယားမှန်ကန်မှု မရှိခြင်းတို့ဟာ အဖြေမရှိတဲ့ မေးခွန်းများ ဖြစ်တာကို သုံးသပ်မှုများ ရှိနေပါတယ်။
ထောက်ပြဝေဖန်ရင် စွပ်စွဲ ပုတ်ခတ်တယ်၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ်ဆိုပြီး တုန့်ပြန်မယ်ဆိုတာသိပေမဲ့ MPC ဥက္ကဌနဲ့ MIC ဥက္ကဌကြီးတို့ နောက်ကွယ်က လှုပ်ရှားနေတဲ့ လုပ်စားသူများကြောင့် နိုင်ငံတကာ အထောက်အပံ့များဟာ အမှန်တကယ် End User ဖြစ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် အကျိုးသက်ရောက်မှု ရှိပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်သင့်ပါကြောင်း အကြံပြုလိုပါတယ်။

ပုတ်ရင်ပေါ်ပြီး ဟုတ်ရင်ကြော်ကြားတဲ့ သတင်းဆိုးများ ဟာ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းလာမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအပေါ် များစွာထိခိုက်မှာ စိုးရိမ်မိကြောင်းပါ ခင်ဗျာ။

မောင်နိုင်အောင် (အမိမြေ)။
 
သတင်းရင်းမြစ်ကို ကျနောအင်တာနက်စာမျက်နှာမှ ရောက်ရှိလာသည့်သတင်းအား ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

ညွန်ကြားရေးမှူးချုပ် အပါအဝင် အရာရှိအချို့အား တာဝန်မှရပ်စဲခြင်း၊ အနားပေးခြင်း၊ ဌာနပြောင်းခြင်းများပြုလုပ်၊ တပ်မတော် အရာရှိများ အစားထိုး ဝင်ရောက်မည်ကို ဝန်ထမ်းများ စိုးရိမ်..


 ဓာတ်ပုံ http://flashpackatforty.com
ဝန်ကြီးဌာနအချို့မှ ညွှန်ကြားရေးမှူး အဆင့်မှစ၍ ညွှန်ကြားရေးမှူးချုပ် အဆင့်အထိရှိသော တာဝန်ထမ်းဆောင်နေသူ အချို့အား ရာထူးမှ အနားပေးခြင်း၊ ဌာနပြောင်းရွှေ့ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု သတင်းရရှိပါသည်။

ယခုပြောင်းရွှေ့ခြင်း၊ အနားပေးခြင်း ပြုလုပ်သည့် ၀န်ကြီးဌာနများထဲတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန အများစုတွင် တာဝန်ထမ်းဆောင်နေသည့် ညွှန်ကြားရေးမှူးချုပ် အချို့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် အချို့နှင့် ညွန်ကြားရေးမှူးအချို့ ပါဝင်သည်ဟု သိရသည်။
လက်ရှိအချိန်တွင် ပြောင်းရွှေ့ရမည့် အရာရှိများ၊ အနားယူရမည့် အရာရှိများထံသို့ ညွှန်ကြားချက်များ ပေးပို့ထားကြောင်း၊ မည်သည့်အတွက် ပြောင်းရွှေ့ခြင်း၊ အနားပေးခြင်း ပြုလုပ်သည်ကို မသိရှိရသေးကြောင်း သိရသည်။

"ညွှန်ချုပ်၊ ဒုချုပ်နဲ့ ညွှန်မှူးတွေပါတယ်။ ပြောင်းတဲ့သူပြောင်း အနားပေးတဲ့သူ ပေးပေါ့။ အခု အမိန့်စာတွေတော့ ရထားတယ်။ မကြာခင်မှာ ထုတ်ပြန်မယ်လို့ သိရတယ်။ ဘာကြောင့်လဲဆိုတာတော့ အတိအကျ မသိရပေမယ့် အခု အနားပေးခံရတဲ့ အပြောင်းခံရတဲ့ အထဲမှာပါတဲ့ တချို့ကတော့ အတိုင်ခံဖူးတာတို့၊ လာဘ်ပေးလာဘ်ယူမှုနဲ့ ဆက်စပ်ခဲ့တာတို့ ရှိတယ်လို့ ပြောတယ်။ တချို့ကတော့ ဘာလို့ ပြောင်းမှန်း အနားပေးမှန်း မသိသေးဘူး။ ပြောင်းတယ်ဆိုတာမှာ ဟိုဘက်ဝန်ကြီးဌာနနဲ့ ဒီဘက်ဝန်ကြီးဌာန ဒဲ့ပြောင်းတာ ရှိသလို လစ်လပ်နေတဲ့ နေရာတွေကို ပြောင်းပြီး တာဝန်ထမ်းရတာမျိုးလည်း ပါတယ်။ စီးပွားကူးသန်းက ခြောက်ဦး၊ ခုနစ်ဦးလောက်တောင် ပါတယ်လို့ သိရတယ်" ဟု ၀န်ကြီးဌာနတစ်ခု၏ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။အတည်မပြုနိုင်သေးသည့် သတင်းအရ တာဝန်မှ ရပ်စဲခြင်း၊ ရွှေ့ပြောင်းခြင်း၊ အနားပေးခြင်းခံရသည့် ၀န်ထမ်းဦးရေမှာ ၅၀ ကျော်အထိ ရှိနိုင်သည်ဟု သိရသည်။

ဒီအပြောင်းအလဲဟာ ဘယ် Criteria ပေါ်မှာ ဆုံးဖြတ်သလဲဆိုတာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ၀န်ထမ်းလောကမှာတော့ အကြောက်တရား လွှမ်းမိုးသွားပြီ. . . . 
အပြောင်းအလဲ ပြုရာတွင် လစ်လပ်သွားသည့် နေရာများသို့ တပ်ဘက်မှ အရာရှိများ အစားထိုး ၀င်ရောက်မည်ကို ၀န်ထမ်းအချို့က စိုးရိမ်လျက် ရှိသည်ဟု သိရသည်။
"အခုအချိန်က ပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့အတွက် အရင်ကထက် အလုပ်ကို ၁၀ ဆလောက် ပိုလုပ်နေရတယ်။ တစ်သက်လုံး မလုပ်လာတာတွေကို ပြန်လုပ်နေရတာ။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ ဌာနတွေဆို ပိုဆိုးတယ်။ တပ်ကအရာရှိတွေ အစားထိုး ၀င်ရောက်လာရင် အစကနေ ပြန်သင်ပေးရတယ်။ အလုပ်မတွင်ဘူး။ ပြန်ရှင်းပြလို့လည်း မရဘူး။ ဥပဒေနဲ့ ပတ်သက်တဲ့ ဌာနတွေဆို ပိုဆိုးတယ်။ အချိန် အရမ်းယူရတယ်။ အရပ်ဖက် ၀န်ထမ်းထဲက ထူးချွန်တဲ့သူတွေကိုပဲ ရာထူးတိုးပေးသင့်တယ်။ ဒါမှ အများပြည်သူနဲ့ ဆက်ဆံရတဲ့အခါမှာ ရုံးလုပ်ငန်းတွေ မြန်ဆန်မှာ ဖြစ်သလို ပြောင်းလဲမှုတွေ ပြုလုပ်တဲ့အခါ အချိန်ယူစရာ မလိုတော့ဘူး" ဟု နေပြည်တော်ရှိ ၀န်ကြီးဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တစ်ဦးက ပြောပြခဲ့သည်။

"ဒီတစ်ခါ အပြောင်းအလဲ လုပ်တာက လုပ်ငန်းအောင်မြင်တာ၊ မအောင်မြင်တာနဲ့ သိပ်မဆိုင်ဘူးလို့ ထင်တယ်။ တချို့ လုပ်ငန်းအောင်မြင်တဲ့သူတွေ အပြောင်းခံရတဲ့အထဲပါပြီး လာဘ်ပေးလာဘ်ယူများတယ်လို့ အများထင်မြင်သူတွေတော့ ဘာမှမဖြစ်ဘူး။ ကျွန်တော့်အမြင် ပြောရရင် သမ္မတရုံးရဲ့ ဗဟိုချုပ်ကိုင်မှုကို ပိုပီပြင်အောင် လုပ်တယ်လို့ ယူဆပါတယ်။ ဗဟိုဦးစီးစနစ်နဲ့ ဗျူရိုကရေစီ ယန္တရားကို ပိုမိုပီပြင်အောင် လုပ်လိုက်တဲ့သဘော ဖြစ်နေတယ်။ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ၊ ၀န်ကြီးဌာနတွေမှာ လုပ်ပိုင်ခွင့် ထင်သလောက် မရဘဲ အရင်အစိုးရရဲ့ အုပ်ချုပ်မှုပုံစံနဲ့ ဘာမှမကွာဘူး ဖြစ်နေတယ်။ အရေးကြီးတဲ့ ပညာရေးဝန်ကြီးဌာနမှာပဲ လူသစ်တွေ ထည့်လိုက်တာက အနာဂတ် ပညာရေးအတွက် ရင်လေးစရာပါ။ အရင်က အစိုးရသမ္မတရုံး ညွှန်ချုပ်တွေကိုလည်း အဲဒီကိုပဲ ရွှေ့ခဲ့တာ။ အခုလည်း စစစ ညွှန်ချုပ်ကို အဲဒီကိုပဲ ရွှေ့တယ်လို့ သိရတယ်။

 ဘာမှ ဆက်စပ်မှု မရှိတဲ့နေရာ၊ မဆိုင်တဲ့နေရာတွေကို ပို့တာဟာ mismanagement ပါပဲ။ သမ္မတကတော့ လုပ်ငန်းအားလုံး ပွင့်လင်းမြင်သာမှု ရှိရမယ်လို့ ပြောတယ်။ ဒါပေမယ့် ဆက်သွယ်ရေးဝန်ကြီး ထုတ်ပယ်မှုကအစ ပွင့်လင်းမြင်သာမှု မရှိဘူး။ ကျွန်တော် နားလည်သလောက်တော့ ညွှန်ချုပ်နဲ့ ညွှန်ကြားရေးမှူး level မှာ အရည်အသွေးနဲ့ အရည်အချင်းက သိပ်မကွာဘူး။ အစိုးရရဲ့ အဓိကပြဿနာက အရင်အစိုးရလိုပဲ ဗဟိုချုပ်ကိုင်မှု များလွန်းတဲ့အတွက် အစိုးရရဲ့ ယန္တရားက မသွက်လက်ဘူး ဖြစ်နေတာပါ။ ဒီအပြောင်းအလဲဟာ ဘယ် Criteria ပေါ်မှာ ဆုံးဖြတ်သလဲဆိုတာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ၀န်ထမ်းလောကမှာတော့ အကြောက်တရား လွှမ်းမိုးသွားပြီ" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

  Eleven Media Group

လေးဇီးကလပ်တီးဝိုင်းနှင့်အတူ အဆိုတော်ဖြူဖြူကျော်သိန်း



မိုက်ကယ်လန်းတူရော့ခ်ဖျော်ဖြေပွဲတွင် အိမ်ရှင်တီးဝိုင်းအဖြစ် လေးဇီးကလပ်တီးဝိုင်းနှင့်အတူ အဆိုတော်ဖြူဖြူကျော်သိန်း သီဆိုဖျော်ဖြေနေစဉ်
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)