This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, October 20, 2013

The Most Sexiest Car Model


sexy car model

sexy car model
sexy car model
sexy car model

sexy car model

sexy car model

sexy car model

sexy car model

sexy car model

sexy car model

ဆေးရုံစရိတ်မရှိလို့ ကိုယ့်ခြေတောက်ကို ကိုယ်တိုင်ဖြတ်ခဲ့ရသူ.... ..........

Saturday, October 19, 2013

   
အသက် ၄၇ အရွယ် တရုတ်လယ်သမား တစ်ဦးဖြစ်သူ Zheng Yanliang ဟာ သူ့ရဲ့ခြေထောက်တွေမှာ Arterial Thrombosis ခေါ် သွေးလွှတ်ကြော ပိတ်ဆို့တဲ့ရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရတာကြောင့် ခွဲစိတ်ကုသမှုတွေ မလုပ်ရင် အသက်ရှင်ဖို့ နောက်ထပ် ၁ လသာ ရှိမယ်လို့ ဆရာဝန်တွေက ပြောခဲ့ပါ တယ်... ဆေးရုံမှာ ခွဲစိတ်ကုသမှုတွေ လုပ်ဖို့လည်း သူ့မှာ ငွေကြေးမရှိပါဘူး... အဲဒီလို မလုပ်ရင်လည်း မကြာခင်ကာလမှာ သေရတော့မှာကို သိနေတဲ့ Zheng အတွက်.. သူ့ရဲ့တခုတည်းသော ရွေးချယ်မှု ကတော့ သူ့ခြေထောက်ကို သူ့ကိုယ်တိုင် ခွဲစိတ်ဖြတ်တောက်ပစ်ဖို့ပါဘဲ..

ဒီလိုနဲ့ Zheng ဟာ သူခြေတောက်ကို စတင်ဖြတ်တောက်ဖို့ လွှတချောင်းနဲ့ ဓါးတလတ်ကို ကိုင်ပြီး ဇနီးဖြစ်သူ အိပ်ယာဝင်တဲ့အချိန်ကို စောင့်နေခဲ့တယ်... ဇနီး အိပ်တဲ့အချိန်မှာတော့ သူ့ခြေထောက်ကို သူကိုယ်တိုင် လွှနဲ့ စတင်ဖြတ်တောက်ပါတယ်... ဇနီးဖြစ်သူ သိလိုက်တဲ့အချိန်မှာ သူ့ရဲ့ခြေတောက် တဖက်ဟာ အောင်မြင်စွာနဲ့ ပြတ်သွားပါပြီ... ဘယ်လောက်ထိအောင် နာကျင်သလဲဆိုရင် ပါးစပ်ထဲမှာ သစ်သားကို ကိုက် အံကိုတင်းတင်းကြိတ်ပြီး ဖြတ်ရတာကြောင့် သူ့ရဲ့သွား ၃ ချောင်း ကျိုးသွားတဲ့ အထိပါပဲလို့ ဆိုပါတယ်... တကယ့်အံ့ဖွယ်ပါ...။


အခု Mr. Zheng ကိုယ်တိုင် ဖြတ်ထားတဲ့ ခြေတဖက်ဟာ ကောင်းမွန်သက်သာနေပါပြီ... ဒါပေမဲ့ ကျန်တဲ့တဖက် ဖြတ်ရဖို့ ရှိနေပါသေးတယ်... ကံကောင်းချင်တော့ ဒီသတင်းက Shanghai မှာရှိတဲ့ ဆရာဝန်တယောက်ထံ ရောက်သွားပြီးနောက်... ဆေးရုံမှာ အခမဲ့ခွဲစိတ်ကုသမှု ရမယ်လို့ ဆိုပါတယ်....။

Ref: oddee/dailystar/ By Ko Myo

ဗုံးကွဲ၊ ဗုံးတွေ့မှုကိစ္စတွေနဲ့ပတ်သက်ပြီး KNU သတင်းစာ ရှင်းလင်းပွဲ လုပ်မယ် ................

Saturday, October 19, 2013
ပြီးခဲ့တဲ့ ရန်ကုန်နဲ့ မြို့တချို့မှာ ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုတွေနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့ မှာ ကရင်အမျိုးသား အစည်းအရုံး KNU က သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ရှိပါတယ်။ 

 အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မှာ လုပ်တဲ့ အစိုးရရဲ့ သတင်းစာ ရှင်းလင်းပွဲ၊ ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ

မနေ့ကတော့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်အပါအ၀င် ရဲချုပ်ဇော်ဝင်းတို့က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ KNU ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီး မြန်မာ ငြိမ်းချမ်းရေး စင်တာက ဦးမင်းဇော်ဦးရဲ့ ဖေ့စ်ဘုတ်မှာ အခုလို ဖော်ပြထားပါတယ်။ 

Press Conference by Karen National Union (KNU) tomorrow Sunday October 20, 2013 ယခုရက်ပိုင်းများအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ်KNU ၏ သဘောထားရှင်းလင်းချက်ကို သတင်းစာရှင်းလင်းပွဲပြုလုပ်ပါမည်။ 
အချိန်။ နေ့ခင်း ၃ နာရီ မှ ၅ နာရီ၊ 
တနင်္ဂနွေ၊ အောက်တိုဘာ ၂၀၊ ၂၀၁၃၊ 
(Time: 3 p.m. Sunday, October 20, 2013)
 နေရာ။ Myanmar Peace Center (အမှတ် ၁၁၊ ရွှေလီလမ်း၊ ရန်ကုန်မြို့) 
လုံခြုံရေးအစီအစဉ်များကြောင့် စောစောဝင်လိုသူများ အနဲဆုံး တစ်နာရီခန့် ကြိုတင်ရောက်ရှိကြပါရန် ပန်ကြားအပ်ပါသည်။ 


အိမ့်သံစဉ် ~http://blog.irrawaddy.org/2013/10/knu_19.html

မြန်မာပြည်သားများ တရုတ်ပြည် လူသားဈေးကွက်သို့ ရောက်ရှိခြင်း ....................


၁၉၉၅ ဝန်းကျင်လောက်မှစကာ တရုတ်ပြည်တွင် လူသားများအတွင်း ကလီစာများဖြစ်သော ကျောက်ကပ်၊ အသဲ၊ အဆုပ်၊ နှလုံး၊ မျက်ကြည်လွာများ (cornears) အတော်ကြီးပင် ကျယ်ကျယ်ပြန့်ပြန့် အစားထိုး ကုသမှုများ ပြုလုပ် လာကြသည် ။
တရုတ်ပြည်၏ ဒုတိယ ကျန်းမာရေးဝန်ကြီးဖြစ်သူ ဟွန်ချီဖူက နှစ် ကာလ တော်တော်ကြာစမ်းသပ်ခဲ့ပြီးနောက် ယခုအခါ လုံးလုံးစိတ်ချရသော အခြေနေသို့ ရောက် ရှိအောင်မြင်သွားပြီဟု ရှန်ဟိုင်းဆေးရုံအုပ်ကြီးမှ ၂ဝ၁၂ ကျန်းမာရေးဆိုင်ရာ စီမီနာတခုတွင်
အတိလင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

တရုတ်ပြည်တွင် လူသားကလီစာများ အစားထိုးကုသရန်ငွေကြေးပြည့်စုံပြီး
စောင့်ဆိုင်းနေသော ဝယ်လိုအား မြင့်တက်လာသည်မှာ လူနာဦးရေ တနှစ်လျင် တသန်းခွဲ နီးပါးမျှဖြစ်လာလေသည်။ ထိုကြောင့် လူသားကလီစာများ အမြန်ရရှိရန် တရုတ်ပြည် တနံတလျားတွင် လူမှောင်ခိုဂိုဏ်းများ တိုးပွားလာတော့သည်။ တရုတ်ပြည်၏ တည်ဆဲ ဥပဒေအရ တရုတ်ပြည်အတွင်း လူမှောင်ခိုးကူးသန်းသည်ကို ကြီးမားသော ရာဇဝတ်မှုအဖြစ် ကြီးမားသောပြစ်ဒဏ်နှင့် သေဒဏ်ထိ ချမှတ်ရန်
ပြဋ္ဌာန်းထားသောကြောင့် တရုတ်ပြည်သားအချင်းချင်း ရောင်းဝယ်ဖောက်ကားရေး
ဖက်သို့ ဦးမလှည့်တော့ဘဲ ဆင်းရဲသော တိုင်းပြည်များဖြစ်သည့် တရုတ်ပြည်နှင့် နယ်ချင်းထိစပ်လျက်ရှိနေကြသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့သည် တရုတ်ပြည် လူမှောင်ခိုဂိုဏ်များ၏ ပစ်မှတ်ဖြစ်လာရတော့သည်။

တရုတ်ပြည်တွင် ကျောက်ကပ် တခုအား အရောင်းဝယ်လုပ်ရာတွင် အမေရိကန် ဒေါ်လာ ၃၅ဝဝ မှ ၅၅ဝဝ ထိဈေးပေါက်ကြောင်း (Xinhua News Agency) ဆင်ဟွာ သတင်းက တရားဝင်တင်ပြသွားရာ မတ်လ ၂၅ ရက် ၂ဝ၁၂ ခုနှစ် သတင်းစာက လူမှောင်ခိုဂိုဏ်းသားများအတွက် သတင်းကောင်းဈေးနှုန်း ဖြစ်ခဲ့သည်။ လူသား နှလုံးသားတခုသည် အမေရိကန်ဒေါ်လာ ၁၅ဝဝဝ ထိ ပေါက်ပြီး၊ မျက်ကြည်လွှာသည် အမေရိကန်ဒေါ်လာ ၄ဝဝဝ မှ ၆ဝဝဝ ထိ ဈေးရပြီး သန့်ရှင်းသော အဆုတ် အတွက် ဒေါ်လာ ၂ဝဝဝဝ ထိပေါက်ကြောင်း သိရသည်။

ယခု မြန်မာပြည်ထဲတွင် အသက် ၇ နှစ်မှ အသက် ၃ဝ အောက်ရှိသော လူပျောက်မှုဖြင့် ဒေသဆိုင်ရာ ရဲစခန်းနှင့် အာဏာပိုင်များအား တိုင်ကြားထားသော အမှုပေါင်း ၃၆၂ဝ ခန့်ရှိပြီဟု ပြည်ထဲရေးနှင့် ပတ်သက်သော ဌာနတခုက လက်သိပ်ထိုး ပြောဆိုထားသည်။လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့်ပတ်သက်သော ထင်သာမြင်သာအောင် မြန်မာအစိုးရသတင်းစာများက ၂ဝ၁၁ ခုမှ စတင်ဆောင်ရွက်လာသော်လည်း ပူးပေါင်းဆောင်ရွက်မှု တာဝန်ပေးအပ်မှု တာဝန်ခံရမှုများသည် တိတိကျကျ မရှိ ကြောင်း တွေ့ရှိရသည်။

မြန်မာပြည်သားများအဖို့ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးသော အဖြစ်များမှာ မိမိ၏မိသားစုမှ တဦးဦးပျောက်ဆုံးကြောင်း သွားရောက်တိုင်ကြားလျှင် တိုင်ကြားသူများကိုပင် ကြောက်ရွံ့အောင် အမျိုးမျိုး ပြောဆိုမေးမြန်းနေသော ရဲစခန်းများမှ ရဲဝန်ထမ်းများ၏ စရိုက်က ပိုပြီး ကြောက်မက် ဖွယ်ရာ ကောင်းနေသည့်အပြင် အဆိုပါ ရဲဝန်ထမ်းများအား မိမိ၏ အပူသောကများအကြားမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် ထပ်မံ ပိုက်ဆံများပေးနေကြရသည်။ ထိုကဲ့သို့ အမျိုးသားရေးအမြင်၊ လုံခြုံရေးအမြင်နှင့် ဥပဒေ အကာကွယ် အားနည်းမှုများကြောင့် မြန်ပြည်မှ လူသားအညွှန့် အဖူးလေးများသည် ကလီစာထုတ်ခံရသော နေရာများသို့ ပုံစံမျိုးစုံ အကြောင်းပေါင်းစုံဖြင့် အကြီးအကျယ်ရောက်ရှိကာ လူမှောင်ခိုဂိုဏ်းသားများ၏ ရောင်းဝယ်ဖောက်ကားခံရသော ဘဝသို့ နေ့စဉ်သက်ဆင်းနေကြရမည် ဖြစ်ပါကြောင်း….. ။

Credit by နေ့သစ်

" မဟူရာညရဲ့ ကချေသည် " အပိုင်း(၁)


*****************************************
ကျမ ဒီလောကထဲ စရောက်ဖြစ်ခဲ့တာက သူများတွေနဲ့ ထူးမခြားနားပါပဲ ....
ကျမက တစ်ခုလပ်မ ငယ်ငယ်ရွယ်ရွယ်နဲ့စိတ်ကစားတဲ့အရွယ်မှာ အိမ်ထောင်ကျတယ် ....
ပြီးတော့ ယောက်ျားကလဲအသက်ငယ်တော့ လက်ကြောမတင်းဘူး နှစ်ယောက်ထဲခွဲနေတော့လဲ မိဘအိမ်ကပဲပြန်တောင်းရတာပဲ ....
ဒီတော့ စီးပွားရေးဘာမှမရှိတော့ အိမ်ထောင်ရေးလဲရေရှည်မခံဘူး ယောက်ျားနဲ့လွယ်လွယ်လေးကွဲသွားခဲ့တယ် .....
ကျမက အိမ်ထောင်ပျက်တစ်ယောက်ဖြစ်သလို ဘာအလုပ်မှလဲမရှိတော့ အိမ်မှာနေရတာမိသားစုနဲ့သိပ်အဆင်မပြေဘူး ....

" အလတ်မ နင်အလုပ်ကောလုပ်ဖို့ စိတ်ကူးမရှိဘူးလားဟင် ဟိုပေါက်စအငယ်ကောင်တောင် ခုဆိုအိမ်ကိုတောင်ပြန်ထောက်နိုင်ပြီ နင်ကအကြီးဖြစ်ပြီးဘာမှသုံးစားမရဘူး "

အမေကလဲ သိပ်မကြည်ဖြူဘူး ပြဿနာတစ်ခုခုဖြစ်တိုင်း ကျမဘက်ပဲမြှားဦးလှည့်လာတယ် ....
ကျမမောင်လေးက ၈ တန်းနဲ့ကျောင်းထွက်ပြီး အခုဝပ်ရှော့မှာဝင်လုပ်လို့ လစာတောင် တော်တော်ရနေပြီလေ ဒီတော့ ကျမကိုမြင်ပြီပေါ့ .....

" လုပ်မှာပါ အမေရယ် ဒီလကုန်ရင် မသွယ်တို့နဲ့ နယ်ဘက်သွားအလုပ်လုပ်ဖို့ပြောထားတယ် မသေချာသေးလို့ အမေ့ကိုမပြောတာ "

" ဘာအလုပ်လဲ "

" အလှပြင်ဆိုင်မှာ လုပ်ရမယ်လို့ပြောတာပဲ ပညာသင်အလုပ်လုပ်ပေါ့ လစာကောင်းတယ်တဲ့ "

" အေး အဲဒါဆိုလဲသွားလေ အိမ်မှာထိုင်နေအလကားပဲဟာကို အလုပ်လေးရှိတော့ သုံးနိုင်စွဲနိုင်မှာပေါ့ ခုဟာက ညည်းကအပိုသက်သက်ဖြစ်နေတယ် "

အမေကတော့ အလုပ်မရမချင်း တစ်ဗျစ်တောက်တောက်တော့ပြောနေတော့မှာဆိုတာသိတယ် ....

ဒီလိုနဲ့ မသွယ်ခေါ်တဲ့နောက် အလုပ်လုပ်ဖို့လိုက်လာခဲ့တယ် ...

" နင့်အမေကို ဘယ်လိုပြောထားခဲ့လဲ စံပယ် "

" အင်း အလှပြင်ဆိုင်မှာ လုပ်မယ်လို့ပြောထားခဲ့တယ် မသွယ် "

" အေး ကောင်းတယ် ဟိုရောက်ရင်ငါပြောတဲ့အတိုင်းနေနော် ဘာမှကြောက်စရာမလိုဘူး အစစအရာရာငါသင်ပေးမယ် နောက်တော့ အလုပ်ကသင်ပေးသွားမှာပါ နင်လိမ္မာရင် လိမ္မာသလိုရတယ် ဘိုင်ကောင်းကောင်း သုံးလေးယောက်လောက်ရှိရင် အေးဆေးပဲ "

" ၀င်ငွေတော့ကောင်းလောက်ပါတယ်နော် "

" အမလေးစိတ်ချ နင့်ရုပ်နင့်ရည် အလုံးအပေါက်နဲ့ အဲဒီမှာက တောပွဲစားတွေများတယ် တောသားတွေဆိုတော့ မိန်းမလှလှနဲ့ထိုင်ရရင် အလိုလိုထွက်ပြီးသား အပြောအဆိုနပ်ဖို့အရေးကြီးတယ် "

" အင်း "

" ချူတတ်ဖို့ လှည့်တတ်ပတ်တတ်ဖို့ ရှောင်တတ်သိမ်းတတ်ဖို့တော့လိုတယ် ယောက်ျားတွေက မတွေ့ခင်အထိတော့ အကုန်အကျခံနိုင်တယ် တစ်ခါတွေ့ပြီးရင်ခွာသွားတာ တန်ဖိုးကျသွားတယ် ဒါကြောင့် အလွယ်မလိုက်မိစေနဲ့ "

မသွယ်ရဲ့အသင်အပြတွေကို နားထောင်ရပေမယ့် ဒီအလုပ်မလုပ်ဖူးတော့ သိပ်နားမလည်သလို နည်းနည်းတော့ကြောက်မိတယ် ဘယ်လိုယောက်ျားတွေနဲ့များကြုံရမလဲလို့ ....
အို သူများတွေတောင်လုပ်သေးတာပဲ မသွယ်ဆို လုပ်သက် ၂ နှစ်အတွင်း ရွှေနဲ့ငွေနဲ့ဖုန်းနဲ့တောင်ဖြစ်နေပြီ ဘာဖြစ်ဖြစ် လုပ်ရမှာပဲ .....
ကိုယ်လဲအပျိုအစစ်မှမဟုတ်တာ နာမည်ပျက်ရုံကလွဲပြီး ဒီထက်လဲဘ၀ပျက်စရာအကြောင်းတော့မရှိပါဘူး .......
အရေးကြီးတာ လူလူသူသူသုံးစွဲနိုင်ဖို့နဲ့ ပင်ပင်ပန်းပန်းမလုပ်ရပဲ ငွေလွယ်လွယ်ရနိုင်ဖို့ပဲမဟုတ်လား ....

***********************************************************************************

" ဟော မိုးတို့ရောက်လာပြီလား ပေးပေးအထုပ်တွေပေး "

အသက် ၄၀ အရွယ်၀၀ဖိုင့်ဖိုင့်နဲ့ အမျိုးသမီးကြီးက ကျမနဲ့မသွယ်လက်ထဲက အထုပ်တွေကိုဆွဲယူရင်း လွတ်တဲ့နေရာမှာ နေရာချပေးတယ် ....
ကျမတို့နေရမှာက အမျိုးသမီးတွေသီးသန့်နေတဲ့အဆောင် အဆောင်ဆိုတာက အပေါ်ထပ်အောက်ထပ် ဘာအခန်းမှမရှိပဲ ဟောကြီးသီးသန့် ....
အဲဒီမှာမှ ကိုယ့်နေရာနဲ့ကိုယ် ဖျာလေးတွေခင်းပြီး နေကြတာ နေ့လည်နေ့ခင်းဆိုတော့ ဘာအလုပ်မှမရှိတော့ အကုန်အိပ်နေကြတယ်နဲ့တူတယ် ....
ခုနက အမျိုးသမီးကြီးရဲ့အသံကြားတော့ တစ်ချို့ကအသစ်ရောက်တယ်ကြားတော့ အိပ်နေရာက ခေါင်းထောင်ကြည့်ကြတယ် စပ်စုတဲ့မျက်လုံးတွေနဲ့ အကုန်လုံးနီးပါးကလဲ ခေါင်းမှာ အနီအ၀ါအစုံဆိုးဆေးတွေနဲ့ အိပ်မှုန်စုန်မွှားဖရိုဖရဲ ....

" ဒါက အဆောင်မှုးလေ ဒေါ်မိုခမ်းတဲ့ .... အမ ဒါကကျမညီမ စံပယ်တဲ့ ခုမှစလုပ်ဖူးမှာ "

မသွယ်က ကျမနဲ့အဆောင်မှုးဆိုတဲ့ အမကြီးကိုမိတ်ဆက်ပေးတယ် အသက်ကြီးပေမယ့်သူလဲ ခေါင်းမှာဆိုးဆေးတစ်ချို့တစ်ဝက်တင်ထားတာတွေ့ရတယ် ပုံစံကတော့ စရိုက်ကြမ်းမယ့် ခပ်သွက်သွက်ပုံစံပါပဲ ....

" အေးလေ အဲဒါဆိုလဲ သူ့ကို စီနီယာထိပ်ဆုံးထားပေးလိုက် မလုပ်ဖူးသေးရင်တော့ မသွယ်ပဲအတူဝင်ပြီး ကြည့်ထိန်းပေးလိုက်ပေါ့ ဧည့်သည်တွေကိုတော့ ဒီနေ့အသစ်ရောက်မယ်ပြောထားတယ် ဒီနေ့ဟိုပွဲစားအုပ်စုလာမယ်ထင်တယ် မိုးဝင်ဖူးတဲ့လူတွေပဲလေ "

မသွယ်နာမည်က ဒီမှာမိုးစက်လို့ပေးထားတယ် နေရာတစ်နေရာပြောင်းရင် နာမည်တစ်မျိုးပြောင်းကြတယ်တဲ့ ကျမလဲ စံပယ်ဆိုတဲ့နာမည်ကရိုးနေတော့ နာမည်တစ်ခုခုပေးမှထင်တယ် .....

" နာမည်ပြောဦးသမီး စီနီယာစာရင်းထဲထည့်မလို့ "

ကျမ မသွယ်ကိုလှမ်းကြည့်လိုက်တယ် မသွယ်ကလဲသဘောပေါက်တဲ့အနေနဲ့ ....

" သူ့နာမည်စံပယ် ဒါပေမယ့် နာမည်ကရိုးတော့ပြောင်းပေးလိုက်မယ်လေအမ နာမည်တူမရှိအောင် မိုးမခ လို့ပေးလိုက်အမ "

ပြောပြောဆိုဆို အဆောင်မှုးက စီနီယာဘုတ်ရဲ့ထိပ်ဆုံးမှာ ကျမအတွက်နာမည်ရေးလိုက်တယ် ... ကျမအောက်ကနာမည်တွေကို ဆက်ဖတ်ကြည့်တဲ့အခါမှာ ကြယ်စင် ၊ ကဗျာ ၊ မြတ်နိုး ၊ မိုးတိမ် ၊ လပြည့် ၊ တိမ်လွှာ ၊ လမင်း ၊ လင်းလက် ၊ ရောင်စဉ် အားလုံးနာမည်လှလှလေးတွေနဲ့ အယောက် ၃၀ လောက်ရှိမယ်ထင်တယ် .....

" မာမီ စီနီယာတွေ ဘာတွေ နားမလည်ဘူးနော် အဲဒီအဖွဲ့ထဲမှာ သမီးဘိုင်ပါတယ် ကျော်မထည့်နဲ့ "

အိပ်နေတဲ့ကောင်မလေးတွေထဲက ဆံပင်အနီရောင်ဆိုးထားတဲ့ အသံစာစာနဲ့ ခပ်ပိန်ပိန်ကောင်မလေးတစ်ယောက်က ထပြောတယ် မျက်လုံးကတော့မဖွင့်ဘူးပိတ်လျှက် ...

" အေးပါဟယ် နင့်ဘိုင်လာမှတော့နင့်ပဲခေါ်မှာပေါ့ အသစ်ပါလာရင်တော့အသစ်ပဲထည့်ပေးရမှာပေါ့ ငါ့ဆရာလာလုပ်နေတယ် ဒေါင်းဇားမရယ် "

အသစ်တစ်ယောက်ရောက်လာပြီဆိုတာနဲ့ တချို့ကသွေးတိုးစမ်းကြသလို တချို့ကပညာပြကြတယ် အသစ်ဆိုတဲ့ဂုဏ်က ဒီလောကမှာ ဧည့်သည်တွေအတွက် အရေးပါသလို မိန်းကလေးတွေအတွက်လဲ တစ်ပန်းသာပါတယ် ဒါကြောင့် အသစ်တစ်ယောက်ရောက်လာရင် ခြေထိုးခံတဲ့လူကများတယ်လို့ မသွယ်ကပြောပြတယ် ....

" ဧည့်သည်လာပြီ စီနီယာ ၂ ယောက် ဘိုင် ၅ ယောက်ဝင်မယ် "

အလှတွေပိန်းနေအောင်ပြင်ထားတဲ့ကျမ မသွယ်ဝယ်ပေးတဲ့ တစ်ခါမှမ၀တ်ဖူးသေးတဲ့ ဂါဝန်တိုတိုလေးကိုဆွဲချရင်း ဟိုက်နေတဲ့ရင်ဘတ်ကို မတင်လိုက်တယ် ကျမနဖူးမှာချွေးအနည်းငယ်စို့နေတယ် ဘယ်လိုလူမျိုးနဲ့များ တွေ့မလဲဆိုတဲ့အတွေးနဲ့ ကြောက်စိတ်တွေကို မျိုချရင်း ပထမဆုံးလုပ်ရမယ့်အလုပ်ကို စတင်ခြေလှမ်းမိပါတော့တယ် ......

(ဆက်ပါဦးမည်)
 

" မဟူရာညရဲ့ကချေသည် " အပိုင်း(၂)


******************************************

ကျမ အခန်းထဲဝင်ဖို့ တွန့်ဆုတ် တွန့်ဆုန်ဖြစ်နေတဲ့အချိန်မှာ အနောက်ကနေတစ်စုံတစ်ယောက်က တွန်းပြီးအခန်းထဲပို့လိုက်တယ် .....
ကျမ ငိုက်ကနဲရှေ့ကိုတစ်ချက်ယိမ်းပြီး အခန်းထဲရောက်သွားတော့ အခန်းထဲမှာ ဘာမှသိပ်မမြင်ရဘူး အခန်းက လိုတာထက်ပိုမှောင်နေသလိုပဲ .....
အပြင်ကအလင်းရောင်နဲ့အထဲကို ၀င်လိုက်တဲ့အချိန်မှာ လူတစ်ချို့ထိုင်နေတာကလွဲလို့ မျက်နှာတွေကို သဲသဲကွဲကွဲမမြင်ရဘူး .....

" ညီမက ဒီအကိုကြီးဘေးနားထိုင်ပါ " 

ခုနက နောက်ကနေတွန်းလိုက်တဲ့ ၀ိတ္တာက ကျမကို နေရာချပေးတယ် သူချပေးတဲ့နေရာမှာ ကျမလဲအလိုက်သင့်ဝင်ထိုင်မိလိုက်တယ် .....
အိခနဲကျမခန္ဓာကိုယ်ဆိုဖာထဲနစ်ဝင်သွားသလို အခန်းရဲ့အေးစိမ့်တဲ့အထိအတွေ့ကလဲ ကျမကို အေးခနဲဖြစ်သွားစေတယ် .....

" ညီမ ဘာအအေးသောက်မလဲ ဘာစားမလဲ "

ဝိတ္တာက ကျမမျက်နှာနားကပ်ပြီးလာမေးတော့ ကျမဘာဖြေရမှန်းမသိဖြစ်နေတယ် ဘာမှာလို့မှာရမယ်မှန်းမသိဘူးလေ .....

" အဆင်ပြေတာချပေးပါ "

ကျမဖြေလိုက်တာမဟုတ်ဘူးဘေးက ကျမနဲ့အတူထိုင်နေတဲ့ လူကြီးကလှမ်းပြောလိုက်တာ .....
ကျမလှည့်ကြည့်လိုက်တော့ သူ့ရုပ်က လူရွှင်တော်မန်းဝင်းကြီးနဲ့တူနေတယ် မြင်းခေါင်းစွပ်ကျယ်ဝတ်ထားပြီး အဆီပြန်နေတဲ့မျက်နာနဲ့ ကျမကိုပြန်ကြည့်နေတယ် ကျမလဲကြောက်ကြောက်နဲ့အယောင်ယောင်အမှားမှားပြုံးပြမိလိုက်တယ် ......
သူလဲ ပြုံးလို့ပေါ့ ဒါပေမယ့် သူ့အပြုံးကတီဗွီကမီးရောင်နဲ့ဆိုတော့ သေချာကြည့်ရင်စိုင်းအောင်တင့်အပြုံးမျိုး ....
ခဏနေကျတော့ အခန်းထဲမှာ သူ့လူကိုယ့်လူနဲ့အတွဲတွေစုံသွားတယ် သီချင်းသံတွေလဲ စဆိုနေကြပြီ .....

" ခဏခဏ စိတ်ဆိုးခဲ့ရ ခဏခဏရန်ဖြစ်ခဲ့ရ ဒီမှာမောနေပြီသိရဲ့လား....... "

ကျမနဲ့အတူအခန်းဝင်တဲ့ကောင်မလေးတွေကတော့ ရောက်တာနဲ့ သီချင်းတန်းထည့်ပြီး ဆိုနေကြတယ် ခက်တာက ကျမသီချင်းမထည့်တတ်ဘူး ဘာဆိုရမှန်းလဲမသိဘူး .....

" ညီမလေး သီချင်းဆိုလေ "

ကျမကြက်သီးဖြန်းခနဲထသွားတယ် စကားသံနဲ့အတူ ကျမလက်မောင်းကို ညှစ်လိုက်တဲ့အတွက် ဆတ်ခနဲတုန်သွားတယ် .....
ကိုယ်နဲ့မသိတဲ့ သူစိမ်းယောက်ျားတစ်ယောက်ရဲ့အထိအတွေ့ စိတ်ထဲတစ်မျိုးကြီးဖြစ်သွားတယ် ....

" ဟုတ် ... ဟုတ် သမီးသီချင်းမဆိုတတ်ဘူး ဦး "

တောင်းပန်တိုးရှိုးသံနဲ့ ကျမပြောမိတော့ သူကဘ၀င်မကျသလိုပြန်ကြည့်တယ် ....

" ဟင် ဒီအလုပ်လုပ်ပြီး သီချင်းမဆိုတတ်ဘူးလား နည်းနည်းပါးပါးတော့ ဆိုတတ်ရမှာပေါ့ "

" ဟုတ် သမီးကဒီနေ့မှ ရောက်လို့ပါ "

ကျမပုံစံက အရမ်းကြောက်နေတဲ့ပုံများပေါက်နေလားမသိဘူး လူကြီးကကျမကိုနားမလည်သလိုအကြည့်နဲ့ကြည့်နေတယ် ....
ခုမှ အဲလူကြီးကိုကြည့်မိတယ် အသားကမည်းသလို သွားမှာလဲ ကွမ်းဂျိုးတွေအပြည့်နဲ့ စကားပြောတဲ့အခါ ထွက်လာတဲ့အနဲ့က ညှီစို့စို့ ချွေးနံ့ကလဲ တစ်ချက်တစ်ချက်ထောင်းခနဲ ......

" ဒါဆို ကိုကြီးနဲ့စုံတွဲဆိုမယ်လေ စုံတွဲသီချင်းဘာရလဲ ငယ်ကျွမ်းဆွေရလား " 

ဘုရား .... စုံတွဲဆိုရမယ် အဲဒီသီချင်းတော့ရပါတယ် ဒါပေမယ့် ဒီလူကြီးနဲ့တွဲဆိုလို့ဖြစ်ပါ့မလား ကျမကြောက်နေတယ် .....
ခဏနေတော့ အမြည်းတွေဘီယာတွေစားပွဲပေါ်စုံသွားတဲ့အချိန်မှာ လူတွေကပိုပြီးအသံကျယ်ကျယ်နဲ့မြူးကြွလာကြတယ် ကျမကတော့ ကျောက်ရုပ် ..... 

" ငယ်သူငယ်ချင်းရေ ခုတော့ငယ်ကျွမ်းဆွေ .... ငယ်သူငယ်ချင်းရေ ခုတော့ငယ်ကျွမ်းဆွေ ခုလိုပြန်လည်ဆုံတွေ့ရတာဝမ်းသာမဆုံးနိုင်ပေ "

ကျမတို့အလှည့်ရောက်တော့ စုံတွဲဆိုကြတယ် ကျမအသံက အနည်းငယ်တုန်နေသလိုထင်ရသလို ဆိုရတာလဲ ဆိုင်တွေမှာဆိုရသလို မပျော်မိဘူး ....

" ရွှတ် "

သီချင်းဆိုနေတုန်း ကျမပါးကို အမွှေးကြမ်းကြမ်းနဲ့နှုတ်ခမ်းတစ်ခုလာထိတဲ့ ပူနွေးတဲ့အရသာကို ခံစားလိုက်ရတယ် ....
ကျမ ကပျာကယာမျက်နှာကိုလွှဲလိုက်တယ် ဒါပေမယ့် ကျမအနမ်းခံလိုက်ရပြီလေ ....

" ဟဲဟဲ ညီမလေးကလဲ ချစ်လို့ပါကွာ ဒါလေးကိုကြောက်နေသေးတယ် "

ပြောရင်းဆိုရင်း ကျမခါးကို လက်နှစ်ဖက်နဲ့သိမ်းကြုံးဖက်ထားပါတော့တယ် .....
ကျမလဲ အားရှိသမျှရုန်းရင်းသူ့လက်တွေကို ပြန်ဖြေချတယ် မရဘူး ....
ကျမအားကိုးတစ်ကြီး ဘေးကအတူဝင်တဲ့ကောင်မလေးတွေကို ငဲ့ကြည့်မိတယ် .....
တစ်ချို့က ဧည့်သည်တွေရဲ့ပေါင်တွေပေါ်တက်ထိုင်လို့ တစ်ချို့က မျက်နှာချင်းအပ် တစ်ချို့က ဖက်နေကြတယ် ကျမအားကိုးရာမဲ့သွားပြီထင်တယ် ....
ဒီအခန်းထဲက ထွက်ပြေးချင်စိတ်ပဲ ဖြစ်မိတော့တယ် အသက်ရှူကျပ်သလို မွန်းကျပ်လာတယ် ကျမကိုဘယ်သူမှမကယ်နိုင်တော့ဘူးလား .....
ကျမဖြစ်ပျက်နေတာကို အတူဝင်တဲ့ကောင်မလေးတွေက မဲ့ပြုံးပြုံးကြည့်ကြတယ် ဒါလေးကိုဖြစ်နေသလားဆိုတဲ့သဘော .....
ကျမရုန်းပါများတော့ အဲဒီလူကြီးလက်လျှော့သွားတယ် ပြီးတော့အပြင်ထွက်သွားတယ် ...
သိပ်မကြာပါဘူး ၀ိတ်တာက အခန်းထဲဝင်လာပြီးကျမကို ခေါ်ထုတ်သွားတယ် ...
အပြင်ရောက်တော့ ညီမကိုလူချိန်းခိုင်းတယ် ဒီအခန်းထဲမ၀င်နဲ့တော့တဲ့ ....
ကျမ လွတ်မြောက်သွားတယ် ပျော်လဲပျော်သွားတယ် မွန်းကျပ်မှုတွေကလွတ်မြောက်ခဲ့ပြီ ....
ဖြစ်နိုင်ရင် ဒီအလုပ်ကို ဆက်မလုပ်ချင်တော့ဘူး ထွက်ပြေးသွားချင်မိတယ် .....
ကိုယ်မသိတဲ့ ယောက်ျားတွေရဲ့ရမ္မက်အထိအတွေ့ကို ကျမမနှစ်မြို့ဘူး .....
အခုအချိန်မှာ ကျမအာခေါင်ခြစ်ငိုလိုက်ဖို့ပဲသိတယ် ငါလိုက်လာခဲ့တာမှားပြီလို့ အကြိမ်ကြိမ်နောင်တရမိတယ် ....
ကျမအ၀တ်အစားလဲပြီး ကိုယ့်နေရာလေးမှာ စိတ်ပျက်လက်ပျက် အိပ်နေမိတော့တယ် ....

" အမ အမ ဧည့်သည်က မုန့်ဖိုးပေးခိုင်းလိုက်လို့ "

အဆောင်ထဲကို ခုနက အခန်းကိုင်တဲ့ ၀ိတ်တာလေးက ဧည့်သည်ပေးလိုက်တဲ့မုန့်ဖိုးကိုကျမဆီလာပေးတယ် .....

ကျမလဲဘုမသိဘမသိ လူးလဲထပြီး သူ့လက်ထဲက ပိုက်ဆံကို အားတုံးအားနာနဲ့ လှမ်းယူလိုက်တယ် ....

" တစ်ထောင် "

ငွေတစ်ထောင်မုန့်ဖိုးပေးတယ်တဲ့.....
ခန္ဓာကိုယ်အထိခံအတို့ခံ အဖက်ခံအနမ်းခံခဲ့ရတဲ့ ကျမရဲ့တစ်နေ့တာ လုပ်အားခက တစ်ထောင်တဲ့ ......
ဘာပဲဖြစ်ဖြစ် ပထမဆုံးလုပ်အားခကရတဲ့ ငွေတစ်ထောင်ကို အမှတ်တရအနေနဲ့ ကျမအိတ်ထဲကို တယုတယထည့်ထားလိုက်မိပါတော့တယ် ....