This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, October 8, 2013

ကြက်ဥ -ဘဲဥ တွေ လတ်/မလတ်စစ်ဆေးနည်း



၂၀၁၃ ခုနှစ်၊ အောက်တိုဘာ (၃)ရက်က Daily Health Tips (ခေါ်)အင်တာနက်သတင်းမှာ ဖော်ပြသွားတဲ့ သတင်းကို အိမ်ရှင်မ များအတွက် မျှဝေလိုက်ပါရစေရှင်။ ဈေးထဲကကြက်ဥ ဘဲဥတွေ ကို သေသေ ချာချာရွေးဝယ်ခဲ့ပေမယ့် အိမ်ရောက်လို့ ဟင်း ချက်ကြည့်တော့မှ ပုပ်မှန်းသိရတော့ ဟင်းအိုးအနံ့  အရသာပျက်လို့  စိတ်ညစ်ရပြီပေါ့ရှင်။ ဒီလိုနောက်ဆက်တွဲ ပြဿနာတွေ မဖြစ်ရလေအောင် ဟင်းချက်ခါနီး မှာ အောက်ပါရိုးရှင်းလွယ်ကူတဲ့နည်းလေးနဲ့  ကြက်ဥ-ဘဲဥတွေ လတ်/မလတ်စစ်ဆေးကြည့် နိုင်ပါတယ်ရှင်။

ပုံထဲမှာဖော်ပြထားတဲ့အတိုင်း ရေဇလုံတစ်ခုထဲကို ရေအပြည့်ဖြည့်ပြီး၊ မိမိဝယ်လာတဲ့ ကြက်ဥ- ဘဲဥ လေးတွေကို ၁-လုံးစီ ရေဇလုံ ထဲ ဖြည်းဖြည်းထဲ့လိုက်ပါ။

(၁) အကယ်၍ ကြက်ဥ-ဘဲဥက ရေဇလုံအောက်ခြေမှာ ဟန်ချက်ညီညီလဲလျောင်းနေပါရင်၊ အဲဒါ အလွန်လတ်ဆတ်သော ဥ ဖြစ်ပါတယ်။

(၂) အကယ်၍ ကြက်ဥ-ဘဲဥက ရေဇလုံအောက်ခြေမှာ ဟန်ချက်ညီညီမဟုတ်ဘဲ အပေါ်ယံတစ်ဘက်ကိုမ သိမသာ စောင်းနေရင်၊ အဲဒါ ရက်သတ္တ ၁-ပတ်ကြာတဲ့ ဥ ဖြစ်ပါတယ်။

(၃) အကယ်၍ ကြက်ဥ-ဘဲဥက ရေဇလုံအောက်ခြေမှာ တုံးလုံးလဲမနေဘဲ၊ ဒေါင်လိုက် အပေါ်ကိုထောင်နေ ရင် အဲဒါ ရက်သတ္တ ၃-ပတ်မျှကြာနေပြီဖြစ်တဲ့ ဥ ဖြစ်ပါတယ်။

(၄) အကယ်၍ ကြက်ဥ-ဘဲဥက ရေမျက်နှာပြင်ပေါ်မှာ ပေါလောပေါ်နေရင်၊ အဲဒါ (လုံးဝ)စားမရတော့တဲ့ ဥ အပုပ်ဖြစ်ပါတယ်။

အိမ်ရှင်မများ ပြုံးပျော်နိုင်ကြပါစေရှင်။

(ပေါက်ပေါက်….မျှဝေသည်)
(မှီငြမ်း… Daily Health Tips on 3rd October 2013)

7-10-2013 နေ့ ထုတ် ကြေးမုံသတင်းစာ (စာမျက်နှာ-၁၇)တွင်ဖော်ပြခံရတဲ့ဆောင်း ပါးလေးပါ။ FB မိတ်ဆွေများ သုတရစေဖို့ ထပ်ဆင့်မျှဝေလိုက်ရပါတယ်ရှင်။ (စေတနာများစွာဖြင့်.....ပေါက်ပေါက်)

စိတ်အလှတရားနှင့် အောင်မြင်မှု စိုးပိုင်ခဲ့ကြသည့် အလှမယ်ဆုရှင်များ ................



ကမ္ဘာ့အဆင့်မီ အလှမယ် ပြိုင်ပွဲများကျင်းပခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာပင် တိုင်ခဲ့ချေပြီ။ Miss Universe နှင့် Miss World ပြိုင်ပွဲများ၌ သရဖူဆောင်းခဲ့ပြီး နယ်ပယ် အသီးသီး၌ အောင်မြင်ကျော်
ကြားနေသူများလည်းရှိသည်။ ၄င်းပြိုင်ပွဲများ၌ အနောက်တိုင်း အလှမယ်များနည်းတူ အရှေ့ တိုင်းမယ်များကလည်း သရဖူ ဆောင်းနိုင်ခဲ့ သည်။ အိန္ဒိယ နိုင်ငံသည် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ များ၌ ဆုတံဆိပ်ပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့ပြီး၊ ထိပ်တန်း အနု ပညာရှင်အဖြစ် ကမ္ဘာ့အလယ် တွင် ရပ်တည်နိုင်ခဲ့သည်။ ၄င်း တို့ထဲမှ နာမည်ရအလှမယ်များ အကြောင်းကို ဖော်ပြပေးပါမည်။

အက်ရှ်ဝါယာရိုင်း

၁၉၉၄ ခုနှစ်၌ ကျင်းပသော ၄၄ ကြိမ်မြောက် Miss World ပြိုင်ပွဲကြီးကို တောင်အာဖရိကနိုင်ငံ စန်းမြို့တော်၌ ကျင်းပခဲ့သည်။ ၄င်းပြိုင်ပွဲ ၌ ရုပ်ရှင်မင်းသားဘ လဲအန် ဒါဝုဒ် နှင့် စူပါမော်ဒယ်နာအိုမီဝပ် ကန့်ဘဲလ်က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာမှ ပြိုင်ပွဲဝင် ၈၇ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ Miss World ဆုပေးပွဲ ည၌ အိန္ဒိယနိုင်ငံမှ အသက် ၂၁နှစ် အရွယ်ဗိသုကာပညာရပ် ကျောင်းသူ အက်ရှ်ဝါယာရိုင်းအား Miss World အဖြစ် ချီးမြှင့်ခဲ့သည်။ ၁၉၉၄ခုနှစ်သည် အိန္ဒိယ အလှမယ်များအဖို့ ဂုဏ်ယူ ဝင့်ကြွားစရာနှစ်တစ်နှစ်ဖြစ်ပြီး ထိုနှစ်အစောပိုင်း၌ ကျင်းပပြုလုပ်သော Miss World ပြိုင်ပွဲကြီး၌ အိန္ဒိယ မယ်ဆက်(ရှ်)မီတာဆန်ကပင် Title ဆုကြီးကို ရရှိခဲ့သည်။ Miss World ဆုရရှိပြီးနောက် အက်ရှ်ဝါယာရိုင်းသည် မော်ဒယ် နှင့်ရုပ်ရှင်မင်းသမီးအဖြစ် လှုပ်ရှားမှုပြုခဲ့သည်။ ၁၉၉၇ ခုနှစ်၌ Iruvar ရုပ်ရှင်၌ ပွဲဦး ထွက် သရုပ်ဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်၌ ရိုက်ကူးသည့် Jeans ရုပ်ရှင်ဇာတ်ကားသည် စီးပွားရေး အရ အလွန်တရာအောင်မြင် ခဲ့သည်။၎င်းအား မီဒီယာများက ကမ္ဘာ့အ လှဆုံး အမျိုးသမီးတစ်ဦး အဖြစ် မကြာခဏဖော်ပြကြ သည်။၂ဝဝ၇ခုနှစ်တွင် အဘီဆစ် ဘချမ်းနှင့် လက်ထပ်ထိမ်းမြားခဲ့ သည်။၎င်းသည် ပရဟိတ အဖွဲ့ အစည်းေ ပါင်းများစွာအတွက် သံတမန်အဖြစ် ဆောင်ရွက် လျက်ရှိပြီး ကုလသမဂ္ဂဆိုင်ရာ HIV/AIDS တိုက်ဖျက်ရေး စီမံကိန်း၌ Goodwill သံတမန် တစ်ဦးဖြစ်သည်။ ၄င်းအား အိန္ဒိယအစိုးရက ၂ဝဝ၉ခုနှစ်၌ Pad ma Shri ဆုချီးမြှင့်ခဲ့ပြီး ပြင်သစ်အစိုးရက ၂ဝ၁၂ခုနှစ်၌ Ordre des Arts et des Letters ဆုချီးမြှင့်ခဲ့သည်။

ပရီယန်ကာချိုပယား

ပရီယန်ကာချိုပယားသည် အိန္ဒိယရုပ်ရှင်မင်းသမီးနှင့် အဆိုတော်တစ်ဦးဖြစ်ပြီး ၂ဝဝဝ ခုနှစ် Miss World ဆုရှင်ဖြစ်သည်။ ၄င်းသည် ဆယ်ကျော်သက်အရွယ်၌ အဒေါ်ဖြစ်သူနှင့် အမေရိက၌အတူ နေထိုင်ခဲ့ဖူးပြီး အင်္ဂလိပ်လို ကောင်းစွာ ပြောနိုင်သည်။ ၂ဝဝဝခုနှစ်တွင် မိခင်က Miss India World ပြိုင်ပွဲကို ဝင်ပြိုင်ခိုင်းခဲ့ပြီး ဆုရရှိ ခဲ့ကာ Miss World ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၄င်းသည် Miss World အဖြစ် ရွေးချယ်ခံရသော အိန္ဒိယနိုင်ငံ၏ ငါးဦးမြောက် အလှမယ်ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲဝင်စဉ် က အသက်၁၈နှစ်သာ ရှိသေးပြီး သမိုင်းတစ်လျှောက် အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်သည်။ ထိုနှစ်သည်လည်း အိန္ဒိယနိုင်ငံအဖို့ ထူးခြားသည့်နှစ် တစ်နှစ်ဖြစ်ပြီး Miss Universe 2000ဆုရှင်သည် အိန္ဒိယနိုင်ငံမှ အလှမယ်လာရာ ဒတ်တာဖြစ်ကာ၊Miss Asia Pacific 2000 ဆုရှင်သည် လည်း အိန္ဒိယမှ ဒီရာမာ ဇာတ် ဖြစ်သည်။ ၁၉၉၄ ခုနှစ်ကလည်း Miss Worldနှင့် Miss Universe Title ဆုကြီးကို အိန္ဒိယမယ်များက သိမ်းပိုက်ခဲ့ပြီး၊ ၂ဝဝဝခုနှစ်တွင်လည်း အိန္ဒိယမယ် များက သာ သိမ်းပိုက်ခဲ့ ပြန်သည်။

Miss World ဆုရရှိခဲ့ခြင်းကြောင့် ၄င်းအားအိန္ဒိယရုပ်ရှင် လောကမှ ကမ်းလှမ်းခြင်းခံရပြီး ၂ဝဝ၂ခုနှစ်တွင် Thamizhan၊ Andaaz နှင့် The Hero ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်သရုပ်ဆောင်ခဲ့ကာ Film Fare ဆုပေးပွဲ၌ မျက်နှာသစ်အမျိုးသမီးဆုရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု အတွက်လျာထားခံရ သည်။ ၄င်း သည် ကြေးမြင့် ဘောလီးဝုဒ်မင်းသမီး တစ်လက်ဖြစ်ပြီး National Film ဆုပေးပွဲနှင့် Filmfare ဆုပေးပွဲများ၌ ဆုချီးမြှင့်ခြင်းခံရသည်။ ထို့အပြင် ၄င်းသည် ကမ္ဘာကျော် ရက်ပါအဆိုတော် ဗစ်ဆူး(လ်)နှင့် တွဲဖက်၍ ၂ဝ၁၂ခုနှစ် In My City သီချင်းနှင့် ၂ဝ၁၃ ခုနှစ်တွင် Exotic သီချင်းကို သီဆိုဖြန့်ချိခဲ့သည်။ သူမသည် ကလေးသူ ငယ် များအခွင့် အရေးဆိုင်ရာ UNICEF ၏ Goodwill သံတမန်တစ်ဦး ဖြစ်သည်။

လာရာဒတ်တာ

လာရာဒတ်တာဆူပသီသည် ဘောလီဝုဒ်မင်းသမီးတစ်ဦးဖြစ်ပြီး Miss Universe ဆုရှင် ဖြစ်သည်။ ၂ဝဝ၃ခုနှစ် Andaaz ကို ပွဲဦးထွက် ရိုက်ကူးခဲ့ပြီး ရုပ်ရှင်လော က၌ အောင်မြင်မှုရရှိခဲ့သည့်အပြင် FilmFare ဆုပေးပွဲ၌အကောင်းဆုံး မျက်နှာသစ်အမျိုးသမီးဆုကို ရရှိခဲ့သည်။Miss Universe 2000 ပြိုင်ပွဲကြီးကို ဆိုက်ပရပ်(စ်)နိုင်ငံ နီကိုရှားဒေသ၌ ကျင်းပခဲ့ပြီး နိုင်ငံတကာအလှမယ် ၇၉ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၄င်းအလှမယ်ပြိုင်ပွဲ၌ အသက် ၂၁နှစ်အရွယ်အိန္ဒိယအလှမယ် လာရာဒတ်တာကMiss Universe သရဖူဆောင်းနိုင်ခဲ့သည်။နောက်ပိုင်း၌ လာရာဒတ် တာသည် ရုပ်ရှင်ဇာတ်ကားများ အား ဆက်တိုက်ရိုက်ကူးခဲ့ပြီး ၂ဝဝ၄ခုနှစ်တွင် Masti ၂ဝဝ၅၌ No Entry နှင့် Kaal ၊၂ဝဝ၆ ခုနှစ်တွင် Bhagam Bhag ၊ ၂ဝဝ၇ခုနှစ်တွင် Partner ၊ ၂ဝ၁ဝ ခုနှစ်တွင် Housefull နှင့် ၂ဝ၁၁ခုနှစ်တွင် Chalo Dilli စသည်ဖြင့် ရုပ်ရှင် ဇာတ်ကားများရိုက်ကူးခဲ့သည်။

ဂျနီဖာဟော့ကင်း

၅၃ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးကို ၂ဝဝ၄ခုနှစ် ဇွန်လ ၁ရက်နေ့တွင် အီကွေဒေါနိုင်ငံ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး Miss Universe ဆုကို သြစတြေးလျအလှမယ် ဂျနီဖာဟော့ကင်းက ရရှိခဲ့သည်။ ၄င်းပြိုင်ပွဲသည် သုံးပတ်တာကြာမြင့်ခဲ့ပြီး ရီဟာဇယ်များနှင့် နောက်ဆုံး ပွဲစဉ်မကျင်းပမီ အကြိုပြိုင်ပွဲများ ကျင်းပခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် သြစတြေးလျ အလှမယ် မစ်ရှဲလ်မတ်လင်းသည် Miss Universe ဆုကို ရရှိခဲ့ပြီး ၁၂နှစ်ကြာပြီးနောက်၊ ဂျနီဖာဟော့ကင်းက သြစတြေးလျ နိုင်ငံ၏ဂုဏ်ကို တစ်ဖန်ေ ဆာင် နိုင်ခဲ့ပြန်သည်။ ၄င်းသည် သြစတြေးလျ နိုင်ငံ၏ထိပ်တန်း မော်ဒယ်အဖြစ် ရပ်တည်လျက် ရှိသည်။

သိမ့်နှင်းအိမ်
Ref: wiki, Miss Universe
Myawady

ကိုယ်တိုင်ကားမောင်းသလိုမောင်းရမယ်..Dr.Driving Update လေးပါ..





ကားမောင်းတာကြိုက်တဲ့မိတ်ဆွေများအတွက် Update လေးတွေ့လို့
တင်ပေးလိုက်ပါတယ်နော်.. ကားပြိုင်တဲ့ဂိမ်းတော့မဟုတ်ပါဘူးခင်ဗျာ..
ကိုယ်တိုင်ဝင်မောင်းရသလိုပါပဲ .. ကားပါကင်ထားတာလဲပါတယ်..
Highway မောင်းတာလဲပါတယ်.. ဓါတ်ဆီချွေတာပြီးလဲမောင်းခိုင်း
တာလဲပါတယ်..အို..စုံ လို့ပါပဲဗျာ.. ကဲ..စိတ်ဝင်စားရင်တော့အောက်
မှာဒေါင်းနိုင်ပါတယ်ဗျာ.. Dr.Driving တဲ့နော်..



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Volkswagen တစ်လီတာကား မိုင် ၇၀၀ ဆီတစ်ဂါလံသာ သုံးမည်



olkswagen XL1 လို့ အမည်ပေးထားတဲ့ ၂ ယောက်စီးကား ဖြစ်ပါတယ်။ ကမ္ဘာ့ ဆီစား အသက်သာဆုံး ကား အဖြစ် စံချိန်တင်ထားတဲ့ကား ဖြစ် ပါတယ်။

အစီးရေ ၂၅၀ ထုတ်လုပ်ပြီး ဈေးကွက်ကို စတင်ရောင်းချနေပါပြီ။ ဆီတစ်ဂါလံ နဲ့ မိုင် ၃၂၀ မောင်းနိုင်ပါတယ်။ ဒီတစ်ခါ အဲ့ထပ်ပိုထူးခြားတဲ့ သတင်းတစ်ခုကို ဂျာမနီ Volkswagen တို့ ကြေညာလိုက်ပါပြီ။ Volkswagen XL1 ကို ဆီတစ်ဂါလံတည်းနဲ့ မိုင် ၇၀၀ ခရီးသွားစေနိုင်ခြင်း ဖြစ်ပါတယ်။ ကားမှာ ပါမယ့် ဆီဂါလံက ၂.၆ သာ ဖြစ်ပေမယ့် တစ်ဂါလံကို မိုင် ၇၀၀ မို့ မိုင် ၁၅၀၀ အထပ်တောင် ခရီးသွားနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ရောင်းချတဲ့ အစီး ၂၅၀ ကတော့ ဆီတစ်ဂါလံ မိုင် ၃၁၀ ကျော် ခရီးသွားနိုင်မယ့် ကားပါပဲ။

ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁သိန်းခွဲ ဝန်းကျင်နဲ့ ရောင်းချခြင်း ဖြစ်ပါတယ်။ ဆီတစ်ဂါလံ မိုင် ၇၀၀ ခရီး ဗားရှင်း ကတော့ စတင်ကြေညာထားခြင်း ဖြစ်ပြီး ထုတ်လုပ်မှုကို စတင်တော့မှာပါ။ ဟိုင်းဘရစ်ဗားရှင်းနဲ့အတူ ဒီဇယ် အင်ဂျင် ၈၀၀ စီစီ ဆလင်ဒါ ၂ လုံးပူး တာဘိုတပ် အမျိုးအစားကိုလည်း ထုတ်လုပ်ထားပါတယ်။ အမြန်ဆုံး top speed တစ်နာရီ ၉၈မိုင်ကျော် မောင်းနှင်နိုင်တဲ့ Volkswagen XL1 များကို အရေအတွက် အမြောက်အများ ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက်ထားနည်း


အသိတစ်ယောက်က အခုလို လုပ်ချင်နေတာနဲ့  လုပ်ပေးကြည့်လိုက်တာ မိုက်တယ်ဗျ
ဟုတ်တော့ဟုတ်တယ်နော ။ ကိုယ့်သူငယ်ချင်းက မိန်းကလေးတစ်ယောက်ဖြစ်တယ်
သူ့ စာမျက်နှာသွားပီးကြည့်လိုက် သူ like လုပ်ထားတဲ့ဟာတွေက Sexy Page တွေ
ကိုယ့်သဘောနဲ့  ကိုယ်ဆိုပေမယ့်လည်း သူများမြင်တော့ မကောင်းဘူးထင်ပါတယ်
Like လုပ်တယ်ဆိုတာကကိုယ်သဘောကျ ကြိုက်နှစ်သက်တဲ့ Page ကိုပဲ လုပ်တာ
ဒါနဲ့ ကျနော်လည်း သူငယ်ချင်းတွေဆီလျှောက်သွားပီး ဘယ်သူက ဘယ်လိုဟာတွေ
Like လုပ်ထားလဲကြည့်ကြည့်တယ် ။ စပ်စုကြည့်တာပေါ့ အခုတော့ စပ်စုမရအောင်
ကျနော်ပိတ်ထားလိုက်တယ် ။ ဒါဆို အခုကျနော့စာမျက်နှာလာကြည့် မမြင်ရတော့ဘူး
ကျနော် ဘယ်လိုဟာတွေ Like လုပ်ထားလဲ သူများကြည့်မရတော့ဘူး ဖွက်ထားပီ
တိတ်တိတ်လေးနဲ့  ဖလမ်းဖလမ်းထတာပေါ့ ။ ဆိုတော့ကာ သူငယ်ချင်းတွေထဲမှာလဲ
အခုလို ဖျောက်ထားချင်တယ် သူများကိုမသိစေချင်ဘူးဆိုရင် ဖွက်ထားလိုက်ကြပေါ့
ကိုယ့်သူငယ်ချင်း ဘယ်သူတွေဆိုတာမသိစေချင်ရင် ကိုယ့်သူငယ်ချင်းဘယ်လောက်
မသိစေချင်ရင်လည်း ဖျောက်ထားလို့ ရတယ် လျှိုဝှက်သိုသိပ်စွာ နေထိုင်းနည်းလေး
တစ်မျိုးပါပဲ ။ တချို့ ကောင်မလေးတွေ Sexy Page တွေ အများကြီး Like တယ်ဗျ
ပြောတော့ မပြောပါဘူး ။ ဘယ်သူတွေ ဘာ Like လည်း ပတ်မွှေကြည့်လိုက်တာ
ကဲ ..အမွှေမခံချင် ၊ သူများမသိစေချင်ရင် ဖျောက်ထားလိုက်တော့ အေးဆေးပါပဲ
1 - like ထားတဲ့ဟာတွေရဲ့ ညာဘက်အပေါ်နားမောက်စ် တင်ပီးနှိပ်လိုက်

2 - Edit Privacy ထဲဝင်ပီး အကုန်လုံး Only me ပြောင်းပေးလိုက်ရင်ရပြီ

မူရင်း မောင်စွယ်စုံကျမ်း
တကယ်မိုက်တယ်ဗျ  မသိသေးသူတွေအတွက် ...ကိုယ်  တွေသမျှကိုလိုက်လုပ်ပြီ နေရင်...
ခိခိကောင်မလေးတွေ သယ်ချင်းတွေ မသိစေချင်ဘူး ဒီတိုင်းလေးလုပ်လိုက် ..ပါ
အဆင်ပြေပါစေ။
နွေည

Fwd: ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ကြို့ ပင်ကောက်မြို့  ဆက်သွယ်ရေးရုံး အများပိုင် ရံပုံငွေ ပျောက်ဆုံးနေပါသဖြင့်  သက်ဆိုင်ရာမှ ဖြေရှင်းပေးပါရန်

Inbox
x

aye aye <ayeaye720@gmail.com>
Oct 5 (3 days ago)

to thithtoolwin9, me, demowaiyen
---------- Forwarded message ----------
From: aye aye <ayeaye720@gmail.com>
Date: Sat, 5 Oct 2013 01:05:19 -1200
Subject: ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ကြို့ ပင်ကောက်မြို့ 
ဆက်သွယ်ရေးရုံး အများပိုင် ရံပုံငွေ ပျောက်ဆုံးနေပါသဖြင့်  သက်ဆိုင်ရာမှ
ဖြေရှင်းပေးပါရန်
To: burmese <burmese@rfa.org>, burweb <burweb@rfa.org>
Cc: burmese <burmese@voanews.com>

 ၂၀၀၆ခုနှစ်ခန့်က ကြို့ ပင်ကောက်မြို့တွင်
ဆက်သွယ်ရေးရုံး(အော်တိုတယ်လီဖုန်း)အတွက်
အသုံးပြုရန်ဖုန်းပိုင်ရှင်များထံမှ ရံပုံငွေကို ကောက်ခံခဲ့ ပြီး
ရရှိလာသည့် သိန်း၆၀ ခန့် ကို တယ်လီဖုန်းကော်မတီအဖွဲံဖွဲံ့ ၍
ထိန်းသိမ်းထားခဲံ့ပါသည်။
  သို့ သော် ယခုအခါ  ထိုငွေများကို ဖုန်းရုံးအတွက်
ဘာမှသုံးစွဲခြင်းမရှိဘဲ  ရံပုံငွေများ ပျောက်ဆုံးနေကြောင်း
ကြးသိနေရပါသည်။
  ထိုံကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ  အမြန် ဆုံး
စစ်ဆေးဆောင်ရွက်ပေးပါရန် မြို့နေပြည်သူတစ်ဦးမှ
ရင်ဖွင့်တင်ပြလိုက်ပါသည်ခင်ဗျား
                         မြို့  ခံတစ်ဦး


Oct 5 (3 days ago)

to ayeaye720
http://www.kopaelay.blogspot.com/  ( ကိုပဲလေး ဘလော့မှ ကြိုဆိုပါဧ။် )

Code ထည့်စရာမလိုတဲ့ Viber v3.0.1.3 နောက်ဆုံးထွက် Version.................

Viber ချစ်သူများအတွက် Code မလိုတဲ့ Viber နောက်ဆုံးထွက် Version ထွက်လာပါပြီဗျာ။ အရင်တုန်း ကတော့ Viber ကို Code ထည့်ရတာ အလုပ်ရှုပ်လို့ မသုံးကြတဲ့သူတွေရှိပါတယ်။ ရှိပြီးသားသူတွေကလည်း Error တက်ပြီး Code ပြန်ပြန်တောင်းနေလို့ အဆင်မပြေသူတွေလည်းရှိပါတယ်။ အခု Viber v3.0.1.3 မှာတော့ Code ထည့်စရာမလိုပါဘူး Phone No. ထည့်လိုက်တာနဲ့ Activate ဖြစ်ပြီး အသုံးပြုနိုင်ပါပြီဗျာ။ ဒီလောက်ဆိုရင်တော်တော်ကြီးကိုအဆင်ပြေသွားပါပြီနော်။ အခုထွက်လာတဲ့ Version အသစ်မှာလည်း တစ်ဖက်နဲ့တစ်ဖက် Video File တွေကိုပါအပြန်အလှန်ပို့လို့ရနေပါပြီဗျာ။
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
Download here

ကွန်တိန်နာကားတစ်စီးကို လက်ဖြင့်ကပ်ကာ လေပေါ်ပျံပြီး ဆူးလေဘုရားနှင့် ကမ်းနားလမ်းကိုပတ်ပြခဲ့ရာ လူအများ အံ့ဩတကြီး ကြည့်ရှုခဲ့

မြန်မာပြည်ကမျက်လှည့်(ကမ္ဘာကျော် ဒိုင်နမိုတောမဟုတ်ပါ) ကွန်တိန်နာကားတစ်စီးကို လက်ဖြင့်ကပ်ကာ လေပေါ်ပျံပြီး ဆူးလေဘုရားနှင့် ကမ်းနားလမ်းကိုပတ်ပြ

မြန်မာနိုင်ငံရဲ့ မျက်လှည့်ကို ဟာသနှင့်တွဲစပ်၍ ဖျော်ဖြေရင်း နာမည်ကျော် ကြားလာသည့် မျက်လှည့်ဆရာ မစ္စတာတော့ပ်ဟာ အောက်တိုဘာ (၅) ရက် နံနက် ၆ နာရီမှစ၍ (၁) နာရီခွဲခန့် ကွန်တိန်နာကားတစ်စီးကို လက်ဖြင့်ကပ်ကာ လေပေါ်ပျံပြီး ဆူးလေဘုရားနှင့် ကမ်းနားလမ်းကိုပတ်ပြခဲ့ရာ လူအများ အံ့ဩတကြီး ကြည့်ရှုခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)







ဟုတ်လား  မဟုတ်လားတောကျနော်  ...မသိဘူး    သိုပေ့မယ်မြန်မာပြည်မှာ ဒီလို...ရှိတယ်ဆိုတော...၀မ်းသာမိပါတယ်
အဆင်ပြေပါစေ
နွေည

စံပြဈေးပါတ်ပါတ်လည်မှစည်းကမ်းမရှိသူများ

Inbox
x

zue zue <zuezueluelue@gmail.com>
1:08 PM (15 hours ago)

to me
သင်္ဃန်းကျွန်းစံပြဈေးပါတ်ပါတ်လည်တွင်ဈေးသည်များသည်စည်းကမ်းမဲ့စွာလမ်းမပေါ်ဈေးရောင်းနေသောကြောင့်ကားများ လူများသွားလာရာတွင်အလွန်ခက်ခဲလှသည် ထို့ပြင်ဈေးသည်များဘေးတွင်ဆိုက်ကားများ ပါထပ်ရပ်ထား၍လမ်းသွားသူများမှာလမ်းမပေါ်တက်ပြီးသွားရသဖြင့်ယဉ်တိုက်မှုများမကြာခဏဖြစ်ပွါးနေပါသည် အဆိုးဆုံးမှာသံသုမာလမ်းဘက်ခြမ်းဖြစ်ပါသည် အချိန်နှင့်ရောင်းချခွင့်ပြုသည်ကိုစည်းကမ်းရှိစွာရောင်းစေချင်ပါသည် ကိုယ်ကြောင့်အများပြည်သူကိုစိတ်အနှောင့်အယှက်မဖြစ်အောင်ဂရုစိုက်စေချင်ပါသည် သက်ဆိုင်ရာဌါနမှသူများမှလည်းမျက်စိမှိတ်မနေဘဲ ပိုက်ဆံရရင်ပြီးရောဆိုတဲ့စိတ်ဓါတ်တွေမထားပဲနိုင်ငံတော်ကြီးစည်းကမ်းရှိစွာတိုးတက်ရေးအတွက်လုပ်ဆောင်ကြပါလို့မေတ္တာရပ်ခံတင်ပြအပ်ပါသည် ။   စံပြသားလေ့း့    
ko pae Lay <kopaelay@gmail.com>
1:08 PM (15 hours ago)

to zuezueluelue
http://www.kopaelay.blogspot.com/  ( ကိုပဲလေး ဘလော့မှ ကြိုဆိုပါဧ။် )

၃ လကျော်အကြာ ပုလင်းထဲ အရက်စိမ်ထားတဲ့ မြွေက လူကို ကိုက်

Sunday, October 6, 2013
ဆေးဖက်ဝင်တယ်ဆိုပြီး ပုလင်းတခုထဲမှာ အဖုံးပိတ်ပြီး အရက်နဲ့ နှပ်ထားတဲ့ မြွေက ၃ လကျော်ကြာ
ပြီးနောက် အသက်ပြန် ၀င်လာပြီး အမျိုးသမီး တဦးကို ကိုက်လိုက်ပါတယ်။ 

 ဓာတ်ပုံ- The Mirror

တရုတ်ပြည်မှာ မြွေကို အရက်စိမ်ပြီး ဆေးဖက်ဝင်အဖြစ် အသုံးပြုကြလေ့ရှိပါတယ်။ ၃ လကျော်ကြာ ပုလင်းထဲ အလုံပိတ် ပြီး အရက်နဲ့ နှပ် ထားတဲ့ မြွေ  ( Pickled Snake ) က နိုးထလာပြီး ကိုက်လိုက်တဲ့ အဖြစ် ကတော့ တကယ့်ကို မယုံနိုင်ဖွယ်အံ့သြစရာ အဖြစ်ပါ။ 

ဒါဟာ တကယ့်ကိုပဲ တရုတ်ပြည် မြောက်ပိုင်း ဟာဘင် မြို့မှာ ဖြစ်တယ်လို့ ဂျပန် Yahoo သတင်းကို ကိုးကားပြီး The Mirror က ဖော်ပြထားပါတယ်။

အဆိုပါ မြွေကိုက်ခံလိုက်ရတဲ့ အမျိုးသမီးက ပုလင်းထဲမှာ အရက်ထပ်ဖြည့်ဖို့ လုပ်တဲ့အချိန် မှာ မြွေက 
ခေါင်း ထောင်လာတာ ကြောင့် သူက လက်ချောင်းနဲ့ မြွေကို ပုလင်းထဲ ပြန်ထည့်ဖို့ အလုပ်မှာ မြွေက သူ့လက်ကို ကိုက်လိုက်တာပါ။ 

ဒါနဲ့ မိသားစုဝင်တွေက ချက်ခြင်းပဲ မြွေကိုက်ခံရသူ အမျိုးသမီးကို ဆေးရုံကို ပို့လိုက်ကြတယ်။ ကံကောင်း စွာနဲ့ အဆိုပါ အမျိုးသမီးဟာ အသက်ရှင်ခဲ့ပါတယ်။ 


အိမ့်သံစဉ် ~

ဗိုလ်ချုပ်မှူးကြီးဟောင်း မြေးနဲ့ လုံးဝ မပတ်သက်ကြောင်း မိုးစက်ဝိုင် ရှင်းပြီ.................

အနုပညာ


Hits:6,447
မိုးစက်ဝိုင်, နေရွှေသွေးအောင်, မယ်စကြဝဠာ
နေရွှေသွေးအောင်နဲ့ လုံးဝ မပတ်သက်ဘူးဆိုတဲ့ မိုးစက်ဝိုင်ကို ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေး နေရွှေသွေးအောင် (ဖိုးလပြည့်) နဲ့ အတူ Miss Myanmar Universe 2013 ကို တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ တွဲဖက် တွေ့ရပေမယ့် သူတို့ကြားမှာ ဘယ်လို ပတ်သက်မှုမျိုးမှ မရှိကြောင်း ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်က ရှင်းလင်း ပြောကြားလိုက် ပါတယ်။
ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ်မှာ ဒီနေ့ ညနေ ၃ နာရီက ပြုလုပ်တဲ့ Miss Myanmar Universe 2013 နဲ့ မီဒီယာများ သတင်းစာ ရှင်းလင်းပွဲမှာ မိုးစက်ဝိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ဖိုးလပြည့်နဲ့တော့ ဘာမှမဟုတ်တာ သေချာတယ်လို့ ပြောရဲပါတယ်ရှင့်။ ကိုယ့်သိက္ခာ အတွက်တော့ တကူးတက မြှင့်စရာ မရှိပါဘူး။ မိုးစက်က အနေအထိုင် မသင့်တော်လို့ ဖြစ်တာ မဟုတ်တဲ့အတွက် ဘာမှ ထူးထူးခြားခြား ရှင်းလင်းနေဖို့မရှိဘူး” လို့ မိုးစက်ဝိုင်က ဆိုပါတယ်။
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ဖို့အတွက် အားကစားဝန်ကြီးဌာနက ဖိတ်ကြားတာကြောင့် ပွဲကို တက်ရောက်ခဲ့ပြီး ပြိုင်ပွဲအတွက် သီးသန့် စီစဉ်ထားတဲ့ ပြိုင်ကားကို ၃ မိနစ် လောက်သာ စီးခဲ့တာ ဖြစ်ကြောင်း၊ ဒဂုံ အဝေးသင် တက္ကသိုလ် အင်္ဂလိပ်စာ မေဂျာ ကျောင်းသူဟောင်း တဦးလည်း ဖြစ်တဲ့အတွက် အားကစားပွဲကို တက်ရောက်ခဲ့တာ ဖြစ်ကြောင်း၊ ဒါ့အပြင် အဲဒီပွဲကို 1st Runner Up ဆုရှင် အေးချမ်းမိုးလည်း အတူ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ မိုးစက်ဝိုင်ကို နေရွှေသွေးအောင်နဲ့ အတူ တွဲဖက်တွေ့လိုက်ရတဲ့ အတွက် သူတို့နှစ်ဦး ပတ်သက်မှုရှိရမယ်ဆိုပြီး ပရိသတ်တွေက ဝေဖန်ခဲ့ကြသလို၊ မိုးစက်ဝိုင်ကို မယ်စကြဝဠာပြိုင်ပွဲအတွက် ရွေးချယ် မိတာ မှားတယ်ဆိုတဲ့ ဝေဖန်သံတွေ၊ မိုးစက်ဝိုင် မုန်းတီးရေး စာမျက်နှာတွေက အင်တာနက် စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။
အရင်က မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးချယ်ခဲ့တဲ့ အလှမယ်တွေ အနေနဲ့ နိုင်ငံရပ်ခြားက မယ်ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်ရာမှာ အင်တာနက်မဲ အများဆုံးဆု၊ ပရိသတ် အားအပေးဆုံးဆုတွေ ရရှိခဲ့ပေမယ့် မယ်စကြဝဠာ ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ မိုးစက်ဝိုင်အနေနဲ့ လတ်တလော ပျံ့နှံ့နေတဲ့ ပုံတွေကြောင့် ပရိသတ် အားပေးမှု လျော့ကျသွားနိုင်တယ်လို့ ဝေဖန်နေတာတွေလည်း ရှိနေပါတယ်။
“ပရိသတ်တွေက အထင်လွဲတဲ့ အတွက် စိတ်မကောင်းတော့ နည်းနည်းဖြစ်တယ်။ မဟုတ်တဲ့ကိစ္စကို အားလုံးက အထင်လွဲ နေတာကြောင့် အခုလို ရှင်းလင်းပွဲကနေ တဆင့် လူတိုင်း သိနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အစကတော့ တခုခုဆို မရှင်းတော့ဘူးလို့ စဉ်းစားခဲ့ပါသေးတယ်” လို့ မိုးစက်ဝိုင်က ပြောပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပြုလုပ်မယ့် မယ်စကြဝဠာပြိုင်ပွဲကို နေရွှေသွေးအောင် သွားကြည့်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး မိုးစက်ဝိုင်က မြန်မာနိုင်ငံတွင်းက ဘယ်သူမဆို သူသွားပြီး ယှဉ်ပြိုင်ရမယ့် မယ်စကြဝဠာ ပြိုင်ပွဲမှာ လာပြီး အားပေးမယ် ဆိုရင် အကောင်းဆုံးပဲလို့ ဆိုပါတယ်။
ဒါပေမယ့် နေရွှေသွေးအောင်က ရုရှားအထိလာပြီး အားပေးမယ် ဆိုတာကိုတော့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ လုံးဝ မကြားရ သေးဘူးလို့ ဆက်ပြောပါတယ်။
မိုးစက်ဝိုင်နာမည်နဲ့ ဖွင့်ထားတဲ့ facebook စာမျက်နှာတွေ အားလုံးဟာ သူ ဖွင့်ထားတာ မဟုတ်တဲ့အပြင်၊ သူ့ကိုယ်ပိုင် facebook စာမျက်နှာကို ဒီနေ့ညကျမှသာ တရားဝင် ဖွင့်လှစ်မှာ ဖြစ်တဲ့အကြောင်း၊ မယ်စကြဝဠာ ပြိုင်ပွဲအတွက် တာဝန်ယူ ထားတဲ့ Hello Madam အဖွဲ့အစည်း နဲ့သာ ပရဟိတ လုပ်ငန်းတွေ၊ အနုပညာ လှုပ်ရှားမှုတွေကို ဆက်လက် လုပ်သွားမှာ ဖြစ်ကြောင်း၊ Miss Universe Myanmar2013 ဆုရထားတဲ့ ဆုကြေးငွေတွေကို ပရဟိတ လုပ်ငန်းတခု ထူထောင်ပြီး ဆောင်ရွက် သွားဖို့ ရှိကြောင်း ဒီနေ့ ပြုလုပ်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ကျောင်းကုန်း အဓိကရုဏ်း သံသယရှိသူ ၅ ဦးကို ဖမ်းဆီးစစ်ဆေး ............


Monday, October 7, 2013

ဧရာဝတီ


ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ်တွင် အရွယ်မရောက် သေးသည့် မိန်းကလေးငယ် တဦးကို မုဒိမ်းကျင့် သည်ဆိုသော အမှုဖွင့် တိုင်ကြားချက်နှင့် ပတ်သက်ပြီး မွတ်စလင်နေအိမ် တချို့ ဖျက်ဆီးခံရသည့် အဓိကရုဏ်း တရပ် ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာက သံသယရှိသူ ၅ ဦးကို ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်း ဒေသကြီး၊ ကျောင်းကုန်းမြို့၊ ဗောဓိကုန်း ရပ်ကွက်မှ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တဦးကို အိမ်နီးချင်း ဦးလှဝင်းဆိုသူက အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု အမျိုးသမီးငယ်၏ မိခင်ဖြစ်သူက အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း၊ တိုင်တန်းချက် အရ ရဲစခန်းက ဦးလှဝင်းကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ရန်ပြင်ဆင်နေချိန်တွင် မွတ်စလင်တဦးက ဗုဒ္ဓဘာသာ မိန်းကလေးတဦးကို အဓမ္မပြုကျင့်သည်ဟု သတင်းများပျံ့နှံ့သွားကာ လူစုလူဝေးများဖြစ်လာပြီး မွတ်စလင် နေအိမ်တချို့ကို ဖျက်ဆီးသော အဓိကရုဏ်း ဖြစ်ပွားခဲ့ကြောင်း၊ လူစုလူဝေးဖြင့် ဖျက်ဆီးမှုကြောင့် မွတ်စလင်နေအိမ် ၂ လုံး၊ နွားတင်းကုပ် ၂ ခုနှင့် အစ္စလမ် သင်္ချိုင်းမှ အစောင့်တဲ ၁ လုံး ဖျက်ဆီးခံလိုက်ရကြောင်း၊ အဓိကရုဏ်းနှင့် ဆက်စပ်ပြီး သံသယရှိသူ ၅ ဦးကို သက်ဆိုင်ရာက လက်နက်ငယ်ကိုင်ဆောင်မှု ပုဒ်မဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

သး“ပုဒ်မ ၁၉ (င)နဲ့ လူ ၅ ဦးကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ အစေိတ်တော့ ပြောလို့မရပါဘူး´´ဟု ကျောင်းကုန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

လူစုလူဝေးဖြင့် အကြမ်းဖက် ဖျက်ဆီးမှုများဖြစ်ပေါ်လာသဖြင့် အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသူ ဦးလှဝင်းကို တိုင်းရဲတပ်ဖွဲ့ ၏ အစီအမံ ဖြင့် တခြားမြို့တခုသို့ ညတွင်းချင်းပို့ဆောင်ခဲ့ပြီး တိုင်ကြားသူ ကာယကံရှင်အမျိုးသမီးငယ်နှင့်မိခင်ဖြစ်သူ ကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ပေးထားကြောင်း၊ အဓိကရုဏ်းဖြစ်စဉ်ကြောင့် လူသေကျေ ထိခိုက် ဒဏ်ရာ ရမှု မရှိကြောင်း၊ ကျောင်းကုန်း မြို့ပေါ်ရှိ မွတ်စလင် တချို့မှာ နေအိမ်များကိုပိတ်၍ တခြားမြို့ရွာများသို့ တိမ်းရှောင်မှုများ ရှိနေကြောင်း သိရှိရသည်။

မြန်မာမွတ်စလင် လူငယ်များအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမောင်က မုဒိမ်းမှုကျူးလွန်သည်ဟု သံသယရှိပြီး စစ်ဆေးခံနေရသူ ဦးလှဝင်းသည် အမှန်တကယ်ပြစ်မှုကျူးလွန်ပါက ထိထိရောက်ရောက် ဥပဒေအတိုင်း အရေးယူစေလိုကြောင်း၊ ယခုဖြစ်စဉ်သည် လူတဦးတယောက်၏ စာရိတ္တ ချို့ယွင်းသည့်ကိစ္စသာဖြစ်ပြီး ဘာသာရေးနှင့်မသက်ဆိုင်ကြောင်း ပြောသည်။

ကျောင်းကုန်းမြို့နယ် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းကွန်ရက်မှ ကိုမျိုးဝင်းနိုင်က ကျောင်းကုန်းမြို့နယ်တွင် အခြေအနေ တည်ငြိမ်နေပြီဖြစ်သော်လည်း မုဒိန်းမှုကျူးလွန်ခြင်းရှိ၊ မရှိဆိုသော ဆေးစစ်ချက် ရလာဒ် အဖြေကို ဒေသခံ လူထုက စောင့်ကြည့်နေကာ အဓိကရုဏ်းနှင့် ပဋိပက္ခများ ထပ်မံဖြစ်ပွားမည်ကို ပြည်သူများက စိုးရိမ်နေကြောင်း ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးဖြစ် သူ ဦးကျော်ဇင်က ဘာသာရေးအသွင်၊ လူမျိုးရေး အသွင် ပဋိပက္ခဖြစ်စဉ်များကို ပြန်ကြည့်လျှင် မုဒိန်းမှုဆိုသည့် ကိစ္စရပ်များကိုသာ အခြေခံပြီး ဖြစ်ပျက် ခြင်းကြောင့် ဘာသာရေး၊ လူမျိုးရေး ပြဿနာဖြစ်ပွားစေရန် ဖန်းတီးနေသည်ဟု ယူဆရကြောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ပဋိပက္ခဖြစ်ပွားပြီးနောက် နောက်ဆက်တွဲ ကျောင်းကုန်းမြို့တွင်ပါ ထပ်မံဖြစ်ပွားခြင်းဖြစ်သောကြောင့် ပဋိပက္ခများ တခြားမြို့များသို့ပါ ကူးစက်သွားမည်ကို စိုးရိမ်ရကြောင်း ဧရာဝတီသို့ ပြောသည်။

“ဖြစ်စဉ်တွေပြန်ကြည့်ရင် လူမှုရေးပြဿနာတွေပါ။ အဲဒီလို လူမှုရေးပြဿနာတွေက နေရာတိုင်းမှာ ဖြစ်ပျက်နေခဲ့တာပဲ။ ဘာသာ ၂ ခုတည်းမှာ ဖြစ်တာမဟုတ်ဘူး။ ရာဇ၀တ်မှုကို ရာဇ၀တ်မှုလိုပဲ ဥပဒေအရ အရေးယူရမှာ။ အခုက ဒါကို အခြေခံ ပြီး တော့ ဘာသာရေး၊ လူမျိုးရေးအသွင်ဖန်တီးနေတာက မဖြစ်သင့်ပါဘူး။ နောက်ဆက်တွဲတွေ မလုပ်သင့်ဘူး” ဟု ၎င်းက ဆိုသည်။

ကျောင်းကုန်းမြို့တွင် ရဲအင်အား ၃၀၀ ၀န်းကျင်ခန့် နှင့်တပ်မတော် တပ်ရင်းတခုက လုံခြုံရေး ယူထားကြောင်း၊ ရုန်းရင်း ဆန်ခတ် အခြေအနေများ ထိန်း သိမ်း နိုင်ရန်အတွက် ကျောင်းကုန်းမြို့ရှိ ဘာသာကြီး ၄ ခုမှ ခေါင်းဆောင်များ ပါဝင်သည့် ဘာသာ ပေါင်းစုံ ပေါင်းစပ် ညီညွတ်ရေး အဖွဲ့ ဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ ကျောင်းကုန်းမြို့လယ် ဗလီအနီးရှိ ဆိုင်များအားလုံး ပိတ်ထား ပြီး မြို့ပေါ်ရှိ မွတ်စလင် ဈေးဆိုင်များ အားလုံးလည်း ပိတ်သိမ်းထားကြောင်း၊ မြို့လယ် ဗလီအနီးရှိ နေအိမ် တချို့မှာ ဗုဒ္ဓဘာသာဝင် နေအိမ်မှန်း သိသာစေရန် သာသနာ့ အလံထောင်ခြင်းများ လုပ်ဆောင် နေကြကြောင်း သိရှိရ သည်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် အောက်တိုဘာ ၁ ရက်နေ့က ဘာသာရေးနှင့်လူမျိုးရေး ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ၏တရားဝင်သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။