This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, March 5, 2013

ကား ၀ယ် မယ် ဆို ရင် ဒီ ဆော့ဝ် လေး သုံး

MH Car Buy for Android (Myanmar )

ကား ၀ယ် မယ် ဆို ရင် ဒီ ဆော့ဝ် လေး သုံး သင့် ပါ တယ် ။
ကား ဈေးနှုန်း တွေ ကို ပုံနှင့် တကွ အချက် အလက် များ နဲ့ ဖော်ပြ  ပေး ထားပါတယ် ။
ကား ကောင်းကောင်း  ၀ယ် နိုင် စေဖို့ ဒီဆော့ဝ် ကို Mobile House မှ ဖန်တီး ပေးလိုက်ပါတယ် ။

  Download Here
  MH Car Buy

CIF ဈေး နှုန်း ကြည့် ဖို့ က တော့ အင်တာနက် မလိုပါဘူး အောက် မှာ ယူ ပါ ။ CIF က တော့ Myanmarcardb က နေ မ လာတာ ပါ ။

Download CIF Search App for Android
...............

စိုးမြတ်သူဇာနှင့် အင်တာဗျူး

ဆိတ်ဆိတ်နေရင် ဝန်ခံသလို ဖြစ်မှာစိုးလို့ အချစ်ရေးကောလာဟလစိုးမြတ်သူဇာ ဖြေရှင်းပြီ

Photo: ဆိတ်ဆိတ်နေရင် ဝန်ခံသလို ဖြစ်မှာစိုးလို့ အချစ်ရေးကောလာဟလစိုးမြတ်သူဇာ ဖြေရှင်းပြီ

စိုးမြတ်သူဇာက လတ်တလောမှာ ဒါရိုက်တာသားကြီးရိုက်ကူးတဲ့ 'ယောက္ခမအလွမ်း (ယာယီ)' ဇာတ်ကားမှာ ဖြိုးငွေစိုး၊ ပြည့်ဖူးခိုင်တို့နဲ့ သရုပ် ဆောင်နေပါတယ်။ ဆံပင်အတိုညှပ်ထားတာတွေ့ရပြီး ရာသီဥတုပူတဲ့အတွက် ခေါင်းသွားလျှော်ရင်းနဲ့ ညှပ်ဖြစ်သွားတာဖြစ်ကြောင်း ပြောပါတယ်။ 

သူငယ်ချင်း မြတ်ကေသီအောင်ရဲ့မွေးနေ့မှာလည်း သူငယ်ချင်းတွေစုပြီး ပျော်ပျော်ပါးပါးနေတာတွေ့ရသလို၊ ချစ်သူများနေ့မှာလည်း သူငယ်ချင်းတွေနဲ့သာ ပျော်ခဲ့ တဲ့ပုံတွေကို ဖေ့စ်ဘုတ်စာမျက်နှာမှာတင်ထားတာ တွေ့ရပါတယ်။ဒီလိုပဲ သူငယ်ချင်းတွေ၊ မိသားစုတွေ နဲ့သာနေသွားတော့မှာလား၊ ဘဝလက်တွဲဖော် မရှာ တော့ဘူးလားလို့မေးတော့ စိုးမြတ်သူဇာက ''ဒီ အသက်အရွယ်ပဲ ရောက်နေပါပြီ။ အခုအချိန်အထိ အိမ်ထောင်ပြုဖို့ဆိုတာ စဉ်းကိုမစဉ်းစားပါဘူး''လို့ ပြောပါတယ်။ တချို့က အသက် ၄ဝ ကျော်မှ ဘဝကစတယ်လို့ ပြောကြတဲ့အတွက် အခုအရွယ်မှာ အဲဒီစကားအပေါ် ဘယ်လိုထင်မြင်မိလဲလို့မေးတော့ စိုးမြတ်သူဇာက..
''ကျွန်မအတွက်ကတော့ သိပ်မထူးခြားပါဘူး။ 

၎ဝ မှာ ဘဝစတယ်လို့ ပြောလေ့ပြောထ ရှိပါတယ်။ မိကေ (မြတ်ကေသီအောင်) ဆို ဟိုတစ်နေ့က ၄၁ နှစ်ပြည့်တယ်။ သူက သူ့ဘာသာသူ ရယ်စရာအမြဲပြောတယ်။ ငါက အခုမှ တစ်နှစ်သမီးပဲ ရှိသေးတယ်။ ကလေးပဲရှိသေးတာတဲ့။ ကျွန်မကကျတော့ ၈ လပိုင်းဆိုရင် ၄၂ နှစ်ပြည့်ပြီ။ ကျွန်မအတွက် ဘာမှမထူးခြားဘူးဆိုတာက အမှန်အတိုင်းပြောရရင် အခုအချိန်မှာ ငယ်ငယ်တုန်းကနဲ့လည်း တူစရာ အကြောင်းမရှိဘူး။ ကျွန်မကို သူများတွေကပြောကြတယ် ။ ကောလာဟလအနေနဲ့ ဘယ်သူနဲ့ပတ်သက်တယ်၊ ဘယ် သူနဲ့ဘယ်လို ဆိုပြီး ပြောကြတယ်။ ကျွန်မအားလုံးကို ခင်ခင်မင်မင်ဆက်ဆံတာပဲရှိတယ်။ ဘယ်သူ့ဘယ်သူနဲ့မှ တုပ် နှောင်ထားခြင်း၊ ချည်နှောင်ထားခြင်း၊ ဘယ်သူ့ကိုမှ ချုပ်ကိုင်ထားခြင်း ကျွန်မမှာလည်းမရှိဘူး။ ကျွန်မကိုလည်း ဘယ်သူကမှ ကွန်ထရိုးလုပ်ထားခြင်း မရှိဘူး။ ဟိုဟာမလုပ်ရဘူး၊ ဒီဟာ မလုပ်ရဘူးလို့ ပြောမယ့်လူမရှိဘူး။ ကျွန်မအနားမှာရှိတဲ့ လူတော်တော်များများကတော့ သိပါတယ်။ 

ရည်းစားရှိလားလို့ အမေးခံရတာ ရှက်ဖို့ကောင်း ပါတယ်။ ဒီအရွယ်ကြီးကျမှ ရည်းစားရှိလားဆိုတဲ့ စကားကို ပြောကိုမပြောချင်တာ။ ချစ်သူရှိလားတို့၊ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတဲ့လူရှိလားလို့ မေးကြတယ်။ တစ်ယောက်မှမရှိဘူး။ ကြားနေရတဲ့ကောလာဟလ သတင်းတွေနဲ့ ပတ်သက်လို့ အဲဒါတွေလည်း လုံးဝမဟုတ်ပါဘူး။ 

အချစ်ရေးအကြောင်းတွေလည်း မပြောချင်ပါဘူး။ မပြောချင်ပေမယ့်လည်း အများကြီးမေးလာတဲ့အခါကျတော့ ကျွန်မအနေနဲ့ပြောရမယ့်ဝတ္တရား ရှိပါတယ်။ မပြောဘဲ ဆိတ်ဆိတ်နေရင် ဝန်ခံသလိုဖြစ်မှာစိုးလို့ ကျွန်မဘက်ကတော့ ဘယ်သူ့ဘယ်သူ့ကိုမှ မနစ်နာစေချင်ဘူး။ ဘယ်သူ့ကိုမှ ရည်ရွယ်ပြီးပြောနေတာမဟုတ်ဘူး။ ကြားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လုံးဝလုံးဝမဟုတ်ပါဘူးလို့ အတိအလင်းငြင်းဆိုပါတယ်"လို့ အခု လတ်တလောမှာကြားနေရတဲ့ သူ့ရဲ့ အချစ်ရေးကောလာဟလတွေနဲ့ ပတ်သက်ပြီး အခုလို အတိအလင်း ငြင်းဆိုခဲ့ပါတယ်။ အရင်ကထက်စာရင် စိတ်ကို ပေါ့ပေါ့ပါးပါးပဲထား ပြီး ဘဝက ကျေနပ်ဖို့ကောင်းပါတယ်လို့ ဆိုတဲ့ စိုးမြတ်သူဇာက ''အရင်ကထက်စာရင် ပိုပြီးပေါ့ပေါ့ပါးပါးနေ တတ်လာသလိုပဲ။အရင်ကတော့ တအားတွေးတယ် လေ။ အခုတော့ သိပ်မတွေးတော့ဘူး။ နောင်ရေးတို့၊ ရှေ့ရေးတို့ သိပ်အများကြီး မစဉ်းစားတော့ဘူး။ 

ကျွန်မမှ ချစ်စရာ ကောင်းတဲ့ ကလေးလေးနှစ်ယောက် ရှိတယ်။ ခင်မင်စရာကောင်းတဲ့ မိတ်ဆွေကောင်းတွေရှိတယ်။ တော်ပြီလေ။ ပုံမှန်ဝင်ငွေရတဲ့ အလုပ်လေးတစ်ခုရှိတယ်။ ကျေနပ်ဖို့ကောင်းပါတယ်။ ကျွန်မအတွက် အဆင်ပြေပါ တယ်။ အစတုန်းကတော့ ရည်ရွယ် ချက်တွေ၊ တွေးခဲ့ဖူးတာတွေ အများကြီးပါ။ အလကားပါပဲ။ အဲဒါတွေလည်း ဖြစ်ချင်တိုင်းဖြစ်တာမှ မဟုတ်တာ။ မဖြစ်လို့ဆိုပြီး ကျွန်မက ဘယ်တော့မှ တမ်းလည်း တမ်းတမှာမဟုတ်ဘူး။ နောင်တလည်း မရဘူး။ ပြန်လည်းတွေးမှာ မဟုတ်ဘူး။ ဖြစ်လာတဲ့အနေအထားပေါ် မူတည်ပြီး အကောင်းဆုံး ကျင့်ကြံနေထိုင်သွားမှာပဲ။ အားလုံးနဲ့ ပြေလည်အောင်ဆက်ဆံသွားမှာပဲ'' လို့ပြောပါတယ်။

ခိုင်ဝေလွင်