Angel on 2014-07-01 15:41
လောင်စာတစ်တိုင်ကီလောက်နဲ
့နှစ် ၁၀၀ ကြာ မောင်းနှင်နိုင်တဲ့ ကားမျိုးရှိပါ့မလား။ ဒါဟာ မဖြစ်နိုင်စရာ
စိတ်ကူးသက်သက်မဟုတ်ပါဘူး။ အမေရိကန်သမ္မတ Nixon သက်တမ်းမှာ ပယ်ဖျက်ခဲ့တဲ့
အနုမြုလောင် စာ တစ်မျိုးကို အသုံးပြုမယ်ဆိုရင် ဖြစ်နိုင်ကြောင်း
ကုမ္ပဏီတစ်ခုက အဆိုပြုလိုက်ပါပြီ။
သောရီယမ်(Thorium) ဆိုတာ
သဘာဝအလျောက်တွေ့ ရတဲ့ ရေဒီယိုသတ္တိကြွဒြပ်စင်တစ်မျိုးဖြစ်ပြီး နော်ဝေလူမျိုး
တွင်းထွက်ဓာတ်သတ္တုပညာရှင် က ၁၈၂၈ ခုနှစ်မှာ စတင်တွေ့ ရှိခဲ့ပြီး
ဆွီဒင်ဓာတု ပညာရှင် က စစ်ဆေးအတည်ပြုခဲ့တဲ့ ဓာတုဒြပ်စင်တစ်မျိုးဖြစ်ပါတယ်။
နတ်ဘုရား Thor ရဲ့ အမည်ကို အစွဲပြုပြီး သောရီယမ် လို့ ပေးခဲ့တာပါ။
သိပ်သည်းဆများတဲ့
သောရီယမ် ပမာဏအနည်းငယ်ဟာ အံ့သြလောက်စရာ အပူချိန်ပမာဏကို
ထုတ်ပေးနိုင်တယ်လို့ အစီရင်ခံစာတစ်ခုမှာ ဆိုပါတယ်။ Laser Power Systems
ဆိုတဲ့ ကုမ္ပဏီတစ်ခု ဟာ ဒီ စွမ်းအင်အရင်းအမြစ်ကို ကားတွေမှာ
တပ်ဆင်အသုံးပြုဖို့ ကြိုးစားနေပါပြီ။
“ သောရီယမ် ၁ ဂရမ်လောက်က
ဓာတ်ငွေ့ ဂါလန်ပေါင်း ၉၃၉၆ ဂါလန်ထက် စွမ်းအင်အများအပြား ပိုထုတ်နိုင်တယ်”
လို့ ကုမ္ပဏီက ဆိုထားပါတယ်။ ဒါကြောင့်မို့ လို့  သောရီယမ် ၈ ဂရမ်ဟာ သောရီယမ်
တာဘိုင်သုံး မော်တော်ကားကို ရာစုနှစ်တစ်ခုစာလောက်
စွမ်းအင်ပေးနိုင်ပါလိမ့်မယ်။
ဒါပေမယ့်
မေးခွန်းထုတ်စရာတစ်ခုရှိတာကတော့ ဒီလို ရေဒီယိုသတ္တိကြွပစ္စည်းဟာ လူတွေကို
အန္တရာယ် မရှိ စေနိုင်ဘူးလားပေါ့။ ဟုတ်ကဲ့ ။ရှိပါတယ်။ သောရီယမ်ဟာ
ယူရေနီယမ်ဓာတ်ပေါင်းဖိုအတိုင်း အဆိပ် အတောက် ပမာဏတူ ထွက်ရှိပါတယ်။ Laser
Power Systems ရဲ့ CEO Stevens ကတော့ ဒီ ဓာတ် ရောင်ခြည်ထွက်ရှိမှု ကို
အလူမီနီယမ်သတ္တုလွှာတစ်ခုနဲ့ ကာဆီးထားနိုင်တယ်လို့ ဆိုပါတယ်။ စတီဗင် ကတော့
သွားဘက်ဆိုင်ရာသုံး X-rays တွေလောက်တဲ့ ဓာတ်ရောင်ခြည်သင့်မှာမဟုတ်ဘူးလို
့ဆိုခဲ့ပါ တယ်။
“ ကားတွေကတော့ ကျွန်တော်တို့ အဓိက
စိတ်ဝင်စားတဲ့အရာမဟုတ်ပါဘူး။ မော်တော်ကား ထုတ်လုပ် သူတွေ ကလည်း
ဒီနည်းပညာကို လိုချင်မှာမဟုတ်ဘူး။” လို့ Steven က ထပ်ပြောကြားခဲ့ပါတယ်။
မော်တော်ကား ထုတ်လုပ်သူတွေဟာ ဂတ်စ်အင်ဂျင်တွေအသုံးပြုပြီး
ပိုက်ဆံရှာနေရတာကိုပဲ ပိုအာရုံ ကျနေတယ်လို့ ဆိုပါတယ်။ သောရီယမ်နည်းပညာဟာ
စက်မှုလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့် ပြန့် အသုံး ချနိုင်ဖို
့ဆယ်စုနှစ်များစွာ အချိန် လိုအပ်နေသေးပြီး အဲ့အချိန်ကျမှ မော်တော်ကား
ထုတ်လုပ်သူတွေက သူတို့ အင်ဂျင်တွေမှာ ဒီနည်းပညာသုံးဖို့ 
ပြန်စဉ်းစားကျလိမ့်မယ်လို့ သူက ဟောကိန်း ထုတ်ခဲ့ပါတယ်။
သဘာဝ အလျောက်တွေ့ ရှိရသော Thorium ဒြပ်စင်

Ref: yahoo.com