This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, April 19, 2013

ဘော်စတွန် ဗုံးခွဲမှု သံသယရှိသူ တဦး လွတ်မြောက်နေပြီး၊ တဦးသေဆုံး

Kaung Myat shared Mizzima - News in Burmese's status update.

CNN | သောကြာနေ့၊ ဧပြီလ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၂၇ မိနစ်

လူသုံးဦး သေဆုံးခဲ့သော ဧပြီလ ၅ ရက်နေ့က ဘော်စတွန် မာရသွန် ဗုံးပေါက်ကွဲမှု ပြုလုပ်ခဲ့သူများသည် ဗုံးခွဲမှုတွင် ပါဝင်ပတ်သတ်သည်ဟု သံသယ ရှိနေသူ နှစ်ဦးပင် ဖြစ်နိုင်သည် ဟုရဲတပ်ဖွဲ့က ယုံကြည်နေသည်။

၎င်းတို့ အထဲမှ တဦးမှာ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးသွားပြီး အခြားတဦးမှာ လွတ်မြောက်နေဆဲ ဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားသည်။

ဧပြီလ ၁၅ ရက်နေ့ ဗုံးခွဲမှုအတွက် သံသယရှိသူနှစ်ဦးထဲမှ နံပါတ်နှစ်မှာ ဘော်စတွန် ဆင်ခြေဖုံး Watertown တွင် လွတ်မြောက်နေဆဲဖြစ်သည်။၎င်းအား ခြေရာခံ မိနိုင်ရန် ဘော်စတွန်မြို့တွင် ဒေသခံရဲအရာရှိများ
ပြည်ထောင်စု ဥပဒေ ထိန်းသိမ်းရေး အေဂျင်စီအဖွဲ့ဝင်များက ကြိုးစားနေသည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ပေါလ်မက်မီလန် ကပြောကြားသည်။

လွတ်မြောက်နေသူ သံသယတရားခံတွင် လက်နက်ရှိနေပြီး အန္တရာယ်ရှိသည်ဟု ယုံကြည်ထားသည်။

ဒေသခံများအနေဖြင့် မိမိတို့အိမ်အတွင်း တံခါးသော့ခတ်ကာ ပြတင်းပေါက်များ တံခါးပေါက်များမှ ဝေးဝေးနေကြရန် ရဲတပ်ဖွဲ့က သတိပေးခဲ့သည်။ စောင့်ကြည့်ကင်မရာ ပုံရိပ်များကြောင့် သံသယ တရားခံ တဦးကို ကောင်းစွာ ပုံဖော်နိုင်ခဲ့ပီး အာဏာပိုင်များက လူသုံးဦး သေဆုံးခဲ့ရသော ဗုံးခွဲမှုတွင် ၎င်း ပါဝင်ပတ်သတ်မှုကို
ဖော်ထုတ်နိုင်ခဲ့သည်။

အခြားတဦးမှာ ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်ကြရာတွင် သေနတ်မှန်ပြီး ဆေးရုံ၌ သေဆုံး သွားခဲ့သည်ဟု မက်ဆာချူးဆက် ခရိုင်ဥပဒေအရာရှိ၏ ကြေညာချက်တွင်ဖော်ပြခဲ့သည်။ သေဆုံးသူသည် ဗုံးခွဲမှု တရားခံနံပါတ် တစ် ဖြစ်မည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားသည်။

ရန်ကုန်လူထု မေမေသမ္မတ ဟု သုံးစွဲနေကြ

Kaung Myat shared Tun Wai's photo.
ရန်ကုန်လူထု မေမေသမ္မတ ဟု  သုံးစွဲနေကြ

ကမ္ဘာ့စီးပွားရေး တတိယအင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံသို့ ရက်သတ္တပတ်တစ်ပတ်ကြာ သွားရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညနေ ၆ နာရီခွဲဝန်းကျင်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။

ဧပြီ ၁၂ ရက်မှ စတင်ခဲ့သော ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် အပါအ၀င် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်အမတ်များ၊ ဂျပန်ရောက် မြန်မာမိသားစုများကို တွေ့ဆုံခဲ့ပြီး ၎င်းပညာသင်ကြားခဲ့ဖူးသော ကျိုတိုတက္ကသိုလ်သို့လည်း သွားရောက်ခဲ့သည်။

ဧပြီ ၁၉ ရက် ညနေတွင် မင်္ဂလာဒုံလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ်အပြန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များက လာရောက်ကြိုဆိုခဲ့ကြသည်။

7Day News Journal

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

မြန်မာနိုင်ငံ ကုန်သွယ်မှု အထူးခံစားခွင့်နိုင်ငံ ပြန်ဖြစ်တော့မည်

Kaung Myat and Aye Ahr Marn shared RFA Burmese's photo.

မြန်မာနိုင်ငံကို ကုန်သွယ်မှု အထူးခံစားခွင့်နိုင်ငံအဖြစ် ပြန်လည်သတ်မှတ်ဖို့ အမေရိကန်အစိုးရ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်ရုံး USTR က ကြားနာပွဲပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

အမေရိကန်ဈေးကွက်မှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အကောက်ခွန်မဲ့ တင်ပို့ရောင်းချနိုင်အောင် လက်ခံသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး လာမယ့်ဇွန်လ ၄ ရက်နေ့မှာ ကြားနာပွဲတစ်ခုကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီကြားနာပွဲမှာ မြန်မာနိုင်ငံအပြင် လာအိုနိုင်ငံလည်း ပါဝင်ပါမယ်။

အဲဒီလို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးခံစားခွင့် မြန်မာနိုင်ငံ ပြန်ရဖို့အတွက်လည်း မြန်မာအစိုးရဖက်က တောင်းဆိုထားတယ်လို့ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ် မတိုင်ခင်က မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်ဈေးကွက်မှာ အကောက်ခွန်မဲ့ တင်ပို့ရောင်းချခွင့်ရရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်တဲ့ အဓမ္မလုပ်အားပေးခိုင်းစေတာနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖေါက်မှုတွေ ရှိခဲ့တာကြောင့် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ အဲဒီအထူးအခွင့်အရေးတွေကို အမေရိကန်အစိုးရက ရပ်ဆိုင်းခဲ့တာပါ။

GSP ကုန်သွယ်မှု အထူးခံစားခွင့်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စီးပွားရေးတိုးတက်လာအောင် အဲဒီတိုင်းပြည်တွေက ကုန်ပစ္စည်းမျိုးစုံကို အမေရိကန်ဈေးကွက်မှာ အကောက်ခွန်မယူပဲ ရောင်းချခွင့်ပေးတာဖြစ်ပါတယ်။ အမေရိကန်အစိုးရက သတ်မှတ်ထားတဲ့ ဒီအစီအစဉ်မှာ ဆင်းရဲတဲ့နိုင်ငံ ၄၂ နိုင်ငံက ကုန်ပစ္စည်းအမျိုးပေါင်း ၅၀၀၀ လောက် အမေရိကန်ဈေးကွက်မှာ ရောင်းချခွင့်ပြုထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလီယမ် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

ပြည့်တန်ဆာတွေကို အကာအကွယ်ပေးဖို့ ဥပဒေပြင်ရမယ်

ဧရာဝတီ Friday, April 19, 2013

မြန်မာပြည်မှာ ပြည့်တန်ဆာ အများအပြား ရှိပါတယ်။ သို့သော်လည်း လက်ရှိ ဥပဒေတွေအရ ပြည့်တန်ဆာတွေဟာ တရားဝင် ရပ်တည်လုပ်ကိုင်ခွင့် မရှိပါဘူး။ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ကြောင်း စစ်ဆေးတွေ့ရှိရင် ထောင်ကျနိုင်တဲ့ အလုပ်ပါ။ သူတို့က ထောင်ကျ မခံနိုင်ပါဘူး။ ဒါကြောင့် ပြဿနာ တက်လာရင် ငွေကြေးပေးပြီး ဖြေရှင်းရတဲ့ နည်းလမ်းကိုလည်း သုံးရတဲ့အတွက် သူတို့ ရှာသမျှဟာ ဥပဒေစိုးမိုးရေး အရာရှိကို လုပ်ကျွေးဖို့ ဖြစ်နေတယ်လို့ ဆိုတဲ့အသံလည်း ကြားရမှာပါ။

မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုသင့်ပါသလား၊ သို့မဟုတ် ပြည့်တန်ဆာဆိုင်ရာ ဥပဒေကို ပြင်ဆင်သင့်ပါသလား။
ဒီမေးခွန်းများနဲ့ ပတ်သက်ပြီး နိုင်ငံရေးသမား တချို့ ဖြေကြား ထားချက်တွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

(ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ ဆက်သွယ်မေးမြန်းချက်များ ထဲက ကောက်နုတ်ဖော်ပြ လိုက်တာပါ။ လက်ရှိ ဥပဒေက ပြည့်တန်ဆာတွေ အတွက် တဘက်သတ် ဖြစ်နေတယ်၊ ဒီဥပဒေကြောင့် သူတို့တွေ ခေါင်းပုံဖြတ်ခံနေရတယ် စသဖြင့် သုံးသပ်ထားကြတာတွေ တွေ့ရမှာ ဖြစ်ပါတယ်။)

တဘက်က မြန်မာ့ရိုးရာယဉ်ကျေးမှု ရှိမယ်၊ တဘက်ကလည်း နစ်နာ ဆုံးရှုံးရတဲ့ ပြည့်တန်ဆာလုပ်သားတွေ ရှိမယ်။ အရေးကြီးတာက လူ့အခွင့်အရေး ဆိုတာကို ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နိုင်ရင် ဒီကိစ္စတွေက အလိုလို အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။

* စိုင်းသူရိန်ဦး
ပြည်နယ်လွှတ်တော်အမတ်
နမ့်ဆန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂

(ပြည့်တန်ဆာလုပ်ငန်းကို ဥပဒေပြဋ္ဌာန်းပြီး လုပ်ကိုင်ခွင့် ပြုတဲ့အခါ) ဥပဒေဘောင်ထဲက လုပ်ရင် ရောဂါတို့၊ ကူးစက်မှုတို့ သက်သာမယ်၊ သူတို့လည်း ပိုက်ဆံများများ ရမယ်။ သူတို့က ဆင်းရဲလို့ လုပ်စားတာ၊ ဒီဘ၀ ကျရောက်တာပေါ့။

(ဥပဒေအရ ခွင့်ပြုလိုက်ရင် အားသာချက်တွေက) ကျန်းမာရေးမှာလည်း ကောင်းတယ်။ သူတို့ကို သက်ဆိုင်ရာက စစ်ဆေးလို့ ရတာပေါ့။
နောက်တချက်က သူတို့ လုပ်အားခကို အပြည့်အ၀ ရမယ်။
အခုက မတော်မတရားခေါင်းပုံဖြတ်တာ၊ အဲဒီ ခေါင်းကဖြတ်တာတမျိုး၊ တည်းခိုရိပ်သာတို့ဘာတို့က ဖြတ်တာတမျိုး၊ သူတို့ တကယ့် ငွေကို သူတို့ မရဘူး။ သူတို့ လုံခြုံမှုလည်း မရှိဘူး။

(ဥပဒေအရ ခွင့်ပြုလိုက်ရင် အားနည်းချက်တွေက) သိပ်မရှိနိုင်ဘူး။ ဥပဒေမပြုမှ သူတို့ မတော်မတရားတွေ ခံနေရတာ၊ ရာဇ၀တ်မှုတွေ ဖြစ်နေတာ ရှိတယ်။

* ဦးခင်မောင်လတ် အမျိုးသားလွှတ်တော်အမတ်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)

ပြည့်တန်ဆာဥပဒေနဲ့ ပတ်သက်ပြီး သိပ်တော့ မှတ်ချက် မပေးလိုဘူး။ ဘာလို့လဲ ဆိုတော့ နိုင်ငံတော်ကလည်း ပြင်ဆင်ဖို့ အစီအစဉ် ရှိတယ်။
ပြည့်တန်ဆာဥပဒေနဲ့ ပတ်သက်ပြီး ကျနော် သိပ်မကျွမ်းဘူး။

* ဦးဒီထွန်းလင်း
ကရင်ပြည်သူ့ပါတီ (KPP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်

ဥပဒေပညာရှင်တွေ သုံးသပ်ဖို့ လိုသလို၊ နိုင်ငံတကာမှာ ထုံးတမ်းစဉ်လာတွေ ရှိပါတယ်။ အမျိုးသမီးတွေအတွက်က သူတို့အတွက် အကာအကွယ်ကတော့ ရှိသင့်ပါတယ်၊ တဖက်သတ်ကြီးလိုဖြစ်နေတာပေါ့နော်

* ဦးသက်ထွန်းမောင်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်

အခွင့်အရေးချိုးဖောက်ခံနေကြရသူများအတွက် ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ ပြောသူက ပြောနေပါပြီ။ ဘယ်အတိုင်းအတာအထိ ပြင်ဆင်မလဲ ဆိုတာကိုတော့ လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုပြီးမှ သိရမှာဖြစ်ပါတယ်။

    ဥပဒေပညာရှင်တွေ သုံးသပ်ဖို့ လိုသလို၊ နိုင်ငံတကာမှာ ထုံးတမ်းစဉ်လာတွေ ရှိပါတယ်။ အမျိုးသမီးတွေအတွက်က သူတို့အတွက် အကာအကွယ်ကတော့ ရှိသင့်ပါတယ်၊ တဖက်သတ်ကြီးလိုဖြစ်နေတာပေါ့နော်။

* ဦးသက်ထွန်းမောင်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်

အခွင့်အရေးချိုးဖောက်ခံနေကြရသူများအတွက် ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ ပြောသူက ပြောနေပါပြီ။ ဘယ်အတိုင်းအတာအထိ ပြင်ဆင်မလဲ ဆိုတာကိုတော့ လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုပြီးမှ သိရမှာဖြစ်ပါတယ်။

ရွှေဈေး တစ်ကျပ်သားလျှင် ငွေကျပ် ရှစ်သောင်း ဈေးထိုးကျသွား

Friday, April 19, 2013

ကမ္ဘာ့ရွှေဈေးနှုန်းများ ထိုးကျနေမှုကြောင့် သင်္ကြန်ကာလအပြီး ယနေ့ပြန်လည်
ဖွင့်လှစ်လိုက်သော မြန်မာ့ရွှေ ဈေးကွက်တွင် အခေါက်ရွှေ တကျပ်သားလျှင်
... ငွေကျပ် ၈၀,၀၀၀ (ရှစ်သောင်း) ကျော် ဈေးကွာ ထိုးဆင်းသွားပြီး ၀ယ်သူ
ရောင်းသူများဖြင့် ဈေးကွက်လှုပ်ရှားနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း
သိရှိရသည်။

သင်္ကြန်ကာလမတိုင်ခင်က ၁၆ ပဲရည် အခေါက်ရွှေတကျပ်သားလျှင် ကျပ်ငွေ ၇၄၀,၀၀၀ ခွန်နှစ်သိန်းလေးသောင်း ကျော်ရှိခဲ့ပြီး အရောင်းအ၀ယ် မရှိဖြစ်
ခဲ့ကြောင်း၊

ယနေ့ နှစ်ဆန်း ၂ ရက်နေ့ ရွှေဈေးကွက်များ ပြန်လည်ဖွင့်လှစ်ချိန် အခေါက်ရွှေ တကျပ်သားလျှင် ၆၆၈,၅၀၀ ခြောက်သိန်းခြောက်သောင်း ရှစ်ထောင့်ငါးရာကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး

ညနေပိုင်းတွင် ၆၇၃,၀၀၀ ခြောက်သိန်းခွန်နှစ်သောင်းသုံးထောင် ဈေးပေါက်
သောကြောင့် သင်္ကြန်မတိုင်မီ ပေါက်ဈေးနှင့်ယှဉ်လျှင် မြန်မာ့ရွှေဈေးနှုန်းသည်
တကျပ်သားလျှင် ငွေကျပ် ၈၀.၀၀၀ ကျော် ထိုးဆင်းသွားခဲ့သည်။

“ပြည်တွင်းရွှေဈေးနှုန်းက ကမ္ဘာ့ရွှေဈေးကို မူတည်ပြီးဖြစ်ပေါ်နေတာ။ အခု ကမ္ဘာ့ရွှေဈေးတွေ ထိုးဆင်းတော့ မြန်မာ့ရွှေဈေးလည်း လိုက်ဆင်းတယ်။ အခေါက်ရွှေတကျပ်သားကို ၈၀၀၀၀ လောက်ထိကို ထိုးဆင်းသွားတာ။

အရင် အခေါက်တကျပ်သားကို ခုနစ်သိန်းခွဲလောက်ရှိနေရာကနေ
ခြောက်သိန်းခြောက်သောင်းလောက် အထိကို ဈေးတွေ ထိုးဆင်းတာ” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်း ရေးမှူး ဦးဝင်းမြင့် က ပြောသည်။

Ref: ဧရာဝတီ
Myanmar International News

>>U THEIN SEIN<< ***Born 20 April 1945***

ဘုရားဆူးပါရဲ့
ကိုယ့်နိုင်ငံ သမ္မတ မွေးနေ့ကို သတိမေ့နေခဲ့တာပါ။
"HAPPY BIRTHDAY OUR PRESIDENT"
>>U THEIN SEIN<<
***Born 20 April 1945***

နှလုံး ခုန်စက်လေး တပ်ပြီး အလုပ်လုပ်နေရသော်လည်း တိုင်းပြည်နဲ့ လူမျိုး အတွက် အပင်ပန်းခံကာ အလုပ်လုပ်ပေးနေသော ရိုးသားကြိုးစားတဲ့ သမ္မတကြီးရဲ့ 20ရက်နေ့ တွင် ကျရောက်မည့်... ၆၈ နှစ်မြောက် မွေးနေ့လေးကို စည်းကား သိုက်မြိုက်အောင် ဂုဏ်ပြုပေးနိုင်ဖို့ အတွက် ဒီပို့စ်လေးကို လူအများ သိအောင် ရှယ်ပေး လိုက်ကြရအောင်ဗျာ...