This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, June 10, 2013

လပွတ္တာမြို့ရှိ နှလုံးသား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ကျောင်းများတွင် ခြင်ဆေးဖျန်းခြင်း


++++++++++++++++++++++++++
လပွတ္တာမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် မူလတန်းကျောင်း၊ အထက်တန်းကျောင်းများတွင် ကျောင်းသား/သူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် နှလုံးသား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို (9-6-2013)တနင်္ဂနွေနေ့တွင် ဆောင်ရွက်ခဲ့ပါတယ်။

၃/၆/၂၀၁၃ ညနေပိုင်းက မလေးရှားမှာ မြန်မာလူမျိုး တစ်ဦး အသတ်ခံရတဲ့ ဓါတ်ပုံ

၃/၆/၂၀၁၃ ညနေပိုင်းက မလေးရှား နိုင်ငံ ကင်မရွန်းဟိုက်လန်းမှနေ ဆလာရန်းဈေးသို့ ဟင်းသီးဟင်းရွက် လာယူသော မြန်မာလူမျိုး အလုပ်သမားတစ်ဦးကို ကုန်တင်ကုန်ချ ပြုလုပ်နေစဉ် အလစ်ဝင်ပြီး ရက်ရက်စက်စက် ဓါးဖြင့် ၀င်ခုတ်သွားတာပါခင်ဗျာ။ ၃/၆/၂၀၁၃ ညနေပိုင်းက အသက်ခံခဲ့ရတဲ့ဓါတ်ပုံ
Share thttp://www.myanmarnewsnow.org/2013/06/blog-post_9339.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+myanmarnewsnow%2FLNje+%28Myanmar+News+Now%29

အကြမ်းဖက်မှုများ ဆက်ဖြစ်နေပါက မလေးရှားသို့ လုပ်သားစေလွှတ်မှု ရပ်ဆိုင်းမည်ဟု အလုပ်သမားဒုဝန်ကြီးပြော



မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက
မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုများ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အကြမ်းဖက်မှုများ ခံနေရပြီး ဇွန် ၅ ရက်ထိ မြန်မာနိုင်ငံသား လေးဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိကာ ၁၀၀၀ ကျော် ဖမ်းဆီးခံထားရ ကြောင်း သတင်းရရှိသည်။

“မလေးရှားမှာ ဆက်ပြီးတော့ ပြဿနာတွေထပ်ဖြစ်နေရင်တော့ အလုပ်သမားစေလွှတ်မှုတွေကို ရပ်ဆိုင်းထားမှာပါ”ဟု အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှုနှင့် ဖမ်းဆီးခံရမှုများကို မလေးရှားရှိ မြန်မာသံရုံးက စီစဉ်ဆောင်ရွက်နေကြောင်း ဒုဝန်ကြီးဦးမြင့်သိန်းက ဆက်လက်ပြောသည်။

မေ ၃၀ ရက်မှ ဇွန် ၄ ရက်အ ထိ ဆလန်းဂါးပြည်နယ် အချို့နေရာနှင့် ကွာလာလမ်ပူမြို့တို့တွင် မြန်မာ နိုင်ငံသားများနှင့် မလေးရှားဒေသခံများသည် အနည်းဆုံးခုနစ်ကြိမ် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံ သားလေးဦးသေဆုံးပြီး ခုနစ်ဦးဒဏ် ရာရရှိခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ခိုက်ရန်ဖြစ်ပွားသည့် ဆာလာရမ်းမြို့နယ်တွင် မလေးရှားရဲတပ်ဖွဲ့က တရားမ၀င် ၀င်ရောက်နေထိုင်
သူများကို ရှာဖွေစစ်ဆေးနေသော်လည်း တရားခံနှင့် သံသယဖြစ်ဖွယ်ရှိသူများထက် မြန်မာများကိုသာ သဲသဲမဲမဲ ဖမ်းဆီးနေသည်ဟု ယူဆရသောကြောင့် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံသားအများစုမှာ
ကြောက်လန့်စိုးရိမ်နေကြကြောင်း၊ အလုပ်ခွင်ဝင်ရန်ပင် ထိတ်လန့်နေ ပြီဖြစ်ကြောင်း ပိနန်နာရေးကူညီမှုအသင်းမှ ဦးခင်မောင်ဝင်းက ပြောသည်။

မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားဦးရေ ၅၀၀၀၀၀ ၀န်းကျင်ခန့်ရှိပြီး တရားဝင်နေထိုင် သူ ၂၀၀၀၀၀ ၀န်းကျင်၊ တရားမ၀င် နေထိုင်သူ ၂၀၀၀၀၀ ၀န်းကျင်နှင့် နိုင်ငံရေးခိုလှုံသူလူဦးရေ ၁၀၀၀၀၀ ၀န်းကျင်ခန့်ရှိကြောင်း သတင်းရရှိသည်။

ဇွန်လ ၅ ရက်ကလည်း မလေး ရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးတင်လတ်က မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မလေးရှားနိုင်ငံ ရဲချုပ်တို့ထံ သွားရောက်တွေ့ဆုံကာ မြန်မာနိုင်ငံသားများ အကြမ်းဖက် ခံရမှုတွင် ပါဝင်ကူညီဖော်ထုတ်ပေးရန် ပြောကြားထားသည်။

အဆိုပါ မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ဖမ်းဆီးခံရမှုများ ကြောင့် ဇွန် ၆ ရက်တွင် မလေးရှားရောက် မြန်မာအဖွဲ့အစည်းများဖြစ်ကြသော ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၊ NLD YOUTH (LA) Malaysia GSC အထွေထွေ သပိတ်ကော်မတီနှင့် KEPONG နာရေးကူညီမှုအသင်းတို့မှ ခေါင်းဆောင် ငါးဦးက လက်ရှိဖြစ်ပေါ်နေသော ကိစ္စများကြောင့် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ဇွန် ၇ ရက်တွင်လည်း မလေးရှား နိုင်ငံရောက် မြန်မာများကို ဆက်လက်ဖမ်းဆီးမှုများပြုလုပ်နေ ကြောင်း ခပ်ပွန်းနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြားသည်။

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများ အနက်အထောက်အထား စာရွက်မရှိသည့်သူများကို ဖမ်းဆီးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးတင်လတ်ကပြောသည်။

“အထောက်အထားမရှိတဲ့ သူတွေကို ဖမ်းတယ်။ ပတ်စပို့မိတ္တူရှိ ရင်တောင် မြန်မာနိုင်ငံကို ပြန်ခွင့်ပေးမှာပါ။ အဲလို မြန်မာနိုင်ငံကို ပြန် ပို့ပေးတာ ၁၂၀၀၀ လောက်ရှိပါပြီ”ဟု ဦးတင်လတ်က ပြောသည်။

ပထမဆုံး ချစ်ကြည်ရေး မြန်မာ့ရေတပ် သဘောင်္ စစ်တကောင်း ဆိပ်ကမ်းသို့ ရောက်ရှိ

နိရဉ္စရာ

လေးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အနေဖြင့် မြန်မာ့ စစ်သင်္ဘော UMS မဟာ သီဟသူရ စစ်သင်္ဘောသည် ယမန်နေ့က စစ်တကောင်း ဆိပ်ကမ်းသို့ ရောက်ရှိ လာသည်ဟု ဘင်္ဂလာဒေခ်ျ့ အစိုးရက သတင်း ထုတ်ပြန်သည်။

သဘောင်္တွင် မြန်မာ အရာရှိ ၁၅ ဦး အပါအ၀င် သင်္ဘောသား ၁၂၁ ဦး လိုက်ပါ လာသည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့ ရေတပ်၏ ဖိတ်ကြားချက်အရ မြန်မာ ရေတပ် သဘောင်္သည် ဘင်္ဂလာဒေခ်ျ့သို့ လာလည်ခြင်း ဖြစ်ပြီး ယခု ပြုလုပ်သော မြန်မာ ရေတပ် သဘောင်္၏ ချစ်ကြည် ခရီးစဉ်သည် နှစ်နိုင်ငံ အကြား ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဆိုသည်။

မြန်မာ စစ်သင်္ဘောအား စစ်တကောင်း ရေတပ် စစ်ဌာနချုပ် ရေတပ် ဦးစီးမှူး ကပ္ပတိန် Gloam Sadek က ကြိုဆိုလက်ခံခဲ့သည်ဟု ဆိုသည်။

မန်မာ ရေတပ် သင်္ဘော၏ လေးရက်ကြာ ခရီးစဉ် အတွင်း မြန်မာ ရေတပ် သင်္ဘောသာများ အနေဖြင့် ဘင်္ဂလာဒေခ်ျ့ ရေတပ် သဘောင်္ အများအပြားသို့ သွားရောက် လည်ပတ်ကြမည် ဖြစ်သလို ချစ်ကြည်ရေး အားကစားပြိုင်ပွဲများနှင့် ယဉ်ကျေးမူ ဖလှယ်ရေး အစီအစဉ်များကိုလည်း ပြုလုပ်ကြမည်ဟု သိရသည်။

UMS မဟာသီဟသူရ စစ်သင်္ဘောသည် ဇွန်လ ၁၁ ရက်နေ့တွင် စစ်တကောင်းဆိပ်ကမ်းမှ မြန်မာသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

ခရီးသည်တင်မှန်လုံယာဉ် ရာဇာမင်းအထူးကား ဓါးမြတိုက်ခံရ =================== ဇွန် ၉၊ ၂၀၁၃

ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်
====================================
နေပြည်တော်၊ ဇွန် ၉၈-၆-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် မွန်ပြည်နယ်၊

ကျိုက္ခမီမှရန်ကုန်သို့ ထွက်ခွာလာသော ၈ဇ/xxxx““ရာဇာမင်း””ခရီးသည်တင်မှန်လုံယာဉ်သည် သထုံမြို့နယ်၊
တောင်စွန်း ကျေးရွာအနီး၊ ဘုရားကုန်းကွေ့အရောက်၌ ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသည့် ခရီးသည် များအနက် သေနတ်အတိုကိုင်ဆောင်ထားသူ ၅ ဦးက ယာဉ်အားအနီးရှိ မြေသားလမ်းအတိုင်း တောတွင်းသို့ မောင်းနှင်ခေါ်ဆောင်သွားခဲ့သည်။
ိုသို့ခေါ်ဆောင်သွားကြောင်း သတင်းရလျှင်ရခြင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူး၊
သထုံမြို့နယ် ရဲတပ်ဖွဲ့မှူးတို့ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများ
ပူးပေါင်း၍ လိုက်လံ စုံစမ်းရှာဖွေခဲ့ရာ ၂၁း ၄၅ အချိန်တွင် ယာဉ်အားတောင်စွန်းဘုရားကုန်း
ဘုန်းကြီးကျောင်း အ၀င်လမ်း၊ မော်လမြိုင်-ရန်ကုန်ကားလမ်းနှင့် ၁ ဖာလုံခန့်အကွာ၌ တွေ့ရှိရသည်။
ယာဉ်အား စစ်ဆေးရာ ယာဉ်၏ယာဘက်ဘေး ပစ္စည်းထည့်သည့်နေရာအနီးတွင်
ယာဉ်နောက်လိုက် နိုင်လင်းထွန်း (၂၆)နှစ်အား ဦးခေါင်း၌ သေနတ်ဒဏ်ရာ(၁)ချက်နှင့်
သေဆုံးနေကြောင်းတွေ့ရှိရပြီး ယာဉ်၏မြောက်ဘက် ကိုက်(၄၀)ခန့်အကွာ၊
ခြုံနှင့်လယ်ကွင်းအကြားတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ
ယာဉ်မောင်း ဇော်လင်းထူး(၃၈)နှစ်အား ပါးစပ်၌သေနတ်ဒဏ်ရာ(၁)ချက်ဖြင့်
သွေးများထွက်လျက် တွေ့ရှိရသည်။ထို့ပြင် ယာဉ်ပေါ်သို့စစ်ဆေးခဲ့ရာ
ယာဉ်မောင်းထိုင်ခုံဘေးတွင် ၉ မမ ကျည်ခွံ(၁)တောင့်၊ ယာဉ်မောင်းထိုင်ခုံနောက် ၂ ခုံကျော်တွင် ၉ မမ ကျည်ခွံ (၂)တောင့်တို့အား တွေ့ရှိသိမ်းဆည်းခဲ့ပြီး ခရီးသည်များအခြေအနေအား စုံစမ်းရာ ခရီးသည်အချို့မှာ သထုံမြို့““မိဘမေတ္တာ””ထမင်းဆိုင်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။
ထမင်းဆိုင်သို့ သွားရောက်စုံစမ်းခဲ့ရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊
ထီးမိုကလိုကျေးရွာနေ ဦးထိန်(၄၇)နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်၊
(၄)ရပ်ကွက်ဖဒိုနေ ယာဉ်မောင်းအကူ ဦးညီညီအောင်(၅၈)နှစ်ပါ (၆)ဦးတို့အား တွေ့ရှိခဲ့ရပြီးခရီးသည်
အချို့မှာ မော်လမြိုင်-ရန်ကုန်ပြေးဆွဲသည့်မော်တော်ယာဉ်များဖြင့် လိုက်ပါသွားကြောင်း သိရှိရသည်။
စုံစမ်းစစ်ဆေးချက်များအရ သေနတ်သမား(၅)ဦးမှာ ယာဉ်ပေါ်၌လိုက်ပါလာခဲ့ပြီး တောင်စွန်းရွာအလွန် ဘုရားကုန်းကွေ့အနီးအရောက်တွင် သေနတ်ပစ်ဖေါက်၍ ယာဉ်အား ဘုရားကုန်း
ဘုန်းကြီးကျောင်းလမ်းထဲသို့ ၁ ဖာလုံခန့်မောင်းခိုင်းပြီး ယာဉ်အားရပ်တန့်ခိုင်းကြောင်း၊
ထို့နောက် ခရီးသည်များအား ယာဉ်ပေါ်မှဆင်းခိုင်းပြီး ရွှေ၊ ငွေ ပစ္စည်းများ ယူဆောင်ကြကြောင်း၊
သေနတ်သမားအားလုံး အရပ်ဝတ်ဖြင့် ကက်ဦးထုပ်ဆောင်းထားကြောင်း၊ ၂ ဦးမှာ မျက်နှာဖုံးအမဲရောင် စွပ်ထားကြောင်း၊စကားပြောရာတွင် ပါးစပ်ကိုလက်ဖြင့်အုပ်၍ အသံဖျက်ပြောကြောင်း၊ အခင်းဖြစ်ချိန် တွင် ကားမီးမှိန်ထားသဖြင့် ကောင်းစွာမမှတ်မိကြောင်းနှင့် ရာဇာမင်းယာဉ်ပိုင်ရှင်အား မကျေနပ်၍ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။သို့ဖြစ်၍ ၂၃၅၀ အချိန် ဒဏ်ရာရရှိသည့်
ယာဉ်မောင်း ဇော်လင်းထူးအား သထုံဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ၉-၆-၂၀၁၃ ရက်နေ့ ၀၁၁၅ အချိန်“
မော်လမြိုင်ဆေးရုံသို့ ဆက်လက်တင်ပို့ကုသခဲ့သည်။ ပြစ်မှုကျူးလွန်သူ သေနတ်သမား ၅ ဦးအား
သထုံမြို့မရဲစခန်း (ပ)၉၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့်အရေးယူထားပြီး ရဲတပ်ဖွဲ့က လိုအပ်သည်များကို ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိရေးအတွက်
ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

MyanmarDaily.net

MyanmarDaily.net

မှ 
သတင်း  ခိုင်မာအောင် စောင့်ကြည်လျှက်
နွေည

အပျို၊အပျိုစစ်နှင့် အပျိုစင်...........( အမျိုးသမီးများသိစေဖို့)

အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။
ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာရပါပြီး....။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး...။ နယ်ချဲ့တယ်ဆိုတာ လက်နက်ဆွဲကိုင်ပြီး တော်လှန်တိုက်ခိုက်နေမှနိုင်ငံကို အပိုင်သိမ်းနိုင်မှ နယ်ချဲ့တာမဟုတ်ပါဘူး...။ ခုလို မြန်မာ့မြေပေါ်မှာ မြန်မာတွေရဲ့  စိတ်ဓာတ် နဲ့  ယဉ်ကျေးမှုတို့  ပြောင်းလဲ တိုက်စားခံရတာလဲ နယ်ချဲ့ခံရတာပါပဲ...။ဒါကိုတော့ ယဉ်ကျေးမှု နယ်ချဲ့ ခြင်းလို့ ခေါ်မှာပေါ့..။ခက်တာက တို့ လူမျိုးတွေ ကိုယ်နယ်ချဲ့ လက်အောက်ရောက်မှန်းမသိရောက်နေတာကို သတိမမူမိတာပင်...။
ဒီလို အနောက်တိုင်း ယဉ်ကျေးမှုတွေ စီးဝင်လာတာနှင့်အမျှ အနာဂတ်လူငယ်တွေရဲ့  စိတ်ဓာတ်တွေ ပြောင်းလဲလို့ လာပါပြီး..။ အတုမယူသင့်သည်များကို အတုယူလို့ လာပါပြီး....။ ထိန်းသိမ်းသင့်သည်များကို တဖြည်းဖြည်း မေ့ပျောက်လာခဲ့ကြပြီး...။ သိသိရဲ့ နှင့် မေ့တတ်ချင်ယောင်ဆောင်ကြတာလဲ ဖြစ်နိုင်ပါသည်...။ဝတ်စားဆင်ယဉ်မှုတွေသာမက နေထိုင်မှု စနစ်တွေပါ မေ့ပျောက်ပြောင်းလွဲချင်ခဲ့ပြီး...။
 ချစ်သူများနေ့ ...။ ချစ်သူများနေ့  ဆိုတာ မြန်မာတွေရဲ့  နေ့ ထူးနေ့ မြတ်တော့ မဟုတ်ပါ...။ ဒါပေမဲ့ ချစ်သူတွေရဲ့ ကြား တစ်ဦးကို တစ်ဦး ဂရုစိုက် ကြင်နာမှု၊ အပြန်အလှန် ပန်းစီးလေးတွေပေး ချော့က လက်လေးတွေပေးနဲ့  ချစ်သူနှစ်ဦး အနေနှင့်ရော တွေ့ မြင်ရသူတွေပါ ကြည်နူးစရာ မြင်ကွင်းလေး မို့ ကိုယ့်နိုင်ငံရဲ့  နေ့ ထူးနေ့ မြတ် မဟုတ်ပေမဲ့ လက်ခံနိုင်ပါတယ်...။အယ်...လက်မခံနိုင်တာက ဘာလဲ......။ လက်မခံနိုင်တာက ချစ်သူတွေချင်း လက်ဆောင်ပစ္စည်းခြင်းတွင်မက ဘဝခြင်းပင်လဲယူကြတဲ့ အထိဖြစ်ကြ တာကိုပင်...။
ကိုကို၊မောင်မောင်တွေကလဲ ချစ်သူများနေ့  အထိမ်းအမှတ်ဆိုပြီး မတောင်းသင့် မတောင်းအပ်သည်များ ကိုတောင်း၊လိုက်လျှောသူကလဲ လိုက်လျှောနှင့် ကြည်နူးသင့်သည်ထက် ကြေကွဲ ခဲ့ရသည်က ပိုသော အခြေအနေမျိုး ရောက်ရှိလာခဲ့ပါသည်...။ ချစ်သူများနေ့ မှာ ဟိုတယ်တွေ မိုတယ်တွေဟာ အရင်နေ့ တွေထက် လူတွေ ပြည့်လို့  အပြင်ကနေ တိုကင်နှင့် စောင့်ယူရသည့်အထိပင်တဲ့....။ဒါမြန်မာနိုင်ငံမှာနော်..။ တို့ မြန်မာလူမျိုးတွေ ဖြစ်နေတာ...။ကဲ...ဒီတော့ ထိမ်းသိမ်းရန် ဆိုတဲ့ အခြေအနေ တစ်ခုကို မေ့တတ်သူ ညီမငယ်လေးများအား သတိပေးရန် ရေးလိုက်ခြင်းဖြစ်ပါသည်....။
အပျို .......
အပျိုဆိုတာ ဘာကို ဆိုလိုသလဲ.....၊။
အားလုံးသိကြမှာပါ...။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့ သူဟာ အပျိုပါပဲ...။ အိမ်ထောင်မရှိဘူး၊လက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်...။ ချစ်သူရှိတယ်ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော် လွန်ခဲ့ရင် လဲ ကျော်လွန်ခဲ့မယ်...။ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်....။ ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ...။ဒါကို အပျိုလို့ ခေါ်ပါတယ်....။ဒီ အပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံးပါဝင်ပါတယ်...။
အပျိုစစ်.......
အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ပါဘူး...။ သူဟာ ချစ်သူရှိခဲ့ဖူး သူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိအပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်...။ ချစ်သူနှုတ်ခမ်း နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ...။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြားခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့ ခေါ်ဆိုနိုင်ပါတယ်...။
အပျိုစင်.......
အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး....။ခုလို အခြေအနေမှာ အတော်လေးကို ရှားပါးလာပြီးလို့ လဲ ပြောလို့ ရပါတယ်...။အပျိုစင် ဆိုတာဘာလဲ...။ အပျိုစင်ဆိုတာ ယောင်္ကျားတစ်ယောက်ကို ချစ်ခဲ့ရင် ချစ်ခဲ့လိမ့်မယ်...။ ဒါပေမဲ့ ဘယ်ယောကျာင်္းများနှင့် ထိတွေ့ ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်...။ ယနေ့ လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပြီး...။
~~`~~~~~~~~~~~~~@@@@@@@@@@@~~~~~~~~~~~~~~~~~
အပျိုစင်မပြောနှင့် အပျိုစစ် ဆိုလျှင်တောင် ကံကောင်းတယ် မှတ်ပါလို့ များ သက်ပြင်းတွေ ရှိုက်ကုန်ကြပြီးလား...။ ကိုယ့်ကိုကိုယ် ထိန်သိမ်းရမှာ ကိုယ်ကိုတိုင်ရဲ့  တာဝန်ပါ...။ တခြားသူက မည်မျှပင် ထိန်းသိမ်းစေကာမူ ကိုယ်ကိုတိုင်မှ မထိန်းသိမ်းခဲ့လျှင် ဘဝကြီး ရေစုန်မျှောပြီးပင်.....။
ဒါကြောင့် ညီမငယ်များ အပျိုစင်ဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ရင်တောင်မှ အပျိုစစ်ဆိုတဲ့ အခြေအနေမျိုးကို ကိုင်စွဲထားနိုင်ဖို့  ကြိုးစားစေချင်ပါတယ်....။
ခုလို မြန်မာ့ စီးပွားရေးကြီး ချွတ်ချုံကျ နေတဲ့ အခြေအနေမှာ မိသားစုဝင်တွေမှာ မိဘ နှစ်ပါးလုံးက အလုပ်တွေ လုပ်နေရတော့ သားသမီးများအား ထိန်းသိမ်း စောင့်ရှောက်ရန် အချိန်တွေက နည်းပါးလာခဲ့တယ်...။ ရင်အုပ်မကွာ စောင့်ရှောက်မှု တွေနည်းပါးလာတာနှင့်အမျှ သားသမီးတွေဟာလဲ လွတ်ချင်တိုင်း လွတ်နေကြတာ များလာပါပြီး...။ဒီအခြေအနေမှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကြပါ ညီမလေးတို့ ရယ်....။
ကိုယ်ကိုတိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ...။အကြွေပန်းကို ကောက် နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်...။ ခရေပန်းလို အကြွေကို ကောက်နမ်းခံရဖို့ က ခရေပန်းလို ကြွေ ခဲ့ပေမဲ့ မွှေးရနံ့ လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံ နိုင်ရမှာနော်...။ဒါတောင် ဆယ်ပွင့်ကြွေလို့  တစ်ပွင့် အကောက်ခံရချင်မှ အကောက်ခံရမှာ...။ ဘယ်သူမှ မကောက်မိပဲ အခြောက်ခံသွားရတာနှင့် အနင်းခံသွားရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်...။
ကိုယ့်ချစ်သူ ဆိုတာနှင့်ပဲ ကိုယ့်ညီမတွေ အစွမ်းကုန် အလိုမလိုက်ကြပါနှင့်....။ ချစ်သူဆိုတာ လက်ထပ်ထားတဲ့သူမဟုတ်သေးပါဘူး...။ အချိန်မတန်ခင် မကြွေလိုက်ကြပါနှင့်နော်...။ကိုယ့်အပျိုစင်ဘဝလေး အငှားစွင့်စွင့် ပွဲလယ်တင့်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်အောင်  ချစ်ညီမလေးတွေ ကြိုးစားကြပါ...။ နေကြာပန်း လို နေရှိရာကို ကောက်ကောက်ပါလိုက်တဲ့ အဖြစ်နဲ့  ဘဝကို ပုံမအပ်လိုက်ကြပါနဲ့ ...။ ကိုယ့်ကို စစ်မှန်စွာ ချစ်တဲ့သူဟာ ဥယာဉ်မှူးလို့  ပန်းတစ်ပွင့်ကိုအရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ပေးမှာပါ....။ အရိပ်နေနေ အခက်ချိုးချိုး ဆိုတာမျိုးနှင့် ကိုယ့်ဘဝကို ချိုးယူပြီး ချိုးစရာ အကိုင်းအခက်ကုန်သွားရင် တခြားအပင်ကို ကူးမည့်သူ မဟုတ်ပါဘူး...။
ချစ်ညီမလေးတွေ အချစ်နဲ့  ရာဂ ကို ခွဲခြားသိမြင်နိုင်ကြပါစေ...။ ကိုယ်ကိုတိုင် အပျို၊ အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးထားတတ်ကြပါစေ...။
မမေသဇင်......ရေးသားထားတဲ့ ပိုစ့်လေးကို...........ငယ်ချင်းလေးတွေအတွက်ပြန်ပြီး မျှဝေပေးလိုက်ပါတယ်..
အားလုံးကိုလေးစာလျက်
နှင်းသက်